Chapter 18: ၁၈

Array
(
[text] =>

ချစ်သူတစ်ယောက် ကောက်ရထားသည် {အခန်း ၁၈}

"မင်းသွင်!! ပြောစရာရှိလို့လား"

'အေး!! ပြောစရာဆိုတာထက် တိုင်စရာရှိနေတာ'

ည၁၁ ဝန်းကျင်မို့ မင်းသွင်ဖုန်းဆက်တာကို အံ့ဩမိတာအမှန်။

မနက်ကျ လူချင်းတွေ့မှ ပြောလည်းရတဲ့ဟာ ဒါကို ညအချိန်မတော် ဖုန်းဆက်တယ်ဆိုတော့ တော်တော်အရေးကြီးလို့ထင်ပါရဲ့။

"ဘာပြောစရာရှိလို့လဲ"

'မင်းကိုတော့ နားအာပါရဲ့ ဒါပေမယ့် မင်းညီလုပ်ပုံက

ကောင်းသေးရဲ့လားဟမ် အဲ့ကောင် အရမ်းလွန်လာပြီ သိလား'

"နေပါဦး!!! ညီက ဘာလုပ်ခဲ့လို့လဲ"

'မင်းငါ့ညီကို သိတယ်မလား..'

"ဪ.. ယံယံလား သိတယ်လေ ဘာလို့လဲ"

'ပြီးခဲ့တဲ့ ရက်အနည်းငယ်က သူကောင်လေးတစ်ယောက်နဲ့

တွဲတယ်တဲ့ အဲ့ဒါ ဘယ်သူလို့ ထင်လဲ..'

မင်းသွင်ရဲ့ စကားနဲ့အသံကြောင့် ဘယ်သူဆိုတာ တန်းသိသွားတယ်။

"ညီလား!!

'အေး..ဟုတ်တယ် မင်းညီက ငါ့ညီကို ပလေးပြီးထားခဲ့တာ

အခု ငါ့ညီက အခန်းထဲကကိုမထွက်ဘူး အရမ်းငိုနေတာလေ

ငါက အစ်ပြီးမေးလိုက်တော့မှ သူမပြောချင် ပြောချင်နဲ့

ထုတ်ပြောခဲ့တာ မင်းညီကို မဆုံးမတော့ဘူးလား..'

မင်းသွင် အရမ်းစိတ်တိုနေမှန်း အသံကိုနားထောင်ရုံနဲ့သိရပြီမို့

ကိုယ်တိုင်လည်း အံကိုတင်းတင်းကြိတ်လိုက်သည်။ ညီ အခုလို

လျှောက်လုပ်နေတဲ့အတွက်လည်း အစ်ကိုတစ်ယောက်အနေနဲ့

သူက သဘောမကျတာအမှန်ပင်။ အခုလို သူငယ်ချင်းတစ်ယောက်ရဲ့ ညီဆိုတော့ ပိုပြီးတောင်ဆိုးသေးတယ်။

"ငါ ညီ့အစား တောင်းပန်ပါတယ် သူအခု အပြင်

ခဏသွားသေးတယ် .."

ပြောရင်းဆိုရင်း ခြံထဲမောင်းဝင်လာတဲ့ ဆိုင်ကယ်အသံကြောင့်

ညီပြန်လာပြီဖြစ်ကြောင်း သိလိုက်တယ်။

'တောင်းပန်ရမှာ မင်းမဟုတ်ဘူး မင်းရဲ့ညီ ဟိုအကောင်လေ...

သူကပဲ တောင်းပန်ရမှာကွ!!

"ရတယ် ငါ့တာဝန်ထား လူဆိုတာ အပြစ်လုပ်ရင် တာဝန်ယူနိုင်

ရမှာပေါ့"

'အေး!! သူ့ဆီကနေ ငါလိုချင်တာ တောင်းပန်ပါတယ်ဆိုတဲ့

စကားတစ်ခွန်းထဲ'

မင်းသွင်ဖုန်းချသွားတော့ ဖုန်းလေးကိုကျစ်ကျစ်ပါအောင်

ဆုပ်ကိုင်ပြီး သက်ပြင်းချလိုက်တယ်။ အရမ်းဆိုးတဲ့ ညီ့ကို

သူ့ကာကွယ်မှုအောက်မှာ အမြဲထားချင်ပေမယ့် ညီက နေချင်တဲ့ပုံ

မရဘူး။

"ကိုကို!! မအိပ်သေးဘူးလား"

"အင်း..အစက အိပ်မလို့ပါပဲ ဒါပေမယ့် အခုအိပ်လို့မရတော့ဘူး"

တင်းမာနေတဲ့ ကိုကို့မျက်နှာကြောင့် သော်ဒီအထူးအဆန်း

ဖြစ်သွားရတယ်။ သူ့ကိုဆို အမြဲပြုံးကြည့်တတ်တဲ့ ကိုကိုက

ဒီနေ့မှ စိတ်တိုနေသလိုပဲမို့ ပင့်သက်ရှိုက်လိုက်မိတယ်..။

"ကိုကိုမေးစရာရှိတယ်!!!

"အင်း မေးလေ"

"မမေးခင်မှာ ကိုကိုမင်းကို မှာချင်တာက မလိမ်ပါနဲ့

အမှန်တိုင်းဖြေပါ ကိုကို့ဘက်က မင်းကို ထုတ်မေးလိုက်ပြီ

ဆိုတာနဲ့ ကိုကိုက မင်းဖုံးကွယ်ထားတဲ့ အမှန်တရားတစ်ခုလုံးကို

အကုန်သိထားပြီးပြီဆိုတာ ပြောချင်တယ်"

သော်ဒီတစ်ချက်စဉ်းစားပြီးမှ ခေါင်းညိတ်ရင်း

"ဟုတ်"

"မင်းသွင်ရဲ့ ညီကို အသည်းကွဲအောင် လုပ်ခဲ့တာဆို.."

ညီ့ဘက်က ဘာမှပြန်မဖြေ။ တည်ငြိမ်ပြီး ဟုတ်၏၊ မဟုတ်၏ကို

မငြင်းပုံအရ မင်းသွင်ပြောတာမှန်နေသည့်ပုံ။

"ဟုတ်တယ် ကိုကို .... ညီ တကယ်လုပ်ခဲ့တာ"

"မင်းသူနဲ့တွဲနေတုန်း သူက မင်းသွင်ရဲ့ညီဆိုတာကိုသိလား"

"ကျွန်တော် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာ!!!

ယုံကြည်ချက်ရှိရှိ ပြောနေတဲ့ ညီ့ကို ရိုက်သင့်ပေမယ့်

မရိုက်ရက်ပဲ နောက်ဆုံး သူကသာ ဒေါသတွေကိုချွန်းအုပ်လိုက်ရတယ်။

"ဘာကြောင့် လုပ်ခဲ့တာလဲ အဲ့ကလေးနဲ့မင်းက ဘာအငြှိုးတွေ

ရှိနေလို့ ဒီလောက်ထိ လုပ်ရက်ရတာလဲ"

"သူနဲ့က ဘာကိစ္စမှ မရှိခဲ့ပါဘူး!!! ရှိနေတာက ကိုကို့သူငယ်ချင်း

ကိုကြီးမင်းသွင်နဲ့.."

မထင်မှတ်ထားတဲ့ အဖြေကြောင့် ဩဂတ်မှာ ခေါင်းတွေ

ချာချာလည်သွားရသည်။ အစက ယံယံနဲ့ ရန်ငြှိုးတွေဘာတွေ

ရှိလို့ အခုလောက်ထိ လုပ်ရတာလားလို့ တွေးနေခဲ့တာ ညီ့ဘက်က မင်းသွင်ကို မကျေနပ်လို့ လုပ်တာမျိုးတော့ မထင်မိတာအမှန်။

"မင်းနဲ့ မင်းသွင်က ဘာရန်ငြှိုး ရန်စမှာ မရှိဘဲနဲ့ ညီရာ!!!

"သိပ်ရှိတာပေါ့!!

"ဟ!! သူဘာလုပ်လို့လဲ"

"ဘာလုပ်ရမှာလဲ ကိုကို့ကို တွေ့တဲ့မိန်းမနဲ့ အောင်သွယ်ပေးနေတာ အဲ့ဒါ သဘောကျစရာကောင်းတယ် ထင်လို့လား.."

နောက်ဆုံးတော့ ညီ့ဘက်က မင်းသွင်ကို မုန်းနေရခြင်းအကြောင်းကို နားလည်ပြီး ဩဂတ်မှာ ဒူးနှစ်ဖက်လုံးညွတ်ချင်လာရသည်။

ညီက ‌ယောက်ျားတွေကို ကြိုက်တာမို့ မိန်းမ ကိစ္စနဲ့ပတ်သတ်ရင်

သူတို့ကြားမှာ ဘာပြဿနာမှ မရှိလောက်တော့ဘူးလို့ သူက

ထင်ထားခဲ့မိတာ။

အခုတော့ ညီ့မှာ သူ့အပေါ် အရင်ကလို ပိုင်စိုးပိုင်နင်းစိတ်ကြီး

ရှိနေသေးတာ သိရတော့ ဩဂတ်ခြေဖျား လက်ဖျားတွေအေးစက်ကာ အသားတွေတဆတ်ဆတ် တုန်ယင်လာရသည်။

"မင်းရူးနေပြီပဲ!!!

"ရူးနေရင်တောင် ကိုကို့ကိုပဲ ရူးတာ !!

သူ ညီ့မျက်နှာအား ကြည့်လိုက်မိသည်။ ညီက သူ့ကိုယ်သူ

ဘာအပြစ်မှ လုပ်ထားပုံမရတဲ့ ယုံကြည်ချက်ရှိနေသည့် အကြည့်တွေနဲ့ သူ့ကိုကြည့်နေခြင်းပင်။

"မနက်ဖြန် ကောင်းထက်ယံကို တောင်းပန်လိုက်!!

သော်ဒီနှုတ်ခမ်းမဲ့သွားသည်။ ကိုကို အခုလိုပြောလာမယ်ဆိုတာ

ထင်သားပဲ...

"ဆောရီး ကိုကို.. ကျွန်တော်လုံးဝ မတောင်းပန်နိုင်ဘူး"

"ဘာကွ!!!

"ကိုကြီးမင်းသွင်က ကိုကို့ကို အဲ့လိုမြှားနက်မောင်တွေ လုပ်လို့

ပညာပါးပါးလေးပြလိုက်တာ ကိုကို့သူငယ်ချင်းကိုလည်းပြောလိုက်

တွေ့ရာမိန်းမနဲ့ လျှောက်မပေးစားနဲ့လို့ ဒီတစ်ခါ ယံယံကို

လုပ်တာက တမင်ညှာထားတာ ဒီ့ထက် ပိုလွန်လာရင်တော့

ဟင်းဟင်း!! နောက်တစ်ခါအလှည့်ကျတဲ့သူက ကိုကြီးမင်းသွင်ပဲ

ဖြစ်လိမ့်မယ်"

စကားအဆုံး စိတ်ပျက်သလို ဖြစ်သွားတဲ့ ကိုကို့အကြည့်တွေနဲ့

ဆက်တိုက် ရင်ဆိုင်လိုက်ရသည်။ ထို့နောက် ကိုကိုက ဘာစကားမှ မပြောပဲ ရှေ့ကနေ ထွက်သွားသည်မို့ သော်ဒီ တုန်လှုပ်သွားရ၏။

"ကိုကို!!!

"ကောင်းထက်ယံကို မတောင်းပန်မချင်း ငါ့ကို ၊ ကိုကိုလို့လည်း

မခေါ်နဲ့ ငါ့အနားကိုလည်း မကပ်နဲ့ သော်ဒီထူးဟန်!!

ဩဂတ် ညီ့ကို လေသံမာမာနဲ့ ပြောပြီး ထွက်လာဖို့ပြင်တုန်း

"ညီ..သူ့ကိုတောင်းပန်ရင် ရပြီမလား"

မာဆတ်ဆတ် ညီ့လေသံက သူ့အပြစ်သူ သိသွားတယ်ဆိုတာထက် ကိုယ်စိတ်ဆိုးမှာကို ကြောက်၍သာ မတောင်းပန်ချင်ပဲ

တောင်းပန်မည့်ပုံပင်။ ဒါပေမယ့်လည်း အခုလို စိတ်ထားနိုင်တာလည်း မဆိုးဘူးလို့ ပြောလို့ရနေ၏။

"တကယ်တောင်းပန်ရမှာနော် ကိုကို့ကို မျက်နှာပျက်အောင်

မလုပ်နဲ့ ကြားလား..ညီ"

"ဟုတ်!!

သော်ဒီမှာ ကိုကို့ကိုကြည့်ရင်း မထိန်းနိုင်သောကြောင့် ချက်ချင်း

ဖက်လိုက်ပြီး ရင်ခွင်ထဲ မျက်နှာအပ်ကာ ကိုကို့ရဲ့ ကိုယ်သင်းရနံ့

လေးတွေကို တဝကြီးရှူပစ်လိုက်တယ်။

ဒီအိမ်ကို ပြန်လာတယ်ဆိုတာဟာလည်း ကိုကို့ကြောင့်ပါပဲ။

ခက်လိုက်တာ ကိုကိုရယ် ကျွန်တော်တော့ ကိုကို့ကြောင့်နဲ့

ရူးတော့မှာပါပဲ။

"နောက်တစ်ခါ မလုပ်ရဘူးနော် ယံယံဆိုတာ ကိုကို့ညီလေးလိုပဲ

သူက အပြစ်ကင်းပါတယ် အခု ကိုယ့်ညီက သူများအသည်းကို

သွားခွဲတာ ကောင်းသလားဟမ်!!!

"ကောင်းတယ် ကိုကိုရ!! အခုလောက်ဆို ကိုကြီးမင်းသွင်လည်း

ဆွေ့ဆွေ့ခုန်နေလောက်ရောပေါ့ အဲ့ဒါသူများကိုကိုကို တွေ့ကရာ

မိန်းမနဲ့ လိုက်ပေးစားနေတဲ့လူတွေရဲ့နိဂုန်းပဲ ကိုကို"

ဩဂတ်မှာ ညီ့စကားနဲ့လေယူလေသိမ်းကြောင့် အလန့်တကြား

ဖြစ်သွားရင်း ညီ့မျက်နှာအား ပြန်ကြည့်လိုက်ရသည်။ ညီက

တောင်းပန်မယ်တကဲကဲသာ လုပ်နေတယ် စိတ်ထဲကပါပုံမရ။

အခုလည်း သူစိတ်ဆိုးမှာစိုးလို့ ဆောင့်အောင့်ပြီး တောင်းပန်ဖို့

သဘောတူလိုက်ရတဲ့ပုံပါပဲ။

"ညီက Gayဆိုပေမယ့် အဲ့အချက်က ကိုကို ကျွန်တော့်လက်က

လွတ်သွားတယ်လို့ မဆိုလိုဘူးနော် ‌လျှောက်ပြီး ရည်းစားထားနေတာသာ ကျွန်တော်သိလို့ကတော့.."

မျက်စိပျက် မျက်နှာပျက်ဖြစ်နေတဲ့ ကိုကို့ကြောင့် သူကြိတ်ပြုံး

ရပါတယ်။

"ဒါမှမဟုတ် ကိုကို့မှာရည်းစားရှိနေပြီလား"

"မရှိပါဘူး "

"မရှိတာကောင်းတယ် ကိုကို..."

"ညီ..ကိုကိုက"

"ကိုကို့ကို လိုချင်ရင် လွယ်လွယ်နဲ့ရမှာ မဟုတ်ဘူးလို့

ညီပြောပါရစေ!!

ကိုကို့စကားအား ဖြတ်ပြောရင်း သူ့မျက်နှာထားကလည်း

လေးနက်နေခဲ့သည်။

"ဘာကိုပြောချင်တာလဲ.."

"သဘောက သော်ဒီထူးဟန်ရဲ့ ကိုကိုကို လိုချင်တဲ့

ဘယ်မိန်းမ မဆို စာမေးပွဲဖြေရမယ်"

ညီ့စကားကြောင့် သူကြောင်သွား၏။

"ဘာစာမေးပွဲလဲ ညီ!!

"ဒီမှာ.... ကိုကိုက ညီ့အတွက် တန်ဖိုးရှိတယ် တစ်ဖက်

မိန်းကလေးက လိုချင်တိုင်း ရော့အင့်ဆိုပြီး ထိုးပေးလို့ရတဲ့

ပစ္စည်းမဟုတ်ဘူး.. "

"တစ်ဖက်သားက မိန်းကလေးနော်..ညီ

ယောက်ျားတစ်ယောက်ကြောင့် အဲ့လောက်ထိ ခက်ခက်ခဲခဲ

လုပ်မယ်လို့ ညီထင်လို့လား!!

"မလုပ်ချင်ရင် နောက်ဆုတ်လိုက်ပေါ့!!

သူညီနဲ့ ဘာမှ ပြိုင်မပြောချင်တာကြောင့် သက်ပြင်းချလိုက်သည်။ ညီက အခုထိ သူ့မှာရှိသမျှအရာတွေ ပစ္စည်းတွေ

ဒါမှမဟုတ် ရည်းစားလို့ဆိုရမလား။ သူပိုင်သမျှကို အကုန်လုံး

လိုချင်သူဖြစ်သည်။

နောက်တစ်နေ့ရောက်တော့ မနက်စာ၊ စားပြီး ကောင်းထက်ယံကို

သွားတောင်ပန်ဖို့ ပြင်ပေမယ့် ကိုကြီးမင်းသွင်က သူ့ညီကို အိမ်ထိ

ခေါ်လာခဲ့တာမို့ အခြေနေတွေက တင်းမာခဲ့သည်။ အထူးသဖြင့်

ကိုကြီးမင်းသွင်ပေါ့.. သူ့ညီကို နည်းနည်းလေး ကစားပြီး စွန့်ပစ်

လိုက်တာနဲ့ လူကိုရန်သူတစ်ယောက်လို ဆက်ဆံနေခဲ့တာလေ။

ကောင်းထက်ယံနဲ့ သူ့ကို နှစ်ယောက်ထဲ ထားခဲ့ပြီး ကိုကိုတို့

သူငယ်ချင်းနှစ်ယောက်က မြင်သာတဲ့ ခပ်လှမ်းလှမ်းတစ်နေရာမှာ

သွားရပ်ပြီး ရှောင်ပေးကြပုံပင်။ သူတို့အတွက် သီးသန့်အချိန်

ဖန်တီးပေးတာရယ် သူ့ညီကို အနိုင်ကျင့်မှာစိုးရိမ်တာကြောင့်

ခဏခဏ လှမ်းကြည့်နေတဲ့ ကိုကိုနဲ့ ကိုကြီးမင်းသွင်အကြည့်တို့ကို သူလည်းနားလည်သင့်သလောက် နားလည်ပါသည်။

ပြဿနာက ရှေ့မှာရပ်နေတဲ့ ကောင်းထက်ယံဆိုတဲ့ကောင်ပဲ...။

လူကိုတွေ့တာနဲ့ နှစ်အကြာကြီးခွဲပြီးမှ ပထမဆုံးအကြိမ်ပြန်တွေ့

ရတဲ့ ငယ်ချစ်ဦးတွေလို ပုံဖမ်းနေပြီး တအင့်အင့်ရှိုက်ငိုနေခြင်းကြောင့် ခေါင်းကိုက်နေရသည်။

"ကိုသော်....ယံယံကို ဘာမှပြောစရာမရှိတော့ဘူးလားဟင်"

"ငါတောင်းပန်တယ် မင်းအစ်ကိုကို မကျေနပ်လို့ မင်းကို

တမင်ရည်ရွယ်ချက်ရှိရှိ ကပ်ခဲ့တာ !!

တောင်းပန်တာတောင် အထက်စီးက ဖြစ်နေပေမယ့် သော်ဒီကို

ယံယံက စိတ်နာပုံမပေါ်။

"ယံယံ ကိုသော်ကို လွမ်းလို့ သေတော့မှာ!!

ဒါဆိုလည်း သေလိုက်လေ... ဘယ်သူဂရုစိုက်လို့လဲ။

ထိုစကားတွေကို စိတ်ထဲကနေ ပြောလိုက်ပြီး ‌ယဲယံကို

တင်းနေအောင် ဆွဲဖက်ထားလိုက်တယ်။ ယံယံကလည်း သူ့ရဲ့

အပြုမူကြောင့် ဝမ်းသာအားရ ပြန်ဖက်လာပြီး ရှိုက်ကြီးတငင်

ငိုချသည်။

"လျှောက်မတွေးနဲ့ မင်းကိုဖက်ပေးတာ နှုတ်ဆက်တဲ့အနေနဲ့ပဲ"

ယံယံက အလန့်တကြား သူ့မျက်နှာကိုမော့ကြည့်လာပြီး

"ကိုသော်... ယံယံတို့မဖြစ်နိုင်တော့ဘူးလား'

"ငါ့မှာ ချစ်ရတဲ့သူရှိတယ် ငါသူ့ကို တစ်သက်လုံး ချစ်လာတာ

ကျန်တဲ့လူတွေကတော့ သူ့ခြေဖျားတောင် မှီတာမဟုတ်ဘူး

မင်းသိလား ငါက ငါ့ထက် အမြဲတမ်းနှာတစ်ဖျားသာနေတဲ့

သူကိုပဲ သဘောကျတာ.."

"ကို...."

ယံယံ ရှေ့ဆက်ပြီး ပြောချင်ပေမယ့် ရုတ်တရက် သော်ဒီဆီက

အနမ်းခံလိုက်ရတာကြောင့် ဘာစကားမှ ထပ်မထွက်နိုင်တော့ဘဲ

သော်ဒီအနမ်းတွေကိုသာ တုန့်ပြန်လိုက်သည်။

အဝေးကနေ လှမ်းကြည့်နေတဲ့ ဩဂတ်တို့မှာတော့ မျက်နှာ

မကောင်းစွာရှိနေကြသည်။ ညီက ယောက်ျားတွေကိုပဲ ကြိုက်တယ် ဆိုတာ သူသိပေမယ့် ယောက်ျားတစ်ယောက်နဲ့ နမ်းတာကို

မြင်ရတာ ဒါက ပထမဆုံးမို့ သူ့အတွက် အထူးအဆန်းဖြစ်နေခဲ့ပါသည်။  ဒေါသထွက်တာလား ခံပြင်းတာလားဆိုတာ မသည်းကွဲတဲ့ ခံစားချက်တစ်မျိုးနဲ့ အံကိုကြိတ်ကာ မျက်နှာလွှဲပစ်ရ၏။

"‌ကိုသော်.. ဘာလို့နမ်း!!!!

"ရှူး!!!

"ဆက်တွဲမှာလားဟင်.."

"နှစ်သိမ့်ဆုပေးတာ.."

"ဟမ် ဘာကို!!

"မင်းရဲ့စိတ်ရင်းကို မြင်ပြီး နှစ်သိမ့်တဲ့အနေနဲ့ နမ်းတာကွာ

ဘာလဲ မကျေနပ်ဘူးလား"

"ကျေနပ်ပါတယ် ကိုသော်..."

"ကောင်းထက်ယံ... ခွေးသူတောင်းစား ငါ့ကိုတော်ရုံပဲ စောက်ရှက်ခွဲနော် ကိုယ့်ဘာသာ ‌ခြောက်ချင်တယ်ဆိုလည်း အေးဆေးခြောက် ငါတို့ကိုပါ မပတ်သတ်စေနဲ့... အခု ပြန်မယ်"

ပြောရင်း သူ့ညီကို ဂုတ်ကနေ ဆွဲခေါ်သွားတဲ့ ကိုကြီးမင်းသွင်ကြောင့်

"ကိုကြီးမင်းသွင်..."

ဘာလဲဆိုတဲ့ သဘောနဲ့ လှည့်ကြည့်လာတဲ့မင်းသွင်ကို

သော်ဒီကလည်း ထေ့ငေါ့စွာပြုံးရင်း...

"ကိုကြီးမင်းသွင်လည်း စိတ်ဝင်စားရင် အချိန်မရွေးပဲနော်!!!!

"‌သူတောင်းစား!!!

ခွပ်!!!

"လူတိုင်းကို မင်းလိုခြောက်နေတယ်မထင်နဲ့ နားလည်လား"

အစက ဩဂတ်မျက်နှာကြောင့် ထိန်းထားရတဲ့မင်းသွင်က

လွန်ကျူးလာတဲ့အခါ မထိန်းနိုင်တော့ပဲ ပိတ်ထိုးပစ်လိုက်တယ်။

သော်ဒီမှာ အထိုးခံရတဲ့အတွက် မြက်ခင်းပေါ်ကို ဖင်ထိုင်လျက်

လဲကျသွားပြီး နှုတ်ခမ်းထောင့်လေးက ပေါက်ကွဲကာသွေးစို့

သွားရသည်။

ကိုကြီးမင်းသွင်ရဲ့ကားက အပြင်ကိုထွက်သွားမှ ကိုကို့ကို

အနားလျှောက်လာတာ တွေ့လိုက်ရသည်။

"မလှုပ်နဲ့!!!

ပေါက်သွားတဲ့ နှုတ်ခမ်းကို ထိတွေ့နေတဲ့ ဩဂတ်မျက်နှာကို

သူမကြည့်ဝံ့ပေမယ့် ထေ့ငေါ့စွာပြုံးရင်း မော့ကြည့်သည်။

ဩဂတ်ကလည်း ညီ့ကို စိတ်ပျက်တာလား ဘာဖြစ်တာလည်း

ဆိုတာ မသည်းကွဲတဲ့အကြည့်မျိုးနဲ့ ကြည့်နေလိုက်သည်။

"ကိုကို အဲ့ဒါကိုမြင်တယ်မလား"

"မြင်သားပဲ!! မင်းသူများကို သွားနမ်းတာလေ

မင်းသွင်ကိုတောင် စိန်ခေါ်လိုက်သေးတယ် အဲ့လောက်ထိ

သတ္တိရှိတယ်ပေါ့ ဟုတ်လား"

"ဟဲဟဲ... ကိုကိုကလည်းဗျာ ဒါက အနမ်းတစ်ခုသက်သက်ပါ

ကိုယ်နဲ့ လိင်တူယောက်ျားတစ်ယောက်နဲ့ နမ်းရတာ

ဘယ်လောက်ထိ ပျော်စရာကောင်းလည်း ကိုကိုသိရဲ့လား"

စကားအဆုံး သူက သိသိသာသာမျက်ခုံးတွေပင့်တက်လာရသည်။  ငယ်ငယ်က ဖြူစင်အပြစ်ကင်းတဲ့ရုပ်ကို ဘယ်နား

သွားရှာမှန်းတောင် သူမသိတော့ပါချေ။

"ကိုကို မယုံဘူးဆို စမ်းကြည့်ပေါ့"

"ဘာကိုလဲ.."

"ယောက်ျားတစ်ယောက်နဲ့ စမ်းကြည့်လို့!!

ညီ့စကားကြောင့် ဘဝင်မကျလှစွာ ခန္ဓာကိုယ်ကလည်း

တောင့်တင်းသွားရသည်။

"တော်စမ်း ညီ!! ပေါက်တက်ကရတွေ လာပြောမနေနဲ့

မင်းတစ်ယောက်ထဲနဲ့တင် Gayဖြစ်တာက လုံလောက်နေပြီ

နောက်ပြီး အဲ့လိုတွေ့ကရာလူတွေနဲ့ နမ်းနေတာ ကိုကိုကြိုက်တယ်

ထင်လို့လား တစ်စက်မှသဘောမကျဘူးနော်!!!

အော်သလို ဖြစ်သွားတာမို့ သော်ဒီငြိမ်ကျသွားပြီး မတ်တပ်

ထရပ်လိုက်သည်။ ပြီးမှ ကိုကို့မျက်နှာကို ခပ်တည်တည်

မချေမငံကြည့်ရင်း..

"ဒီမှာ ကိုကို...ညီက ဂေးဆိုတာနဲ့ တွေ့ကရာလူကို

လျှောက်နမ်းတယ်လို့ မထင်ပါနဲ့ တကယ်တော့ ညီ့ရဲ့ပထမဆုံး

အနမ်းကို ဦးဦးဖျားဖျား ချစ်ရတဲ့သူကို ပေးပြီးမှ သူများတွေနဲ့

လုပ်ချင်ရာလုပ်ခဲ့တာပါ"

ပြောပြီး သော်ဒီထွက်သွားတော့ သူ့မှာမတားလိုက်နိုင်ပဲ

တောင့်တောင့်ကြီး ကျန်ရစ်ခဲ့ရသည်။ ညီတစ်ယောက်

သူ့စကားကြောင့် စိတ်ဆိုးသွားတာ ဖြစ်သည်။

.........................

"မေတ္တာချင်း ယှဉ်ရင် မင်းနိုင်ပါတယ် ငါ့ကောင်ရာ

အခုဟာက ဟိုဘက်က မိန်းမ ဖြစ်နေရုံပါပဲ.."

သော်ဒီ နဲ့ ဖက်တီးမှာ ရှေ့ကမြင်ကွင်းကိုကြည့်ရင်း ဖက်တီးက

မျက်နှာကြောတင်းနေတဲ့ သော်ဒီကြောင့် ဖာထေးရသည်။

နှစ်ယောက်လုံး အားနေတာနဲ့ လာနေကျ ကဖေး‌ဆိုင်ဆီကို

လာခဲ့ရာမှ ထိုမျက်စိဆံပင်မွှေးဆူးစရာ မြင်ကွင်းနဲ့ တိုးမိခြင်း။

"အဲ့မိန်းမက ကိုကိုတို့ သူငယ်ချင်းနှစ်ယောက်ပြောတဲ့ မမခင်

ဆိုတာ ထင်တယ်"

သော်ဒီအခြေနေက မဟန်။ ဒီကောင်က ချိန်ကိုက်ဗုံးမို့

ဘယ်ချိန်ထပေါက်ကွဲမလည်းဆိုတာ ဖက်တီးက စိတ်ပူနေခြင်း

ဖြစ်သည်။

"စိတ်ထိန်းပါကွာ !!

သော်ဒီကတော့ လုံးဝစိတ်မထိန်းနိုင်ပါ။ ကိုကို အဲ့မိန်းမအပေါ်

ကြည့်တဲ့ အကြည့်တွေကြောင့် စိတ်ဝိညာဉ်တစ်ခုလုံး လောင်ကျွမ်းသွားသလို ခံစားရသကဲ့သို့ ဖြစ်နေ၏..။

အခုတလော ဆေးရုံမှာအနည်းငယ်လှုပ်ရှားမှု ရှိမယ်ဆိုပြီး

ကိုကို့ရဲ့ညတွေက ဂျူတီမရှိပဲ နောက်ကျတတ်တာကို သော်ဒီ

သတိထားမိခဲ့သည်။

ဒါဆို အဲ့ဒီ မိန်းမနဲ့ အမြဲတွေ့နေရတာပေါ့?

သော်ဒီ လက်မကို နာအောင်သွားနဲ့ဖိကိုက်ပြီး မျက်လုံးတွေက

ဟိုရွေ့ ဒီရွေ့နဲ့ ဂနာမငြိမ်။

"သော်ဒီ!! မင်းဘာလုပ်မလို့လဲ"

သော်ဒီ ပြန်မဖြေပဲ မြင်နေရတဲ့ ဩဂတ်တို့ရှိရာကို ‌ဦးတည်လိုက်သည်။ ဖက်တီးကတော့ သော်ဒီသောင်းကျန်းမည် စိုးတဲ့အတွက်

ဘုရား 'တ'ကာ ကျန်ရစ်ခဲ့သည်။

"ကိုကို!!!!

မမခင်နဲ့ စကားဖောင်ဖွဲ့ပြီး ပြုံးရယ်နေတဲ့ ဩဂတ်မှာ ကြားဖူးတဲ့

အသံကြောင့် ကြည့်လိုက်တော့ ထင်တဲ့အတိုင်း ညီညီဖြစ်နေသည်။ ညီညီ့ရဲ့မျက်နှာကို မထင်မှတ်ပဲ တွေ့လိုက်ရတာမို့

စိတ်ပူသွားရကာ မမခင်မျက်နှာကို အားနာနာ ကြည့်ရပါသည်။

ညီကတော့ အပြုံးတစ်ပွင့်နဲ့ သူ့ဘေးမှာ လွတ်နေတဲ့ ခုံလေးမှာ

ဝင်ထိုင်လာ၏။ ထို့နောက် ကိုယ်သောက်လက်စ ကော်ဖီကို

ညီညီက ယူသောက်လိုက်တာမို့ မမခင် အံ့ဩရိပ်သမ်းသွားတာကိုလည်း မျက်နှာပူစွာ တွေ့ရသည်။

"ညီ.. ဘယ်လိုလုပ် ရောက်လာခဲ့တာလဲ"

"ဖက်တီးနဲ့ လာခဲ့တာပါ ကိုကို... ဪ.. ကိုကို့နောက်ကို

နောက်ယောင်ခံလိုက်တာ မဟုတ်ဘူးနော် ဒီမှာတွေ့တာက

မတော်တဆ !!

"ဪ... သူက ဘယ်သူလဲ ဩဂတ်နဲ့ ဘာပတ်သတ်နေတာလဲ"

အကဲခတ်နေတဲ့ မမခင်ဆီက အသံထွက်လာတာမို့ ဩဂတ်မှာ

ဖျစ်ညှစ်ပြီး ပြုံးပြလိုက်ရသည်။

"သူက ကျွန်တော့်ညီ....."

"သော်ဒီထူးဟန်ပါ မမ.."

ကြားဖြတ်ပြောလာတဲ့ ညီ့အား အလန့်တကြား ကြည့်လိုက်တော့

ညီ ပြုံးနေသည်..။ သို့ပေမယ့် ညီပြုံးနေတဲ့အတွက် ပေါ့ပါးသလိုတော့ မခံစားရ။ အဲ့ဒီအစား မုန်တိုင်းမလာခင် လေပြေလာသလိုမျိုးသာ ဩဂတ်ခံစားရ၏။

"ဩဂတ် ညီလား!!

အခုမှ သူမ စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်သည်။

ရုတ်တရက်ကြီး သူမတို့ဆီ လာထိုင်တော့ တစ်မျိုးထင်သွားတာ။

"မမနာမည်က ခင်ခင်ခပါ ဩဂတ်ရဲ့ စီနီယာပေါ့!!

"ဪ ကိုကိုပြောပြောနေတဲ့ မမခင်ဆိုတာ ဒီမမကိုး!!!

မမခင်က ရို့ရို့လေး ပြုံးရင်း မျက်လွှာလေး ချသွားတာမို့

ဩဂတ်က စိတ်ပူနေပေမယ့် သော်ဒီကတော့ သဘောကျသလို

ပြုံးလိုက်သည်။

"မမခင်က အရမ်းလှတာပဲ အဲ့ဒါကြောင့် ကိုကိုခဏခဏ

ပြောနေတာ ဖြစ်မယ်"

"ညီ!!!

ဩဂတ် ဟန့်လိုက်မှ သော်ဒီ ရပ်သွားသည်။

"ကိုကိုရာ ညီက သဘောရိုးနဲ့ နှုတ်ဆက်တာပါ စိတ်မပူပါနဲ့"

ထို့နောက် သော်ဒီထရပ်လိုက်ပြီး မျက်စိပျက် မျက်နှာပျက်

ဖြစ်နေတဲ့ ကိုကို့ပါးကို ငုံ့နမ်းလိုက်တယ်။ ထိရုံလေးပဲဆိုပေမယ့်

ပြူးကျယ်သွားတဲ့ ကိုကို့မျက်ဝန်းတွေနဲ့ အံ့ဩမှင်သက်သွားတဲ့

အမျိုးသမီးရဲ့အမူယာ‌ ကြားမှာ သော်ဒီထူးဟန်က အောင်နိုင်သူ

တစ်ယောက်လို။

"အဲ့ဒါ..ဩဂတ်ရဲ့ ညီပေါ့!!

ဆိုင်ထဲကနေ ထွက်သွားတဲ့ ညီ့နောက်ကျောကို ပေါက်ထွက်မတတ် စိုက်ကြည့်ရင်း မမခင်ကို မလုံမလဲ ခေါင်းညိတ်ပြလိုက်တယ်။ စောစောကမှ မမခင်နဲ့ ရင်ခုန်စရာကောင်းတဲ့ စကားတွေ

တသီကြီးပြောနေတာ ညီရောက်လာတော့ ရင်ခုန်စရာတွေထက်

ရှုပ်ထွေးမှုတွေကိုသာ ခံစားရသည်။

ညီ တမင်လုပ်နေမှန်း သူသိပါ၏။ မမခင်ကို ကြည့်တဲ့အကြည့်တွေနဲ့ သူ့ကိုကြည့်တဲ့အကြည့်တွေမှာ ကွာခြားမှုရှိသလို..

ညီပြုံးနေပေမယ့် တကယ်ပြုံးနေတာ မဟုတ်ကြောင်းကို ညီ့ရဲ့

အတွင်းသိ အဆင်းသိ လူတစ်ယောက်အနေနဲ့ သူအကုန်သိသည်မို့ သက်ပြင်းချရုံသာ...

ညီတစ်ယောက်နဲ့တော့ ခက်တော့တာပါပဲ...။

.........................

"မင်းငါ့ကို ပြောစရာရှိတယ်ဆို.."

မင်းသွင်က လေသာဆောင်ဘက်မှာ သူလာရာကိုကျောပေး၍

လက်ကြားထဲ စီးကရက်တစ်လိပ်ညှက်ကာ သောက်နေသည်မို့

ဆေးလိပ်သောက်တာကို အပြင်းအထန်ရှုံ့ချတဲ့ သူက မျက်မှောင်

ကြုတ်လိုက်သည်။

"ဆေးလိပ်သောက်တာက ကျန်းမာရေး ထိတယ်နော်!!

"မင်းညီကျ သောက်လို့ရပြီး ငါကျ မရဘူးလား သူကခါတိုင်း

မင်းဆုံးမလည်း ခိုးသောက်နေတာ မဟုတ်ဘူးလား"

သူ့မျက်နှာ တစ်ချက်ပျက်သွားပေမယ့်...

"ဘာပဲဖြစ်ဖြစ် ငါ့ရှေ့မှာတော့ မသောက်စမ်းနဲ့!!

"စိတ်ထွက်ပေါက် ရအောင်ပါကွာ... မင်းအသည်းကွဲလို့

စိတ်ထွက်ပေါက်ရှာချင်တဲ့အခါ ငါ့ခံစားချက်ကိုသိလိမ့်မယ်"

"စကားပုလ္လင်ခံမနေနဲ့ မင်းပြောစရာရှိတာကိုသာ ပြောလိုက်!!

မင်းသွင်က သူဆက်ပြောမယ့် စကားအတွက် အားယူနေခြင်းပင်။

ပြီးမှ သောက်လို့ကုန်သွားတဲ့ စီးကရက်တိုကို ခြေထောက်နဲ့

နင်းပြီး မီးသတ်လိုက်တယ်။ သူဩဂတ်မျက်နှာကို ကြည့်ပြီး

ရေးတေးတေး ပြုံးပြီးနောက်...

"မင်းက ငတုံးလား ဩဂတ်ဂု‌ဏ်ပိုင်!!

"ဘာကွ!!!

"ဒီလောက်ထိ သော်ဒီထူးဟန် မင်းကို ကြိတ်ချစ်နေတာကို

မသိရအောင် မင်းက ငတုံးလား"

ဩဂတ် မေးကြောတွေတင်းခနဲ ဖြစ်သွားသည်...။

"ငါအမုန်းဆုံးက ငါနဲ့ ညီညီကို အဲ့လိုစွပ်စွဲပြောဆိုတဲ့လူတွေကိုပဲ

အဲ့ထဲမှာ ငါ့သူငယ်ချင်းဖြစ်တဲ့ မင်းလည်းပါတယ်ဆိုတာက

ငါ့အတွက် Surprise ပဲ မင်းသွင်"

"အဟက်!! မင်းရဲ့ရိုးသားမှုက ဟုတ်ချင် ဟုတ်မှာပေါ့

ဒါပေမယ့် မရိုးသားတာက မင်းရဲ့ ညီ!!!

"မင်းသွင်!!!

ဩဂတ် ချက်ချင်း မင်းသွင်ရဲ့ ကော်လံကိုဆောင့်ဆွဲကာ

မေးကြောတွေထောင်သည်အထိ အံကြိတ်ပစ်လိုက်သည်..။

သူတို့နှစ်ယောက်က ပြောမနာဆိုမနာ သူငယ်ချင်းတွေဖြစ်သည့်

အတွက် မင်းသွင်ကို ဘယ်တုန်းကမှ အခုလို လက်ရွယ်ခြင်း

မရှိသူက ညီ့အား အခုလိုစွပ်စွဲပြောဆိုလာတဲ့အခါ စိတ်တွေ

လွတ်ထွက်ကုန်သည်။

"မင်းတရားလွန်နေပြီနော်... ငါ့ညီကို မစွပ်စွဲနဲ့"

"ငါအစက သံသယပဲဝင်တာ မင်းညီက သူ့ကိုယ်သူ

ဂေးပါလို့ ဝန်ခံပြီးမှ သေချာသွားတာ သူဘာလို့ ကောင်လေးတွေနဲ့

ပတ်တွဲပြီး အပျော်ထားတာလဲ မင်းသိလား.."

"..............."

"ဘာလို့ဆို မင်းညီက မင်းကိုပဲ ကြိတ်ကြံနေတဲ့ကောင်မလို့လေ

မင်းမသိဘူးမလား မင်းက ဘယ်သိမှာလဲ အဲ့ဒီအပြုံးနောက်က

အစွယ်တွေကိုမှ မမြင်တာ"

"မင်းတော်တော့ !!!!

"ငါမှားတယ်လို့ မင်းထင်လား!!

"အေး မင်းမှားတာ ညီက.. ငါ့ကို...ဘာလို့"

ဩဂတ် မျက်ရည်တွေ စီးကျလာပြီး မင်းသွင်ရဲ့ကော်လံကို

ဆွဲကိုင်ထားတဲ့ လက်တွေက အားလျော့သွားသည်..။

မင်းသွင်ကတော့ သူ့ကိုသာ စိတ်ပျက်သလို မျက်လုံးမှေးကြည့်ရင်း

"ငါမမှားဘူး ဩဂတ်..ငါတကယ်ပြောတာ အကယ်၍

ငါမှားတာဆိုရင် မင်းစီးနေတဲ့ ဖိနပ်နဲ့ ငါ့ပါးကိုရိုက်သွားလိုက်ကွာ

အဲ့လောက်ထိ အာမခံတယ်"

ဩဂတ် တကယ်စိတ်ရှုပ်လာပြီ ဖြစ်သည်။ ညီ သူ့ကို

ကြိတ်ချစ်နေတယ်လို့ စိတ်ကူးတောင် မယဉ်ခဲ့ဖူးပါ..။

တစ်လောကလုံးမှာ သူမရက်စက်နိုင်တဲ့ လူကို ပြောပါဆိုရင်

အဲ့ဒီလူက သော်ဒီထူးဟန်ဆိုတဲ့ ညီတစ်ယောက်ထဲရယ်...

အခုတော့ အကယ်၍ ညီသူ့ကို တကယ်ချစ်နေတယ်ဆိုပါက

ညီ့ကို မနာကျင်စေချင်တဲ့ သူ့ဆုံးဖြတ်ချက်တွေက ယိုင်နဲ့လာရမည်ပင်။ ဘာလို့ဆို သူ အရင်ကတည်းက အခုချိန်ထိ ‌မိန်းမတွေကိုပဲ သဘောကျခဲ့တာမလို့။

"သော်ဒီထူးဟန်ကို မယုံရင် မင်းစစ်ဆေးကြည့်.. တည့်မေးခိုင်းတာ မဟုတ်ဘူးနော် သူမင်းကို ဖွင့်ပြောလာအောင် လှည့်ကွက်

နည်းနည်းပဲ သုံးခိုင်းတာ"

ဩဂတ် ခေါင်းငိုက်စိုက် ကျသွားသည်။ အကယ်၍ ဟုတ်နေရင်

ညီ့နှလုံးသားကို ခွဲတဲ့သူက သူဖြစ်နေမှာပဲ ကြောက်မိတာ..။

"ဟုတ်တယ်ဆို ဘာဆက်လုပ်ရမလဲ"

မင်းသွင် ပြုံးရင်း

"မင်း ကိုယ့်စိတ်ကိုတော့ သိတယ်မလား သော်ဒီထူးဟန်ကို

ဘယ်လိုမြင်လဲ.."

ဩဂတ် တွေခနဲ ဖြစ်သွားပြီးမှ အံကြိတ်လိုက်ပြီး..

"ညီ့ကို ညီလေးတစ်ယောက်ထက် ပိုပြီး မမြင်ဖူးဘူး!!

"ဒါဆိုပြီးပြီလေ သူဖွင့်ပြောလာအောင် လှည့်ကွက်နည်းနည်း

သုံးကွာ.. အကယ်၍ သူ့ဘက်က ဖွင့်ပြောလာခဲ့ရင် မင်းလုပ်ရမှာက ငြင်းပစ်ရမယ်!!!

ဩဂတ်မှာ မင်းသွင်မျက်နှာကိုကြည့်ပြီး တံတွေးထွေးပစ်ချင်

စိတ်တွေတဖွားဖွား။

"ညီ နာကျင်ရင်ရော?

"မင်းသူ့ကို မျှော်လင့်ချက်တွေ ပေးပြီး ကြိုးရှည်ရှည်နဲ့

လှန်ထားမှ သူနာကျင်မှာ သိလား ငတုံးရဲ့!!!

ဩဂတ်မှာ မင်းသွင် ထွက်သွားတဲ့အထိ နေရာက မရွေ့ပဲ

ငိုင်ငိုင်ကြီး ထိုင်နေမိသည်။ ခံစားချက်က ဝမ်းနည်းနေတာလား

စိတ်တိုနေတာလား ရေရေရာရာမရှိ။

ဒါပေမယ့် ဒါက ထင်ကြေးသက်သက်ပါပဲ မင်းသွင်မှားနေတာလည်း ဖြစ်နိုင်တာဘဲလေ။

Zawgyi

ခ်စ္သူတစ္ေယာက္ ေကာက္ရထားသည္ {အခန္း ၁၈}

"မင္းသြင္!! ေျပာစရာရွိလို့လား"

'ေအး!! ေျပာစရာဆိုတာထက္ တိုင္စရာရွိေနတာ'

ည၁၁ ဝန္းက်င္မို့ မင္းသြင္ဖုန္းဆက္တာကို အံ့ဩမိတာအမွန္။

မနက္က် လူခ်င္းေတြ့မွ ေျပာလည္းရတဲ့ဟာ ဒါကို ညအခ်ိန္မေတာ္ ဖုန္းဆက္တယ္ဆိုေတာ့ ေတာ္ေတာ္အေရးြကီးလို့ထင္ပါရဲ့။

"ဘာေျပာစရာရွိလို့လဲ"

'မင္းကိုေတာ့ နားအာပါရဲ့ ဒါေပမယ့္ မင္းညီလုပ္ပုံက

ေကာင္းေသးရဲ့လားဟမ္ အဲ့ေကာင္ အရမ္းလြန္လာျပီ သိလား'

"ေနပါဦး!!! ညီက ဘာလုပ္ခဲ့လို့လဲ"

'မင္းငါ့ညီကို သိတယ္မလား..'

"ဪ.. ယံယံလား သိတယ္ေလ ဘာလို့လဲ"

'ျပီးခဲ့တဲ့ ရက္အနည္းငယ္က သူေကာင္ေလးတစ္ေယာက္နဲ့

တြဲတယ္တဲ့ အဲ့ဒါ ဘယ္သူလို့ ထင္လဲ..'

မင္းသြင္ရဲ့ စကားနဲ့အသံေြကာင့္ ဘယ္သူဆိုတာ တန္းသိသြားတယ္။

"ညီလား!!

'ေအး..ဟုတ္တယ္ မင္းညီက ငါ့ညီကို ပေလးျပီးထားခဲ့တာ

အခု ငါ့ညီက အခန္းထဲကကိုမထြက္ဘူး အရမ္းငိုေနတာေလ

ငါက အစ္ျပီးေမးလိုက္ေတာ့မွ သူမေျပာခ်င္ ေျပာခ်င္နဲ့

ထုတ္ေျပာခဲ့တာ မင္းညီကို မဆုံးမေတာ့ဘူးလား..'

မင္းသြင္ အရမ္းစိတ္တိုေနမွန္း အသံကိုနားေထာင္ရုံနဲ့သိရျပီမို့

ကိုယ္တိုင္လည္း အံကိုတင္းတင္းြကိတ္လိုက္သည္။ ညီ အခုလို

ေလ်ွာက္လုပ္ေနတဲ့အတြက္လည္း အစ္ကိုတစ္ေယာက္အေနနဲ့

သူက သေဘာမက်တာအမွန္ပင္။ အခုလို သူငယ္ခ်င္းတစ္ေယာက္ရဲ့ ညီဆိုေတာ့ ပိုျပီးေတာင္ဆိုးေသးတယ္။

"ငါ ညီ့အစား ေတာင္းပန္ပါတယ္ သူအခု အျပင္

ခဏသြားေသးတယ္ .."

ေျပာရင္းဆိုရင္း ြခံထဲေမာင္းဝင္လာတဲ့ ဆိုင္ကယ္အသံေြကာင့္

ညီျပန္လာျပီြဖစ္ေြကာင္း သိလိုက္တယ္။

'ေတာင္းပန္ရမွာ မင္းမဟုတ္ဘူး မင္းရဲ့ညီ ဟိုအေကာင္ေလ...

သူကပဲ ေတာင္းပန္ရမွာကြ!!

"ရတယ္ ငါ့တာဝန္ထား လူဆိုတာ အျပစ္လုပ္ရင္ တာဝန္ယူနိုင္

ရမွာေပါ့"

'ေအး!! သူ့ဆီကေန ငါလိုခ်င္တာ ေတာင္းပန္ပါတယ္ဆိုတဲ့

စကားတစ္ခြန္းထဲ'

မင္းသြင္ဖုန္းခ်သြားေတာ့ ဖုန္းေလးကိုက်စ္က်စ္ပါေအာင္

ဆုပ္ကိုင္ျပီး သက္ျပင္းခ်လိုက္တယ္။ အရမ္းဆိုးတဲ့ ညီ့ကို

သူ့ကာကြယ္မွုေအာက္မွာ အျမဲထားခ်င္ေပမယ့္ ညီက ေနခ်င္တဲ့ပုံ

မရဘူး။

"ကိုကို!! မအိပ္ေသးဘူးလား"

"အင္း..အစက အိပ္မလို့ပါပဲ ဒါေပမယ့္ အခုအိပ္လို့မရေတာ့ဘူး"

တင္းမာေနတဲ့ ကိုကို့မ်က္နွာေြကာင့္ ေသာ္ဒီအထူးအဆန္း

ြဖစ္သြားရတယ္။ သူ့ကိုဆို အျမဲျပုံးြကည့္တတ္တဲ့ ကိုကိုက

ဒီေန့မွ စိတ္တိုေနသလိုပဲမို့ ပင့္သက္ရွိုက္လိုက္မိတယ္..။

"ကိုကိုေမးစရာရွိတယ္!!!

"အင္း ေမးေလ"

"မေမးခင္မွာ ကိုကိုမင္းကို မွာခ်င္တာက မလိမ္ပါနဲ့

အမွန္တိုင္းေြဖပါ ကိုကို့ဘက္က မင္းကို ထုတ္ေမးလိုက္ျပီ

ဆိုတာနဲ့ ကိုကိုက မင္းဖုံးကြယ္ထားတဲ့ အမွန္တရားတစ္ခုလုံးကို

အကုန္သိထားျပီးျပီဆိုတာ ေျပာခ်င္တယ္"

ေသာ္ဒီတစ္ခ်က္စဉ္းစားျပီးမွ ေခါင္းညိတ္ရင္း

"ဟုတ္"

"မင္းသြင္ရဲ့ ညီကို အသည္းကြဲေအာင္ လုပ္ခဲ့တာဆို.."

ညီ့ဘက္က ဘာမွျပန္မေြဖ။ တည္ျငိမ္ျပီး ဟုတ္၏၊ မဟုတ္၏ကို

မျငင္းပုံအရ မင္းသြင္ေျပာတာမွန္ေနသည့္ပုံ။

"ဟုတ္တယ္ ကိုကို .... ညီ တကယ္လုပ္ခဲ့တာ"

"မင္းသူနဲ့တြဲေနတုန္း သူက မင္းသြင္ရဲ့ညီဆိုတာကိုသိလား"

"က်ြန္ေတာ္ ရည္ရြယ္ခ်က္ရွိရွိနဲ့ လုပ္ခဲ့တာ!!!

ယုံြကည္ခ်က္ရွိရွိ ေျပာေနတဲ့ ညီ့ကို ရိုက္သင့္ေပမယ့္

မရိုက္ရက္ပဲ ေနာက္ဆုံး သူကသာ ေဒါသေတြကိုခ်ြန္းအုပ္လိုက္ရတယ္။

"ဘာေြကာင့္ လုပ္ခဲ့တာလဲ အဲ့ကေလးနဲ့မင္းက ဘာအျငွိုးေတြ

ရွိေနလို့ ဒီေလာက္ထိ လုပ္ရက္ရတာလဲ"

"သူနဲ့က ဘာကိစ္စမွ မရွိခဲ့ပါဘူး!!! ရွိေနတာက ကိုကို့သူငယ္ခ်င္း

ကိုြကီးမင္းသြင္နဲ့.."

မထင္မွတ္ထားတဲ့ အေြဖေြကာင့္ ဩဂတ္မွာ ေခါင္းေတြ

ခ်ာခ်ာလည္သြားရသည္။ အစက ယံယံနဲ့ ရန္ျငွိုးေတြဘာေတြ

ရွိလို့ အခုေလာက္ထိ လုပ္ရတာလားလို့ ေတြးေနခဲ့တာ ညီ့ဘက္က မင္းသြင္ကို မေက်နပ္လို့ လုပ္တာမ်ိုးေတာ့ မထင္မိတာအမွန္။

"မင္းနဲ့ မင္းသြင္က ဘာရန္ျငွိုး ရန္စမွာ မရွိဘဲနဲ့ ညီရာ!!!

"သိပ္ရွိတာေပါ့!!

"ဟ!! သူဘာလုပ္လို့လဲ"

"ဘာလုပ္ရမွာလဲ ကိုကို့ကို ေတြ့တဲ့မိန္းမနဲ့ ေအာင္သြယ္ေပးေနတာ အဲ့ဒါ သေဘာက်စရာေကာင္းတယ္ ထင္လို့လား.."

ေနာက္ဆုံးေတာ့ ညီ့ဘက္က မင္းသြင္ကို မုန္းေနရြခင္းအေြကာင္းကို နားလည္ျပီး ဩဂတ္မွာ ဒူးနွစ္ဖက္လုံးညြတ္ခ်င္လာရသည္။

ညီက ‌ေယာက္်ားေတြကို ြကိုက္တာမို့ မိန္းမ ကိစ္စနဲ့ပတ္သတ္ရင္

သူတို့ြကားမွာ ဘာျပဿနာမွ မရွိေလာက္ေတာ့ဘူးလို့ သူက

ထင္ထားခဲ့မိတာ။

အခုေတာ့ ညီ့မွာ သူ့အေပါ္ အရင္ကလို ပိုင္စိုးပိုင္နင္းစိတ္ြကီး

ရွိေနေသးတာ သိရေတာ့ ဩဂတ္ေြခဖ်ား လက္ဖ်ားေတြေအးစက္ကာ အသားေတြတဆတ္ဆတ္ တုန္ယင္လာရသည္။

"မင္းရူးေနျပီပဲ!!!

"ရူးေနရင္ေတာင္ ကိုကို့ကိုပဲ ရူးတာ !!

သူ ညီ့မ်က္နွာအား ြကည့္လိုက္မိသည္။ ညီက သူ့ကိုယ္သူ

ဘာအျပစ္မွ လုပ္ထားပုံမရတဲ့ ယုံြကည္ခ်က္ရွိေနသည့္ အြကည့္ေတြနဲ့ သူ့ကိုြကည့္ေနြခင္းပင္။

"မနက္ြဖန္ ေကာင္းထက္ယံကို ေတာင္းပန္လိုက္!!

ေသာ္ဒီနွုတ္ခမ္းမဲ့သြားသည္။ ကိုကို အခုလိုေျပာလာမယ္ဆိုတာ

ထင္သားပဲ...

"ေဆာရီး ကိုကို.. က်ြန္ေတာ္လုံးဝ မေတာင္းပန္နိုင္ဘူး"

"ဘာကြ!!!

"ကိုြကီးမင္းသြင္က ကိုကို့ကို အဲ့လိုျမွားနက္ေမာင္ေတြ လုပ္လို့

ပညာပါးပါးေလးျပလိုက္တာ ကိုကို့သူငယ္ခ်င္းကိုလည္းေျပာလိုက္

ေတြ့ရာမိန္းမနဲ့ ေလ်ွာက္မေပးစားနဲ့လို့ ဒီတစ္ခါ ယံယံကို

လုပ္တာက တမင္ညွာထားတာ ဒီ့ထက္ ပိုလြန္လာရင္ေတာ့

ဟင္းဟင္း!! ေနာက္တစ္ခါအလွည့္က်တဲ့သူက ကိုြကီးမင္းသြင္ပဲ

ြဖစ္လိမ့္မယ္"

စကားအဆုံး စိတ္ပ်က္သလို ြဖစ္သြားတဲ့ ကိုကို့အြကည့္ေတြနဲ့

ဆက္တိုက္ ရင္ဆိုင္လိုက္ရသည္။ ထို့ေနာက္ ကိုကိုက ဘာစကားမွ မေျပာပဲ ေရွ့ကေန ထြက္သြားသည္မို့ ေသာ္ဒီ တုန္လွုပ္သြားရ၏။

"ကိုကို!!!

"ေကာင္းထက္ယံကို မေတာင္းပန္မခ်င္း ငါ့ကို ၊ ကိုကိုလို့လည္း

မေခါ္နဲ့ ငါ့အနားကိုလည္း မကပ္နဲ့ ေသာ္ဒီထူးဟန္!!

ဩဂတ္ ညီ့ကို ေလသံမာမာနဲ့ ေျပာျပီး ထြက္လာဖို့ျပင္တုန္း

"ညီ..သူ့ကိုေတာင္းပန္ရင္ ရျပီမလား"

မာဆတ္ဆတ္ ညီ့ေလသံက သူ့အျပစ္သူ သိသြားတယ္ဆိုတာထက္ ကိုယ္စိတ္ဆိုးမွာကို ေြကာက္၍သာ မေတာင္းပန္ခ်င္ပဲ

ေတာင္းပန္မည့္ပုံပင္။ ဒါေပမယ့္လည္း အခုလို စိတ္ထားနိုင္တာလည္း မဆိုးဘူးလို့ ေျပာလို့ရေန၏။

"တကယ္ေတာင္းပန္ရမွာေနာ္ ကိုကို့ကို မ်က္နွာပ်က္ေအာင္

မလုပ္နဲ့ ြကားလား..ညီ"

"ဟုတ္!!

ေသာ္ဒီမွာ ကိုကို့ကိုြကည့္ရင္း မထိန္းနိုင္ေသာေြကာင့္ ခ်က္ခ်င္း

ဖက္လိုက္ျပီး ရင္ခြင္ထဲ မ်က္နွာအပ္ကာ ကိုကို့ရဲ့ ကိုယ္သင္းရနံ့

ေလးေတြကို တဝြကီးရွူပစ္လိုက္တယ္။

ဒီအိမ္ကို ျပန္လာတယ္ဆိုတာဟာလည္း ကိုကို့ေြကာင့္ပါပဲ။

ခက္လိုက္တာ ကိုကိုရယ္ က်ြန္ေတာ္ေတာ့ ကိုကို့ေြကာင့္နဲ့

ရူးေတာ့မွာပါပဲ။

"ေနာက္တစ္ခါ မလုပ္ရဘူးေနာ္ ယံယံဆိုတာ ကိုကို့ညီေလးလိုပဲ

သူက အျပစ္ကင္းပါတယ္ အခု ကိုယ့္ညီက သူမ်ားအသည္းကို

သြားခြဲတာ ေကာင္းသလားဟမ္!!!

"ေကာင္းတယ္ ကိုကိုရ!! အခုေလာက္ဆို ကိုြကီးမင္းသြင္လည္း

ေဆြ့ေဆြ့ခုန္ေနေလာက္ေရာေပါ့ အဲ့ဒါသူမ်ားကိုကိုကို ေတြ့ကရာ

မိန္းမနဲ့ လိုက္ေပးစားေနတဲ့လူေတြရဲ့နိဂုန္းပဲ ကိုကို"

ဩဂတ္မွာ ညီ့စကားနဲ့ေလယူေလသိမ္းေြကာင့္ အလန့္တြကား

ြဖစ္သြားရင္း ညီ့မ်က္နွာအား ျပန္ြကည့္လိုက္ရသည္။ ညီက

ေတာင္းပန္မယ္တကဲကဲသာ လုပ္ေနတယ္ စိတ္ထဲကပါပုံမရ။

အခုလည္း သူစိတ္ဆိုးမွာစိုးလို့ ေဆာင့္ေအာင့္ျပီး ေတာင္းပန္ဖို့

သေဘာတူလိုက္ရတဲ့ပုံပါပဲ။

"ညီက Gayဆိုေပမယ့္ အဲ့အခ်က္က ကိုကို က်ြန္ေတာ့္လက္က

လြတ္သြားတယ္လို့ မဆိုလိုဘူးေနာ္ ‌ေလ်ွာက္ျပီး ရည္းစားထားေနတာသာ က်ြန္ေတာ္သိလို့ကေတာ့.."

မ်က္စိပ်က္ မ်က္နွာပ်က္ြဖစ္ေနတဲ့ ကိုကို့ေြကာင့္ သူြကိတ္ျပုံး

ရပါတယ္။

"ဒါမွမဟုတ္ ကိုကို့မွာရည္းစားရွိေနျပီလား"

"မရွိပါဘူး "

"မရွိတာေကာင္းတယ္ ကိုကို..."

"ညီ..ကိုကိုက"

"ကိုကို့ကို လိုခ်င္ရင္ လြယ္လြယ္နဲ့ရမွာ မဟုတ္ဘူးလို့

ညီေျပာပါရေစ!!

ကိုကို့စကားအား ြဖတ္ေျပာရင္း သူ့မ်က္နွာထားကလည္း

ေလးနက္ေနခဲ့သည္။

"ဘာကိုေျပာခ်င္တာလဲ.."

"သေဘာက ေသာ္ဒီထူးဟန္ရဲ့ ကိုကိုကို လိုခ်င္တဲ့

ဘယ္မိန္းမ မဆို စာေမးပြဲေြဖရမယ္"

ညီ့စကားေြကာင့္ သူေြကာင္သြား၏။

"ဘာစာေမးပြဲလဲ ညီ!!

"ဒီမွာ.... ကိုကိုက ညီ့အတြက္ တန္ဖိုးရွိတယ္ တစ္ဖက္

မိန္းကေလးက လိုခ်င္တိုင္း ေရာ့အင့္ဆိုျပီး ထိုးေပးလို့ရတဲ့

ပစ္စည္းမဟုတ္ဘူး.. "

"တစ္ဖက္သားက မိန္းကေလးေနာ္..ညီ

ေယာက္်ားတစ္ေယာက္ေြကာင့္ အဲ့ေလာက္ထိ ခက္ခက္ခဲခဲ

လုပ္မယ္လို့ ညီထင္လို့လား!!

"မလုပ္ခ်င္ရင္ ေနာက္ဆုတ္လိုက္ေပါ့!!

သူညီနဲ့ ဘာမွ ျပိုင္မေျပာခ်င္တာေြကာင့္ သက္ျပင္းခ်လိုက္သည္။ ညီက အခုထိ သူ့မွာရွိသမ်ွအရာေတြ ပစ္စည္းေတြ

ဒါမွမဟုတ္ ရည္းစားလို့ဆိုရမလား။ သူပိုင္သမ်ွကို အကုန္လုံး

လိုခ်င္သူြဖစ္သည္။

ေနာက္တစ္ေန့ေရာက္ေတာ့ မနက္စာ၊ စားျပီး ေကာင္းထက္ယံကို

သြားေတာင္ပန္ဖို့ ျပင္ေပမယ့္ ကိုြကီးမင္းသြင္က သူ့ညီကို အိမ္ထိ

ေခါ္လာခဲ့တာမို့ အေြခေနေတြက တင္းမာခဲ့သည္။ အထူးသြဖင့္

ကိုြကီးမင္းသြင္ေပါ့.. သူ့ညီကို နည္းနည္းေလး ကစားျပီး စြန့္ပစ္

လိုက္တာနဲ့ လူကိုရန္သူတစ္ေယာက္လို ဆက္ဆံေနခဲ့တာေလ။

ေကာင္းထက္ယံနဲ့ သူ့ကို နွစ္ေယာက္ထဲ ထားခဲ့ျပီး ကိုကိုတို့

သူငယ္ခ်င္းနွစ္ေယာက္က ျမင္သာတဲ့ ခပ္လွမ္းလွမ္းတစ္ေနရာမွာ

သြားရပ္ျပီး ေရွာင္ေပးြကပုံပင္။ သူတို့အတြက္ သီးသန့္အခ်ိန္

ဖန္တီးေပးတာရယ္ သူ့ညီကို အနိုင္က်င့္မွာစိုးရိမ္တာေြကာင့္

ခဏခဏ လွမ္းြကည့္ေနတဲ့ ကိုကိုနဲ့ ကိုြကီးမင္းသြင္အြကည့္တို့ကို သူလည္းနားလည္သင့္သေလာက္ နားလည္ပါသည္။

ျပဿနာက ေရွ့မွာရပ္ေနတဲ့ ေကာင္းထက္ယံဆိုတဲ့ေကာင္ပဲ...။

လူကိုေတြ့တာနဲ့ နွစ္အြကာြကီးခြဲျပီးမွ ပထမဆုံးအြကိမ္ျပန္ေတြ့

ရတဲ့ ငယ္ခ်စ္ဦးေတြလို ပုံဖမ္းေနျပီး တအင့္အင့္ရွိုက္ငိုေနြခင္းေြကာင့္ ေခါင္းကိုက္ေနရသည္။

"ကိုေသာ္....ယံယံကို ဘာမွေျပာစရာမရွိေတာ့ဘူးလားဟင္"

"ငါေတာင္းပန္တယ္ မင္းအစ္ကိုကို မေက်နပ္လို့ မင္းကို

တမင္ရည္ရြယ္ခ်က္ရွိရွိ ကပ္ခဲ့တာ !!

ေတာင္းပန္တာေတာင္ အထက္စီးက ြဖစ္ေနေပမယ့္ ေသာ္ဒီကို

ယံယံက စိတ္နာပုံမေပါ္။

"ယံယံ ကိုေသာ္ကို လြမ္းလို့ ေသေတာ့မွာ!!

ဒါဆိုလည္း ေသလိုက္ေလ... ဘယ္သူဂရုစိုက္လို့လဲ။

ထိုစကားေတြကို စိတ္ထဲကေန ေျပာလိုက္ျပီး ‌ယဲယံကို

တင္းေနေအာင္ ဆြဲဖက္ထားလိုက္တယ္။ ယံယံကလည္း သူ့ရဲ့

အျပုမူေြကာင့္ ဝမ္းသာအားရ ျပန္ဖက္လာျပီး ရွိုက္ြကီးတငင္

ငိုခ်သည္။

"ေလ်ွာက္မေတြးနဲ့ မင္းကိုဖက္ေပးတာ နွုတ္ဆက္တဲ့အေနနဲ့ပဲ"

ယံယံက အလန့္တြကား သူ့မ်က္နွာကိုေမာ့ြကည့္လာျပီး

"ကိုေသာ္... ယံယံတို့မြဖစ္နိုင္ေတာ့ဘူးလား'

"ငါ့မွာ ခ်စ္ရတဲ့သူရွိတယ္ ငါသူ့ကို တစ္သက္လုံး ခ်စ္လာတာ

က်န္တဲ့လူေတြကေတာ့ သူ့ေြခဖ်ားေတာင္ မွီတာမဟုတ္ဘူး

မင္းသိလား ငါက ငါ့ထက္ အျမဲတမ္းနွာတစ္ဖ်ားသာေနတဲ့

သူကိုပဲ သေဘာက်တာ.."

"ကို...."

ယံယံ ေရွ့ဆက္ျပီး ေျပာခ်င္ေပမယ့္ ရုတ္တရက္ ေသာ္ဒီဆီက

အနမ္းခံလိုက္ရတာေြကာင့္ ဘာစကားမွ ထပ္မထြက္နိုင္ေတာ့ဘဲ

ေသာ္ဒီအနမ္းေတြကိုသာ တုန့္ျပန္လိုက္သည္။

အေဝးကေန လွမ္းြကည့္ေနတဲ့ ဩဂတ္တို့မွာေတာ့ မ်က္နွာ

မေကာင္းစြာရွိေနြကသည္။ ညီက ေယာက္်ားေတြကိုပဲ ြကိုက္တယ္ ဆိုတာ သူသိေပမယ့္ ေယာက္်ားတစ္ေယာက္နဲ့ နမ္းတာကို

ျမင္ရတာ ဒါက ပထမဆုံးမို့ သူ့အတြက္ အထူးအဆန္းြဖစ္ေနခဲ့ပါသည္။  ေဒါသထြက္တာလား ခံျပင္းတာလားဆိုတာ မသည္းကြဲတဲ့ ခံစားခ်က္တစ္မ်ိုးနဲ့ အံကိုြကိတ္ကာ မ်က္နွာလြွဲပစ္ရ၏။

"‌ကိုေသာ္.. ဘာလို့နမ္း!!!!

"ရွူး!!!

"ဆက္တြဲမွာလားဟင္.."

"နွစ္သိမ့္ဆုေပးတာ.."

"ဟမ္ ဘာကို!!

"မင္းရဲ့စိတ္ရင္းကို ျမင္ျပီး နွစ္သိမ့္တဲ့အေနနဲ့ နမ္းတာကြာ

ဘာလဲ မေက်နပ္ဘူးလား"

"ေက်နပ္ပါတယ္ ကိုေသာ္..."

"ေကာင္းထက္ယံ... ေခြးသူေတာင္းစား ငါ့ကိုေတာ္ရုံပဲ ေစာက္ရွက္ခြဲေနာ္ ကိုယ့္ဘာသာ ‌ေြခာက္ခ်င္တယ္ဆိုလည္း ေအးေဆးေြခာက္ ငါတို့ကိုပါ မပတ္သတ္ေစနဲ့... အခု ျပန္မယ္"

ေျပာရင္း သူ့ညီကို ဂုတ္ကေန ဆြဲေခါ္သြားတဲ့ ကိုြကီးမင္းသြင္ေြကာင့္

"ကိုြကီးမင္းသြင္..."

ဘာလဲဆိုတဲ့ သေဘာနဲ့ လွည့္ြကည့္လာတဲ့မင္းသြင္ကို

ေသာ္ဒီကလည္း ေထ့ေငါ့စြာျပုံးရင္း...

"ကိုြကီးမင္းသြင္လည္း စိတ္ဝင္စားရင္ အခ်ိန္မေရြးပဲေနာ္!!!!

"‌သူေတာင္းစား!!!

ခြပ္!!!

"လူတိုင္းကို မင္းလိုေြခာက္ေနတယ္မထင္နဲ့ နားလည္လား"

အစက ဩဂတ္မ်က္နွာေြကာင့္ ထိန္းထားရတဲ့မင္းသြင္က

လြန္က်ူးလာတဲ့အခါ မထိန္းနိုင္ေတာ့ပဲ ပိတ္ထိုးပစ္လိုက္တယ္။

ေသာ္ဒီမွာ အထိုးခံရတဲ့အတြက္ ျမက္ခင္းေပါ္ကို ဖင္ထိုင္လ်က္

လဲက်သြားျပီး နွုတ္ခမ္းေထာင့္ေလးက ေပါက္ကြဲကာေသြးစို့

သြားရသည္။

ကိုြကီးမင္းသြင္ရဲ့ကားက အျပင္ကိုထြက္သြားမွ ကိုကို့ကို

အနားေလ်ွာက္လာတာ ေတြ့လိုက္ရသည္။

"မလွုပ္နဲ့!!!

ေပါက္သြားတဲ့ နွုတ္ခမ္းကို ထိေတြ့ေနတဲ့ ဩဂတ္မ်က္နွာကို

သူမြကည့္ဝံ့ေပမယ့္ ေထ့ေငါ့စြာျပုံးရင္း ေမာ့ြကည့္သည္။

ဩဂတ္ကလည္း ညီ့ကို စိတ္ပ်က္တာလား ဘာြဖစ္တာလည္း

ဆိုတာ မသည္းကြဲတဲ့အြကည့္မ်ိုးနဲ့ ြကည့္ေနလိုက္သည္။

"ကိုကို အဲ့ဒါကိုျမင္တယ္မလား"

"ျမင္သားပဲ!! မင္းသူမ်ားကို သြားနမ္းတာေလ

မင္းသြင္ကိုေတာင္ စိန္ေခါ္လိုက္ေသးတယ္ အဲ့ေလာက္ထိ

သတ္တိရွိတယ္ေပါ့ ဟုတ္လား"

"ဟဲဟဲ... ကိုကိုကလည္းဗ်ာ ဒါက အနမ္းတစ္ခုသက္သက္ပါ

ကိုယ္နဲ့ လိင္တူေယာက္်ားတစ္ေယာက္နဲ့ နမ္းရတာ

ဘယ္ေလာက္ထိ ေပ်ာ္စရာေကာင္းလည္း ကိုကိုသိရဲ့လား"

စကားအဆုံး သူက သိသိသာသာမ်က္ခုံးေတြပင့္တက္လာရသည္။  ငယ္ငယ္က ြဖူစင္အျပစ္ကင္းတဲ့ရုပ္ကို ဘယ္နား

သြားရွာမွန္းေတာင္ သူမသိေတာ့ပါေခ်။

"ကိုကို မယုံဘူးဆို စမ္းြကည့္ေပါ့"

"ဘာကိုလဲ.."

"ေယာက္်ားတစ္ေယာက္နဲ့ စမ္းြကည့္လို့!!

ညီ့စကားေြကာင့္ ဘဝင္မက်လွစြာ ခန္ဓာကိုယ္ကလည္း

ေတာင့္တင္းသြားရသည္။

"ေတာ္စမ္း ညီ!! ေပါက္တက္ကရေတြ လာေျပာမေနနဲ့

မင္းတစ္ေယာက္ထဲနဲ့တင္ Gayြဖစ္တာက လုံေလာက္ေနျပီ

ေနာက္ျပီး အဲ့လိုေတြ့ကရာလူေတြနဲ့ နမ္းေနတာ ကိုကိုြကိုက္တယ္

ထင္လို့လား တစ္စက္မွသေဘာမက်ဘူးေနာ္!!!

ေအာ္သလို ြဖစ္သြားတာမို့ ေသာ္ဒီျငိမ္က်သြားျပီး မတ္တပ္

ထရပ္လိုက္သည္။ ျပီးမွ ကိုကို့မ်က္နွာကို ခပ္တည္တည္

မေခ်မငံြကည့္ရင္း..

"ဒီမွာ ကိုကို...ညီက ေဂးဆိုတာနဲ့ ေတြ့ကရာလူကို

ေလ်ွာက္နမ္းတယ္လို့ မထင္ပါနဲ့ တကယ္ေတာ့ ညီ့ရဲ့ပထမဆုံး

အနမ္းကို ဦးဦးဖ်ားဖ်ား ခ်စ္ရတဲ့သူကို ေပးျပီးမွ သူမ်ားေတြနဲ့

လုပ္ခ်င္ရာလုပ္ခဲ့တာပါ"

ေျပာျပီး ေသာ္ဒီထြက္သြားေတာ့ သူ့မွာမတားလိုက္နိုင္ပဲ

ေတာင့္ေတာင့္ြကီး က်န္ရစ္ခဲ့ရသည္။ ညီတစ္ေယာက္

သူ့စကားေြကာင့္ စိတ္ဆိုးသြားတာ ြဖစ္သည္။

.........................

"ေမတ္တာခ်င္း ယွဉ္ရင္ မင္းနိုင္ပါတယ္ ငါ့ေကာင္ရာ

အခုဟာက ဟိုဘက္က မိန္းမ ြဖစ္ေနရုံပါပဲ.."

ေသာ္ဒီ နဲ့ ဖက္တီးမွာ ေရွ့ကျမင္ကြင္းကိုြကည့္ရင္း ဖက္တီးက

မ်က္နွာေြကာတင္းေနတဲ့ ေသာ္ဒီေြကာင့္ ဖာေထးရသည္။

နွစ္ေယာက္လုံး အားေနတာနဲ့ လာေနက် ကေဖး‌ဆိုင္ဆီကို

လာခဲ့ရာမွ ထိုမ်က္စိဆံပင္ေမြွးဆူးစရာ ျမင္ကြင္းနဲ့ တိုးမိြခင္း။

"အဲ့မိန္းမက ကိုကိုတို့ သူငယ္ခ်င္းနွစ္ေယာက္ေျပာတဲ့ မမခင္

ဆိုတာ ထင္တယ္"

ေသာ္ဒီအေြခေနက မဟန္။ ဒီေကာင္က ခ်ိန္ကိုက္ဗုံးမို့

ဘယ္ခ်ိန္ထေပါက္ကြဲမလည္းဆိုတာ ဖက္တီးက စိတ္ပူေနြခင္း

ြဖစ္သည္။

"စိတ္ထိန္းပါကြာ !!

ေသာ္ဒီကေတာ့ လုံးဝစိတ္မထိန္းနိုင္ပါ။ ကိုကို အဲ့မိန္းမအေပါ္

ြကည့္တဲ့ အြကည့္ေတြေြကာင့္ စိတ္ဝိညာဉ္တစ္ခုလုံး ေလာင္က်ြမ္းသြားသလို ခံစားရသကဲ့သို့ ြဖစ္ေန၏..။

အခုတေလာ ေဆးရုံမွာအနည္းငယ္လွုပ္ရွားမွု ရွိမယ္ဆိုျပီး

ကိုကို့ရဲ့ညေတြက ဂ်ူတီမရွိပဲ ေနာက္က်တတ္တာကို ေသာ္ဒီ

သတိထားမိခဲ့သည္။

ဒါဆို အဲ့ဒီ မိန္းမနဲ့ အျမဲေတြ့ေနရတာေပါ့?

ေသာ္ဒီ လက္မကို နာေအာင္သြားနဲ့ဖိကိုက္ျပီး မ်က္လုံးေတြက

ဟိုေရြ့ ဒီေရြ့နဲ့ ဂနာမျငိမ္။

"ေသာ္ဒီ!! မင္းဘာလုပ္မလို့လဲ"

ေသာ္ဒီ ျပန္မေြဖပဲ ျမင္ေနရတဲ့ ဩဂတ္တို့ရွိရာကို ‌ဦးတည္လိုက္သည္။ ဖက္တီးကေတာ့ ေသာ္ဒီေသာင္းက်န္းမည္ စိုးတဲ့အတြက္

ဘုရား 'တ'ကာ က်န္ရစ္ခဲ့သည္။

"ကိုကို!!!!

မမခင္နဲ့ စကားေဖာင္ဖြဲ့ျပီး ျပုံးရယ္ေနတဲ့ ဩဂတ္မွာ ြကားဖူးတဲ့

အသံေြကာင့္ ြကည့္လိုက္ေတာ့ ထင္တဲ့အတိုင္း ညီညီြဖစ္ေနသည္။ ညီညီ့ရဲ့မ်က္နွာကို မထင္မွတ္ပဲ ေတြ့လိုက္ရတာမို့

စိတ္ပူသြားရကာ မမခင္မ်က္နွာကို အားနာနာ ြကည့္ရပါသည္။

ညီကေတာ့ အျပုံးတစ္ပြင့္နဲ့ သူ့ေဘးမွာ လြတ္ေနတဲ့ ခုံေလးမွာ

ဝင္ထိုင္လာ၏။ ထို့ေနာက္ ကိုယ္ေသာက္လက္စ ေကာ္ဖီကို

ညီညီက ယူေသာက္လိုက္တာမို့ မမခင္ အံ့ဩရိပ္သမ္းသြားတာကိုလည္း မ်က္နွာပူစြာ ေတြ့ရသည္။

"ညီ.. ဘယ္လိုလုပ္ ေရာက္လာခဲ့တာလဲ"

"ဖက္တီးနဲ့ လာခဲ့တာပါ ကိုကို... ဪ.. ကိုကို့ေနာက္ကို

ေနာက္ေယာင္ခံလိုက္တာ မဟုတ္ဘူးေနာ္ ဒီမွာေတြ့တာက

မေတာ္တဆ !!

"ဪ... သူက ဘယ္သူလဲ ဩဂတ္နဲ့ ဘာပတ္သတ္ေနတာလဲ"

အကဲခတ္ေနတဲ့ မမခင္ဆီက အသံထြက္လာတာမို့ ဩဂတ္မွာ

ဖ်စ္ညွစ္ျပီး ျပုံးျပလိုက္ရသည္။

"သူက က်ြန္ေတာ့္ညီ....."

"ေသာ္ဒီထူးဟန္ပါ မမ.."

ြကားြဖတ္ေျပာလာတဲ့ ညီ့အား အလန့္တြကား ြကည့္လိုက္ေတာ့

ညီ ျပုံးေနသည္..။ သို့ေပမယ့္ ညီျပုံးေနတဲ့အတြက္ ေပါ့ပါးသလိုေတာ့ မခံစားရ။ အဲ့ဒီအစား မုန္တိုင္းမလာခင္ ေလေျပလာသလိုမ်ိုးသာ ဩဂတ္ခံစားရ၏။

"ဩဂတ္ ညီလား!!

အခုမွ သူမ စိတ္သက္သာရာ ရသလို သက္ျပင္းခ်လိုက္သည္။

ရုတ္တရက္ြကီး သူမတို့ဆီ လာထိုင္ေတာ့ တစ္မ်ိုးထင္သြားတာ။

"မမနာမည္က ခင္ခင္ခပါ ဩဂတ္ရဲ့ စီနီယာေပါ့!!

"ဪ ကိုကိုေျပာေျပာေနတဲ့ မမခင္ဆိုတာ ဒီမမကိုး!!!

မမခင္က ရို့ရို့ေလး ျပုံးရင္း မ်က္လြွာေလး ခ်သြားတာမို့

ဩဂတ္က စိတ္ပူေနေပမယ့္ ေသာ္ဒီကေတာ့ သေဘာက်သလို

ျပုံးလိုက္သည္။

"မမခင္က အရမ္းလွတာပဲ အဲ့ဒါေြကာင့္ ကိုကိုခဏခဏ

ေျပာေနတာ ြဖစ္မယ္"

"ညီ!!!

ဩဂတ္ ဟန့္လိုက္မွ ေသာ္ဒီ ရပ္သြားသည္။

"ကိုကိုရာ ညီက သေဘာရိုးနဲ့ နွုတ္ဆက္တာပါ စိတ္မပူပါနဲ့"

ထို့ေနာက္ ေသာ္ဒီထရပ္လိုက္ျပီး မ်က္စိပ်က္ မ်က္နွာပ်က္

ြဖစ္ေနတဲ့ ကိုကို့ပါးကို ငုံ့နမ္းလိုက္တယ္။ ထိရုံေလးပဲဆိုေပမယ့္

ျပူးက်ယ္သြားတဲ့ ကိုကို့မ်က္ဝန္းေတြနဲ့ အံ့ဩမွင္သက္သြားတဲ့

အမ်ိုးသမီးရဲ့အမူယာ‌ ြကားမွာ ေသာ္ဒီထူးဟန္က ေအာင္နိုင္သူ

တစ္ေယာက္လို။

"အဲ့ဒါ..ဩဂတ္ရဲ့ ညီေပါ့!!

ဆိုင္ထဲကေန ထြက္သြားတဲ့ ညီ့ေနာက္ေက်ာကို ေပါက္ထြက္မတတ္ စိုက္ြကည့္ရင္း မမခင္ကို မလုံမလဲ ေခါင္းညိတ္ျပလိုက္တယ္။ ေစာေစာကမွ မမခင္နဲ့ ရင္ခုန္စရာေကာင္းတဲ့ စကားေတြ

တသီြကီးေျပာေနတာ ညီေရာက္လာေတာ့ ရင္ခုန္စရာေတြထက္

ရွုပ္ေထြးမွုေတြကိုသာ ခံစားရသည္။

ညီ တမင္လုပ္ေနမွန္း သူသိပါ၏။ မမခင္ကို ြကည့္တဲ့အြကည့္ေတြနဲ့ သူ့ကိုြကည့္တဲ့အြကည့္ေတြမွာ ကြာြခားမွုရွိသလို..

ညီျပုံးေနေပမယ့္ တကယ္ျပုံးေနတာ မဟုတ္ေြကာင္းကို ညီ့ရဲ့

အတြင္းသိ အဆင္းသိ လူတစ္ေယာက္အေနနဲ့ သူအကုန္သိသည္မို့ သက္ျပင္းခ်ရုံသာ...

ညီတစ္ေယာက္နဲ့ေတာ့ ခက္ေတာ့တာပါပဲ...။

.........................

"မင္းငါ့ကို ေျပာစရာရွိတယ္ဆို.."

မင္းသြင္က ေလသာေဆာင္ဘက္မွာ သူလာရာကိုေက်ာေပး၍

လက္ြကားထဲ စီးကရက္တစ္လိပ္ညွက္ကာ ေသာက္ေနသည္မို့

ေဆးလိပ္ေသာက္တာကို အျပင္းအထန္ရွုံ့ခ်တဲ့ သူက မ်က္ေမွာင္

ြကုတ္လိုက္သည္။

"ေဆးလိပ္ေသာက္တာက က်န္းမာေရး ထိတယ္ေနာ္!!

"မင္းညီက် ေသာက္လို့ရျပီး ငါက် မရဘူးလား သူကခါတိုင္း

မင္းဆုံးမလည္း ခိုးေသာက္ေနတာ မဟုတ္ဘူးလား"

သူ့မ်က္နွာ တစ္ခ်က္ပ်က္သြားေပမယ့္...

"ဘာပဲြဖစ္ြဖစ္ ငါ့ေရွ့မွာေတာ့ မေသာက္စမ္းနဲ့!!

"စိတ္ထြက္ေပါက္ ရေအာင္ပါကြာ... မင္းအသည္းကြဲလို့

စိတ္ထြက္ေပါက္ရွာခ်င္တဲ့အခါ ငါ့ခံစားခ်က္ကိုသိလိမ့္မယ္"

"စကားပုလ္လင္ခံမေနနဲ့ မင္းေျပာစရာရွိတာကိုသာ ေျပာလိုက္!!

မင္းသြင္က သူဆက္ေျပာမယ့္ စကားအတြက္ အားယူေနြခင္းပင္။

ျပီးမွ ေသာက္လို့ကုန္သြားတဲ့ စီးကရက္တိုကို ေြခေထာက္နဲ့

နင္းျပီး မီးသတ္လိုက္တယ္။ သူဩဂတ္မ်က္နွာကို ြကည့္ျပီး

ေရးေတးေတး ျပုံးျပီးေနာက္...

"မင္းက ငတုံးလား ဩဂတ္ဂု‌ဏ္ပိုင္!!

"ဘာကြ!!!

"ဒီေလာက္ထိ ေသာ္ဒီထူးဟန္ မင္းကို ြကိတ္ခ်စ္ေနတာကို

မသိရေအာင္ မင္းက ငတုံးလား"

ဩဂတ္ ေမးေြကာေတြတင္းခနဲ ြဖစ္သြားသည္...။

"ငါအမုန္းဆုံးက ငါနဲ့ ညီညီကို အဲ့လိုစြပ္စြဲေျပာဆိုတဲ့လူေတြကိုပဲ

အဲ့ထဲမွာ ငါ့သူငယ္ခ်င္းြဖစ္တဲ့ မင္းလည္းပါတယ္ဆိုတာက

ငါ့အတြက္ Surprise ပဲ မင္းသြင္"

"အဟက္!! မင္းရဲ့ရိုးသားမွုက ဟုတ္ခ်င္ ဟုတ္မွာေပါ့

ဒါေပမယ့္ မရိုးသားတာက မင္းရဲ့ ညီ!!!

"မင္းသြင္!!!

ဩဂတ္ ခ်က္ခ်င္း မင္းသြင္ရဲ့ ေကာ္လံကိုေဆာင့္ဆြဲကာ

ေမးေြကာေတြေထာင္သည္အထိ အံြကိတ္ပစ္လိုက္သည္..။

သူတို့နွစ္ေယာက္က ေျပာမနာဆိုမနာ သူငယ္ခ်င္းေတြြဖစ္သည့္

အတြက္ မင္းသြင္ကို ဘယ္တုန္းကမွ အခုလို လက္ရြယ္ြခင္း

မရွိသူက ညီ့အား အခုလိုစြပ္စြဲေျပာဆိုလာတဲ့အခါ စိတ္ေတြ

လြတ္ထြက္ကုန္သည္။

"မင္းတရားလြန္ေနျပီေနာ္... ငါ့ညီကို မစြပ္စြဲနဲ့"

"ငါအစက သံသယပဲဝင္တာ မင္းညီက သူ့ကိုယ္သူ

ေဂးပါလို့ ဝန္ခံျပီးမွ ေသခ်ာသြားတာ သူဘာလို့ ေကာင္ေလးေတြနဲ့

ပတ္တြဲျပီး အေပ်ာ္ထားတာလဲ မင္းသိလား.."

"..............."

"ဘာလို့ဆို မင္းညီက မင္းကိုပဲ ြကိတ္ြကံေနတဲ့ေကာင္မလို့ေလ

မင္းမသိဘူးမလား မင္းက ဘယ္သိမွာလဲ အဲ့ဒီအျပုံးေနာက္က

အစြယ္ေတြကိုမွ မျမင္တာ"

"မင္းေတာ္ေတာ့ !!!!

"ငါမွားတယ္လို့ မင္းထင္လား!!

"ေအး မင္းမွားတာ ညီက.. ငါ့ကို...ဘာလို့"

ဩဂတ္ မ်က္ရည္ေတြ စီးက်လာျပီး မင္းသြင္ရဲ့ေကာ္လံကို

ဆြဲကိုင္ထားတဲ့ လက္ေတြက အားေလ်ာ့သြားသည္..။

မင္းသြင္ကေတာ့ သူ့ကိုသာ စိတ္ပ်က္သလို မ်က္လုံးေမွးြကည့္ရင္း

"ငါမမွားဘူး ဩဂတ္..ငါတကယ္ေျပာတာ အကယ္၍

ငါမွားတာဆိုရင္ မင္းစီးေနတဲ့ ဖိနပ္နဲ့ ငါ့ပါးကိုရိုက္သြားလိုက္ကြာ

အဲ့ေလာက္ထိ အာမခံတယ္"

ဩဂတ္ တကယ္စိတ္ရွုပ္လာျပီ ြဖစ္သည္။ ညီ သူ့ကို

ြကိတ္ခ်စ္ေနတယ္လို့ စိတ္ကူးေတာင္ မယဉ္ခဲ့ဖူးပါ..။

တစ္ေလာကလုံးမွာ သူမရက္စက္နိုင္တဲ့ လူကို ေျပာပါဆိုရင္

အဲ့ဒီလူက ေသာ္ဒီထူးဟန္ဆိုတဲ့ ညီတစ္ေယာက္ထဲရယ္...

အခုေတာ့ အကယ္၍ ညီသူ့ကို တကယ္ခ်စ္ေနတယ္ဆိုပါက

ညီ့ကို မနာက်င္ေစခ်င္တဲ့ သူ့ဆုံးြဖတ္ခ်က္ေတြက ယိုင္နဲ့လာရမည္ပင္။ ဘာလို့ဆို သူ အရင္ကတည္းက အခုခ်ိန္ထိ ‌မိန္းမေတြကိုပဲ သေဘာက်ခဲ့တာမလို့။

"ေသာ္ဒီထူးဟန္ကို မယုံရင္ မင္းစစ္ေဆးြကည့္.. တည့္ေမးခိုင္းတာ မဟုတ္ဘူးေနာ္ သူမင္းကို ဖြင့္ေျပာလာေအာင္ လွည့္ကြက္

နည္းနည္းပဲ သုံးခိုင္းတာ"

ဩဂတ္ ေခါင္းငိုက္စိုက္ က်သြားသည္။ အကယ္၍ ဟုတ္ေနရင္

ညီ့နွလုံးသားကို ခြဲတဲ့သူက သူြဖစ္ေနမွာပဲ ေြကာက္မိတာ..။

"ဟုတ္တယ္ဆို ဘာဆက္လုပ္ရမလဲ"

မင္းသြင္ ျပုံးရင္း

"မင္း ကိုယ့္စိတ္ကိုေတာ့ သိတယ္မလား ေသာ္ဒီထူးဟန္ကို

ဘယ္လိုျမင္လဲ.."

ဩဂတ္ ေတြခနဲ ြဖစ္သြားျပီးမွ အံြကိတ္လိုက္ျပီး..

"ညီ့ကို ညီေလးတစ္ေယာက္ထက္ ပိုျပီး မျမင္ဖူးဘူး!!

"ဒါဆိုျပီးျပီေလ သူဖြင့္ေျပာလာေအာင္ လွည့္ကြက္နည္းနည္း

သုံးကြာ.. အကယ္၍ သူ့ဘက္က ဖြင့္ေျပာလာခဲ့ရင္ မင္းလုပ္ရမွာက ျငင္းပစ္ရမယ္!!!

ဩဂတ္မွာ မင္းသြင္မ်က္နွာကိုြကည့္ျပီး တံေတြးေထြးပစ္ခ်င္

စိတ္ေတြတဖြားဖြား။

"ညီ နာက်င္ရင္ေရာ?

"မင္းသူ့ကို ေမ်ွာ္လင့္ခ်က္ေတြ ေပးျပီး ြကိုးရွည္ရွည္နဲ့

လွန္ထားမွ သူနာက်င္မွာ သိလား ငတုံးရဲ့!!!

ဩဂတ္မွာ မင္းသြင္ ထြက္သြားတဲ့အထိ ေနရာက မေရြ့ပဲ

ငိုင္ငိုင္ြကီး ထိုင္ေနမိသည္။ ခံစားခ်က္က ဝမ္းနည္းေနတာလား

စိတ္တိုေနတာလား ေရေရရာရာမရွိ။

ဒါေပမယ့္ ဒါက ထင္ေြကးသက္သက္ပါပဲ မင္းသြင္မွားေနတာလည္း ြဖစ္နိုင္တာဘဲေလ။

[text_hash] => fccc03d7
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...