Chapter 19: ၁၉

Array
(
[text] =>

ချစ်သူတစ်ယောက် ကောက်ရထားသည် {အခန်း ၁၉}

နှစ်၃၀ပြည့် အခမ်းနားတစ်ခု။

မမခင် ပြောသလို ဒီတစ်နေ့လုံး လူနာတွေကို အခမဲ့ ကုသပေးပြီး

နေ့လယ် ၂နာရီ ဝန်းကျင်မှာ ကျန်းမာရေးဟောပြောပွဲ တစ်ခုရှိသည်။ စင်မြင့်ထက်မှာ ရှိနေတာက မမခင်နဲ့ဆေးရုံအုပ်

ဦးခင်ဇော်ပင်။ ဩဂတ်မှာ ရှေ့ကမြင်ကွင်းကို ကြည့်နေပေမယ့်

မျက်နှာသေကြီး ဖြစ်နေခဲ့သည်။ တစ်ခြားသူတွေ လက်ခုပ်တီးတဲ့

အချိန်မှာတော့ ဘာတစ်လုံးမှ မကြားလိုက်ပေမယ့် ရောယောင်ပြီး

လက်ခုပ်တီးကာ ထိုင်ရာမှ ထရပ်ပစ်လိုက်သည်။

ဆေးရုံအုပ်က လူတိုင်းကို ညစာ ကျွေးမယ်ဆိုတာကြောင့်

အားလုံးတက်ကြွနေပေမယ့် ထိုအထဲမှာဩဂတ်တော့မပါဝင်။

မမခင်မှာ အဝေးကနေ ‌အပြုံးတစ်ပွင့် ပစ်ပေးတာမို့ အပြုံးနဲ့

တုန့်ပြန်လိုက်သည်။ မမခင်က မိန်းမကောင်းလေးတစ်ယောက်ဖြစ်ပြီး သူ့စံနှုန်းတွေနဲ့လည်း အလွန်ကိုက်ညီလှသည်။

ညစာ၊ စားချိန် ရောက်လာချိန်မှာတော့ မမခင်ကို ဆက်ရှောင်လို့

မရတော့။

"ဩဂတ် တစ်နေကုန် ငြိမ်နေသလိုပဲ ဘာဖြစ်နေတာလဲဟင်

နေမကောင်းဘူးလား"

ပြောရင်း နှဖူးပေါ် လက်တင်စမ်းလာတာမို့ ကြက်သီးငွေ့ငွေ့လေးတော့ ခံစားလိုက်ရတယ်။

"နေကောင်းပါတယ် မမခင်"

"ဒါဆို ဘာလို့သိပ်မစားတာလဲ"

"ဟို... ဒီနေ့ ညီ့ကိုအိမ်မှာ ညစာ၊ စားဖို့ခေါ်ထားလို့

ကျွန်တော် သိပ်စားလို့မရဘူး"

"ဟုတ်လား ဩဂတ်က ညီလေးကို သိပ်ချစ်တာပဲနော်!!!

ဩဂတ်က မမခင်ရဲ့ စကားတွေကို အပြုံးနဲ့ပဲ တုန့်ပြန်လိုက်တယ်။

ဘေးဘီကိုဝေ့ကြည့်တော့ လူတိုင်းက အလုပ်ကိုယ်စီနဲ့ရှုပ်နေကြတာမို့ သူတို့ကို ဂရုတောင်စိုက်မအားကြဘူး။ နှစ်၃၀ပြည့်မှာ

ညစာ ကျွေးမှာမို့ အကောင်းဆုံး စားသောက်ဆိုင်ကို တစ်ညလုံး

ငှားလိုက်တဲ့ ဆေးရုံအုပ်စေတနာတွေကိုလည်း မြင်နေရသည်။

"မမခင်.."

"ဟမ်!!

"မမခင်က သိပ်လှတော့ ချစ်သူရှိမှာပေါ့နော်"

"အရင်ကတော့ ရှိခဲ့ပါတယ် အခုတော့ မရှိသေးဘူးလို့

ပြောရမှာပဲ"

"မမခင် စိတ်မဆိုးရင် ကျွန်တော်တစ်ခုလောက်ပြောလို့ရလား"

မမခင်က ခေါင်းညိတ်တယ်။ ဒါက အခွင့်ရေးမို့ ကိုယ်တိုင်လည်း

လက်မလွှတ်ချင်ပါ။

မမခင်က ဒီလောက်ထိ စံနှုန်းတွေနဲ့ ကိုက်ညီတာ အကယ်၍

လက်ထပ်လိုက်ပါက နေနဲ့လ ရွှေနဲ့မြ သူများတွေအားကျရတဲ့

စုံတွဲတွေ ဖြစ်လာမှာပဲ။

"ကျွန်တော် မမခင်ကို မေတ္တာရှိတယ်!!!

"ဟမ်!! ဩဂတ်...မင်း မမကို ဖွင့်ပြောနေတာလား"

"ဟုတ်ကဲ့ မမခင်"

မမခင်ရဲ့မျက်နှာက ရှက်စိတ်ကြောင့် ရဲစွေးသွားတယ်။ တစ်နေ့

ဩဂတ်ဆီက အခုလိုဖွင့်ပြောခံရမယ်ဆိုတာ သိနေခဲ့ပြီးတာတောင် လက်တွေ့ကြုံလိုက်ရတော့ နှလုံးသားကပေါက်ထွက်မတတ် ရင်ခုန်နေခဲ့ပါသည်။

"မမခင် ချက်ချင်း ပြန်မဖြေလို့ ရမလား !!

"ရပါတယ် မမခင်က မိန်းကလေးဆိုတော့ အချိန်ယူပြီး

စဉ်းစားဖို့ လိုတာပေါ့ ကျွန်တော်နားလည်ပါတယ်"

ဩဂတ်မျက်နှာက ပုံမှန်ထက်အေးဆေးလွန်းနေပြီး လိုချင်တာကို

ကျိန်းသေ ရမှာဆိုတာလည်း သိနေသလို ယုံကြည်ချက်တွေကလည်း အပြည့်မို့ မမခင် အောက်နှုတ်ခမ်းကို ခပ်သာသာဖိကိုက်

လိုက်ရသည်။

ကိုယ်တိုင်က သူ့အပေါ် တိမ်းညွှတ်ပေမယ့် မိန်းမသားတစ်ယောက်မို့ အဖြေကို ချက်ချင်းမပေးလိုက်ချင်။

"မမခင်.. ရှာလိုက်ရတာ"

"ဪ နီနီ!!

ဩဂတ်မှာ ရောက်လာတဲ့ မိန်းကလေးတစ်ယောက်ကြောင့်

ကြောင်စီစီဖြစ်ကာ ထိုမိန်းကလေးနဲ့ အကြည့်ချင်းဆုံသွားသည်။

"ဟင်!! ကိုဩဂတ်"

"လဝန်းနီ!!

ကြားထဲမှာ ခင်ခင်ခကသာ အူကြောင်ကြောင်လေးဖြင့်

"နီနီနဲ့ ဩဂတ်က သိကြတာလား.."

"နီနီတို့က ဒုတိယနှစ်ထိ အတူတူတက်ဖူးတယ်.."

"ဪ!!!

"မမခင်နဲ့ နီနီက ဘယ်လိုပတ်သတ်မှုမျိုးလဲ.."

"မမခင် နဲ့ နီနီက မန္တလေးမှာ ခင်ခဲ့ကြတာလေ သူ့ကိုလည်း

ညစာ၊ စားဖို့ မမခင်ပဲ ဖိတ်ထားတာ"

"ဪ!!!

ဩဂတ်ကတော့ ခေါင်းတညိတ်ညိတ်နဲ့။ နီနီနဲ့ ထပ်တွေ့ရမယ်

မထင်ထားပေမယ့် တွေ့ရတော့လည်း အံ့ဩပုံ မရပဲ တည်ငြိမ်

အေးဆေးနေခဲ့သည်။ နီနီကတော့ မမခင်နဲ့ ဩဂတ်ကို အတူ

ရှိနေတာ သဘောမကျတာကြောင့် မမခင်ကို ဇွတ်အတင်း သူမနဲ့

အတူခေါ်ခဲ့လိုက်သည်။

"နီနီရယ် ဘာဖြစ်တာလဲ"

"မမခင်နဲ့ ကိုဩဂတ်က ဘာတွေလဲ"

"သူက တို့ဆေးရုံက ဂျူနီယာလေ"

"ဟွန်း!! မမခင် သူ့အကြောင်းကို ဘယ်လောက်ထိ သိလို့လဲ

အဲ့ဒီလူကလေ ယောက်ျားဖြစ်ပြီး အဆိပ်အရမ်းပြင်းတာ

တို့ရဲ့ ရိုးသားတဲ့ မမခင်က သူ့ရဲ့မာယာထဲမှာ ပက်လက်မျောသွားမှာ စိုးတာ"

မမခင် စိုးရိမ်လွန်နေတဲ့ နီနီကြောင့် ပြုံးရုံ ပြုံးမိသွားသည်..။

"ဟုတ်လား သူက နီနီရဲ့ EX Boyfriend တော့

မဟုတ်ပါဘူးနော်"

"ဟာ.. မမခင်ကလည်း မဟုတ်ပါဘူး အမှန်တော့

တွဲဖြစ်တော့မလိုပဲ ဒါပေမယ့် အဲ့နေ့မှာပဲ နီနီကို သူ့ညီလက်ထဲ

အတင်းထိုးထည့်သွားတယ်လေ ရုပ်ပေါက်ချက်!!!

နီနီစကားကြောင့် မမခင်မှာ ပြုံးတောင် မပြုံးနိုင်ရှာတော့ပါ။

ဩဂတ်ရဲ့ ညီဆိုမှ ဟိုတလောက ၊ ကဖေးဆိုင်မှာ တွေ့ခဲ့တဲ့

ချစ်စရာကောင်လေးကို မျက်လုံးထဲပြေးမြင်တော့သည်။

"ဘာရယ်.."

နီနီမှာ မမခင်လက်ကိုဆွဲပြီး လူရှင်းပြီးတိတ်ဆိတ်တဲ့ ဝိုင်းမှာ

ထိုင်ချလိုက်သည်။

"မေးမယ်နော် သူနဲ့မမခင်က ချစ်သူတွေဖြစ်ပြီလား.."

ဩဂတ် သုမကိုဖွင့်ပြောထားတာမှန်ပေမယ့် သူမဘက်က

စဉ်းစားနေဆဲ အခြေနေမို့ ချစ်သူတွေမဖြစ်သေးဘူးလို့ ပြောလို့

ရသည်။

"ဟင့်အင်း .."

"သူ့ဒယ်ဒီက လိင်တူလက်ထပ်ထားတယ်ဆိုတာရော

မမခင် သိလား.."

မမခင်ရဲ့ မျက်လုံးတွေပြူးကျယ်သွားပုံအရ ဩဂတ်အကြောင်း

အကုန် မသိသေးဘူးထင်၏။

"ဟင့်အင်း.."

"သူ့မှာ ညီတစ်ယောက်ရှိတာရော မမခင်သိလား"

"သိတယ်လေ ဟိုတလောကမှ တွေ့ဖူးတာ ဩဂတ်ညီက

တကယ်ချစ်စရာလေး"

နီနီက မျက်နှာမဲ့ပစ်ပြီး...

"အမလေး မထင်နဲ့ မမခင်ရေ.. အဲ့ချစ်စရာ မျက်နှာဖုံးအောက်မှာ

အစွယ်ကြီးကို ပြူးနေတာပဲ နောက်ပြီး သူတို့က ညီအစ်ကိုအရင်း

မဟုတ်ကြဘူးလေ.."

"ဘာရယ် ညီအစ်ကိုအရင်း မဟုတ်ကြဘူးပေါ့!!

"မှန်တယ် မမခင်.. သော်ဒီထူးဟန်က သူ့ဒယ်ဒီရဲ့

နောက်အိမ်ထောင်ကနေ ပါလာတဲ့ ကလေး!! ကိုကို ၊ ကိုကိုနဲ့

အမြင်ကပ်စရာ ကောင်းနေရော နီနီနဲ့ ကိုဩဂတ် ဘာလိုလို

ညာလိုလို အခြေနေတုန်းကလေ ကိုဩဂတ်က သူ့ညီကို

မျက်နှာတစ်ချက်အပျက်မခံဘူး မိန်းမ မယူပဲ ညီကိုတောင်

ပြန်ယူမလား မသိပါဘူး မမခင်ရယ်!!

သူမ တွေ‌ခနဲဖြစ်သွား၏။ ဩဂတ်ပုံစံက သူမကို တကယ်စိတ်ဝင်စားပုံ ရပြီး ဂေးနဲ့လည်း မတူတာကြောင့်ပင်..,.။

နောက်ပြီး နီနီပြောတဲ့အကြောင်းရာတွေနဲ့ ဩဂတ်အကြောင်း

သူမ သိနေတာတွေနဲ့က လားလားမှမဆိုင်စွာ တလွဲစီဖြစ်နေသည်။

"သူပြုံးနေတာကို မကြည့်နဲ့ မမခင် မဟုတ်ရင်ရူးသွားလိမ့်မယ်

အကယ်၍ သူ့ကို မမခင်နဲ့ ညီဖြစ်သူကို တစ်ယောက်ကိုပဲ

ရွေးခိုင်းမယ်ဆို အကြောင်းပြချက်မရှိ မမခင်ကို ထားခဲ့မှာ

သိပ်အဆိပ်ပြင်းပါတယ်ဆို.."

"............"

"သူ့ညီကို ထိခိုက်စေတဲ့ စကားပြောကြည့်ပါ့လား အဲ့ဒီလူက

မမခင်ကို အချိန်မရွေး စွန့်ပစ်ပြီး မမခင်ရဲ့ဘဝထဲကနေ

ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ လူတစ်ယောက်လို လာရာလမ်းအတိုင်း ပြန်ထွက်သွားလိမ့်မယ်"

".............."

"ကိုယ့်မမမို့ စေတနာနဲ့ ပြောတာနော် သူ့ကို မယုံကြည်ပါနဲ့

အကယ်၍ မမခင် စမ်းကြည့်ချင်လည်း ရပါတယ် မမခင်က

နီနီထက် ပိုလှပြီး ကြည့်လို့ကောင်းတာပဲ.."

သူမစိတ်ထဲ မေးခွန်းတွေတန်းစီပေါ်လာပေမယ့် ဖြေမယ့်သူ

ကင်းမဲ့နေသည်။ ဒါပေမယ့် အကြာကြီးနေမှ စိတ်လှုပ်ရှားစေတဲ့သူမို့ လွယ်လွယ်နဲ့ မစွန့်လွှတ်လိုက်နိုင်ပါ။ နောက်ပြီး ဩဂတ်က

ချစ်ခွင့်ပန်ထားခဲ့တာပဲဟာ...

ဒါကိုက သူ့ဘက်က ကိုယ့်ကို ချစ်တယ်ဆိုတာ သေချာနေလို့လေ။

မသေချာပေမယ့် သူမ အနေနဲ့ စွန့်စားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

......................

သော်ဒီမှာ ကိုကိုခေါ်လို့ ပြန်လာရပေမယ့် ဖက်တီးနဲ့ စကား

ပြောလက်စကြီး ဖြစ်နေခဲ့သည်။ သူ ကိုကို့အခန်းကို ခြေချ

လိုက်တာနဲ့ အရင်က ထိန်နေတတ်တဲ့ အခန်းက အခုတော့

အမှောင်ချထားပြီး အဝိုင်းပုံစံ စားပွဲပေါ်မှာ အနီရောင်ဖယောင်းတိုင် တစ်တိုင်စိုက်ထူထားခဲ့တာကို အံ့အားသင့်စွာ

တွေ့လိုက်ရသည်။ အရင်ကဆို အရက်ဘီယာတွေ ဘာတစ်ခုမှ

သောက်တာ မကြိုက်တတ်သူက အခုတော့ စားပွဲရဲ့အလည်မှာ

အပြင်းစား ဝိုင်ပုလင်းကို တင်ထားပြီး အသီးတစ်ချို့ကိုလည်း

ပန်းကန်ထဲမှာ တွေ့လိုက်ရသည်။

"ပြန်လာပြီလား ကိုကိုစောင့်နေတာ.."

ရေချိုးခန်းထဲက ထွက်လာတဲ့ ကိုကို့ကို ငေးကြည့်ပြီးမှ

တံတွေးမျိုချလိုက်တယ်။ ဒါဟာ သူကိုကို့ကို ငေးလို့ကောင်းတဲ့

အချိန်လို့သာ သော်ဒီက သတ်မှတ်ထားခဲ့ပါတယ်။

အဲ့ဒီလူကလေ တကယ် သောက်သောက်လဲကို ချောတာ..။

အဟွန်း ဒါကြောင့် ကောင်မလေးတွေ ကြွေဆင်းကုန်ကြတာ

ဖြစ်မှာပေါ့...

"ရေချိုးမလား.. ညီ"

"ဟင့်အင်း ဒါပေမယ့် အဝတ်စားတော့ လဲရမယ် ကိုကို

ညီ အခန်းထဲ ပြန်လိုက်ဦးမယ်"

"အင်း မြန်မြန်သွားပြီး ပြန်လာခဲ့"

"ဟုတ်"

သော်ဒီ ထွက်သွားပြီးနောက်မှာတော့ သူသက်ပြင်းချလိုက်တယ်။

မင်းသွင်ပြောသလိုပဲ သူညီ့ကို ဒီည စစ်ဆေးရမည်။ ဒါကြောင့်

ညီ့အခန်းကို နည်းနည်းရှာကြည့်ခဲ့သေးတယ်။ သူ့အတွက်

သီးသန့် ရေးထားတဲ့ စာထဲမှာတော့ ညီ့ဘက်ကရူးသွပ်မှုတွေအား

သူမြင်ရ တွေ့ရပါသည်။

ဒါပေမယ့် ညီ့နှုတ်က ဝန်ခံဖို့ကလည်း လိုအပ်နေသေးတာကြာင့်

ဒီည ဘာလှည့်ကွက်ပဲ သုံးရပါစေ ဝန်ခံလာအောင်ကိုလုပ်မှာ။

ပြီးရင်တော့ ညီ့ကို ညီလေးတစ်ယောက်လိုသာ သဘောထားတဲ့

အကြောင်းကို ပြောပြီး တစ်ခါတည်း ငြင်းလိုက်ဖို့ကိုလည်း

ကြိုပြီး စကားလုံးတွေ စီထားပြီးသား။

သူ့ဘဝတစ်လျှောက်လုံး မိန်းမတွေကိုသာ ကြိုက်ခဲ့တာပင်..။

အခု ညီညီက ကိုယ့်ကို ချစ်နေတယ်ဆိုတာ ရုတ်တရက်

သိလိုက်ရတော့ အကြီးအကျယ် ရှော့ခ်ရမိတာတော့ အမှန်။

သိသိချင်း ညီ့ကိုအပြစ်တင်တာထက် ဒီလိုဖြစ်အောင် လုပ်ခဲ့မိတဲ့

ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်မိသည်။

ငါ....မင်းကိုအရမ်းအလိုလိုက်ခဲ့မိတာလား ..ညီရယ်

"ကိုကို.... ညီ့အခန်းထဲ တစ်ခုခုရှာထားသေးလား"

ရုတ်တရက် ဝင်လာတဲ့ညီ့နှုတ်က ပထမဆုံးပြောတဲ့ စကား

" ကိုကိုဝင်ထားတာ ဟုတ်ပါတယ် ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး ကိုကိုအိမ်မှာ မရှိတုန်း သူခိုးဝင်ထားတာ

ထင်လို့ ဟို... ခြေရာလက်ရာ ပျက်နေလို့ မေးကြည့်ရုံပါ

ကိုကိုဝင်ထားတယ်ဆိုလည်း ပြီးတာပါပဲ.."

"လာလေ.. ကိုကိုတို့အတူ သောက်ရအောင်"

ကိုကိုနဲ့ မျက်နှာချင်းဆိုင်မှာဝင်ထိုင်ရင်း သူ့မျက်နှာကလည်း

ခပ်တင်းတင်းဖြစ်လျက် ကိုကို့မျက်နှာလေးအား ငေးစိုက်၍

ကြည့်လိုက်မိသည်။

"ကိုကို.. ဘာလို့ ဒါတွေပြင်ထားရတာလဲ အရင်ကဆို

ညီ သောက်ရင်တောင်မကြိုက်ပဲနဲ့.."

အခန်းအပြင်ဆင်က ချစ်သူရည်းစားတွေ ညဘက်

ချိန်းတွေ့ပြီး သောက်ကြတဲ့အခါ ပြင်ထားတဲ့ အပြင်ဆင်မျိုးနဲ့

တူနေတာမို့ မျက်ခုံးကိုပင့်လိုက်မိပါ၏။ သူ ကိုကိုဘာတွေများ

စိတ်ကူးနေသလည်းဆိုတာ နားမလည်အောင်ဖြစ်နေခဲ့ပါသည်။

ဩဂတ်က ဖန်ခွက်နှစ်ခွက်ထဲကို ဝိုင်တွေ ထည့်လိုက်ပြီး

ပြုံးစိစိနဲ့

"ဘာဖြစ်လို့လဲ အပြင်မှာကျ ထွက်သောက်ပြီး ကိုကိုနဲ့ကျ

မသောက်ချင်ဘူးလားဟမ်!!

"မဟုတ်ပါဘူး.... ကိုကိုသောက်ချင်တယ်ဆို

ညီ ကူပြီးသောက်ပေးပါ့မယ် "

"ဒါဆို သောက်လေ ဒီည ကိုကိုနဲ့ မင်း မမူးမချင်းသောက်ကြမယ်"

"ပျော်စရာ ရှိလို့လား!

သော်ဒီအမေးကြောင့် သူတစ်ချက်ပြုံးရင်း

"ပျော်စရာဆိုတာထက် ကိုယ့်ညီနဲ့ အတူသောက်ချင်တာကွာ

အများကြီးမပြောနဲ့ သောက်တော့"

သူ့မှာ ကိုကိုထူးဆန်းနေတာ သိသော်လည်း ဘာမှမဖြစ်သလို

နေလိုက်ရင်း ကိုကိုဘာပဲဖြစ်ချင်ပါစေ သူ့အနေနဲ့ကလည်း

ပူးပေါင်းပေးဖို့ကိုသာ သဘောတူလိုက်သည်။ ထို့နောက်

ကိုကိုတွန်းပို့ပေးတဲ့ တစ်ဝက်ကျော်သည့်ဝိုင်ကို အကုန်လုံး

မော့ပစ်လိုက်တယ်။

"ကိုကိုမေးစရာရှိတယ်!!!

"ရတယ်..မေးလေ ကိုကိုရဲ့"

"အရင်သောက်လိုက်.."

နောက်တစ်ခွက်ထည့်ပေးလာတော့လည်း သူက ငြင်းမယ့်အစား

ကိုကိုကျေနပ်အောင် သောက်ပေးလိုက်တယ်။ သူက နှစ်ခွက်

ကုန်တဲ့အထိ သောက်နေပေမယ့် ကိုကိုကတော့ အခုထိနည်းနည်းမှ မထိရသေးတာက ထူးဆန်းလှသည်။ ဝိုင်က အပြင်းစား

ဖြစ်တာကြောင့် သူသောက်လိုက်တဲ့အခါ နှစ်ခွက်နဲ့ ရီဝေဝေ

ဖြစ်သွားခဲ့ရသည်။

"မင်းမှာ ချစ်သူရှိပြီလား!!

"ကိုကိုဘာလို့မေးတာလဲ ဒီကိစ္စကို ကျွန်တော်ပြောပြီးပြီ

မဟုတ်ဘူးလား"

"ဒါပေမယ့် ဘယ်သူလည်းဆိုတာ ကိုကိုမသိဘူးလေ "

သော်ဒီ ခေါင်းကုတ်လိုက်သည်။ ကိုကိုကလည်း နောက်တစ်ခွက်

ထည့်ပေးပြီး မေးဆတ်ပြတာမို့ သူ ဝိုင်ခွက်ကိုလှမ်းယူပြီး အကုန်

မော့ပစ်လိုက်ရသည်။

"ညီ့ချစ်သူကို အိမ်ခေါ်ခဲ့လေ ကိုကိုသူ့ကို အကဲခတ်ကြည့်မယ်

ညီကလည်း ၂၃နှစ် ရှိပြီဆိုတော့ လက်ထပ်မယ်ဆို လက်ထပ်လို့

ရနေပါပြီ!!

မူးချင်နေတဲ့ စိတ်တွေက ကိုကို့စကားကြောင့် အမူးတောင်

ပြေသွားသလိုလို။ လက်စသတ်တော့ ကိုကိုက ဒါကိုသိချင်နေတာပဲ။

"ကိုကို ဘာပြောချင်တာလဲ.."

"ကိုကိုပြောတာက ညီ့ကို လက်ထပ်ပေးမယ်လို့လေ

ချစ်သူကို အိမ်ခေါ်ခဲ့လိုက်.."

"ညီ ဘယ်တော့မှ လက်မထပ်ဘူး ကိုကို!!!

သော်ဒီအဖြေက ပြတ်သားလှသည်။ အဖြေပေးကတည်းက

တစ်ချက်မှတွေဝေမှုမရှိချေ။ ဒါဆို ညီက သူနဲ့ မဖြစ်နိုင်ဘူး

ဆိုတာ သိနေတာပဲကိုး။ ဟူး!!! ဒါနဲ့များ ဘာလို့များ ကိုကို့ကို

ချစ်ခဲ့ရတာလဲ။

"ဘာလို့ လက်မထပ်ရတာလဲ အခုခေတ်က ပွင့်လင်း

မြင်သာပါတယ် ညီတို့လက်ထပ်မယ်ဆိုလည်း ရတဲ့ဟာ"

အလိမ်မာနည်းနဲ့ နည်းနည်းပါးပါး တီးခေါက်ကြည့်လိုက်တော့

သော်ဒီတစ်ယောက် ရီဝေဝေဖြစ်ကာ ချက်ချင်းထရပ်လိုက်သည်။ ကိုကိုမေးသမျှကို ဖြေရင် အမှန်တွေပေါ်ကုန်တော့မှာမို့။

"ညီ.. ဘယ်တော့မှ လက်မထပ်ဘူး ကိုကို!!

"ဘာလို့လဲ"

"ဘာလို့ဆို!! ညီတို့က မဖြစ်နိုင်လို့"

"ဘာလို့မဖြစ်နိုင်တာလဲ"

"ညီ့ဘက်က တစ်ဖက်သတ်ချစ်ရသူမလို့ပါ"

"ဟမ်!! ငါ့ညီက ဒီလောက်ထိ ချောတာကို တစ်ဖတ်သတ်

ချစ်ရတဲ့သူ ရှိနေသေးတာလား"

သော်ဒီ ရေးတေးတေး ပြုံးလိုက်သည်။

"ရှိတယ် ကိုကို.. ဒါပေမယ့် ဘယ်သူဆိုတာ ထပ်မမေးပါနဲ့

ညီမဖြေတတ်ဘူး"

ဩဂတ်မှာသက်ပြင်းဖွဖွချပြီး

"ဟုတ်ပါပြီ အခု ပြန်ထိုင်ပါဦး ကိုကိုနဲ့အတူသောက်ပေးဦးလို့

ပြောထားတာ မှတ်မိလား"

သူ ကိုကိုကို့ မျက်ခုံးပင့်ကြည့်လိုက်မိသည်..။ သူနဲ့အတူသောက်ပေးဖို့ ပြောသော်ငြား ကိုကို့အတွက်ထည့်ထားတဲ့ ဝိုင်ခွက်က

တစ်စက်တောင် တို့ထိထားခြင်းမရှိ။ သူပြန်ထိုင်ပြီးနောက် ကိုကို့

မျက်နှာအား အပြုံးတစ်ခုနဲ့ကြည့်လိုက်ပါသည်။

ကိုကိုတစ်ယောက် ဘာတွေကြံစည်နေပါလိမ့်။

"ဘာလို့ မဖြစ်နိုင်တာလည်း ပြောကြည့်ပါဦး!!

ကိုကိုထည့်ပေးတဲ့ ဝိုင်ကိုကျေနပ်အောင်ယူသောက်ပြီး သူပြုံးရသည်။ အခုရှေ့မှာထားပြီး ခရေစေ့အတွင်းကျကျ စစ်မေးခံနေရ

သကဲ့သို့ဖြစ်နေခဲ့ပါသည်။

"ကိုကိုမေးရင် ဖြေရတယ် ညီလေးရဲ့.."

"ဘာလို့ဆို... သူ.. ညီ့ကို မချစ်လို့!!!

တစ်သက်လုံး သူ့ဘက်က ညီတစ်ယောက်လို ချစ်သွားမယ်လို့

ဆုံးဖြတ်ခဲ့ပေမယ့် ညီကတော့ သူ့အပေါ် အစ်ကိုတစ်ယောက်လို

မချစ်ခဲ့တာသိရတော့ ရင်ထဲက အောင့်လာရသည်..။ ညီ့အပေါ်မှာ

သူလုပ်သမျှ လုပ်ရပ်တိုင်းက မနာကျင်စေဖို့ ရည်ရွယ်ထားပေမယ့်

ညီ့နှလုံးသားကို ၊ ကိုယ်တိုင်ခွဲရသည့်အခါ ရင်နာနာနဲ့ အသည်း

ခွဲရတဲ့ ကိုကိုက ပိုနာကျင်ရတယ်ဆိုတာ ညီ နားလည်နိုင်စေဖို့

ဆုတောင်းရသည်။

သူ ကိုကို့မျက်နှာကိုကြည့်ပြီး မျက်ဝန်းထောင့်စွန်းလေးနှစ်ဖက်က

ပူလောင်လာကာ စိုစွတ်လာခဲ့ပါသည်။ ထို့နောက် ကိုကို့လက်ထဲက ဝိုင်ပုလင်းကို လှမ်းယူလိုက်၏။ ကိုကိုကလည်း မတားတော့

သူပိုပြီး ရဲလာသည်။

သော်ဒီမှာ ပုလင်းလိုက် မော့ချနေတာကို ရင်နာနာနဲ့ ကြည့်နေရုံသာ သူက တတ်နိုင်သည်မို့။ ပုလင်းတစ်ဝက်ကျော် ကုန်သွားသည့်နောက် လုံလောက်အောင်မူးသွားတဲ့ ညီက စားပွဲပေါ်မှာ

ခေါင်းစိုက်ကျကာ မှောက်သွားခဲ့သည်။

အခုထိ သူကြားချင်တဲ့ စကားကို မကြားရသေးတာမို့ ဩဂတ်မှာ

နည်းနည်းတော့ စိတ်ပျက်သွားပေမယ့် နောက်ဆုံးတစ်ကွက်

ကျန်သေးတာမို့ စိတ်မလျှော့သေးပါ။ မူးနေတဲ့ ညီ့အား ပွေ့ရင်း

အိပ်ယာပေါ် အသာတင်ပေးတော့ အိပ်တစ်ဝက် နိုးတစ်ဝက်

ဖြစ်နေတဲ့ ကောင်လေးက သူ့ကိုမျက်လုံးတွေ ပြူးပြဲဖွင့်ကာ

ကြည့်လာတော့ ပြုံးလိုက်သည်။

"ညီ!!!

ပါးလေးကို လက်နဲ့အုပ်ကိုင်ပြီး ဖွဖွလေးပွတ်တော့ မျက်တောင်လေး တဖျတ်ဖျတ်ခတ်ကာ ကြည့်ရုံကလွဲလို့ ထူးထူးခြားခြား

ဘာမှမတုန့်ပြန်ပါ။

ဒါနဲ့ပဲ မျက်နှာကိုငုံ့ချလိုက်ပေမယ့် အထူးတလည်ရှောင်တာမျိုးနဲ့

ရှက်သွားတဲ့ အမူယာ ဘာတစ်ခုမှ မပြ ။ မူးနေတဲ့ လူမို့အသိစိတ်

ကပ်မနေဘူးဆိုတာ သိပေမယ့် ဒီအခြေနေက အကောင်းဆုံး

အခွင့်ရေးဆိုတာ ဩဂတ်က သေချာနေခဲ့ပါသည်။

ညီ့မျက်နှာကို နူးနူးညံ့ညံ့လေး လက်နဲ့ ပွတ်သပ်နေပြီးနောက်

ဟစိဟစိ ဖြစ်နေတဲ့ မက်မွန်သီးရောင် နှုတ်ခမ်းလေးကို လက်နဲ့

အသာထိတွေ့ရင်း သတိလက်လွတ် ဖြစ်သွားခဲ့သည်..။ ညီက

သူ့နှုတ်ခမ်းပေါ်မှာ ပြေးလွှားနေတဲ့ လက်မကို ဆတ်ခနဲ မနာအောင် လှမ်းကိုက်လိုက်ချိန်မှာတော့ သတိ ပြန်ဝင်လာပြီး

ရှက်ရဲရဲ ဖြစ်လာ၏။

Shit!!!! ငါဘာတွေ လုပ်နေတာလဲ သောက်တလွဲတွေ။

"ကိုကို ဘာလုပ်နေတာလဲ!!

အေး.. အဲ့မေးခွန်းပဲ ငါ့ကိုယ်ငါ ပြန်မေးနေတာလေ ငါဘာတွေ

လုပ်နေတာလည်းလို့။

"ဘာမှမလုပ်ဘူး ညီ့ကို မေးစရာရှိလို့!!

"အင်း.. မေးလေ"

ရီဝေဝေဖြစ်နေတဲ့ သော်ဒီပုံစံက ဩဂတ်အတွက် အသစ်ဆန်း

တစ်ခုဖြစ်နေပေမယ့် ဩဂတ်ကတော့ ညီ့ကို ဒီပုံစံနဲ့မတွေ့စဖူး

တွေ့လိုက်ရလို့သာ ဖြည့်တွေးလိုက်သည်။

"ညီ!! ကိုကို့ကို ဘယ်လိုတွေးလဲ.. "

"ဟမ်!! ဘာကိုလဲ ကိုကို"

"ကိုကို့ကို ချစ်လား!!!

ညီ ဖြည်းဖြည်းချင်း ပြုံးသွားပါ၏။ တစ်ပြိုင်တည်း ကိုယ့်နှလုံးသားက လောင်ကျွမ်းလာသည်။ ညီ့ဆီက အတည်ပြုချင်တဲ့ စကားကို

ကြားရတော့မည်။ သူကလည်း ညီ့ကို မပြတ်သတ် ငြင်းဆန်ဖို့

စိတ်ကိုပြင်ဆင်ထားရတော့ပါမည်။

"ချစ်တာပေါ့ ကိုကိုရဲ့!!

"ဒါပေမယ့် ကိုကိုက ညီ့ကိုမချစ်....."

"ညီတို့က ညီအစ်ကိုတွေပဲလေ..."

ဆိုတဲ့ ညီ့စကားကြောင့် လမ်းတစ်ဝက်မှာပဲ ရပ်တန့်သွားရသည်။

အဆုံးထိ ညီက ဝန်ခံချင်ပုံမရ။ သက်ပြင်းချပြီးမှ ညီ့ကိုစစ်မေးတဲ့

အစီစဉ်ကို လက်လျှော့လိုက်ရသည်။ မဟုတ်တောင် ညီရေးတဲ့

စာတွေနဲ့တင် ညီသူ့ကိုချစ်နေကြောင်း သိနေရပြီမို့...

"အိပ်တော့ ကလေး!!!

"ငယ်ငယ်ကလို ပုတ်ပြီးသိပ်ပေးပါ့လား ကိုကို!!

ဒီတော့လည်း သူက ၊ ကလေးဆန်တဲ့ ညီ့ကိုလစ်လျူရှုမထားနိုင်ပဲ

ပုတ်ပြီး သိပ်ပေးရသည်။ ရင်ခွင်ထဲ စုံးစုံးမြှုပ်တဲ့အထိ ဖက်ထား

သလို ညီကလည်း သူ့ပါးကို ရွှတ်ခနဲ နမ်းပြီးမှ ရင်ခွင်ထဲမှာ

ငြိမ်သက်စွာ နာခံသွား၏။ ထူးဆန်းတာကတော့ ညီ သူ့ကို

ချစ်နေတယ်ဆိုတာ သိပြီးတဲ့အချိန်မှာတောင် ညီ့ရဲ့အနမ်းတို့ကို

ရှောင်ချင်စိတ်လည်းမရှိသလို ထွေထွေထူးထူး ရွံသွားတာမျိုးလည်းဖြစ်မနေပါ။

ညီအိပ်တာ သေချာသွားပြီဆိုမှ ဖုန်းကိုယူပြီး ဝရံတာဘက်ကို

ထွက်လာခဲ့သည်။ အချိန်အားဖြင့် ၁၂ ကျော်ပြီဆိုပေမယ့်

သကောင့်သား မင်းသွင်ဆီ အကြောင်းကြားပြီး အကြံယူရပါမည်။

သူ့စိတ်နဲ့သာဆို ဘာမှဂရုမစိုက်တတ်တဲ့ အကျင့်ကြောင့်

ညီ နာကျင်ရမှာစိုးတဲ့အတွက် ဘေးလူဖြစ်တဲ့ မင်းသွင်ဆီကနေ

အကြံတောင်းရခြင်းပင်။

သူထွက်သွားမှ အိပ်ပျော်နေပြီဟု ထင်ရတဲ့ ကောင်လေးရဲ့

မျက်လုံးတွေက ဆတ်ခနဲဖွင့်လာကာ နှစ်ခမ်းကွေးရုံ

ပြုံးသွားခဲ့ပါသည်။ ပြီးမှ ဖြည်းဖြည်းချင်း ပြန်ပိတ်သွားကာ

အိပ်မောကျသွားခဲ့လေခြင်း။

"မင်းသွင် ငါပါ!!

'သူတောင်းစား အချိန်ကိုလည်းကြည့်ဦး လူအိပ်ချိန်ရောက်နေပြီကွ'

"လူအိပ်ချိန်ဖြစ်ဖြစ် ခွေးအိပ်ချိန်ဖြစ်ဖြစ် ဒါက ဘာသောက်ရေး

ပါလို့လဲ"

'ပြောစရာရှိလို့လား..'

"မင်းပြောသလို ငါညီ့ကို အိမ်ခေါ်ပြီး စစ်မေးခဲ့တာ အကယ်၍

သူဝန်ခံရင် ငါငြင်းဖို့တောင် စကားလုံးတွေ စီထားပြီးသား

ဒါပေမယ့် သူအဆုံးထိ ဝန်မခံသွားဘူး"

'ဘာကွ!! သူ့သာသူ နေတဲ့ကလေးကို မင်းက တကူးတက

အိမ်ခေါ်ပြီး ငြင်းဖို့လုပ်ခဲ့တာလား သောက်ပိန်းရဲ့'

"မင်းလုပ်ခိုင်းတာ မဟုတ်ဘူးလား.."

'ငါချီးကျွေးရင် မင်းစားမှာလား'

"ဝါးကျွေးရင်တော့ စားပါတယ်"

'စောက်တုံးလို့ ခေါ်ရင်လည်း ချီးကျူးတယ်ထင်ပြီး

ဘဝင်မြင့်ဦးမယ်..'

"ငါအကောင်းပြောနေတာ သူအဆုံးထိ ဝန်မခံပေမယ့်

ငါ့ပေါ် ခံစားချက်ရှိနေတာ သေချာတယ်"

'ဘာသက်သေရှိလဲ'

"သူရေးထားတဲ့ စာတွေက သက်သေပဲ.."

ထိုအခါမှ မင်းသွင်က တက်ကြွစွာဖြင့်

'ဘာရေးထားလို့လဲ..'

"မပြောပြဘူး.."

'ဟာ.. ဟျောင့် မင်းအဲ့လိုတော့မလုပ်နဲ့လေ ငါလည်း

သိချင်တာပေါ့'

"ဆောရီးပဲ!! အစ်ကိုတစ်ယောက်အနေနဲ့ ညီဖြစ်သူရဲ့

သိက္ခာကို ထိန်းသိမ်းရမှာပဲ.."

တကယ်တော့ ဩဂတ်က မပြောချင်တာထက် မပြောရဲတာပင်။

ညီတစ်ယောက် သူ့အပေါ်အခုလို ပစ်မှားနေမှန်း မထင်ခဲ့တာ

အမှန်ပါပဲ။ အခုနေ ဒေါသထွက်သင့်တာက အမှန်‌ဖြစ်ပေမယ့်

ရှက်စိတ် တစ်ခုတည်းကိုသာ ခံစားရပါသည်။

'အေးပါ.. မင်းဘာဆက်လုပ်မယ် တွေးထားလဲ သူကတော့

ဟုတ်ပါတယ်လို့ ဝန်ခံမှာမဟုတ်ဘူး'

"ဘာဆက်လုပ်ရမလည်း မသိဘူးဖြစ်နေတာ ညီငါ့ကို

ဝန်ခံရင် ငြင်းမလို့ဟာကို.."

'သူဝန်ခံလာအောင် အမျိုးမျိုးလုပ်ပေါ့ မင်းသူ့ကိုမျှော်လင့်ချက်

ပေးမိနေတာကမှ ပိုနာကျင်စေတာမို့ ဖြတ်စရာရှိတာ

စောစောဖြတ်ထား..'

"အေးပါ!! ငါဘာဆက်လုပ်ရမလည်း နားလည်ပါတယ်"

'အင်း.. ဒါပဲအလား '

"အင်း"

မင်းသွင် ဖုန်းချသွားပြီးနောက် အခန်းထဲပြန်လာတော့ အပြစ်ကင်းစွာ အိပ်ပျော်နေတဲ့ ညီ့အနား သွားလိုက်ပြီး ဘေးမှာပဲ

အသာဝင်လှဲလိုက်သည်။ ညီသာ ပုံမှန်လူသား တစ်ယောက်

ဖြစ်ခဲ့ရင်ဆိုတဲ့အတွေးကို ဩဂတ်မတွေးပဲ မနေနိုင်ပါ။

ဒီနေ့ မဟုတ်တောင် ညီ သူ့ကိုတစ်နေ့နေ့ ဖွင့်ပြောလာမှာမို့

စောစော ပြောအောင်လုပ်ပြီး စောစောဖြတ်ထားရမှာပင်။

Zawgyi

ခ်စ္သူတစ္ေယာက္ ေကာက္ရထားသည္ {အခန္း ၁၉}

နွစ္၃၀ျပည့္ အခမ္းနားတစ္ခု။

မမခင္ ေျပာသလို ဒီတစ္ေန့လုံး လူနာေတြကို အခမဲ့ ကုသေပးျပီး

ေန့လယ္ ၂နာရီ ဝန္းက်င္မွာ က်န္းမာေရးေဟာေျပာပြဲ တစ္ခုရွိသည္။ စင္ျမင့္ထက္မွာ ရွိေနတာက မမခင္နဲ့ေဆးရုံအုပ္

ဦးခင္ေဇာ္ပင္။ ဩဂတ္မွာ ေရွ့ကျမင္ကြင္းကို ြကည့္ေနေပမယ့္

မ်က္နွာေသြကီး ြဖစ္ေနခဲ့သည္။ တစ္ြခားသူေတြ လက္ခုပ္တီးတဲ့

အခ်ိန္မွာေတာ့ ဘာတစ္လုံးမွ မြကားလိုက္ေပမယ့္ ေရာေယာင္ျပီး

လက္ခုပ္တီးကာ ထိုင္ရာမွ ထရပ္ပစ္လိုက္သည္။

ေဆးရုံအုပ္က လူတိုင္းကို ညစာ ေက်ြးမယ္ဆိုတာေြကာင့္

အားလုံးတက္ြကြေနေပမယ့္ ထိုအထဲမွာဩဂတ္ေတာ့မပါဝင္။

မမခင္မွာ အေဝးကေန ‌အျပုံးတစ္ပြင့္ ပစ္ေပးတာမို့ အျပုံးနဲ့

တုန့္ျပန္လိုက္သည္။ မမခင္က မိန္းမေကာင္းေလးတစ္ေယာက္ြဖစ္ျပီး သူ့စံနွုန္းေတြနဲ့လည္း အလြန္ကိုက္ညီလွသည္။

ညစာ၊ စားခ်ိန္ ေရာက္လာခ်ိန္မွာေတာ့ မမခင္ကို ဆက္ေရွာင္လို့

မရေတာ့။

"ဩဂတ္ တစ္ေနကုန္ ျငိမ္ေနသလိုပဲ ဘာြဖစ္ေနတာလဲဟင္

ေနမေကာင္းဘူးလား"

ေျပာရင္း နွဖူးေပါ္ လက္တင္စမ္းလာတာမို့ ြကက္သီးေငြ့ေငြ့ေလးေတာ့ ခံစားလိုက္ရတယ္။

"ေနေကာင္းပါတယ္ မမခင္"

"ဒါဆို ဘာလို့သိပ္မစားတာလဲ"

"ဟို... ဒီေန့ ညီ့ကိုအိမ္မွာ ညစာ၊ စားဖို့ေခါ္ထားလို့

က်ြန္ေတာ္ သိပ္စားလို့မရဘူး"

"ဟုတ္လား ဩဂတ္က ညီေလးကို သိပ္ခ်စ္တာပဲေနာ္!!!

ဩဂတ္က မမခင္ရဲ့ စကားေတြကို အျပုံးနဲ့ပဲ တုန့္ျပန္လိုက္တယ္။

ေဘးဘီကိုေဝ့ြကည့္ေတာ့ လူတိုင္းက အလုပ္ကိုယ္စီနဲ့ရွုပ္ေနြကတာမို့ သူတို့ကို ဂရုေတာင္စိုက္မအားြကဘူး။ နွစ္၃၀ျပည့္မွာ

ညစာ ေက်ြးမွာမို့ အေကာင္းဆုံး စားေသာက္ဆိုင္ကို တစ္ညလုံး

ငွားလိုက္တဲ့ ေဆးရုံအုပ္ေစတနာေတြကိုလည္း ျမင္ေနရသည္။

"မမခင္.."

"ဟမ္!!

"မမခင္က သိပ္လွေတာ့ ခ်စ္သူရွိမွာေပါ့ေနာ္"

"အရင္ကေတာ့ ရွိခဲ့ပါတယ္ အခုေတာ့ မရွိေသးဘူးလို့

ေျပာရမွာပဲ"

"မမခင္ စိတ္မဆိုးရင္ က်ြန္ေတာ္တစ္ခုေလာက္ေျပာလို့ရလား"

မမခင္က ေခါင္းညိတ္တယ္။ ဒါက အခြင့္ေရးမို့ ကိုယ္တိုင္လည္း

လက္မလြွတ္ခ်င္ပါ။

မမခင္က ဒီေလာက္ထိ စံနွုန္းေတြနဲ့ ကိုက္ညီတာ အကယ္၍

လက္ထပ္လိုက္ပါက ေနနဲ့လ ေရြွနဲ့ျမ သူမ်ားေတြအားက်ရတဲ့

စုံတြဲေတြ ြဖစ္လာမွာပဲ။

"က်ြန္ေတာ္ မမခင္ကို ေမတ္တာရွိတယ္!!!

"ဟမ္!! ဩဂတ္...မင္း မမကို ဖြင့္ေျပာေနတာလား"

"ဟုတ္ကဲ့ မမခင္"

မမခင္ရဲ့မ်က္နွာက ရွက္စိတ္ေြကာင့္ ရဲေစြးသြားတယ္။ တစ္ေန့

ဩဂတ္ဆီက အခုလိုဖြင့္ေျပာခံရမယ္ဆိုတာ သိေနခဲ့ျပီးတာေတာင္ လက္ေတြ့ြကုံလိုက္ရေတာ့ နွလုံးသားကေပါက္ထြက္မတတ္ ရင္ခုန္ေနခဲ့ပါသည္။

"မမခင္ ခ်က္ခ်င္း ျပန္မေြဖလို့ ရမလား !!

"ရပါတယ္ မမခင္က မိန္းကေလးဆိုေတာ့ အခ်ိန္ယူျပီး

စဉ္းစားဖို့ လိုတာေပါ့ က်ြန္ေတာ္နားလည္ပါတယ္"

ဩဂတ္မ်က္နွာက ပုံမွန္ထက္ေအးေဆးလြန္းေနျပီး လိုခ်င္တာကို

က်ိန္းေသ ရမွာဆိုတာလည္း သိေနသလို ယုံြကည္ခ်က္ေတြကလည္း အျပည့္မို့ မမခင္ ေအာက္နွုတ္ခမ္းကို ခပ္သာသာဖိကိုက္

လိုက္ရသည္။

ကိုယ္တိုင္က သူ့အေပါ္ တိမ္းညြွတ္ေပမယ့္ မိန္းမသားတစ္ေယာက္မို့ အေြဖကို ခ်က္ခ်င္းမေပးလိုက္ခ်င္။

"မမခင္.. ရွာလိုက္ရတာ"

"ဪ နီနီ!!

ဩဂတ္မွာ ေရာက္လာတဲ့ မိန္းကေလးတစ္ေယာက္ေြကာင့္

ေြကာင္စီစီြဖစ္ကာ ထိုမိန္းကေလးနဲ့ အြကည့္ခ်င္းဆုံသြားသည္။

"ဟင္!! ကိုဩဂတ္"

"လဝန္းနီ!!

ြကားထဲမွာ ခင္ခင္ခကသာ အူေြကာင္ေြကာင္ေလးြဖင့္

"နီနီနဲ့ ဩဂတ္က သိြကတာလား.."

"နီနီတို့က ဒုတိယနွစ္ထိ အတူတူတက္ဖူးတယ္.."

"ဪ!!!

"မမခင္နဲ့ နီနီက ဘယ္လိုပတ္သတ္မွုမ်ိုးလဲ.."

"မမခင္ နဲ့ နီနီက မန္တေလးမွာ ခင္ခဲ့ြကတာေလ သူ့ကိုလည္း

ညစာ၊ စားဖို့ မမခင္ပဲ ဖိတ္ထားတာ"

"ဪ!!!

ဩဂတ္ကေတာ့ ေခါင္းတညိတ္ညိတ္နဲ့။ နီနီနဲ့ ထပ္ေတြ့ရမယ္

မထင္ထားေပမယ့္ ေတြ့ရေတာ့လည္း အံ့ဩပုံ မရပဲ တည္ျငိမ္

ေအးေဆးေနခဲ့သည္။ နီနီကေတာ့ မမခင္နဲ့ ဩဂတ္ကို အတူ

ရွိေနတာ သေဘာမက်တာေြကာင့္ မမခင္ကို ဇြတ္အတင္း သူမနဲ့

အတူေခါ္ခဲ့လိုက္သည္။

"နီနီရယ္ ဘာြဖစ္တာလဲ"

"မမခင္နဲ့ ကိုဩဂတ္က ဘာေတြလဲ"

"သူက တို့ေဆးရုံက ဂ်ူနီယာေလ"

"ဟြန္း!! မမခင္ သူ့အေြကာင္းကို ဘယ္ေလာက္ထိ သိလို့လဲ

အဲ့ဒီလူကေလ ေယာက္်ားြဖစ္ျပီး အဆိပ္အရမ္းျပင္းတာ

တို့ရဲ့ ရိုးသားတဲ့ မမခင္က သူ့ရဲ့မာယာထဲမွာ ပက္လက္ေမ်ာသြားမွာ စိုးတာ"

မမခင္ စိုးရိမ္လြန္ေနတဲ့ နီနီေြကာင့္ ျပုံးရုံ ျပုံးမိသြားသည္..။

"ဟုတ္လား သူက နီနီရဲ့ EX Boyfriend ေတာ့

မဟုတ္ပါဘူးေနာ္"

"ဟာ.. မမခင္ကလည္း မဟုတ္ပါဘူး အမွန္ေတာ့

တြဲြဖစ္ေတာ့မလိုပဲ ဒါေပမယ့္ အဲ့ေန့မွာပဲ နီနီကို သူ့ညီလက္ထဲ

အတင္းထိုးထည့္သြားတယ္ေလ ရုပ္ေပါက္ခ်က္!!!

နီနီစကားေြကာင့္ မမခင္မွာ ျပုံးေတာင္ မျပုံးနိုင္ရွာေတာ့ပါ။

ဩဂတ္ရဲ့ ညီဆိုမွ ဟိုတေလာက ၊ ကေဖးဆိုင္မွာ ေတြ့ခဲ့တဲ့

ခ်စ္စရာေကာင္ေလးကို မ်က္လုံးထဲေျပးျမင္ေတာ့သည္။

"ဘာရယ္.."

နီနီမွာ မမခင္လက္ကိုဆြဲျပီး လူရွင္းျပီးတိတ္ဆိတ္တဲ့ ဝိုင္းမွာ

ထိုင္ခ်လိုက္သည္။

"ေမးမယ္ေနာ္ သူနဲ့မမခင္က ခ်စ္သူေတြြဖစ္ျပီလား.."

ဩဂတ္ သုမကိုဖြင့္ေျပာထားတာမွန္ေပမယ့္ သူမဘက္က

စဉ္းစားေနဆဲ အေြခေနမို့ ခ်စ္သူေတြမြဖစ္ေသးဘူးလို့ ေျပာလို့

ရသည္။

"ဟင့္အင္း .."

"သူ့ဒယ္ဒီက လိင္တူလက္ထပ္ထားတယ္ဆိုတာေရာ

မမခင္ သိလား.."

မမခင္ရဲ့ မ်က္လုံးေတြျပူးက်ယ္သြားပုံအရ ဩဂတ္အေြကာင္း

အကုန္ မသိေသးဘူးထင္၏။

"ဟင့္အင္း.."

"သူ့မွာ ညီတစ္ေယာက္ရွိတာေရာ မမခင္သိလား"

"သိတယ္ေလ ဟိုတေလာကမွ ေတြ့ဖူးတာ ဩဂတ္ညီက

တကယ္ခ်စ္စရာေလး"

နီနီက မ်က္နွာမဲ့ပစ္ျပီး...

"အမေလး မထင္နဲ့ မမခင္ေရ.. အဲ့ခ်စ္စရာ မ်က္နွာဖုံးေအာက္မွာ

အစြယ္ြကီးကို ျပူးေနတာပဲ ေနာက္ျပီး သူတို့က ညီအစ္ကိုအရင္း

မဟုတ္ြကဘူးေလ.."

"ဘာရယ္ ညီအစ္ကိုအရင္း မဟုတ္ြကဘူးေပါ့!!

"မွန္တယ္ မမခင္.. ေသာ္ဒီထူးဟန္က သူ့ဒယ္ဒီရဲ့

ေနာက္အိမ္ေထာင္ကေန ပါလာတဲ့ ကေလး!! ကိုကို ၊ ကိုကိုနဲ့

အျမင္ကပ္စရာ ေကာင္းေနေရာ နီနီနဲ့ ကိုဩဂတ္ ဘာလိုလို

ညာလိုလို အေြခေနတုန္းကေလ ကိုဩဂတ္က သူ့ညီကို

မ်က္နွာတစ္ခ်က္အပ်က္မခံဘူး မိန္းမ မယူပဲ ညီကိုေတာင္

ျပန္ယူမလား မသိပါဘူး မမခင္ရယ္!!

သူမ ေတြ‌ခနဲြဖစ္သြား၏။ ဩဂတ္ပုံစံက သူမကို တကယ္စိတ္ဝင္စားပုံ ရျပီး ေဂးနဲ့လည္း မတူတာေြကာင့္ပင္..,.။

ေနာက္ျပီး နီနီေျပာတဲ့အေြကာင္းရာေတြနဲ့ ဩဂတ္အေြကာင္း

သူမ သိေနတာေတြနဲ့က လားလားမွမဆိုင္စြာ တလြဲစီြဖစ္ေနသည္။

"သူျပုံးေနတာကို မြကည့္နဲ့ မမခင္ မဟုတ္ရင္ရူးသြားလိမ့္မယ္

အကယ္၍ သူ့ကို မမခင္နဲ့ ညီြဖစ္သူကို တစ္ေယာက္ကိုပဲ

ေရြးခိုင္းမယ္ဆို အေြကာင္းျပခ်က္မရွိ မမခင္ကို ထားခဲ့မွာ

သိပ္အဆိပ္ျပင္းပါတယ္ဆို.."

"............"

"သူ့ညီကို ထိခိုက္ေစတဲ့ စကားေျပာြကည့္ပါ့လား အဲ့ဒီလူက

မမခင္ကို အခ်ိန္မေရြး စြန့္ပစ္ျပီး မမခင္ရဲ့ဘဝထဲကေန

ဘယ္တုန္းကမွ မရွိခဲ့ဖူးတဲ့ လူတစ္ေယာက္လို လာရာလမ္းအတိုင္း ျပန္ထြက္သြားလိမ့္မယ္"

".............."

"ကိုယ့္မမမို့ ေစတနာနဲ့ ေျပာတာေနာ္ သူ့ကို မယုံြကည္ပါနဲ့

အကယ္၍ မမခင္ စမ္းြကည့္ခ်င္လည္း ရပါတယ္ မမခင္က

နီနီထက္ ပိုလွျပီး ြကည့္လို့ေကာင္းတာပဲ.."

သူမစိတ္ထဲ ေမးခြန္းေတြတန္းစီေပါ္လာေပမယ့္ ေြဖမယ့္သူ

ကင္းမဲ့ေနသည္။ ဒါေပမယ့္ အြကာြကီးေနမွ စိတ္လွုပ္ရွားေစတဲ့သူမို့ လြယ္လြယ္နဲ့ မစြန့္လြွတ္လိုက္နိုင္ပါ။ ေနာက္ျပီး ဩဂတ္က

ခ်စ္ခြင့္ပန္ထားခဲ့တာပဲဟာ...

ဒါကိုက သူ့ဘက္က ကိုယ့္ကို ခ်စ္တယ္ဆိုတာ ေသခ်ာေနလို့ေလ။

မေသခ်ာေပမယ့္ သူမ အေနနဲ့ စြန့္စားြကည့္ဖို့ ဆုံးြဖတ္လိုက္တယ္။

......................

ေသာ္ဒီမွာ ကိုကိုေခါ္လို့ ျပန္လာရေပမယ့္ ဖက္တီးနဲ့ စကား

ေျပာလက္စြကီး ြဖစ္ေနခဲ့သည္။ သူ ကိုကို့အခန္းကို ေြခခ်

လိုက္တာနဲ့ အရင္က ထိန္ေနတတ္တဲ့ အခန္းက အခုေတာ့

အေမွာင္ခ်ထားျပီး အဝိုင္းပုံစံ စားပြဲေပါ္မွာ အနီေရာင္ဖေယာင္းတိုင္ တစ္တိုင္စိုက္ထူထားခဲ့တာကို အံ့အားသင့္စြာ

ေတြ့လိုက္ရသည္။ အရင္ကဆို အရက္ဘီယာေတြ ဘာတစ္ခုမွ

ေသာက္တာ မြကိုက္တတ္သူက အခုေတာ့ စားပြဲရဲ့အလည္မွာ

အျပင္းစား ဝိုင္ပုလင္းကို တင္ထားျပီး အသီးတစ္ခ်ို့ကိုလည္း

ပန္းကန္ထဲမွာ ေတြ့လိုက္ရသည္။

"ျပန္လာျပီလား ကိုကိုေစာင့္ေနတာ.."

ေရခ်ိုးခန္းထဲက ထြက္လာတဲ့ ကိုကို့ကို ေငးြကည့္ျပီးမွ

တံေတြးမ်ိုခ်လိုက္တယ္။ ဒါဟာ သူကိုကို့ကို ေငးလို့ေကာင္းတဲ့

အခ်ိန္လို့သာ ေသာ္ဒီက သတ္မွတ္ထားခဲ့ပါတယ္။

အဲ့ဒီလူကေလ တကယ္ ေသာက္ေသာက္လဲကို ေခ်ာတာ..။

အဟြန္း ဒါေြကာင့္ ေကာင္မေလးေတြ ေြကြဆင္းကုန္ြကတာ

ြဖစ္မွာေပါ့...

"ေရခ်ိုးမလား.. ညီ"

"ဟင့္အင္း ဒါေပမယ့္ အဝတ္စားေတာ့ လဲရမယ္ ကိုကို

ညီ အခန္းထဲ ျပန္လိုက္ဦးမယ္"

"အင္း ျမန္ျမန္သြားျပီး ျပန္လာခဲ့"

"ဟုတ္"

ေသာ္ဒီ ထြက္သြားျပီးေနာက္မွာေတာ့ သူသက္ျပင္းခ်လိုက္တယ္။

မင္းသြင္ေျပာသလိုပဲ သူညီ့ကို ဒီည စစ္ေဆးရမည္။ ဒါေြကာင့္

ညီ့အခန္းကို နည္းနည္းရွာြကည့္ခဲ့ေသးတယ္။ သူ့အတြက္

သီးသန့္ ေရးထားတဲ့ စာထဲမွာေတာ့ ညီ့ဘက္ကရူးသြပ္မွုေတြအား

သူျမင္ရ ေတြ့ရပါသည္။

ဒါေပမယ့္ ညီ့နွုတ္က ဝန္ခံဖို့ကလည္း လိုအပ္ေနေသးတာြကာင့္

ဒီည ဘာလွည့္ကြက္ပဲ သုံးရပါေစ ဝန္ခံလာေအာင္ကိုလုပ္မွာ။

ျပီးရင္ေတာ့ ညီ့ကို ညီေလးတစ္ေယာက္လိုသာ သေဘာထားတဲ့

အေြကာင္းကို ေျပာျပီး တစ္ခါတည္း ျငင္းလိုက္ဖို့ကိုလည္း

ြကိုျပီး စကားလုံးေတြ စီထားျပီးသား။

သူ့ဘဝတစ္ေလ်ွာက္လုံး မိန္းမေတြကိုသာ ြကိုက္ခဲ့တာပင္..။

အခု ညီညီက ကိုယ့္ကို ခ်စ္ေနတယ္ဆိုတာ ရုတ္တရက္

သိလိုက္ရေတာ့ အြကီးအက်ယ္ ေရွာ့ခ္ရမိတာေတာ့ အမွန္။

သိသိခ်င္း ညီ့ကိုအျပစ္တင္တာထက္ ဒီလိုြဖစ္ေအာင္ လုပ္ခဲ့မိတဲ့

ကိုယ့္ကိုယ္ကိုယ္သာ အျပစ္တင္မိသည္။

ငါ....မင္းကိုအရမ္းအလိုလိုက္ခဲ့မိတာလား ..ညီရယ္

"ကိုကို.... ညီ့အခန္းထဲ တစ္ခုခုရွာထားေသးလား"

ရုတ္တရက္ ဝင္လာတဲ့ညီ့နွုတ္က ပထမဆုံးေျပာတဲ့ စကား

" ကိုကိုဝင္ထားတာ ဟုတ္ပါတယ္ ဘာြဖစ္လို့လဲ"

"ဘာမွမဟုတ္ပါဘူး ကိုကိုအိမ္မွာ မရွိတုန္း သူခိုးဝင္ထားတာ

ထင္လို့ ဟို... ေြခရာလက္ရာ ပ်က္ေနလို့ ေမးြကည့္ရုံပါ

ကိုကိုဝင္ထားတယ္ဆိုလည္း ျပီးတာပါပဲ.."

"လာေလ.. ကိုကိုတို့အတူ ေသာက္ရေအာင္"

ကိုကိုနဲ့ မ်က္နွာခ်င္းဆိုင္မွာဝင္ထိုင္ရင္း သူ့မ်က္နွာကလည္း

ခပ္တင္းတင္းြဖစ္လ်က္ ကိုကို့မ်က္နွာေလးအား ေငးစိုက္၍

ြကည့္လိုက္မိသည္။

"ကိုကို.. ဘာလို့ ဒါေတြျပင္ထားရတာလဲ အရင္ကဆို

ညီ ေသာက္ရင္ေတာင္မြကိုက္ပဲနဲ့.."

အခန္းအျပင္ဆင္က ခ်စ္သူရည္းစားေတြ ညဘက္

ခ်ိန္းေတြ့ျပီး ေသာက္ြကတဲ့အခါ ျပင္ထားတဲ့ အျပင္ဆင္မ်ိုးနဲ့

တူေနတာမို့ မ်က္ခုံးကိုပင့္လိုက္မိပါ၏။ သူ ကိုကိုဘာေတြမ်ား

စိတ္ကူးေနသလည္းဆိုတာ နားမလည္ေအာင္ြဖစ္ေနခဲ့ပါသည္။

ဩဂတ္က ဖန္ခြက္နွစ္ခြက္ထဲကို ဝိုင္ေတြ ထည့္လိုက္ျပီး

ျပုံးစိစိနဲ့

"ဘာြဖစ္လို့လဲ အျပင္မွာက် ထြက္ေသာက္ျပီး ကိုကိုနဲ့က်

မေသာက္ခ်င္ဘူးလားဟမ္!!

"မဟုတ္ပါဘူး.... ကိုကိုေသာက္ခ်င္တယ္ဆို

ညီ ကူျပီးေသာက္ေပးပါ့မယ္ "

"ဒါဆို ေသာက္ေလ ဒီည ကိုကိုနဲ့ မင္း မမူးမခ်င္းေသာက္ြကမယ္"

"ေပ်ာ္စရာ ရွိလို့လား!

ေသာ္ဒီအေမးေြကာင့္ သူတစ္ခ်က္ျပုံးရင္း

"ေပ်ာ္စရာဆိုတာထက္ ကိုယ့္ညီနဲ့ အတူေသာက္ခ်င္တာကြာ

အမ်ားြကီးမေျပာနဲ့ ေသာက္ေတာ့"

သူ့မွာ ကိုကိုထူးဆန္းေနတာ သိေသာ္လည္း ဘာမွမြဖစ္သလို

ေနလိုက္ရင္း ကိုကိုဘာပဲြဖစ္ခ်င္ပါေစ သူ့အေနနဲ့ကလည္း

ပူးေပါင္းေပးဖို့ကိုသာ သေဘာတူလိုက္သည္။ ထို့ေနာက္

ကိုကိုတြန္းပို့ေပးတဲ့ တစ္ဝက္ေက်ာ္သည့္ဝိုင္ကို အကုန္လုံး

ေမာ့ပစ္လိုက္တယ္။

"ကိုကိုေမးစရာရွိတယ္!!!

"ရတယ္..ေမးေလ ကိုကိုရဲ့"

"အရင္ေသာက္လိုက္.."

ေနာက္တစ္ခြက္ထည့္ေပးလာေတာ့လည္း သူက ျငင္းမယ့္အစား

ကိုကိုေက်နပ္ေအာင္ ေသာက္ေပးလိုက္တယ္။ သူက နွစ္ခြက္

ကုန္တဲ့အထိ ေသာက္ေနေပမယ့္ ကိုကိုကေတာ့ အခုထိနည္းနည္းမွ မထိရေသးတာက ထူးဆန္းလွသည္။ ဝိုင္က အျပင္းစား

ြဖစ္တာေြကာင့္ သူေသာက္လိုက္တဲ့အခါ နွစ္ခြက္နဲ့ ရီေဝေဝ

ြဖစ္သြားခဲ့ရသည္။

"မင္းမွာ ခ်စ္သူရွိျပီလား!!

"ကိုကိုဘာလို့ေမးတာလဲ ဒီကိစ္စကို က်ြန္ေတာ္ေျပာျပီးျပီ

မဟုတ္ဘူးလား"

"ဒါေပမယ့္ ဘယ္သူလည္းဆိုတာ ကိုကိုမသိဘူးေလ "

ေသာ္ဒီ ေခါင္းကုတ္လိုက္သည္။ ကိုကိုကလည္း ေနာက္တစ္ခြက္

ထည့္ေပးျပီး ေမးဆတ္ျပတာမို့ သူ ဝိုင္ခြက္ကိုလွမ္းယူျပီး အကုန္

ေမာ့ပစ္လိုက္ရသည္။

"ညီ့ခ်စ္သူကို အိမ္ေခါ္ခဲ့ေလ ကိုကိုသူ့ကို အကဲခတ္ြကည့္မယ္

ညီကလည္း ၂၃နွစ္ ရွိျပီဆိုေတာ့ လက္ထပ္မယ္ဆို လက္ထပ္လို့

ရေနပါျပီ!!

မူးခ်င္ေနတဲ့ စိတ္ေတြက ကိုကို့စကားေြကာင့္ အမူးေတာင္

ေျပသြားသလိုလို။ လက္စသတ္ေတာ့ ကိုကိုက ဒါကိုသိခ်င္ေနတာပဲ။

"ကိုကို ဘာေျပာခ်င္တာလဲ.."

"ကိုကိုေျပာတာက ညီ့ကို လက္ထပ္ေပးမယ္လို့ေလ

ခ်စ္သူကို အိမ္ေခါ္ခဲ့လိုက္.."

"ညီ ဘယ္ေတာ့မွ လက္မထပ္ဘူး ကိုကို!!!

ေသာ္ဒီအေြဖက ျပတ္သားလွသည္။ အေြဖေပးကတည္းက

တစ္ခ်က္မွေတြေဝမွုမရွိေခ်။ ဒါဆို ညီက သူနဲ့ မြဖစ္နိုင္ဘူး

ဆိုတာ သိေနတာပဲကိုး။ ဟူး!!! ဒါနဲ့မ်ား ဘာလို့မ်ား ကိုကို့ကို

ခ်စ္ခဲ့ရတာလဲ။

"ဘာလို့ လက္မထပ္ရတာလဲ အခုေခတ္က ပြင့္လင္း

ျမင္သာပါတယ္ ညီတို့လက္ထပ္မယ္ဆိုလည္း ရတဲ့ဟာ"

အလိမ္မာနည္းနဲ့ နည္းနည္းပါးပါး တီးေခါက္ြကည့္လိုက္ေတာ့

ေသာ္ဒီတစ္ေယာက္ ရီေဝေဝြဖစ္ကာ ခ်က္ခ်င္းထရပ္လိုက္သည္။ ကိုကိုေမးသမ်ွကို ေြဖရင္ အမွန္ေတြေပါ္ကုန္ေတာ့မွာမို့။

"ညီ.. ဘယ္ေတာ့မွ လက္မထပ္ဘူး ကိုကို!!

"ဘာလို့လဲ"

"ဘာလို့ဆို!! ညီတို့က မြဖစ္နိုင္လို့"

"ဘာလို့မြဖစ္နိုင္တာလဲ"

"ညီ့ဘက္က တစ္ဖက္သတ္ခ်စ္ရသူမလို့ပါ"

"ဟမ္!! ငါ့ညီက ဒီေလာက္ထိ ေခ်ာတာကို တစ္ဖတ္သတ္

ခ်စ္ရတဲ့သူ ရွိေနေသးတာလား"

ေသာ္ဒီ ေရးေတးေတး ျပုံးလိုက္သည္။

"ရွိတယ္ ကိုကို.. ဒါေပမယ့္ ဘယ္သူဆိုတာ ထပ္မေမးပါနဲ့

ညီမေြဖတတ္ဘူး"

ဩဂတ္မွာသက္ျပင္းဖြဖြခ်ျပီး

"ဟုတ္ပါျပီ အခု ျပန္ထိုင္ပါဦး ကိုကိုနဲ့အတူေသာက္ေပးဦးလို့

ေျပာထားတာ မွတ္မိလား"

သူ ကိုကိုကို့ မ်က္ခုံးပင့္ြကည့္လိုက္မိသည္..။ သူနဲ့အတူေသာက္ေပးဖို့ ေျပာေသာ္ျငား ကိုကို့အတြက္ထည့္ထားတဲ့ ဝိုင္ခြက္က

တစ္စက္ေတာင္ တို့ထိထားြခင္းမရွိ။ သူျပန္ထိုင္ျပီးေနာက္ ကိုကို့

မ်က္နွာအား အျပုံးတစ္ခုနဲ့ြကည့္လိုက္ပါသည္။

ကိုကိုတစ္ေယာက္ ဘာေတြြကံစည္ေနပါလိမ့္။

"ဘာလို့ မြဖစ္နိုင္တာလည္း ေျပာြကည့္ပါဦး!!

ကိုကိုထည့္ေပးတဲ့ ဝိုင္ကိုေက်နပ္ေအာင္ယူေသာက္ျပီး သူျပုံးရသည္။ အခုေရွ့မွာထားျပီး ခေရေစ့အတြင္းက်က် စစ္ေမးခံေနရ

သကဲ့သို့ြဖစ္ေနခဲ့ပါသည္။

"ကိုကိုေမးရင္ ေြဖရတယ္ ညီေလးရဲ့.."

"ဘာလို့ဆို... သူ.. ညီ့ကို မခ်စ္လို့!!!

တစ္သက္လုံး သူ့ဘက္က ညီတစ္ေယာက္လို ခ်စ္သြားမယ္လို့

ဆုံးြဖတ္ခဲ့ေပမယ့္ ညီကေတာ့ သူ့အေပါ္ အစ္ကိုတစ္ေယာက္လို

မခ်စ္ခဲ့တာသိရေတာ့ ရင္ထဲက ေအာင့္လာရသည္..။ ညီ့အေပါ္မွာ

သူလုပ္သမ်ွ လုပ္ရပ္တိုင္းက မနာက်င္ေစဖို့ ရည္ရြယ္ထားေပမယ့္

ညီ့နွလုံးသားကို ၊ ကိုယ္တိုင္ခြဲရသည့္အခါ ရင္နာနာနဲ့ အသည္း

ခြဲရတဲ့ ကိုကိုက ပိုနာက်င္ရတယ္ဆိုတာ ညီ နားလည္နိုင္ေစဖို့

ဆုေတာင္းရသည္။

သူ ကိုကို့မ်က္နွာကိုြကည့္ျပီး မ်က္ဝန္းေထာင့္စြန္းေလးနွစ္ဖက္က

ပူေလာင္လာကာ စိုစြတ္လာခဲ့ပါသည္။ ထို့ေနာက္ ကိုကို့လက္ထဲက ဝိုင္ပုလင္းကို လွမ္းယူလိုက္၏။ ကိုကိုကလည္း မတားေတာ့

သူပိုျပီး ရဲလာသည္။

ေသာ္ဒီမွာ ပုလင္းလိုက္ ေမာ့ခ်ေနတာကို ရင္နာနာနဲ့ ြကည့္ေနရုံသာ သူက တတ္နိုင္သည္မို့။ ပုလင္းတစ္ဝက္ေက်ာ္ ကုန္သြားသည့္ေနာက္ လုံေလာက္ေအာင္မူးသြားတဲ့ ညီက စားပြဲေပါ္မွာ

ေခါင္းစိုက္က်ကာ ေမွာက္သြားခဲ့သည္။

အခုထိ သူြကားခ်င္တဲ့ စကားကို မြကားရေသးတာမို့ ဩဂတ္မွာ

နည္းနည္းေတာ့ စိတ္ပ်က္သြားေပမယ့္ ေနာက္ဆုံးတစ္ကြက္

က်န္ေသးတာမို့ စိတ္မေလ်ွာ့ေသးပါ။ မူးေနတဲ့ ညီ့အား ေပြ့ရင္း

အိပ္ယာေပါ္ အသာတင္ေပးေတာ့ အိပ္တစ္ဝက္ နိုးတစ္ဝက္

ြဖစ္ေနတဲ့ ေကာင္ေလးက သူ့ကိုမ်က္လုံးေတြ ျပူးျပဲဖြင့္ကာ

ြကည့္လာေတာ့ ျပုံးလိုက္သည္။

"ညီ!!!

ပါးေလးကို လက္နဲ့အုပ္ကိုင္ျပီး ဖြဖြေလးပြတ္ေတာ့ မ်က္ေတာင္ေလး တဖ်တ္ဖ်တ္ခတ္ကာ ြကည့္ရုံကလြဲလို့ ထူးထူးြခားြခား

ဘာမွမတုန့္ျပန္ပါ။

ဒါနဲ့ပဲ မ်က္နွာကိုငုံ့ခ်လိုက္ေပမယ့္ အထူးတလည္ေရွာင္တာမ်ိုးနဲ့

ရွက္သြားတဲ့ အမူယာ ဘာတစ္ခုမွ မျပ ။ မူးေနတဲ့ လူမို့အသိစိတ္

ကပ္မေနဘူးဆိုတာ သိေပမယ့္ ဒီအေြခေနက အေကာင္းဆုံး

အခြင့္ေရးဆိုတာ ဩဂတ္က ေသခ်ာေနခဲ့ပါသည္။

ညီ့မ်က္နွာကို နူးနူးညံ့ညံ့ေလး လက္နဲ့ ပြတ္သပ္ေနျပီးေနာက္

ဟစိဟစိ ြဖစ္ေနတဲ့ မက္မြန္သီးေရာင္ နွုတ္ခမ္းေလးကို လက္နဲ့

အသာထိေတြ့ရင္း သတိလက္လြတ္ ြဖစ္သြားခဲ့သည္..။ ညီက

သူ့နွုတ္ခမ္းေပါ္မွာ ေျပးလြွားေနတဲ့ လက္မကို ဆတ္ခနဲ မနာေအာင္ လွမ္းကိုက္လိုက္ခ်ိန္မွာေတာ့ သတိ ျပန္ဝင္လာျပီး

ရွက္ရဲရဲ ြဖစ္လာ၏။

Shit!!!! ငါဘာေတြ လုပ္ေနတာလဲ ေသာက္တလြဲေတြ။

"ကိုကို ဘာလုပ္ေနတာလဲ!!

ေအး.. အဲ့ေမးခြန္းပဲ ငါ့ကိုယ္ငါ ျပန္ေမးေနတာေလ ငါဘာေတြ

လုပ္ေနတာလည္းလို့။

"ဘာမွမလုပ္ဘူး ညီ့ကို ေမးစရာရွိလို့!!

"အင္း.. ေမးေလ"

ရီေဝေဝြဖစ္ေနတဲ့ ေသာ္ဒီပုံစံက ဩဂတ္အတြက္ အသစ္ဆန္း

တစ္ခုြဖစ္ေနေပမယ့္ ဩဂတ္ကေတာ့ ညီ့ကို ဒီပုံစံနဲ့မေတြ့စဖူး

ေတြ့လိုက္ရလို့သာ ြဖည့္ေတြးလိုက္သည္။

"ညီ!! ကိုကို့ကို ဘယ္လိုေတြးလဲ.. "

"ဟမ္!! ဘာကိုလဲ ကိုကို"

"ကိုကို့ကို ခ်စ္လား!!!

ညီ ြဖည္းြဖည္းခ်င္း ျပုံးသြားပါ၏။ တစ္ျပိုင္တည္း ကိုယ့္နွလုံးသားက ေလာင္က်ြမ္းလာသည္။ ညီ့ဆီက အတည္ျပုခ်င္တဲ့ စကားကို

ြကားရေတာ့မည္။ သူကလည္း ညီ့ကို မျပတ္သတ္ ျငင္းဆန္ဖို့

စိတ္ကိုျပင္ဆင္ထားရေတာ့ပါမည္။

"ခ်စ္တာေပါ့ ကိုကိုရဲ့!!

"ဒါေပမယ့္ ကိုကိုက ညီ့ကိုမခ်စ္....."

"ညီတို့က ညီအစ္ကိုေတြပဲေလ..."

ဆိုတဲ့ ညီ့စကားေြကာင့္ လမ္းတစ္ဝက္မွာပဲ ရပ္တန့္သြားရသည္။

အဆုံးထိ ညီက ဝန္ခံခ်င္ပုံမရ။ သက္ျပင္းခ်ျပီးမွ ညီ့ကိုစစ္ေမးတဲ့

အစီစဉ္ကို လက္ေလ်ွာ့လိုက္ရသည္။ မဟုတ္ေတာင္ ညီေရးတဲ့

စာေတြနဲ့တင္ ညီသူ့ကိုခ်စ္ေနေြကာင္း သိေနရျပီမို့...

"အိပ္ေတာ့ ကေလး!!!

"ငယ္ငယ္ကလို ပုတ္ျပီးသိပ္ေပးပါ့လား ကိုကို!!

ဒီေတာ့လည္း သူက ၊ ကေလးဆန္တဲ့ ညီ့ကိုလစ္လ်ူရွုမထားနိုင္ပဲ

ပုတ္ျပီး သိပ္ေပးရသည္။ ရင္ခြင္ထဲ စုံးစုံးျမွုပ္တဲ့အထိ ဖက္ထား

သလို ညီကလည္း သူ့ပါးကို ရြွတ္ခနဲ နမ္းျပီးမွ ရင္ခြင္ထဲမွာ

ျငိမ္သက္စြာ နာခံသြား၏။ ထူးဆန္းတာကေတာ့ ညီ သူ့ကို

ခ်စ္ေနတယ္ဆိုတာ သိျပီးတဲ့အခ်ိန္မွာေတာင္ ညီ့ရဲ့အနမ္းတို့ကို

ေရွာင္ခ်င္စိတ္လည္းမရွိသလို ေထြေထြထူးထူး ရြံသြားတာမ်ိုးလည္းြဖစ္မေနပါ။

ညီအိပ္တာ ေသခ်ာသြားျပီဆိုမွ ဖုန္းကိုယူျပီး ဝရံတာဘက္ကို

ထြက္လာခဲ့သည္။ အခ်ိန္အားြဖင့္ ၁၂ ေက်ာ္ျပီဆိုေပမယ့္

သေကာင့္သား မင္းသြင္ဆီ အေြကာင္းြကားျပီး အြကံယူရပါမည္။

သူ့စိတ္နဲ့သာဆို ဘာမွဂရုမစိုက္တတ္တဲ့ အက်င့္ေြကာင့္

ညီ နာက်င္ရမွာစိုးတဲ့အတြက္ ေဘးလူြဖစ္တဲ့ မင္းသြင္ဆီကေန

အြကံေတာင္းရြခင္းပင္။

သူထြက္သြားမွ အိပ္ေပ်ာ္ေနျပီဟု ထင္ရတဲ့ ေကာင္ေလးရဲ့

မ်က္လုံးေတြက ဆတ္ခနဲဖြင့္လာကာ နွစ္ခမ္းေကြးရုံ

ျပုံးသြားခဲ့ပါသည္။ ျပီးမွ ြဖည္းြဖည္းခ်င္း ျပန္ပိတ္သြားကာ

အိပ္ေမာက်သြားခဲ့ေလြခင္း။

"မင္းသြင္ ငါပါ!!

'သူေတာင္းစား အခ်ိန္ကိုလည္းြကည့္ဦး လူအိပ္ခ်ိန္ေရာက္ေနျပီကြ'

"လူအိပ္ခ်ိန္ြဖစ္ြဖစ္ ေခြးအိပ္ခ်ိန္ြဖစ္ြဖစ္ ဒါက ဘာေသာက္ေရး

ပါလို့လဲ"

'ေျပာစရာရွိလို့လား..'

"မင္းေျပာသလို ငါညီ့ကို အိမ္ေခါ္ျပီး စစ္ေမးခဲ့တာ အကယ္၍

သူဝန္ခံရင္ ငါျငင္းဖို့ေတာင္ စကားလုံးေတြ စီထားျပီးသား

ဒါေပမယ့္ သူအဆုံးထိ ဝန္မခံသြားဘူး"

'ဘာကြ!! သူ့သာသူ ေနတဲ့ကေလးကို မင္းက တကူးတက

အိမ္ေခါ္ျပီး ျငင္းဖို့လုပ္ခဲ့တာလား ေသာက္ပိန္းရဲ့'

"မင္းလုပ္ခိုင္းတာ မဟုတ္ဘူးလား.."

'ငါခ်ီးေက်ြးရင္ မင္းစားမွာလား'

"ဝါးေက်ြးရင္ေတာ့ စားပါတယ္"

'ေစာက္တုံးလို့ ေခါ္ရင္လည္း ခ်ီးက်ူးတယ္ထင္ျပီး

ဘဝင္ျမင့္ဦးမယ္..'

"ငါအေကာင္းေျပာေနတာ သူအဆုံးထိ ဝန္မခံေပမယ့္

ငါ့ေပါ္ ခံစားခ်က္ရွိေနတာ ေသခ်ာတယ္"

'ဘာသက္ေသရွိလဲ'

"သူေရးထားတဲ့ စာေတြက သက္ေသပဲ.."

ထိုအခါမွ မင္းသြင္က တက္ြကြစြာြဖင့္

'ဘာေရးထားလို့လဲ..'

"မေျပာျပဘူး.."

'ဟာ.. ေဟ်ာင့္ မင္းအဲ့လိုေတာ့မလုပ္နဲ့ေလ ငါလည္း

သိခ်င္တာေပါ့'

"ေဆာရီးပဲ!! အစ္ကိုတစ္ေယာက္အေနနဲ့ ညီြဖစ္သူရဲ့

သိက္ခာကို ထိန္းသိမ္းရမွာပဲ.."

တကယ္ေတာ့ ဩဂတ္က မေျပာခ်င္တာထက္ မေျပာရဲတာပင္။

ညီတစ္ေယာက္ သူ့အေပါ္အခုလို ပစ္မွားေနမွန္း မထင္ခဲ့တာ

အမွန္ပါပဲ။ အခုေန ေဒါသထြက္သင့္တာက အမွန္‌ြဖစ္ေပမယ့္

ရွက္စိတ္ တစ္ခုတည္းကိုသာ ခံစားရပါသည္။

'ေအးပါ.. မင္းဘာဆက္လုပ္မယ္ ေတြးထားလဲ သူကေတာ့

ဟုတ္ပါတယ္လို့ ဝန္ခံမွာမဟုတ္ဘူး'

"ဘာဆက္လုပ္ရမလည္း မသိဘူးြဖစ္ေနတာ ညီငါ့ကို

ဝန္ခံရင္ ျငင္းမလို့ဟာကို.."

'သူဝန္ခံလာေအာင္ အမ်ိုးမ်ိုးလုပ္ေပါ့ မင္းသူ့ကိုေမ်ွာ္လင့္ခ်က္

ေပးမိေနတာကမွ ပိုနာက်င္ေစတာမို့ ြဖတ္စရာရွိတာ

ေစာေစာြဖတ္ထား..'

"ေအးပါ!! ငါဘာဆက္လုပ္ရမလည္း နားလည္ပါတယ္"

'အင္း.. ဒါပဲအလား '

"အင္း"

မင္းသြင္ ဖုန္းခ်သြားျပီးေနာက္ အခန္းထဲျပန္လာေတာ့ အျပစ္ကင္းစြာ အိပ္ေပ်ာ္ေနတဲ့ ညီ့အနား သြားလိုက္ျပီး ေဘးမွာပဲ

အသာဝင္လွဲလိုက္သည္။ ညီသာ ပုံမွန္လူသား တစ္ေယာက္

ြဖစ္ခဲ့ရင္ဆိုတဲ့အေတြးကို ဩဂတ္မေတြးပဲ မေနနိုင္ပါ။

ဒီေန့ မဟုတ္ေတာင္ ညီ သူ့ကိုတစ္ေန့ေန့ ဖြင့္ေျပာလာမွာမို့

ေစာေစာ ေျပာေအာင္လုပ္ျပီး ေစာေစာြဖတ္ထားရမွာပင္။

[text_hash] => 0def9a70
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...