Array
(
[text] =>
ချစ်သူတစ်ယောက် ကောက်ရထားသည် {အခန်း ၂၀}
ညက စကားတွေကြောင့် မင်းသွင်မှာ တွေ့တွေ့ချင်း စကား
စလာတော့သည်။ ကိုယ့်မျက်နှာကို ဘယ်နားသွားထားရမှန်းမသိ။
"အဲ့ဒီတော့ သေချာသွားတယ်မလား.."
"သူရေးခဲ့တဲ့ စာတွေနဲ့တင် သေချာနေပြီ သူ့နှုတ်က ဖွင့်ပြောဖို့တောင် မလိုဘူး"
ထိုအခါ မင်းသွင်က ' မြင်လား ငါပြောသားပဲ'ဆိုတဲ့အကြည့်နဲ့
ပြန်ကြည့်လာခဲ့သည်မို့ မျက်စောင်းထိုးလိုက်ရသည်။ တကယ်တော့ ညီ့ကိုစစ်မေးခဲ့ပေမယ့် ကိုယ့်ပေါ်တကယ်ခံစားနေရတော့
ကလေးကို နည်းနည်းသနားမိသည်။
"အဲ့တော့ မင်းညီ မင်းကိုချစ်နေတာသိတော့ ရင်ခုန်လား.."
Depression ဝင်နေတဲ့ စိတ်က မင်းသွင်ရဲ့စကားတွေကြောင့်
ပိုဆိုးသွားရပါသည်။
"သူတောင်းစားကတော့...."
အဲ့တော့မှ မင်းသွင်အကြောင်းကို သူထပ်သိလိုက်ရတာက
အဲ့ကောင်ကသူ့ကို ဘယ်သူနဲ့မဆို သဘောတူနေတာပဲ...။
"ငါက သိချင်လို့ပါ.. ဒါမှ မင်းကိုငါအကြံပေးနိုင်မှာပေါ့
ဒါပေမယ့် သူ့ဟာသူ နေတဲ့ ကလေးကို တကူးတကအိမ်ခေါ်ပြီး
ငြင်းတာတော့ သိပ်မဟုတ်သေးဘူးနော်.."
"ဒါဆိုရင် မင်းငါ့ကိုဘာလုပ်စေချင်နေတာလဲ.."
"ငါဘာလုပ်စေချင်တယ်ဆိုတာထက် မင်းလုပ်ချင်တာက
ပိုအရေးကြီးတယ်မဟုတ်ဘူးလား.."
"ငါမသိဘူး..မင်းသွင် ငါ သူ့ကို တစ်လျှောက်လုံး ငါ့ညီလေးလို
ချစ်ခဲ့တာ အခု ငါ့ခံစားချက်တွေ ရှုပ်ထွေးနေတယ် ဘာပဲဖြစ်ဖြစ်
ဘာမှလုပ်လို့မရတော့ဘူး"
"ဘာလို့လဲ"
"ငါ မမခင်ကို ဖွင့်ပြောလိုက်ပြီ"
"ဘာ!!! မြန်လိုက်တာ"
မြှောက်ပေးတုန်းကကျ လုံးဝ မလှုပ်ရှားဘဲနဲ့ အခုမှ မမခင်ကို
ရုတ်တရက် ဖွင့်ပြောခဲ့သည်တဲ့။ ဒီကောင်က လုပ်လိုက်ရင်
ဗြုန်းစားကြီး ဘယ်တော့မှ တစ်ခုခုလုပ်တော့မယ်ဆိုPlanမရှိဘူး။
"နေစမ်းပါဦး မင်းက မမခင်ကို ဖွင့်ပြောလိုက်တယ်ဆိုတော့
သူက ဘာပြန်ပြောလဲ မင်းကိုချစ်ပါတယ်တဲ့လား.."
"စဉ်းစားမယ်လို့တော့ ပြောတာပဲ.."
"မင်းကရော မမခင်ကိုချစ်လို့လား!!!!
ဩဂတ်မှာ အခုရှုပ်ထွေးနေခြင်းမို့ ရှေ့မှာရှိတဲ့ ကော်ဖီခွက်ကိုသာ
ပေါက်ထွက်မတတ် စိုက်ကြည့်နေမိသည်။
"ချစ်တယ် ထင်တာပဲ.."
"ဟာ!! မင်းကလည်း ဘာမှ မသေချာဘူး"
"မမခင်က လှတယ်လေ ယောက်ျားတိုင်း မရနိုင်တဲ့ မိန်းမမျိုး
ငါသူနဲ့ လက်ထပ်လိုက်ရင် မကောင်းဘူးလား နောက်ပြီး
မမခင်ကလည်း ငါ့ရဲ့စံနှုန်းတွေနဲ့ကိုက်ညီနေတယ်!!
"ဒါဆို မင်းညီကို ဘယ်လိုဆက်လုပ်မှာလဲ မမခင်နဲ့
လက်ထပ်ချင်ရင် သူ့ကိုအရင်ကျော်ရမှာနော်.."
ဩဂတ် စုတ်သပ်ရသည်။ ဩဂတ်က ပြဿနာကို အဖြေရှာတာထက် ထိုပြဿနာကနေ ထွက်ပြေးတတ်တဲ့ အကျင့်ရှိသူမို့
အခုကိစ္စကို တကယ် မတွေးနိုင်ပါ။ အထူးသဖြင့် သော်ဒီနဲ့
ပတ်သတ်ပြီးတော့ပေါ့..
"ဒါက ငါ့ဘဝပဲဟာ သူဝင်စွက်ဖက်လို့မရဘူး နောက်ပြီးငါက
သူ့ရဲ့ သီးသန့်ထုတ်ကုန်မှမဟုတ်တာ .."
"အေးပါ!! မင်းမှန်တယ်ထင်ရင် လုပ်ပေါ့.."
ထို့နောက် ခပ်ဝေးဝေးးကနေ သူ့ဆီအပြုံးတွေနဲ့ လျှောက်လာတဲ့
မမခင်ကို ဩဂတ်မြင်လိုက်ရသည်။ သူ မမခင်မျက်နှာကိုသေချာ
ကြည့်လိုက်တော့ အရင်က သူထူးခြားပါတယ်လို့ ကောက်ချက်
ချဖူးတဲ့ မမခင်အလှက ဒီနေ့မှာတော့ သူ့စိတ်ထဲမှာသာမန်ဆန်
နေခဲ့ပါသည်။
သာမန်အလှ...သာမန် မိန်းမတစ်ယောက်ထက် ဘာမှထူးခြားတာ
မတွေ့ရ။
...........................
စားပွဲပေါ်တင်ထားတဲ့ ထမင်းဟင်းတွေကို ကြည့်ပြီး ကျေနပ်စွာ
ပြုံးရသည်။ ဤအရာတို့က သူ့ရဲ့ပထမဆုံး မီးဖိုချေုာင်ဝင်ပြီးချက်တဲ့ လက်ရာတစ်ခုဖြစ်သည်။ ကိုကိုနဲ့ သူ့အတွက် ချက်ထားတာမို့
ကိုကိုမြင်ရင်တော့ ချီးကျူးရင်လည်း ချီးကျူးမှာပေါ့။
စီးကရက်သောက်တာ မကြိုက်တဲ့ ကိုကို့ကြောင့် စီးကရက်ကို
တစ်ရှိုက်ဖွာရင်း ကိုကိုမလာခင်မှာ အဆုံးသတ်ထားရပါမည်..။
ထမင်းဟင်းတွေရှေ့မှာထိုင်နေရင်း နာရီကို တစ်ချက်ကြည့်တော့
အချိန်က ည၁၁ခွဲနေပြီဖြစ်သည်။
ထို့နောက် စီးကရက်ကိုမီးသတ်ပြီး ကိုကို့ကို ဖုန်းခေါ်လိုက်သည်။
ဖုန်းက ဝင်သွားပေမယ့် ကိုင်သူမဲ့နေသယောင်မို့ မျက်ခုံးတွေ
ပင့်မိလျက်သား ဖြစ်သွားတယ်။ အစက ကိုင်မဲ့သူ မရှိတာ..
နောက်တော့ တမင်ချခံလိုက်ရတယ်။
သော်ဒီ စိတ်မပျော်တော့ပါ..။
တိုင်ကပ်နာရီဆီက တစ်ချပ်ချပ်အသံကပင် သူ့နားထဲမှာ
ကျယ်လောင်နေခဲ့ပြီး ဝဲဘက်ရင်အုံက တဆစ်ဆစ်နာကျင်လာရသည်ကို သဘောမကျစွာ စုတ်သပ်ရပါသည်။ သော်ဒီက အလိုလိုက် ခံထားရတဲ့ အငယ်ဆုံးလေးမို့ နာကျင်မှုကိုမနှစ်မြို့သလို သဘောလည်းမကျ။ သို့သော် ကိုကိုနဲ့ ပတ်သတ်နေပါက
အကုန်သဘောကျပါသည်။
နာကျင်ရသည်ဖြစ်စေ ပျော်ရွှင်ရသည်ဖြစ်စေ ကိုကို့ဘေးမှာ
နေရမယ်ဆို သူက အကုန်နှစ်သတ်ခဲ့သည်..။ အဲ့ဒီလူရဲ့
နောက်ကျောပြင်ကို ငေးပြီးလည်း ပျော်ရဖူးသလို အဲ့ဒီလူရဲ့
ရင့်သီးတဲ့စကားလုံးကြမ်းတွေကြောင့်လည်း ငိုခဲ့ရဖူးပါရဲ့..။
သူဟာ ကိုကို့ရှေ့မှာ မျက်ရည်လွယ်တဲ့ ကလေးတစ်ယောက်ပင်
ဖြစ်ပါ၏။ ဘဝရဲ့ ဦးဦးဖျားဖျားအချစ်နဲ့ နောက်ဆုံးအချိန်ထိ
သူယူသွားချင်ခဲ့တဲ့ အချစ်ရဲ့ပြယုဂ်က အဲ့ဒီလူသားပင်ဖြစ်ခဲ့သည်။
ညီအစ်ကို ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မရ၊ ရတဲ့နည်းနဲ့
ထိုလူသားကို ရင်ခုန်ဖူးတဲ့သူ့ကိုယ်သူလည်း မယုံကြည်နိုင်
ဖြစ်ခဲ့ရသည်။ တစ်လျှောက်လုံး မိန်းမတွေကိုပဲ ကြိုက်လာခဲ့တဲ့
ကိုကို့ကို သူ့ဘက်က ဘာလို့ အရမ်းယုံကြည်ပြီး ချစ်ခဲ့မိတယ်
ဆိုတာလည်း သူနားမလည်ခဲ့။
ပြင်ဦးလွင်ကနေ လွမ်းတဲ့အချိန်တိုင်း ရန်ကုန်ကိုပြေးလာတတ်တဲ့
သူ့ကိုယ်သူ တွေးမိရင်း သော်ဒီတစ်ယောက် ခေါင်းမော့ကာ
အသံထွက်၍ ရယ်လိုက်မိတော့သည်..။
ဒါတွေကို၊ ကိုကိုမသိ။ ထိုသို့မသိအောင်လည်း သူကတမင်
ဖုံးကွယ်ထားခဲ့ပါသည်။ အချိန်တွေက ကိုကို့ကို စောင့်ရင်းဖြင့်
၁၂ကို ခုန်ကူးလာခဲ့ပြီးနောက် သူစိတ်မကြည်တော့သလို
နောက်ကျတဲ့ကိုကို့အား စိတ်ဆိုးချင်လာရသည်။
ထိုအခိုက် ကားသံကြားရတာမို့ မျက်ခုံးပင့်ရင်း နေရာမှထကာ
ကိုကို့ဆီသို့ ဦးတည်လိုက်သည်။ ကိုကိုက အိမ်ထဲဝင်လာတော့
ရပ်နေတဲ့သူ့ကို တစ်ချက်သာကြည့်ပြီး အရင်ကလို ပြုံးလည်းမပြ
အဖက်လုပ်ပြီးလည်း စကားမပြောခဲ့ပါချေ။
သို့ရာတွင် သူဟာ ကိုကိုသူ့ကိုပြုံးပြရင် နောက်ကျတဲ့အတွက်
ခွင့်လွှတ်ပေးမည်လို့ တွေးထားခဲ့သော်လည်း ကိုကို့ရဲ့ပါးချိုင့်လေး
တွေကို မမြင်ရတဲ့အခါ စိတ်တို့ကငြူစူသွားရသည်။ လူကို
မြင်ရဲ့သားနဲ့ တမင်ထားခဲ့ကာ အပေါ်ထပ်ကိုတက်သွားဖို့ရာ
ပြင်နေတဲ့ ကိုကို့ကြောင့် လက်ကိုဖမ်းဆွဲထားလိုက်ပါသည်။
ပြန်ကြည့်လာတဲ့ ကိုကို့အကြည့်များက သူ့ကိုမလိုမုန်းတီးနေတဲ့
အကြည့်တွေပဲမို့ အာစေးမိသလိုဆွံ့အသွားခဲ့ပါ၏။
"ကိုကို ညစာ မစားဘူးလား!!
"မမခင်နဲ့ အပြင်က စားခဲ့တယ်"
အသံက အစ မာဆတ်ဆတ်မို့ သော်ဒီ သဘောမကျဖြစ်နေတုန်း
ခုနက ဖုန်းချသည့်အချိန်မှာ အဲ့ဒီမိန်းမနဲ့ ကိုကို အတူရှိနေတာကို
သိလိုက်ရတော့ ဆက်ပြီးထိန်းချုပ်ထားလို့မရနိုင်တော့။
"ကျွန်တော်ဖုန်းခေါ်တာ ဘာလို့မကိုင်တာလဲ"
"မအားလို့...'
"အဟက်!! ဘာမအားတာလဲ ဟိုမိန်းမနဲ့အတူရှိနေလို့
လစ်လျူရှုထားတာ မဟုတ်လား"
ဩဂတ်မျက်နှာ တင်းခနဲဖြစ်သွား၏။ ခက်ထန်သည့် အကြည့်
နှစ်ခုက ထပ်တူကျကာ ဆုံသွားခဲ့ပါသည်။
"ငါပြောနေတယ်လေ မအားလို့ မကိုင်တာ ငါ့ကိုဘာမှ
ထပ်မမေးနဲ့ သော်ဒီထူးဟန် ငါပင်ပန်းလို့ အိပ်ချင်နေပြီ!!!
"အဲ့ဒီမိန်းမကို အဲ့လောက်ထိ သဘောကျတာလား"
ဩဂတ် ခြေလှမ်းတွေတွန့်သွားရသည်။
"ဘာပြောတယ်.."
"အသိသာကြီးပဲလေ ကိုကို အဲ့မိန်းမကို သဘောကျနေလို့
ညီ့ကိုလစ်လျူရှုနေတာမဟုတ်ဘူးလား တစ်ဖက်မှာလည်း
အဲ့မိန်းမနဲ့ ကိုကို့ကို ကျွန်တော်လိုက်ခွဲမှာ ကြောက်နေတဲ့ပုံပဲ"
ဩဂတ်မျက်နှာက မဲ့ခနဲဖြစ်သွားရင်း
"ငါ့ကို ရစ်နေတာလား သော်ဒီထူးဟန်!!
"ကျွန်တော် ကိုကို့ကိုစောင့်နေတာ ကိုကို...အတူတူ
ညစာ၊ စားချင်လို့စောင့်နေခဲ့တာ မရဘူးလားဟမ်"
"မင်း ကိုယ့်ဘာသာ စားထားလို့ရတာပဲ"
"ကိုကိုနဲ့ပဲ စားချင်တာ!!
ဩဂတ်အကြပ်ရိုက်သွားသည်။ ဒါကိုလည်း သော်ဒီကသိနေတဲ့
ပုံရပါသည်။
"ဒီတစ်ယောက်က မတူဘူးနော် ကိုကို ပိုပြီး သဘောကျတဲ့ပုံပဲ
ဒါပေမယ့် ကိုကိုရယ် လူဆိုတာ တန်ရာ၊ တန်ရာမှန်းတတ်ရတယ်
အဲ့မိန်းမကများ ကျွန်တော်ချစ်တဲ့ ကိုကို့ကို မှန်းရဲသေးတယ်
စိတ်မှ မှန်ရဲ့လားမသိဘူး"
ဩဂတ် ထိုစကားကြောင့် ဘဝင်မကျစွာ မျက်မှောင်ကြုတ်ပစ်လိုက်ရသည်။
"သူက စိတ်မှန်တယ် မမှန်တာက မင်းပဲ သော်ဒီထူးဟန်!!
"ကိုကို ဘာပြောတယ်? ညီက စိတ်မမှန်ဘူးပေါ့ ဟုတ်လား
ဘယ်နားက စိတ်မမှန်လို့လဲ"
"ကိုယ့်ကိုယ်ကိုယ် သိမှာပေါ့ နောက်ပြီး မမခင်ကို ထိပါးစေတဲ့
ဘယ်စကားကိုမဆို မင်းမပြောနဲ့ သော်ဒီထူးဟန်"
ကိုကို့စကားကြောင့် အသံထွက်က ခပ်ဖွဖွရယ်လိုက်တော့သည်။
"ဘာလို့ပြောလို့မရရမှာလဲ အဲ့မိန်းမက တန်ရာ၊တန်ရာ
မမှန်းပဲ အဆင့်ကျော်မှန်းနေခဲ့တာလေ.."
"သော်ဒီထူးဟန်!! မင်းပါးစပ်ကို အခုပိတ်စမ်း"
"မပိတ်နိုင်ဘူး ကိုကို ကျွန်တော့်ကို တစ်ယောက်ထဲထားပြီး
အဲ့မိန်းမနဲ့ အပြင်မှာရှိနေတဲ့ ကိုကိုကရော မှန်ကန်တယ်ထင်လို့လား"
"အဲ့ဒီတော့ မင်းက ဘာဖြစ်ချင်လို့လဲ ငါ့အထင်တော့
အဆင့်ကျော်တဲ့လူက မမခင်မဟုတ်ပဲ မင်းပဲဖြစ်လိမ့်မယ်နော်
ရုပ်နဲ့စိတ်ဓာတ်က တစ်စက်မှကို မလိုက်ဘူး.."
သူ့မျက်လုံးတွေထဲမှာ ကိုကို့စကားစုကြောင့် မျက်ရည်တွေ
ပြည့်လာခဲ့၏။ ထိုစကားကို တစ်ခြားသူတွေနှုတ်ဖျားကနေတဆင့်
ကြိမ်ဖန်များစွာကြားခဲ့ဖူးသော်လည်း ဘယ်သူ့စကားကမှ ကိုကို
ပြောတာလောက် မနာကျင်ခဲ့ပေ။
"ကိုကို ဘာပြောလိုက်တယ်? ကြည့်ရတာ ကိုကို အဲ့တုန်းက
ကတိကို မေ့နေတဲ့ပုံပဲ အဲ့မိန်းမက အရမ်းကောင်းနေလို့လားဟမ်
ဒါဆို ကျွန်တော်ကို ပေးသုံးကြည့်ပါ့လား!!!
ညီ့စကားတို့ကြောင့် အံကြိတ်ကာ လက်သီးတင်းတင်းဆုပ်မိ
သွားခဲ့သည်။ မှတ်လောက်သားလောက်အောင် လုပ်ပစ်ချင်ပေမယ့် လက်တွေ့မှာတော့ ဘာမှမလုပ်ရက်ခဲ့ပေ။
"မင်းမို့ ပြောရဲသေးတယ် ငါကလည်း ငါ့ညီကို အချစ်ဆုံးပါ
ငါသဘောကျတဲ့ မိန်းကလေးကိုတောင် ငါ့ညီလေးဆီ
ပေးဖို့ ဆန္ဒရှိတဲ့အထိ ချစ်ခဲ့တာပါ ဒါပေမယ့် ငါ့ညီက Gayလေ
ဘယ်လိုလုပ် မိန်းမတွေအပေါ် ခံစားချက်ရှိလို့ရနိုင်မှာလဲ.."
"ဘယ်သူက ခင်ဗျားညီ ဖြစ်ချင်လို့လဲ!!!
သော်ဒီအသံက အဖျားခတ်တုန်ယင်ကာ ကျယ်လောင်စွာ
ထွက်ပေါ်လာခဲ့သည်။ သူမျက်ရည်ကျခြင်းက အသနားခံခြင်း
မဟုတ်တာ သူရော ကိုကိုပါ သိနေသော်လည်း.....
"ကျွန်တော် ခင်ဗျား ညီ မဖြစ်ချင်ခဲ့ဘူး ကိုကိုရဲ့ သိရဲ့လား
ကျွန်တော့်ရင်ထဲမှာ ဘာတွေရှိနေလည်း ခင်ဗျားမမြင်ဘူးလား"
"မင်းဖြစ်ချင်သည်ဖြစ်စေ မဖြစ်ချင်ပါစေ မင်းက ငါ့ညီဖြစ်ပြီး
ငါကလည်း မင်းအစ်ကိုဆိုတဲ့ အမှန်တရားက မပြောင်းလဲဘူး
နားလည်လား.."
ရုတ်တရက် သော်ဒီက ကိုကို့မျက်နှာကို လက်နှစ်ဖက်နဲ့
ဆွဲယူပြီး နှုတ်ခမ်းလွှာအား ထိကပ်ပစ်လိုက်တော့ ကြောင်အမ်း
သွားရ၏။ သော်ဒီလုပ်ရပ်က အရမ်းလွန်ပြီး ရှောင်သင့်မှန်းလည်း
သိသော်ငြား မလှုပ်မယှက် တောင့်တောင့်ကြီး ရပ်နေကာ
မျက်ဝန်းတွေပင်စိုစွတ်လာရသည်။
"ညီအစ်ကိုတွေက အခုလို နမ်းလို့လား..ဪ ထပ်ပြီး
ပြောရဦးမယ် ကိုကို့ရဲ့ ပထမဆုံး အနမ်းကို အစောကတည်းက
ကျွန်တော်ယူပြီးသွားပြီ"
"ငါမင်းကို အရမ်းအလိုလိုက်ခဲ့မိတာလားဟမ်...အဲ့ဒါကြောင့်
မင်း လမ်းမှားကို လျှောက်နေတာဖြစ်ရမယ်"
သော်ဒီဟက်ခနဲ ရယ်ပစ်လိုက်သည်။
"ဟုတ်တယ် ကိုကို ခင်ဗျားကျွန်တော့်ကို အရမ်းအလိုက်ခဲ့တာ
ကျွန်တော် ခင်ဗျားကို အရူးအမူး ချစ်သွားစေခဲ့တဲ့အထိလေ.."
"တော်စမ်း!!! ဘာအချစ်လဲ... မင်းငါ့အပေါ် အဲ့လိုလာမသုံးနဲ့
မင်းယောက်ျားတွေကို ချစ်ခွင့်ရှိပေမယ့် ငါ့ကိုတော့မရဘူး"
"ဘယ်လိုလုပ်မလဲ ကျွန်တော်ကလည်း ခင်ဗျားကိုပဲ ချစ်တာ!!!
"ငါ မမခင်ကို ဖွင့်ပြောထားပြီးပြီ မကြာခင်မှာ သူနဲ့ငါက
တရားဝင် တွဲကြတော့မှာ .."
သော်ဒီမျက်နှာက တအံ့တဩဖြစ်ခြင်း အရိပ်ယောင်တွေအပြည့်။
"ကိုကို ဘာပြောတယ် အဲ့မိန်းမကို ဖွင့်ပြောလိုက်ပြီ ဟုတ်လား"
"ဟုတ်တယ် ညီတစ်ယောက်အနေနဲ့ မင်းဝမ်းသာသင့်တယ်နော်"
"ဘာလို့ ဝမ်းသာရမှာလဲ ကိုကိုတို့မတွဲရပါဘူး တွဲလို့လည်း မဖြစ်ဘူးနော်"
အလန့်တကြား တရစပ်ပြောတော့ ကိုကိုက သန်မာသည့်လက်တွေနဲ့ သူ့ပခုံးနှစ်ဖက်အား ဆုပ်ကိုင်လာကာ မျက်လုံးချင်းလည်း
ဆုံကြည့်လာသည်။
"ဒီမှာ သော်ဒီထူးဟန် ငါက မင်းရဲ့သီးသန့်ထုတ်ကုန်မဟုတ်ဘူး
ငါ့ကို မင်းတစ်ယောက်ပဲ ပိုင်ရမယ်ဆိုတဲ့ အတွေးတွေကို
ဖယ်ထုတ်လိုက်စမ်း!!!
ကိုကို့စကားတွေကြောင့် သူ့ခြေထောက်တွေပျော့ခွေလာရသလို
မျက်ရည်တွေလည်း ဒလဟောကျလာခဲ့သည်။
"ဒီနေရာလေးက ကျွန်တော့်အတွက် သီးသန့်ထင်လို့
ပေကပ်ပြီး ရပ်နေခဲ့တာ ကိုကိုရဲ့.."
ဩဂတ်ရဲ့လက်သီးဆုပ်လေးက တင်းခနဲဖြစ်သွားသည်..။
ခံစားချက်မရှိတာ သေချာတာမို့ ညီနဲ့ အမြန်ဆုံးဖြတ်ရမည့်
နည်းအား သူရွေးရပါမည်။
"မင်းကြားချင်ရင် ငါပြောလိုက်မယ်။ ငါမင်းကို ညီလေးလိုပဲ
သဘောထားလို့ရတယ်"
"တကယ်ပြောနေတာလား ကျွန်တော့်ကို ညီတစ်ယောက်ထက်
မပိုတာ ကိုကို သေချာရဲ့လားဟင်!!!
"သေချာတယ်!!!
သော်ဒီ တကယ်ပဲ သွေးပျက်ခြောက်ခြားသွားခဲ့ရသည်။
တကယ်တော့ ကျွန်တော်က တစ်ဖက်သတ် ဇွတ်တိုးဝင်ခဲ့မိတာပဲ။
"နားလည်ပြီ!!
ခြေဖျားထောက်ပြီး ကိုကို့ရဲ့ နှုတ်ခမ်းလွှာကိုထပ်မံဖိကပ်လိုက်တော့ တောင့်တောင့်ကြီး ငြိမ်ခံနေခဲ့သည်။
"ဒါတွေက ညီ့ကိုနာကျင်စေချင်လို့ ကိုကိုပြောခဲ့တာဆို
ဂုဏ်ယူတယ်နော် ကိုကိုအောင်မြင်သွားပြီ"
ထို့နောက် လေးကန်တဲ့ ခြေလှမ်းတွေဖြင့် သော်ဒီထူးဟန်
ထွက်သွားတာကို သူတောင့်တောင့်ကြီးရပ်ကာ ကြည့်နေရင်းမှ
နှစ်ကြိမ်တိတိ အနမ်းခံရတဲ့ နှုတ်ခမ်းကို လက်နဲ့အသာစမ်းရင်း
အသားတွေတဆတ်ဆတ်တုန်လာ၏။
ပထမတစ်ကြိမ်က ရုတ်တရက်မို့ မရှောင်နိုင်လိုက်တာက
လက်သင့်ခံလို့ရပေမယ့် ဒုတိယအကြိမ်မှာတော့ သူရှောင်လို့
ရပါလျက်နဲ့ ဘာလို့မရှောင်ခဲ့လည်းဆိုတာ စဉ်းစားလို့မရ...။
ညီ့ရဲ့ ဆိုင်ကယ်သံကြားလိုက်ရမှ သူသတိပြန်ဝင်လာခြင်းဖြစ်သည်။ ထမင်းစားခန်းထဲ ဝင်လိုက်တော့ စားပွဲပေါ်မှာ
ညီကိုယ်တိုင်ချက်ထားတာတွေ။
သူဆွံ့အလျက် ထိုင်ခုံပေါ်မှာ စိတ်မပါစွာ ထိုင်ချပစ်လိုက်သည်..။
အပြင်သွားမယ်ဆိုလည်း ထမင်းလေးတော့ စားသွားတာ
မဟုတ်ဘူး။ ဒီလိုနဲ့ ဗိုက်ဆာနေတော့မှာပဲ...။ ထိုသို့ဖြင့်
ဘာမှမစားပဲထွက်သွားတဲ့ညီ့ကိုစိတ်ပူသလိုလို။
ကျစ်... အရင်ကလည်း တစ်ပတ်လောက် ထွက်သွားနေကျပဲဟာ
စိတ်ပြေရင် ပြန်လာလိမ့်မယ်။ အလကားသက်သက် စိတ်ပူဖို့
မလိုဘူး။ ဖက်တီးဆီမဟုတ်တောင် ဒယ်ဒီတို့ရှိတဲ့ ပြင်ဦးလွင်ကို
သွားချင်သွားမှာပေါ့။
ညီ့ကို ရည်းစားဟောင်းတွေလို ထင်ခဲ့ပြီး စိတ်ပြေရင် ပြန်လာလိမ့်မယ်လို့ ထင်ခဲ့မိပါသည်။ သို့သော် ညီက နှစ်ပတ်ကြာသည်အထိ
မဆက်သွယ်သလို သူရှိတဲ့ ရပ်ဝန်းမှာတောင် ခြေမချပဲ ခြေရာ
ဖျောက်သွားခဲ့သည်။
............................
'ကျွန်တော် တကယ်ပြောတာပါ ကိုကြီးဩဂတ်ရာ သော်ဒီကို
ကျွန်တော် မတွေ့ရတာ ကြာပြီ အဲ့ကောင် ပြင်ဦးလွင်သွားတာရော မဖြစ်နိုင်ဘူးလား'
ဩဂတ် ဖုန်းကို၊ ကိုင်ထားတဲ့ လက်တွေတင်းခနဲဖြစ်သွားခဲ့သည်။
စိတ်ပြေရင် ပြန်လာမယ်ထင်ပေမယ့် ညီက နေကို နေနိုင်လွန်း၍
နောက်ဆုံး လိုက်ရှာရသူက သူပဲဖြစ်လို့နေသည်။
"မဖြစ်နိုင်ဘူး ညီသာအဲ့မှာရှိရင် ငါသိရမှာပေါ့ အခုဟာက
ဒယ်ဒီကလည်း ညီ အဲ့ကို မလာဘူးတဲ့"
'ဟင် ဟုတ်လား!!!
"ဟိန်းလေး.. ကိုကြီးကို မညာနဲ့နော် သော်ဒီထူးဟန်
မင်းဆီမှာမလား ရှိရင် အခုထုတ်ပေးလိုက် ကိုကြီးကိုစိတ်တိုအောင် မလုပ်နဲ့ ကောင်းကောင်းပြောနေတုန်း စကားနားထောင်"
'ကိုကြီးဩဂတ်ရာ ကျွန်တော် သူရှိတဲ့ နေရာကိုတကယ်မသိတာပါ
အဲ့ကောင်က သူသွားမယ့်နေရာတွေကို ကျွန်တော့်ကိုပြောပြတာမှ
မဟုတ်တာ နောက်ပြီး ကိုကြီးညီကို ကျွန်တော်ဖွက်မထားဘူးနော်'
"ကောင်းကင်ဟိန်း!! ငါ့ညီက မင်းဆီမှာမဟုတ်ရင်တောင်
သူရှိတဲ့ နေရာကို မင်းသိနေတယ်ဆိုတာ ငါပြောရဲတယ်
ငါ့ညီကို ငါမသိတဲ့နေရာမှာ ဖွက်ထားရင် မင်းကိုတရားဆွဲမှာနော်"
'ကျွန်တော်ကို မရစ်ပါနဲ့ ကိုကြီးရာ!! သူထွက်သွားရင်တောင်
အချိန်တန် ပြန်လာမှာပေါ့'
အချိန်တန်ပြန်လာမယ် တဲ့လား ညီ တကယ်ရောပြန်လာပါ့မလား။
ညီပြန်လာချင်လည်း လာမည်။ ဒါပေမယ့် အဲ့ဒီအချိန်ထိတော့
စိတ်ရှည်ရှည်နဲ့ မစောင့်နိုင်ပါ။ ညီထွက်သွားပြီး တစ်ပတ်ကြာတဲ့အထိ မေ့မေ့ဖျောက်ဖျောက်နဲ့ တောင့်ခံနိုင်ခဲ့ပေမယ့် တစ်ပတ်
ကျော်လာတဲ့အခါ သူ့အခြေနေက သိသာစွာ ဆိုးရွားလာခဲ့သည်။
တစ်ချိန်က ဖက်နေကျ ညီ့ကို ပြန်လွမ်းလာသည်..။
ထွက်ပြေးသွားတဲ့ ကလေးကို လိုက်ရှာချင်ပေမယ့် ဘယ်နား
သွားရှာရမှန်း ဩဂတ်တကယ်မသိပေ။ နောက်တော့ အဲ့ဒီစိတ်တွေက သူ့အလုပ်ထိပါ အကျိူသက်ရောက်မှုရှိလာခဲ့သည်..။
ခွဲစိတ်ခန်းဝင်ရမယ့် အချိန်အများစုကို မင်းသွင်က သူ့အစား
ဝင်ပေးခဲ့ပြီး သူ့ကိုနှစ်သိမ့်လာသော်လည်း ဘာကမှ သူ့ကို
စိတ်သက်သာရာ မရစေပါ။
သူမြတ်နိုးတယ်လို့ထင်ခဲ့ဖူးတဲ့ မမခင်ကို မြင်တာတောင်
စိတ်သက်သာမရပဲ စိတ်ရှုပ်ခဲ့ရပါသည်။
"မင်း ဖက်တီးကို လှမ်းရစ်နေတုန်းလား.."
ဒါက ပထမဆုံး မဟုတ်တာမို့ မင်းသွင်သူ့ကိုလှမ်းစသည်..,.။
နေ့လယ်စာ၊ စားချိန်တိုင်း ဖက်တီးဆီ ဖုန်းဆက်ရစ်သလို
အမှတ်မရှိတဲ့ ဖက်တီးကလည်း ဩဂတ်ဖုန်းဆက်တိုင်း မျက်နှာလွှဲ
ခဲပစ် လုပ်ရဲပုံမရ။
"ထွက်ပြေးတဲ့လူက ထွက်ပြေးသွားပြီပဲဟာ ဘာလို့ လိုက်ရှာနေတာလဲ ဒါက မင်းပုံစံ ဟုတ်မနေဘူးနော်.."
ဩဂတ် ဘာမှမဖြေ။ မင်းသွင် ငိုင်တိုင်တိုင် ဖြစ်နေတဲ့ကောင်ကို
ကြည့်ရင်း ခပ်လှောင်လှောင် ရယ်ပစ်သည်။
"သူထွက်သွားတော့ မကောင်းဘူးလား ဒါက မင်းလိုချင်တဲ့
ပုံစံပဲလေ မမခင် မင်းကိုအဖြေပေးတာနဲ့ လက်ထပ်ခွင့်
တောင်းလိုက်တော့.."
"ဖက်တီး!! ငါ့ညီကိုဖွက်ထားတာ သေချာတယ် မင်းသွင်!!
သူပြောချင်ရာ ပြောနေတဲ့ ဩဂတ်ပုံစံကို မင်းသွင်ကြောင်အမ်းစွာ
ငေးနေမိသည်။ ဒါက ဩဂတ်ပုံစံမဟုတ်။ ဩဂတ်က ပျောက်သွားတဲ့ သူ့ရည်းစားတွေကိုတောင် လိုက်ရှာဖူးတာမဟုတ်။ဒါပေမယ့်
ပျောက်သွားတဲ့ သူ့ညီကိုတော့ အသေအလဲ လိုက်ရှာသည်။
"နှစ်ယောက်လုံးကို တစ်ပြိုင်တည်းချစ်တာတော့ မဟုတ်ဘူးမလား"
ဒီတစ်ခါတော့ ဩဂတ်ရဲ့ အကြည့်တွေက သူ့ဆီကိုစုပြုံကျလာသည်။ မျက်ထောက်နီကြီးနဲ့ မျက်တွင်းဟောက်ပက်ဖြစ်နေတဲ့
ကောင်ကို သူကလည်း မမြင်ဖူးသည့်သူလိုငေးကြည့်နေမိပါသည်။
"လုံးဝ အဲ့လိုဖြစ်စရာအကြောင်းမရှိဘူး!!
"ဪ..ငါက မင်းရင်ထဲ နှစ်ယောက်လုံးထည့်ထားတယ်
ထင်နေတာ"
"နှလုံသားက တစ်ခုတည်းရယ် လူတစ်ယောက်ပဲဆံ့မှာပေါ့"
"ဒါဆိုလည်း မင်းပျော်သင့်တာမဟုတ်ဘူးလား မမခင်ကို
ရတော့မှာလေကွာ.."
ဩဂတ်က ပြန်မဖြေတော့ မင်းသွင်လည်း သက်ပြင်းချရင်း..
"သူ့ကို မချစ်ဘူးဆို?
"မသိဘူး မင်းသွင်!! ငါ အဲ့ဒါတွေ ဘာတစ်ခုမှ မသိဘူး
ငါသိတာက ညီ့ကိုလွမ်းတယ်ဆိုတာပဲ"
"ဟူး!! ဒါဆိုလည်း ဒီလိုလုပ် မင်းညီကို မဆက်သွယ်နဲ့တော့!!
ဩဂတ်ရဲ့ အကြည့်တွေက သူ့ဆီဒိုင်းခနဲကျလာတာမို့
မင်းသွင်းက ခပ်မြန်မြန်ပဲ
"ငါ့စကားမဆုံးသေးဘူး..... မင်းညီကိုရော မမခင်ကိုရော
နှစ်ယောက်လုံးကို ဖြတ်ကြည့် အရမ်းမကြာပါဘူး တစ်ပတ်ပါပဲ
တစ်ပတ်အတွင်း မင်းအရမ်းတွေ့ချင်တဲ့သူက မင်းချစ်တဲ့သူပဲ"
ဩဂတ် ကြောင်သွားသည်။ ညီ့ကိုလွမ်းနေတာက မှန်ပေမယ့်
မမခင်ကို အမြဲတွေ့နေရလို့များ ဘာမှ မခံစားရတာလားမသိ။
ဘာပဲဖြစ်ဖြစ် မင်းသွင် ပြောတာကို လက်ခံလိုက်သည်။
"မမခင်ကို ငါဘယ်လိုရှောင်ရမှာလဲ"
"ခွင့်ယူလိုက်လေ"
"ဖြစ်ပါ့မလား.."
"ဖြစ်ပါတယ် မင်းဟာမင်း ကြည့်ကြပ်ပြောလိုက်ပေါ့
ပြီးရင် မမခင်ကို ရှောင်နေလိုက်..."
စမ်းကြည့်တာ မလွန်တာမို့ ဩဂတ် ခေါင်းညိတ်လက်ခံလိုက်တယ်။ မင်းသွင်ရဲ့ အကြံတွေ အများဆုံးကို နားထောင်ပြီး
လက်တွေ့ လိုက်လုပ်တဲ့သူက ဒီတစ်ခါလည်း လိုက်လုပ်ဖို့ကိုသာ
သဘောတူလိုက်ပါသည်။
Zawgyi
ခ်စ္သူတစ္ေယာက္ ေကာက္ရထားသည္ {အခန္း ၂၀}
ညက စကားေတြေြကာင့္ မင္းသြင္မွာ ေတြ့ေတြ့ခ်င္း စကား
စလာေတာ့သည္။ ကိုယ့္မ်က္နွာကို ဘယ္နားသြားထားရမွန္းမသိ။
"အဲ့ဒီေတာ့ ေသခ်ာသြားတယ္မလား.."
"သူေရးခဲ့တဲ့ စာေတြနဲ့တင္ ေသခ်ာေနျပီ သူ့နွုတ္က ဖြင့္ေျပာဖို့ေတာင္ မလိုဘူး"
ထိုအခါ မင္းသြင္က ' ျမင္လား ငါေျပာသားပဲ'ဆိုတဲ့အြကည့္နဲ့
ျပန္ြကည့္လာခဲ့သည္မို့ မ်က္ေစာင္းထိုးလိုက္ရသည္။ တကယ္ေတာ့ ညီ့ကိုစစ္ေမးခဲ့ေပမယ့္ ကိုယ့္ေပါ္တကယ္ခံစားေနရေတာ့
ကေလးကို နည္းနည္းသနားမိသည္။
"အဲ့ေတာ့ မင္းညီ မင္းကိုခ်စ္ေနတာသိေတာ့ ရင္ခုန္လား.."
Depression ဝင္ေနတဲ့ စိတ္က မင္းသြင္ရဲ့စကားေတြေြကာင့္
ပိုဆိုးသြားရပါသည္။
"သူေတာင္းစားကေတာ့...."
အဲ့ေတာ့မွ မင္းသြင္အေြကာင္းကို သူထပ္သိလိုက္ရတာက
အဲ့ေကာင္ကသူ့ကို ဘယ္သူနဲ့မဆို သေဘာတူေနတာပဲ...။
"ငါက သိခ်င္လို့ပါ.. ဒါမွ မင္းကိုငါအြကံေပးနိုင္မွာေပါ့
ဒါေပမယ့္ သူ့ဟာသူ ေနတဲ့ ကေလးကို တကူးတကအိမ္ေခါ္ျပီး
ျငင္းတာေတာ့ သိပ္မဟုတ္ေသးဘူးေနာ္.."
"ဒါဆိုရင္ မင္းငါ့ကိုဘာလုပ္ေစခ်င္ေနတာလဲ.."
"ငါဘာလုပ္ေစခ်င္တယ္ဆိုတာထက္ မင္းလုပ္ခ်င္တာက
ပိုအေရးြကီးတယ္မဟုတ္ဘူးလား.."
"ငါမသိဘူး..မင္းသြင္ ငါ သူ့ကို တစ္ေလ်ွာက္လုံး ငါ့ညီေလးလို
ခ်စ္ခဲ့တာ အခု ငါ့ခံစားခ်က္ေတြ ရွုပ္ေထြးေနတယ္ ဘာပဲြဖစ္ြဖစ္
ဘာမွလုပ္လို့မရေတာ့ဘူး"
"ဘာလို့လဲ"
"ငါ မမခင္ကို ဖြင့္ေျပာလိုက္ျပီ"
"ဘာ!!! ျမန္လိုက္တာ"
ေျမွာက္ေပးတုန္းကက် လုံးဝ မလွုပ္ရွားဘဲနဲ့ အခုမွ မမခင္ကို
ရုတ္တရက္ ဖြင့္ေျပာခဲ့သည္တဲ့။ ဒီေကာင္က လုပ္လိုက္ရင္
ြဗုန္းစားြကီး ဘယ္ေတာ့မွ တစ္ခုခုလုပ္ေတာ့မယ္ဆိုPlanမရွိဘူး။
"ေနစမ္းပါဦး မင္းက မမခင္ကို ဖြင့္ေျပာလိုက္တယ္ဆိုေတာ့
သူက ဘာျပန္ေျပာလဲ မင္းကိုခ်စ္ပါတယ္တဲ့လား.."
"စဉ္းစားမယ္လို့ေတာ့ ေျပာတာပဲ.."
"မင္းကေရာ မမခင္ကိုခ်စ္လို့လား!!!!
ဩဂတ္မွာ အခုရွုပ္ေထြးေနြခင္းမို့ ေရွ့မွာရွိတဲ့ ေကာ္ဖီခြက္ကိုသာ
ေပါက္ထြက္မတတ္ စိုက္ြကည့္ေနမိသည္။
"ခ်စ္တယ္ ထင္တာပဲ.."
"ဟာ!! မင္းကလည္း ဘာမွ မေသခ်ာဘူး"
"မမခင္က လွတယ္ေလ ေယာက္်ားတိုင္း မရနိုင္တဲ့ မိန္းမမ်ိုး
ငါသူနဲ့ လက္ထပ္လိုက္ရင္ မေကာင္းဘူးလား ေနာက္ျပီး
မမခင္ကလည္း ငါ့ရဲ့စံနွုန္းေတြနဲ့ကိုက္ညီေနတယ္!!
"ဒါဆို မင္းညီကို ဘယ္လိုဆက္လုပ္မွာလဲ မမခင္နဲ့
လက္ထပ္ခ်င္ရင္ သူ့ကိုအရင္ေက်ာ္ရမွာေနာ္.."
ဩဂတ္ စုတ္သပ္ရသည္။ ဩဂတ္က ျပဿနာကို အေြဖရွာတာထက္ ထိုျပဿနာကေန ထြက္ေျပးတတ္တဲ့ အက်င့္ရွိသူမို့
အခုကိစ္စကို တကယ္ မေတြးနိုင္ပါ။ အထူးသြဖင့္ ေသာ္ဒီနဲ့
ပတ္သတ္ျပီးေတာ့ေပါ့..
"ဒါက ငါ့ဘဝပဲဟာ သူဝင္စြက္ဖက္လို့မရဘူး ေနာက္ျပီးငါက
သူ့ရဲ့ သီးသန့္ထုတ္ကုန္မွမဟုတ္တာ .."
"ေအးပါ!! မင္းမွန္တယ္ထင္ရင္ လုပ္ေပါ့.."
ထို့ေနာက္ ခပ္ေဝးေဝးးကေန သူ့ဆီအျပုံးေတြနဲ့ ေလ်ွာက္လာတဲ့
မမခင္ကို ဩဂတ္ျမင္လိုက္ရသည္။ သူ မမခင္မ်က္နွာကိုေသခ်ာ
ြကည့္လိုက္ေတာ့ အရင္က သူထူးြခားပါတယ္လို့ ေကာက္ခ်က္
ခ်ဖူးတဲ့ မမခင္အလွက ဒီေန့မွာေတာ့ သူ့စိတ္ထဲမွာသာမန္ဆန္
ေနခဲ့ပါသည္။
သာမန္အလွ...သာမန္ မိန္းမတစ္ေယာက္ထက္ ဘာမွထူးြခားတာ
မေတြ့ရ။
...........................
စားပြဲေပါ္တင္ထားတဲ့ ထမင္းဟင္းေတြကို ြကည့္ျပီး ေက်နပ္စြာ
ျပုံးရသည္။ ဤအရာတို့က သူ့ရဲ့ပထမဆုံး မီးဖိုေခ်ုာင္ဝင္ျပီးခ်က္တဲ့ လက္ရာတစ္ခုြဖစ္သည္။ ကိုကိုနဲ့ သူ့အတြက္ ခ်က္ထားတာမို့
ကိုကိုျမင္ရင္ေတာ့ ခ်ီးက်ူးရင္လည္း ခ်ီးက်ူးမွာေပါ့။
စီးကရက္ေသာက္တာ မြကိုက္တဲ့ ကိုကို့ေြကာင့္ စီးကရက္ကို
တစ္ရွိုက္ဖြာရင္း ကိုကိုမလာခင္မွာ အဆုံးသတ္ထားရပါမည္..။
ထမင္းဟင္းေတြေရွ့မွာထိုင္ေနရင္း နာရီကို တစ္ခ်က္ြကည့္ေတာ့
အခ်ိန္က ည၁၁ခြဲေနျပီြဖစ္သည္။
ထို့ေနာက္ စီးကရက္ကိုမီးသတ္ျပီး ကိုကို့ကို ဖုန္းေခါ္လိုက္သည္။
ဖုန္းက ဝင္သြားေပမယ့္ ကိုင္သူမဲ့ေနသေယာင္မို့ မ်က္ခုံးေတြ
ပင့္မိလ်က္သား ြဖစ္သြားတယ္။ အစက ကိုင္မဲ့သူ မရွိတာ..
ေနာက္ေတာ့ တမင္ခ်ခံလိုက္ရတယ္။
ေသာ္ဒီ စိတ္မေပ်ာ္ေတာ့ပါ..။
တိုင္ကပ္နာရီဆီက တစ္ခ်ပ္ခ်ပ္အသံကပင္ သူ့နားထဲမွာ
က်ယ္ေလာင္ေနခဲ့ျပီး ဝဲဘက္ရင္အုံက တဆစ္ဆစ္နာက်င္လာရသည္ကို သေဘာမက်စြာ စုတ္သပ္ရပါသည္။ ေသာ္ဒီက အလိုလိုက္ ခံထားရတဲ့ အငယ္ဆုံးေလးမို့ နာက်င္မွုကိုမနွစ္ျမို့သလို သေဘာလည္းမက်။ သို့ေသာ္ ကိုကိုနဲ့ ပတ္သတ္ေနပါက
အကုန္သေဘာက်ပါသည္။
နာက်င္ရသည္ြဖစ္ေစ ေပ်ာ္ရြွင္ရသည္ြဖစ္ေစ ကိုကို့ေဘးမွာ
ေနရမယ္ဆို သူက အကုန္နွစ္သတ္ခဲ့သည္..။ အဲ့ဒီလူရဲ့
ေနာက္ေက်ာျပင္ကို ေငးျပီးလည္း ေပ်ာ္ရဖူးသလို အဲ့ဒီလူရဲ့
ရင့္သီးတဲ့စကားလုံးြကမ္းေတြေြကာင့္လည္း ငိုခဲ့ရဖူးပါရဲ့..။
သူဟာ ကိုကို့ေရွ့မွာ မ်က္ရည္လြယ္တဲ့ ကေလးတစ္ေယာက္ပင္
ြဖစ္ပါ၏။ ဘဝရဲ့ ဦးဦးဖ်ားဖ်ားအခ်စ္နဲ့ ေနာက္ဆုံးအခ်ိန္ထိ
သူယူသြားခ်င္ခဲ့တဲ့ အခ်စ္ရဲ့ျပယုဂ္က အဲ့ဒီလူသားပင္ြဖစ္ခဲ့သည္။
ညီအစ္ကို ဆိုတဲ့ ေခါင္းစဉ္ေအာက္မွာ မရ၊ ရတဲ့နည္းနဲ့
ထိုလူသားကို ရင္ခုန္ဖူးတဲ့သူ့ကိုယ္သူလည္း မယုံြကည္နိုင္
ြဖစ္ခဲ့ရသည္။ တစ္ေလ်ွာက္လုံး မိန္းမေတြကိုပဲ ြကိုက္လာခဲ့တဲ့
ကိုကို့ကို သူ့ဘက္က ဘာလို့ အရမ္းယုံြကည္ျပီး ခ်စ္ခဲ့မိတယ္
ဆိုတာလည္း သူနားမလည္ခဲ့။
ျပင္ဦးလြင္ကေန လြမ္းတဲ့အခ်ိန္တိုင္း ရန္ကုန္ကိုေျပးလာတတ္တဲ့
သူ့ကိုယ္သူ ေတြးမိရင္း ေသာ္ဒီတစ္ေယာက္ ေခါင္းေမာ့ကာ
အသံထြက္၍ ရယ္လိုက္မိေတာ့သည္..။
ဒါေတြကို၊ ကိုကိုမသိ။ ထိုသို့မသိေအာင္လည္း သူကတမင္
ဖုံးကြယ္ထားခဲ့ပါသည္။ အခ်ိန္ေတြက ကိုကို့ကို ေစာင့္ရင္းြဖင့္
၁၂ကို ခုန္ကူးလာခဲ့ျပီးေနာက္ သူစိတ္မြကည္ေတာ့သလို
ေနာက္က်တဲ့ကိုကို့အား စိတ္ဆိုးခ်င္လာရသည္။
ထိုအခိုက္ ကားသံြကားရတာမို့ မ်က္ခုံးပင့္ရင္း ေနရာမွထကာ
ကိုကို့ဆီသို့ ဦးတည္လိုက္သည္။ ကိုကိုက အိမ္ထဲဝင္လာေတာ့
ရပ္ေနတဲ့သူ့ကို တစ္ခ်က္သာြကည့္ျပီး အရင္ကလို ျပုံးလည္းမျပ
အဖက္လုပ္ျပီးလည္း စကားမေျပာခဲ့ပါေခ်။
သို့ရာတြင္ သူဟာ ကိုကိုသူ့ကိုျပုံးျပရင္ ေနာက္က်တဲ့အတြက္
ခြင့္လြွတ္ေပးမည္လို့ ေတြးထားခဲ့ေသာ္လည္း ကိုကို့ရဲ့ပါးခ်ိုင့္ေလး
ေတြကို မျမင္ရတဲ့အခါ စိတ္တို့ကျငူစူသြားရသည္။ လူကို
ျမင္ရဲ့သားနဲ့ တမင္ထားခဲ့ကာ အေပါ္ထပ္ကိုတက္သြားဖို့ရာ
ျပင္ေနတဲ့ ကိုကို့ေြကာင့္ လက္ကိုဖမ္းဆြဲထားလိုက္ပါသည္။
ျပန္ြကည့္လာတဲ့ ကိုကို့အြကည့္မ်ားက သူ့ကိုမလိုမုန္းတီးေနတဲ့
အြကည့္ေတြပဲမို့ အာေစးမိသလိုဆြံ့အသြားခဲ့ပါ၏။
"ကိုကို ညစာ မစားဘူးလား!!
"မမခင္နဲ့ အျပင္က စားခဲ့တယ္"
အသံက အစ မာဆတ္ဆတ္မို့ ေသာ္ဒီ သေဘာမက်ြဖစ္ေနတုန္း
ခုနက ဖုန္းခ်သည့္အခ်ိန္မွာ အဲ့ဒီမိန္းမနဲ့ ကိုကို အတူရွိေနတာကို
သိလိုက္ရေတာ့ ဆက္ျပီးထိန္းခ်ုပ္ထားလို့မရနိုင္ေတာ့။
"က်ြန္ေတာ္ဖုန္းေခါ္တာ ဘာလို့မကိုင္တာလဲ"
"မအားလို့...'
"အဟက္!! ဘာမအားတာလဲ ဟိုမိန္းမနဲ့အတူရွိေနလို့
လစ္လ်ူရွုထားတာ မဟုတ္လား"
ဩဂတ္မ်က္နွာ တင္းခနဲြဖစ္သြား၏။ ခက္ထန္သည့္ အြကည့္
နွစ္ခုက ထပ္တူက်ကာ ဆုံသြားခဲ့ပါသည္။
"ငါေျပာေနတယ္ေလ မအားလို့ မကိုင္တာ ငါ့ကိုဘာမွ
ထပ္မေမးနဲ့ ေသာ္ဒီထူးဟန္ ငါပင္ပန္းလို့ အိပ္ခ်င္ေနျပီ!!!
"အဲ့ဒီမိန္းမကို အဲ့ေလာက္ထိ သေဘာက်တာလား"
ဩဂတ္ ေြခလွမ္းေတြတြန့္သြားရသည္။
"ဘာေျပာတယ္.."
"အသိသာြကီးပဲေလ ကိုကို အဲ့မိန္းမကို သေဘာက်ေနလို့
ညီ့ကိုလစ္လ်ူရွုေနတာမဟုတ္ဘူးလား တစ္ဖက္မွာလည္း
အဲ့မိန္းမနဲ့ ကိုကို့ကို က်ြန္ေတာ္လိုက္ခြဲမွာ ေြကာက္ေနတဲ့ပုံပဲ"
ဩဂတ္မ်က္နွာက မဲ့ခနဲြဖစ္သြားရင္း
"ငါ့ကို ရစ္ေနတာလား ေသာ္ဒီထူးဟန္!!
"က်ြန္ေတာ္ ကိုကို့ကိုေစာင့္ေနတာ ကိုကို...အတူတူ
ညစာ၊ စားခ်င္လို့ေစာင့္ေနခဲ့တာ မရဘူးလားဟမ္"
"မင္း ကိုယ့္ဘာသာ စားထားလို့ရတာပဲ"
"ကိုကိုနဲ့ပဲ စားခ်င္တာ!!
ဩဂတ္အြကပ္ရိုက္သြားသည္။ ဒါကိုလည္း ေသာ္ဒီကသိေနတဲ့
ပုံရပါသည္။
"ဒီတစ္ေယာက္က မတူဘူးေနာ္ ကိုကို ပိုျပီး သေဘာက်တဲ့ပုံပဲ
ဒါေပမယ့္ ကိုကိုရယ္ လူဆိုတာ တန္ရာ၊ တန္ရာမွန္းတတ္ရတယ္
အဲ့မိန္းမကမ်ား က်ြန္ေတာ္ခ်စ္တဲ့ ကိုကို့ကို မွန္းရဲေသးတယ္
စိတ္မွ မွန္ရဲ့လားမသိဘူး"
ဩဂတ္ ထိုစကားေြကာင့္ ဘဝင္မက်စြာ မ်က္ေမွာင္ြကုတ္ပစ္လိုက္ရသည္။
"သူက စိတ္မွန္တယ္ မမွန္တာက မင္းပဲ ေသာ္ဒီထူးဟန္!!
"ကိုကို ဘာေျပာတယ္? ညီက စိတ္မမွန္ဘူးေပါ့ ဟုတ္လား
ဘယ္နားက စိတ္မမွန္လို့လဲ"
"ကိုယ့္ကိုယ္ကိုယ္ သိမွာေပါ့ ေနာက္ျပီး မမခင္ကို ထိပါးေစတဲ့
ဘယ္စကားကိုမဆို မင္းမေျပာနဲ့ ေသာ္ဒီထူးဟန္"
ကိုကို့စကားေြကာင့္ အသံထြက္က ခပ္ဖြဖြရယ္လိုက္ေတာ့သည္။
"ဘာလို့ေျပာလို့မရရမွာလဲ အဲ့မိန္းမက တန္ရာ၊တန္ရာ
မမွန္းပဲ အဆင့္ေက်ာ္မွန္းေနခဲ့တာေလ.."
"ေသာ္ဒီထူးဟန္!! မင္းပါးစပ္ကို အခုပိတ္စမ္း"
"မပိတ္နိုင္ဘူး ကိုကို က်ြန္ေတာ့္ကို တစ္ေယာက္ထဲထားျပီး
အဲ့မိန္းမနဲ့ အျပင္မွာရွိေနတဲ့ ကိုကိုကေရာ မွန္ကန္တယ္ထင္လို့လား"
"အဲ့ဒီေတာ့ မင္းက ဘာြဖစ္ခ်င္လို့လဲ ငါ့အထင္ေတာ့
အဆင့္ေက်ာ္တဲ့လူက မမခင္မဟုတ္ပဲ မင္းပဲြဖစ္လိမ့္မယ္ေနာ္
ရုပ္နဲ့စိတ္ဓာတ္က တစ္စက္မွကို မလိုက္ဘူး.."
သူ့မ်က္လုံးေတြထဲမွာ ကိုကို့စကားစုေြကာင့္ မ်က္ရည္ေတြ
ျပည့္လာခဲ့၏။ ထိုစကားကို တစ္ြခားသူေတြနွုတ္ဖ်ားကေနတဆင့္
ြကိမ္ဖန္မ်ားစြာြကားခဲ့ဖူးေသာ္လည္း ဘယ္သူ့စကားကမွ ကိုကို
ေျပာတာေလာက္ မနာက်င္ခဲ့ေပ။
"ကိုကို ဘာေျပာလိုက္တယ္? ြကည့္ရတာ ကိုကို အဲ့တုန္းက
ကတိကို ေမ့ေနတဲ့ပုံပဲ အဲ့မိန္းမက အရမ္းေကာင္းေနလို့လားဟမ္
ဒါဆို က်ြန္ေတာ္ကို ေပးသုံးြကည့္ပါ့လား!!!
ညီ့စကားတို့ေြကာင့္ အံြကိတ္ကာ လက္သီးတင္းတင္းဆုပ္မိ
သြားခဲ့သည္။ မွတ္ေလာက္သားေလာက္ေအာင္ လုပ္ပစ္ခ်င္ေပမယ့္ လက္ေတြ့မွာေတာ့ ဘာမွမလုပ္ရက္ခဲ့ေပ။
"မင္းမို့ ေျပာရဲေသးတယ္ ငါကလည္း ငါ့ညီကို အခ်စ္ဆုံးပါ
ငါသေဘာက်တဲ့ မိန္းကေလးကိုေတာင္ ငါ့ညီေလးဆီ
ေပးဖို့ ဆန္ဒရွိတဲ့အထိ ခ်စ္ခဲ့တာပါ ဒါေပမယ့္ ငါ့ညီက Gayေလ
ဘယ္လိုလုပ္ မိန္းမေတြအေပါ္ ခံစားခ်က္ရွိလို့ရနိုင္မွာလဲ.."
"ဘယ္သူက ခင္ဗ်ားညီ ြဖစ္ခ်င္လို့လဲ!!!
ေသာ္ဒီအသံက အဖ်ားခတ္တုန္ယင္ကာ က်ယ္ေလာင္စြာ
ထြက္ေပါ္လာခဲ့သည္။ သူမ်က္ရည္က်ြခင္းက အသနားခံြခင္း
မဟုတ္တာ သူေရာ ကိုကိုပါ သိေနေသာ္လည္း.....
"က်ြန္ေတာ္ ခင္ဗ်ား ညီ မြဖစ္ခ်င္ခဲ့ဘူး ကိုကိုရဲ့ သိရဲ့လား
က်ြန္ေတာ့္ရင္ထဲမွာ ဘာေတြရွိေနလည္း ခင္ဗ်ားမျမင္ဘူးလား"
"မင္းြဖစ္ခ်င္သည္ြဖစ္ေစ မြဖစ္ခ်င္ပါေစ မင္းက ငါ့ညီြဖစ္ျပီး
ငါကလည္း မင္းအစ္ကိုဆိုတဲ့ အမွန္တရားက မေျပာင္းလဲဘူး
နားလည္လား.."
ရုတ္တရက္ ေသာ္ဒီက ကိုကို့မ်က္နွာကို လက္နွစ္ဖက္နဲ့
ဆြဲယူျပီး နွုတ္ခမ္းလြွာအား ထိကပ္ပစ္လိုက္ေတာ့ ေြကာင္အမ္း
သြားရ၏။ ေသာ္ဒီလုပ္ရပ္က အရမ္းလြန္ျပီး ေရွာင္သင့္မွန္းလည္း
သိေသာ္ျငား မလွုပ္မယွက္ ေတာင့္ေတာင့္ြကီး ရပ္ေနကာ
မ်က္ဝန္းေတြပင္စိုစြတ္လာရသည္။
"ညီအစ္ကိုေတြက အခုလို နမ္းလို့လား..ဪ ထပ္ျပီး
ေျပာရဦးမယ္ ကိုကို့ရဲ့ ပထမဆုံး အနမ္းကို အေစာကတည္းက
က်ြန္ေတာ္ယူျပီးသြားျပီ"
"ငါမင္းကို အရမ္းအလိုလိုက္ခဲ့မိတာလားဟမ္...အဲ့ဒါေြကာင့္
မင္း လမ္းမွားကို ေလ်ွာက္ေနတာြဖစ္ရမယ္"
ေသာ္ဒီဟက္ခနဲ ရယ္ပစ္လိုက္သည္။
"ဟုတ္တယ္ ကိုကို ခင္ဗ်ားက်ြန္ေတာ့္ကို အရမ္းအလိုက္ခဲ့တာ
က်ြန္ေတာ္ ခင္ဗ်ားကို အရူးအမူး ခ်စ္သြားေစခဲ့တဲ့အထိေလ.."
"ေတာ္စမ္း!!! ဘာအခ်စ္လဲ... မင္းငါ့အေပါ္ အဲ့လိုလာမသုံးနဲ့
မင္းေယာက္်ားေတြကို ခ်စ္ခြင့္ရွိေပမယ့္ ငါ့ကိုေတာ့မရဘူး"
"ဘယ္လိုလုပ္မလဲ က်ြန္ေတာ္ကလည္း ခင္ဗ်ားကိုပဲ ခ်စ္တာ!!!
"ငါ မမခင္ကို ဖြင့္ေျပာထားျပီးျပီ မြကာခင္မွာ သူနဲ့ငါက
တရားဝင္ တြဲြကေတာ့မွာ .."
ေသာ္ဒီမ်က္နွာက တအံ့တဩြဖစ္ြခင္း အရိပ္ေယာင္ေတြအျပည့္။
"ကိုကို ဘာေျပာတယ္ အဲ့မိန္းမကို ဖြင့္ေျပာလိုက္ျပီ ဟုတ္လား"
"ဟုတ္တယ္ ညီတစ္ေယာက္အေနနဲ့ မင္းဝမ္းသာသင့္တယ္ေနာ္"
"ဘာလို့ ဝမ္းသာရမွာလဲ ကိုကိုတို့မတြဲရပါဘူး တြဲလို့လည္း မြဖစ္ဘူးေနာ္"
အလန့္တြကား တရစပ္ေျပာေတာ့ ကိုကိုက သန္မာသည့္လက္ေတြနဲ့ သူ့ပခုံးနွစ္ဖက္အား ဆုပ္ကိုင္လာကာ မ်က္လုံးခ်င္းလည္း
ဆုံြကည့္လာသည္။
"ဒီမွာ ေသာ္ဒီထူးဟန္ ငါက မင္းရဲ့သီးသန့္ထုတ္ကုန္မဟုတ္ဘူး
ငါ့ကို မင္းတစ္ေယာက္ပဲ ပိုင္ရမယ္ဆိုတဲ့ အေတြးေတြကို
ဖယ္ထုတ္လိုက္စမ္း!!!
ကိုကို့စကားေတြေြကာင့္ သူ့ေြခေထာက္ေတြေပ်ာ့ေခြလာရသလို
မ်က္ရည္ေတြလည္း ဒလေဟာက်လာခဲ့သည္။
"ဒီေနရာေလးက က်ြန္ေတာ့္အတြက္ သီးသန့္ထင္လို့
ေပကပ္ျပီး ရပ္ေနခဲ့တာ ကိုကိုရဲ့.."
ဩဂတ္ရဲ့လက္သီးဆုပ္ေလးက တင္းခနဲြဖစ္သြားသည္..။
ခံစားခ်က္မရွိတာ ေသခ်ာတာမို့ ညီနဲ့ အျမန္ဆုံးြဖတ္ရမည့္
နည္းအား သူေရြးရပါမည္။
"မင္းြကားခ်င္ရင္ ငါေျပာလိုက္မယ္။ ငါမင္းကို ညီေလးလိုပဲ
သေဘာထားလို့ရတယ္"
"တကယ္ေျပာေနတာလား က်ြန္ေတာ့္ကို ညီတစ္ေယာက္ထက္
မပိုတာ ကိုကို ေသခ်ာရဲ့လားဟင္!!!
"ေသခ်ာတယ္!!!
ေသာ္ဒီ တကယ္ပဲ ေသြးပ်က္ေြခာက္ြခားသြားခဲ့ရသည္။
တကယ္ေတာ့ က်ြန္ေတာ္က တစ္ဖက္သတ္ ဇြတ္တိုးဝင္ခဲ့မိတာပဲ။
"နားလည္ျပီ!!
ေြခဖ်ားေထာက္ျပီး ကိုကို့ရဲ့ နွုတ္ခမ္းလြွာကိုထပ္မံဖိကပ္လိုက္ေတာ့ ေတာင့္ေတာင့္ြကီး ျငိမ္ခံေနခဲ့သည္။
"ဒါေတြက ညီ့ကိုနာက်င္ေစခ်င္လို့ ကိုကိုေျပာခဲ့တာဆို
ဂုဏ္ယူတယ္ေနာ္ ကိုကိုေအာင္ျမင္သြားျပီ"
ထို့ေနာက္ ေလးကန္တဲ့ ေြခလွမ္းေတြြဖင့္ ေသာ္ဒီထူးဟန္
ထြက္သြားတာကို သူေတာင့္ေတာင့္ြကီးရပ္ကာ ြကည့္ေနရင္းမွ
နွစ္ြကိမ္တိတိ အနမ္းခံရတဲ့ နွုတ္ခမ္းကို လက္နဲ့အသာစမ္းရင္း
အသားေတြတဆတ္ဆတ္တုန္လာ၏။
ပထမတစ္ြကိမ္က ရုတ္တရက္မို့ မေရွာင္နိုင္လိုက္တာက
လက္သင့္ခံလို့ရေပမယ့္ ဒုတိယအြကိမ္မွာေတာ့ သူေရွာင္လို့
ရပါလ်က္နဲ့ ဘာလို့မေရွာင္ခဲ့လည္းဆိုတာ စဉ္းစားလို့မရ...။
ညီ့ရဲ့ ဆိုင္ကယ္သံြကားလိုက္ရမွ သူသတိျပန္ဝင္လာြခင္းြဖစ္သည္။ ထမင္းစားခန္းထဲ ဝင္လိုက္ေတာ့ စားပြဲေပါ္မွာ
ညီကိုယ္တိုင္ခ်က္ထားတာေတြ။
သူဆြံ့အလ်က္ ထိုင္ခုံေပါ္မွာ စိတ္မပါစြာ ထိုင္ခ်ပစ္လိုက္သည္..။
အျပင္သြားမယ္ဆိုလည္း ထမင္းေလးေတာ့ စားသြားတာ
မဟုတ္ဘူး။ ဒီလိုနဲ့ ဗိုက္ဆာေနေတာ့မွာပဲ...။ ထိုသို့ြဖင့္
ဘာမွမစားပဲထြက္သြားတဲ့ညီ့ကိုစိတ္ပူသလိုလို။
က်စ္... အရင္ကလည္း တစ္ပတ္ေလာက္ ထြက္သြားေနက်ပဲဟာ
စိတ္ေျပရင္ ျပန္လာလိမ့္မယ္။ အလကားသက္သက္ စိတ္ပူဖို့
မလိုဘူး။ ဖက္တီးဆီမဟုတ္ေတာင္ ဒယ္ဒီတို့ရွိတဲ့ ျပင္ဦးလြင္ကို
သြားခ်င္သြားမွာေပါ့။
ညီ့ကို ရည္းစားေဟာင္းေတြလို ထင္ခဲ့ျပီး စိတ္ေျပရင္ ျပန္လာလိမ့္မယ္လို့ ထင္ခဲ့မိပါသည္။ သို့ေသာ္ ညီက နွစ္ပတ္ြကာသည္အထိ
မဆက္သြယ္သလို သူရွိတဲ့ ရပ္ဝန္းမွာေတာင္ ေြခမခ်ပဲ ေြခရာ
ေဖ်ာက္သြားခဲ့သည္။
............................
'က်ြန္ေတာ္ တကယ္ေျပာတာပါ ကိုြကီးဩဂတ္ရာ ေသာ္ဒီကို
က်ြန္ေတာ္ မေတြ့ရတာ ြကာျပီ အဲ့ေကာင္ ျပင္ဦးလြင္သြားတာေရာ မြဖစ္နိုင္ဘူးလား'
ဩဂတ္ ဖုန္းကို၊ ကိုင္ထားတဲ့ လက္ေတြတင္းခနဲြဖစ္သြားခဲ့သည္။
စိတ္ေျပရင္ ျပန္လာမယ္ထင္ေပမယ့္ ညီက ေနကို ေနနိုင္လြန္း၍
ေနာက္ဆုံး လိုက္ရွာရသူက သူပဲြဖစ္လို့ေနသည္။
"မြဖစ္နိုင္ဘူး ညီသာအဲ့မွာရွိရင္ ငါသိရမွာေပါ့ အခုဟာက
ဒယ္ဒီကလည္း ညီ အဲ့ကို မလာဘူးတဲ့"
'ဟင္ ဟုတ္လား!!!
"ဟိန္းေလး.. ကိုြကီးကို မညာနဲ့ေနာ္ ေသာ္ဒီထူးဟန္
မင္းဆီမွာမလား ရွိရင္ အခုထုတ္ေပးလိုက္ ကိုြကီးကိုစိတ္တိုေအာင္ မလုပ္နဲ့ ေကာင္းေကာင္းေျပာေနတုန္း စကားနားေထာင္"
'ကိုြကီးဩဂတ္ရာ က်ြန္ေတာ္ သူရွိတဲ့ ေနရာကိုတကယ္မသိတာပါ
အဲ့ေကာင္က သူသြားမယ့္ေနရာေတြကို က်ြန္ေတာ့္ကိုေျပာျပတာမွ
မဟုတ္တာ ေနာက္ျပီး ကိုြကီးညီကို က်ြန္ေတာ္ဖြက္မထားဘူးေနာ္'
"ေကာင္းကင္ဟိန္း!! ငါ့ညီက မင္းဆီမွာမဟုတ္ရင္ေတာင္
သူရွိတဲ့ ေနရာကို မင္းသိေနတယ္ဆိုတာ ငါေျပာရဲတယ္
ငါ့ညီကို ငါမသိတဲ့ေနရာမွာ ဖြက္ထားရင္ မင္းကိုတရားဆြဲမွာေနာ္"
'က်ြန္ေတာ္ကို မရစ္ပါနဲ့ ကိုြကီးရာ!! သူထြက္သြားရင္ေတာင္
အခ်ိန္တန္ ျပန္လာမွာေပါ့'
အခ်ိန္တန္ျပန္လာမယ္ တဲ့လား ညီ တကယ္ေရာျပန္လာပါ့မလား။
ညီျပန္လာခ်င္လည္း လာမည္။ ဒါေပမယ့္ အဲ့ဒီအခ်ိန္ထိေတာ့
စိတ္ရွည္ရွည္နဲ့ မေစာင့္နိုင္ပါ။ ညီထြက္သြားျပီး တစ္ပတ္ြကာတဲ့အထိ ေမ့ေမ့ေဖ်ာက္ေဖ်ာက္နဲ့ ေတာင့္ခံနိုင္ခဲ့ေပမယ့္ တစ္ပတ္
ေက်ာ္လာတဲ့အခါ သူ့အေြခေနက သိသာစြာ ဆိုးရြားလာခဲ့သည္။
တစ္ခ်ိန္က ဖက္ေနက် ညီ့ကို ျပန္လြမ္းလာသည္..။
ထြက္ေျပးသြားတဲ့ ကေလးကို လိုက္ရွာခ်င္ေပမယ့္ ဘယ္နား
သြားရွာရမွန္း ဩဂတ္တကယ္မသိေပ။ ေနာက္ေတာ့ အဲ့ဒီစိတ္ေတြက သူ့အလုပ္ထိပါ အက်ိူသက္ေရာက္မွုရွိလာခဲ့သည္..။
ခြဲစိတ္ခန္းဝင္ရမယ့္ အခ်ိန္အမ်ားစုကို မင္းသြင္က သူ့အစား
ဝင္ေပးခဲ့ျပီး သူ့ကိုနွစ္သိမ့္လာေသာ္လည္း ဘာကမွ သူ့ကို
စိတ္သက္သာရာ မရေစပါ။
သူျမတ္နိုးတယ္လို့ထင္ခဲ့ဖူးတဲ့ မမခင္ကို ျမင္တာေတာင္
စိတ္သက္သာမရပဲ စိတ္ရွုပ္ခဲ့ရပါသည္။
"မင္း ဖက္တီးကို လွမ္းရစ္ေနတုန္းလား.."
ဒါက ပထမဆုံး မဟုတ္တာမို့ မင္းသြင္သူ့ကိုလွမ္းစသည္..,.။
ေန့လယ္စာ၊ စားခ်ိန္တိုင္း ဖက္တီးဆီ ဖုန္းဆက္ရစ္သလို
အမွတ္မရွိတဲ့ ဖက္တီးကလည္း ဩဂတ္ဖုန္းဆက္တိုင္း မ်က္နွာလြွဲ
ခဲပစ္ လုပ္ရဲပုံမရ။
"ထြက္ေျပးတဲ့လူက ထြက္ေျပးသြားျပီပဲဟာ ဘာလို့ လိုက္ရွာေနတာလဲ ဒါက မင္းပုံစံ ဟုတ္မေနဘူးေနာ္.."
ဩဂတ္ ဘာမွမေြဖ။ မင္းသြင္ ငိုင္တိုင္တိုင္ ြဖစ္ေနတဲ့ေကာင္ကို
ြကည့္ရင္း ခပ္ေလွာင္ေလွာင္ ရယ္ပစ္သည္။
"သူထြက္သြားေတာ့ မေကာင္းဘူးလား ဒါက မင္းလိုခ်င္တဲ့
ပုံစံပဲေလ မမခင္ မင္းကိုအေြဖေပးတာနဲ့ လက္ထပ္ခြင့္
ေတာင္းလိုက္ေတာ့.."
"ဖက္တီး!! ငါ့ညီကိုဖြက္ထားတာ ေသခ်ာတယ္ မင္းသြင္!!
သူေျပာခ်င္ရာ ေျပာေနတဲ့ ဩဂတ္ပုံစံကို မင္းသြင္ေြကာင္အမ္းစြာ
ေငးေနမိသည္။ ဒါက ဩဂတ္ပုံစံမဟုတ္။ ဩဂတ္က ေပ်ာက္သြားတဲ့ သူ့ရည္းစားေတြကိုေတာင္ လိုက္ရွာဖူးတာမဟုတ္။ဒါေပမယ့္
ေပ်ာက္သြားတဲ့ သူ့ညီကိုေတာ့ အေသအလဲ လိုက္ရွာသည္။
"နွစ္ေယာက္လုံးကို တစ္ျပိုင္တည္းခ်စ္တာေတာ့ မဟုတ္ဘူးမလား"
ဒီတစ္ခါေတာ့ ဩဂတ္ရဲ့ အြကည့္ေတြက သူ့ဆီကိုစုျပုံက်လာသည္။ မ်က္ေထာက္နီြကီးနဲ့ မ်က္တြင္းေဟာက္ပက္ြဖစ္ေနတဲ့
ေကာင္ကို သူကလည္း မျမင္ဖူးသည့္သူလိုေငးြကည့္ေနမိပါသည္။
"လုံးဝ အဲ့လိုြဖစ္စရာအေြကာင္းမရွိဘူး!!
"ဪ..ငါက မင္းရင္ထဲ နွစ္ေယာက္လုံးထည့္ထားတယ္
ထင္ေနတာ"
"နွလုံသားက တစ္ခုတည္းရယ္ လူတစ္ေယာက္ပဲဆံ့မွာေပါ့"
"ဒါဆိုလည္း မင္းေပ်ာ္သင့္တာမဟုတ္ဘူးလား မမခင္ကို
ရေတာ့မွာေလကြာ.."
ဩဂတ္က ျပန္မေြဖေတာ့ မင္းသြင္လည္း သက္ျပင္းခ်ရင္း..
"သူ့ကို မခ်စ္ဘူးဆို?
"မသိဘူး မင္းသြင္!! ငါ အဲ့ဒါေတြ ဘာတစ္ခုမွ မသိဘူး
ငါသိတာက ညီ့ကိုလြမ္းတယ္ဆိုတာပဲ"
"ဟူး!! ဒါဆိုလည္း ဒီလိုလုပ္ မင္းညီကို မဆက္သြယ္နဲ့ေတာ့!!
ဩဂတ္ရဲ့ အြကည့္ေတြက သူ့ဆီဒိုင္းခနဲက်လာတာမို့
မင္းသြင္းက ခပ္ျမန္ျမန္ပဲ
"ငါ့စကားမဆုံးေသးဘူး..... မင္းညီကိုေရာ မမခင္ကိုေရာ
နွစ္ေယာက္လုံးကို ြဖတ္ြကည့္ အရမ္းမြကာပါဘူး တစ္ပတ္ပါပဲ
တစ္ပတ္အတြင္း မင္းအရမ္းေတြ့ခ်င္တဲ့သူက မင္းခ်စ္တဲ့သူပဲ"
ဩဂတ္ ေြကာင္သြားသည္။ ညီ့ကိုလြမ္းေနတာက မွန္ေပမယ့္
မမခင္ကို အျမဲေတြ့ေနရလို့မ်ား ဘာမွ မခံစားရတာလားမသိ။
ဘာပဲြဖစ္ြဖစ္ မင္းသြင္ ေျပာတာကို လက္ခံလိုက္သည္။
"မမခင္ကို ငါဘယ္လိုေရွာင္ရမွာလဲ"
"ခြင့္ယူလိုက္ေလ"
"ြဖစ္ပါ့မလား.."
"ြဖစ္ပါတယ္ မင္းဟာမင္း ြကည့္ြကပ္ေျပာလိုက္ေပါ့
ျပီးရင္ မမခင္ကို ေရွာင္ေနလိုက္..."
စမ္းြကည့္တာ မလြန္တာမို့ ဩဂတ္ ေခါင္းညိတ္လက္ခံလိုက္တယ္။ မင္းသြင္ရဲ့ အြကံေတြ အမ်ားဆုံးကို နားေထာင္ျပီး
လက္ေတြ့ လိုက္လုပ္တဲ့သူက ဒီတစ္ခါလည္း လိုက္လုပ္ဖို့ကိုသာ
သေဘာတူလိုက္ပါသည္။
[text_hash] => ebf1e825
)
What do you think?