Chapter 21: ၂၁

Array
(
[text] =>

ချစ်သူတစ်ယောက် ကောက်ရထားသည် {အခန်း ၂၁}

ဩဂတ်မှာ ဆေးရုံကခွင့်ယူပြီး မမခင်နဲ့လည်း မဆက်သွယ်သလို

ညီ့အကြောင်းကိုလည်း ဖက်တီးဆီ တကူးတက ဖုန်းဆက်ပြီး

မမေးတော့။ ဒါပေမယ့် ဖုန်းလာချိန်တိုင်း အိမ်ပြေးလေးများ

ဆက်သွယ်လာတာလားလို့ ကြည့်ရတာအမော။ ဩဂတ်အိပ်ချိန်တွေ မမှန်တော့သလို စားချိန်လည်းမမှန်တော့..။

အတိအကျဆို အဲ့ဒီကောင်လေး သူ့ဆီက ဒီလောက်အကြာကြီးမှ

ထွက်မသွားခဲ့ဘူးတာ။ ဒယ်ဒီဆီ ခဏခဏ ဖုန်းဆက်ကာ ညီများ

လာရဲ့လားလို့ မေးဖြစ်သော်လည်း ဒယ်ဒီစကားက တစ်ခွန်းတည်းရယ်။ ကြာတော့ သူစိတ်ပျက်ရသည်။ ဒီကောင်လေး ဘယ်များ

ထွက်သွားပါလိမ့်။

ဒီညအပါဝင် သူ အကုန်လုံးနဲ့အဆက်သွယ်ဖြတ်ထားခဲ့တာ

၃ရက်လောက်ရှိနေပြီ။ ညီဆေးလိပ်သောက်တာမြင်ရင်တောင်

တားယူရတဲ့အထိ မကြိုက်တဲ့သူက အခုတော့ အခန်းထဲမှာ

ဘီယာတစ်ဗူးနဲ့ စီးကရက်ကိုလည်း စိတ်ထွက်ပေါက်ပေးတဲ့အနေနဲ့ ထိုင်ဖွာနေခဲ့သည်။

ဒီလိုဆိုတော့လည်း မင်းသွင်ရဲ့ 'မင်းအသည်းကွဲမှ ငါ့ခံစားချက်ကို

သိမယ်' ဆိုတဲ့စကားကိုကြားယောင်ရင်း နှုတ်ခမ်းမဲ့ပစ်ပြီး

ကိုယ့်ကိုယ်ကိုယ် လှောင်ပစ်လိုက်သည်။ အမဲရောင် Pants

အရှည်ကို ဝတ်ထားပေမယ့် အပေါ်ပိုင်းကတော့ ဘာမှ

မပါပဲ ဗလာကျင်းနေ၏။ စိုရွှဲသော ချွေးတို့ကြောင့် ဖြူနေသော

သူ့အသားရည်က ပြောင်လက်နေခဲ့သည်။

ဘီယာတစ်ဗူးကုန်သည်ထိ သောက်ပြီးနောက်မှာတော့ ကုတင်ပေါ်

တက် မအိပ်နိုင်ဘဲနဲ့ ကြမ်းပြင်ပေါ်မှာပဲ မူးပြီး အိပ်သွားခဲ့ပါသည်။

ည၁၁ခွဲ အချိန်မှာတော့ သူ့ကိုလန့်နိုးစေခဲ့တာက ကျယ်လောင်တဲ့

ဖုန်းမြည်သံတစ်ခုက။ မျက်လုံးတွေ ဆတ်ခနဲ ဖွင့်လာရင်း အဆက်

မပြတ်မြည်နေတဲ့ ဖုန်းကို အသည်းအသန်လိုက်ရှာရ၏။

ညီများ ဆက်သွယ်တာလားမသိ..။

"ဟယ်လို.. ညီ.. အခုဘယ်မှာလဲ အိမ်ပြန်လာခဲ့ ကိုကိုတို့

ကောင်းကောင်းပြောကြရအောင်!!

ပြောရင်းးနဲ့ ဩဂတ်မျက်ဝန်းတွေ စိုစွတ်လာ၏။ ညီ့ရဲ့ ကိုကိုလို့

ခေါ်တဲ့ အသံလေးကို အရမ်းလွမ်းရပေမယ့်...

'ဩဂတ်.. ဘာတွေပြောနေတာလဲ မမခင် ပြောနေတာပါ'

ထိုအခါမှ သူ Phone Screen ပေါ်က Contact name ကို

တစ်ချက်ပြန်ကြည့်မှ မမခင်ဆိုတဲ့ နာမည်လေးကို တွေ့ရသည်ကြောင့် စိတ်ကိုပြန်လျှော့လိုက်ရပေမယ့် ဘာကိုဝမ်းနည်းလို့

ဝမ်းနည်းမှန်းမသိ။

"တောင်းပန်ပါတယ် မမခင်.. အိပ်ချင်မူးတူးဆိုတော့

ဖုန်းနံပါတ်ကို မကြည့်လိုက်မိဘူး ညီညီ ထင်လိုက်မိတာ.."

'အာ.. ဩဂတ်ညီက ဘာဖြစ်လို့လဲ'

"ကကောက်ကစ ဖြစ်ပြီး အိမ်ကနေ ထွက်သွားလို့ပါ မမခင်

ကျွန်တော် အရမ်းစိတ်ပူနေတာ"

'အင်း'

"မမခင် ဘာပြောစရာရှိလို့လည်းဟင် .."

'ဩဂတ် ခွင့်ယူသွားတယ်ဆိုလို့လေ ဘာများဖြစ်တာလည်းလို့"

"ဒီလိုပါပဲ နည်းနည်းအနားယူဖို့ လိုအပ်နေလို့"

'ဪ.. ဒီလိုကိုး မမခင်က အရမ်းစိတ်ပူမိသွားတာဖြစ်မယ်"

"ဟုတ်ကဲ့.."

'နောက်ပြီး.. ဩဂတ်ကို မတွေ့ရတဲ့ ဒီရက်တွေမှာ မမခင်

ပိုပြီး သေချာသွားခဲ့တယ် သိလား'

"ဘာကိုလဲ!!

'မမခင်လည်း ဩဂတ်ကို ချစ်တယ်နော်'

"ဗျာ!!!!

မမခင်ဘက်က ဖုန်းချသွားတော့ ဩဂတ်မျက်ဝန်းထဲမှာ

မျက်ရည်တွေ စီးကျလာသည်။ မမခင်ကို ဖွင့်ပြောထားတဲ့ဖြစ်ရပ်ကို သူမေ့နေခြင်း။ အခု အဖြေပြန်ပေးလာသည်က အရင်တုန်းက

မျှော်လင့်စောင့်စားခဲ့ရတဲ့ အဖြေဖြစ်သည်။ သို့သော် ဩဂတ်

မျက်ရည်တွေက ဝမ်းသာမျက်ရည်တွေ မဟုတ်ကြောင်းကိုတော့

သူ့ဟာသူ ကောင်းကောင်းသိသည်။

ထို့နောက် ရုတ်တရက် အန်ချင်လာတာမို့ သန့်စင်ခန်းထဲရှိ

ဘေစင်ကို ပြေးရသည်။ စားထားသမျှတွေ ပြန်အန်ပစ်လိုက်တော့

လူက ခွေခေါက်ယိုင်နဲ့ချင်လာသည်။ အန်ပြီးတာနဲ့ ဩဂတ်ရဲ့

ရှိုက်သံတွေက ပိုပြီးကျယ်လာ၏.။ ပေါက်ကွဲချင်ပါသော်လည်း

ဘယ်သူ့ကိုပေါက်ကွဲပြီး ဘာကိုအကြောင်းပြချက်ရှာရမှန်းမသိ။

"ညီကကွာ!!!

နောက်ဆုံးမှာတော့ သီးမခံနိုင်စွာ ရှေ့က မှန်ကိုပဲ လက်သီးနဲ့

တရစပ် ပိတ်ထိုးကာ သွေးတွေ စီးကျမှ ရပ်သွားခဲ့တော့သည်..။

နောက်တစ်နေ့မှာတော့ ဩဂတ်နဲ့ မမခင်တို့ နှစ်ဦးသား ချစ်သူတွေ ဖြစ်သွားကြပြီ‌ဆိုတဲ့ သတင်းက ဘယ်သူ့လက်ချက်ကြောင့်

လည်းတော့မသိ ဆေးရုံတစ်ခုလုံး ပြန့်နှံ့နေကြောင်း မင်းသွင်

လှမ်းပြောလို့ သူပြန်သိခဲ့ရသည်။

.........................

ဩဂတ်တစ်ယောက် ရှေ့မှာ ရို့ရို့လေးထိုင်နေတဲ့ မမခင်ကို

စိတ်မသက်သာစွာ ကြည့်လိုက်သည်။ သူနဲ့ မမခင် ချစ်သူတွေ

ဖြစ်ပြီဆိုတဲ့ သတင်းက မမခင်ရဲ့ အဖေ ဆေးရုံအုပ်ဆီကိုတောင်

ရောက်လို့သွားခဲ့သည်မို့ ပြေးပေါက်ပိတ်နေခဲ့သည်။

မမခင်လက်ကို ဆွဲပြီး နီးစပ်ရာ ကဖေးဆိုင်တစ်ခုမှာ ဝင်ထိုင်တော့

မမခင်ရဲ့ အပြုံးတွေ ပိုတောက်ပလာတာကို သူလည်းတွေ့ရပါ၏။

ဩဂတ်မှာ ဘယ်လိုရှင်းပြပြီး ဘယ်လိုရှောင်ထွက်ရမလည်းဆိုတာ

တကယ်မသိ။ ဒါပေမယ့် ဒီပြဿနာကို ခေါင်းရှောင်ရုံလောက်နဲ့တော့ ပြီးသွားမှာမဟုတ်ဘူးဆိုတာ သိတာမို့ ထိပ်တိုက်ရင်ဆိုင်ဖို့

ဆုံးဖြတ်ရခြင်း ဖြစ်သည်။

"မမခင်က အိမ်ထောင်ပြုရမယ့်အရွယ် ရောက်နေပြီ ဩဂတ်..

တို့ဖေဖေကလည်း ဩဂတ်ရဲ့ မိဘတွေနဲ့ တွေ့ချင်နေတယ်"

သူ မမခင် မျက်နှာကိုသေချာကြည့်လိုက်သည်။ လှပတင့်တယ်တဲ့

မမခင်မျက်နှာနုနုလေးက အပြစ်ကင်းစင်နေကာ နှစ်လိုဖွယ်

ကောင်းနေခဲ့သည်။ မမခင်ကို ရတဲ့ ယောက်ျားက ကမ္ဘာမှာ

ကံအကောင်းဆုံးလူဖြစ်မယ်လို့ ထင်မိသမျှက အခုတော့

ထိုကံကောင်းမှုကြီးအား သူ မယူလိုတော့ပါ။

"မမခင်!!!

"ဟင်!!

မမခင် မျက်လွှာချထားရာမှ သူ့ကိုကြည့်လာပုံက အံ့ဩဝိုင်းစက်လို့။

"ကျွန်တော် Cancel လိုက်လို့ ရမလား!!!

"ဟမ်!! ဘာကိုလဲ ဩဂတ်"

ဩဂတ် အံကိုတင်းတင်းကြိတ်ပြီး ဆက်ကာ

"မမခင်ကို ချစ်တယ်လို့ ဖွင့်ပြောခဲ့တာကို Cancel လိုက်လို့

မရဘူးလား.."

စကားအဆုံး မမခင်ရဲ့ သိက္ခာကို ထိပါးခံရလို့ တင်းခနဲ

ဖြစ်သွားတဲ့ မျက်နှာအား သူတွေ့ရပေမယ့် မတတ်နိုင်ပါ..။

ပြောတာကလည်း ပြောပြီးနေပြီ မမခင် မကျေနပ်လို့ရိုက်မယ်

ဆိုလည်း သူက အရိုက်ခံရုံသာ။

"ဩဂတ်.. ဘာပြောလိုက်တယ် Cancel မယ် ဟုတ်လား"

"တောင်းပန်ပါတယ် မမခင်..."

"ဒါက အရောင်းအဝယ်လုပ်နေတာ မဟုတ်ဘူး ဩဂတ်

မင်း တို့ကိုဖွင့်မပြောခင်မှာ နည်းနည်းမှ မစဉ်းစားခဲ့ဘူးလား"

"မဟုတ်ပါဘူး မမခင် ကျွန်တော် အဲ့အချိန်တုန်းကတော့

မမခင်ကို တကယ်ပဲ... "

"မင်းရဲ့ အခြေအမြစ်မရှိတဲ့ စကားတွေကို ငါနားထောင်ဖို့

အားနေတယ် ထင်လို့လား.."

မမခင် ပေါက်ကွဲထွက်လာနေတာကို ဩဂတ်သက်ပြင်းတချချပဲ

ကြည့်နေလိုက်သည်။ မမခင်အတွက် ဒီစကားတွေက သိပ်ကို

အဓိပ္ပာယ်မဲ့လွန်းရာ ကျပေမယ့် သူ့အတွက်တော့ ဆန့်ကျင်ဘက်သာ တွေးရပါမည်။

"တို့က ဘာများလိုအပ်လို့လဲ ဩဂတ်ရယ်.."

နောက်ဆုံးမှာတော့ မမခင် တရှုံ့ရှုံ့ငိုချသည်။ ကြည့်နေရင်း

စိတ်မကောင်းရုံကလွဲပြီး ဩဂတ်မှာ ဘာမှလုပ်မပေးနိုင်ပါ။

"မင်းနဲ့ တို့ ချစ်သူဖြစ်နေကြပြီဆိုတာ အသိုင်းဝိုင်းတစ်ခုလုံး

သိကုန်ကြပြီ ဩဂတ်.. ဒီကိစ္စကို မင်းမျက်နှာလွှဲ ခဲပစ်လုပ်လို့

မရဘူး နားလည်ရဲ့လား.."

"ကျွန်တော်နဲ့ မမခင် ဘာမှ လွန်လွန်ကျူးကျူး ဖြစ်မထားဘူး

ဆိုတာ မမခင် သိတာပဲ မဟုတ်ဘူးလား ကျွန်တော်ကတော့

ရှင်းတယ် ကိုယ်မလုပ်ဖူးတဲ့ကိစ္စအတွက် တာဝန်မယူနိုင်ဘူး!!

သူမမျက်နှာက ရဲတွတ်လာသည်။ ယောက်ျားတစ်ယောက်ကို

ဒီလိုနည်းနဲ့ ချုပ်ကိုင်လို့ရမယ်လို့ တွေးခဲ့မိတာက သူမရဲ့အမှား။

အထူးသဖြင့် ဒီအကွက်ကို ဩဂတ်ဂုဏ်ပိုင်ဆီမှာသုံးခဲ့မိတာပဲ။

ယောက်ျားကောင်းတစ်ယောက်ဆိုရင် မိန်းကလေးတစ်ယောက်ရဲ့

အရှက်သိက္ခာကို ကာကွယ်ရမယ်ဆိုတဲ့ သူမရဲ့အတွေးတွေ ဗျူဟာတွေက ဩဂတ်ဆီမှာ အလုပ်မဖြစ်။

"ဘာပဲဖြစ်ဖြစ် မင်းနဲ့တို့က ချစ်သူတွေဖြစ်!!!!

"ကျွန်တော် မမခင်ကို မချစ်ဘူး!!

မိုးကြိုးဆယ်စင်းလောက် ပစ်ခံရသလို သူမတောင့်တောင့်ကြီး

ဖြစ်သွားရသည်။ အခု ရှေ့မှာ တွေ့နေတဲ့ ယောက်ျားက သူမကို

ချစ်ပါတယ်လို့ ပြောဖူးတဲ့ ယောက်ျားနဲ့ လားလားမှမဆိုင်..။

မျက်လုံးတွေ ဝိုင်းစက်ရင်း အသံတိတ် မျက်ရည်ကျသော်လည်း

ပြန်ရတာက မျက်နှာလွှဲသွားတဲ့ တုန့်ပြန်ချက်တစ်ခုသာ။

"ကျွန်တော်အချစ်လို့ ထင်ခဲ့တာပါ အဲ့ဒါကြောင့်ဖွင့်ပြောခဲ့တာ

အစတုန်းက မမခင်ကို မြင်ရင် စိတ်လှုပ်ရှားတာတော့ အမှန်ပဲ

မမခင်အလှက ထူးခြားတယ် ကျက်သရေရှိတယ် မမခင်ကို

ရတဲ့ ယောက်ျားက ကံအကောင်းဆုံးလူ ဖြစ်လိမ့်မယ်လို့

ကျွန်တော် တွေးဖူးခဲ့တာပါ ဒါပေမယ့် အခု ကျွန်တော့်မှာ အဲ့ဒီလို

ခံစားချက်တွေ တစ်ခုမှ ရှိမနေတော့ဘူး.."

"ဒီလို ပြောရတဲ့အတွက် မင်းမှာအကြောင်းပြချက်ရှိမှာပေါ့"

ဩဂတ် မျက်နှာ ပျက်သွားခဲ့သည်။

"တို့မှန်းတာ မှန်နေတာပဲ ဘယ်သူ့ကြောင့်လဲ မင်းရဲ့

သွေးမတော်သားမစပ် ညီကြောင့်လား.."

ဩဂတ်မျက်လုံးတွေ ဝိုင်းခနဲဖြစ်ရင်း မမခင်ကိုအထူးအဆန်း

ကြည့်နေမိ၏။ ဟုတ်ပေမယ့်လည်း ရှက်ရှက်နဲ့ သူဝန်မခံချင်ပါ။

"နောက်ဆုံးတော့ တို့ ရှူံးသွားတာပဲ ဩဂတ်ရယ် သိလား.

မင်းက မမခင်ကို သိမ်ငယ်စေတာပဲ တို့က ယောက်ျားတစ်ယောက်ကို ရှူံးသွားတယ်တဲ့လား"

"စိတ်မကောင်းပါဘူးဆိုတဲ့ စကားကလွဲရင် ကျွန်တော့်မှာ

ဘာမှ ပြောစရာမရှိပါဘူး နောက်ပြီး ကျွန်တော် မနက်ကပဲ

ဆေးရုံကနေ အလုပ်ထွက်ခဲ့လိုက်ပြီ!!!

ဒီတစ်ခါတော့ သူမ တကယ်လန့်သွားရသည်။ ဆရာဝန်

တစ်ယောက်က လက်ရှိအလုပ်ကနေ နှုတ်ထွက်မယ်ဆိုပါက

အကြိမ်ကြိမ် ပြန်စဉ်းစားပြီးမှ အလုပ်ထွက်ကြတာဖြစ်သည်။

ဒါပေမယ့် ဩဂတ်ကတော့ အလုပ်ထွက်ရခြင်းကို အကြိမ်ကြိမ်

စဉ်းစားပုံမရ။ တွေဝေမှုမရှိ ထွက်ခဲ့တာ ဖြစ်နိုင်ပါသည်။

"ဘာဖြစ်လို့လဲ.."

"ကျွန်တော် ဝါသနာပါလို့ ဆရာဝန်ဖြစ်ချင်ခဲ့တာမဟုတ်သလို

တစ်နေ့ ဆရာဝန်ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း ကျွန်တော်မှာ မရှိဘူး မမခင်!!

"..........."

"ဒါတွေအကုန် ညီ့ကြောင့်အစပြုခဲ့တာ သူငယ်ငယ်က

ခွေးကိုက်ခံရဖူးတယ် ဘာမှမလုပ်တတ် မကိုင်တတ်နဲ့

ကျွန်တော် အသည်းခိုက်မတတ် သေလောက်အောင်နာကျင်ရတဲ့

အချိန်ဆိုပါတော့.. အဲ့တုန်းက ညီ့အတွက် ဘာမှအလုပ်ပေးနိုင်လို့

တစ်နေ့ ဒယ်ဒီကုမ္ပဏီကိုဆက်ခံပြီး ဒယ်ဒီခြေရာ နင်းနိုင်ရမယ်

ဆိုတဲ့ ဆုံးဖြတ်ချက်တွေက ညီ့ကြောင့် ညတွင်းချင်းပြောင်လဲခဲ့

ရတယ်"

"................"

"ကျွန်တော် သူများအသက်ကယ်ဖို့ကို စိတ်မဝင်စားပါဘူး မမခင်

ကျွန်တော် ဆန္ဒအရှိဆုံးက သော်ဒီထူးဟန်ဆိုတဲ့ လူသားလေးကို

တစ်သက်လုံး အနာတရ ကင်းစေချင်ခဲ့မိတာပါ"

"ဒါပေမယ့် ဩဂတ်.. တို့အချစ်တွေကလည်း မင်းအပေါ်မှာ

စစ်မှန်ခဲ့ပါတယ်"

"ကျွန်တော်ကို ဆွဲထားဖို့ မကြိုးစားပါနဲ့တော့ မမခင်ရယ်...

ကိုယ်ချစ်တဲ့ လူကို ရင်ထဲမှာထည့်ပြီး ကိုယ့်ကိုချစ်တဲ့လူအနား

နေမယ်ဆိုရင် ဘယ်တရားပါ့မလဲ"

"ဩဂတ်... မင်းကြိုးစားကြည့်လို့ရပါတယ် တို့ကိုချစ်ကြည့်လို့

ရတယ်လေ မင်းအတွက် အချိန်ပေးနိုင်တယ် ဘယ်လောက်ပဲကြာကြာ တို့စောင့်နေပေးပါ့မယ်"

"မမခင်က ဘယ်လောက်ထိ စိတ်ရှည်မှာလဲ တစ်နှစ်လား

ဒါမှမဟုတ် ဆယ်နှစ်လား ကျွန်တော်က မချစ်ဘူးလို့ ပြောရင်

အဲ့အဓိပ္ပာယ်က တစ်သက်လုံး ဘယ်တော့မှ ချစ်တယ်လို့ဖြစ်လာမှာ

မဟုတ်ဘူးဆိုတဲ့ သဘောပါပဲ .."

"ဩဂတ်!!!

သူ ချက်ချင်း ထရပ်လိုက်တော့ မမခင်မှာ မျက်ရည်တွေ

ပိုးပိုးပေါက်ပေါက် ကျလာသည်။ ဆုံးဖြတ်ချက်တွေ ခိုင်မာ

နေသည်မို့ နောက်ဆုတ်ဖို့ စိတ်ကူးလည်းမရှိ။

"ကျွန်တော့်ဘဝ တစ်လျှောက်လုံး လူတစ်ယောက်ထဲကိုသာ

ပြေးလိုက်ခဲ့ဖူးတယ် အဲ့ဒီလူက သော်ဒီထူးဟန်ပါပဲ.."

"မမခင်က!!!

"ကျွန်တော့်ကို ခွင့်ပြုပါဦး နောက်... ထပ်မတွေ့ကြရအောင်!!!

အဆက်မပြတ် စီးဆင်းနေတဲ့ မျက်ရည်တွေအား သုတ်ရင်း

ယောက်ျားဆန်သော ကျောပြင်ကျယ် တစ်ခုအား မျက်ရည်တွေ

ကြားကနေ ကြည့်နေခဲ့မိသည်။ ထိုယောက်ျားက သူမကိုတစ်ချက်

မကြည့်ပါပဲ သူမ ဘဝထဲမှာ လုံးဝ မရှိဖူးခဲ့တဲ့အတိုင်း လှည့်ထွက်

သွားခဲ့သည်။

ဩဂတ်မှာ ဆေးရုံကနေ တစ်ခါထဲထွက်ခဲ့ပြီး မမခင်ဘဝထဲကနေပါ ထွက်လာခဲ့ဖို့ အစကတည်းက ဆုံးဖြတ်ထားခဲ့သည်။ အခုလို

နှစ်ဦးသား မျက်နှာချင်းဆိုင်ပြောခဲ့ပြီး မမခင်ကို ပွင့်ပွင့်လင်းလင်း

ထားခဲ့လိုက်တော့ စိတ်တွေက ပေါ့ပါးသွားတာကို ဝန်ခံရမည်။

အိမ်ကိုပြန်လာတဲ့ တစ်လျှောက်လုံး ပေါ့ပါးနေပေမယ့် ညီ့ကို

ပြန်မတွေ့ရသေးဘူးဆိုတာ တွေးမိသွားပြန်တော့ စိတ်တွေက

လေးလံလာပြန်သည်။ ညီတစ်ယောက် ကိုယ့်ကို တော်တော်များ

နာကျည်းသွားလေပြီလား။

ထိုစဉ် ခြံထဲက‌နေ ဆိုင်ကယ်နဲ့ မောင်းထွက်လာတဲ့ ရင်းနှီးတဲ့

အရိပ်လေးကြောင့် ကားကို ရပ်ပစ်လိုက်သည်။

"ညီ!!! ခဏနေဦး!!

ညီက နားမထောင်ပါ။ ကိုယ့်ကိုတောင် တစ်ချက်လှည့်မကြည့်။

ဒါမှမဟုတ် မမြင်တာများလား။ ဒါလည်း မဖြစ်နိုင်ပါ..။

တစ်လျှောက်လုံး ပျောက်နေခဲ့ပြီးမှ ကိုယ်မရှိတဲ့အချိန်မှ အိမ်ကို

ပြန်ရောက်လာတာမို့ ကားကိုမောင်းပြီး ခြံထဲဝင်ခဲ့လိုက်သည်။

ကားကိုရပ်ပြီး အောက်ဆင်းတော့ အရင်ဆုံး အညှော်နံ့

တစ်ခုက နှာခေါင်းဆီ အလုအယက် ဝင်လာသည်မို့ ဘေးဘီကို

ဝေ့ရှာလိုက်တော့ ခြံရဲ့ တစ်နေရာမှာ ပစ္စည်းတွေကို စုပြီး

မီးရှို့ထားပုံပေါ်၏။ ထို့နောက် ဩဂတ် ထိုအနီးကို အလျင်အမြန်

ပြေးကြည့်လိုက်တော့မှ မြင်လိုက်ရတဲ့ အရာတွေကြောင့် မျက်ရည်တွေ ဝဲတက်လာတော့သည်။

မီးရှိူ့ခံထားရတဲ့ ပစ္စည်းတွေက ကိုယ့်အ‌ကြောင်း ရေးထားတဲ့

စာအုပ်လေးအပြင် သူ့အတွက် ပထမဆုံး ကိုယ်ပေးခဲ့ဖူးတဲ့

လေယာဉ်ပျံအရုပ်လေးရယ် သူတယုတယ သိမ်းထားဖူးတဲ့

ခြေညှပ်ဖိနပ်လေးလည်းပါဝင်လေရာ တစ်ခြားသောအမှတ်တရ

အရုပ်တွေလည်း မီးထဲ ပစ်ထည့်ခဲ့လေခြင်း။

ဩဂတ် ခြေထောက်တွေ ညွတ်မကျခင်မှာ ကိုယ့်ကိုယ်ကိုယ်

ပြန်ထိန်းရင်း ထိုင်ချလိုက်ကာ သူနဲ့ညီ့ရဲ့ အမှတ်တရတွေ

အားလုံး မီးလောက်ကျွမ်းသွားသည်အား ရင်နာနာဖြင့်ကြည့်နေခဲ့ရသည်။ အခုမှပဲ ညီ သူ့ကို ဒီလောက်ထိ စိတ်ပြတ်နိုင်ကြောင်း

ဩဂတ် သိရတော့သည်။ ရန်ကုန်တစ်မြို့လုံး ညီသွားနေကျ

နေရာတွေအကုန်လုံးကို သွားရှာခဲ့ပေမယ့် မတွေ့ခဲ့ရသူက

အခုတော့ ပေါ်လာခဲ့သည်။

အမှတ်တရတွေက ဒီလောက်ထိ ဖျက်စီးဖို့ လွယ်သလား...။

ကိုကိုပြောတာကိုလည်း နည်းနည်းနားထောင်ပေးလို့မရဘူးလား

ကိုကို့ဘက်ကလည်း ......မင်းကို

...................

"အရင်တုန်းကတော့ ဆေးလိပ်သောက်ရင် ဘာဖြစ်တယ်

ညာဖြစ်တယ်နဲ့ အခုကျ ကိုယ်တိုင်လည်း အသည်းကွဲရော

ဆေးလိပ်သောက်ပြီး စိတ်ထွက်ပေါက်ရှာနေတာ မြင်မကောင်းဘူး"

မင်းသွင်ရဲ့ ပြောင်ချော်ချော် စကားကို မဲ့ပြုံးနဲ့သာ တုန့်ပြန်ပြီး

ဆေးလိပ်ငွေ့တွေအား မှုတ်ထုတ်လိုက်သည်..။ ဩဂတ်ရဲ့

အခုလို မူးရူးကွဲပြဲနေပုံကလည်း မင်းသွင်အတွက် အထူးအဆန်း

ဖြစ်လို့နေခဲ့ပါသည်။

ဒီကောင်က ဘာမဆို ဦးနှောက်ကိုပဲ သုံးတာ ဒီတော့ရှိနေတဲ့

နှလုံးသားတစ်စုံက ခြစားကုန်တာပေါ့။ အစကနေ အဆုံးထိ

ဩဂတ် ရွေးတွဲခဲ့သူတွေက သူ့အတွက် အဆင်ပြေမယ်ထင်ခဲ့လို့ပါပဲ။  အဲ့ဒီထက်တော့ မပိုပါ။ သူခံစားနေတာကလည်း သူ့အပြစ်

မဟုတ်ဘူးဟု မင်းသွင်ထင်မိပါသည်။

"မမခင် ငိုနေတာတဲ့... သူ့အဖေကတော့ မင်းကိုကျိန်းနေတာပဲ"

ဩဂတ် ဂရုမစိုက်မှန်း မင်းသွင်သိတာမို့ တမင်ပြောလိုက်တယ်။

ထင်တဲ့အတိုင်း ဘယ်သူဘာဖြစ်ဖြစ် ဩဂတ်ဂုဏ်ပိုင်က

ဂရုကိုမစိုက်တာ။ ဒါပေမယ့် ဒီကောင့်ကို အခုလိုဖြစ်အောင်

လုပ်နိုင်တဲ့ သော်ဒီထူးဟန်ကိုတော့ စိတ်ရင်းနဲ့ချီးကျူးမိသည်။

"ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ.."

"မသိဘူး!!.. ဟိုတလောက ညီ့ကို တွေ့လိုက်တယ်

ငါတို့ရဲ့ အမှတ်တရပစ္စည်းမှန်သမျှကို ဖျက်စီးသွားတယ်"

"သူ မလုပ်ခဲ့တာကမှ ထူးဆန်းဦးမှာ.."

ဩဂတ် မျက်နှာထားတင်းတင်းနဲ့ပဲ အံကြိတ်ပစ်လိုက်သည်။

ပါးပေါ်ကို ပေါက်ခနဲ ကျလာတဲ့ မျက်ရည်အား လစ်လျူရှုရင်း

ဆက်ပြောလာ၏။

"ညီ ငါ့ကို မုန်းသွားတယ်လို့ မင်းထင်လား.."

"သူမင်းကို မမုန်းလောက်ဘူး ဒါပေမယ့် သူပြန်လာရင်တော့

မင်းကို ချစ်ခဲ့တဲ့သူတစ်ယောက်အနေနဲ့ မဟုတ်ပဲ မင်းသိပ်လိုချင်တဲ့

ညီလေး တစ်ယောက်လိုမျိုး ပြန်လာမှာလေ မပျော်ဘူးလား!!

အလိမ်မာနည်းနဲ့ ဩဂတ်ကို အကဲခတ်တော့ တုန်လှုပ်သွားတာမို့

မင်းသွင်ပြုံးရသည်။

"မင်းသိလား မင်းသွင်!! ငါအကြောက်ဆုံးက ညီ ငါ့ကြောင့်

နာကျင်မှာကိုပဲ အခုတော့ ငါကိုယ်တိုင်သူ့ကို နာကျင်အောင်

လုပ်ခဲ့မိပြီ အဟက်...ပိုပြီး ရယ်စရာကောင်းတာက ငါဆိုတဲ့

ကောင်ကလေ ညီလေးတစ်ယောက်လို သဘောထားခဲ့တဲ့

သူ့ကို ညီတစ်ယောက်ထက် ပိုပြီး ချစ်မိသွားတာပဲ.."

"အဲ့တော့ ဝန်ခံလိုက်တာလား ဒါကိုသာ သူသိရင် ဘယ်လောက်

ဝမ်းသာနေမလည်း မင်းတွေးကြည့်"

"အရင်က ငါသူ့အပေါ် ဖြူစင်ခဲ့တာကို ခေါင်းမော့ရင်ကော့ပြီး

ပြောနိုင်ခဲ့ပေမယ့် အခုတော့... ငါမပြောနိုင်တော့ဘူး

ပြန်တွေးရမယ်ဆို အရင်ကရော ငါသူ့အပေါ်မှာ ဖြူစင်ခဲ့ရဲ့လားလို့

ငါ့ကိုယ်ငါ ပြန်မေးနေမိတယ် .."

မင်းသွင်က ခေါင်းတညိတ်ညိတ်ဖြင့် အသိမှတ်ပြုသည်..။

"အဲ့တော့ မင်းဘက်က သူ့ကိုချစ်နေကြောင်းကို ဘယ်တုန်းက

သိခဲ့တာလဲ.."

ဩဂတ်က ခေါင်းပဲခါပြပြီး

"ငါမသိဘူး မင်းသွင်.. သူငါ့ကို အဆက်သွယ်ဖြတ်တာ

ဘယ်လောက်ရှိပြီလဲ မင်းသိလား ၂လကျော်ပြီကွ!!!

".............."

"ဒီ၂လလုံး ရွေ့လျားနေတဲ့ စက္ကန့်တိုင်းက ငရဲကျနေသလိုပဲ..

ငါသူ့ကို အရမ်းတွေ့ချင်တယ်"

"ဒါဆိုလည်း သွားတွေ့လိုက်ပေါ့ သူ မင်းဒယ်ဒီဆီကို

ရောက်နေတာ မဟုတ်ဘူးလား"

"ညီ ငါ့ကို ခါးခါးသီးသီး ဖြစ်ပြီး မုန်းနေမှာကိုငါကြောက်တယ်

သွားတွေ့လို့ မဖြစ်ဘူး"

"မင်းက ဘာကောင်နဲ့တူလည်းဆိုတော့ အဖျားတက်ပြီး

အမှည့်စားချင်တဲ့ကောင်နဲ့ သွားတူနေတယ် ရလဒ်ကောင်း

လိုချင်ရင်တော့ မင်းဘက်က ကြိုးစားရမှာပဲလေ.."

ဩဂတ် ခေါင်းငိုက်စိုက်ကျပြီး ရှိုက်ကြီးတငင် ငိုချလာသည်။

ဒီတော့ သူငယ်ချင်းတစ်ယောက်အနေနဲ့ နှစ်သိမ့်ရမယ့်တာဝန်

ရှိတာပါပဲ..။ ဘယ်မိန်းမကမှ မျက်ရည်ကျအောင်မလုပ်နိုင်ခဲ့တဲ့

ကောင်ကို သော်ဒီထူးဟန်က တစ်ချက်ထဲနဲ့ ထိထိရောက်ရောက်

လုပ်သွားခဲ့သည်။

Zawgyi

ခ်စ္သူတစ္ေယာက္ ေကာက္ရထားသည္ {အခန္း ၂၁}

ဩဂတ္မွာ ေဆးရုံကခြင့္ယူျပီး မမခင္နဲ့လည္း မဆက္သြယ္သလို

ညီ့အေြကာင္းကိုလည္း ဖက္တီးဆီ တကူးတက ဖုန္းဆက္ျပီး

မေမးေတာ့။ ဒါေပမယ့္ ဖုန္းလာခ်ိန္တိုင္း အိမ္ေျပးေလးမ်ား

ဆက္သြယ္လာတာလားလို့ ြကည့္ရတာအေမာ။ ဩဂတ္အိပ္ခ်ိန္ေတြ မမွန္ေတာ့သလို စားခ်ိန္လည္းမမွန္ေတာ့..။

အတိအက်ဆို အဲ့ဒီေကာင္ေလး သူ့ဆီက ဒီေလာက္အြကာြကီးမွ

ထြက္မသြားခဲ့ဘူးတာ။ ဒယ္ဒီဆီ ခဏခဏ ဖုန္းဆက္ကာ ညီမ်ား

လာရဲ့လားလို့ ေမးြဖစ္ေသာ္လည္း ဒယ္ဒီစကားက တစ္ခြန္းတည္းရယ္။ ြကာေတာ့ သူစိတ္ပ်က္ရသည္။ ဒီေကာင္ေလး ဘယ္မ်ား

ထြက္သြားပါလိမ့္။

ဒီညအပါဝင္ သူ အကုန္လုံးနဲ့အဆက္သြယ္ြဖတ္ထားခဲ့တာ

၃ရက္ေလာက္ရွိေနျပီ။ ညီေဆးလိပ္ေသာက္တာျမင္ရင္ေတာင္

တားယူရတဲ့အထိ မြကိုက္တဲ့သူက အခုေတာ့ အခန္းထဲမွာ

ဘီယာတစ္ဗူးနဲ့ စီးကရက္ကိုလည္း စိတ္ထြက္ေပါက္ေပးတဲ့အေနနဲ့ ထိုင္ဖြာေနခဲ့သည္။

ဒီလိုဆိုေတာ့လည္း မင္းသြင္ရဲ့ 'မင္းအသည္းကြဲမွ ငါ့ခံစားခ်က္ကို

သိမယ္' ဆိုတဲ့စကားကိုြကားေယာင္ရင္း နွုတ္ခမ္းမဲ့ပစ္ျပီး

ကိုယ့္ကိုယ္ကိုယ္ ေလွာင္ပစ္လိုက္သည္။ အမဲေရာင္ Pants

အရွည္ကို ဝတ္ထားေပမယ့္ အေပါ္ပိုင္းကေတာ့ ဘာမွ

မပါပဲ ဗလာက်င္းေန၏။ စိုရြွဲေသာ ေခ်ြးတို့ေြကာင့္ ြဖူေနေသာ

သူ့အသားရည္က ေျပာင္လက္ေနခဲ့သည္။

ဘီယာတစ္ဗူးကုန္သည္ထိ ေသာက္ျပီးေနာက္မွာေတာ့ ကုတင္ေပါ္

တက္ မအိပ္နိုင္ဘဲနဲ့ ြကမ္းျပင္ေပါ္မွာပဲ မူးျပီး အိပ္သြားခဲ့ပါသည္။

ည၁၁ခြဲ အခ်ိန္မွာေတာ့ သူ့ကိုလန့္နိုးေစခဲ့တာက က်ယ္ေလာင္တဲ့

ဖုန္းျမည္သံတစ္ခုက။ မ်က္လုံးေတြ ဆတ္ခနဲ ဖြင့္လာရင္း အဆက္

မျပတ္ျမည္ေနတဲ့ ဖုန္းကို အသည္းအသန္လိုက္ရွာရ၏။

ညီမ်ား ဆက္သြယ္တာလားမသိ..။

"ဟယ္လို.. ညီ.. အခုဘယ္မွာလဲ အိမ္ျပန္လာခဲ့ ကိုကိုတို့

ေကာင္းေကာင္းေျပာြကရေအာင္!!

ေျပာရင္းးနဲ့ ဩဂတ္မ်က္ဝန္းေတြ စိုစြတ္လာ၏။ ညီ့ရဲ့ ကိုကိုလို့

ေခါ္တဲ့ အသံေလးကို အရမ္းလြမ္းရေပမယ့္...

'ဩဂတ္.. ဘာေတြေျပာေနတာလဲ မမခင္ ေျပာေနတာပါ'

ထိုအခါမွ သူ Phone Screen ေပါ္က Contact name ကို

တစ္ခ်က္ျပန္ြကည့္မွ မမခင္ဆိုတဲ့ နာမည္ေလးကို ေတြ့ရသည္ေြကာင့္ စိတ္ကိုျပန္ေလ်ွာ့လိုက္ရေပမယ့္ ဘာကိုဝမ္းနည္းလို့

ဝမ္းနည္းမွန္းမသိ။

"ေတာင္းပန္ပါတယ္ မမခင္.. အိပ္ခ်င္မူးတူးဆိုေတာ့

ဖုန္းနံပါတ္ကို မြကည့္လိုက္မိဘူး ညီညီ ထင္လိုက္မိတာ.."

'အာ.. ဩဂတ္ညီက ဘာြဖစ္လို့လဲ'

"ကေကာက္ကစ ြဖစ္ျပီး အိမ္ကေန ထြက္သြားလို့ပါ မမခင္

က်ြန္ေတာ္ အရမ္းစိတ္ပူေနတာ"

'အင္း'

"မမခင္ ဘာေျပာစရာရွိလို့လည္းဟင္ .."

'ဩဂတ္ ခြင့္ယူသြားတယ္ဆိုလို့ေလ ဘာမ်ားြဖစ္တာလည္းလို့"

"ဒီလိုပါပဲ နည္းနည္းအနားယူဖို့ လိုအပ္ေနလို့"

'ဪ.. ဒီလိုကိုး မမခင္က အရမ္းစိတ္ပူမိသြားတာြဖစ္မယ္"

"ဟုတ္ကဲ့.."

'ေနာက္ျပီး.. ဩဂတ္ကို မေတြ့ရတဲ့ ဒီရက္ေတြမွာ မမခင္

ပိုျပီး ေသခ်ာသြားခဲ့တယ္ သိလား'

"ဘာကိုလဲ!!

'မမခင္လည္း ဩဂတ္ကို ခ်စ္တယ္ေနာ္'

"ဗ်ာ!!!!

မမခင္ဘက္က ဖုန္းခ်သြားေတာ့ ဩဂတ္မ်က္ဝန္းထဲမွာ

မ်က္ရည္ေတြ စီးက်လာသည္။ မမခင္ကို ဖြင့္ေျပာထားတဲ့ြဖစ္ရပ္ကို သူေမ့ေနြခင္း။ အခု အေြဖျပန္ေပးလာသည္က အရင္တုန္းက

ေမ်ွာ္လင့္ေစာင့္စားခဲ့ရတဲ့ အေြဖြဖစ္သည္။ သို့ေသာ္ ဩဂတ္

မ်က္ရည္ေတြက ဝမ္းသာမ်က္ရည္ေတြ မဟုတ္ေြကာင္းကိုေတာ့

သူ့ဟာသူ ေကာင္းေကာင္းသိသည္။

ထို့ေနာက္ ရုတ္တရက္ အန္ခ်င္လာတာမို့ သန့္စင္ခန္းထဲရွိ

ေဘစင္ကို ေျပးရသည္။ စားထားသမ်ွေတြ ျပန္အန္ပစ္လိုက္ေတာ့

လူက ေခြေခါက္ယိုင္နဲ့ခ်င္လာသည္။ အန္ျပီးတာနဲ့ ဩဂတ္ရဲ့

ရွိုက္သံေတြက ပိုျပီးက်ယ္လာ၏.။ ေပါက္ကြဲခ်င္ပါေသာ္လည္း

ဘယ္သူ့ကိုေပါက္ကြဲျပီး ဘာကိုအေြကာင္းျပခ်က္ရွာရမွန္းမသိ။

"ညီကကြာ!!!

ေနာက္ဆုံးမွာေတာ့ သီးမခံနိုင္စြာ ေရွ့က မွန္ကိုပဲ လက္သီးနဲ့

တရစပ္ ပိတ္ထိုးကာ ေသြးေတြ စီးက်မွ ရပ္သြားခဲ့ေတာ့သည္..။

ေနာက္တစ္ေန့မွာေတာ့ ဩဂတ္နဲ့ မမခင္တို့ နွစ္ဦးသား ခ်စ္သူေတြ ြဖစ္သြားြကျပီ‌ဆိုတဲ့ သတင္းက ဘယ္သူ့လက္ခ်က္ေြကာင့္

လည္းေတာ့မသိ ေဆးရုံတစ္ခုလုံး ျပန့္နွံ့ေနေြကာင္း မင္းသြင္

လွမ္းေျပာလို့ သူျပန္သိခဲ့ရသည္။

.........................

ဩဂတ္တစ္ေယာက္ ေရွ့မွာ ရို့ရို့ေလးထိုင္ေနတဲ့ မမခင္ကို

စိတ္မသက္သာစြာ ြကည့္လိုက္သည္။ သူနဲ့ မမခင္ ခ်စ္သူေတြ

ြဖစ္ျပီဆိုတဲ့ သတင္းက မမခင္ရဲ့ အေဖ ေဆးရုံအုပ္ဆီကိုေတာင္

ေရာက္လို့သြားခဲ့သည္မို့ ေျပးေပါက္ပိတ္ေနခဲ့သည္။

မမခင္လက္ကို ဆြဲျပီး နီးစပ္ရာ ကေဖးဆိုင္တစ္ခုမွာ ဝင္ထိုင္ေတာ့

မမခင္ရဲ့ အျပုံးေတြ ပိုေတာက္ပလာတာကို သူလည္းေတြ့ရပါ၏။

ဩဂတ္မွာ ဘယ္လိုရွင္းျပျပီး ဘယ္လိုေရွာင္ထြက္ရမလည္းဆိုတာ

တကယ္မသိ။ ဒါေပမယ့္ ဒီျပဿနာကို ေခါင္းေရွာင္ရုံေလာက္နဲ့ေတာ့ ျပီးသြားမွာမဟုတ္ဘူးဆိုတာ သိတာမို့ ထိပ္တိုက္ရင္ဆိုင္ဖို့

ဆုံးြဖတ္ရြခင္း ြဖစ္သည္။

"မမခင္က အိမ္ေထာင္ျပုရမယ့္အရြယ္ ေရာက္ေနျပီ ဩဂတ္..

တို့ေဖေဖကလည္း ဩဂတ္ရဲ့ မိဘေတြနဲ့ ေတြ့ခ်င္ေနတယ္"

သူ မမခင္ မ်က္နွာကိုေသခ်ာြကည့္လိုက္သည္။ လွပတင့္တယ္တဲ့

မမခင္မ်က္နွာနုနုေလးက အျပစ္ကင္းစင္ေနကာ နွစ္လိုဖြယ္

ေကာင္းေနခဲ့သည္။ မမခင္ကို ရတဲ့ ေယာက္်ားက ကမ္ဘာမွာ

ကံအေကာင္းဆုံးလူြဖစ္မယ္လို့ ထင္မိသမ်ွက အခုေတာ့

ထိုကံေကာင္းမွုြကီးအား သူ မယူလိုေတာ့ပါ။

"မမခင္!!!

"ဟင္!!

မမခင္ မ်က္လြွာခ်ထားရာမွ သူ့ကိုြကည့္လာပုံက အံ့ဩဝိုင္းစက္လို့။

"က်ြန္ေတာ္ Cancel လိုက္လို့ ရမလား!!!

"ဟမ္!! ဘာကိုလဲ ဩဂတ္"

ဩဂတ္ အံကိုတင္းတင္းြကိတ္ျပီး ဆက္ကာ

"မမခင္ကို ခ်စ္တယ္လို့ ဖြင့္ေျပာခဲ့တာကို Cancel လိုက္လို့

မရဘူးလား.."

စကားအဆုံး မမခင္ရဲ့ သိက္ခာကို ထိပါးခံရလို့ တင္းခနဲ

ြဖစ္သြားတဲ့ မ်က္နွာအား သူေတြ့ရေပမယ့္ မတတ္နိုင္ပါ..။

ေျပာတာကလည္း ေျပာျပီးေနျပီ မမခင္ မေက်နပ္လို့ရိုက္မယ္

ဆိုလည္း သူက အရိုက္ခံရုံသာ။

"ဩဂတ္.. ဘာေျပာလိုက္တယ္ Cancel မယ္ ဟုတ္လား"

"ေတာင္းပန္ပါတယ္ မမခင္..."

"ဒါက အေရာင္းအဝယ္လုပ္ေနတာ မဟုတ္ဘူး ဩဂတ္

မင္း တို့ကိုဖြင့္မေျပာခင္မွာ နည္းနည္းမွ မစဉ္းစားခဲ့ဘူးလား"

"မဟုတ္ပါဘူး မမခင္ က်ြန္ေတာ္ အဲ့အခ်ိန္တုန္းကေတာ့

မမခင္ကို တကယ္ပဲ... "

"မင္းရဲ့ အေြခအျမစ္မရွိတဲ့ စကားေတြကို ငါနားေထာင္ဖို့

အားေနတယ္ ထင္လို့လား.."

မမခင္ ေပါက္ကြဲထြက္လာေနတာကို ဩဂတ္သက္ျပင္းတခ်ခ်ပဲ

ြကည့္ေနလိုက္သည္။ မမခင္အတြက္ ဒီစကားေတြက သိပ္ကို

အဓိပ္ပာယ္မဲ့လြန္းရာ က်ေပမယ့္ သူ့အတြက္ေတာ့ ဆန့္က်င္ဘက္သာ ေတြးရပါမည္။

"တို့က ဘာမ်ားလိုအပ္လို့လဲ ဩဂတ္ရယ္.."

ေနာက္ဆုံးမွာေတာ့ မမခင္ တရွုံ့ရွုံ့ငိုခ်သည္။ ြကည့္ေနရင္း

စိတ္မေကာင္းရုံကလြဲျပီး ဩဂတ္မွာ ဘာမွလုပ္မေပးနိုင္ပါ။

"မင္းနဲ့ တို့ ခ်စ္သူြဖစ္ေနြကျပီဆိုတာ အသိုင္းဝိုင္းတစ္ခုလုံး

သိကုန္ြကျပီ ဩဂတ္.. ဒီကိစ္စကို မင္းမ်က္နွာလြွဲ ခဲပစ္လုပ္လို့

မရဘူး နားလည္ရဲ့လား.."

"က်ြန္ေတာ္နဲ့ မမခင္ ဘာမွ လြန္လြန္က်ူးက်ူး ြဖစ္မထားဘူး

ဆိုတာ မမခင္ သိတာပဲ မဟုတ္ဘူးလား က်ြန္ေတာ္ကေတာ့

ရွင္းတယ္ ကိုယ္မလုပ္ဖူးတဲ့ကိစ္စအတြက္ တာဝန္မယူနိုင္ဘူး!!

သူမမ်က္နွာက ရဲတြတ္လာသည္။ ေယာက္်ားတစ္ေယာက္ကို

ဒီလိုနည္းနဲ့ ခ်ုပ္ကိုင္လို့ရမယ္လို့ ေတြးခဲ့မိတာက သူမရဲ့အမွား။

အထူးသြဖင့္ ဒီအကြက္ကို ဩဂတ္ဂုဏ္ပိုင္ဆီမွာသုံးခဲ့မိတာပဲ။

ေယာက္်ားေကာင္းတစ္ေယာက္ဆိုရင္ မိန္းကေလးတစ္ေယာက္ရဲ့

အရွက္သိက္ခာကို ကာကြယ္ရမယ္ဆိုတဲ့ သူမရဲ့အေတြးေတြ ဗ်ူဟာေတြက ဩဂတ္ဆီမွာ အလုပ္မြဖစ္။

"ဘာပဲြဖစ္ြဖစ္ မင္းနဲ့တို့က ခ်စ္သူေတြြဖစ္!!!!

"က်ြန္ေတာ္ မမခင္ကို မခ်စ္ဘူး!!

မိုးြကိုးဆယ္စင္းေလာက္ ပစ္ခံရသလို သူမေတာင့္ေတာင့္ြကီး

ြဖစ္သြားရသည္။ အခု ေရွ့မွာ ေတြ့ေနတဲ့ ေယာက္်ားက သူမကို

ခ်စ္ပါတယ္လို့ ေျပာဖူးတဲ့ ေယာက္်ားနဲ့ လားလားမွမဆိုင္..။

မ်က္လုံးေတြ ဝိုင္းစက္ရင္း အသံတိတ္ မ်က္ရည္က်ေသာ္လည္း

ျပန္ရတာက မ်က္နွာလြွဲသြားတဲ့ တုန့္ျပန္ခ်က္တစ္ခုသာ။

"က်ြန္ေတာ္အခ်စ္လို့ ထင္ခဲ့တာပါ အဲ့ဒါေြကာင့္ဖြင့္ေျပာခဲ့တာ

အစတုန္းက မမခင္ကို ျမင္ရင္ စိတ္လွုပ္ရွားတာေတာ့ အမွန္ပဲ

မမခင္အလွက ထူးြခားတယ္ က်က္သေရရွိတယ္ မမခင္ကို

ရတဲ့ ေယာက္်ားက ကံအေကာင္းဆုံးလူ ြဖစ္လိမ့္မယ္လို့

က်ြန္ေတာ္ ေတြးဖူးခဲ့တာပါ ဒါေပမယ့္ အခု က်ြန္ေတာ့္မွာ အဲ့ဒီလို

ခံစားခ်က္ေတြ တစ္ခုမွ ရွိမေနေတာ့ဘူး.."

"ဒီလို ေျပာရတဲ့အတြက္ မင္းမွာအေြကာင္းျပခ်က္ရွိမွာေပါ့"

ဩဂတ္ မ်က္နွာ ပ်က္သြားခဲ့သည္။

"တို့မွန္းတာ မွန္ေနတာပဲ ဘယ္သူ့ေြကာင့္လဲ မင္းရဲ့

ေသြးမေတာ္သားမစပ္ ညီေြကာင့္လား.."

ဩဂတ္မ်က္လုံးေတြ ဝိုင္းခနဲြဖစ္ရင္း မမခင္ကိုအထူးအဆန္း

ြကည့္ေနမိ၏။ ဟုတ္ေပမယ့္လည္း ရွက္ရွက္နဲ့ သူဝန္မခံခ်င္ပါ။

"ေနာက္ဆုံးေတာ့ တို့ ရွူံးသြားတာပဲ ဩဂတ္ရယ္ သိလား.

မင္းက မမခင္ကို သိမ္ငယ္ေစတာပဲ တို့က ေယာက္်ားတစ္ေယာက္ကို ရွူံးသြားတယ္တဲ့လား"

"စိတ္မေကာင္းပါဘူးဆိုတဲ့ စကားကလြဲရင္ က်ြန္ေတာ့္မွာ

ဘာမွ ေျပာစရာမရွိပါဘူး ေနာက္ျပီး က်ြန္ေတာ္ မနက္ကပဲ

ေဆးရုံကေန အလုပ္ထြက္ခဲ့လိုက္ျပီ!!!

ဒီတစ္ခါေတာ့ သူမ တကယ္လန့္သြားရသည္။ ဆရာဝန္

တစ္ေယာက္က လက္ရွိအလုပ္ကေန နွုတ္ထြက္မယ္ဆိုပါက

အြကိမ္ြကိမ္ ျပန္စဉ္းစားျပီးမွ အလုပ္ထြက္ြကတာြဖစ္သည္။

ဒါေပမယ့္ ဩဂတ္ကေတာ့ အလုပ္ထြက္ရြခင္းကို အြကိမ္ြကိမ္

စဉ္းစားပုံမရ။ ေတြေဝမွုမရွိ ထြက္ခဲ့တာ ြဖစ္နိုင္ပါသည္။

"ဘာြဖစ္လို့လဲ.."

"က်ြန္ေတာ္ ဝါသနာပါလို့ ဆရာဝန္ြဖစ္ခ်င္ခဲ့တာမဟုတ္သလို

တစ္ေန့ ဆရာဝန္ြဖစ္ရမယ္ဆိုတဲ့ ရည္ရြယ္ခ်က္လည္း က်ြန္ေတာ္မွာ မရွိဘူး မမခင္!!

"..........."

"ဒါေတြအကုန္ ညီ့ေြကာင့္အစျပုခဲ့တာ သူငယ္ငယ္က

ေခြးကိုက္ခံရဖူးတယ္ ဘာမွမလုပ္တတ္ မကိုင္တတ္နဲ့

က်ြန္ေတာ္ အသည္းခိုက္မတတ္ ေသေလာက္ေအာင္နာက်င္ရတဲ့

အခ်ိန္ဆိုပါေတာ့.. အဲ့တုန္းက ညီ့အတြက္ ဘာမွအလုပ္ေပးနိုင္လို့

တစ္ေန့ ဒယ္ဒီကုမ္ပဏီကိုဆက္ခံျပီး ဒယ္ဒီေြခရာ နင္းနိုင္ရမယ္

ဆိုတဲ့ ဆုံးြဖတ္ခ်က္ေတြက ညီ့ေြကာင့္ ညတြင္းခ်င္းေျပာင္လဲခဲ့

ရတယ္"

"................"

"က်ြန္ေတာ္ သူမ်ားအသက္ကယ္ဖို့ကို စိတ္မဝင္စားပါဘူး မမခင္

က်ြန္ေတာ္ ဆန္ဒအရွိဆုံးက ေသာ္ဒီထူးဟန္ဆိုတဲ့ လူသားေလးကို

တစ္သက္လုံး အနာတရ ကင္းေစခ်င္ခဲ့မိတာပါ"

"ဒါေပမယ့္ ဩဂတ္.. တို့အခ်စ္ေတြကလည္း မင္းအေပါ္မွာ

စစ္မွန္ခဲ့ပါတယ္"

"က်ြန္ေတာ္ကို ဆြဲထားဖို့ မြကိုးစားပါနဲ့ေတာ့ မမခင္ရယ္...

ကိုယ္ခ်စ္တဲ့ လူကို ရင္ထဲမွာထည့္ျပီး ကိုယ့္ကိုခ်စ္တဲ့လူအနား

ေနမယ္ဆိုရင္ ဘယ္တရားပါ့မလဲ"

"ဩဂတ္... မင္းြကိုးစားြကည့္လို့ရပါတယ္ တို့ကိုခ်စ္ြကည့္လို့

ရတယ္ေလ မင္းအတြက္ အခ်ိန္ေပးနိုင္တယ္ ဘယ္ေလာက္ပဲြကာြကာ တို့ေစာင့္ေနေပးပါ့မယ္"

"မမခင္က ဘယ္ေလာက္ထိ စိတ္ရွည္မွာလဲ တစ္နွစ္လား

ဒါမွမဟုတ္ ဆယ္နွစ္လား က်ြန္ေတာ္က မခ်စ္ဘူးလို့ ေျပာရင္

အဲ့အဓိပ္ပာယ္က တစ္သက္လုံး ဘယ္ေတာ့မွ ခ်စ္တယ္လို့ြဖစ္လာမွာ

မဟုတ္ဘူးဆိုတဲ့ သေဘာပါပဲ .."

"ဩဂတ္!!!

သူ ခ်က္ခ်င္း ထရပ္လိုက္ေတာ့ မမခင္မွာ မ်က္ရည္ေတြ

ပိုးပိုးေပါက္ေပါက္ က်လာသည္။ ဆုံးြဖတ္ခ်က္ေတြ ခိုင္မာ

ေနသည္မို့ ေနာက္ဆုတ္ဖို့ စိတ္ကူးလည္းမရွိ။

"က်ြန္ေတာ့္ဘဝ တစ္ေလ်ွာက္လုံး လူတစ္ေယာက္ထဲကိုသာ

ေျပးလိုက္ခဲ့ဖူးတယ္ အဲ့ဒီလူက ေသာ္ဒီထူးဟန္ပါပဲ.."

"မမခင္က!!!

"က်ြန္ေတာ့္ကို ခြင့္ျပုပါဦး ေနာက္... ထပ္မေတြ့ြကရေအာင္!!!

အဆက္မျပတ္ စီးဆင္းေနတဲ့ မ်က္ရည္ေတြအား သုတ္ရင္း

ေယာက္်ားဆန္ေသာ ေက်ာျပင္က်ယ္ တစ္ခုအား မ်က္ရည္ေတြ

ြကားကေန ြကည့္ေနခဲ့မိသည္။ ထိုေယာက္်ားက သူမကိုတစ္ခ်က္

မြကည့္ပါပဲ သူမ ဘဝထဲမွာ လုံးဝ မရွိဖူးခဲ့တဲ့အတိုင္း လွည့္ထြက္

သြားခဲ့သည္။

ဩဂတ္မွာ ေဆးရုံကေန တစ္ခါထဲထြက္ခဲ့ျပီး မမခင္ဘဝထဲကေနပါ ထြက္လာခဲ့ဖို့ အစကတည္းက ဆုံးြဖတ္ထားခဲ့သည္။ အခုလို

နွစ္ဦးသား မ်က္နွာခ်င္းဆိုင္ေျပာခဲ့ျပီး မမခင္ကို ပြင့္ပြင့္လင္းလင္း

ထားခဲ့လိုက္ေတာ့ စိတ္ေတြက ေပါ့ပါးသြားတာကို ဝန္ခံရမည္။

အိမ္ကိုျပန္လာတဲ့ တစ္ေလ်ွာက္လုံး ေပါ့ပါးေနေပမယ့္ ညီ့ကို

ျပန္မေတြ့ရေသးဘူးဆိုတာ ေတြးမိသြားျပန္ေတာ့ စိတ္ေတြက

ေလးလံလာျပန္သည္။ ညီတစ္ေယာက္ ကိုယ့္ကို ေတာ္ေတာ္မ်ား

နာက်ည္းသြားေလျပီလား။

ထိုစဉ္ ြခံထဲက‌ေန ဆိုင္ကယ္နဲ့ ေမာင္းထြက္လာတဲ့ ရင္းနွီးတဲ့

အရိပ္ေလးေြကာင့္ ကားကို ရပ္ပစ္လိုက္သည္။

"ညီ!!! ခဏေနဦး!!

ညီက နားမေထာင္ပါ။ ကိုယ့္ကိုေတာင္ တစ္ခ်က္လွည့္မြကည့္။

ဒါမွမဟုတ္ မျမင္တာမ်ားလား။ ဒါလည္း မြဖစ္နိုင္ပါ..။

တစ္ေလ်ွာက္လုံး ေပ်ာက္ေနခဲ့ျပီးမွ ကိုယ္မရွိတဲ့အခ်ိန္မွ အိမ္ကို

ျပန္ေရာက္လာတာမို့ ကားကိုေမာင္းျပီး ြခံထဲဝင္ခဲ့လိုက္သည္။

ကားကိုရပ္ျပီး ေအာက္ဆင္းေတာ့ အရင္ဆုံး အေညွာ္နံ့

တစ္ခုက နွာေခါင္းဆီ အလုအယက္ ဝင္လာသည္မို့ ေဘးဘီကို

ေဝ့ရွာလိုက္ေတာ့ ြခံရဲ့ တစ္ေနရာမွာ ပစ္စည္းေတြကို စုျပီး

မီးရွို့ထားပုံေပါ္၏။ ထို့ေနာက္ ဩဂတ္ ထိုအနီးကို အလ်င္အျမန္

ေျပးြကည့္လိုက္ေတာ့မွ ျမင္လိုက္ရတဲ့ အရာေတြေြကာင့္ မ်က္ရည္ေတြ ဝဲတက္လာေတာ့သည္။

မီးရွိူ့ခံထားရတဲ့ ပစ္စည္းေတြက ကိုယ့္အ‌ေြကာင္း ေရးထားတဲ့

စာအုပ္ေလးအျပင္ သူ့အတြက္ ပထမဆုံး ကိုယ္ေပးခဲ့ဖူးတဲ့

ေလယာဉ္ပ်ံအရုပ္ေလးရယ္ သူတယုတယ သိမ္းထားဖူးတဲ့

ေြခညွပ္ဖိနပ္ေလးလည္းပါဝင္ေလရာ တစ္ြခားေသာအမွတ္တရ

အရုပ္ေတြလည္း မီးထဲ ပစ္ထည့္ခဲ့ေလြခင္း။

ဩဂတ္ ေြခေထာက္ေတြ ညြတ္မက်ခင္မွာ ကိုယ့္ကိုယ္ကိုယ္

ျပန္ထိန္းရင္း ထိုင္ခ်လိုက္ကာ သူနဲ့ညီ့ရဲ့ အမွတ္တရေတြ

အားလုံး မီးေလာက္က်ြမ္းသြားသည္အား ရင္နာနာြဖင့္ြကည့္ေနခဲ့ရသည္။ အခုမွပဲ ညီ သူ့ကို ဒီေလာက္ထိ စိတ္ျပတ္နိုင္ေြကာင္း

ဩဂတ္ သိရေတာ့သည္။ ရန္ကုန္တစ္ျမို့လုံး ညီသြားေနက်

ေနရာေတြအကုန္လုံးကို သြားရွာခဲ့ေပမယ့္ မေတြ့ခဲ့ရသူက

အခုေတာ့ ေပါ္လာခဲ့သည္။

အမွတ္တရေတြက ဒီေလာက္ထိ ဖ်က္စီးဖို့ လြယ္သလား...။

ကိုကိုေျပာတာကိုလည္း နည္းနည္းနားေထာင္ေပးလို့မရဘူးလား

ကိုကို့ဘက္ကလည္း ......မင္းကို

...................

"အရင္တုန္းကေတာ့ ေဆးလိပ္ေသာက္ရင္ ဘာြဖစ္တယ္

ညာြဖစ္တယ္နဲ့ အခုက် ကိုယ္တိုင္လည္း အသည္းကြဲေရာ

ေဆးလိပ္ေသာက္ျပီး စိတ္ထြက္ေပါက္ရွာေနတာ ျမင္မေကာင္းဘူး"

မင္းသြင္ရဲ့ ေျပာင္ေခ်ာ္ေခ်ာ္ စကားကို မဲ့ျပုံးနဲ့သာ တုန့္ျပန္ျပီး

ေဆးလိပ္ေငြ့ေတြအား မွုတ္ထုတ္လိုက္သည္..။ ဩဂတ္ရဲ့

အခုလို မူးရူးကြဲျပဲေနပုံကလည္း မင္းသြင္အတြက္ အထူးအဆန္း

ြဖစ္လို့ေနခဲ့ပါသည္။

ဒီေကာင္က ဘာမဆို ဦးေနွာက္ကိုပဲ သုံးတာ ဒီေတာ့ရွိေနတဲ့

နွလုံးသားတစ္စုံက ြခစားကုန္တာေပါ့။ အစကေန အဆုံးထိ

ဩဂတ္ ေရြးတြဲခဲ့သူေတြက သူ့အတြက္ အဆင္ေျပမယ္ထင္ခဲ့လို့ပါပဲ။  အဲ့ဒီထက္ေတာ့ မပိုပါ။ သူခံစားေနတာကလည္း သူ့အျပစ္

မဟုတ္ဘူးဟု မင္းသြင္ထင္မိပါသည္။

"မမခင္ ငိုေနတာတဲ့... သူ့အေဖကေတာ့ မင္းကိုက်ိန္းေနတာပဲ"

ဩဂတ္ ဂရုမစိုက္မွန္း မင္းသြင္သိတာမို့ တမင္ေျပာလိုက္တယ္။

ထင္တဲ့အတိုင္း ဘယ္သူဘာြဖစ္ြဖစ္ ဩဂတ္ဂုဏ္ပိုင္က

ဂရုကိုမစိုက္တာ။ ဒါေပမယ့္ ဒီေကာင့္ကို အခုလိုြဖစ္ေအာင္

လုပ္နိုင္တဲ့ ေသာ္ဒီထူးဟန္ကိုေတာ့ စိတ္ရင္းနဲ့ခ်ီးက်ူးမိသည္။

"ဘာဆက္လုပ္ဖို့ စဉ္းစားထားလဲ.."

"မသိဘူး!!.. ဟိုတေလာက ညီ့ကို ေတြ့လိုက္တယ္

ငါတို့ရဲ့ အမွတ္တရပစ္စည္းမွန္သမ်ွကို ဖ်က္စီးသြားတယ္"

"သူ မလုပ္ခဲ့တာကမွ ထူးဆန္းဦးမွာ.."

ဩဂတ္ မ်က္နွာထားတင္းတင္းနဲ့ပဲ အံြကိတ္ပစ္လိုက္သည္။

ပါးေပါ္ကို ေပါက္ခနဲ က်လာတဲ့ မ်က္ရည္အား လစ္လ်ူရွုရင္း

ဆက္ေျပာလာ၏။

"ညီ ငါ့ကို မုန္းသြားတယ္လို့ မင္းထင္လား.."

"သူမင္းကို မမုန္းေလာက္ဘူး ဒါေပမယ့္ သူျပန္လာရင္ေတာ့

မင္းကို ခ်စ္ခဲ့တဲ့သူတစ္ေယာက္အေနနဲ့ မဟုတ္ပဲ မင္းသိပ္လိုခ်င္တဲ့

ညီေလး တစ္ေယာက္လိုမ်ိုး ျပန္လာမွာေလ မေပ်ာ္ဘူးလား!!

အလိမ္မာနည္းနဲ့ ဩဂတ္ကို အကဲခတ္ေတာ့ တုန္လွုပ္သြားတာမို့

မင္းသြင္ျပုံးရသည္။

"မင္းသိလား မင္းသြင္!! ငါအေြကာက္ဆုံးက ညီ ငါ့ေြကာင့္

နာက်င္မွာကိုပဲ အခုေတာ့ ငါကိုယ္တိုင္သူ့ကို နာက်င္ေအာင္

လုပ္ခဲ့မိျပီ အဟက္...ပိုျပီး ရယ္စရာေကာင္းတာက ငါဆိုတဲ့

ေကာင္ကေလ ညီေလးတစ္ေယာက္လို သေဘာထားခဲ့တဲ့

သူ့ကို ညီတစ္ေယာက္ထက္ ပိုျပီး ခ်စ္မိသြားတာပဲ.."

"အဲ့ေတာ့ ဝန္ခံလိုက္တာလား ဒါကိုသာ သူသိရင္ ဘယ္ေလာက္

ဝမ္းသာေနမလည္း မင္းေတြးြကည့္"

"အရင္က ငါသူ့အေပါ္ ြဖူစင္ခဲ့တာကို ေခါင္းေမာ့ရင္ေကာ့ျပီး

ေျပာနိုင္ခဲ့ေပမယ့္ အခုေတာ့... ငါမေျပာနိုင္ေတာ့ဘူး

ျပန္ေတြးရမယ္ဆို အရင္ကေရာ ငါသူ့အေပါ္မွာ ြဖူစင္ခဲ့ရဲ့လားလို့

ငါ့ကိုယ္ငါ ျပန္ေမးေနမိတယ္ .."

မင္းသြင္က ေခါင္းတညိတ္ညိတ္ြဖင့္ အသိမွတ္ျပုသည္..။

"အဲ့ေတာ့ မင္းဘက္က သူ့ကိုခ်စ္ေနေြကာင္းကို ဘယ္တုန္းက

သိခဲ့တာလဲ.."

ဩဂတ္က ေခါင္းပဲခါျပျပီး

"ငါမသိဘူး မင္းသြင္.. သူငါ့ကို အဆက္သြယ္ြဖတ္တာ

ဘယ္ေလာက္ရွိျပီလဲ မင္းသိလား ၂လေက်ာ္ျပီကြ!!!

".............."

"ဒီ၂လလုံး ေရြ့လ်ားေနတဲ့ စက္ကန့္တိုင္းက ငရဲက်ေနသလိုပဲ..

ငါသူ့ကို အရမ္းေတြ့ခ်င္တယ္"

"ဒါဆိုလည္း သြားေတြ့လိုက္ေပါ့ သူ မင္းဒယ္ဒီဆီကို

ေရာက္ေနတာ မဟုတ္ဘူးလား"

"ညီ ငါ့ကို ခါးခါးသီးသီး ြဖစ္ျပီး မုန္းေနမွာကိုငါေြကာက္တယ္

သြားေတြ့လို့ မြဖစ္ဘူး"

"မင္းက ဘာေကာင္နဲ့တူလည္းဆိုေတာ့ အဖ်ားတက္ျပီး

အမွည့္စားခ်င္တဲ့ေကာင္နဲ့ သြားတူေနတယ္ ရလဒ္ေကာင္း

လိုခ်င္ရင္ေတာ့ မင္းဘက္က ြကိုးစားရမွာပဲေလ.."

ဩဂတ္ ေခါင္းငိုက္စိုက္က်ျပီး ရွိုက္ြကီးတငင္ ငိုခ်လာသည္။

ဒီေတာ့ သူငယ္ခ်င္းတစ္ေယာက္အေနနဲ့ နွစ္သိမ့္ရမယ့္တာဝန္

ရွိတာပါပဲ..။ ဘယ္မိန္းမကမွ မ်က္ရည္က်ေအာင္မလုပ္နိုင္ခဲ့တဲ့

ေကာင္ကို ေသာ္ဒီထူးဟန္က တစ္ခ်က္ထဲနဲ့ ထိထိေရာက္ေရာက္

လုပ္သြားခဲ့သည္။

[text_hash] => 0245f136
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...