Chapter 22: ၂၂

Array
(
[text] =>

ချစ်သူတစ်ယောက် ကောက်ရထားသည် {အခန်း ၂၂}

တစ်ခုခုလုပ်တော့မယ်ဆို ဘာPlanမှ မရှိပဲဗြုန်းစားကြီးထလုပ်

တတ်တဲ့ ဩဂတ်က ဒီတစ်ခါလည်း တစ်ဦးတည်းသော သူငယ်ချင်း ဖြစ်တဲ့ မင်းသွင်ကိုလည်း ဘာမှမပြောသလို ဒယ်ဒီနဲ့

ဖေဖေ့ကိုလည်း ကြိုပြီးအကြောင်းမကြားပါပဲ ပြင်ဦးလွင်ကို

မနက်အစောကြီး ရောက်ချလာသည်။

ဘောင်းဘီအမဲနဲ့ အဖြူရောင်ဆွဲသားအင်္ကျီလက်ရှည်ကြီးနဲ့

ညကတည်းက ထလာခဲ့တာမို့ ပုံစံက နည်းနည်းမှိုင်းနေခဲ့သည်။

ဒီနှစ်လကျော်အတွင်း နားအောက်နားထိ ဖုံးနေတဲ့ ဆံပင်တွေရယ်

နှုတ်ခမ်းမွှေးရေးရေးတို့ကလည်း ရိတ်သင်ထားခြင်းမရှိ..,.။

နှစ်လအတွင်း သူ့ဟာသူ ပေတေနေကာ ဖြစ်ချင်ရာဖြစ်နေခဲ့တာကို ညီသာသိရင် ဆူကောင်းဆူနိုင်မည်။

ပြင်ဦးလွင်ကို ငယ်စဉ်က ရောက်ဖူးပေမယ့် အခုတစ်ကြိမ်ကတော့

ချစ်ရသူ ရှိတယ်ဆိုတဲ့ ခံစားချက်ကြောင့် သူ့ကိုပိုနွေးထွေးစေပြီး

ရင်ခုန်စေပါသည်။ ခြံတံခါးက ပိတ်ထားတာမို့ ကားပေါ်ကဆင်းပြီး

ဒယ်ဒီဆီ ဖုန်းခေါ်ရသည်။

"ဒယ်ဒီသား အပြင်မှာ ရောက်နေတယ် တံခါးလာဖွင့်ပေး!!

'ဘာ!! မင်းလာမယ်ဆိုလည်း ငါတို့ကို ကြိုပြောလေကွာ'

"လာဖို့ အစီစဉ်မရှိပါဘူး စိတ်ပြေလက်ပျောက် ညဘက် ကားပတ်

စီးရင်း ဒီဘက်ကို ရောက်လာခဲ့တာပဲ"

'ခွေးစကားတွေ!!

"ဒယ်ဒီရာ!! အပြစ်တင်မယ်ဆိုလည်း နောက်မှတင်တော့

အခု တံခါးလာဖွင့်ပေးပါဦး"

'ခဏစောင့်..'

ဒယ်ဒီဆီက ဖုန်းချသွားပြီးနောက် ခဏအကြာ ဒယ်ဒီရဲ့ကားကို

တွေ့လိုက်ရသည်။ ကားထဲကနေ ဒယ်ဒီထွက်လာကာ ပြီးမှ

ဖေဖေက ထွက်လာခြင်းဖြစ်သည်။ ခြံတံခါးဖွင့်ပြီးသွားတော့

နှစ်ချီပြီး မတွေ့တာကြာပြီဖြစ်တဲ့ ဖေဖေက ဝမ်းသာအားက

ကိုယ့်ကို ပြေးဖက်လာသည်။

"သားကြီးရယ် ဖေဖေ မင်းကိုလွမ်းလိုက်တာ ဖေဖေ့ကိုတောင်

လာမတွေ့ဘူး နေနိုင်လိုက်တာ"

"လာချင်ပါတယ် ဖေဖေရာ ကဲ..အခု သားရောက်နေပြီပဲဟာ"

ဒယ်ဒီနဲ့ဖေဖေက အပြင်သွားပုံပေါက်နေတာမို့ မျက်ခုံးတွေ

ပင့်တက်လာရင်း

"ဒယ်ဒီတို့က အပြင်သွားကြမလို့လား"

"ဟုတ်တယ် ဈေးထဲခဏသွားမလို့ အပြန်ကျရင် ခြံထဲကနေ

မနေ့က သားငယ်စားချင်တယ်ပြောတဲ့ သစ်တော်သီးတွေ

ဝင်ယူခဲ့ရဦးမယ်.."

"ညီ!! ရှိတယ်မလား"

"ရှိတယ်လေ သားရဲ့.. မင်းရဲ့ညီကမနိုးသေးဘူး အိပ်နေတုန်းပဲ"

ဦးအဂ္ဂ သားဖြစ်သူကိုကြည့်ရင်း အကဲခတ်နေမိသည်..။

ခါတိုင်းဆို ကိုယ့်ဆီမလာတတ်တဲ့ကောင်က သားငယ်လည်း

ရောက်လာရော ချက်ချင်းပြေးလာပုံအရ သူတို့ကြားမှာ

တစ်ခုခု ဖြစ်ထားသည်ထင်၏။ ဒါပေမယ့် အရင်ကလည်း

ဩဂတ်က ညီဖြစ်သူစိတ်ကောက်ရင် ခဏခဏ လိုက်ချော့တတ်

သူမို့ ထွေထွေထူးထူး မတွေးဖြစ်။

"ကလေးက အိပ်နေတာနော် အသံ မကျယ်စေနဲ့.."

ဒယ်ဒီတို့က ကားပေါ်တက်ပြုပြီး မှာစရာရှိတာ မှာနေခဲ့တာမို့

ဩဂတ်မှာ စိတ်မပါသော်လည်း နားထောင်ရပါမည်။ အပြင်ကကနေ အိမ်ကိုသာ လှမ်းကြည့်ကာ ပြုံးရင်း

"ညီက ဘယ်အခန်းမှာ နေတာလဲ ဒယ်ဒီ"

"မင်းငယ်ငယ်က နေခဲ့တဲ့အခန်းလေ ညီလေးကိုစိတ်မခုဘူးမလား

မင်းအဲ့အခန်းကို ဘယ်သူ့ကိုမှ မပေးဘူးဆိုတာ ငါသိပေမယ့်

ညီလေးနဲ့မင်းက သူစိမ်းမှမဟုတ်တာ"

ဒီကိစ္စလေးအတွက်နဲ့ ညီအစ်ကိုနှစ်ယောက်ရန်ဖြစ်မယ်လို့မထင်တာကြောင့် ဦးအဂ္ဂက လေပြေအေးလေးနဲ့ ရှင်းပြသည်။ ဩဂတ်

ဘာမှ ပြန်မပြောတော့ လက်ခံတယ်ဟု ယူဆလိုက်ပြီး ကားမောင်းကာ အပြင်ကို ထွက်သွားခဲ့သည်။

ဒယ်ဒီတို့ထွက်သွားပြီဆိုတာနဲ့ သူသည်လည်း ကားပေါ်တက်ကာ

ခြံထဲကို မောင်းဝင်ခဲ့လိုက်သည်။ ဧက ၂၀၀ ၊ ဝန်းကျင်ရှိတဲ့

ခြံကြီးက ဖွားဖွားတို့ခေတ်မှာတည်းက သိန်းနှစ်သောင်းတန်ဖြစ်ပြီး

ဒယ်ဒီလက်ထက်မှာတော့ အိမ်ကိုလည်း ခေတ်သစ်အပြင်ဆင်

တွေနဲ့မွန်းမံခဲ့သည်။ လမ်းဘက်ကနေ စံအိမ်ဆီကို ရောက်ဖို့

မိနစ်အနည်းငယ်ပေးရတာဖြစ်၏။

အိမ်ရှေ့မှာ ကားရပ်လိုက်ပြီး ‌ကားပေါ်က ဆင်းဆင်းချင်း ဩဂတ်

နှလုံးခုန်နှုန်းတွေ မြန်ဆန်လာသည်ဟုပင် ထင်မိသည်။

ဤသည်မှာ ညီရှိရာရပ်ဝန်းဖြစ်တာမို့က တစ်ကြောင်း သိပ်ပြီး

လွမ်းနေရတဲ့ မျက်နှာလေးကို တွေ့ခွင့်ရတော့မှာမို့ကတစ်ကြောင်း

ဖြစ်သည်။ အိမ်ကနေ ပြေးထွက်သွားတဲ့ အိမ်ပြေးလေးကို တွေ့ပါက ဘာလုပ်မယ် ညာလုပ်မယ်ဆိုတာ တွေးထားပေးမယ့် ကုတင်ပေါ််မှာ နှစ်ခြိုက်စွာအိပ်မောကျနေသူလေးကို မြင်ရတော့ နူးညံ့စွာ

ငေးကြည့်ရုံကလွဲလို့ ဩဂတ်လုပ်နိုင်တာ ဘာမှမရှိပေ။

ပါးပြင်ပေါ်ကို လက်နဲ့ဖွဖွလေးပွတ်သပ်ပြီး ငုံ့နမ်းလိုက်တော့

ခံစားချက်က အရင်ကနဲ့မတူ။ ရင်ဘက်ကြီးတစ်ခုလုံးပေါက်ကွဲ

ထွက်တော့မလို နိမ့်လိုက်မြင့်လိုက်ဖြစ်လာကာ အသက်ရှူတွေပါ

မြန်လာတာဖြစ်လို့ ဩဂတ် သူ့ကိုယ်သူ လှောင်ရယ်ပစ်လိုက်သည်။

ညီ အိပ်နေတာမို့ အင်္ကျီကို ချွတ်လိုက်ပြီး ရေချိုးခန်းထဲဝင်ကာ

ခပ်စိပ်စိပ်ထွက်နေသော နှုတ်ခမ်းမွှေးတွေကို ရိတ်သင်ကာ

မျက်နှာပါ သစ်လိုက်တော့ ပေရေနေတဲ့ သွင်ပြင်က လူတစ်လုံး

သူတစ်လုံးနဲ့ တောက်တောက်ပြောင်ပြောင်ပြန်ရှိလာသည်။ ညီက

အမြဲတမ်း ကိုယ်ပြင်ဦးလွင်ကို လာချင် လာနိုင်တာကြောင့်

သင့်တော်တဲ့ အဝတ်းစားတွေကို စီစဉ်ထားတတ်တာမို့ အဲ့ထဲက

တစ်ထည်ကို ယူဝတ်ပြီးမှ ညီ့ဘေးမှာ အသာတက်လှဲလိုက်သည်။

သူများကိုစားမဝင်အိပ်မပျော်အောင် လုပ်ပြီး သူကျတော့

နှစ်နှစ်ခြိုက်ခြိုက်ရှိနေလိုက်တာ ဘာအပူပင်မှ မရှိသည့်အတိုင်း။

ညီရာ... ကိုကိုလွမ်းလိုက်ရတာ..

ဒီခံစားချက်..

သူ သော်ဒီနှုတ်ခမ်းကို ငုံ့နမ်းလိုက်သည့်အချိန်မှာ လစ်ဟာနေတဲ့

နှလုံးသားက တစ်စုံတစ်ခုကိုရှာတွေ့သွားသည်ဟု ခံစားလိုက်ရပါ၏။ ဒီခံစားချက်

ပြီးတော့ စီးချက်မညီတဲ့ နှလုံးခုန်သံတွေ။ ဩဂတ် အမှန်တရားကို

လက်ခံလိုက်ပြီး ခေါင်းမော့ကာ ကိုယ့်ကိုယ်ကိုယ် လှောင်ပစ်လိုက်သည်။

ထိုအခိုက်မှာပဲ သော်ဒီထူးဟန်တစ်ယောက် အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်လာကာ မြင်ကွင်းထဲမှာ ရှင်းလင်းပြတ်သားစွာ

ပေါ်လာတဲ့ ယောက်ျားတစ်ယောက်ရဲ့ ခပ်ချောချောမျက်နှာလေးကြောင့် မျက်လုံးတွေပြူးသွားရင်း ဆတ်ခနဲထထိုင်လိုက်သည်။

ထိုယောက်ျားကို ကြောင်အမ်းအမ်းကြည့်နေသလို ထိုလူကလည်း

သူ့ကို ပြုံးပြလာပုံက မနက်ခင်းနေရောင်ခြည်တို့နဲ့အပြိုင် နွေးထွေး လှသည့်အပြုံးမျိုးဖြင့်သာ။

ထိုယောက်ျားဟာ သူ့နှလုံးသားထဲမှာ အမြစ်တွယ်နေသောသူ..။

နှစ်လကြာရှည် တိတ်တခိုးမြတ်နိုးခဲ့ရပါသော ယောက်ျားဖြစ်သည်။ သို့သော် ထိုလူ့အား မြင်နေပေမယ့် ပျော်ရွှင်မှုအစား

နှလုံးသားတစ်ခုလုံးကို ဓားနဲ့ခပ်ပါးပါးမွှန်းပြီး ဆားနဲ့သိပ်ခံထားရသလို စပ်ဖျဉ်းဖျဉ်းသာ ဖြစ်နေသည်။

ကိုကို သူ့ဆီလိုက်လာသည့် ဖြစ်ရပ်က တကယ်ကိုထူးဆန်းသည့်

ဖြစ်ရပ်တစ်ခုပင်။

သော်ဒီသက်ပြင်းဖွဖွ ချပြီး ရေချိုးခန်းထဲကိုသာ ဝင်သွားလိုက်သည်။ မျက်နှာသစ်ပြီး ပြန်ထွက်လာသည်အထိ ထိုလူသားက

ခုနကအတိုင်း ကုတင်ပေါ်မှာ ငြိမ်သက်စွာထိုင်နေရင်း သူ့ကို

ကြည့်လာခဲ့ပါသည်။

"ကိုကို ဘယ်တုန်းက ရောက်နေတာလဲ"

"အခုလေးတင်.."

"ဪ!!

စကားတို့က ဤမျှသာဖြစ်ပြီး သော်ဒီခေါင်းညိတ်ပြကာ အပြင်ကို

ထွက်လာတော့ ဩဂတ်ကပါ လိုက်လာခဲ့သည်။ သူသိတယ်

ဒီကလေး သူ့ကိုရှောင်ချင်နေတာကို... ။ ဒါကလည်း ကြိုတွေး

ထားပြီးသား ကိစ္စမို့ စိတ်ခုရမယ့်အစား အသည်းတယားယားသာ

ဖြစ်ရပါသည်။

ဧည့်ခန်းကို‌အရောက် သော်ဒီရပ်လိုက်ပြီး ဒယ်ဒီအံဆွဲထဲက

စီးကရက်နဲ့ မီးခြစ်ကိုထုတ်လိုက်ကာ မီးညှိလိုက်သည်...။

ကိုကို တားလာမယ်ထင်ပေမယ့် ဘာတစ်ခုမှ ပြောမလာခဲ့ပါ..။

ဒါက သူသိဖူးတဲ့ ကိုကိုမဟုတ်။ ကိုကိုသာဆို ဆေးလိပ်သောက်လို့

ကျန်းမာရေး ဘယ်လိုဆိုးဝါးကြောင်းကို တသီကြီးရှင်းပြပါလိမ့်မည်။ ပြီးရင် သူကလည်း 'ဟုတ်ကဲ့ ကိုကို နောက်မလုပ်တော့ပါဘူး'ဟု ပြောလိမ့်မည်။

အခုတော့ ထိုအစား ကိုကိုက သူဘာလုပ်လုပ် အသာလေး

လိုက်ကြည့်နေတာဖြစ်သည်။ သူကတော့ အပြင်မှာရှိတဲ့

ရှုခင်းကိုသာ ပြတင်းပေါက်ကနေတဆင့် ငေးရင်း စီးကရက်

ဖွာနေခဲ့သည်။

"ကိုကို ဘာလို့ လိုက်လာတာလဲ"

"အင်း!! အိမ်ကနေထွက်ပြေးသွားတဲ့ အိမ်ပြေးလေးကို လာပြီး

အမိဖမ်းတာလေ"

"ဪ.. မိပြီလား"

"မိပြီ!! ဒါပေမယ့် သူ ထွက်ပြေးဖို့ ကြိုးစားနေသေးတယ်"

သော်ဒီ စိတ်မသက်သာစွာ အကြည့်နဲ့ ကိုကို့ကို ပြန်ကြည့်လိုက်သည်။ သူ ကိုကိုနဲ့ မျက်ဝန်းချင်းဆုံတွေ့လိုက်တိုင်းမှာ နာကျင်

ရတဲ့ကြားက တစ်ချက် တစ်ချက် ရင်ခုန်ရသေးသည်မို့ခပ်မြန်မြန်

အကြည့်ပြန်လွှဲလိုက်ပါသည်။

"ကျွန်တော်ထွက်ပြေးတာ မဟုတ်ပါဘူး ကိုကို..."

"ဪ.. ကိုယ့်ကိုထားပြီး ထွက်သွားတာက ထွက်ပြေးသွားတာ

မဟုတ်ဘူးလား"

"ကျွန်တော် အချိန်တန် ပြန်လာခဲ့မှာပေါ့ .."

"ဘယ်တော့ အချိန်တန်မှာလဲ ကိုကိုက ဘာမှမလုပ်ပဲ ဒီတိုင်း

ထိုင်စောင့်နေရမှာလားဟင်!!

ဩဂတ် ကလေးငယ် အနားကို တိုးသွားလိုက်ပြီး လက်ထဲက

စီးကရက်ကို ယူကာ တစ်ရှိုက်သောက်ရင်းအငွေ့တွေကို

ကလေးငယ်ရဲ့ မျက်နှာပေါ် လွှတ်ထုတ်လိုက်သည်။ စီးကရက်

အငွေ့တွေကြားမှာ မြင်ရတဲ့ နုနယ်နေတဲ့ မျက်နှာသေးသေးလေးက မျက်နှာတည်တည်ကြီးဖြစ်နေတာတောင် ချစ်ဖို့ကောင်းသည်ဟု သူထင်မိပါသည်။

"ထူးဆန်းတယ်!!

"ဘာကလဲ"

"အရင်ဆို ကိုကိုက ဆေးလိပ်သောက်တာ မကြိုက်ပါဘူး

အခုမှ ဘယ်လိုဖြစ်ရတာလဲ.."

"အင်း!!! လူဆိုတာ ပြောင်းလဲတတ်တဲ့ သဘောရှိတာဘဲလေ"

"ဪ.."

သော်ဒီက ခဏလောက်တိတ်သွားပြီးမှ ဘေးက ကိုကို့ကို

မကြည့်ပဲ ဆက်ကာ

"အဲ့ဒီအမျိုးသမီးက တကယ်လူကောင်းပဲနော် ကိုကိုနဲ့လိုက်တယ်"

ဩဂတ်မှာ ညီ့စကားတွေကြောင့် မျက်ခုံးပင့်သွားခဲ့သည်။

"ဆရာဝန်ဖြစ်တဲ့အပြင် တကယ်ကိုကျက်သရေရှိတဲ့အမျိုးသမီး

ကိုကို့ရဲ့ လက်တွဲဖော်ဖြစ်ဖို့ အရမ်းအရည်အချင်းပြည့်မီတယ်

ညီ အဲ့တုန်းကပြောခဲ့တာတွေကို စိတ်ထဲမထားပါနဲ့ ကိုကို!!

အခုမှ သူများလက်ထဲ ဇွတ်ထိုးထည့်ချင်နေတဲ့ ညီ့အား ဩဂတ်

ကြည့်ရင်း ဟက်ခနဲ ရယ်ပစ်လိုက်တယ်။

"အဲ့တော့ သဘောတူတယ်ပေါ့!!

"အင်း ကိုကိုလည်း ချစ်တာပဲမလား"

စီးကရက်ကို တစ်ရှိုက်ဖွာပြီးမှ လွှင့်ပစ်လိုက်ပြီး သော်ဒီရဲ့မေးဖျားကို လက်နဲ့ပင့်ယူကာ မျက်လုံးချင်းဆုံပစ်လိုက်သည်။ မျက်နှာ

တစ်ခုက အရမ်းနီးကပ်လာချိန်မှာတော့ သော်ဒီရဲ့ အသက်ရှူသံ

တွေက မူမမှန်တော့။

"အကယ်၍ ကိုကိုက အဲ့ဒီလို မလုပ်ချင်ဘူးဆိုရင်ရော?

"ဗျာ!! ကိုကို..ဘာကိုပြောချင်တာလဲ"

"ဘာလို့ ကိုယ့်ကို သူများလက်ထဲ အတင်းထိုးထည့်ပေးနေတာလဲ"

"ဒါက ကိုကိုဖြစ်ချင်တာမဟုတ်ဘူးလား"

"ကိုကို လက်မထပ်တော့ဘူး ညီ.. "

သော်ဒီမျက်လုံးတွေ ဝိုင်းစက်သွားသည်။ ကိုကို ဘာကို

ပြောနေမှန်းနားလည်ဖို့ မနည်းကြိုးစားလိုက်ရပါ၏။

သူနဲ့ကိုကိုက အဲ့ညကတည်းက ပြီးပြတ်သွားခဲ့ပြီထင်ခဲ့တာ။

ကိုကိုက သူ့ကိုညီလေးလိုပဲချစ်တာကိုလည်း သူသိခဲ့ပြီးပြီ

ဒါကြောင့် သူ့ဘက်ကလည်း ကိုကိုလိုချင်တဲ့ ညီလေးတစ်ယောက် ဖြစ်နိုင်အောင်ကြိုးစားပေးတော့မလို့ပဲလေ။

"ညီနဲ့မှ မဟုတ်ရင် ကိုကို ဘယ်သူနဲ့မှ လက်မထပ်ဘူး!!!

ဒီတစ်ခါတော့ သူအလန့်တကြားဖြင့် ကိုကို့မျက်နှာအား

သေချာလေး ငေးကြည့်ကာ ကြောင်အမ်းအမ်းလေး

ဖြစ်သွားခဲ့ပါသည်။

"ကိုကို... !!!

စကားဆက်ပြောလို့မရအောင် ကိုကို့နှုတ်ခမ်းတွေက သူ့နှုတ်ခမ်းပေါ် ထိကပ်လာသည်။ သော်ဒီခေါင်းထဲမှာ အချက်ပေးခေါင်းလောင်းတွေ မြည်လာ၏။ ရုန်းလည်းမရုန်း ပြန်လည်းမတုန့်ပြန်တဲ့ သဘောက ကိုကို့လုပ်ရပ်ကြောင့် သူကြောင်နေခြင်းသာ။

သတိဝင်လာတဲ့အခါ ကိုကို့အနမ်းကနေ ရုန်းထွက်ပစ်သည်..။

ကိုကို့ရဲ့ ရီဝေဝေ မျက်ဝန်းတွေက သော်ဒီဘဝမှာ စွဲဆောင်မှု

အရှိဆုံး ယောက်ျားတစ်ယောက်ရဲ့ ပြယုဂ်တစ်ခုဖြစ်ပေမယ့်

သူတို့နှစ်ဦးက မဖြစ်သင့်။

"မရဘူး ကိုကို... အဲ့ဒီလို မလုပ်နဲ့ ညီ့ကို လွှတ်

အဲ့ညကတည်းက ညီတို့ကိစ္စပြီးသွားပြီ"

နားထောင်ချင်ပုံမရတဲ့ ကိုကိုက သူ့ကို ဆိုဖာပေါ်ပစ်တင်ကာ

အပေါ်စီးကနေ အုပ်မိုးပြီး လက်နှစ်ဖက်ကိုလည်း ဆွဲချုပ်ထား၍

လှုပ်လို့ပင်မရ။

"ဘာလို့ မဖြစ်နိုင်တာလဲ..."

"ကျွန်တော်တို့က ညီအစ်ကိုတွေဆို အဲ့ဒါခင်ဗျားကိုယ်တိုင်

ပြောခဲ့တာမဟုတ်ဘူးလား"

"အရင်းမှ မဟုတ်တာ..."

"ဒါပေမယ့်..."

"မင်းကျ ကိုကို့ကို ချစ်လို့ရပြီး ကိုကိုကျ မရဘူးလား!!

‌သော်ဒီ ကြောင်သွားသည်။ ကိုကို့မျက်နှာကို အလန့်တကြား

ကြည့်ပြီး အတည်ပြုလိုက်တော့ တကယ်ဟုတ်နေကြောင်း

သိလိုက်ရ၏။ သော်ဒီရင်ထဲ အကြောက်တရားတွေပြည့်နှက်လာကာ ငိုပါငိုချင်သွား၏။

ကိုကိုက အမြဲတမ်းသူနဲ့ပတ်သတ်ပါက ထိပ်ကကြိုပိတ်ပြီး

ဇွတ်အတင်း လုပ်ချင်ရာလုပ်တဲ့သူဆိုတာ သူမေ့နေခဲ့တာပဲ။

ဩဂတ်မှာလည်း မျက်ရည်တွေဝဲလာတဲ့ ညီ့ကြောင့် ပြာယာခတ်သွားပြီး နှုတ်ခမ်းလွှာကို ငုံ့နမ်းလိုက်သည်။ ညီ မရုန်းတာ

သေချာတော့မှ လက်ကို လွှတ်ပေးလိုက်တော့ သူ့ကိုပြန်ဖက်ကာ

ဖြည်းဖြည်းချင်း အနမ်းတွေကို တုန့်ပြန်လာခဲ့သည်။

ဘုတ်!!!!

အသံကြောင့် နှစ်ယောက်လုံး တွန့်သွားကြပြီး အသံလာရာကို

ကြည့်လိုက်တော့ အရင်ဆုံးမြင်ရတာက ပြန့်ကျဲနေသော

သစ်တော်သီးတွေ အဲ့ဒီနောက်မှာတော့ အံ့ဩနေတဲ့မျက်နှာနဲ့

ရပ်နေတဲ့ ဒယ်ဒီ။

"ဒယ့်..ဒယ်ဒီ!!

"ခွေးသား!!! မင်းသေဖို့သာပြင်"

သူအမြန်ပဲ မတ်တပ်ထရပ်ကာ ဒယ်ဒီလက်သီးချက်ကို ခံယူဖို့

အသင့်ပြင်လိုက်သည်။ ထိုအခိုက်မှာပဲ သော်ဒီက ဩဂတ်ရှေ့မှာ

ဝင်ရပ်ပြီး လက်သီးချက်ကို ခံယူဖို့ပြင်လိုက်သည်။ ဦးအဂ္ဂရဲ့

လက်သီးက သော်ဒီနှာဖျားမှာ တုန့်ခနဲ ရပ်သွားခဲ့ပါ၏။

"မလုပ်ပါနဲ့ ဒယ်ဒီ... "

"သားငယ်လေး ဖယ်လိုက်တော့ ဒယ်ဒီ အဲ့ကောင်ကို မှတ်သွားအောင် ဆုံးမပစ်ရမယ် "

"ကိုကိုမမှားပါဘူး ကိုကိုအခုလိုဖြစ်သွားအောင် မြူစွယ်ခဲ့တဲ့

ကျွန်တော်ကသာ အပြစ်ရှိတာပါ"

ဦးအဂ္ဂမှာ ဒေါသထွက်နေတဲ့ အမူယာနဲ့ သားဖြစ်သူကို

လှမ်းကြည့်သည်။ သားငယ်လေး မျက်နှာ မြင်လိုက်တဲ့အခါမှ

ဒေါသတွေအစား နှမျောခြင်းတို့ကိုသာ ခံစားလိုက်ရသည်။

ဩဂတ် ဒီကိုလိုက်လာခဲ့တာက ပြဿနာတစ်ခုခုရှိနေလို့ဆိုတာ

သိပေမယ့် ဒီပြဿနာလို့တော့ လုံးဝ မထင်ထားမိပါ။

"ကိုကိုက ခဏအသိစိတ်လွတ်သွားလို့ အခုလိုလုပ်ခဲ့တာပါ

ပြီးတာနဲ့ ရန်ကုန်ပြန်တော့မှာ နောက်ပြီး ကိုကို့မှာ ချစ်သူရှိပါတယ်

အဲ့ဒီမှာ အခြေချတော့မှာလေ ဒယ်ဒီစိတ်လျှော့ပါဗျ"

ဩဂတ်မှာ စိတ်ထဲတင်းခနဲဖြစ်သွားပြီး သော်ဒီပုခုံးကိုကိုင်ကာ

သူနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်လိုက်သည်။

"ဒီကိစ္စကို ၊ ကိုကိုပြောထားပြီးသားမဟုတ်ဘူးလား

ကိုကို မင်းကို လက်မလျှော့ဘူး မင်းမပါရင် ရန်ကုန်ကိုလည်း

မပြန်နိုင်ဘူးကွာ"

"ကိုကို အခြေနေကို နားမလည်ဘူးလား ရန်ကုန်ကို

ချက်ချင်းပြန်ပါတော့ ညီတို့ကိစ္စက အဲ့ညကတည်းက

ပြီးသွားခဲ့ပြီ"

ဩဂတ် သက်ပြင်းပြင်းဖွဖွချကာ ရင်ထဲစူးနင့်သွားပေမယ့်

"မင်းလည်း ကိုယ့်ကို ချစ်ရဲ့သားနဲ့.."

"ဩဂတ်ဂုဏ်ပိုင် ဒယ်ဒီတို့ စကားပြောရအောင်"

ထိုအခါ သော်ဒီက ဒယ်ဒီနဲ့ကိုကို စကားပြောလို့ရအောင်

အပြင်ကိုသာ ထွက်သွားပြီး ရှောင်ပေးလိုက်သည်။ အထဲမှာ

ကျန်ခဲ့တဲ့ လေထုက ထူးဆန်းပြီး အေးစက်နေဆဲပင်။ ဦးအဂ္ဂ

မျက်မှောင်ကြုတ်ပြီး ငြိမ်သက်နေတဲ့ သားဖြစ်သူကိုကြည့်ပြီးမှ

စကားစရ၏။

"ဒယ်ဒီကို ရှင်းပြစမ်း!!!

"တွေ့တဲ့အတိုင်း ညီနဲ့ကျွန်တော်က.. မဟုတ်ဘူး..ကျွန်တော်

ညီ့ကို ချစ်ပါတယ် ဒယ်ဒီ ပြင်ဦးလွင်ကို လိုက်လာတာလည်း

ညီ့ကိုပြန်ခေါ်ဖို့ပါပဲ"

"ငါထင်သားပဲ ဒီလိုမျိုးပဲ မထင်မိတာ!!!

"ဒယ်ဒီ ကျွန်တော် ညီ့ကိုတကယ်...."

"မင်းမတိတ်နိုင်ဘူးလား... ကလေးကို မင်းလက်ထဲ ယုံကြည်စွာ

အပ်ထားခဲ့တာ အခုလိုလုပ်ဖို့မဟုတ်ဘူးလေ!!

"တောင်းပန်ပါတယ်!!! ဒယ်ဒီ့ကို စိတ်ပျက်စေမိပြီ ဒါပေမယ့်

ကျွန်တော့်အတွက်ရော လွယ်မယ်ထင်လို့လား "

ဦးအဂ္ဂ သက်ပြင်းဖွဖွချရသည်။ သေချာပေါက် တစ်လျှောက်လုံး

မိန်းမတွေချည်း ကြိုက်လာတဲ့ကောင်က ယောက်ျားတစ်ယောက်ကို ချစ်မိသွားပြီလို့ လက်ခံလိုက်ဖို့က တော်တော်နဲ့လွယ်ကူမှာ

မဟုတ်မှန်း သူလည်း နားလည်ပါသည်။

"အဲ့တော့ ဘာဆက်လုပ်မှာလဲ"

"ညီ!! ကျွန်တော်ကို စိတ်ဆိုးနေတာလေ သူ့ကိုပြန်ချော့ရမှာပေါ့

ပြီးရင် ညီ့တစ်ဘဝလုံးကို ကျွန်တော်တာဝန်ယူလိုက်တော့မှာ"

ဦးအဂ္ဂ မျက်နှာမဲ့ကျသွား၏။ ပြီးမှ

"သားငယ်က မင်းတွဲဖူးတဲ့ ရည်းစားတွေလို လွယ်မယ်ထင်လို့လား"

"မထင်ပါဘူး ဒယ်ဒီ... အဲ့ဒါကြောင့် လိုက်လာရတာပေါ့"

"မင်းဖေဖေကို ဘယ်လိုပြန်ပြောရမလည်း စဉ်းစားထား

ငါလည်း ငယ့်ကို မျက်နှာမပြရဲတော့ဘူး.."

"စိတ်ချပါ ဒယ်ဒီ ကျွန်တော်ကြောင့် ဒယ်ဒီမထိခိုက်စေရပါဘူး

ဒီကိစ္စတစ်ခုလုံးကို ကျွန်တော်ခေါင်းခံပါ့မယ်"

"မင်းလုပ်တာလေ ခွေးသားရဲ့ မင်းပဲခေါင်းခံရမှာပေါ့!!!

ထိုစဉ် အိမ်ထဲကို ဝင်လာတဲ့ဖေဖေ့ကြောင့် မဝံ့မရဲ ထရပ်လိုက်သည်။

"ကိုကိုရေ!! ဟိုငမွှေထိုး ဘာဖြစ်နေတာလဲ အိမ်ရှေ့မှာ

လင်ပူမိနေတဲ့ မျက်ခွက်ကြီးနဲ့ ထိုင်နေတာ"

"ဖေဖေ!!!

မိုးနှောင်းမှာ မူပိုင်အပြုံးလေးနဲ့ ဩဂတ်ကို ကြည့်လိုက်သည်။

အရပ်ရှည်လာပြီမို့ အခုဆို သူတောင်မော့ကြည့်နေရပြီ။

"သားကြီး.. ဘာစားမလည်း ပြော.. မနက်စာ တစ်ခါထဲ

ဝင်စားလိုက်"

ဩဂတ်မှာ အပြစ်ရှိစိတ်တွေ ပိုပြီးခံစားလာရတာကြောင့်

ဘာမှမပြောပဲ ဖေဖေ့ကို ဖက်လိုက်သည်။ ဖေဖေကတော့ ဘာမှ

မသိရှာပဲ သူ့ကိုလွမ်းလို့ဖက်နေတယ်ထင်ကာ ကျောလေးကိုတောင် ပွတ်ပေးခဲ့ပါသည်။

"ဖေဖေ!!!

"သား ဘာဖြစ်လို့လဲ.."

"ညီ... ညီနဲ့ ကျွန်တော် မေတ္တာမျှနေကြပြီ"

မိုးနှောင်းရဲ့ အပြုံးမှာ တောင့်တင်းသွားကာ ခန္ဓာကိုယ်ကလည်း

တောင့်တောင့်ကြီး ဖြစ်သွားခဲ့သည်။

တဆိတ် ဘာကို ကြားလိုက်ရတာလဲ?

"တောင်းပန်ပါတယ် ဖေဖေ!! မတန်မရာကို ကြံခဲ့မိတာ

သားရဲ့ အပြစ်တွေပါ ဖေဖေရိုက်မယ်ဆိုလည်း ခံပါ့မယ်

သားတို့ ချစ်ခြင်းကို မခွဲပါနဲ့နော်.."

မိုးနှောင်းမှာ အရမ်းတွေ Surprise ဖြစ်လွန်းလို့ မည်သို့ပင်

တုန့်ပြန်ရမယ်မသိ။ သားနှစ်ယောက်လုံးက အချင်းချင်း

မေတ္တာမျှကုန်ကြမယ်လို့ စိတ်ကူးတောင်ယဉ်ကြည့်ဖူးခဲ့တာ

မဟုတ်ဘူး။ အဲ့ဒါကြောင့် ခါတိုင်းဆို မြို့အနှံ့ပတ်ပြီး ခြေသလုံး

အိမ်တိုင်လုပ်နေတဲ့ကောင်က ငြိမ်နေတာကိုး။

သူအတွေးနဲ့သူ ပြာယာခတ်နေတုန်း သားကြီးရဲ့ မျက်ရည်တွေကြောင့် ကြောင်အမ်းသွားရသည်။

"ညီ့ကို တာဝန်ယူမှာမို့ မခွဲပါနဲ့နော် ဖေဖေ!!!

မိုးနှောင်း ဂရုဏာအကြည့်တွေနဲ့ သားကိုကြည့်ပြီး မျက်ရည်တွေလည်း သုတ်ပေးလိုက်သည်။ ဦးအဂ္ဂကတော့ တတ်လည်း

တတ်နိုင်တဲ့ကောင်ကို ကြည့်ရင်း စိတ်ထဲကနေ တစ်ခွန်းတည်းပဲ

ပြောလိုက်တယ်။

စောက်ဒွမ်မာကင်း...

"အဲ့ငမွှေထိုးရဲ့ ရှေ့ရေးကို ဖေဖေက စိတ်ပူနေခဲ့တာ

သူ လက်ထပ်ရင် သူ့အကျင့်တွေကို သီးမခံနိုင်တဲ့သူနဲ့

လက်ထပ်မိမှာ စိုးရိမ်နေတာ သားတို့ချင်း တကယ်ချစ်တယ်ဆို

ဖေဖေ ကန့်ကွက်စရာ မရှိပါဘူး.."

ထိုအခါ ဩဂတ်ရဲ့ ကျလက်စ မျက်ရည်တွေက တစ်ခန်းရပ်ကုန်သည်။ ဒီတော့ ဝမ်းသာသည့် အပြုံးလေးတစ်ခုက

လှစ်ခနဲပေါ်လာရင်း

"တကယ်လား ဖေဖေ ကျွန်တော်ဝမ်းသာလိုက်တာ"

"ကဲ... ဒီနေ့ကစပြီး ဖေဖေ့ရဲ့ ပြဿနာကို သားရဲ့ခေါင်းပေါ်

လွှဲပေးလိုက်ပြီနော် ကြံ့ကြံ့ခံနိုင်ရဲ့လား...သား"

"ဟုတ်ကဲ့ ဖေဖေ ခံနိုင်ပါတယ် ကျေးဇူးလည်းတင်ပါတယ်နော်!!

ဦးအဂ္ဂမှာ ငယ့်ကို ကျေးဇူးတင်နေတဲ့ကောင်ကို တွန်းဖယ်လိုက်ပြီး

ချစ်ရသူငယ့်အား ရင်ခွင်ထဲမှာ တင်းနေအောင်ဖက်ထားလိုက်သည်။

"တော်ရုံပဲလုပ် ဟေ့ကောင်!!

"ဒယ်ဒီကလည်း သူများအချစ်ခံရတာကို မနာလိုနေတာ"

"ငယ်က မင်းဟာလား ငါ့ဟာလား!!!

"အင်းပါ.. ဒယ်ဒီဟာ ကျေနပ်ပြီလား"

"ဟွန်း!! သိရင်လည်း ပြီးတာပဲ"

ထို့နောက် ဒယ်ဒီတို့ကိုထားခဲ့ပြီး ညီ့ကိုရှာဖို့ ခြံထဲဆင်းလာလိုက်သည်။ ညီက ဒန်းပေါ်မှာ ထိုင်နေရင်း ရှေ့က မြင်ကွင်းတွေကို

စိတ်မပါစွာ ကြည့်နေခဲ့ပါသည်။

"ညီ!!!

အကြည့်တစ်ချက်သာပေး၍ ခဏအတွင်း မျက်နှာလွှဲသွားတဲ့

ညီ့အနားမှာ ဒူးတစ်ဖက်ထောက်ချလိုက်သည်။ အဲ့ဒီအချိန်မှ

ပြူးပြဲကြည့်လာတဲ့ညီက တကယ်လန့်သွားပုံမို့ အသံထွက်

ရယ်ရသေး၏။ ရူးနေလား ဆိုတဲ့အကြည့်နဲ့ ကြည့် နေတဲ့

ညီ့ခြေထောက်တစ်ဖက်ကို အသာ'မ'ယူကာ ညီ့မျက်နှာကို

အပြုံးနဲ့ ပြန်ကြည့်လိုက်သည်။

"ကိုကို ဘာလုပ်တာလဲ"

"ညီ!!! ဖေဖေ့ကို တောင်းဆိုပြီးသွားပြီ ကိုကိုတို့ကို

ခွင့်ပြုတယ်တဲ့ ညီ..ကိုယ်နဲ့ပြန်လိုက်ခဲ့နော်"

"မဖြစ်နိုင်တဲ့ ကိစ္စအတွက် မရူးစမ်းပါနဲ့ ကိုကိုရာ.."

"ညီ!!

"ကိုကို့ဘဝက ရန်ကုန်မှာလေ အဲ့ဒီမှာအခြေချပြီး ကိုကို့အတွက်

သင့်တော်တဲ့ မိန်းမတစ်ယောက်ကလည်း အဆင်သင့်ရှိတယ်

အလုပ်အကိုင် ပညာအရည်အချင်း ဘာတစ်ခုမှ ပြောစရာ

မလိုဘူး အဲ့ဒါတွေကို စွန့်လွှတ်ပြီး ညီနဲ့အတူ ချောက်ထဲခုန်ချလို့

မရဘူးလေ"

"ကိုကို ဆေးရုံကထွက်လာလိုက်ပြီ ညီသိလား!!

သော်ဒီထခုန်မတတ် လန့်သွားရသည်။

"ဘာပြောတယ် ကိုကိုက ဆရာဝန်လေ .. ဆရာဝန်တစ်ယောက်ရဲ့ တာဝန်က လူတွေအသက်ကို ကယ်ရမှာ အဲ့လိုထွက်ချင်တိုင်း

ထွက်ရအောင် ဂိမ်းထင်လို့လား"

"ကျစ်.. အသက်ကယ်ရတာ ဝါသနာမပါဘူး ကိုကိုဆန္ဒက

ညီ ဘေးကင်းပြီး ကျန်းမာရင် ရပြီ အဲ့ဒါက ကိုကိုဆရာဝန်

ဖြစ်အောင်လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပဲ.."

"ခင်ဗျားက အရူးပဲ!!!

"နောက်ဆုံးတော့ ညီ သိသွားပြီပဲ.."

ဩဂတ်မှာ အရူးလိုပြုံးရင်း

"ကိုယ် မင်းကို တကယ်ချစ်တာ.."

"ကျွန်တော် ဝေစားရတာ မကြိုက်ဘူး ကိုကို!!

"ဒီနေ့ကစပြီး ကိုကိုက မင်းအပိုင်ပဲ.."

"................"

"ဆောရီး ကိုကို ခင်ဗျား အလာကောင်းပေမယ့်

အခါနှောင်းသွားပြီ ပြတ်တောက်ပြီးသားဆက်ဆံရေးကို

ပြန်ဆက်ဖို့ မကြိုးစားပါနဲ့ ကျွန်တော်တို့တွေ ညီအစ်ကိုလိုပဲ

နေရအောင်!! အဲ့ညက ကိုကိုပဲ ကျွန်တော့်ကို အသိတရား

ရအောင် လုပ်ပေးခဲ့တာ"

သော်ဒီ မတ်တပ်ထရပ်ပစ်ပြီး အိမ်ထဲကို ပြန်လျှောက်ဝင်ရန်

ပြင်ပြီးမှ အနောက်မှာရှိနေတဲ့ ကိုကို့အား လှည့်မကြည့်ပဲ

ပြောလိုက်သည်။

"ကိုကို ရန်ကုန်ကိုပဲပြန်လိုက်ပါ ဒီမှာအချိန်လာမဖြုန်းနဲ့

ကျွန်တော် ခင်ဗျားကို လက်ခံမှာမဟုတ်ဘူး အခုကတည်းက

လက်လျှော့ပြီး သင့်တော်တဲ့ မိန်းမကို ကောက်ယူလိုက်တော့"

"ကိုကို့ကို မချစ်တော့ဘူးလား"

သော်ဒီက တစ်ချက်မှလှည့်မကြည့်

"မချစ်တော့ဘူး"

ဤမျှသာ ပြောပြီး ညီ သူ့ကိုတစ်ယောက်ထဲ ထားခဲ့လေသည်။

ညီ့ရဲ့ကျောပြင်အား စိုက်ကြည့်ရင်း ဩဂတ် နှလုံးသားတစ်ခုလုံး

ကွဲအက်ကြေမွသွားရသလို ခံစားရသည်။ ညီ သူ့ကိုလက်မခံမှန်း

ကြိုတွေးမိသော်လည်း လက်တွေ့မှာတော့ အတွေးထဲကထက်

ထိချက်က ပြင်းလွန်းတာမို့ ဒန်းပေါ်မှာ ခပ်ငိုင်ငိုင် ထိုင်ချလိုက်သည်။

ကိုကို လက်မလျှော့ပါဘူး... လွယ်လွယ်ကူကူ လက်လျှော့မယ့်

အထဲမှာလည်း မင်းမပါဘူး။ မင်းက ကိုယ့်အတွက် ဘယ်သူနဲ့မှ

တူတာမဟုတ်ဘူး။ မင်းနဲ့မှ မဟုတ်ရင် လက်မထပ်ဘူး....

Zawgyi

ခ်စ္သူတစ္ေယာက္ ေကာက္ရထားသည္ {အခန္း ၂၂}

တစ္ခုခုလုပ္ေတာ့မယ္ဆို ဘာPlanမွ မရွိပဲြဗုန္းစားြကီးထလုပ္

တတ္တဲ့ ဩဂတ္က ဒီတစ္ခါလည္း တစ္ဦးတည္းေသာ သူငယ္ခ်င္း ြဖစ္တဲ့ မင္းသြင္ကိုလည္း ဘာမွမေျပာသလို ဒယ္ဒီနဲ့

ေဖေဖ့ကိုလည္း ြကိုျပီးအေြကာင္းမြကားပါပဲ ျပင္ဦးလြင္ကို

မနက္အေစာြကီး ေရာက္ခ်လာသည္။

ေဘာင္းဘီအမဲနဲ့ အြဖူေရာင္ဆြဲသားအင္္က်ီလက္ရွည္ြကီးနဲ့

ညကတည္းက ထလာခဲ့တာမို့ ပုံစံက နည္းနည္းမွိုင္းေနခဲ့သည္။

ဒီနွစ္လေက်ာ္အတြင္း နားေအာက္နားထိ ဖုံးေနတဲ့ ဆံပင္ေတြရယ္

နွုတ္ခမ္းေမြွးေရးေရးတို့ကလည္း ရိတ္သင္ထားြခင္းမရွိ..,.။

နွစ္လအတြင္း သူ့ဟာသူ ေပေတေနကာ ြဖစ္ခ်င္ရာြဖစ္ေနခဲ့တာကို ညီသာသိရင္ ဆူေကာင္းဆူနိုင္မည္။

ျပင္ဦးလြင္ကို ငယ္စဉ္က ေရာက္ဖူးေပမယ့္ အခုတစ္ြကိမ္ကေတာ့

ခ်စ္ရသူ ရွိတယ္ဆိုတဲ့ ခံစားခ်က္ေြကာင့္ သူ့ကိုပိုေနြးေထြးေစျပီး

ရင္ခုန္ေစပါသည္။ ြခံတံခါးက ပိတ္ထားတာမို့ ကားေပါ္ကဆင္းျပီး

ဒယ္ဒီဆီ ဖုန္းေခါ္ရသည္။

"ဒယ္ဒီသား အျပင္မွာ ေရာက္ေနတယ္ တံခါးလာဖြင့္ေပး!!

'ဘာ!! မင္းလာမယ္ဆိုလည္း ငါတို့ကို ြကိုေျပာေလကြာ'

"လာဖို့ အစီစဉ္မရွိပါဘူး စိတ္ေျပလက္ေပ်ာက္ ညဘက္ ကားပတ္

စီးရင္း ဒီဘက္ကို ေရာက္လာခဲ့တာပဲ"

'ေခြးစကားေတြ!!

"ဒယ္ဒီရာ!! အျပစ္တင္မယ္ဆိုလည္း ေနာက္မွတင္ေတာ့

အခု တံခါးလာဖြင့္ေပးပါဦး"

'ခဏေစာင့္..'

ဒယ္ဒီဆီက ဖုန္းခ်သြားျပီးေနာက္ ခဏအြကာ ဒယ္ဒီရဲ့ကားကို

ေတြ့လိုက္ရသည္။ ကားထဲကေန ဒယ္ဒီထြက္လာကာ ျပီးမွ

ေဖေဖက ထြက္လာြခင္းြဖစ္သည္။ ြခံတံခါးဖြင့္ျပီးသြားေတာ့

နွစ္ခ်ီျပီး မေတြ့တာြကာျပီြဖစ္တဲ့ ေဖေဖက ဝမ္းသာအားက

ကိုယ့္ကို ေျပးဖက္လာသည္။

"သားြကီးရယ္ ေဖေဖ မင္းကိုလြမ္းလိုက္တာ ေဖေဖ့ကိုေတာင္

လာမေတြ့ဘူး ေနနိုင္လိုက္တာ"

"လာခ်င္ပါတယ္ ေဖေဖရာ ကဲ..အခု သားေရာက္ေနျပီပဲဟာ"

ဒယ္ဒီနဲ့ေဖေဖက အျပင္သြားပုံေပါက္ေနတာမို့ မ်က္ခုံးေတြ

ပင့္တက္လာရင္း

"ဒယ္ဒီတို့က အျပင္သြားြကမလို့လား"

"ဟုတ္တယ္ ေဈးထဲခဏသြားမလို့ အျပန္က်ရင္ ြခံထဲကေန

မေန့က သားငယ္စားခ်င္တယ္ေျပာတဲ့ သစ္ေတာ္သီးေတြ

ဝင္ယူခဲ့ရဦးမယ္.."

"ညီ!! ရွိတယ္မလား"

"ရွိတယ္ေလ သားရဲ့.. မင္းရဲ့ညီကမနိုးေသးဘူး အိပ္ေနတုန္းပဲ"

ဦးအဂ္ဂ သားြဖစ္သူကိုြကည့္ရင္း အကဲခတ္ေနမိသည္..။

ခါတိုင္းဆို ကိုယ့္ဆီမလာတတ္တဲ့ေကာင္က သားငယ္လည္း

ေရာက္လာေရာ ခ်က္ခ်င္းေျပးလာပုံအရ သူတို့ြကားမွာ

တစ္ခုခု ြဖစ္ထားသည္ထင္၏။ ဒါေပမယ့္ အရင္ကလည္း

ဩဂတ္က ညီြဖစ္သူစိတ္ေကာက္ရင္ ခဏခဏ လိုက္ေခ်ာ့တတ္

သူမို့ ေထြေထြထူးထူး မေတြးြဖစ္။

"ကေလးက အိပ္ေနတာေနာ္ အသံ မက်ယ္ေစနဲ့.."

ဒယ္ဒီတို့က ကားေပါ္တက္ျပုျပီး မွာစရာရွိတာ မွာေနခဲ့တာမို့

ဩဂတ္မွာ စိတ္မပါေသာ္လည္း နားေထာင္ရပါမည္။ အျပင္ကကေန အိမ္ကိုသာ လွမ္းြကည့္ကာ ျပုံးရင္း

"ညီက ဘယ္အခန္းမွာ ေနတာလဲ ဒယ္ဒီ"

"မင္းငယ္ငယ္က ေနခဲ့တဲ့အခန္းေလ ညီေလးကိုစိတ္မခုဘူးမလား

မင္းအဲ့အခန္းကို ဘယ္သူ့ကိုမွ မေပးဘူးဆိုတာ ငါသိေပမယ့္

ညီေလးနဲ့မင္းက သူစိမ္းမွမဟုတ္တာ"

ဒီကိစ္စေလးအတြက္နဲ့ ညီအစ္ကိုနွစ္ေယာက္ရန္ြဖစ္မယ္လို့မထင္တာေြကာင့္ ဦးအဂ္ဂက ေလေျပေအးေလးနဲ့ ရွင္းျပသည္။ ဩဂတ္

ဘာမွ ျပန္မေျပာေတာ့ လက္ခံတယ္ဟု ယူဆလိုက္ျပီး ကားေမာင္းကာ အျပင္ကို ထြက္သြားခဲ့သည္။

ဒယ္ဒီတို့ထြက္သြားျပီဆိုတာနဲ့ သူသည္လည္း ကားေပါ္တက္ကာ

ြခံထဲကို ေမာင္းဝင္ခဲ့လိုက္သည္။ ဧက ၂၀၀ ၊ ဝန္းက်င္ရွိတဲ့

ြခံြကီးက ဖြားဖြားတို့ေခတ္မွာတည္းက သိန္းနွစ္ေသာင္းတန္ြဖစ္ျပီး

ဒယ္ဒီလက္ထက္မွာေတာ့ အိမ္ကိုလည္း ေခတ္သစ္အျပင္ဆင္

ေတြနဲ့မြန္းမံခဲ့သည္။ လမ္းဘက္ကေန စံအိမ္ဆီကို ေရာက္ဖို့

မိနစ္အနည္းငယ္ေပးရတာြဖစ္၏။

အိမ္ေရွ့မွာ ကားရပ္လိုက္ျပီး ‌ကားေပါ္က ဆင္းဆင္းခ်င္း ဩဂတ္

နွလုံးခုန္နွုန္းေတြ ျမန္ဆန္လာသည္ဟုပင္ ထင္မိသည္။

ဤသည္မွာ ညီရွိရာရပ္ဝန္းြဖစ္တာမို့က တစ္ေြကာင္း သိပ္ျပီး

လြမ္းေနရတဲ့ မ်က္နွာေလးကို ေတြ့ခြင့္ရေတာ့မွာမို့ကတစ္ေြကာင္း

ြဖစ္သည္။ အိမ္ကေန ေျပးထြက္သြားတဲ့ အိမ္ေျပးေလးကို ေတြ့ပါက ဘာလုပ္မယ္ ညာလုပ္မယ္ဆိုတာ ေတြးထားေပးမယ့္ ကုတင္ေပါ္္မွာ နွစ္ြခိုက္စြာအိပ္ေမာက်ေနသူေလးကို ျမင္ရေတာ့ နူးညံ့စြာ

ေငးြကည့္ရုံကလြဲလို့ ဩဂတ္လုပ္နိုင္တာ ဘာမွမရွိေပ။

ပါးျပင္ေပါ္ကို လက္နဲ့ဖြဖြေလးပြတ္သပ္ျပီး ငုံ့နမ္းလိုက္ေတာ့

ခံစားခ်က္က အရင္ကနဲ့မတူ။ ရင္ဘက္ြကီးတစ္ခုလုံးေပါက္ကြဲ

ထြက္ေတာ့မလို နိမ့္လိုက္ျမင့္လိုက္ြဖစ္လာကာ အသက္ရွူေတြပါ

ျမန္လာတာြဖစ္လို့ ဩဂတ္ သူ့ကိုယ္သူ ေလွာင္ရယ္ပစ္လိုက္သည္။

ညီ အိပ္ေနတာမို့ အင္္က်ီကို ခ်ြတ္လိုက္ျပီး ေရခ်ိုးခန္းထဲဝင္ကာ

ခပ္စိပ္စိပ္ထြက္ေနေသာ နွုတ္ခမ္းေမြွးေတြကို ရိတ္သင္ကာ

မ်က္နွာပါ သစ္လိုက္ေတာ့ ေပေရေနတဲ့ သြင္ျပင္က လူတစ္လုံး

သူတစ္လုံးနဲ့ ေတာက္ေတာက္ေျပာင္ေျပာင္ျပန္ရွိလာသည္။ ညီက

အျမဲတမ္း ကိုယ္ျပင္ဦးလြင္ကို လာခ်င္ လာနိုင္တာေြကာင့္

သင့္ေတာ္တဲ့ အဝတ္းစားေတြကို စီစဉ္ထားတတ္တာမို့ အဲ့ထဲက

တစ္ထည္ကို ယူဝတ္ျပီးမွ ညီ့ေဘးမွာ အသာတက္လွဲလိုက္သည္။

သူမ်ားကိုစားမဝင္အိပ္မေပ်ာ္ေအာင္ လုပ္ျပီး သူက်ေတာ့

နွစ္နွစ္ြခိုက္ြခိုက္ရွိေနလိုက္တာ ဘာအပူပင္မွ မရွိသည့္အတိုင္း။

ညီရာ... ကိုကိုလြမ္းလိုက္ရတာ..

ဒီခံစားခ်က္..

သူ ေသာ္ဒီနွုတ္ခမ္းကို ငုံ့နမ္းလိုက္သည့္အခ်ိန္မွာ လစ္ဟာေနတဲ့

နွလုံးသားက တစ္စုံတစ္ခုကိုရွာေတြ့သြားသည္ဟု ခံစားလိုက္ရပါ၏။ ဒီခံစားခ်က္

ျပီးေတာ့ စီးခ်က္မညီတဲ့ နွလုံးခုန္သံေတြ။ ဩဂတ္ အမွန္တရားကို

လက္ခံလိုက္ျပီး ေခါင္းေမာ့ကာ ကိုယ့္ကိုယ္ကိုယ္ ေလွာင္ပစ္လိုက္သည္။

ထိုအခိုက္မွာပဲ ေသာ္ဒီထူးဟန္တစ္ေယာက္ အိပ္တစ္ဝက္နိုးတစ္ဝက္ ြဖစ္လာကာ ျမင္ကြင္းထဲမွာ ရွင္းလင္းျပတ္သားစြာ

ေပါ္လာတဲ့ ေယာက္်ားတစ္ေယာက္ရဲ့ ခပ္ေခ်ာေခ်ာမ်က္နွာေလးေြကာင့္ မ်က္လုံးေတြျပူးသြားရင္း ဆတ္ခနဲထထိုင္လိုက္သည္။

ထိုေယာက္်ားကို ေြကာင္အမ္းအမ္းြကည့္ေနသလို ထိုလူကလည္း

သူ့ကို ျပုံးျပလာပုံက မနက္ခင္းေနေရာင္ြခည္တို့နဲ့အျပိုင္ ေနြးေထြး လွသည့္အျပုံးမ်ိုးြဖင့္သာ။

ထိုေယာက္်ားဟာ သူ့နွလုံးသားထဲမွာ အျမစ္တြယ္ေနေသာသူ..။

နွစ္လြကာရွည္ တိတ္တခိုးျမတ္နိုးခဲ့ရပါေသာ ေယာက္်ားြဖစ္သည္။ သို့ေသာ္ ထိုလူ့အား ျမင္ေနေပမယ့္ ေပ်ာ္ရြွင္မွုအစား

နွလုံးသားတစ္ခုလုံးကို ဓားနဲ့ခပ္ပါးပါးမြွန္းျပီး ဆားနဲ့သိပ္ခံထားရသလို စပ္ဖ်ဉ္းဖ်ဉ္းသာ ြဖစ္ေနသည္။

ကိုကို သူ့ဆီလိုက္လာသည့္ ြဖစ္ရပ္က တကယ္ကိုထူးဆန္းသည့္

ြဖစ္ရပ္တစ္ခုပင္။

ေသာ္ဒီသက္ျပင္းဖြဖြ ခ်ျပီး ေရခ်ိုးခန္းထဲကိုသာ ဝင္သြားလိုက္သည္။ မ်က္နွာသစ္ျပီး ျပန္ထြက္လာသည္အထိ ထိုလူသားက

ခုနကအတိုင္း ကုတင္ေပါ္မွာ ျငိမ္သက္စြာထိုင္ေနရင္း သူ့ကို

ြကည့္လာခဲ့ပါသည္။

"ကိုကို ဘယ္တုန္းက ေရာက္ေနတာလဲ"

"အခုေလးတင္.."

"ဪ!!

စကားတို့က ဤမ်ွသာြဖစ္ျပီး ေသာ္ဒီေခါင္းညိတ္ျပကာ အျပင္ကို

ထြက္လာေတာ့ ဩဂတ္ကပါ လိုက္လာခဲ့သည္။ သူသိတယ္

ဒီကေလး သူ့ကိုေရွာင္ခ်င္ေနတာကို... ။ ဒါကလည္း ြကိုေတြး

ထားျပီးသား ကိစ္စမို့ စိတ္ခုရမယ့္အစား အသည္းတယားယားသာ

ြဖစ္ရပါသည္။

ဧည့္ခန္းကို‌အေရာက္ ေသာ္ဒီရပ္လိုက္ျပီး ဒယ္ဒီအံဆြဲထဲက

စီးကရက္နဲ့ မီးြခစ္ကိုထုတ္လိုက္ကာ မီးညွိလိုက္သည္...။

ကိုကို တားလာမယ္ထင္ေပမယ့္ ဘာတစ္ခုမွ ေျပာမလာခဲ့ပါ..။

ဒါက သူသိဖူးတဲ့ ကိုကိုမဟုတ္။ ကိုကိုသာဆို ေဆးလိပ္ေသာက္လို့

က်န္းမာေရး ဘယ္လိုဆိုးဝါးေြကာင္းကို တသီြကီးရွင္းျပပါလိမ့္မည္။ ျပီးရင္ သူကလည္း 'ဟုတ္ကဲ့ ကိုကို ေနာက္မလုပ္ေတာ့ပါဘူး'ဟု ေျပာလိမ့္မည္။

အခုေတာ့ ထိုအစား ကိုကိုက သူဘာလုပ္လုပ္ အသာေလး

လိုက္ြကည့္ေနတာြဖစ္သည္။ သူကေတာ့ အျပင္မွာရွိတဲ့

ရွုခင္းကိုသာ ျပတင္းေပါက္ကေနတဆင့္ ေငးရင္း စီးကရက္

ဖြာေနခဲ့သည္။

"ကိုကို ဘာလို့ လိုက္လာတာလဲ"

"အင္း!! အိမ္ကေနထြက္ေျပးသြားတဲ့ အိမ္ေျပးေလးကို လာျပီး

အမိဖမ္းတာေလ"

"ဪ.. မိျပီလား"

"မိျပီ!! ဒါေပမယ့္ သူ ထြက္ေျပးဖို့ ြကိုးစားေနေသးတယ္"

ေသာ္ဒီ စိတ္မသက္သာစြာ အြကည့္နဲ့ ကိုကို့ကို ျပန္ြကည့္လိုက္သည္။ သူ ကိုကိုနဲ့ မ်က္ဝန္းခ်င္းဆုံေတြ့လိုက္တိုင္းမွာ နာက်င္

ရတဲ့ြကားက တစ္ခ်က္ တစ္ခ်က္ ရင္ခုန္ရေသးသည္မို့ခပ္ျမန္ျမန္

အြကည့္ျပန္လြွဲလိုက္ပါသည္။

"က်ြန္ေတာ္ထြက္ေျပးတာ မဟုတ္ပါဘူး ကိုကို..."

"ဪ.. ကိုယ့္ကိုထားျပီး ထြက္သြားတာက ထြက္ေျပးသြားတာ

မဟုတ္ဘူးလား"

"က်ြန္ေတာ္ အခ်ိန္တန္ ျပန္လာခဲ့မွာေပါ့ .."

"ဘယ္ေတာ့ အခ်ိန္တန္မွာလဲ ကိုကိုက ဘာမွမလုပ္ပဲ ဒီတိုင္း

ထိုင္ေစာင့္ေနရမွာလားဟင္!!

ဩဂတ္ ကေလးငယ္ အနားကို တိုးသြားလိုက္ျပီး လက္ထဲက

စီးကရက္ကို ယူကာ တစ္ရွိုက္ေသာက္ရင္းအေငြ့ေတြကို

ကေလးငယ္ရဲ့ မ်က္နွာေပါ္ လြွတ္ထုတ္လိုက္သည္။ စီးကရက္

အေငြ့ေတြြကားမွာ ျမင္ရတဲ့ နုနယ္ေနတဲ့ မ်က္နွာေသးေသးေလးက မ်က္နွာတည္တည္ြကီးြဖစ္ေနတာေတာင္ ခ်စ္ဖို့ေကာင္းသည္ဟု သူထင္မိပါသည္။

"ထူးဆန္းတယ္!!

"ဘာကလဲ"

"အရင္ဆို ကိုကိုက ေဆးလိပ္ေသာက္တာ မြကိုက္ပါဘူး

အခုမွ ဘယ္လိုြဖစ္ရတာလဲ.."

"အင္း!!! လူဆိုတာ ေျပာင္းလဲတတ္တဲ့ သေဘာရွိတာဘဲေလ"

"ဪ.."

ေသာ္ဒီက ခဏေလာက္တိတ္သြားျပီးမွ ေဘးက ကိုကို့ကို

မြကည့္ပဲ ဆက္ကာ

"အဲ့ဒီအမ်ိုးသမီးက တကယ္လူေကာင္းပဲေနာ္ ကိုကိုနဲ့လိုက္တယ္"

ဩဂတ္မွာ ညီ့စကားေတြေြကာင့္ မ်က္ခုံးပင့္သြားခဲ့သည္။

"ဆရာဝန္ြဖစ္တဲ့အျပင္ တကယ္ကိုက်က္သေရရွိတဲ့အမ်ိုးသမီး

ကိုကို့ရဲ့ လက္တြဲေဖာ္ြဖစ္ဖို့ အရမ္းအရည္အခ်င္းျပည့္မီတယ္

ညီ အဲ့တုန္းကေျပာခဲ့တာေတြကို စိတ္ထဲမထားပါနဲ့ ကိုကို!!

အခုမွ သူမ်ားလက္ထဲ ဇြတ္ထိုးထည့္ခ်င္ေနတဲ့ ညီ့အား ဩဂတ္

ြကည့္ရင္း ဟက္ခနဲ ရယ္ပစ္လိုက္တယ္။

"အဲ့ေတာ့ သေဘာတူတယ္ေပါ့!!

"အင္း ကိုကိုလည္း ခ်စ္တာပဲမလား"

စီးကရက္ကို တစ္ရွိုက္ဖြာျပီးမွ လြွင့္ပစ္လိုက္ျပီး ေသာ္ဒီရဲ့ေမးဖ်ားကို လက္နဲ့ပင့္ယူကာ မ်က္လုံးခ်င္းဆုံပစ္လိုက္သည္။ မ်က္နွာ

တစ္ခုက အရမ္းနီးကပ္လာခ်ိန္မွာေတာ့ ေသာ္ဒီရဲ့ အသက္ရွူသံ

ေတြက မူမမွန္ေတာ့။

"အကယ္၍ ကိုကိုက အဲ့ဒီလို မလုပ္ခ်င္ဘူးဆိုရင္ေရာ?

"ဗ်ာ!! ကိုကို..ဘာကိုေျပာခ်င္တာလဲ"

"ဘာလို့ ကိုယ့္ကို သူမ်ားလက္ထဲ အတင္းထိုးထည့္ေပးေနတာလဲ"

"ဒါက ကိုကိုြဖစ္ခ်င္တာမဟုတ္ဘူးလား"

"ကိုကို လက္မထပ္ေတာ့ဘူး ညီ.. "

ေသာ္ဒီမ်က္လုံးေတြ ဝိုင္းစက္သြားသည္။ ကိုကို ဘာကို

ေျပာေနမွန္းနားလည္ဖို့ မနည္းြကိုးစားလိုက္ရပါ၏။

သူနဲ့ကိုကိုက အဲ့ညကတည္းက ျပီးျပတ္သြားခဲ့ျပီထင္ခဲ့တာ။

ကိုကိုက သူ့ကိုညီေလးလိုပဲခ်စ္တာကိုလည္း သူသိခဲ့ျပီးျပီ

ဒါေြကာင့္ သူ့ဘက္ကလည္း ကိုကိုလိုခ်င္တဲ့ ညီေလးတစ္ေယာက္ ြဖစ္နိုင္ေအာင္ြကိုးစားေပးေတာ့မလို့ပဲေလ။

"ညီနဲ့မွ မဟုတ္ရင္ ကိုကို ဘယ္သူနဲ့မွ လက္မထပ္ဘူး!!!

ဒီတစ္ခါေတာ့ သူအလန့္တြကားြဖင့္ ကိုကို့မ်က္နွာအား

ေသခ်ာေလး ေငးြကည့္ကာ ေြကာင္အမ္းအမ္းေလး

ြဖစ္သြားခဲ့ပါသည္။

"ကိုကို... !!!

စကားဆက္ေျပာလို့မရေအာင္ ကိုကို့နွုတ္ခမ္းေတြက သူ့နွုတ္ခမ္းေပါ္ ထိကပ္လာသည္။ ေသာ္ဒီေခါင္းထဲမွာ အခ်က္ေပးေခါင္းေလာင္းေတြ ျမည္လာ၏။ ရုန္းလည္းမရုန္း ျပန္လည္းမတုန့္ျပန္တဲ့ သေဘာက ကိုကို့လုပ္ရပ္ေြကာင့္ သူေြကာင္ေနြခင္းသာ။

သတိဝင္လာတဲ့အခါ ကိုကို့အနမ္းကေန ရုန္းထြက္ပစ္သည္..။

ကိုကို့ရဲ့ ရီေဝေဝ မ်က္ဝန္းေတြက ေသာ္ဒီဘဝမွာ စြဲေဆာင္မွု

အရွိဆုံး ေယာက္်ားတစ္ေယာက္ရဲ့ ျပယုဂ္တစ္ခုြဖစ္ေပမယ့္

သူတို့နွစ္ဦးက မြဖစ္သင့္။

"မရဘူး ကိုကို... အဲ့ဒီလို မလုပ္နဲ့ ညီ့ကို လြွတ္

အဲ့ညကတည္းက ညီတို့ကိစ္စျပီးသြားျပီ"

နားေထာင္ခ်င္ပုံမရတဲ့ ကိုကိုက သူ့ကို ဆိုဖာေပါ္ပစ္တင္ကာ

အေပါ္စီးကေန အုပ္မိုးျပီး လက္နွစ္ဖက္ကိုလည္း ဆြဲခ်ုပ္ထား၍

လွုပ္လို့ပင္မရ။

"ဘာလို့ မြဖစ္နိုင္တာလဲ..."

"က်ြန္ေတာ္တို့က ညီအစ္ကိုေတြဆို အဲ့ဒါခင္ဗ်ားကိုယ္တိုင္

ေျပာခဲ့တာမဟုတ္ဘူးလား"

"အရင္းမွ မဟုတ္တာ..."

"ဒါေပမယ့္..."

"မင္းက် ကိုကို့ကို ခ်စ္လို့ရျပီး ကိုကိုက် မရဘူးလား!!

‌ေသာ္ဒီ ေြကာင္သြားသည္။ ကိုကို့မ်က္နွာကို အလန့္တြကား

ြကည့္ျပီး အတည္ျပုလိုက္ေတာ့ တကယ္ဟုတ္ေနေြကာင္း

သိလိုက္ရ၏။ ေသာ္ဒီရင္ထဲ အေြကာက္တရားေတြျပည့္နွက္လာကာ ငိုပါငိုခ်င္သြား၏။

ကိုကိုက အျမဲတမ္းသူနဲ့ပတ္သတ္ပါက ထိပ္ကြကိုပိတ္ျပီး

ဇြတ္အတင္း လုပ္ခ်င္ရာလုပ္တဲ့သူဆိုတာ သူေမ့ေနခဲ့တာပဲ။

ဩဂတ္မွာလည္း မ်က္ရည္ေတြဝဲလာတဲ့ ညီ့ေြကာင့္ ျပာယာခတ္သြားျပီး နွုတ္ခမ္းလြွာကို ငုံ့နမ္းလိုက္သည္။ ညီ မရုန္းတာ

ေသခ်ာေတာ့မွ လက္ကို လြွတ္ေပးလိုက္ေတာ့ သူ့ကိုျပန္ဖက္ကာ

ြဖည္းြဖည္းခ်င္း အနမ္းေတြကို တုန့္ျပန္လာခဲ့သည္။

ဘုတ္!!!!

အသံေြကာင့္ နွစ္ေယာက္လုံး တြန့္သြားြကျပီး အသံလာရာကို

ြကည့္လိုက္ေတာ့ အရင္ဆုံးျမင္ရတာက ျပန့္က်ဲေနေသာ

သစ္ေတာ္သီးေတြ အဲ့ဒီေနာက္မွာေတာ့ အံ့ဩေနတဲ့မ်က္နွာနဲ့

ရပ္ေနတဲ့ ဒယ္ဒီ။

"ဒယ့္..ဒယ္ဒီ!!

"ေခြးသား!!! မင္းေသဖို့သာျပင္"

သူအျမန္ပဲ မတ္တပ္ထရပ္ကာ ဒယ္ဒီလက္သီးခ်က္ကို ခံယူဖို့

အသင့္ျပင္လိုက္သည္။ ထိုအခိုက္မွာပဲ ေသာ္ဒီက ဩဂတ္ေရွ့မွာ

ဝင္ရပ္ျပီး လက္သီးခ်က္ကို ခံယူဖို့ျပင္လိုက္သည္။ ဦးအဂ္ဂရဲ့

လက္သီးက ေသာ္ဒီနွာဖ်ားမွာ တုန့္ခနဲ ရပ္သြားခဲ့ပါ၏။

"မလုပ္ပါနဲ့ ဒယ္ဒီ... "

"သားငယ္ေလး ဖယ္လိုက္ေတာ့ ဒယ္ဒီ အဲ့ေကာင္ကို မွတ္သြားေအာင္ ဆုံးမပစ္ရမယ္ "

"ကိုကိုမမွားပါဘူး ကိုကိုအခုလိုြဖစ္သြားေအာင္ ျမူစြယ္ခဲ့တဲ့

က်ြန္ေတာ္ကသာ အျပစ္ရွိတာပါ"

ဦးအဂ္ဂမွာ ေဒါသထြက္ေနတဲ့ အမူယာနဲ့ သားြဖစ္သူကို

လွမ္းြကည့္သည္။ သားငယ္ေလး မ်က္နွာ ျမင္လိုက္တဲ့အခါမွ

ေဒါသေတြအစား နွေမ်ာြခင္းတို့ကိုသာ ခံစားလိုက္ရသည္။

ဩဂတ္ ဒီကိုလိုက္လာခဲ့တာက ျပဿနာတစ္ခုခုရွိေနလို့ဆိုတာ

သိေပမယ့္ ဒီျပဿနာလို့ေတာ့ လုံးဝ မထင္ထားမိပါ။

"ကိုကိုက ခဏအသိစိတ္လြတ္သြားလို့ အခုလိုလုပ္ခဲ့တာပါ

ျပီးတာနဲ့ ရန္ကုန္ျပန္ေတာ့မွာ ေနာက္ျပီး ကိုကို့မွာ ခ်စ္သူရွိပါတယ္

အဲ့ဒီမွာ အေြခခ်ေတာ့မွာေလ ဒယ္ဒီစိတ္ေလ်ွာ့ပါဗ်"

ဩဂတ္မွာ စိတ္ထဲတင္းခနဲြဖစ္သြားျပီး ေသာ္ဒီပုခုံးကိုကိုင္ကာ

သူနဲ့မ်က္နွာခ်င္းဆိုင္ြဖစ္ေအာင္ ဆြဲလွည့္လိုက္သည္။

"ဒီကိစ္စကို ၊ ကိုကိုေျပာထားျပီးသားမဟုတ္ဘူးလား

ကိုကို မင္းကို လက္မေလ်ွာ့ဘူး မင္းမပါရင္ ရန္ကုန္ကိုလည္း

မျပန္နိုင္ဘူးကြာ"

"ကိုကို အေြခေနကို နားမလည္ဘူးလား ရန္ကုန္ကို

ခ်က္ခ်င္းျပန္ပါေတာ့ ညီတို့ကိစ္စက အဲ့ညကတည္းက

ျပီးသြားခဲ့ျပီ"

ဩဂတ္ သက္ျပင္းျပင္းဖြဖြခ်ကာ ရင္ထဲစူးနင့္သြားေပမယ့္

"မင္းလည္း ကိုယ့္ကို ခ်စ္ရဲ့သားနဲ့.."

"ဩဂတ္ဂုဏ္ပိုင္ ဒယ္ဒီတို့ စကားေျပာရေအာင္"

ထိုအခါ ေသာ္ဒီက ဒယ္ဒီနဲ့ကိုကို စကားေျပာလို့ရေအာင္

အျပင္ကိုသာ ထြက္သြားျပီး ေရွာင္ေပးလိုက္သည္။ အထဲမွာ

က်န္ခဲ့တဲ့ ေလထုက ထူးဆန္းျပီး ေအးစက္ေနဆဲပင္။ ဦးအဂ္ဂ

မ်က္ေမွာင္ြကုတ္ျပီး ျငိမ္သက္ေနတဲ့ သားြဖစ္သူကိုြကည့္ျပီးမွ

စကားစရ၏။

"ဒယ္ဒီကို ရွင္းျပစမ္း!!!

"ေတြ့တဲ့အတိုင္း ညီနဲ့က်ြန္ေတာ္က.. မဟုတ္ဘူး..က်ြန္ေတာ္

ညီ့ကို ခ်စ္ပါတယ္ ဒယ္ဒီ ျပင္ဦးလြင္ကို လိုက္လာတာလည္း

ညီ့ကိုျပန္ေခါ္ဖို့ပါပဲ"

"ငါထင္သားပဲ ဒီလိုမ်ိုးပဲ မထင္မိတာ!!!

"ဒယ္ဒီ က်ြန္ေတာ္ ညီ့ကိုတကယ္...."

"မင္းမတိတ္နိုင္ဘူးလား... ကေလးကို မင္းလက္ထဲ ယုံြကည္စြာ

အပ္ထားခဲ့တာ အခုလိုလုပ္ဖို့မဟုတ္ဘူးေလ!!

"ေတာင္းပန္ပါတယ္!!! ဒယ္ဒီ့ကို စိတ္ပ်က္ေစမိျပီ ဒါေပမယ့္

က်ြန္ေတာ့္အတြက္ေရာ လြယ္မယ္ထင္လို့လား "

ဦးအဂ္ဂ သက္ျပင္းဖြဖြခ်ရသည္။ ေသခ်ာေပါက္ တစ္ေလ်ွာက္လုံး

မိန္းမေတြခ်ည္း ြကိုက္လာတဲ့ေကာင္က ေယာက္်ားတစ္ေယာက္ကို ခ်စ္မိသြားျပီလို့ လက္ခံလိုက္ဖို့က ေတာ္ေတာ္နဲ့လြယ္ကူမွာ

မဟုတ္မွန္း သူလည္း နားလည္ပါသည္။

"အဲ့ေတာ့ ဘာဆက္လုပ္မွာလဲ"

"ညီ!! က်ြန္ေတာ္ကို စိတ္ဆိုးေနတာေလ သူ့ကိုျပန္ေခ်ာ့ရမွာေပါ့

ျပီးရင္ ညီ့တစ္ဘဝလုံးကို က်ြန္ေတာ္တာဝန္ယူလိုက္ေတာ့မွာ"

ဦးအဂ္ဂ မ်က္နွာမဲ့က်သြား၏။ ျပီးမွ

"သားငယ္က မင္းတြဲဖူးတဲ့ ရည္းစားေတြလို လြယ္မယ္ထင္လို့လား"

"မထင္ပါဘူး ဒယ္ဒီ... အဲ့ဒါေြကာင့္ လိုက္လာရတာေပါ့"

"မင္းေဖေဖကို ဘယ္လိုျပန္ေျပာရမလည္း စဉ္းစားထား

ငါလည္း ငယ့္ကို မ်က္နွာမျပရဲေတာ့ဘူး.."

"စိတ္ခ်ပါ ဒယ္ဒီ က်ြန္ေတာ္ေြကာင့္ ဒယ္ဒီမထိခိုက္ေစရပါဘူး

ဒီကိစ္စတစ္ခုလုံးကို က်ြန္ေတာ္ေခါင္းခံပါ့မယ္"

"မင္းလုပ္တာေလ ေခြးသားရဲ့ မင္းပဲေခါင္းခံရမွာေပါ့!!!

ထိုစဉ္ အိမ္ထဲကို ဝင္လာတဲ့ေဖေဖ့ေြကာင့္ မဝံ့မရဲ ထရပ္လိုက္သည္။

"ကိုကိုေရ!! ဟိုငေမြွထိုး ဘာြဖစ္ေနတာလဲ အိမ္ေရွ့မွာ

လင္ပူမိေနတဲ့ မ်က္ခြက္ြကီးနဲ့ ထိုင္ေနတာ"

"ေဖေဖ!!!

မိုးေနွာင္းမွာ မူပိုင္အျပုံးေလးနဲ့ ဩဂတ္ကို ြကည့္လိုက္သည္။

အရပ္ရွည္လာျပီမို့ အခုဆို သူေတာင္ေမာ့ြကည့္ေနရျပီ။

"သားြကီး.. ဘာစားမလည္း ေျပာ.. မနက္စာ တစ္ခါထဲ

ဝင္စားလိုက္"

ဩဂတ္မွာ အျပစ္ရွိစိတ္ေတြ ပိုျပီးခံစားလာရတာေြကာင့္

ဘာမွမေျပာပဲ ေဖေဖ့ကို ဖက္လိုက္သည္။ ေဖေဖကေတာ့ ဘာမွ

မသိရွာပဲ သူ့ကိုလြမ္းလို့ဖက္ေနတယ္ထင္ကာ ေက်ာေလးကိုေတာင္ ပြတ္ေပးခဲ့ပါသည္။

"ေဖေဖ!!!

"သား ဘာြဖစ္လို့လဲ.."

"ညီ... ညီနဲ့ က်ြန္ေတာ္ ေမတ္တာမ်ွေနြကျပီ"

မိုးေနွာင္းရဲ့ အျပုံးမွာ ေတာင့္တင္းသြားကာ ခန္ဓာကိုယ္ကလည္း

ေတာင့္ေတာင့္ြကီး ြဖစ္သြားခဲ့သည္။

တဆိတ္ ဘာကို ြကားလိုက္ရတာလဲ?

"ေတာင္းပန္ပါတယ္ ေဖေဖ!! မတန္မရာကို ြကံခဲ့မိတာ

သားရဲ့ အျပစ္ေတြပါ ေဖေဖရိုက္မယ္ဆိုလည္း ခံပါ့မယ္

သားတို့ ခ်စ္ြခင္းကို မခြဲပါနဲ့ေနာ္.."

မိုးေနွာင္းမွာ အရမ္းေတြ Surprise ြဖစ္လြန္းလို့ မည္သို့ပင္

တုန့္ျပန္ရမယ္မသိ။ သားနွစ္ေယာက္လုံးက အခ်င္းခ်င္း

ေမတ္တာမ်ွကုန္ြကမယ္လို့ စိတ္ကူးေတာင္ယဉ္ြကည့္ဖူးခဲ့တာ

မဟုတ္ဘူး။ အဲ့ဒါေြကာင့္ ခါတိုင္းဆို ျမို့အနွံ့ပတ္ျပီး ေြခသလုံး

အိမ္တိုင္လုပ္ေနတဲ့ေကာင္က ျငိမ္ေနတာကိုး။

သူအေတြးနဲ့သူ ျပာယာခတ္ေနတုန္း သားြကီးရဲ့ မ်က္ရည္ေတြေြကာင့္ ေြကာင္အမ္းသြားရသည္။

"ညီ့ကို တာဝန္ယူမွာမို့ မခြဲပါနဲ့ေနာ္ ေဖေဖ!!!

မိုးေနွာင္း ဂရုဏာအြကည့္ေတြနဲ့ သားကိုြကည့္ျပီး မ်က္ရည္ေတြလည္း သုတ္ေပးလိုက္သည္။ ဦးအဂ္ဂကေတာ့ တတ္လည္း

တတ္နိုင္တဲ့ေကာင္ကို ြကည့္ရင္း စိတ္ထဲကေန တစ္ခြန္းတည္းပဲ

ေျပာလိုက္တယ္။

ေစာက္ဒြမ္မာကင္း...

"အဲ့ငေမြွထိုးရဲ့ ေရွ့ေရးကို ေဖေဖက စိတ္ပူေနခဲ့တာ

သူ လက္ထပ္ရင္ သူ့အက်င့္ေတြကို သီးမခံနိုင္တဲ့သူနဲ့

လက္ထပ္မိမွာ စိုးရိမ္ေနတာ သားတို့ခ်င္း တကယ္ခ်စ္တယ္ဆို

ေဖေဖ ကန့္ကြက္စရာ မရွိပါဘူး.."

ထိုအခါ ဩဂတ္ရဲ့ က်လက္စ မ်က္ရည္ေတြက တစ္ခန္းရပ္ကုန္သည္။ ဒီေတာ့ ဝမ္းသာသည့္ အျပုံးေလးတစ္ခုက

လွစ္ခနဲေပါ္လာရင္း

"တကယ္လား ေဖေဖ က်ြန္ေတာ္ဝမ္းသာလိုက္တာ"

"ကဲ... ဒီေန့ကစျပီး ေဖေဖ့ရဲ့ ျပဿနာကို သားရဲ့ေခါင္းေပါ္

လြွဲေပးလိုက္ျပီေနာ္ ြကံ့ြကံ့ခံနိုင္ရဲ့လား...သား"

"ဟုတ္ကဲ့ ေဖေဖ ခံနိုင္ပါတယ္ ေက်းဇူးလည္းတင္ပါတယ္ေနာ္!!

ဦးအဂ္ဂမွာ ငယ့္ကို ေက်းဇူးတင္ေနတဲ့ေကာင္ကို တြန္းဖယ္လိုက္ျပီး

ခ်စ္ရသူငယ့္အား ရင္ခြင္ထဲမွာ တင္းေနေအာင္ဖက္ထားလိုက္သည္။

"ေတာ္ရုံပဲလုပ္ ေဟ့ေကာင္!!

"ဒယ္ဒီကလည္း သူမ်ားအခ်စ္ခံရတာကို မနာလိုေနတာ"

"ငယ္က မင္းဟာလား ငါ့ဟာလား!!!

"အင္းပါ.. ဒယ္ဒီဟာ ေက်နပ္ျပီလား"

"ဟြန္း!! သိရင္လည္း ျပီးတာပဲ"

ထို့ေနာက္ ဒယ္ဒီတို့ကိုထားခဲ့ျပီး ညီ့ကိုရွာဖို့ ြခံထဲဆင္းလာလိုက္သည္။ ညီက ဒန္းေပါ္မွာ ထိုင္ေနရင္း ေရွ့က ျမင္ကြင္းေတြကို

စိတ္မပါစြာ ြကည့္ေနခဲ့ပါသည္။

"ညီ!!!

အြကည့္တစ္ခ်က္သာေပး၍ ခဏအတြင္း မ်က္နွာလြွဲသြားတဲ့

ညီ့အနားမွာ ဒူးတစ္ဖက္ေထာက္ခ်လိုက္သည္။ အဲ့ဒီအခ်ိန္မွ

ျပူးျပဲြကည့္လာတဲ့ညီက တကယ္လန့္သြားပုံမို့ အသံထြက္

ရယ္ရေသး၏။ ရူးေနလား ဆိုတဲ့အြကည့္နဲ့ ြကည့္ ေနတဲ့

ညီ့ေြခေထာက္တစ္ဖက္ကို အသာ'မ'ယူကာ ညီ့မ်က္နွာကို

အျပုံးနဲ့ ျပန္ြကည့္လိုက္သည္။

"ကိုကို ဘာလုပ္တာလဲ"

"ညီ!!! ေဖေဖ့ကို ေတာင္းဆိုျပီးသြားျပီ ကိုကိုတို့ကို

ခြင့္ျပုတယ္တဲ့ ညီ..ကိုယ္နဲ့ျပန္လိုက္ခဲ့ေနာ္"

"မြဖစ္နိုင္တဲ့ ကိစ္စအတြက္ မရူးစမ္းပါနဲ့ ကိုကိုရာ.."

"ညီ!!

"ကိုကို့ဘဝက ရန္ကုန္မွာေလ အဲ့ဒီမွာအေြခခ်ျပီး ကိုကို့အတြက္

သင့္ေတာ္တဲ့ မိန္းမတစ္ေယာက္ကလည္း အဆင္သင့္ရွိတယ္

အလုပ္အကိုင္ ပညာအရည္အခ်င္း ဘာတစ္ခုမွ ေျပာစရာ

မလိုဘူး အဲ့ဒါေတြကို စြန့္လြွတ္ျပီး ညီနဲ့အတူ ေခ်ာက္ထဲခုန္ခ်လို့

မရဘူးေလ"

"ကိုကို ေဆးရုံကထြက္လာလိုက္ျပီ ညီသိလား!!

ေသာ္ဒီထခုန္မတတ္ လန့္သြားရသည္။

"ဘာေျပာတယ္ ကိုကိုက ဆရာဝန္ေလ .. ဆရာဝန္တစ္ေယာက္ရဲ့ တာဝန္က လူေတြအသက္ကို ကယ္ရမွာ အဲ့လိုထြက္ခ်င္တိုင္း

ထြက္ရေအာင္ ဂိမ္းထင္လို့လား"

"က်စ္.. အသက္ကယ္ရတာ ဝါသနာမပါဘူး ကိုကိုဆန္ဒက

ညီ ေဘးကင္းျပီး က်န္းမာရင္ ရျပီ အဲ့ဒါက ကိုကိုဆရာဝန္

ြဖစ္ေအာင္လုပ္ရြခင္းရဲ့ ရည္ရြယ္ခ်က္ပဲ.."

"ခင္ဗ်ားက အရူးပဲ!!!

"ေနာက္ဆုံးေတာ့ ညီ သိသြားျပီပဲ.."

ဩဂတ္မွာ အရူးလိုျပုံးရင္း

"ကိုယ္ မင္းကို တကယ္ခ်စ္တာ.."

"က်ြန္ေတာ္ ေဝစားရတာ မြကိုက္ဘူး ကိုကို!!

"ဒီေန့ကစျပီး ကိုကိုက မင္းအပိုင္ပဲ.."

"................"

"ေဆာရီး ကိုကို ခင္ဗ်ား အလာေကာင္းေပမယ့္

အခါေနွာင္းသြားျပီ ျပတ္ေတာက္ျပီးသားဆက္ဆံေရးကို

ျပန္ဆက္ဖို့ မြကိုးစားပါနဲ့ က်ြန္ေတာ္တို့ေတြ ညီအစ္ကိုလိုပဲ

ေနရေအာင္!! အဲ့ညက ကိုကိုပဲ က်ြန္ေတာ့္ကို အသိတရား

ရေအာင္ လုပ္ေပးခဲ့တာ"

ေသာ္ဒီ မတ္တပ္ထရပ္ပစ္ျပီး အိမ္ထဲကို ျပန္ေလ်ွာက္ဝင္ရန္

ျပင္ျပီးမွ အေနာက္မွာရွိေနတဲ့ ကိုကို့အား လွည့္မြကည့္ပဲ

ေျပာလိုက္သည္။

"ကိုကို ရန္ကုန္ကိုပဲျပန္လိုက္ပါ ဒီမွာအခ်ိန္လာမြဖုန္းနဲ့

က်ြန္ေတာ္ ခင္ဗ်ားကို လက္ခံမွာမဟုတ္ဘူး အခုကတည္းက

လက္ေလ်ွာ့ျပီး သင့္ေတာ္တဲ့ မိန္းမကို ေကာက္ယူလိုက္ေတာ့"

"ကိုကို့ကို မခ်စ္ေတာ့ဘူးလား"

ေသာ္ဒီက တစ္ခ်က္မွလွည့္မြကည့္

"မခ်စ္ေတာ့ဘူး"

ဤမ်ွသာ ေျပာျပီး ညီ သူ့ကိုတစ္ေယာက္ထဲ ထားခဲ့ေလသည္။

ညီ့ရဲ့ေက်ာျပင္အား စိုက္ြကည့္ရင္း ဩဂတ္ နွလုံးသားတစ္ခုလုံး

ကြဲအက္ေြကမြသြားရသလို ခံစားရသည္။ ညီ သူ့ကိုလက္မခံမွန္း

ြကိုေတြးမိေသာ္လည္း လက္ေတြ့မွာေတာ့ အေတြးထဲကထက္

ထိခ်က္က ျပင္းလြန္းတာမို့ ဒန္းေပါ္မွာ ခပ္ငိုင္ငိုင္ ထိုင္ခ်လိုက္သည္။

ကိုကို လက္မေလ်ွာ့ပါဘူး... လြယ္လြယ္ကူကူ လက္ေလ်ွာ့မယ့္

အထဲမွာလည္း မင္းမပါဘူး။ မင္းက ကိုယ့္အတြက္ ဘယ္သူနဲ့မွ

တူတာမဟုတ္ဘူး။ မင္းနဲ့မွ မဟုတ္ရင္ လက္မထပ္ဘူး....

[text_hash] => a53a30ef
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...