Array
(
[text] =>
ချစ်သူတစ်ယောက် ကောက်ရထားသည်{အခန်း ၃}
ဒယ်ဒီတို့က သော်ဒီထူးဟန်ကို မန္တလေးကနေ ရန်ကုန်ကို
တစ်ခါတည်း ကျောင်းပြောင်းပေးပြီးနောက် ဒီနေ့က သော်ဒီရဲ့
ပထမဆုံး ကျောင်းတက်ရက်လေးဖြစ်သည်..။ ဒါပေမယ့်
စာသင်နှစ်ဝက်ကျော်လောက်မှ ကျောင်းပြောင်းတာမို့ ဖေဖေကလည်း သော်ဒီအား စာမလိုက်နိုင်မှာ သိပ်စိုးရိမ်နေရှာသည်။
သင်ရိုးတွေက တစ်ကျောင်းနဲ့တစ်ကျောင်း တူတာ မဟုတ်။
နောက်တော့မှ ဩဂတ်က ညီစာမလိုက်နိုင်ရင် သူစာပြပေးလို့
ရတယ်ဟု ဖေဖေ့အား နားချတော့မှ စိတ်အေးသွားခဲ့ပါသည်..။
ကျန်တာနောက်ထား ဩဂတ်ကတော့ သူ့ရဲ့ တစ်ဦးတည်းသော
ညီနဲ့ ကျောင်းအတူသွားရမှာမို့ ပါးချိုင့်တို့ ပေါ်အောင်ခဏခဏ
ပြုံးစိစိ ဖြစ်နေခဲ့သည်။
ဒယ်ဒီနဲ့ဖေဖေကလည်း ကုမ္ပဏီသွားမှာမို့ ညီနဲ့ သူ့အား
တစ်ခါတည်း ကျောင်းပို့ပေးမယ်ဟု ဆိုလာခဲ့သည်..။
"ညီ ခဏ!!
"ကိုကို ဘာဖြစ်လို့လဲ"
"ဖိနပ်ကိုချွတ်လိုက်ပါ့လား ဟောင်းနေပြီ!!
သော်ဒီကြောင်သွားပေမယ့် ပြီးမှ မျက်လုံးတွေမှိတ်သည်အထိ
ပြုံးရင်း ကိုကိုပြောသလို ဖိနပ်ချွတ်ပစ်လိုက်သည်။ ထိုအခါ
ကိုကိုက သူ့ရှေ့မှာ ဖိနပ်တစ်ရံနဲ့ ဆောင့်ကြောင့်ထိုင်ချလာတာကြောင့် သော်ဒီကြောင်အမ်းသွားရှာ၏။
"ညီက ခြေညှပ်ဖိနပ်ပဲ စီးတတ်တာလို့ ဖေဖေ ပြောလို့
ညီ့အတွက် ကိုကို့ရဲ့လက်ဆောင်.."
သားရေ ညှပ်ဖိနပ်က ညီ့ခြေထောက် ဖြူဖြူလေးနဲ့ ပို၍
လိုက်ဖက်နေသယောင်..။
သားနှစ်ယောက် ရန်မဖြစ်ပဲ အခုလို တည့်နေကြတော့လည်း
ဦးအဂ္ဂနဲ့ မိုးနှောင်းက ကျေနပ်ရပါသည်..။
"သားတို့ ကျောင်းနောက်ကျလိမ့်မယ် သွားကြရအောင်!!
"ဟုတ်ကဲ့"
ညီညီလက်ကို တွဲပြီး ဩဂတ် ကားပေါ်တက်လာ၏။ ညီက
သူနဲ့ယှဉ်ရင်ပဲဖြစ်ဖြစ် တစ်ခြား၁၃နှစ် ကောင်လေးတွေနဲ့ပဲ
ဖြစ်ဖြစ် ယှဉ်ပါက သေးညှပ်နေသည့်အထဲမှာ ပါဝင်သည်။
"ညီလေးကို သေချာစောင့်ရှောက်နော် သားကြီး!!
"ဟုတ် ဒယ်ဒီ!!
"ကိုကိုကလည်း ဘာလို့ သားကိုခဏခဏ ဒါချည်းပဲ
ပြောနေရတာလည်းဗျာ တစ်လျှောက်လုံး ပြောလာခဲ့တာ
ငယ်တောင် နားရည်ဝနေပြီ"
"ဖေဖေပဲ ပြောလိုက်တော့ သားက အမှားလုပ်တဲ့လူမှ
မဟုတ်တာ ဒယ်ဒီမပြောရင်တောင် ညီလေးကို ကောင်းကောင်း
စောင့်ရှောက်နိုင်ပါတယ်.."
"ဖေဖေက သားကြီးကို ယုံပြီးသား ဖေဖေမယုံကြည်တာက!!
အဲ့ဒီ ပြဿနာကောင်လို့ မိုးနှောင်း ပြောပစ်လိုက်ချင်ပါသည်..။
သူ့အကြည့်ကို သော်ဒီက နားလည်သလို မျက်စောင်းထိုးလိုက်
လျှာထုတ်ပြောင်ပြလိုက် လုပ်တော့ ခေါင်းခါလိုက်သည်..။
"သားငယ်က နည်းနည်းဆိုးတယ် သားကပဲ သီးခံပေးပါဦးနော်
အကယ်၍ အတိုင်းထက်လွန်လာရင် ရိုက်လို့ရတယ် သားလက်ထဲကို အပ်တယ်နော်"
ညီ့ကို ဆိုးတယ်လို့ပြောတော့ သူအံ့ဩရသည်..။ ညီက
သူ့ဆီမှာ လိမ်လည်းလိမ်မာသလို ပြောစကားလည်း သိပ်ကို
နားထောင်သည်။ ဖေဖေက ဒါတောင် ဘာလို့ ညီညီက ဆိုးတယ်လို့ ပြောနေရသလည်း သူတကယ်နားမလည်။
ညီ့မျက်နှာလေးကလည်း တကယ်ကိုနူးနူးညံ့ညံ့လေးပါပဲ
ဘယ်ရှုထောင့်က ကြည့်ပါစေ ဆိုးတဲ့လက္ခဏာ တစ်ခုတောင်
မတွေ့ရ။ အဲ့ဒီအချိန်က ဖေဖေ့ရဲ့ စကားကို သူခေါင်းခါပြီး
မေ့ပစ်လိုက်သည်။
"ငယ်ရယ် သားငယ်လေးက မဆိုးပါဘူး ကိုယ့်မျက်စိထဲမှာတော့
အရမ်းကို လိမ်မာရေးခြားရှိတဲ့ ကလေးပါ"
"ကိုကိုက အဲ့ကလေးအကြောင်း ဘာသိလို့လဲ သူ့ရဲ့
အရင်ကျောင်းမှာဆိုလေ...."
"ဖေဖေ့!!!!
သော်ဒီရဲ့ အသံကြောင့် မိုးနှောင်း ရပ်သွားပြီး လှည့်ကြည့်သည်။
မျက်နှာက တင်းခနဲဖြစ်နေပြီး သူ့ရဲ့အောက်ဖဲကိုလှန်ခံရမှာ
စိုးသည့်အတိုင်း ဖြစ်နေခဲ့သည်..။
"သားက လိမ်မာတဲ့ဟာကို !!
ဒယ်ဒီနဲ့ ကိုကိုက အသံထွက် ရယ်ကြသည်..။ ထိုအထဲမှာ
သော်ဒီထူးဟန် အဖေအရင်းခေါက်ခေါက်ဖြစ်တဲ့ မင်းမိုးနှောင်းတော့ မပါဝင်ပေ။ ကိုကိုတို့သားအဖကတော့ ချစ်စရာကလေးငယ်
တစ်ယောက်ရဲ့ ဆတ်ဆတ်ထိမခံခြင်းတို့ကိုသာ မြင်နိုင်ကြသည်။
"ကျောင်းရောက်ပြီ"
ကားပေါ်ကနေ နှစ်ယောက်အတူ ဆင်းကြပြီးနောက်မှာတော့
မသွားခင်မှာ ဒယ်ဒီက မှာတမ်းခြွေခဲ့ပြန်၏။
"သားကြီး!! ညီလေးကို ဂရုစိုက်နော် ကျောင်းမှာ အနိုင်ကျင့်
မခံရစေနဲ့"
"ဟုတ် ဒယ်ဒီ"
ကားလေးက အဝေးကိုမောင်းထွက်သွားတယ်။ နှစ်ယောက်အတူ
ကားလေးကို ကြည့်နေပြီးမှ ကျောင်းထဲကို ဝင်လာလိုက်သည်။
ထိုစဉ် ငမွှေထိုး မင်းသွင်က ကိုယ့်ဆီပြေးလာသည်။ သူက
ညီညီကို မြင်ဖူးတွေ့ဖူးချင်သည့်သူဖြစ်ရာ အိမ်ကိုအလည်လာခဲ့
ဆိုတော့လည်းမဟုတ်ပြန်။ မင်းနဲ့ မင်းညီကြားမှာ အနှောက်ယှက်
ဖြစ်မှာစိုးလို့ပါတဲ့။
တကယ်ဆို ကျောင်းမှာ သူ ညီညီအကြောင်းကို ပြောရ၊ ကြွားရပါ
များလွန်းလို့ သူများတွေလည်း အတော်နားရည်ဝနေပြီဖြစ်ရာ
တစ်ချို့ဆို 'နင့်ညီက နင်နဲ့တူရင်ချောမှာပဲ'ဟု ဆိုကြသည့်စကားကို သူ့ဘက်ကလည်း'ငါ့ညီက ချစ်စရာလေး'လို့ ဂုဏ်ယူဝံ့ကြွားစွာ
ပြန်ဖြေခဲ့သည်။
"ဩဂတ် ဒါလေးက မင်းရဲ့ညီလေးလား!!
မင်းသွင် တအံ့တဩဆိုတော့ ဩဂတ်မှာ မျက်နှာကိုမော်ချီလျက်
ခေါင်းညိတ်ပြရသည်။
"ချစ်စရာလေး!!!
ပြောလည်းပြော ပါးတစ်ဖက်ကို ဆွဲဖဲ့ဖို့ရာ လက်လှမ်းတာမို့
သူကလည်း အလျင်အမြန် မင်းသွင်လက်ကို ပုတ်ထုတ်လိုက်သည်။
"မင်းဘာလုပ်တာလဲ ဩဂတ် ငါက မင်းညီကို အသည်းယားလို့
ပါးလေးဆွဲဖဲ့ရုံလေး"
"မရပါဘူးနော် ပါးလေးက အသက်ကွ ငါတောင်ဥထားတာ!!
ထိုအခါ မင်းသွင်က 'အေးပါကွာ'လို့ ခပ်တိုးတိုးပြောကာ
မျက်နှာမဲ့ပြသည်။ ဩဂတ် ချစ်မယ်ဆိုလည်း ချစ်ချင်စရာ
ညီငယ်လေးက တကယ်ကိုချစ်စရာကောင်းပြီး ပါးဖောင်းဖောင်း
လေးတွေလည်းရှိသည်။ ဒီလိုဆိုတော့ အိမ်က ကောင်နဲ့
အလိုက်ပေး လဲချင်စိတ်တွေက တဖွားဖွားပင်။
"ကိုကို သူက?
"ဒါ ကိုကို့သူငယ်ချင်း မင်းသွင်တဲ့!!
"သေနာကောင်!! မင်းညီအကြောင်းကိုတော့ ငါတို့ကို
နားပေါက်ထွက်မတတ် ပြောပြပြီး ငါ့အကြောင်းကိုကျ
နည်းနည်းမှ ပြောမပြဘူးလား!!
မင်းသွင်ရဲ့ ဆွေ့ဆွေ့ခုန်သည့် ပုံစံကိုကြည့်ပြီး သူရယ်ချင်လာသည်။ မင်းသွင်ပြောသလိုပဲ ညီ့ကို သူ့မှာသူငယ်ချင်းတွေ
ရှိတယ်လို့သာ အကြမ်းဖျင်းပြောပြထားပြီး သကောင့်သားအကြောင်းကို အသေးစိတ်ပြောပြမထားခဲ့။
"ရုပ်ကြမ်းကြီးနဲ့ နွဲ့မနေပါနဲ့ မင်းကို မုန့်ဝယ်ကျွေးပါ့မယ်!!
"တကယ်နော် ပြောပြီးစလစ် နံပါတ်တစ်"
"အေး!! တကယ်ပြောတာ"
"ဩဂတ်ဂုဏ်ပိုင်!!!
အနောက်ကနေ ထွက်ပေါ်လာတဲ့ မိန်းကလေးတစ်ယောက်ရဲ့အသံကို သော်ဒီကြားဖူးဟန်ရှိသည်။ ဒါကြောင့် တကူးတက လှည့်မကြည့်မိ။ အနားကိုရောက်တော့မှ ထင်တဲ့အတိုင်း သွယ်ဆိုတဲ့
အစ်မ ဖြစ်နေ၏။
"ဒီနေ့ ညီလေးကို ခေါ်လာခဲ့တာပဲ"
"ဟုတ်တယ် နောက်ဆို ညီနဲ့ငါက ကျောင်းအတူတူလာပြီး
အတူတူ ပြန်တော့မှာ.."
ကိုကိုတို့၃ယောက်က ပြုံးပျော်နေတာဖြစ်ပြီး သူ့ကိုဘယ်သူမှ
ဂရုမစိုက်ကြတဲ့အခါ သော်ဒီနှုတ်ခမ်းစူသွားမိပါသည်..။
စကားဝိုင်းထဲ ထိုအစ်မ ရောက်လာရင် အပယ်ခံတစ်ယောက်လို
ဖြစ်ဖြစ်သွားတတ်တာမျိုး သော်ဒီမကြိုက်။
"မင်္ဂလာပါနော် မောင်လေး!!! မောင်လေးအကြောင်းကိုတော့
မမ ကြားဖူးတာ ကြာပြီ မင်းကိုကိုက နားနဲ့မဆံ့အောင်
မင်းအကြောင်းကို ပြောနေတာ သိလား.."
"ဟုတ်လား မမသွယ်က ကိုကို့ရဲ့ သူငယ်ချင်းလားဟင်!!!
သွယ့်မျက်နှာနုနုက ရဲခနဲဖြစ်ကာ မင်းသွင်က တခွီးခွီးထရယ်တော့
ဩဂတ်က မင်းသွင်ပုခုံးကို လက်သီးနဲ့လှမ်းထိုးလေသည်။
"ကြည့်စမ်း မောင်လေးက မမနာမည်ကို မှတ်မိနေတာလား"
"အင်း ဟိုတစ်ခါ ဖွားဖွားအိမ်တုန်းက သွယ်လို့ ဖွားဖွားခေါ်တာ
ကြားဖူးခဲ့တာ"
"ဟုတ်ပါ့!! မမနာမည် အပြည့်စုံက ပုလဲသွယ်တဲ့
မှတ်ထားနော် ဟင်းဟင်း"
သွယ်က အသံထွက်ပြီး တဟင်းဟင်းရယ်နေတာမို့ မျက်နှာကြီး
တည်ကာ နှုတ်ခမ်းပါစူပစ်လိုက်သော်လည်း သူ့ကို ဘယ်သူမှ
အာရုံမရ။
"ကိုကို ကျွန်တော်အတန်းထဲ သွားတော့မယ် ၈တန်းဆောင်က
ဘယ်မှာလဲ"
"ဟိုဘက်မှာရှိတယ် ကိုကိုလိုက်ပို့ရမလား"
"ရတယ် ကိုကို ညီ သွားတတ်တယ်"
"ဟုတ်ပါပြီဗျာ တစ်ခုခုဆို ကိုကို့ကို လာရှာနော် ကြားလား
အနိုင်ကျင့်ခံရရင်လည်း လာခေါ်လှည့် ညီ့ဘက်က ရန်ကူပြီး
ဖြစ်ပေးမယ်"
သော်ဒီ မျက်ခုံးပင့်သွား၏။ ကိုကိုက သူအနိုင်ကျင့်ခံရမှာ
စိုးရိမ်နေသည်ပဲ။ ခဏကြာပြီးနောက် သော်ဒီပြုံးလိုက်သည်။
"ဟုတ်ကဲ့ ကိုကို"
"ခဏ!! ညီ့ကို မုန့်ဖိုးပေးရဦးမယ်"
"ဖေဖေ ပေးထားတာ ရှိတယ် ကိုကို"
"ဟုတ်လား ဘယ်လောက်ပေးထားတာလဲ"
"၅ထောင်!!!
"ဟုတ်ပြီ ဒါက ကိုကိုထပ်ပေးတာနော်"
ပြောရင်း တစ်သောင်းတန် တစ်ရွက်ကို ထုတ်ပေးလာခဲ့သည်။
"ဟို... အဲ့လောက် မလိုဘူး ကိုကို ဖေဖေသိရင်လည်း
ကြိုက်မှာမဟုတ်ဘူး"
ဖေဖေက သူ့ကိုအသုံးဖြုန်းကြီးတဲ့လူ ဖြစ်မှာစိုး၍ ခဏခဏ
ဆုံးမတတ်တာကို သော်ဒီ ရုတ်တရက်တွေးမိသွားခဲ့သည်..။
မန္တလေးမှာတုန်းကဆို တစ်နေ့ တစ်ထောင်ပဲ လောက်ငှအောင်
သုံးရ၏။ စာအုပ်ဖိုးဘာညာ လိုအပ်ရင်တောင် ရော့အင့်ဆိုပြီး
တန်းပေးတာမျိုးမရှိပဲ သေချာစစ်ဆေးပြီးမှ ပေးတတ်သူပင်။
အခုမှ ပိုက်ဆံ၅ထောင်ကိုတောင် တော်တော်စဉ်းစားပြီးမှ
ပေးခဲ့ပုံရပါသည်။
"ဒါဆို ဖေဖေ မသိစေနဲ့ပေါ့ ညီက အများကြီးစားဖို့လိုနေတာ
မုန့်စားကျောင်းဆင်းရင် ဝယ်စားပေါ့.."
မယူပါဘူးဆိုတာကို ဇွတ်အတင်း လက်ထဲ ထည့်ပေးတော့
သော်ဒီယူလိုက်ရသည်။
"ဒါဆို ညီသွားတော့မယ်!!!
"ခဏ!!
ဘာလဲဆိုတဲ့ သဘောနဲ့ ကိုကို့ကို ကြည့်လိုက်တော့ ကိုကိုက
သူ့ပါးနှစ်ဖက်ကို တစ်လှည့်စီ နမ်းလာတော့ သော်ဒီမျက်နှာက
ရဲတက်လာ၏။ အိမ်မှာဆိုလည်း ကိုကိုက နမ်းတတ်ပေမယ့်
အခုဟာက လူတွေရှေ့မှာ နောက်ပြီး ကိုကို့သူငယ်ချင်းတွေ
ရှေ့မှာ။
"ဘာကြောင်ကြည့်နေတာလဲ သွားတော့လေ.."
သော်ဒီ ပြန်တောင်မဖြေနိုင်တော့ဘဲ ခေါင်းကိုသာ ခပ်သွက်သွက်
ညိတ်ကာ လှစ်ခနဲ ပြေးထွက်သွားသည်..။ ညီညီ ထွက်သွားတာကို ငေးကြည့်နေကာ လက်ကိုလာချိတ်တဲ့ သွယ့်ကြောင့်
အသိစိတ်က ခန္ဓာနဲ့ ပြန်ကပ်သွားရသည်။
"ဘာလို့ နမ်းတာလဲ ညီလေးကို ဒီလောက်တောင် ချစ်တာလား"
"ချစ်တာပေါ့ အရင်တည်းက ညီလေးတစ်ယောက်ကို
ရူးနေအောင် လိုချင်ခဲ့တာ ဒယ်ဒီက ဒီလိုနည်းနဲ့ မောင့်ဆန္ဒကို
ဖြည့်ဆည်းမယ် မထင်ထားဘူး.."
ဩဂတ်က ပြုံးလည်းပြုံး သူ့ဟာသူ သဘောကျနေကာ
တစ်ယောက်ထဲ ရယ်နေခဲ့သည်။ သွယ်ကတော့ သူ့အား
ခပ်စိုက်စိုက်ငေးကြည့်ရင်း မပျော်နိုင်ရှာ..။
သူနဲ့ သွယ်က ဟိုးငယ်ငယ်ကတည်းက ဖွားဖွားအိမ်မှာ
သိလာကြတာဖြစ်ပြီး သံယောဇဉ်တစ်ခုကို အခိုင်မာတည်ဆောက်
ထားခဲ့တာဖြစ်သည်။ နောက်တော့မှ မင်းသွင်ရဲ့ မြှောက်ပေးမှုကြောင့် ရည်ရွယ်ချက်မရှိပါပဲ သွယ့်ကို ဖွင့်ပြောကာမှ တန်းပြီး
အဖြေရခဲ့လေသည်။ အခုဆို သူတို့တွဲနေတာ နှစ်လလောက်
ရှိနေလေပြီ။ ဒီကိစ္စကို ဖွားဖွားနဲ့ မင်းသွင်ကလွဲလို့ တစ်ခြားလူ
ဘယ်သူမှ မသိဘူးဟု သူထင်ခဲ့လေသည်။
"မောင့် ညီကိုတောင် သွယ်မနာလိုလာပြီ!!
"သွယ်ရာ အဓိပ္ပာယ်မရှိတာ"
"သွယ်တို့ကိစ္စ မောင့်ညီသိမယ်မထင်ဘူး သူ့ကိုပြောလိုက်ပါ့လား"
"မဖြစ်ဘူး!!
"ဘာလို့လဲ မောင့်ဒယ်ဒီကို ပြန်တိုင်မှာစိုးလို့လား"
"မဟုတ်ပါဘူး ညီနဲ့ကိုယ်က သိတာ တစ်လတောင်
မပြည့်သေးဘူး အဲ့ဒါကြောင့် ကြားထဲမှာ ခင်မင်မှုကို
ပိုပြီး တည်ဆောက်ချင်တယ် သွယ်!! ပြီးတော့မှ ညီ့ကို
ပြောကြတာပေါ့"
သွယ်က ခဏစဉ်းစားပြီးမှ လက်ခံလိုက်သည်..။ တကယ်တော့
သူတို့တွဲနေကြတာ တစ်ကျောင်းလုံးရိပ်မိနေတာဖြစ်သည်..။
တစ်ချို့ဆို ဝိုင်းပြီးShipကြတာမျိုးတွေလည်း ရှိကြ၏..။
ကာယကံရှင် နှစ်ဦးကသာ ဝန်ခံထားခြင်း မရှိကြတာပင်။
.......................
"ဩဂတ်ဂုဏ်ပိုင် မင်းညီလေး ရောက်နေပြီ!!!
ဩဂတ် အမောဖြေရာမှ လှမ်းကြည့်လိုက်တော့ ကွင်းအပြင်မှာ
ရပ်နေတဲ့ ညီ့အား တွေ့လိုက်ရသည်။ သူပြန်ကြည့်တာကိုမြင်တော့ နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြလာခဲ့သည်။ ကျောင်းက အပြန်
နေ့တိုင်းမဟုတ်ပေမယ့် ခဏခဏတော့ ရပ်ကွက်ထဲက ဘော်ဒါတွေနဲ့ ဘောလုံးကန်ဖြစ်သည်မို့ အခု ဘောလုံးကန်နေသည့်အချိန်
ညီက ရောက်လာခြင်းဖြစ်ပါသည်။
သူကွင်းထဲကို ရောက်ပြီဆိုတာနဲ့ ဘယ်ကတည်းကချောင်းနေမှန်း
မသိတဲ့ မိန်းကလေးတွေက လာလာကြည့်တတ်၏..။ ထိုအခါ
ဘော်ဒါတွေက 'ဩဂတ်ဂုဏ်ပိုင် ရောက်လာတာနဲ့ ရပ်ကွက်ထဲမှာ
မမြင်ဖူးတဲ့ မိန်းကလေးတွေပါ ဆိုဒ်စုံအောင်တွေ့နေရတာဟေ့'
ဆိုပြီး စတတ်သေးသည်။
လူက ချွေးတွေနစ်နေအောင်ရွှဲစိုနေတာမို့ အင်္ကျီအောက်စကို
လှန်ပြီး နှဖူးက ချွေးတွေကိုသုတ်တော့ ဝမ်းဗိုက်မှာ ရှိနေတဲ့
Six_packတွေက ချွေးတရွှဲရွှဲနဲ့ ပြောင်ဝင်းနေတော့သည်...။
မိန်းကလေးတွေရဲ့ အော်သံခပ်သဲ့သဲ့အား ဩဂတ်ကြားပေမယ့်
ပြုံးစိစိသာ ဖြစ်မိရင်း ညီရှိရာ ကွင်းပြင်သို့ ထွက်လာမိသည်။
"ဩဂတ်...ရေ"
မိန်းကလေးတစ်ယောက် ရှေ့ကိုပိတ်ရပ်လာပြီး သူယူလာတဲ့
ရေဗူးလေးကို သူ့ရှေ့ ရှက်ရှက်နဲ့ လှမ်းပေးလာခဲ့သည်..။
သူ့ကို ရေဗူးပေးချင်ပေမယ့် ရှက်လည်း ရှက်နေတဲ့ပုံဖြင့်
အားတင်းပြီး လာပုံရပါ၏။ သူမျက်ခုံးပင့်မိသွားရင်း
နှုတ်ခမ်းထောင့်စွန်းလေးက ကွေးတက်လာကာ ထိုရေဗူးအား
လှမ်းယူလိုက်သည်။ ဒါက ပထမဆုံးအကြိမ် မဟုတ်သလို
အားနာပါးနာနဲ့ လက်ခံရခြင်းတွေကလည်း ပထမဆုံးအကြိမ်
မဟုတ်တော့ပေ။
"ကျေးဇူးနော်!!!
မိန်းကလေးက ဘာပြန်ပြောရမှန်းမသိပဲ တောင့်တောင့်ကြီး
ကျန်ရစ်ခဲ့သည်။ ကွင်းပြင်ကို ရောက်တော့ ညီက သူ့ကို
ကြည့်လိုက် လက်ထဲက ရေဗူးကို ကြည့်လိုက်လုပ်နေတာမို့..
"ဘာလဲ သောက်ချင်လို့လား"
"ဟင့်အင်း!!
"ကိုကိုဒီမှာ ရှိနေတာ ညီက ဘယ်လိုလုပ်သိတာလဲ ဒယ်ဒီ
ပြောလိုက်တာလား"
"ဟုတ်တယ် ညီတစ်ယောက်ထဲ အိမ်မှာနေတာ ပျင်းလို့
လိုက်လာခဲ့တာ"
ပြောရင်းနဲ့ သော်ဒီက ပူးကပ်လာတော့ သူအမြန်ရှောင်ရင်း
"ကိုကို့အနား မကပ်နဲ့ ချွေးတွေရွှဲပြီး စေးကပ်နေတာ
နံလည်းနံတယ်"
"ဘာဖြစ်လဲ ကပ်မှာပဲ ကိုကိုက သူများတွေကျ
အကပ်ခံပြီး"
ပြောလည်းမရ ဇွတ်အတင်း သူ့ရင်ဘက်နဲ့မျက်နှာအပ်ပြီး
ပူးကပ်လာ၏။ သူတို့တွေ အိမ်အပြန်လမ်းမှာမို့ ဘောလုံးကွင်းနဲ့
ခပ်ဝေးဝေးကို ရောက်လာကြပြီဖြစ်သည်။ ညီ့ကို လက်တစ်ဖက်က ထိန်းရင်း ခပ်သောသောရယ်ကာ ကိုင်ထားတဲ့ ရေဗူးကိုလည်း
လမ်းဘေးမှာ ပစ်ချခဲ့လိုက်သည်။
"ဖေဖေက ကိုကိုကျောက်ကျော ကြိုက်တယ်ဆိုတာနဲ့
အခု လုပ်ပေးနေတာ သိလား.."
"ဟုတ်လား"
"အွန်းပေါ့ ကိုကိုကျွေးလို့ စားလိုက်တာ ညီပါ ကျောက်ကျော
ကြိုက်နေပြီ သိလား"
"ကိုကိုကျွေးလို့ ကြိုက်တာဆိုတော့ မန္တလေးမှာတုန်းက
မစားရဘူးလား"
"စားဖူးတယ် ကိုကို တော်တော်ကြာပြီ အရသာကိုတောင်
မမှတ်မိတော့ဘူး အကြာကြီးနေမှ ပြန်စားလို့လား မသိဘူး
အရမ်းကြိုက်သွားတာ.."
သူ ညီ့ရဲ့ပုခုံးနှစ်ဖက်ကို လက်နဲ့ဝိုက်ဖက်လိုက်ပြီး ဆံပင်တွေကို
ဖွလိုက်သည်။ လမ်းဘက်ကနေ ခြံထဲကို နှစ်ယောက်လုံး
ဝင်လာတဲ့ တစ်လျှောက်မှာ ဇီဇဝါနံ့ ခပ်သင်းသင်းတို့က
သင်းပျံ့နေခဲ့ပါသည်။ အရင်က ဒယ်ဒီနဲ့ နေခဲ့တဲ့ အိမ်က
ညီတို့သားအဖ ရောက်လာမှ စိုစိုပြေပြေလေး ရှိလာသည်ဟု
သူ မှတ်ချက်ပြုရင်း လိုချင်ခဲ့တဲ့ ညီလေးကိုရလိုက်လို့လည်း
သူ့မှာ ဝမ်းသာလို့မဆုံးပေ။
"သားတို့ ပြန်လာကြပြီ!!
"ကျောက်ကျော လုပ်တယ်ဆို ဖေဖေ!!
ဒယ်ဒီက ဆိုဖာမှာ ထိုင်ကာ Computer ထဲ ခေါင်းစိုက်နေပြီး
ဖေဖေကတော့ မီးဖိုချောင်ဘက်ကနေ ထွက်လာတော့ သူတို့နဲ့
ဆုံသွားသည်။ ဖေဖေက အရပ်၆ပေအတိ ဖြစ်ကာ ပိန်ပြီး
သွယ်လည်းသွယ်သည်။ ဖေဖေ့ရဲ့မျက်နှာပေါက်က ညီနဲ့
တအားဆင်ပြီး ညှို့ဓာတ်ပြင်းလှ၏။ ဒါကြောင့် ဒယ်ဒီကို
ခြွေနိုင်ခဲ့မှန်း သူနားလည်လိုက်သည်။
"အအေးခံထားတုန်း ရှိသေးတယ် စားလို့မရသေးဘူး
သားကြီး အပြင်ကနေ ချွေးတွေရွှဲလာခဲ့တာလား"
"ဟုတ်တယ် ဖေဖေ"
"ချွေးတွေနဲ့ဆို ရေတန်းမချိုးနဲ့နော် ခဏလောက် နားလိုက်ဦး
ပြီးမှ ရေချိုးပေါ့"
"ဟုတ်!!
"သားငယ် ဘာလို့ ကိုကို့နား အတင်းပူးကပ်နေရတာလဲ
အနှောက်ယှက်ဖြစ်အောင်လို့"
"ရပါတယ် ဖေဖေရဲ့ အနှောက်ယှက် မဖြစ်ပါဘူး"
"သားက သူ့အကြောင်းဘာသိလို့လဲ ရုပ်နဲ့လုပ်စားနေတာ
ဒီကောင်လေးက ဖေဖေ့ကို မီးဖိုချောင်မှာ ညစာအတွက်
လိုက်ကူဦး သော်ဒီထူးဟန်!!
ထိုအခါ သော်ဒီက ဖေဖေ့ရဲ့အမိန့်ကိုမလွန်ဆန်နိုင်စွာ တွန့်ဆုတ် တွန့်ဆုတ်ပြီး ပါသွားခဲ့သည်။ အလုပ်လုပ်နေတဲ့ ဒယ်ဒီကို
တစ်ချက်သာ ကြည့်ရင်း သူလည်း အခန်းထဲပြန်ဝင်ခဲ့လိုက်သည်။ အခန်းထဲရောက်တော့ ဖေဖေပြောသလို ခဏနားပြီး
ရေချိုး အဝတ်စားလဲကာ အပြင်ကို ပြန်ထွက်လာလိုက်သည်..။
ဖေဖေက အခုထိ ညစာအတွက် ချက်တုန်းလားမသိ။
ညီနဲ့ဖေဖေ့အား မတွေ့ရ။ ဒယ်ဒီကလည်း ဆိုဖာမှာ ခုနကလို
အလုပ်လုပ်နေဆဲ ဖြစ်ကာ အခုမှဖျော်ထားတဲ့ အငွေ့တထောင်းထောင်း ကော်ဖီကို ငုံ့သောက်နေတာကြောင့် ဘေးမှာ
ဝင်ထိုင်လိုက်သည်။
"ဒယ်ဒီ အလုပ်လုပ်လို့ မပြီးသေးဘူးလား.."
"ပြီးပါပြီ!!!
"ဟိုလေ ဒယ်ဒီ!!!
"စကားပလ္လင်ခံမနေနဲ့ ပြောစရာရှိတာပြော"
ထိုအခါ သူ တဟဲဟဲ ရယ်ပြီး လည်ပင်းသားတို့အားပွတ်ကာ
"မေးစရာရှိလို့ ဒယ်ဒီရ!!
"အင်း!!
ဒယ်ဒီက သူ့ကိုပြန်ဖြေနေပေမယ့် အကြည့်တွေက Computer
ကနေ မခွာ။
"မာမီနဲ့ ဖေဖေနဲ့ ဘယ်သူပိုလှလဲ.."
Computer Keyboard ပေါ်မှာရှိတဲ့ ဒယ်ဒီလက်ချောင်းတွေက ရပ်တန့်သွား၏။ သူ့ကို တစ်ချက်လောက် သေသေချာချာ
ကြည့်လာပြီး Computer ကို ပိတ်ချလိုက်သည်။ မေးသာ
မေးရပေမယ့် ဒယ်ဒီရဲ့ ဒေါသကို သူသိပ်ကိုကြောက်ပါသည်။
"ဘာလို့မေးတာလဲ"
"သိပ်လှတဲ့ မာမီကို မချစ်ဘူးဆိုတာ မယုံနိုင်လို့ ဒယ်ဒီရာ!!
" နှင်းဆီနီနဲ့ နှင်းဆီဝါ ဘယ်အရောင်က
ပိုလှတယ်ထင်လဲ"
သူ အကြပ်ရိုက်သွား၏။ ပန်းမကြိုက်ပေမယ့် နှင်းဆီပန်းအရောင်
အမျိုးမျိုးကို သူမြင်ဖူးပါသည်။ အရောင်ချင်း မတူပေမယ့်
လှတာချင်းတော့ တူသည်ဟု သူထင်မိ၏။
"မဖြေနိုင်တော့ဘူးမလား!!
ဩဂတ် ခေါင်းက ဆံပင်တွေကိုသာ စိတ်ရှုပ်ရင်း လက်ချောင်းတွေနဲ့ ဆွဲဖွလိုက်မိသည်။
"ဒီလိုပဲ တစ်မျိုးဆီ လှတာပေါ့ ဒါပေမယ့် တစ်ချို့က အနီကို
ကြိုက်သလို တစ်ချို့ကလည်း အဝါကိုကြိုက်ကြတယ် အဲ့လိုလူ
တွေကို သွားမေးရင်တော့ ကိုယ်ကြိုက်တဲ့အရောင်က အလှဆုံးလို့
ဖြေမှာပဲ ဒယ်ဒီပြောတာ သဘောပေါက်ရဲ့လား.."
"ဟုတ်ကဲ့ ဒယ်ဒီ"
"နောက်တစ်ကြိမ် ဒါမျိုးမမေးရဘူးနော် သားဖေဖေ ကြားရင်
စိတ်ကောင်းမှာ မဟုတ်ဘူး ဒယ်ဒီ သူ့ကို စိတ်ချမ်းသာစေချင်တယ်"
"စိတ်ချပါ ဒယ်ဒီ နောက်မဖြစ်စေရပါဘူး"
"သူက အငယ်အနှောင်းမဟုတ်ဘူး ဆိုတာကိုလည်း
လမ်းကြုံရင် သားဖွားဖွားကို ပြောလိုက်ပါ အခုချိန်ထိ
မင်းအဖွားနှုတ်ကနေ ထွက်လာတဲ့ စကားလုံးမှန်သမျှ ငယ်က
ချူစားမယ်ဆိုတာတွေချည်းပဲ ဒယ်ဒီက ချူစားခံချင်တာ
မင်းဖေဖေက မချူစားလို့ပေါ့"
ဒယ်ဒီက သက်ပြင်းဖွဖွချ၍ စိတ်ပျက်လက်ပျက်ဆိုလာခြင်းသာ။
ဖြစ်နေတဲ့ ဒယ်ဒီ့ရုပ်ကိုကြည့်ပြီး သူကတော့ပြုံးစိစိနဲ့
"နောက်တော့ ဖွားဖွားက နားလည်သွားမှာပါ ဒယ်ဒီရဲ့"
"အင်း မျှော်လင့်ရတာပဲ!!! ဒယ်ဒီ လက်ထပ်တာကို
သား မကျေနပ်တာမျိုးတွေ ရှိလား"
ဒယ်ဒီက အခုမှ ဒီလိုမေးတော့ ဘာပြန်ဖြေရမှန်းမသိ..။
ဒါပေမယ့်လည်း ဒယ်ဒီကိုပေးဖို့ အဖြေက သီးသန့်ရှိနေပါသည်။
"မရှိပါဘူး ဒယ်ဒီရာ သားမှာ ညီတစ်ယောက် ရလို့တောင်
ဝမ်းသာနေတာ.."
"ဒါဆို ပြီးရော သားမာမီကို ဒယ်ဒီမချစ်ပေမယ့် သားကိုတော့
အရမ်းချစ်တယ်ဆိုတာ ယုံထား!!
"ဟုတ်"
"သားညီကိုလည်း စောင့်ရှောက်ရမယ်နော် တစ်ချို့ကိစ္စတွေမှာ
ကလေး သိမ်ငယ်နေမှာမျိုး ဒယ်ဒီ မဖြစ်စေချင်ဘူး သားက
အကြီးဆိုတော့ ညီ့ကို ကောင်းကောင်းစောင့်ရှောက်ပေါ့.."
"ဒယ်ဒီ မမှာရင်တောင် ညီ့ကို ကျွန်တော်စောင့်ရှောက်မှာပါ"
ဒယ်ဒီက စိတ်ချသွားပုံဖြင့် ခေါင်းတဆတ်ဆတ်ညိတ်သည်။
အသက်၄၀ ဆိုပေမယ့် ဒယ်ဒီရုပ်က နည်းနည်းမှ ကျသွားခြင်းမရှိ။ ထူးခြားတာက ဖေဖေနဲ့ လက်ထပ်ပြီး နောက်ပိုင်းမှာတော့
ဒယ်ဒီမျက်နှာပေါ်က မြင်ရခဲတဲ့ အပြုံးတွေကို ပေါပေါသီသီ
တွေ့လာရတာပင်။
ဒယ်ဒီက သူငယ်ငယ်တည်းက ထိန်းကျောင်းပေးခဲ့ပြီး
ဘယ်သွားသွား ချန်ထားခဲ့တာမျိုးထက် များသောအားဖြင့်
ခေါ်သွားတတ်သည်က များ၏။ ဒီအရွယ်ထိ သူလိုချင်မှန်သမျှ
ရအောင်ဖြည့်စီးပေးတဲ့ ဒယ်ဒီကို သားတစ်ယောက်အနေနဲ့
သူကလည်း ပျော်စေချင်ခဲ့မိပါသည်။
Zawgyi
ဒယ်ဒီတို့က သော်ဒီထူးဟန်ကို မန်တလေးကနေ ရန်ကုန်ကို
ပထမဆုံး ကျောင်းတက်ရက်လေွးဖစ်သည်..။ ဒါပေမယ့်
ပြုံးစိစွိဖစ်နေခဲ့သည်။
ဒယ်ဒီနဲ့ဖေဖေကလည်း ကုမ်ပဏီသွားမှာမို့ ညီနဲ့ သူ့အား
"ညီ ခဏ!!
"ကိုကို ဘွာဖစ်လို့လဲ"
သော်ဒွီေကာင်သွားပေမယ့် ပြီးမှ မျက်လုံးတွေမှိတ်သည်အထိ
ကိုကိုက သူ့ရှေ့မှာ ဖိနပ်တစ်ရံနဲ့ ဆောင့်ွေကာင့်ထိုင်ချလာတွာေကာင့် သော်ဒွီေကာင်အမ်းသွားရှာ၏။
"ညီကွေခညှပ်ဖိနပ်ပဲ စီးတတ်တာလို့ ဖေဖေ ပြောလို့
သားရေ ညှပ်ဖိနပ်က ညီ့ွေခထောက်ွဖွူဖူလေးနဲ့ ပို၍
လိုက်ဖက်နေသယောင်..။
သားနှစ်ယောက် ရန်မွဖစ်ပဲ အခုလို တည့်နွေကတော့လည်း
ဦးအဂ်ဂနဲ့ မိုးနှောင်းက ကျေနပ်ရပါသည်..။
"သားတို့ ကျောင်းနောက်ကျလိမ့်မယ် သွာွးကရအောင်!!
"ဟုတ်ကဲ့"
သူနဲ့ယှဉ်ရင်ပွဲဖစ်ွဖစ် တစ်ွခား၁၃နှစ် ကောင်လေးတွေနဲ့ပဲ
ွဖစ်ွဖစ် ယှဉ်ပါက သေးညှပ်နေသည့်အထဲမှာ ပါဝင်သည်။
"ညီလေးကို သေချာစောင့်ရှောက်နော် သာွးကီး!!
"ဟုတ် ဒယ်ဒီ!!
"ဖေဖေက သာွးကီးကို ယုံပြီးသား ဖေဖေမယွုံကည်တာက!!
သူ့အွကည့်ကို သော်ဒီက နားလည်သလို မျက်စောင်းထိုးလိုက်
ဘယ်ရှုထောင့်ကွကည့်ပါစေ ဆိုးတဲ့လက်ခဏာ တစ်ခုတောင်
မေ့ပစ်လိုက်သည်။
အရမ်းကို လိမ်မာရေွးခားရှိတဲ့ ကလေးပါ"
"ကိုကိုက အဲ့ကလေးအွေကာင်း ဘာသိလို့လဲ သူ့ရဲ့
အရင်ကျောင်းမှာဆိုလေ...."
"ဖေဖေ့!!!!
သော်ဒီရဲ့ အသံွေကာင့် မိုးနှောင်း ရပ်သွားပြီး လှည့်ွကည့်သည်။
မျက်နှာက တင်းခနွဲဖစ်နေပြီး သူ့ရဲ့အောက်ဖဲကိုလှန်ခံရမှာ
စိုးသည့်အတိုင်ွးဖစ်နေခဲ့သည်..။
"သားက လိမ်မာတဲ့ဟာကို !!
ဒယ်ဒီနဲ့ ကိုကိုက အသံထွက် ရယ်ွကသည်..။ ထိုအထဲမှာ
တစ်ယောက်ရဲ့ ဆတ်ဆတ်ထိမခွံခင်းတို့ကိုသာ မြင်နိုင်ွကသည်။
"ကျောင်းရောက်ပြီ"
ကားပေါ်ကနေ နှစ်ယောက်အတူ ဆင်ွးကပြီးနောက်မှာတော့
မသွားခင်မှာ ဒယ်ဒီက မှာတမ်ွးေခွခဲ့ပြန်၏။
"သာွးကီး!! ညီလေးကို ဂရုစိုက်နော် ကျောင်းမှာ အနိုင်ကျင့်
မခံရစေနဲ့"
"ဟုတ် ဒယ်ဒီ"
ကားလေးကွိုကည့်နေပြီးမှ ကျောင်းထဲကို ဝင်လာလိုက်သည်။
ညီညီကို မြင်ဖူးတွေ့ဖူးချင်သည့်သွူဖစ်ရာ အိမ်ကိုအလည်လာခဲ့
ွဖစ်မှာစိုးလို့ပါတဲ့။
တကယ်ဆို ကျောင်းမှာ သူ ညီညီအွေကာင်းကို ပြောရ၊ွကွားရပါ
များလွန်းလို့ သူများတွေလည်း အတော်နားရည်ဝနေပြွီဖစ်ရာ
တစ်ချို့ဆို 'နင့်ညီက နင်နဲ့တူရင်ချောမှာပဲ'ဟု ဆွိုကသည့်စကားကို သူ့ဘက်ကလည်း'ငါ့ညီက ချစ်စရာလေး'လို့ ဂုဏ်ယူဝံွ့ကွားစွာ
ပြန်ွေဖခဲ့သည်။
ခေါင်းညိတ်ပြရသည်။
"ချစ်စရာလေး!!!
ပါးလေးဆွဲဖဲ့ရုံလေး"
"ကိုကို သူက?
"သေနာကောင်!! မင်းညီအွေကာင်းကိုတော့ ငါတို့ကို
နားပေါက်ထွက်မတတ် ပြောပြပြီး ငါ့အွေကာင်းကိုကျ
ရှိတယ်လို့သာ အွကမ်းဖျင်းပြောပြထားပြီး သကောင့်သားအွေကာင်းကို အသေးစိတ်ပြောပြမထားခဲ့။
"ရုပ်ွကမ်ွးကီးနဲ့ နွဲ့မနေပါနဲ့ မင်းကို မုန့်ဝယ်ကျွေးပါ့မယ်!!
"အေး!! တကယ်ပြောတာ"
"ဩဂတ်ဂုဏ်ပိုင်!!!
အစ်မွဖစ်နေ၏။
အတူတူ ပြန်တော့မှာ.."
ကိုကိုတို့၃ယောက်က ပြုံးပျော်နေတွာဖစ်ပြီး သူ့ကိုဘယ်သူမှ
ဂရုမစိုက်ွကတဲ့အခါ သော်ဒီနှုတ်ခမ်းစူသွားမိပါသည်..။
ွဖစ်ွဖစ်သွားတတ်တာမျိုး သော်ဒီမွကိုက်။
"မင်ဂလာပါနော် မောင်လေး!!! မောင်လေးအွေကာင်းကိုတော့
မမွကားဖူးတွာကာပြီ မင်းကိုကိုက နားနဲ့မဆံ့အောင်
မင်းအွေကာင်းကို ပြောနေတာ သိလား.."
သွယ့်မျက်နှာနုနုက ရဲခနွဲဖစ်ကာ မင်းသွင်က တခွီးခွီးထရယ်တော့
"ွကည့်စမ်း မောင်လေးက မမနာမည်ကို မှတ်မိနေတာလား"
ွကားဖူးခဲ့တာ"
မှတ်ထားနော် ဟင်းဟင်း"
သွယ်က အသံထွက်ပြီး တဟင်းဟင်းရယ်နေတာမို့ မျက်နွှာကီး
အာရုံမရ။
ဘယ်မှာလဲ"
"ဟုတ်ပါပြီဗျာ တစ်ခုခုဆို ကိုကို့ကို လာရှာနော်ွကားလား
ွဖစ်ပေးမယ်"
စိုးရိမ်နေသည်ပဲ။ ခဏွကာပြီးနောက် သော်ဒီပြုံးလိုက်သည်။
"ဟုတ်ကဲ့ ကိုကို"
"၅ထောင်!!!
ွကိုက်မှာမဟုတ်ဘူး"
ဖေဖေက သူ့ကိုအသုံွးဖုန်ွးကီးတဲ့လွူဖစ်မှာစိုး၍ ခဏခဏ
မန်တလေးမှာတုန်းကဆို တစ်နေ့ တစ်ထောင်ပဲ လောက်ငှအောင်
ပေးခဲ့ပုံရပါသည်။
"ဒါဆို ဖေဖေ မသိစေနဲ့ပေါ့ ညီက အမျာွးကီးစားဖို့လိုနေတာ
သော်ဒီယူလိုက်ရသည်။
"ဒါဆို ညီသွားတော့မယ်!!!
"ခဏ!!
ဘာလဲဆိုတဲ့ သဘောနဲ့ ကိုကို့ကွိုကည့်လိုက်တော့ ကိုကိုက
ရှေ့မှာ။
"ဘွာေကာင်ွကည့်နေတာလဲ သွားတော့လေ.."
သော်ဒီ ပြန်တောင်မွေဖနိုင်တော့ဘဲ ခေါင်းကိုသာ ခပ်သွက်သွက်
အသိစိတ်က ခန်ဓာနဲ့ ပြန်ကပ်သွားရသည်။
ရူးနေအောင် လိုချင်ခဲ့တာ ဒယ်ဒီက ဒီလိုနည်းနဲ့ မောင့်ဆန်ဒကို
ွဖည့်ဆည်းမယ် မထင်ထားဘူး.."
ခပ်စိုက်စိုက်ငေွးကည့်ရင်း မပျော်နိုင်ရှာ..။
သိလွာကတွာဖစ်ပြီး သံယောဇဉ်တစ်ခုကို အခိုင်မာတည်ဆောက်
ထားခဲ့တွာဖစ်သည်။ နောက်တော့မှ မင်းသွင်ရဲ့ မြှောက်ပေးမှွုေကာင့် ရည်ရွယ်ချက်မရှိပါပဲ သွယ့်ကို ဖွင့်ပြောကာမှ တန်းပြီး
ရှိနေလေပြီ။ ဒီကိစ်စကို ဖွားဖွားနဲ့ မင်းသွင်ကလွဲလို့ တစ်ွခားလူ
"သွယ်ရာ အဓိပ်ပာယ်မရှိတာ"
"သွယ်တို့ကိစ်စ မောင့်ညီသိမယ်မထင်ဘူး သူ့ကိုပြောလိုက်ပါ့လား"
"မွဖစ်ဘူး!!
မပြည့်သေးဘူး အဲ့ဒွါေကာင့်ွကားထဲမှာ ခင်မင်မှုကို
ပြွောကတာပေါ့"
သူတို့တွဲနွေကတာ တစ်ကျောင်းလုံးရိပ်မိနေတွာဖစ်သည်..။
တစ်ချို့ဆို ဝိုင်းပြီးShipွကတာမျိုးတွေလည်း ရွှိက၏..။
ကာယကံရှင် နှစ်ဦးကသာ ဝန်ခံထာွးခင်း မရွှိကတာပင်။
.......................
ဩဂတ် အမေွာေဖရာမှ လှမ်ွးကည့်လိုက်တော့ ကွင်းအပြင်မှာ
နေ့တိုင်းမဟုတ်ပေမယ့် ခဏခဏတော့ ရပ်ကွက်ထဲက ဘော်ဒါတွေနဲ့ ဘောလုံးကန်ွဖစ်သည်မို့ အခု ဘောလုံးကန်နေသည့်အချိန်
ညီက ရောက်လွာခင်ွးဖစ်ပါသည်။
မသိတဲ့ မိန်းကလေးတွေက လာလွာကည့်တတ်၏..။ ထိုအခါ
ဆိုပြီး စတတ်သေးသည်။
လူက ချွေးတွေနစ်နေအောင်ရွှဲစိုနေတာမို့ အင်ကျီအောက်စကို
မိန်းကလေးတွေရဲ့ အော်သံခပ်သဲ့သဲ့အား ဩဂတ်ွကားပေမယ့်
ပြုံးစိစိသွာဖစ်မိရင်း ညီရှိရာ ကွင်းပြင်သို့ ထွက်လာမိသည်။
"ဩဂတ်...ရေ"
သူ့ကို ရေဗူးပေးချင်ပေမယ့် ရှက်လည်း ရှက်နေတဲ့ပွုံဖင့်
လှမ်းယူလိုက်သည်။ ဒါက ပထမဆုံးအွကိမ် မဟုတ်သလို
အားနာပါးနာနဲ့ လက်ခံရွခင်းတွေကလည်း ပထမဆုံးအွကိမ်
မဟုတ်တော့ပေ။
"ကျေးဇူးနော်!!!
မိန်းကလေးက ဘာပြန်ပြောရမှန်းမသိပဲ တောင့်တောင့်ွကီး
ွကည့်လိုက် လက်ထဲက ရေဗူးကွိုကည့်လိုက်လုပ်နေတာမို့..
"ဟင့်အင်း!!
ပြောလိုက်တာလား"
လိုက်လာခဲ့တာ"
နံလည်းနံတယ်"
"ဘွာဖစ်လဲ ကပ်မှာပဲ ကိုကိုက သူများတွေကျ
အကပ်ခံပြီး"
"ဖေဖေက ကိုကိုကျောက်ကျွောကိုက်တယ်ဆိုတာနဲ့
အခု လုပ်ပေးနေတာ သိလား.."
"ဟုတ်လား"
ွကိုက်နေပြီ သိလား"
"ကိုကိုကျွေးလိွု့ကိုက်တာဆိုတော့ မန်တလေးမှာတုန်းက
မစားရဘူးလား"
"စားဖူးတယ် ကိုကို တော်တော်ွကာပြီ အရသာကိုတောင်
မမှတ်မိတော့ဘူး အွကွာကီးနေမှ ပြန်စားလို့လား မသိဘူး
အရမ်ွးကိုက်သွားတာ.."
ဖွလိုက်သည်။ လမ်းဘက်ကနွေခံထဲကို နှစ်ယောက်လုံး
"သားတို့ ပြန်လွာကပြီ!!
ဆုံသွားသည်။ ဖေဖေက အရပ်၆ပေအတွိဖစ်ကာ ပိန်ပြီး
ွေခွနိုင်ခဲ့မှန်း သူနားလည်လိုက်သည်။
သာွးကီး အပြင်ကနေ ချွေးတွေရွှဲလာခဲ့တာလား"
"ဟုတ်တယ် ဖေဖေ"
ပြီးမှ ရေချိုးပေါ့"
"ဟုတ်!!
အနှောက်ယှက်ွဖစ်အောင်လို့"
"ရပါတယ် ဖေဖေရဲ့ အနှောက်ယှက် မွဖစ်ပါဘူး"
"သားက သူ့အွေကာင်းဘာသိလို့လဲ ရုပ်နဲ့လုပ်စားနေတာ
အလုပ်လုပ်နေဆွဲဖစ်ကာ အခုမှဖျော်ထားတဲ့ အငွေ့တထောင်းထောင်း ကော်ဖီကို ငုံ့သောက်နေတွာေကာင့် ဘေးမှာ
ဝင်ထိုင်လိုက်သည်။
"ပြီးပါပြီ!!!
"ဟိုလေ ဒယ်ဒီ!!!
"စကားပလ်လင်ခံမနေနဲ့ ပြောစရာရှိတာပြော"
"မေးစရာရှိလို့ ဒယ်ဒီရ!!
"အင်း!!
ဒယ်ဒီက သူ့ကိုပြန်ွေဖနေပေမယ့် အွကည့်တွေက Computer
ကနေ မခွာ။
ွကည့်လာပြီး Computer ကို ပိတ်ချလိုက်သည်။ မေးသာ
မေးရပေမယ့် ဒယ်ဒီရဲ့ ဒေါသကို သူသိပ်ကိွုေကာက်ပါသည်။
"ဘာလို့မေးတာလဲ"
ပိုလှတယ်ထင်လဲ"
သူ အွကပ်ရိုက်သွား၏။ ပန်းမွကိုက်ပေမယ့် နှင်းဆီပန်းအရောင်
"မွေဖနိုင်တော့ဘူးမလား!!
ွကိုက်သလို တစ်ချို့ကလည်း အဝါကွိုကိုက်ွကတယ် အဲ့လိုလူ
တွေကို သွားမေးရင်တော့ ကိုယ်ွကိုက်တဲ့အရောင်က အလှဆုံးလို့
ွေဖမှာပဲ ဒယ်ဒီပြောတာ သဘောပေါက်ရဲ့လား.."
"ဟုတ်ကဲ့ ဒယ်ဒီ"
"နောက်တစ်ွကိမ် ဒါမျိုးမမေးရဘူးနော် သားဖေဖွေကားရင်
"စိတ်ချပါ ဒယ်ဒီ နောက်မွဖစ်စေရပါဘူး"
လမ်ွးကုံရင် သားဖွားဖွားကို ပြောလိုက်ပါ အခုချိန်ထိ
ဒယ်ဒီက သက်ပြင်းဖွဖွချ၍ စိတ်ပျက်လက်ပျက်ဆိုလွာခင်းသာ။
ွဖစ်နေတဲ့ ဒယ်ဒီ့ရုပ်ကွိုကည့်ပြီး သူကတော့ပြုံးစိစိနဲ့
ဒယ်ဒီက အခုမှ ဒီလိုမေးတော့ ဘာပြန်ွေဖရမှန်းမသိ..။
ဒါပေမယ့်လည်း ဒယ်ဒီကိုပေးဖို့ အွေဖက သီးသန့်ရှိနေပါသည်။
ဝမ်းသာနေတာ.."
"ဟုတ်"
"သားညီကိုလည်း စောင့်ရှောက်ရမယ်နော် တစ်ချို့ကိစ်စတွေမှာ
ကလေး သိမ်ငယ်နေမှာမျိုး ဒယ်ဒီ မွဖစ်စေချင်ဘူး သားက
အွကီးဆိုတော့ ညီ့ကို ကောင်းကောင်းစောင့်ရှောက်ပေါ့.."
ဒယ်ဒီက စိတ်ချသွားပွုံဖင့် ခေါင်းတဆတ်ဆတ်ညိတ်သည်။
အသက်၄၀ ဆိုပေမယ့် ဒယ်ဒီရုပ်က နည်းနည်းမှ ကျသွာွးခင်းမရှိ။ ထူွးခားတာက ဖေဖေနဲ့ လက်ထပ်ပြီး နောက်ပိုင်းမှာတော့
တွေ့လာရတာပင်။
ဘယ်သွားသွား ချန်ထားခဲ့တာမျိုးထက် များသောအာွးဖင့်
ရအောင်ွဖည့်စီးပေးတဲ့ ဒယ်ဒီကို သားတစ်ယောက်အနေနဲ့
[text_hash] => 995b01a3
)
What do you think?