Array
(
[text] =>
ချစ်သူတစ်ယောက် ကောက်ရထားသည်{အခန်း ၄}
"ဖက်တီး!! ဟိုဘက် နည်းနည်းတိုး"
မုန့်စားနေတဲ့ ဖက်တီးက သူ့ကို ခေါင်းထောင်ကြည့်သည်..။
တကယ်တော့ သူ့နာမည်က ဖက်တီးမဟုတ်။ အတန်းထဲမှာ
ပိုဝပြီး အစားပုတ်သည့်အတွက်ကြောင့် သော်ဒီက သကောင့်သားကို ဖက်တီးဟု ခနိုးခနဲ့ ခေါ်ခြင်းပင်။
"ဘာ ဖက်တီးလဲ အံမယ် နောက်မှရောက်လာတဲ့ ကောင်က
ငါ့ကိုများ ဖက်တီးလေး ဘာလေးနဲ့ မင်းကမှ ငါးဖောင်ရိုး!!!
"ဖက်တီးမို့ ဖက်တီးခေါ်တာလေ နာနေတာလား လူက
ဒီလောက် ဝနေတာကို ဖက်တီးလို့ပဲ ခေါ်မှာပေါ့.."
"ဒါ ဝတာမဟုတ်ဘူးကွ ခန္ဓာကိုယ် ပြည့်တယ်လို့ ခေါ်တယ်
နောက်ပြီး ငါ့အိမ်က ငါ့ကို ဝမှ ချစ်စရာကောင်းတာဆိုပြီး
နေ့တိုင်း ထမင်း၆နှပ်လောက် စားခိုင်းတာကွာ.."
"ဒါကို ပြည့်တယ်လို့မခေါ်ဘူး ဝက်ဆန်တယ်လို့ခေါ်တယ်.."
ကြာတော့ သူ့ကိုဖက်တီးခေါ်လို့ ကောင်းကင်ဟိန်းက စိတ်တိုသွားပုံဖြင့် ရှူးရှူးရှဲရှဲဖြစ်လာခဲ့သည်။ ကောင်းကင်ဟိန်းရဲ့
အသားရည်က သူ့လောက်မဖြူပေမယ့် လက်တဲ့ထဲမှာတော့ပါ၏။
"ငါးဖောင်ရိုးကောင် မင်းကမှ ပိန်လွန်းအားကြီးနေတာ
ပိန်ရင် ဘာဖြစ်တတ်လည်း သိလား အရိုးစူးတယ်ကွာ ဘရိုရဲ့"
ဖက်တီးက ရှူးရှူးရှဲရှဲဖြစ်လျက် မျက်နှာကြီးနီကာ စိတ်တိုနေပုံ
ရသော်လည်း သော်ဒီကတော့ အေးဆေး တည်ငြိမ်နေခဲ့သည်။
"နောက်မှ ရောက်တဲ့ကောင်က ငါ့ကိုများ နိုင်ချင်နေသေးတယ်
ဒီမှာ ဟျောင့် ငါတို့တစ်မျိုးလုံးက မျိုးနဲ့ရိုးနဲ့နော်.."
"ဝက်ဖြစ်တာလား.."
"မင်းတို့တစ်မျိူးလုံးကမှ ငါးဖောင်ရိုး!! လူကြည့်တော့
ကလေးမသာရုပ်နဲ့ မနေ့တစ်နေ့ကမှ အတန်းထဲ ပြောင်းလာပြီး
လူရာဝင်ချင်နေတာ.."
"အို.. လူရာမဝင်လည်း ဘာမှမဖြစ်ပါဘူး "
"ပြီးတာပဲ.."
ကောင်းကင်ဟိန်းက ချထားတဲ့ သူ့မုန့်ကို ပြန်ကောက်စားသလို
သူကလည်း ကောင်းကင်ဟိန်းရဲ့ ဘေးက သူ့နေရာလေးမှာ
ဝင်ထိုင်လိုက်သည်။ ပြီးမှ စာရေးကိရိယာတွေအကုန်လုံးကို
စစ်လိုက်တော့ ဘောပင်က မှင်ကုန်နေတာ အခုမှ သတိရသွားတာမို့ ကျစ်ခနဲစုတ်သပ်လိုက်မိတယ်။
ထိုအခိုက် သူ့ဘာသာ မုန့်စားနေတဲ့ဖက်တီးကိုကြည့်ပြီး သူအကြံ
တစ်ခုရသွားတာမို့ ၅ထောင်တန် တစ်ရွက်ကို ထုတ်လိုက်တယ်။
"ဖက်တီး!! ကျောင်းမှာ ဘောပင်ရောင်းလား"
"ရောင်းသားပဲ တစ်ချောင်းမှ နှစ်ထောင့်ငါးရာ လိုချင်ရင်
အင်္ဂလိပ်စာ ဆရာမဆီက သွားဝယ်ချေ!!!
"ငါမဝယ်ချင်လို့ မင်းသွားဝယ်ပေးပါ့လား!!
ဖက်တီးရဲ့ စိတ်တိုသွားတဲ့ အကြည့်က သူ့ဆီကို ဒိုင်းခနဲရောက်လာသလို သူကလည်းတည်ငြိမ်စွာ ပြန်ကြည့်ပေးလိုက်သည်။
"ဘောပင်တစ်ချောင်း ဝယ်ပေး!! ငါမင်းကို အလကား
မခိုင်းပါဘူးကွာ ပိုတာကို မုန့်ဝယ်စားလိုက်ပေါ့"
ဖက်တီးက ဘာမှမပြောပဲ 'ပြီးရော'ဆိုတဲ့ မျက်နှာထားနဲ့
သူ့လက်ထဲက ပိုက်ဆံကို ဆွဲယူသွားသည်။ ဖက်တီးသူ့အတွက်
ဘောပင်ဝယ်ဖို့ အပြင်ထွက်သွားတာ မြင်တော့မှ သူပြုံးလိုက်သည်။
"အရူး!!!
ခဏကြာတော့ ဖက်တီးပြန်ရောက်လာပြီး မုန့်တွေလည်းဝယ်လာသလို သူလိုအပ်နေတဲ့ ဘောပင်ကိုလည်း ပစ်ပေးလာသည်။
ဖက်တီးက မာနရှိပေမယ့် အစားကျူးတာမို့ တစ်ခါတစ်ရံမှာ
မာနက အိပ်ပျော်နေတတ်သည်။
"မင်းက မန္တလေးမှာ နေတာဆို!!
ဖက်တီးက အဆက်၊ အဆက်မရှိ ပြောလာတော့ သူခေါင်းလေး
ညိတ်ပြလိုက်၏။ သော်ဒီက ကိုယ်တိုင်သာ သူများကို လိုသုံး
လုပ်ချင်လုပ်မယ် သူကိုယ်တိုင်တော့ လိုသုံးအဖြစ်မခံပါ..။
အခု ဖက်တီးကောင်က စကားစလာတော့ ဒီကောင် တစ်ခုခု
ဖြစ်ချင်နေမှန်း သဘောပေါက်တာမို့ ဆက်၍သာစောင့်ကြည့်နေလိုက်သည်။
"အဲ့မှာ ပျော်စရာကောင်းလား."
"မင်းက မန္တလေးကို မရောက်ဖူးဘူးလား"
"ဟင့်အင်း ရောက်ဖူးစရာလည်းအကြောင်းမရှိဘူးလေ
ငါ့မိဘတွေက ရန်ကုန်မှာဖြစ်သလို အမျိုးတွေကလည်း
မန္တလေးမှာ မရှိဘူး.."
"ပျော်အောင်နေရင်တော့ ဘယ်နေရာမဆို ပျော်စရာကောင်းတယ် "
"ဪ.. မင်းက စာတော့ တော်သားနော် စာသင်နှစ်ဝက်ကျော်မှ
ရောက်လာခဲ့တာကို စာလိုက်နိုင်လို့ ငါအံ့ဩနေတာ"
"ငါက ဉာဏ်ကောင်းတယ်လေ ဒါမျိုးက လုပ်ယူလို့မရဘူးကွ
မျိုးရိုးလိုက်တာမျိုးလည်းရှိတယ် ငါ့ဖေဖေကလည်း ဉာဏ်ကောင်းတဲ့သူပဲ ဖေဖေဆို ဆယ်တန်းကို All Dနဲ့ အောင်တာကွာ ငါက
ဖေဖေ့ရဲ့သွေး အပြည့်ပါတာ"
သော်ဒီစကားကြောင့် သူ့စိတ်ဓာတ်က ငရဲထိ ထိုးကျသွားသည်။
စာလည်းမလုပ်တာမဟုတ်သလို အပျင်းတစ်တာမျိုးလည်းမရှိပါပဲ
နောက်ဆုံးက စရေတွက်ရင် အမြဲတမ်း အဆင့်တစ် ရတတ်တဲ့
သူ့ကိုယ်သူ နားမလည်ပါ။ သော်ဒီပြောသလို ဉာဏ်ကောင်းတာက မျိူးရိုးလိုက်တတ်တယ်ဆိုတဲ့ တယူသန်အတွေးကြီးကိုလည်း
သူလက်မခံချင်ပါ။
ဘာလို့ဆို အဖေနဲ့အမေက နှစ်ယောက်လုံး အင်ဂျင်နီယာတွေ
ဖြစ်ကာ ကျောင်းတုန်းကလည်း အဆင့်တော်တော်လေး
ကောင်းခဲ့တယ်ဟုဆို၏။ တစ်ဦးတည်းသော သားဖြစ်တဲ့ သူကသာ မှတ်ဉာဏ်မကောင်းပဲ ဘိတ်ချေးဖြစ်နေခဲ့တာပင်..။
"ငါနဲ့ အဖွဲ့ဖွဲ့ရအောင် သော်ဒီထူးဟန်!!
သော်ဒီ မျက်ခုံးပင့်မိသွားသည်။ လက်စသတ်တော့
သကောင့်သားရဲ့ အကြံစည်က သူနဲ့မိတ်ဖွဲ့ပြီး သူ့ဦးနှောက်ကို
ဖောက်သောက်ဖို့ ကြံစည်နေခြင်းပင်။
"ဆောရီးပဲ ဘရို!! ငါက သူငယ်ချင်း မလိုဘူး"
ဖက်တီးမျက်နှာက ကြည့်ရဆိုးစွာ ပျက်ယွင်းလာခဲ့သည်...။
ဒါပေမယ့် သူ လက်မလျှော့ချင်သေးပါ။ တီချယ် သင်ပေးသွားပြီး
သူနားမလည်တဲ့ စာတွေအတွက် သော်ဒီက အများကြီး
အထောက်ကူပြုနိုင်ကြောင်း အလိုလိုသိစိတ်က သေချာနေခဲ့ပါသည်။
"ငါ့ကို စာပြပေးရုံပဲကို ဘယ်လိုလုပ်မှ မင်းသူငယ်ချင်းအဖြစ်
လက်ခံမှာလဲ"
သော်ဒီ တစ်ချက်စဉ်းစားလိုက်သည်။ အရင်ကျောင်းမှာတုန်းက
သူ့တွင် သူငယ်ချင်းတစ်ယောက်မှ မရှိခဲ့ချေ။ ဒါကလည်း သူ့ရဲ့
အနိုင်ပိုင်းလိုစိတ်ကြောင့် သူ့အနားမှာ ဘယ်သူမှ ကြာကြာ
မနေခဲ့တာဖြစ်သည်။ ဒါပေမယ့် သော်ဒီထူးဟန်တို့က အဲ့ဒီလို
အပယ်ခံဖြစ်နေလို့ ဒွမ်မာ တစ်သိန်းနဲ့ မျက်ရည်မျက်ခွက်ဖြစ်မယ်
ထင်လား။ ဝေးသေးတယ်...
"ငါနဲ့ သူငယ်ချင်းဖြစ်ချင်ရင် မင်းလိုက်နာရမှာ တစ်ခုပဲရှိတယ်"
ဖက်တီးမျက်လုံးက အရောင်လက်သွား၏..
"ဘာလည်းဟင်!!!
"ငါတို့နှစ်ယောက်ထဲမှာ ငါက ခေါင်းဆောင်ပဲ.."
ဖက်တီးစဉ်းစားရ ကြပ်သွားကာ ခေါင်းတွေတဗြင်းဗြင်းဆွဲကုတ်သည်။
"ဘာကို ခေါင်းဆောင်လဲ.."
"ငါခိုင်းတာကို မင်းလုပ်ပေးရမယ် ငါက မင်းရဲ့ခေါင်းဆောင်!!
အခုမှပဲ သော်ဒီပြောချင်တဲ့ သဘောကို သူနားလည်တော့သည်။
လက်စသတ်တော့ ဒီကောင်က ကိုယ့်ကို အနိုင်ကျင့်ချင်သည်ပဲ။
ဒါပေမယ့် စာရဖို့က အရေးကြီးတာမို့ သူလက်ခံလိုက်သည်။
"နေစမ်းပါဦး မင်းကဘာလို့ ခေါင်းဆောင်ဖြစ်ချင်တာတုန်း!!
"ငါက အဲ့ဒီနေရာမှာ ရှိနေချင်လို့ပေါ့ ရွေးစရာမရှိလို့
ဓားပြ ဖြစ်သွားခဲ့ရင်တောင် ငါက ဓားပြဗိုလ်လုပ်မှာ"
ဆိုလိုတာက တပည့်မဖြစ်ချင်ဘူးဆိုတဲ့ သဘော..။
"အေးနော် ငါတစ်ခုတော့ပြောလိုက်မယ် ဗလ အားကိုးနဲ့
ငါ့ကို အနိုင်ကျင့်မယ်မကြံနဲ့ ငါ့ကိုကိုက ဆယ်တန်းမှာနေတာ
မင်း ပြားပြားဝပ်သွားလိမ့်မယ်"
ဖက်တီးခင်ဗျာ ကြောင်အမ်းအမ်းနဲ့ ပြီးမှ မျက်ဖြူလန်ပြလိုက်သည်။ အခုလက်ရှိ သူကပဲ ကိုယ့်ကို အနိုင်ကျင့်နေပြီးတော့
သူကပဲ ကိုယ့်ကို အနိုင်မကျင့်နဲ့ အနိုင်ကျင့်ရင် သူ့ကိုကိုနဲ့
တိုင်မယ်ပြောသေး။
သော်ဒီထူးဟန် ကိုကိုက ဆယ်တန်းမှာ ရှိနေတာတော့
သူသိပေမယ့် ဘယ်သူဘယ်ဝှာမှန်းတော့ ကောင်းကင်ဟိန်း
မေးမကြည့်မိပါချေ။
.........................
ပန်းကန်လုံးထဲက ပုစွန်တွေကို ခွာပြီး ပန်းကန်တစ်ခုထဲမှာ
ထည့်ထားလိုက်သည်..။ ညစာ၊ စားပွဲမှာ ဒယ်ဒီရယ်ဖေဖေရယ်
ဩဂတ်ဂုဏ်ပိုင်ရယ် ၃ယောက်ရှိနေပြီး သော်ဒီထူးဟန်ကတော့
ရေချိုးနေတာမို့ ဆင်းမလာသေးပေ။
ပုစွန်အကောင်လေးတွေ တော်တော်ခွာပြီးပြီဆိုမှ ရေချိုးနေတဲ့
ညီက ထမင်းစားခန်းထဲ လျှောက်ဝင်လာသည်..။ အနားမှာ
ကပ်ထိုင်လာတော့ ညီ့ထံက ရေချိုးဆပ်ပြာအနံ့ သင်းသင်းလေး
ရနေ၏။
"ညီ့အတွက် ကိုကိုခွာပေးတာလားဟင်!!
"ဟုတ်တယ် .. သားအတွက်ဆိုပြီး သားကိုကိုက သေချာလေး
ခွာပေးထားတာ"
ဒယ်ဒီက ပြောလာတော့ သော်ဒီက ကျေနပ်သလို ပြုံးလိုက်သည်။
သူ့ကိုဂရုတစိုက် ရှိနေတဲ့ ကိုကိုတစ်ယောက် ရထားတာ
ဘယ်လောက်ထိ ကံကောင်းလိုက်သလဲ...
"ကျေးဇူးပါ ကိုကို!!
"ရပါတယ်ဗျာ ညီကြိုက်တယ်ဆိုလို့ ကိုကိုခွာပေးထားတာ
အားရပါးရ စားနော်"
သော်ဒီ ကိုကို့အား ခေါင်းညိတ်ပြလိုက်သည်..။ ဒီလောက်ထိ
သူ့ကို ဂရုစိုက်လွန်းတဲ့ ကိုကို့ကို ကောင်မလေးတွေ ကြွေကြတာ
မပြောနဲ့ ကိုကိုက ချောလည်းချော စာလည်းတော် ဆိုတော့
အတန်းထဲက ကောင်မလေးတွေရဲ့ အသည်းကြော်ပဲလှော်လေး
ဖြစ်နေတာ ဘာမှမဆန်းပေ။
အကယ်၍ ကိုကိုသာ ရည်းစားရသွားပါက သူ့ကို အခုလိုမျိုးပဲ
ဂရုစိုက်အုံးမည်လား။
အတွေးကြောင့် သော်ဒီခံတွင်းက ချဉ်သွားသည်။ အကြိုက်ဆုံး
ပုစွန်စားနေတာတောင် ဘာအရသာမှ မရှိတော့။ ဒါကိုမြင်တော့
ဩဂတ်မှာ ဘေးကနေ စိုးရိမ်သွားပြီး
"ညီ!! ဘာဖြစ်လို့လဲ စားမကောင်းဘူးလား"
"ကောင်းပါတယ်"
"ကောင်းရင် များများစားလေ ပုစွန် ထပ်စားချင်ရင်ပြောနော်
ကိုကိုခွာပေးမယ်"
"ဒီလောက်ဆို ရပါပြီ ကိုကို!!
ဩဂတ်က သူ့ညီကို အရိပ်တကြည့်ကြည့်နဲ့ ဖြစ်နေကာ
ထမင်းစားနေပေမယ့် ညီ့ရဲ့ စူပုတ်ပုတ်မျက်နှာအား သတိထားမိ
သွားခဲ့ပါသည်။
ညီတစ်ယောက် ဘာတွေ အလိုမကျ ဖြစ်နေလည်းဆိုတာ
ဩဂတ် မသိပေ။
ထမင်းစားပြီးတာနဲ့ ဒယ်ဒီနဲ့ ဖေဖေက ပန်းကန်ဆေးဖို့
အောက်ထပ်မှာပဲ နေခဲ့ကာ သူနဲ့ ညီကတော့ ကိုယ့်အခန်းဆီကိုပဲ
ပြန်လာလိုက်သည်။
"ကိုကို!!!
"ဗျာ!!
"ဒီည ကိုကို ဘာအစီစဉ် ရှိလည်းဟင်!!
ဩဂတ် တစ်ချက်စဉ်းစားလိုက်၏။ ဒီညမှာ သူစာလုပ်စရာ
ရှိတာမို့ စာလုပ်မယ် ၉နာရီကျရင်တော့ သွယ့်ကိုဖုန်းခေါ်ဖို့
ကတိပေးထားတာမို့ ဖုန်းခေါ်ရမည်။
"ညီက ဘာလုပ်မလို့လဲ.."
"ကိုကို့ဖုန်းထဲမှာ ရှိတဲ့ ဂိမ်းကို ကစားချင်လို့..ဟို ဖရဲသီးခွဲတဲ့ဂိမ်းလေ"
"ရပါတယ် ကစားချင် ကစားပေါ့ ကိုကိုက စာလုပ်ရဦးမှာမို့
အသံတော့ အရမ်းကျယ်လို့မရဘူးနော်"
ကိုကိုက လက်ခံလိုက်ပြီမို့ ချစ်စဖွယ် သူ့မျက်နှာလေးက
အပြုံးပန်းတွေ ဝေလာခဲ့ပါသည် ။
"ဟုတ်ကဲ့ ကိုကို.. ညီ့ကြောင့် အနှောက်ယှက်မဖြစ်စေရပါဘူး"
သော်ဒီက ဝမ်းပန်းတသာနဲ့ သူ့နောက်ကနေ လိုက်ဝင်လာတော့
သူလည်းထပ်တူပျော်မိပါသည်။
"ကိုကို့ကုတင်ပေါ်မှာ အိပ်ရင်း ကစားနေနော် "
"ဟုတ်!!
"ညီရော လုပ်စရာ စာမရှိဘူးလား"
"မရှိဘူး!!
"ဟုတ်ပါပြီ နောက်ဆို ညီ့ကိုပါ ဖုန်းဝယ်ပေးရမယ်!!
"ဖေဖေက လက်ခံမှာမဟုတ်ဘူး"
"ဘာလို့လဲ"
"ကျောင်းစာထဲ အာရုံမရှိမှာ စိုးလို့တဲ့.."
"ဘာဆိုင်လို့လည်းကွာ ဖေဖေ့ကို ၊ ကိုကိုပြောပေးမယ်နော်
ညီ ဖုန်းအသစ်တစ်လုံး ရစေရမယ်"
သော်ဒီ ဖုန်းအသစ်ရအောင် ကူပြောပေးမယ်ဆိုလို့ ထခုန်မတတ်
ပျော်သွားကာ ကိုကို့ကို အနောက်ကနေ သိုင်းဖက်လိုက်ပြီး
ပါးနှစ်ဖက်ကို တစ်လှည့်စီ အနမ်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကိုကို"
"ရပါတယ်ဗျာ ဖယ်ဦး ကိုကို စာလုပ်မလို့"
"ဟုတ်!!
သော်ဒီက ကိုကို့အိပ်ယာပေါ်မှာ လှဲချရင်း ဖုန်းထဲက ခရဲသီးခွဲတဲ့
ဂိမ်းကို ဆော့နေလိုက်သည်။ ဩဂတ်ကတော့ ဂိမ်းထဲမှာ
စိတ်နှစ်ထားတဲ့သူ့ညီကို လှည့်ကြည့် လှည့်ကြည့်လုပ်ကာ
ပြုံးရသည်။
"ကိုကို"
"အင်း!!
ညီ့ကို လှည့်မကြည့်ပဲ စာလုပ်ရင်း အသံပြုလိုက်တယ်..။
"ကိုကို့မှာ ရည်းစားရှိနေပြီလားဟင်"
ဒီတစ်ခါမှာတော့ သူညီ့ကိုလှည့်မကြည့်ပဲ မနေနိုင်တော့ပါ။
ညီကလည်း ဂိမ်းဆော့နေတာကို ခဏရပ်ပြီး သူ့ကိုသေချာ
အလေးနက် ကြည့်နေခဲ့သည်။
"ဘာလို့မေးတာလဲ"
"အကယ်၍ ကိုကိုသာ ရည်းစားရှိနေရင် ညီ့ကိုအချိန်ပေးနိုင်တော့မှာ မဟုတ်လို့လေ ဒီတိုင်းမေးကြည့်ရုံပါ"
ဩဂတ် ဘာပြန်ဖြေရမှန်းမသိ။ ညီ့ကိုလည်း သူနဲ့သွယ့်အကြောင်း
ပြောဖို့သင့်ပေမယ့် အခုက အချိန်ကောင်းဟုတ်သေးပုံမပေါ်ပါ။
အခုမှ တည်ဆောက်ထားတဲ့ ခင်မင်မှုမို့ သူ့စကားတစ်ခွန်းကြောင့်
အထိခိုက်ခံလို့မဖြစ်ပေ။
"ဟင်းဟင်း!! ရှိစရာလား"
"ဒါဆို မရှိဘူးပေါ့ ဟုတ်လားကိုကို"
"အင်းပေါ့!!
သူ ညီ့မျက်နှာကိုမကြည့်ပဲ ပေါ့ပျက်ပျက်သာ ပြန်ဖြေလိုက်သည်။
သော်ဒီမှာတော့ သူ့အဖြေကြောင့် အူးမြူးလာခဲ့ပါသည်..။
ကိုကို့မှာ ဘာရည်းစားမှ မရှိသေးဘူးဆိုတာ သိရတော့ ပျော်လည်းပျော် ကြည်လည်းနူးမိသည်။
ကိုကို့ကို ဘယ်သူနဲ့မှ သူက မျှဝေမသုံးချင်ပါ..။ ကိုကိုက သူ့ကိုပဲ
ဂရုစိုက်ပြီး သူ့တစ်ယောက်ထဲအပေါ်မှာသာ ကောင်းရပါမည်..။
"မရှိဘူးဆိုလည်း ပြီးတာပါပဲ ညီက ရှိတယ်ထင်လို့
မေးကြည့်ရုံပါပဲ"
"စိတ်ချ ကိုကိုက ညီ့ကိုပဲ ဂရုစိုက်မှာပါ ဟုတ်ပြီလား
မကောင်းတဲ့ အတွေးတွေ မတွေးရဘူးနော်"
"ကိုကို ကတိပေးထားတာ မှတ်မိလား!!
ညီ့အပြောကြောင့် သူကြောင်အမ်းသွားရ၏။ အင်တင်တင် ဖြစ်နေတဲ့ သူ့ကို ညီကပဲ ဆက်၍
"ကိုကို အကြိုက်ဆုံး အရာတစ်ခုကို ညီကလည်း သဘောကျရင်
အတူမျှသုံးမယ်ဆိုတာလေ..."
အခုမှ ညီ့စကားကို သူမှတ်မ်သလိုရှိသွားရ၏...။
"အဲ့ဒါ ဘာလို့လဲ ညီ!!!
"အကြိုက်ဆုံးကို မျှဝေမယ်ဆိုတာကလေ ပစ္စည်းသာမကဘူး
လူလည်း အပါဝင်ပဲနော်.."
ညီဘာပြောနေတာလည်းဆိုတာကို ဩဂတ်ဘယ်လိုပဲစဉ်းစားပါစေ စဉ်းစားလို့မရ။ နောက်တော့ ညီစကားကို ထပ်စဉ်းစားမနေ
တော့ဘဲ စာထဲမှာပဲ ပြန်အာရုံစိုက်လိုက်တယ်။ သော်ဒီကလည်း
ကိုကို့ကို ပြောချင်တာပြောပြီး ပြုံးစိစိ ဖြစ်ကာ ဂိမ်းထဲမှာပဲ
ပြန်အာရုံစိုက်လိုက်တယ်။
၉နာရီထိုးတော့ သွယ်နဲ့ ဖုန်းပြောဖို့ အချိန်ရောက်ပြီဆိုပေမယ့်
ဖုန်းက ညီ့လက်ထဲမှာသာ ရှိနေသေး၏။ ညီကလည်း မအိပ်သေးဘူး ဆိုတော့ သူနဲ့များ တစ်ညလုံးနေဖို့ စိတ်ကူးနေသလားတော့
မသိပါ။ စာကလည်း လုပ်လို့မပြီးသေးတာနဲ့ သွယ့်ကိုဖုန်းခေါ်ဖို့
အစီစဉ်ကို မေ့ပစ်လိုက်ရတော့သည်။
"ကိုကို!!
"အင်း!! ညီ"
"ဖုန်းလာနေပြီ မမသွယ်ထင်တယ် ကိုင်လိုက်ရမလား"
သွယ်က ဖုန်းခေါ်တယ်ဆိုတော့ လူက ဆတ်ခနဲဖြစ်သွားပြီး
ညီ့ကို စိတ်ပေါ့ပါးစွာ ပြန်ကြည့်လိုက်သည်။
"ရတယ် ညီ.. အရေးမကြီးဘူး"
"ဒါဆို ဖုန်းချလိုက်ရမလား"
"အင်း ညီ့သဘော"
ခွင့်ပြုချက်ရတော့ ညီက ဝမ်းပန်းတသာ ဖုန်းကိုချပစ်လိုက်သည်။
သွယ်တော့ စိတ်ဆိုးသွားမယ် ထင်၏။ မတတ်နိုင်ပါ နောက်မှ
ပြန်တောင်းပန်ရတော့မှာပဲ...
သူ စာလုပ်ပြီးချိန်မှာတော့ ည၁၁နာရီ ဝန်းကျင်ရောက်နေပြီဖြစ်သည်။ ထိုအခါမှ တော်တော်တိတ်ဆိတ်နေတဲ့ ဝန်းကျင်ကို
သတိထားမိသွားပြီး အိပ်ယာပေါ် ချက်ချင်း လှည့်ကြည့်လိုက်သည်။ ဖုန်းက ဖွင့်ထားဆဲဖြစ်ပေမယ့် ညီကတော့ နှစ်ခြိုက်စွာ
အိပ်ပျော်နေပြီပဲဖြစ်သည်။ ဒါကြောင့် လှစ်ခနဲပြုံးရင်း ညီ့လက်ထဲက ဖုန်းကိုဆွဲယူပြီး ပိတ်လိုက်ကာ သူလည်း ညီ့ဘေးမှာ အသာ
ဝင်လှဲလိုက်သည်။
တစ်ယောက်ထဲ ၁၅နှစ်လောက် အထီးကျန်ပြီးနောက်မှာတော့
သူ့ဘဝထဲကို ညီဝင်လာသည်။ ရှေးဘဝက ကုသိုလ်ကောင်းမှုတွေ
ကြောင့်လားတော့မသိ ဒီဘဝမှာ သူနဲ့ညီက ညီအစ်ကိုတွေ
ဖြစ်လာကြသည့်ပုံပင်။
ညီတစ်ယောက်ကို အစတည်းကလိုချင်နေပေမယ့်ဖြစ်ချင်တော့
သူက တစ်ဦးတည်းသောသားဖြစ်နေတဲ့အပြင် ဒယ်ဒီကလည်း
နောက်မိန်းမ ထပ်ယူခြင်းမရှိချေ။ ဖေဖေလေးနဲ့ တွေ့မှသာ
လက်ထပ်ဖို့ အတည်ပေါက်စဉ်းစားခဲ့တာပင်။ ရလဒ်အနေနဲ့
သူသိပ်လိုချင်တဲ့ ညီတစ်ယောက် ရလိုက်တာပဲဖြစ်သည်။
အသည်းတယားယားနဲ့ ညီ့ရဲ့ပါးကို အသာလေးငုံ့နမ်းလိုက်သည်။
ပြီးနောက် စောင်ကိုဆွဲယူပြီး ညီ့ကိုခြုံပေးလိုက်တော့သည်။
.....................
"သော်ဒီထူးဟန်!!
အတန်းထဲ ဝင်လာတဲ့ ဖက်တီးမျက်နှာကို သူစေ့စပ်စွာကြည့်ရင်း
နားမလည်ပါ။
"ဖက်တီး!! မင်းဘာဖြစ်!!!
ဘန်း!!
စာကြည့်ခုံကို လက်နဲ့ ဘန်းခနဲရိုက်ချပြီး ဖက်တီးက အသက်ကို
အလုအယက်ရှူသည်။
"မင်းကိုကိုက ဆယ်တန်းမှာရှိတဲ့ ကိုကြီးဩဂတ်ဂုဏ်ပိုင်ကို
ပြောတာလား.."
"ဟုတ်တယ်လေ!!
သူက အေးအေးဆေးဆေး ဖြေပေမယ့် မအေးဆေးနိုင်တဲ့
ဖက်တီးက ခြေထောက်တွေ ညွတ်ကျချင်လာသည်..။
ကိုကြီးဩဂတ်က ဆယ်တန်းမှာပဲမဟုတ် တစ်ကျောင်းလုံးမှာ
နာမည်ကြီးတဲ့သူပင်။ စာလည်းတော်သလို ရုပ်လည်းချောသည်။
နောက်ပြီး အကျင့်စရိုက်ကလည်း ပြောစရာတစ်ကွက်မှမရှိ။
ကိုကြီးဩဂတ်ကိုမှ အသေရရအရှင်ရရ လိုချင်တဲ့ မိန်းမပျိုတွေကလည်း တန်းစီနေကြသည်။
ဖက်တီးကတော့ ဩဂတ်ကို လေးစားအားကျတဲ့ထဲမှာပါပြီး
ဩဂတ်ကို သူ့ရဲ့Idolတစ်ယောက်အဖြစ် သတ်မှတ်ထားတာပင်။
"မင်းဘာလို့ ငါ့ကိုအစကတည်းက မပြောရတာလဲ"
"မင်းက မေးမှမမေးတာ"
ဒါလည်း ဟုတ်တော့ ဟုတ်ပေမယ့် ဘေးနားမှာရှိတဲ့ ကောင်က
ကိုကြီးဩဂတ်ရဲ့ညီ ဆိုတာကိုသိရတော့ ပိုလို့ရှိန်ရပါသည်။
"ကိုကြီးဩဂတ်က တစ်ဦးတည်းသော သားပါ ဘာဖြစ်လို့
ညီတစ်ယောက်ရှိသွားရတာလဲ"
"ကိုကို့ဒယ်ဒီနဲ့ ငါ့ဖေဖေက လက်ထပ်လိုက်လို့လေ!!!
"ဘာ!!!
"ဘာထူးဆန်းလို့လဲ "
"မထူးဆန်းပါဘူး အံ့ဩလို့ပါ ကိုကြီးဩဂတ် ဒယ်ဒီကို
ငါမြင်ဖူးတယ် အရယ်အပြုံးလုံးဝမရှိဘူး မျက်နှာသေကြီးနဲ့ကွာ"
"အင်း အခု ငါ့ဖေဖေနဲ့ ညားသွားပြီလေ!!
ကောင်းကင်ဟိန်းက ဘာမှဆက်ပြောရန် မရှိတော့သလို
ငိုင်ကျသွားသည်။ ကိုကြီးဩဂတ်ကလည်း စာတော်တယ်
သော်ဒီထူးဟန်ကလည်း စာတော်တဲ့ကောင်..။ တကယ်ပါပဲ
အသွင်တူရင် အိမ်သူဖြစ်မယ်ဆိုတာ အဲ့ဒါလားမသိ..။
ဖက်တီး တွေးနေရင်းမှ ကြက်သီးတွေတဖြန်းဖြန်း ထသွား၏။
"ဪ!! ဒါနဲ့ ကိုကိုက လူကြိုက်များပြီး မျက်နှာပွင့်တယ်နော်"
ထိုအခါ ဖက်တီးက မျက်နှာကိုမော်ချီလျက်
"မင်း မမသွယ်ကို သိတယ်မလား အရမ်းလှတယ်လေ
ပုလဲသွယ်လို့ ပြောလိုက်တာနဲ့ မသိတဲ့သူ မရှိဘူးကွာ"
"သိတယ် ကိုကို့သူငယ်ချင်း မဟုတ်ဘူးလား"
"သူငယ်ချင်းတင် ဘယ်ဟုတ်ပါ့မလဲ သူတို့နှစ်ယောက်က
ဘာလိုလိုညာလိုလိုလေ လူအများကြီးက သူတို့ကိုသဘောတူပြီး
ဝိုင်း Shipနေကြတာ အဲ့ထဲမှာ ငါလည်းပါတယ်"
သော်ဒီ အံကြိတ်လိုက်သည်။ ဒီလိုဆိုတော့ ကိုကို သူ့ကို
လိမ်နေသည်ပဲ။ ဘာကြောင့် လိမ်ခဲ့တာလည်းတော့ သူမသိ။
မမသွယ်က လှပေမယ့် ကိုကိုနဲ့ယှဉ်ရပ်နိုင်ဖို့ အရည်အချင်း
မရှိသေးဘူးဟု သော်ဒီထင်မိသည်။
နောက်ပြီး ကိုကိုရည်းစားရနေတာ အမှန်ဆို ဂရုစိုက်မှုတွေကို
တစ်ခြားသူနဲ့ ဝေမျှနေရမှာပေါ့..။ တွေးလေ သဘောကျချင်စရာ
မကောင်းလေ။ အဆိုးဆုံးကတော့ ကိုကိုသူ့ကို လိမ်ခဲ့တာပဲ..။
"ဘာလဲ ဒီအကြောင်းတွေကို မင်းမသိဘူးလို့ မပြောနဲ့နော်"
"ငါသိပါတယ် ကိုကိုငါ့ကိုပြောထားသားပဲ"
ပေါ့ပျက်ပျက်ပဲ ဖြေလိုက်ပြီး ဖက်တီးကောင်အား သော်ဒီ
ညာပစ်လိုက်သည်..။
Zawgyi
ခ်စ္သူတစ္ေယာက္ ေကာက္ရထားသည္{အခန္း ၄}
"ဖက္တီး!! ဟိုဘက္ နည္းနည္းတိုး"
မုန့္စားေနတဲ့ ဖက္တီးက သူ့ကို ေခါင္းေထာင္ြကည့္သည္..။
တကယ္ေတာ့ သူ့နာမည္က ဖက္တီးမဟုတ္။ အတန္းထဲမွာ
ပိုဝျပီး အစားပုတ္သည့္အတြက္ေြကာင့္ ေသာ္ဒီက သေကာင့္သားကို ဖက္တီးဟု ခနိုးခနဲ့ ေခါ္ြခင္းပင္။
"ဘာ ဖက္တီးလဲ အံမယ္ ေနာက္မွေရာက္လာတဲ့ ေကာင္က
ငါ့ကိုမ်ား ဖက္တီးေလး ဘာေလးနဲ့ မင္းကမွ ငါးေဖာင္ရိုး!!!
"ဖက္တီးမို့ ဖက္တီးေခါ္တာေလ နာေနတာလား လူက
ဒီေလာက္ ဝေနတာကို ဖက္တီးလို့ပဲ ေခါ္မွာေပါ့.."
"ဒါ ဝတာမဟုတ္ဘူးကြ ခန္ဓာကိုယ္ ျပည့္တယ္လို့ ေခါ္တယ္
ေနာက္ျပီး ငါ့အိမ္က ငါ့ကို ဝမွ ခ်စ္စရာေကာင္းတာဆိုျပီး
ေန့တိုင္း ထမင္း၆နွပ္ေလာက္ စားခိုင္းတာကြာ.."
"ဒါကို ျပည့္တယ္လို့မေခါ္ဘူး ဝက္ဆန္တယ္လို့ေခါ္တယ္.."
ြကာေတာ့ သူ့ကိုဖက္တီးေခါ္လို့ ေကာင္းကင္ဟိန္းက စိတ္တိုသြားပုံြဖင့္ ရွူးရွူးရွဲရွဲြဖစ္လာခဲ့သည္။ ေကာင္းကင္ဟိန္းရဲ့
အသားရည္က သူ့ေလာက္မြဖူေပမယ့္ လက္တဲ့ထဲမွာေတာ့ပါ၏။
"ငါးေဖာင္ရိုးေကာင္ မင္းကမွ ပိန္လြန္းအားြကီးေနတာ
ပိန္ရင္ ဘာြဖစ္တတ္လည္း သိလား အရိုးစူးတယ္ကြာ ဘရိုရဲ့"
ဖက္တီးက ရွူးရွူးရွဲရွဲြဖစ္လ်က္ မ်က္နွာြကီးနီကာ စိတ္တိုေနပုံ
ရေသာ္လည္း ေသာ္ဒီကေတာ့ ေအးေဆး တည္ျငိမ္ေနခဲ့သည္။
"ေနာက္မွ ေရာက္တဲ့ေကာင္က ငါ့ကိုမ်ား နိုင္ခ်င္ေနေသးတယ္
ဒီမွာ ေဟ်ာင့္ ငါတို့တစ္မ်ိုးလုံးက မ်ိုးနဲ့ရိုးနဲ့ေနာ္.."
"ဝက္ြဖစ္တာလား.."
"မင္းတို့တစ္မ်ိူးလုံးကမွ ငါးေဖာင္ရိုး!! လူြကည့္ေတာ့
ကေလးမသာရုပ္နဲ့ မေန့တစ္ေန့ကမွ အတန္းထဲ ေျပာင္းလာျပီး
လူရာဝင္ခ်င္ေနတာ.."
"အို.. လူရာမဝင္လည္း ဘာမွမြဖစ္ပါဘူး "
"ျပီးတာပဲ.."
ေကာင္းကင္ဟိန္းက ခ်ထားတဲ့ သူ့မုန့္ကို ျပန္ေကာက္စားသလို
သူကလည္း ေကာင္းကင္ဟိန္းရဲ့ ေဘးက သူ့ေနရာေလးမွာ
ဝင္ထိုင္လိုက္သည္။ ျပီးမွ စာေရးကိရိယာေတြအကုန္လုံးကို
စစ္လိုက္ေတာ့ ေဘာပင္က မွင္ကုန္ေနတာ အခုမွ သတိရသြားတာမို့ က်စ္ခနဲစုတ္သပ္လိုက္မိတယ္။
ထိုအခိုက္ သူ့ဘာသာ မုန့္စားေနတဲ့ဖက္တီးကိုြကည့္ျပီး သူအြကံ
တစ္ခုရသြားတာမို့ ၅ေထာင္တန္ တစ္ရြက္ကို ထုတ္လိုက္တယ္။
"ဖက္တီး!! ေက်ာင္းမွာ ေဘာပင္ေရာင္းလား"
"ေရာင္းသားပဲ တစ္ေခ်ာင္းမွ နွစ္ေထာင့္ငါးရာ လိုခ်င္ရင္
အင္္ဂလိပ္စာ ဆရာမဆီက သြားဝယ္ေခ်!!!
"ငါမဝယ္ခ်င္လို့ မင္းသြားဝယ္ေပးပါ့လား!!
ဖက္တီးရဲ့ စိတ္တိုသြားတဲ့ အြကည့္က သူ့ဆီကို ဒိုင္းခနဲေရာက္လာသလို သူကလည္းတည္ျငိမ္စြာ ျပန္ြကည့္ေပးလိုက္သည္။
"ေဘာပင္တစ္ေခ်ာင္း ဝယ္ေပး!! ငါမင္းကို အလကား
မခိုင္းပါဘူးကြာ ပိုတာကို မုန့္ဝယ္စားလိုက္ေပါ့"
ဖက္တီးက ဘာမွမေျပာပဲ 'ျပီးေရာ'ဆိုတဲ့ မ်က္နွာထားနဲ့
သူ့လက္ထဲက ပိုက္ဆံကို ဆြဲယူသြားသည္။ ဖက္တီးသူ့အတြက္
ေဘာပင္ဝယ္ဖို့ အျပင္ထြက္သြားတာ ျမင္ေတာ့မွ သူျပုံးလိုက္သည္။
"အရူး!!!
ခဏြကာေတာ့ ဖက္တီးျပန္ေရာက္လာျပီး မုန့္ေတြလည္းဝယ္လာသလို သူလိုအပ္ေနတဲ့ ေဘာပင္ကိုလည္း ပစ္ေပးလာသည္။
ဖက္တီးက မာနရွိေပမယ့္ အစားက်ူးတာမို့ တစ္ခါတစ္ရံမွာ
မာနက အိပ္ေပ်ာ္ေနတတ္သည္။
"မင္းက မန္တေလးမွာ ေနတာဆို!!
ဖက္တီးက အဆက္၊ အဆက္မရွိ ေျပာလာေတာ့ သူေခါင္းေလး
ညိတ္ျပလိုက္၏။ ေသာ္ဒီက ကိုယ္တိုင္သာ သူမ်ားကို လိုသုံး
လုပ္ခ်င္လုပ္မယ္ သူကိုယ္တိုင္ေတာ့ လိုသုံးအြဖစ္မခံပါ..။
အခု ဖက္တီးေကာင္က စကားစလာေတာ့ ဒီေကာင္ တစ္ခုခု
ြဖစ္ခ်င္ေနမွန္း သေဘာေပါက္တာမို့ ဆက္၍သာေစာင့္ြကည့္ေနလိုက္သည္။
"အဲ့မွာ ေပ်ာ္စရာေကာင္းလား."
"မင္းက မန္တေလးကို မေရာက္ဖူးဘူးလား"
"ဟင့္အင္း ေရာက္ဖူးစရာလည္းအေြကာင္းမရွိဘူးေလ
ငါ့မိဘေတြက ရန္ကုန္မွာြဖစ္သလို အမ်ိုးေတြကလည္း
မန္တေလးမွာ မရွိဘူး.."
"ေပ်ာ္ေအာင္ေနရင္ေတာ့ ဘယ္ေနရာမဆို ေပ်ာ္စရာေကာင္းတယ္ "
"ဪ.. မင္းက စာေတာ့ ေတာ္သားေနာ္ စာသင္နွစ္ဝက္ေက်ာ္မွ
ေရာက္လာခဲ့တာကို စာလိုက္နိုင္လို့ ငါအံ့ဩေနတာ"
"ငါက ဉာဏ္ေကာင္းတယ္ေလ ဒါမ်ိုးက လုပ္ယူလို့မရဘူးကြ
မ်ိုးရိုးလိုက္တာမ်ိုးလည္းရွိတယ္ ငါ့ေဖေဖကလည္း ဉာဏ္ေကာင္းတဲ့သူပဲ ေဖေဖဆို ဆယ္တန္းကို All Dနဲ့ ေအာင္တာကြာ ငါက
ေဖေဖ့ရဲ့ေသြး အျပည့္ပါတာ"
ေသာ္ဒီစကားေြကာင့္ သူ့စိတ္ဓာတ္က ငရဲထိ ထိုးက်သြားသည္။
စာလည္းမလုပ္တာမဟုတ္သလို အပ်င္းတစ္တာမ်ိုးလည္းမရွိပါပဲ
ေနာက္ဆုံးက စေရတြက္ရင္ အျမဲတမ္း အဆင့္တစ္ ရတတ္တဲ့
သူ့ကိုယ္သူ နားမလည္ပါ။ ေသာ္ဒီေျပာသလို ဉာဏ္ေကာင္းတာက မ်ိူးရိုးလိုက္တတ္တယ္ဆိုတဲ့ တယူသန္အေတြးြကီးကိုလည္း
သူလက္မခံခ်င္ပါ။
ဘာလို့ဆို အေဖနဲ့အေမက နွစ္ေယာက္လုံး အင္ဂ်င္နီယာေတြ
ြဖစ္ကာ ေက်ာင္းတုန္းကလည္း အဆင့္ေတာ္ေတာ္ေလး
ေကာင္းခဲ့တယ္ဟုဆို၏။ တစ္ဦးတည္းေသာ သားြဖစ္တဲ့ သူကသာ မွတ္ဉာဏ္မေကာင္းပဲ ဘိတ္ေခ်းြဖစ္ေနခဲ့တာပင္..။
"ငါနဲ့ အဖြဲ့ဖြဲ့ရေအာင္ ေသာ္ဒီထူးဟန္!!
ေသာ္ဒီ မ်က္ခုံးပင့္မိသြားသည္။ လက္စသတ္ေတာ့
သေကာင့္သားရဲ့ အြကံစည္က သူနဲ့မိတ္ဖြဲ့ျပီး သူ့ဦးေနွာက္ကို
ေဖာက္ေသာက္ဖို့ ြကံစည္ေနြခင္းပင္။
"ေဆာရီးပဲ ဘရို!! ငါက သူငယ္ခ်င္း မလိုဘူး"
ဖက္တီးမ်က္နွာက ြကည့္ရဆိုးစြာ ပ်က္ယြင္းလာခဲ့သည္...။
ဒါေပမယ့္ သူ လက္မေလ်ွာ့ခ်င္ေသးပါ။ တီခ်ယ္ သင္ေပးသြားျပီး
သူနားမလည္တဲ့ စာေတြအတြက္ ေသာ္ဒီက အမ်ားြကီး
အေထာက္ကူျပုနိုင္ေြကာင္း အလိုလိုသိစိတ္က ေသခ်ာေနခဲ့ပါသည္။
"ငါ့ကို စာျပေပးရုံပဲကို ဘယ္လိုလုပ္မွ မင္းသူငယ္ခ်င္းအြဖစ္
လက္ခံမွာလဲ"
ေသာ္ဒီ တစ္ခ်က္စဉ္းစားလိုက္သည္။ အရင္ေက်ာင္းမွာတုန္းက
သူ့တြင္ သူငယ္ခ်င္းတစ္ေယာက္မွ မရွိခဲ့ေခ်။ ဒါကလည္း သူ့ရဲ့
အနိုင္ပိုင္းလိုစိတ္ေြကာင့္ သူ့အနားမွာ ဘယ္သူမွ ြကာြကာ
မေနခဲ့တာြဖစ္သည္။ ဒါေပမယ့္ ေသာ္ဒီထူးဟန္တို့က အဲ့ဒီလို
အပယ္ခံြဖစ္ေနလို့ ဒြမ္မာ တစ္သိန္းနဲ့ မ်က္ရည္မ်က္ခြက္ြဖစ္မယ္
ထင္လား။ ေဝးေသးတယ္...
"ငါနဲ့ သူငယ္ခ်င္းြဖစ္ခ်င္ရင္ မင္းလိုက္နာရမွာ တစ္ခုပဲရွိတယ္"
ဖက္တီးမ်က္လုံးက အေရာင္လက္သြား၏..
"ဘာလည္းဟင္!!!
"ငါတို့နွစ္ေယာက္ထဲမွာ ငါက ေခါင္းေဆာင္ပဲ.."
ဖက္တီးစဉ္းစားရ ြကပ္သြားကာ ေခါင္းေတြတြဗင္းြဗင္းဆြဲကုတ္သည္။
"ဘာကို ေခါင္းေဆာင္လဲ.."
"ငါခိုင္းတာကို မင္းလုပ္ေပးရမယ္ ငါက မင္းရဲ့ေခါင္းေဆာင္!!
အခုမွပဲ ေသာ္ဒီေျပာခ်င္တဲ့ သေဘာကို သူနားလည္ေတာ့သည္။
လက္စသတ္ေတာ့ ဒီေကာင္က ကိုယ့္ကို အနိုင္က်င့္ခ်င္သည္ပဲ။
ဒါေပမယ့္ စာရဖို့က အေရးြကီးတာမို့ သူလက္ခံလိုက္သည္။
"ေနစမ္းပါဦး မင္းကဘာလို့ ေခါင္းေဆာင္ြဖစ္ခ်င္တာတုန္း!!
"ငါက အဲ့ဒီေနရာမွာ ရွိေနခ်င္လို့ေပါ့ ေရြးစရာမရွိလို့
ဓားျပ ြဖစ္သြားခဲ့ရင္ေတာင္ ငါက ဓားျပဗိုလ္လုပ္မွာ"
ဆိုလိုတာက တပည့္မြဖစ္ခ်င္ဘူးဆိုတဲ့ သေဘာ..။
"ေအးေနာ္ ငါတစ္ခုေတာ့ေျပာလိုက္မယ္ ဗလ အားကိုးနဲ့
ငါ့ကို အနိုင္က်င့္မယ္မြကံနဲ့ ငါ့ကိုကိုက ဆယ္တန္းမွာေနတာ
မင္း ျပားျပားဝပ္သြားလိမ့္မယ္"
ဖက္တီးခင္ဗ်ာ ေြကာင္အမ္းအမ္းနဲ့ ျပီးမွ မ်က္ြဖူလန္ျပလိုက္သည္။ အခုလက္ရွိ သူကပဲ ကိုယ့္ကို အနိုင္က်င့္ေနျပီးေတာ့
သူကပဲ ကိုယ့္ကို အနိုင္မက်င့္နဲ့ အနိုင္က်င့္ရင္ သူ့ကိုကိုနဲ့
တိုင္မယ္ေျပာေသး။
ေသာ္ဒီထူးဟန္ ကိုကိုက ဆယ္တန္းမွာ ရွိေနတာေတာ့
သူသိေပမယ့္ ဘယ္သူဘယ္ဝွာမွန္းေတာ့ ေကာင္းကင္ဟိန္း
ေမးမြကည့္မိပါေခ်။
.........................
ပန္းကန္လုံးထဲက ပုစြန္ေတြကို ခြာျပီး ပန္းကန္တစ္ခုထဲမွာ
ထည့္ထားလိုက္သည္..။ ညစာ၊ စားပြဲမွာ ဒယ္ဒီရယ္ေဖေဖရယ္
ဩဂတ္ဂုဏ္ပိုင္ရယ္ ၃ေယာက္ရွိေနျပီး ေသာ္ဒီထူးဟန္ကေတာ့
ေရခ်ိုးေနတာမို့ ဆင္းမလာေသးေပ။
ပုစြန္အေကာင္ေလးေတြ ေတာ္ေတာ္ခြာျပီးျပီဆိုမွ ေရခ်ိုးေနတဲ့
ညီက ထမင္းစားခန္းထဲ ေလ်ွာက္ဝင္လာသည္..။ အနားမွာ
ကပ္ထိုင္လာေတာ့ ညီ့ထံက ေရခ်ိုးဆပ္ျပာအနံ့ သင္းသင္းေလး
ရေန၏။
"ညီ့အတြက္ ကိုကိုခြာေပးတာလားဟင္!!
"ဟုတ္တယ္ .. သားအတြက္ဆိုျပီး သားကိုကိုက ေသခ်ာေလး
ခြာေပးထားတာ"
ဒယ္ဒီက ေျပာလာေတာ့ ေသာ္ဒီက ေက်နပ္သလို ျပုံးလိုက္သည္။
သူ့ကိုဂရုတစိုက္ ရွိေနတဲ့ ကိုကိုတစ္ေယာက္ ရထားတာ
ဘယ္ေလာက္ထိ ကံေကာင္းလိုက္သလဲ...
"ေက်းဇူးပါ ကိုကို!!
"ရပါတယ္ဗ်ာ ညီြကိုက္တယ္ဆိုလို့ ကိုကိုခြာေပးထားတာ
အားရပါးရ စားေနာ္"
ေသာ္ဒီ ကိုကို့အား ေခါင္းညိတ္ျပလိုက္သည္..။ ဒီေလာက္ထိ
သူ့ကို ဂရုစိုက္လြန္းတဲ့ ကိုကို့ကို ေကာင္မေလးေတြ ေြကြြကတာ
မေျပာနဲ့ ကိုကိုက ေခ်ာလည္းေခ်ာ စာလည္းေတာ္ ဆိုေတာ့
အတန္းထဲက ေကာင္မေလးေတြရဲ့ အသည္းေြကာ္ပဲေလွာ္ေလး
ြဖစ္ေနတာ ဘာမွမဆန္းေပ။
အကယ္၍ ကိုကိုသာ ရည္းစားရသြားပါက သူ့ကို အခုလိုမ်ိုးပဲ
ဂရုစိုက္အုံးမည္လား။
အေတြးေြကာင့္ ေသာ္ဒီခံတြင္းက ခ်ဉ္သြားသည္။ အြကိုက္ဆုံး
ပုစြန္စားေနတာေတာင္ ဘာအရသာမွ မရွိေတာ့။ ဒါကိုျမင္ေတာ့
ဩဂတ္မွာ ေဘးကေန စိုးရိမ္သြားျပီး
"ညီ!! ဘာြဖစ္လို့လဲ စားမေကာင္းဘူးလား"
"ေကာင္းပါတယ္"
"ေကာင္းရင္ မ်ားမ်ားစားေလ ပုစြန္ ထပ္စားခ်င္ရင္ေျပာေနာ္
ကိုကိုခြာေပးမယ္"
"ဒီေလာက္ဆို ရပါျပီ ကိုကို!!
ဩဂတ္က သူ့ညီကို အရိပ္တြကည့္ြကည့္နဲ့ ြဖစ္ေနကာ
ထမင္းစားေနေပမယ့္ ညီ့ရဲ့ စူပုတ္ပုတ္မ်က္နွာအား သတိထားမိ
သြားခဲ့ပါသည္။
ညီတစ္ေယာက္ ဘာေတြ အလိုမက် ြဖစ္ေနလည္းဆိုတာ
ဩဂတ္ မသိေပ။
ထမင္းစားျပီးတာနဲ့ ဒယ္ဒီနဲ့ ေဖေဖက ပန္းကန္ေဆးဖို့
ေအာက္ထပ္မွာပဲ ေနခဲ့ကာ သူနဲ့ ညီကေတာ့ ကိုယ့္အခန္းဆီကိုပဲ
ျပန္လာလိုက္သည္။
"ကိုကို!!!
"ဗ်ာ!!
"ဒီည ကိုကို ဘာအစီစဉ္ ရွိလည္းဟင္!!
ဩဂတ္ တစ္ခ်က္စဉ္းစားလိုက္၏။ ဒီညမွာ သူစာလုပ္စရာ
ရွိတာမို့ စာလုပ္မယ္ ၉နာရီက်ရင္ေတာ့ သြယ့္ကိုဖုန္းေခါ္ဖို့
ကတိေပးထားတာမို့ ဖုန္းေခါ္ရမည္။
"ညီက ဘာလုပ္မလို့လဲ.."
"ကိုကို့ဖုန္းထဲမွာ ရွိတဲ့ ဂိမ္းကို ကစားခ်င္လို့..ဟို ဖရဲသီးခြဲတဲ့ဂိမ္းေလ"
"ရပါတယ္ ကစားခ်င္ ကစားေပါ့ ကိုကိုက စာလုပ္ရဦးမွာမို့
အသံေတာ့ အရမ္းက်ယ္လို့မရဘူးေနာ္"
ကိုကိုက လက္ခံလိုက္ျပီမို့ ခ်စ္စဖြယ္ သူ့မ်က္နွာေလးက
အျပုံးပန္းေတြ ေဝလာခဲ့ပါသည္ ။
"ဟုတ္ကဲ့ ကိုကို.. ညီ့ေြကာင့္ အေနွာက္ယွက္မြဖစ္ေစရပါဘူး"
ေသာ္ဒီက ဝမ္းပန္းတသာနဲ့ သူ့ေနာက္ကေန လိုက္ဝင္လာေတာ့
သူလည္းထပ္တူေပ်ာ္မိပါသည္။
"ကိုကို့ကုတင္ေပါ္မွာ အိပ္ရင္း ကစားေနေနာ္ "
"ဟုတ္!!
"ညီေရာ လုပ္စရာ စာမရွိဘူးလား"
"မရွိဘူး!!
"ဟုတ္ပါျပီ ေနာက္ဆို ညီ့ကိုပါ ဖုန္းဝယ္ေပးရမယ္!!
"ေဖေဖက လက္ခံမွာမဟုတ္ဘူး"
"ဘာလို့လဲ"
"ေက်ာင္းစာထဲ အာရုံမရွိမွာ စိုးလို့တဲ့.."
"ဘာဆိုင္လို့လည္းကြာ ေဖေဖ့ကို ၊ ကိုကိုေျပာေပးမယ္ေနာ္
ညီ ဖုန္းအသစ္တစ္လုံး ရေစရမယ္"
ေသာ္ဒီ ဖုန္းအသစ္ရေအာင္ ကူေျပာေပးမယ္ဆိုလို့ ထခုန္မတတ္
ေပ်ာ္သြားကာ ကိုကို့ကို အေနာက္ကေန သိုင္းဖက္လိုက္ျပီး
ပါးနွစ္ဖက္ကို တစ္လွည့္စီ အနမ္းေပးလိုက္သည္။
"ေက်းဇူးတင္ပါတယ္ ကိုကို"
"ရပါတယ္ဗ်ာ ဖယ္ဦး ကိုကို စာလုပ္မလို့"
"ဟုတ္!!
ေသာ္ဒီက ကိုကို့အိပ္ယာေပါ္မွာ လွဲခ်ရင္း ဖုန္းထဲက ခရဲသီးခြဲတဲ့
ဂိမ္းကို ေဆာ့ေနလိုက္သည္။ ဩဂတ္ကေတာ့ ဂိမ္းထဲမွာ
စိတ္နွစ္ထားတဲ့သူ့ညီကို လွည့္ြကည့္ လွည့္ြကည့္လုပ္ကာ
ျပုံးရသည္။
"ကိုကို"
"အင္း!!
ညီ့ကို လွည့္မြကည့္ပဲ စာလုပ္ရင္း အသံျပုလိုက္တယ္..။
"ကိုကို့မွာ ရည္းစားရွိေနျပီလားဟင္"
ဒီတစ္ခါမွာေတာ့ သူညီ့ကိုလွည့္မြကည့္ပဲ မေနနိုင္ေတာ့ပါ။
ညီကလည္း ဂိမ္းေဆာ့ေနတာကို ခဏရပ္ျပီး သူ့ကိုေသခ်ာ
အေလးနက္ ြကည့္ေနခဲ့သည္။
"ဘာလို့ေမးတာလဲ"
"အကယ္၍ ကိုကိုသာ ရည္းစားရွိေနရင္ ညီ့ကိုအခ်ိန္ေပးနိုင္ေတာ့မွာ မဟုတ္လို့ေလ ဒီတိုင္းေမးြကည့္ရုံပါ"
ဩဂတ္ ဘာျပန္ေြဖရမွန္းမသိ။ ညီ့ကိုလည္း သူနဲ့သြယ့္အေြကာင္း
ေျပာဖို့သင့္ေပမယ့္ အခုက အခ်ိန္ေကာင္းဟုတ္ေသးပုံမေပါ္ပါ။
အခုမွ တည္ေဆာက္ထားတဲ့ ခင္မင္မွုမို့ သူ့စကားတစ္ခြန္းေြကာင့္
အထိခိုက္ခံလို့မြဖစ္ေပ။
"ဟင္းဟင္း!! ရွိစရာလား"
"ဒါဆို မရွိဘူးေပါ့ ဟုတ္လားကိုကို"
"အင္းေပါ့!!
သူ ညီ့မ်က္နွာကိုမြကည့္ပဲ ေပါ့ပ်က္ပ်က္သာ ျပန္ေြဖလိုက္သည္။
ေသာ္ဒီမွာေတာ့ သူ့အေြဖေြကာင့္ အူးျမူးလာခဲ့ပါသည္..။
ကိုကို့မွာ ဘာရည္းစားမွ မရွိေသးဘူးဆိုတာ သိရေတာ့ ေပ်ာ္လည္းေပ်ာ္ ြကည္လည္းနူးမိသည္။
ကိုကို့ကို ဘယ္သူနဲ့မွ သူက မ်ွေဝမသုံးခ်င္ပါ..။ ကိုကိုက သူ့ကိုပဲ
ဂရုစိုက္ျပီး သူ့တစ္ေယာက္ထဲအေပါ္မွာသာ ေကာင္းရပါမည္..။
"မရွိဘူးဆိုလည္း ျပီးတာပါပဲ ညီက ရွိတယ္ထင္လို့
ေမးြကည့္ရုံပါပဲ"
"စိတ္ခ် ကိုကိုက ညီ့ကိုပဲ ဂရုစိုက္မွာပါ ဟုတ္ျပီလား
မေကာင္းတဲ့ အေတြးေတြ မေတြးရဘူးေနာ္"
"ကိုကို ကတိေပးထားတာ မွတ္မိလား!!
ညီ့အေျပာေြကာင့္ သူေြကာင္အမ္းသြားရ၏။ အင္တင္တင္ ြဖစ္ေနတဲ့ သူ့ကို ညီကပဲ ဆက္၍
"ကိုကို အြကိုက္ဆုံး အရာတစ္ခုကို ညီကလည္း သေဘာက်ရင္
အတူမ်ွသုံးမယ္ဆိုတာေလ..."
အခုမွ ညီ့စကားကို သူမွတ္မ္သလိုရွိသြားရ၏...။
"အဲ့ဒါ ဘာလို့လဲ ညီ!!!
"အြကိုက္ဆုံးကို မ်ွေဝမယ္ဆိုတာကေလ ပစ္စည္းသာမကဘူး
လူလည္း အပါဝင္ပဲေနာ္.."
ညီဘာေျပာေနတာလည္းဆိုတာကို ဩဂတ္ဘယ္လိုပဲစဉ္းစားပါေစ စဉ္းစားလို့မရ။ ေနာက္ေတာ့ ညီစကားကို ထပ္စဉ္းစားမေန
ေတာ့ဘဲ စာထဲမွာပဲ ျပန္အာရုံစိုက္လိုက္တယ္။ ေသာ္ဒီကလည္း
ကိုကို့ကို ေျပာခ်င္တာေျပာျပီး ျပုံးစိစိ ြဖစ္ကာ ဂိမ္းထဲမွာပဲ
ျပန္အာရုံစိုက္လိုက္တယ္။
၉နာရီထိုးေတာ့ သြယ္နဲ့ ဖုန္းေျပာဖို့ အခ်ိန္ေရာက္ျပီဆိုေပမယ့္
ဖုန္းက ညီ့လက္ထဲမွာသာ ရွိေနေသး၏။ ညီကလည္း မအိပ္ေသးဘူး ဆိုေတာ့ သူနဲ့မ်ား တစ္ညလုံးေနဖို့ စိတ္ကူးေနသလားေတာ့
မသိပါ။ စာကလည္း လုပ္လို့မျပီးေသးတာနဲ့ သြယ့္ကိုဖုန္းေခါ္ဖို့
အစီစဉ္ကို ေမ့ပစ္လိုက္ရေတာ့သည္။
"ကိုကို!!
"အင္း!! ညီ"
"ဖုန္းလာေနျပီ မမသြယ္ထင္တယ္ ကိုင္လိုက္ရမလား"
သြယ္က ဖုန္းေခါ္တယ္ဆိုေတာ့ လူက ဆတ္ခနဲြဖစ္သြားျပီး
ညီ့ကို စိတ္ေပါ့ပါးစြာ ျပန္ြကည့္လိုက္သည္။
"ရတယ္ ညီ.. အေရးမြကီးဘူး"
"ဒါဆို ဖုန္းခ်လိုက္ရမလား"
"အင္း ညီ့သေဘာ"
ခြင့္ျပုခ်က္ရေတာ့ ညီက ဝမ္းပန္းတသာ ဖုန္းကိုခ်ပစ္လိုက္သည္။
သြယ္ေတာ့ စိတ္ဆိုးသြားမယ္ ထင္၏။ မတတ္နိုင္ပါ ေနာက္မွ
ျပန္ေတာင္းပန္ရေတာ့မွာပဲ...
သူ စာလုပ္ျပီးခ်ိန္မွာေတာ့ ည၁၁နာရီ ဝန္းက်င္ေရာက္ေနျပီြဖစ္သည္။ ထိုအခါမွ ေတာ္ေတာ္တိတ္ဆိတ္ေနတဲ့ ဝန္းက်င္ကို
သတိထားမိသြားျပီး အိပ္ယာေပါ္ ခ်က္ခ်င္း လွည့္ြကည့္လိုက္သည္။ ဖုန္းက ဖြင့္ထားဆဲြဖစ္ေပမယ့္ ညီကေတာ့ နွစ္ြခိုက္စြာ
အိပ္ေပ်ာ္ေနျပီပဲြဖစ္သည္။ ဒါေြကာင့္ လွစ္ခနဲျပုံးရင္း ညီ့လက္ထဲက ဖုန္းကိုဆြဲယူျပီး ပိတ္လိုက္ကာ သူလည္း ညီ့ေဘးမွာ အသာ
ဝင္လွဲလိုက္သည္။
တစ္ေယာက္ထဲ ၁၅နွစ္ေလာက္ အထီးက်န္ျပီးေနာက္မွာေတာ့
သူ့ဘဝထဲကို ညီဝင္လာသည္။ ေရွးဘဝက ကုသိုလ္ေကာင္းမွုေတြ
ေြကာင့္လားေတာ့မသိ ဒီဘဝမွာ သူနဲ့ညီက ညီအစ္ကိုေတြ
ြဖစ္လာြကသည့္ပုံပင္။
ညီတစ္ေယာက္ကို အစတည္းကလိုခ်င္ေနေပမယ့္ြဖစ္ခ်င္ေတာ့
သူက တစ္ဦးတည္းေသာသားြဖစ္ေနတဲ့အျပင္ ဒယ္ဒီကလည္း
ေနာက္မိန္းမ ထပ္ယူြခင္းမရွိေခ်။ ေဖေဖေလးနဲ့ ေတြ့မွသာ
လက္ထပ္ဖို့ အတည္ေပါက္စဉ္းစားခဲ့တာပင္။ ရလဒ္အေနနဲ့
သူသိပ္လိုခ်င္တဲ့ ညီတစ္ေယာက္ ရလိုက္တာပဲြဖစ္သည္။
အသည္းတယားယားနဲ့ ညီ့ရဲ့ပါးကို အသာေလးငုံ့နမ္းလိုက္သည္။
ျပီးေနာက္ ေစာင္ကိုဆြဲယူျပီး ညီ့ကိုြခုံေပးလိုက္ေတာ့သည္။
.....................
"ေသာ္ဒီထူးဟန္!!
အတန္းထဲ ဝင္လာတဲ့ ဖက္တီးမ်က္နွာကို သူေစ့စပ္စြာြကည့္ရင္း
နားမလည္ပါ။
"ဖက္တီး!! မင္းဘာြဖစ္!!!
ဘန္း!!
စာြကည့္ခုံကို လက္နဲ့ ဘန္းခနဲရိုက္ခ်ျပီး ဖက္တီးက အသက္ကို
အလုအယက္ရွူသည္။
"မင္းကိုကိုက ဆယ္တန္းမွာရွိတဲ့ ကိုြကီးဩဂတ္ဂုဏ္ပိုင္ကို
ေျပာတာလား.."
"ဟုတ္တယ္ေလ!!
သူက ေအးေအးေဆးေဆး ေြဖေပမယ့္ မေအးေဆးနိုင္တဲ့
ဖက္တီးက ေြခေထာက္ေတြ ညြတ္က်ခ်င္လာသည္..။
ကိုြကီးဩဂတ္က ဆယ္တန္းမွာပဲမဟုတ္ တစ္ေက်ာင္းလုံးမွာ
နာမည္ြကီးတဲ့သူပင္။ စာလည္းေတာ္သလို ရုပ္လည္းေခ်ာသည္။
ေနာက္ျပီး အက်င့္စရိုက္ကလည္း ေျပာစရာတစ္ကြက္မွမရွိ။
ကိုြကီးဩဂတ္ကိုမွ အေသရရအရွင္ရရ လိုခ်င္တဲ့ မိန္းမပ်ိုေတြကလည္း တန္းစီေနြကသည္။
ဖက္တီးကေတာ့ ဩဂတ္ကို ေလးစားအားက်တဲ့ထဲမွာပါျပီး
ဩဂတ္ကို သူ့ရဲ့Idolတစ္ေယာက္အြဖစ္ သတ္မွတ္ထားတာပင္။
"မင္းဘာလို့ ငါ့ကိုအစကတည္းက မေျပာရတာလဲ"
"မင္းက ေမးမွမေမးတာ"
ဒါလည္း ဟုတ္ေတာ့ ဟုတ္ေပမယ့္ ေဘးနားမွာရွိတဲ့ ေကာင္က
ကိုြကီးဩဂတ္ရဲ့ညီ ဆိုတာကိုသိရေတာ့ ပိုလို့ရွိန္ရပါသည္။
"ကိုြကီးဩဂတ္က တစ္ဦးတည္းေသာ သားပါ ဘာြဖစ္လို့
ညီတစ္ေယာက္ရွိသြားရတာလဲ"
"ကိုကို့ဒယ္ဒီနဲ့ ငါ့ေဖေဖက လက္ထပ္လိုက္လို့ေလ!!!
"ဘာ!!!
"ဘာထူးဆန္းလို့လဲ "
"မထူးဆန္းပါဘူး အံ့ဩလို့ပါ ကိုြကီးဩဂတ္ ဒယ္ဒီကို
ငါျမင္ဖူးတယ္ အရယ္အျပုံးလုံးဝမရွိဘူး မ်က္နွာေသြကီးနဲ့ကြာ"
"အင္း အခု ငါ့ေဖေဖနဲ့ ညားသြားျပီေလ!!
ေကာင္းကင္ဟိန္းက ဘာမွဆက္ေျပာရန္ မရွိေတာ့သလို
ငိုင္က်သြားသည္။ ကိုြကီးဩဂတ္ကလည္း စာေတာ္တယ္
ေသာ္ဒီထူးဟန္ကလည္း စာေတာ္တဲ့ေကာင္..။ တကယ္ပါပဲ
အသြင္တူရင္ အိမ္သူြဖစ္မယ္ဆိုတာ အဲ့ဒါလားမသိ..။
ဖက္တီး ေတြးေနရင္းမွ ြကက္သီးေတြတြဖန္းြဖန္း ထသြား၏။
"ဪ!! ဒါနဲ့ ကိုကိုက လူြကိုက္မ်ားျပီး မ်က္နွာပြင့္တယ္ေနာ္"
ထိုအခါ ဖက္တီးက မ်က္နွာကိုေမာ္ခ်ီလ်က္
"မင္း မမသြယ္ကို သိတယ္မလား အရမ္းလွတယ္ေလ
ပုလဲသြယ္လို့ ေျပာလိုက္တာနဲ့ မသိတဲ့သူ မရွိဘူးကြာ"
"သိတယ္ ကိုကို့သူငယ္ခ်င္း မဟုတ္ဘူးလား"
"သူငယ္ခ်င္းတင္ ဘယ္ဟုတ္ပါ့မလဲ သူတို့နွစ္ေယာက္က
ဘာလိုလိုညာလိုလိုေလ လူအမ်ားြကီးက သူတို့ကိုသေဘာတူျပီး
ဝိုင္း Shipေနြကတာ အဲ့ထဲမွာ ငါလည္းပါတယ္"
ေသာ္ဒီ အံြကိတ္လိုက္သည္။ ဒီလိုဆိုေတာ့ ကိုကို သူ့ကို
လိမ္ေနသည္ပဲ။ ဘာေြကာင့္ လိမ္ခဲ့တာလည္းေတာ့ သူမသိ။
မမသြယ္က လွေပမယ့္ ကိုကိုနဲ့ယွဉ္ရပ္နိုင္ဖို့ အရည္အခ်င္း
မရွိေသးဘူးဟု ေသာ္ဒီထင္မိသည္။
ေနာက္ျပီး ကိုကိုရည္းစားရေနတာ အမွန္ဆို ဂရုစိုက္မွုေတြကို
တစ္ြခားသူနဲ့ ေဝမ်ွေနရမွာေပါ့..။ ေတြးေလ သေဘာက်ခ်င္စရာ
မေကာင္းေလ။ အဆိုးဆုံးကေတာ့ ကိုကိုသူ့ကို လိမ္ခဲ့တာပဲ..။
"ဘာလဲ ဒီအေြကာင္းေတြကို မင္းမသိဘူးလို့ မေျပာနဲ့ေနာ္"
"ငါသိပါတယ္ ကိုကိုငါ့ကိုေျပာထားသားပဲ"
ေပါ့ပ်က္ပ်က္ပဲ ေြဖလိုက္ျပီး ဖက္တီးေကာင္အား ေသာ္ဒီ
ညာပစ္လိုက္သည္..။
[text_hash] => 1a58ada0
)
What do you think?