Chapter 5: ၅

Array
(
[text] =>

ချစ်သူတစ်ယောက် ကောက်ရထားသည် {အခန်း ၅}

"ကိုကြီးဩဂတ် အတွက်!!

ရှေ့ကိုရောက်လာသော အနီရောင်နှင်းဆီတစ်ပွင့်ကြောင့် သူ

ကြောင်အမ်းသွားသည်။ ထိုကလေးမလေးက သူ့အတန်းထဲက

မဟုတ်မှန်းတော့ သုလည်းသိသည်။ ပုံစံကိုကြည့်ပုံအရ ၉တန်း

ကျောင်းသူလေး ဖြစ်မည်ထင်၏။

ဩဂတ်မှာ လိုက်လံပိုးပန်း‌သူတွေလည်းရှိသလို သွယ်နဲ့Shipတဲ့

လူတွေလည်း အများကြီးရှိသည်။ သူတို့နှစ်ယောက်လုံးက

အတိအလင်း ဝန်ခံထားခြင်းမရှိတာမို့ သူ့ကိုလိုက်လံပိုးပန်းချင်တဲ့

မိန်းမငယ်လေးတွေက အခွင့်ရေးရှိသေးတယ်ဟု ထင်နေပုံရသည်။

မျက်နှာရဲရဲဖြင့် ဆံကျစ်လေးနှစ်‌ခုကို ရှေ့ချကာ သူ့အား

မဝံ့မရဲ ကြည့်နေ၏။ အကြည့်ချင်းဆုံတိုင်း ရှက်ရှက်နဲ့မျက်နှာ

လွှဲသွားတတ်တဲ့ ချစ်စရာအမူယာလေးဖြင့် ထိုမိန်းကလေးက

ကြည့်ပျော်ရှုပျော်တဲ့ရုပ်ရည်မျိုးနဲ့ သိပ်လှတဲ့မျက်ဝန်းတစ်စုံလည်း

ရှိသည်။ မျက်လုံးဝိုင်းလေးတွေမှာ ကာရံထားတဲ့ မျက်မှန်လေးကြောင့် စာဂျပိုးလေးဖြစ်ရမယ်လို့ သူကောက်ချက်ချလိုက်သည်။

"ကျေးဇူးပဲနော်!!

ယောက်ျားတစ်ယောက်ကို ပန်းလာပေးတာက အနည်းငယ်

ထူးဆန်းနေပြီး နောက်ကွယ်က မြှောက်ပေးလိုက်သည့်သူကိုသာ

သိချင်မိတော့၏။ မိန်းကလေးရှေ့မှာပဲနှင်းဆီပန်းကို တစ်ရှိုက်

ရှူလိုက်တော့ မျက်နှာရဲရဲနဲ့ ပြေးထွက်သွားခဲ့သည်။

"ဘရိုတို့များ ဆန်းပွင့်ချက်!!

သူ့ပုခုံးကို လာဖက်ရင်း မင်းသွင်းက ပြောလာ၏။ သူကလည်း

မျက်စောင်းဖွဖွသာ အသာထိုးမိသည်။

"သူများကိုစိတ်ဝင်စားမနေနဲ့ မင်းသာ စာကြိုးစား"

"အေးပါ ငါသိပါတယ် သူမင်းကို ပန်းပေးသွားတာလား"

"အင်း"

"ဘာလုပ်ဖို့လဲ ပန်မလို့လား ဟားဟား!!!

"ခွေးကောင် မင်းသွင် ငါက ယောက်ျားကွ ဘယ်လိုလုပ်

ပန်းပန်လို့ရမှာလဲ"

မင်းသွင်ကို ခြေထောက်နဲ့လှမ်းကန်ရင်း ဩဂတ်‌ရယ်သွမ်းသွေးကာ ပြောလိုက်သည်။ မင်းသွင်ဆိုတာ သူ့အကြောင်းကို

ကကြီးကနေ 'အ' အထိ အစအဆုံး သိသူပင်။ သူဆန်းပွင့်တာရော မကြာခဏ လက်ဆောင်ရတတ်တာရော။ ချစ်သူများနေ့တွေဆို ပိုဆိုးတယ် ဘယ်သူတွေမှန်းမသိရပေမယ့် လက်ဆောင်တွေက

အိမ်ရှေ့ကိုရောက်ရောက်လာတတ်လို့ အမှိုက်ပုံးပြည့်ခဲ့ရတာ တစ်ကြိမ်မကတော့။

အဲ့လိုနေ့ဆို သွယ်က သူ့ဆီရောက်လာကာ အနည်းငယ်

ရစ်ချင်သည်။ သူ့ဟာသူ ပြောချင်ရာပြောပြီး ထစ်ခနဲရှိ

စိတ်ကောက်ရင်း သူ့ဘာသာပဲ စိတ်ဆိုးပြန်ပြေလေ့ရှိတာကလည်း

အကျင့်ကြီးတစ်ခုလိုဖြစ်နေတော့သည်။

သူကလည်း ထုံသည်။ သွယ်စိတ်ကောက်တိုင်း လိုက်မချော့ဖြစ်။

သူ့ဘာသာ စိတ်ကောက်ပြေပြီဆိုမှ နှစ်ဦးသား အခြေနေက

အရင်လိုပုံမှန် ပြန်ဖြစ်သွားရမြဲ။

"ဟိုဟာက မင်းညီ မဟုတ်လား"

ဩဂတ်ကြည့်လိုက်တော့ ညီက တစ်ခြားရွယ်တူကျောင်းသားနဲ့

မုန့်ဝယ်ပြီး ပြန်လာတာကို တွေ့လိုက်ရသည်။ ညီ့ကိုမြင်တော့မှ

ဩဂတ်ရဲ့ အပြုံးရေးရေးတို့က မျက်နှာထက်မှာ ထင်းခနဲပေါ်လာ၏။

မင်းသွင် သကောင့်သားကိုကြည့်ရင်းနဲ့ ဒီကောင် သူ့ညီကိုတော့

အတော်လေး ချစ်ပါလား လို့ တွေးလိုက်မိသည်။

"သူ့ဘေးက ဘယ်သူလဲ"

မင်းသွင် မြင်နေရတဲ့ ဖက်တီးကိုကြည့်လျက် အသံထွက်လာ၏။

"မသိဘူးလေ သူ့ရဲ့ သူငယ်ချင်းပဲ ဖြစ်မှာပေါ့"

"အင်း မင်းကတော့လေ မင်းညီကို တော်တော်ချစ်တာပဲ

ညီရူးနေတဲ့ မင်းဆန္ဒတွေ နောက်ဆုံးတော့ပြည့်သွားပြီပေါ့"

ဩဂတ် တိုးဖွဖွရယ်၏။ မင်းသွင်ပြောတာ မှန်နေတာမို့

နည်းနည်းတောင် မငြင်းချင်။

"သွယ်နဲ့ မင်းရဲ့ညီကို မိတ်ဆက်ပေးလိုက်လေ သွယ်က

မင်းရဲ့ ချစ်သူပဲဟာ.."

"ငါလုပ်မှာပါ အခုတော့ မဟုတ်ဘူး"

"အေးပါ ဘွဲ့ယူပြီးရင် မင်းတို့တစ်ခါတည်း လက်ထပ်မှာလား"

ဩဂတ် မျက်ခုံးတွေပင့်ရင်း တွေခနဲဖြစ်သွား၏..။ သူ သွယ့်ကို

ရင်ခုန်ခဲ့တာ မှန်သလို သွယ်ကလည်း သူ့ရဲ့ချစ်သူဆိုတာ

အမှန်ဖြစ်သည်။ ဒါပေမယ့် နောက်ဆုံးအချိန်ထိ ရှိသွားမယ်လို့

သူအာမ မခံနိုင်ပါ။ သွယ့်မှာလည်း ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်။

သွယ်က စံထားရတဲ့ မိန်းမကောင်းလေးပါ သွယ့်ကိုပိုင်ရတဲ့လူက

ကံကောင်းမှာပဲ။ ဒါပေမယ့် ကံကောင်းမယ့်လူက သူဖြစ်ချင်မှ

ဖြစ်မှာပေါ့။

"ဒယ်ဒီက ငါ့အိမ်ထောင်ရေးကို မဆုံးဖြတ်ဘူး ငါ့သဘောပဲတဲ့လေ

ဒါပေမယ့် အခု ငါတို့ဘဝထဲကို ညီတို့သားအဖရောက်လာပြီ

ငါယူမယ့် မိန်းကလေးနဲ့ ငါ့ညီနဲ့ တည့်ပါ့မလားဆိုပြီးလည်း

ခဏခဏ စိုးရိမ်နေတာ သိလား"

"ဟမ်!! မင်းညီနဲ့ အဆင်ပြေမယ့် မိန်းမကို ယူမယ်ပြောတာလား"

"ဟုတ်တယ်လေ ငါ့ညီက ၊ ကလေးပဲရှိသေးတာ တစ်ချို့အရာတွေ သိပ်မသိသေးဘူး ဒီတော့ ငါကပဲ နားလည်ပေးရတာများတယ် နောက်လည်း ဒီလိုပဲဖြစ်နေဦးမှာ"

"သွယ်က လိုက်လျောညီထွေ နေတတ်ပါတယ် မင်းညီနဲ့

တည့်မှာပါ"

"အင်း!! မျှော်လင့်ရတာပဲ"

မင်းသွင်တွေခနဲ တစ်ချက်ဖြစ်သွားပြီးမှ ဩဂတ်ကိုလွှတ်ခနဲ

ထုတ်မေးလိုက်၏။

"သွယ်က မင်းညီနဲ့ အဆင်မပြေရင် မယူဘူးလား"

"ငါ သွယ့်ကို စိတ်လှုပ်ရှားပါတယ် သွယ်နဲ့ငါက ငယ်စဉ်တည်းက

ကစားဖော် ကစားဖက်တွေလေ ပြီးတော့မှ ချစ်သူဖြစ်လာကြတာ

သွယ့်ကိုလည်းချစ်သလို ငါ့ညီကိုလည်း ချစ်တာပဲ တစ်မျိုးဆီပေါ့ကွာ "

"............"

ညီက သူ့ရဲ့ညီလေးတစ်ယောက်လို ရင်မှာ အမြစ်တွယ်နေပြီပဲ

ဆိုတာ ဩဂတ် ကိုယ့်ကိုယ်ကိုယ် သေချာသိသည်။ ဖြစ်နိုင်ရင်

နှစ်ယောက်လုံးကို ယှဉ်ပြီးရွေးလိုစိတ်မရှိ။ ညီပျော်တာလည်း

မြင်ချင်သလို သွယ့်ကိုလည်းပျော်အောင်လုပ်ပေးချင်ပါသည်။

ဒါပေမယ့် တစ်ယောက်ကိုပဲ ကျိန်းသေ ရွေးရမယ်ဆိုပါက

တိကျရေရာတဲ့ အဖြေရှိမနေ။

"မောင်!!

ရုတ်တရက် လက်ကို ဖမ်းဆွဲလိုက်သည့် သွယ့်ကြောင့်

သွယ်အနားမှာ ရောက်နေမှန်း သိတော့တယ်။ သူနဲ့သွယ်

အကြည့်ချင်းဆုံတော့ သွယ့်ဘက်က မူပိုင်အပြုံးလေးဖြင့်

နှုတ်ဆက်လာတော့ ရင်ထဲအေးခနဲ။

"သွယ် ဘယ်တုန်းက ရောက်နေတာလဲ"

"မောင့်ကို အဝေးကနေ လှမ်းခေါ်နေတာ ကြားမှ မကြားတာ"

သွယ်က ရုတ်တရက် ဩဂတ်လက်ထဲက နှင်းဆီပန်းကို

မြင်လိုက်တာမို့ မျက်မှောင်ကြုတ်ရင်း

"ပန်းက ဘာလုပ်ဖို့လဲ မောင်!!

အမှန်တိုင်းပြောပြလိုက်ရင် အရစ်ခံရတော့မည့် ဩဂတ်ကြောင့်

မင်းသွင် ကြိတ်ခွီးနေတုန်း ဩဂတ်က အပြုံးမပျက် ပန်းကို

တစ်ရှိုက်နမ်းပစ်လိုက်သည်။

"သွယ့်အတွက် မောင့်ရဲ့လက်ဆောင်!!

ထိုအခါမှ စုကြုတ်ထားတဲ့ သွယ့်မျက်ခုံးတွေက ပြေလျော့သွားခဲ့ပြီး သူ့လက်ထဲက ပန်းကို အသာယာလှမ်းယူကာ မျက်နှာမှာလည်း ကျေနပ်နေတဲ့ အပြုံးကြီးကို တွေ့ရသည်။ မင်းသွင်မှာ

သကောင့်သား အရစ်ခံရတော့မယ့် အရေးကိုကြိုတွေးပေမယ့်

သကောင့်သားက အရှောင်ကောင်းခဲ့တာမို့ အထောင်းသက်သာ

သွားရသည်။

ပန်းပေးတော့ ပန်းယူတယ် ဒီလောက်နဲ့ပဲ ပြီးသွားတယ်ပေါ့လေ။

"ပန်းပေးတာက အရှူံးပေးတာနဲ့ အတူတူပဲတဲ့ မောင်က

သွယ့်ကို တစ်သက်လုံးအရှူံးပေးသွားမှာ"

သွယ့်မျက်နှာ ရဲပတောင်းခတ်သွားရသည်။သွယ်နဲ့ မောင်

ချစ်သူဖြစ်တဲ့တစ်လျှောက်လုံး ဒါက ပထမဆုံးအကြိမ်မောင့်ဆီက

ပန်းပေးခံရဖူးတာပင်။ သွယ်က သိပ်လှတဲ့ မိန်းကလေးမို့

ပန်းပေးတာ ခဏခဏ ခံရဖူးပေမယ့် မောင့်ဆီကမဟုတ်တဲ့အခါ

သွယ်လိုလည်းမလိုချင်သလို ပျော်လည်းမပျော်ပါ။

"ဘာဖြစ်လို့ ဆံပင်ဖားလျား ချထားရတာလဲ သူများတွေ

မောင့်ချစ်သူကို ကြည့်ကုန်ကြပြီ အဲ့လိုဖားလျားချထားတာကို

မောင် မကြိုက်ဘူးလို့ ပြောထားတယ်မလား"

ဘဝင်မကျ ဖြစ်သွားတဲ့ ဩဂတ်ရဲ့မျက်နှာတင်းတင်းကို သွယ်

မဝံ့မရဲဖြစ်စွာဖြင့် ကြည့်လိုက်သည်..။ ချစ်သူဖြစ်ပြီးနောက်ပိုင်း

သွယ့်ရဲ့ တစ်ချို့သော လုပ်ပိုင်ခွင့်အား မောင်ကဆုံးဖြတ်သည်။

ဘယ်သူနဲ့မပေါင်းရဘူး ဘာညာတော့မရှိပေမယ့် အခုလို

ဆံပင်ဖားလျားချထားတာမျိုးဆို မောင်ကမကြိုက်။

"ဆောရီး မောင်!! မနက်က ဆံပင်လျှော်ထားလို့ပါ"

"အင်း လာမယ့် ကျောင်းပိတ်ရက်ကျ မောင်နဲ့တွေ့ကြမလား

သွယ်က မောင့်ချစ်သူဆိုပြီး ညီနဲ့မိတ်ဆက်ပေးမလို့"

စကားအဆုံးမှာတော့ သွယ်ရဲ့ မျက်နှာကတောက်ပသွားသည်။

အစကတော့ ဩဂတ်က ညီဖြစ်သူနဲ့ ခင်မင်မှုတည်ဆောက်

ချင်သေးတယ် ပြောတာကြောင့် သူမ လက်ခံခဲ့ပါသည်..။

အခု မိတ်ဆက်ပေးမယ်ဆိုပြန်တော့လည်း ပျော်ရပါ၏။

"တကယ်လား မောင်"

"တကယ်ပြောတာ သွယ်နဲ့ မောင့်ရဲ့ဆက်ဆံရေးကို ညီ့ဆီ

ပြောလိုက်မယ် "

"ဟုတ်"

ထိုအခိုက် ခပ်လှမ်းလှမ်းကနေ ညီညီက သူငယ်ချင်းဖြစ်သူနဲ့

သူတို့နားကို လျှောက်လာနေသည်အား တွေ့လိုက်ရသည်။

သွယ်လက်ဆီကနေ ရုန်းထွက်ရင်း ညီညီ့မျက်နှာကို သေချာ

ကြည့်လိုက်တော့ ညီကလည်း သူ့အား ပြန်ပြုံးပြရှာသည်။

"ကိုကို!!

"ညီ ဘယ်လိုလုပ်ပြီး ရောက်လာခဲ့တာလဲ"

"ကိုကို့ဆီကိုပဲ တမင်သက်သက် လာလိုက်တာ"

"ကိုကြီးဩဂတ်က သော်ဒီရဲ့ ကိုကိုဆိုတာ ကျွန်တော်

အစက မသိခဲ့ဘူး"

‌ဖက်တီးက ဤသို့ဖြင့် တစ်လုံးတခဲကြီး ပြောလာတော့ ဩဂတ်

ရယ်သွမ်းသွေးလိုက်သည်။

"မင်းက ကိုယ့်ညီရဲ့ အသစ်စက်စက် သူငယ်ချင်းဖြစ်ရမယ်"

"ဟုတ်ကဲ့ ကိုကြီးဩဂတ်"

"ညီ့ကို စောင့်ရှောက်လိုက်ဦးနော် ကိုယ့်ညီကို သိပ်ပြီးလည်း

အနိုင်မကျင့်နဲ့"

ဖက်တီးမျက်နှာက မဲ့သွားခဲ့သည်။ တကယ် အနိုင်ကျင့်သူက

သော်ဒီထူးဟန်ဆိုတာကိုတော့ သူဘယ်နည်းနဲ့မှ ဖော်ထုတ်မည်မဟုတ်။ သော်ဒီနဲ့ သူနဲ့ သဘောတူညီချက် လုပ်ပြီးနောက်မှာ

သော်ဒီလုပ်ခိုင်းသမျှ အကုန်လုပ်ပေးရသည်။ ညည်းတောင်

မညည်းညူရဲ။ တန်ပြန်အနေနဲ့ သော်ဒီကလည်း သူနားမလည်တဲ့

စာတွေကို ရှင်းပြလာသည်။ သော်ဒီနဲ့ တွေ့ပြီးနောက်မှာ

သူလည်း တော်တော်လည်း အဆင်ပြေတယ်ဆိုရမယ်။

သော်ဒီထူးဟန်က ကိုကို့ဆီကနေ မင်းသွင်ဆီ အကြည့်ရွေ့သည်။

မင်းသွင်က ဘယ်သူ့ကိုမှ ဂရုမစိုက်စွာ သူ့ရဲ့ငုံးဥတွေကို

ထုတ်စားနေခြင်းမို့ သော်ဒီမျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်

လုပ်ကာ ကြည့်နေမိသည်။ ဒါကို မင်းသွင်က အလိုက်မသိပဲ

သူ့ဘာသာ အစားပဲငုံ့စားနေတာမို့ သတိထားမိတဲ့ ဩဂတ်ကပဲ

မင်းသွင်ဆီကနေ ငုံးဥနှစ်လုံးလောက် ဇွက်ခနဲနှိုက်ယူပစ်လိုက်သည်။

"ဟာ.. ငါ့ဥတွေ ဘာလို့ယူတာလဲ"

"နှစ်ဥထဲပါ"

"ဘာပဲဖြစ်ဖြစ်!!

"ကလေးက စားချင်နေတဲ့ဟာ.."

ဆိုတော့ မင်းသွင်က ဘာမှထပ်မပြောတော့။ သူလည်း

သော်ဒီကို ငုံးဥအခွံခွာပြီး ပါးစပ်နား တေ့ပေးလိုက်သည်.။

သော်ဒီက အစကတည်းက ငုံးဥစားချင်နေတာမို့ ကိုကို့လက်ထဲက

ငုံးဥကို လှမ်းစားလိုက်တယ်။

"ကိုကို အတန်းထဲမဝင်သေးပဲ ဒီမှာဘာလုပ်နေတာလဲ"

"အခုပဲ သွားနေတာ ညီညီကရော အခုထိ ဘာလို့မဝင်သေးတာလဲ"

"ညီက ဝင်တော့မလို့ဟာ ကိုကို့ကို တွေ့တာနဲ့ ပြေးလာတာ"

"ဒါဆို တွေ့ရုံပဲပေါ့ ဟုတ်လား"

"ဟီး!! အခုပဲ သွားတော့မှာပါဗျ.. မသွားခင် ကိုကို့ကို

အာဘွားပေးဦးမယ်"

သော်ဒီရဲ့အမူယာနဲ့ စကားကြောင့် ဖက်တီးကအန်ချင်သလို

လုပ်ပြကာမျက်နှာကြီး မဲ့သွားသည်။ ထို့နောက် ခြေဖျားထောက်ပြီး ဩဂတ်ရဲ့ ပါးနှစ်ဖက်နဲ့ နှဖူး၊ နှာတံနဲ့တကွ မေးစေ့ကိုပါ

မချန် နမ်းလိုက်သည့် သော်ဒီကြောင့် သွယ်နဲ့ မင်းသွင်အပါဝင်

ဖက်တီးပါ ဆွံ့အသွားသည်။ ဩဂတ်ကတော့ အိမ်မှာလည်း ညီက

သူ့ကို နမ်းနေကျမို့ အထူးအဆန်းမဟုတ်တော့။

"ပါးပဲနမ်းမယ်ထင်တာ.."

"ကိုကိုကလည်း ညီ မနမ်းရင် သူများဦးသွားမှာပေါ့"

"ဟုတ်ပါပြီ အခုအတန်းပြန်တော့"

သော်ဒီက ထွက်မသွားခင်မှာ သွယ့်အား တစ်ချက်ကြည့်ပြီး

"မမသွယ် မောင်လေး သွားပြီနော် ကိုကြီးမင်းသွင်ရောပဲ

ညီလေး သွားပါပြီဗျ"

ဖက်တီးလက်ကို ဆွဲကာ လှည့်မကြည့်စတမ်း ထွက်သွားပြီဖြစ်တဲ့

သော်ဒီထူးဟန်ကို ဘာမှပြန်မပြောနိုင်ပဲ သွယ်က ဆွံ့အလျက်

ကြည့်နေမိသည်။ မင်းသွင်ကလည်း မျက်ခုံးပင့်လျက်အနေထားနဲ့

သော်ဒီနောက်ကျောပြင်အား တဆုံးကြည့်နေမိတော့သည်။

.........................

"ညီညီ မပြီးသေးဘူးလား.."

"ပြီးပြီ ကိုကို"

ကျောင်းပိတ်ရက်မို့ ညီအစ်ကိုနှစ်ယောက် မုန့်သွားစားကြမယ့်

အရေးကို ဒယ်ဒီနဲ့ဖေဖေက အထူးမပိတ်ပင်ကြ။ အိမ်မှာလည်း

ဒယ်ဒီတို့ မရှိတာမို့ အိမ်ပြင်ရောက်တာနဲ့ အိမ်တံခါးကိုသေချာ

ပိတ်ပြီး ခြံတံခါးကိုလည်း သေချာလေး ပိတ်လိုက်သည်..။

"ကိုကို ဘာနဲ့သွားမှာလဲ"

"ဆိုင်က သိပ်မဝေးပါဘူး ညီရဲ့ လမ်းထိပ်က အာပူလျှာပူဆိုင်တင်လေ"

"ကိုကိုနဲ့ ညီညီ နှစ်ယောက်ထဲလားဟင်"

ကိုကို့အမူယာကို အကဲခတ်လျက် သူမေးရပါသည်..။

‌အရင်နေ့တွေတုန်းက စာလုပ်လိုက် အားရင် ဘောလုံး

သွားကန်လိုက်လုပ်နေတတ်တဲ့ ကိုကိုက ဒီပိတ်ရက်မှာတော့

ကိုယ့်ကို မုန့်သွားစားဖို့ အဖော်ညှိသည်။ သူကလည်း ကိုကိုနဲ့

ဆိုတော့ နှစ်ခါတောင်မခေါ်ရ။

"မဟုတ်ဘူး မင်းသွင်ရော ပါတယ်"

"ကိုကြီးမင်းသွင် တစ်ယောက်ထဲလား "

"ဘာဖြစ်လို့လဲ ညီ"

"ဪ.. မမသွယ်ရော မပါဘူးလားလို့"

ဩဂတ် ညီ့အား ဘယ်လိုပြန်ဖြေရမလည်း မသိ။ သွယ်နဲ့

တွေ့မှ မျက်နှာချင်းဆိုင်ပြီး ပြောရမယ့် စကားဖြစ်တာကြောင့်

သွယ်နဲ့ကိုကိုက ချစ်သူတွေပါလို့လည်း ပြောလို့မကောင်းသေး။

သူပြန်မဖြေတော့ သော်ဒီကလည်း တိတ်ဆိတ်ငြိမ်သက်ကာ

သူနဲ့အတူ ပါလာခဲ့သည်။

လမ်းထိပ်က အာပူလျှာပူဆိုင် ရောက်တော့ ပုလဲသွယ်နဲ့

မင်းသွင်က ရောက်နှင့်နေကြပြီ။ သူတို့ကို စောင့်နေကြသည်မို့

နှစ်ယောက်လုံး ဘာမှ မမှာထားခဲ့ကြပေ။

"မင်းတို့ကလည်းကွာ ကြာလိုက်တာ"

မင်းသွင်ရဲ့ ဗျစ်တောက်တောက် အသံက ဦးဆုံးထွက်လာ၏။

သွယ်ကလည်း ထိုအခါမှ သူတို့အတွက် အာပူလျှာပူတွေ

ကောက်မှာတော့သည်။

"ငါ့ညီ ရေချိုးနေတာကို စောင့်နေလို့ ကြာသွားတာ

အဲ့လောက်ထိ ငတ်နေလည်း မှာစားလိုက်ပါ့လား .."

မြှာဦးက ညီ့ဘက်လှည့်မှာစိုး၍ ဩဂတ် သကောင့်သားကို

နောက်ရွှတ်ရွှတ်နဲ့ လှမ်းးစလိုက်တယ်။

"မောင်!! ဘူးသီးကြော် စားမှာမလား"

သွယ့်ရဲ့'မောင်'ဆိုတဲ့ အခေါ်ကြောင့် သူ ညီ့မျက်နှာလေးကို

တစ်ချက် အကဲခတ်ရတယ်။ ညီက မျက်နှာကြီးတည်နေရာမှ

သူကြည့်နေတာနဲ့ဆုံတော့ ပြုံးပြလာတော့မှ စိတ်အေးရသည်။

ညီက သူ့ကို တစ်ခြားတစ်ယောက်နဲ့ ခွဲမဝေချင်မှန်း ဩဂတ်

သိပါ၏။

"သော်ဒီ အဝ စားနော် အရင်ကဆို ဒီဆိုင်ကို မမနဲ့

မင်းကိုကိုက ခဏခဏ လာစားနေကျ ဟင်းဟင်း..

အတွဲတွေ လာနေကျဆိုင်ဆိုလည်း မမှားပါဘူး.."

"ဪ ဟုတ်လား"

သော်ဒီက အာပူလျှာပူတစ်ဇွန်းကို ခပ်သောက်လိုက်တာမို့

ဘယ်လိုပုံနဲ့ ပြောရမှန်း မသိတဲ့ ဩဂတ်မှာ အခက်တွေ့ရသည်။

ညီ့စိတ်ကို သူမမှန်းရဲ။ ဘယ်ချိန် ထပေါက်ကွဲမလည်းဆိုတာ

သူလည်း မသိနိုင်တာမို့။

"သော်ဒီထူးဟန်!!!

နောက်ဆုံး ကြည့်မနေနိုင်တဲ့ မင်းသွင်က စကားစလာသည်။

သူ့ညီကို သူ့ချစ်သူနဲ့ မိတ်ဆက်ပေးမယ့်အကြောင်းပြောမှာကို

တွန့်ဆုတ်တွန့်ဆုတ်နဲ့ အရူးကောင်ကတော့..။

မာဆတ်ဆတ်လေသံနဲ့ ခေါ်လိုက်သည့်အခါ 'ဟင်'ခနဲ

အသံပြုပြီး ပင့်ကြည့်လာတဲ့ အပြစ်ကင်းတဲ့ မျက်ဝန်းတွေကြောင့်

မင်းသွင်ရဲ့ ခက်ထန်နေတဲ့ မျက်နှာက ဆွံ့အသွားသည်။

"ဘာပြောမလို့လဲ ကိုကြီးမင်းသွင်"

"အဟမ်း!! ဟို... မင်းကိုကိုမှာ!!

"ကိုကိုနဲ့ သွယ်က ချစ်သူတွေ ဖြစ်နေတာ ကြာပြီ ညီ"

မင်းသွင်က သူပြောမယ့်စကားကိုလုပြောတဲ့ ဩဂတ်ကို

မျက်စောင်းခဲသလို သွယ်ကလည်း တအားကျေနပ်သွားသည်။

မထူးဆန်းသလို ဖြစ်နေတာကတော့ သောင်းကျန်းမယ်လို့

ထင်ထားတဲ့ သော်ဒီထူးဟန်ပါပဲ။

ဒီကောင်လေးက ဩဂတ်ထင်သလို သောင်းကျန်းမနေပဲ

တည်ငြိမ်လွန်းအားကြီးနေတာက ပြဿနာတစ်ခုပင်။

"ကိုယ့်ကို စိတ်ဆိုးလား ‌တောင်းပန်ပါတယ် ညီရာ ကိုကိုက"

"ဘာအတွက်လဲ ကိုကို.. ညီ့ကို လိမ်‌တဲ့အတွက်လား

ဒါမှမဟုတ် ကိုကို့ရဲ့ဂရုစိုက်မှုတွေကို သူများနဲ့ခွဲဝေပေးမိတဲ့

အတွက်လား"

"ညီ!!!

ညီ့ရဲ့မျက်နှာကြောင့် ဩဂတ်လည်း မပျော်တော့ပေ..။

"ညီ စိတ်မဆိုးဘူး ကိုကို!!!

"တကယ်လား"

"ဟုတ်!! ညီက အစကတည်းက ကိုကိုနဲ့ မမသွယ်

တွဲနေကြမှန်း ရိပ်မိပါတယ်"

"ဟင် ဟုတ်လား ဘယ်လိုသိတာလဲ"

"Shipခံရတယ်ဆို? မေ့နေတာလား ကျွန်တော်က ကိုကို့ညီလေ

သူများတွေက Shipရုံပဲ Shipနိုင်ကြတာ ကိုကိုနဲ့ကျွန်တော်က

အနီးစပ်ဆုံးလေ ကိုကို့ဆီမှာဘာတွေရှိလည်းဆိုတာ ကျွန်တော်

သိတာပေါ့"

ညီက ဝမ်းသာအားရ ပြုံးနေသော်လည်း ဩဂတ်က တစ်ခုခု

မူမမှန်ဘူးဟု ထင်မိသည်။ ညီ့ကိုလိမ်မိတဲ့အတွက် ညီကလည်း

သူ့အား တစ်ပတ်လောက်စိတ်ဆိုးမယ်လို့ ထင်ကာ ညီ့ကို

ချော့ဖို့အတွက် စကားလုံးတွေတောင်စီထားခဲ့ပြီးပြီ။

စားပြီးတာနဲ့ ညီက ပြန်ချင်သည်ဟု တစ်ချက်လွတ်ပြောလာတော့

မငြင်းဆန်နိုင်စွာပဲ သွယ့်ကိုမနည်းချော့ကာ မော့ကာဖြင့်

ထားပစ်ခဲ့ရသည်။သွယ်ကလည်း ရခဲလှတဲ့ ရှားရှားပါးပါးအချိန်

လေးမို့ မပြန်သေးဖို့ ပြောပေမယ့် ထွက်သွားပြီဖြစ်တဲ့ ညီ့ရဲ့

နောက်ကို ပြေးလိုက်ရသည်။

ဒီကလေးကတော့.. ခြံသော့နဲ့ အိမ်သော့မရှိပဲ အိမ်ထဲ

ဘယ်လိုဝင်မှာလဲ။

"ကိုကို ပြန်ပိတ်လိုက်မယ် ညီ အထဲကိုဝင်နှင့်!!

ဘာမှမပြောပဲ အိမ်ထဲကို ဝင်သွားသူကြောင့် ဩဂတ် အမြန်ပဲ

ပြေးလိုက်ရတယ် ။ လိမ်မိတဲ့အတွက် ညီ သူ့ကိုစိတ်ဆိုးနေသည်လား..

"ကိုကို့ကို စိတ်ဆိုးနေတာလား"

ညီ သူ့ကို ပြန်ကြည့်လာသည်..။ ပြီးမှ ဖြည်းဖြည်းချင်းပြုံးလျက်

ပေါ့ပါးစွာ ပြောလာ၏။

"ညီ စိတ်မဆိုးဘူးလို့ ကိုကို့ကို ပြောပြီးပြီလေ"

"တကယ်နော်!!

"အင်း တကယ်ပြောတာ ဒယ်ဒီတို့ကိုလည်း ပြန်မတိုင်ပါဘူး

ကိုကိုက ညီ့ကိုကိုပဲလေ"

ညီ့ရဲ့ပါးတစ်ဖက်အား ဆွဲဖဲ့ရင်း ဩဂတ် ပြုံးလိုက်တော့

ပါးချိုင့်တို့က ထင်ရှားစွာ ရှိနေခဲ့သည်။ သော်ဒီက ထိုအရာကို

သေချာစွာ စိုက်ကြည့်နေပြီး အပြုံးတို့က ပို၍ ပီပြင်လာခဲ့သည်။

Zawgyi

ခ်စ္သူတစ္ေယာက္ ေကာက္ရထားသည္ {အခန္း ၅}

"ကိုြကီးဩဂတ္ အတြက္!!

ေရွ့ကိုေရာက္လာေသာ အနီေရာင္နွင္းဆီတစ္ပြင့္ေြကာင့္ သူ

ေြကာင္အမ္းသြားသည္။ ထိုကေလးမေလးက သူ့အတန္းထဲက

မဟုတ္မွန္းေတာ့ သုလည္းသိသည္။ ပုံစံကိုြကည့္ပုံအရ ၉တန္း

ေက်ာင္းသူေလး ြဖစ္မည္ထင္၏။

ဩဂတ္မွာ လိုက္လံပိုးပန္း‌သူေတြလည္းရွိသလို သြယ္နဲ့Shipတဲ့

လူေတြလည္း အမ်ားြကီးရွိသည္။ သူတို့နွစ္ေယာက္လုံးက

အတိအလင္း ဝန္ခံထားြခင္းမရွိတာမို့ သူ့ကိုလိုက္လံပိုးပန္းခ်င္တဲ့

မိန္းမငယ္ေလးေတြက အခြင့္ေရးရွိေသးတယ္ဟု ထင္ေနပုံရသည္။

မ်က္နွာရဲရဲြဖင့္ ဆံက်စ္ေလးနွစ္‌ခုကို ေရွ့ခ်ကာ သူ့အား

မဝံ့မရဲ ြကည့္ေန၏။ အြကည့္ခ်င္းဆုံတိုင္း ရွက္ရွက္နဲ့မ်က္နွာ

လြွဲသြားတတ္တဲ့ ခ်စ္စရာအမူယာေလးြဖင့္ ထိုမိန္းကေလးက

ြကည့္ေပ်ာ္ရွုေပ်ာ္တဲ့ရုပ္ရည္မ်ိုးနဲ့ သိပ္လွတဲ့မ်က္ဝန္းတစ္စုံလည္း

ရွိသည္။ မ်က္လုံးဝိုင္းေလးေတြမွာ ကာရံထားတဲ့ မ်က္မွန္ေလးေြကာင့္ စာဂ်ပိုးေလးြဖစ္ရမယ္လို့ သူေကာက္ခ်က္ခ်လိုက္သည္။

"ေက်းဇူးပဲေနာ္!!

ေယာက္်ားတစ္ေယာက္ကို ပန္းလာေပးတာက အနည္းငယ္

ထူးဆန္းေနျပီး ေနာက္ကြယ္က ေျမွာက္ေပးလိုက္သည့္သူကိုသာ

သိခ်င္မိေတာ့၏။ မိန္းကေလးေရွ့မွာပဲနွင္းဆီပန္းကို တစ္ရွိုက္

ရွူလိုက္ေတာ့ မ်က္နွာရဲရဲနဲ့ ေျပးထြက္သြားခဲ့သည္။

"ဘရိုတို့မ်ား ဆန္းပြင့္ခ်က္!!

သူ့ပုခုံးကို လာဖက္ရင္း မင္းသြင္းက ေျပာလာ၏။ သူကလည္း

မ်က္ေစာင္းဖြဖြသာ အသာထိုးမိသည္။

"သူမ်ားကိုစိတ္ဝင္စားမေနနဲ့ မင္းသာ စာြကိုးစား"

"ေအးပါ ငါသိပါတယ္ သူမင္းကို ပန္းေပးသြားတာလား"

"အင္း"

"ဘာလုပ္ဖို့လဲ ပန္မလို့လား ဟားဟား!!!

"ေခြးေကာင္ မင္းသြင္ ငါက ေယာက္်ားကြ ဘယ္လိုလုပ္

ပန္းပန္လို့ရမွာလဲ"

မင္းသြင္ကို ေြခေထာက္နဲ့လွမ္းကန္ရင္း ဩဂတ္‌ရယ္သြမ္းေသြးကာ ေျပာလိုက္သည္။ မင္းသြင္ဆိုတာ သူ့အေြကာင္းကို

ကြကီးကေန 'အ' အထိ အစအဆုံး သိသူပင္။ သူဆန္းပြင့္တာေရာ မြကာခဏ လက္ေဆာင္ရတတ္တာေရာ။ ခ်စ္သူမ်ားေန့ေတြဆို ပိုဆိုးတယ္ ဘယ္သူေတြမွန္းမသိရေပမယ့္ လက္ေဆာင္ေတြက

အိမ္ေရွ့ကိုေရာက္ေရာက္လာတတ္လို့ အမွိုက္ပုံးျပည့္ခဲ့ရတာ တစ္ြကိမ္မကေတာ့။

အဲ့လိုေန့ဆို သြယ္က သူ့ဆီေရာက္လာကာ အနည္းငယ္

ရစ္ခ်င္သည္။ သူ့ဟာသူ ေျပာခ်င္ရာေျပာျပီး ထစ္ခနဲရွိ

စိတ္ေကာက္ရင္း သူ့ဘာသာပဲ စိတ္ဆိုးျပန္ေျပေလ့ရွိတာကလည္း

အက်င့္ြကီးတစ္ခုလိုြဖစ္ေနေတာ့သည္။

သူကလည္း ထုံသည္။ သြယ္စိတ္ေကာက္တိုင္း လိုက္မေခ်ာ့ြဖစ္။

သူ့ဘာသာ စိတ္ေကာက္ေျပျပီဆိုမွ နွစ္ဦးသား အေြခေနက

အရင္လိုပုံမွန္ ျပန္ြဖစ္သြားရျမဲ။

"ဟိုဟာက မင္းညီ မဟုတ္လား"

ဩဂတ္ြကည့္လိုက္ေတာ့ ညီက တစ္ြခားရြယ္တူေက်ာင္းသားနဲ့

မုန့္ဝယ္ျပီး ျပန္လာတာကို ေတြ့လိုက္ရသည္။ ညီ့ကိုျမင္ေတာ့မွ

ဩဂတ္ရဲ့ အျပုံးေရးေရးတို့က မ်က္နွာထက္မွာ ထင္းခနဲေပါ္လာ၏။

မင္းသြင္ သေကာင့္သားကိုြကည့္ရင္းနဲ့ ဒီေကာင္ သူ့ညီကိုေတာ့

အေတာ္ေလး ခ်စ္ပါလား လို့ ေတြးလိုက္မိသည္။

"သူ့ေဘးက ဘယ္သူလဲ"

မင္းသြင္ ျမင္ေနရတဲ့ ဖက္တီးကိုြကည့္လ်က္ အသံထြက္လာ၏။

"မသိဘူးေလ သူ့ရဲ့ သူငယ္ခ်င္းပဲ ြဖစ္မွာေပါ့"

"အင္း မင္းကေတာ့ေလ မင္းညီကို ေတာ္ေတာ္ခ်စ္တာပဲ

ညီရူးေနတဲ့ မင္းဆန္ဒေတြ ေနာက္ဆုံးေတာ့ျပည့္သြားျပီေပါ့"

ဩဂတ္ တိုးဖြဖြရယ္၏။ မင္းသြင္ေျပာတာ မွန္ေနတာမို့

နည္းနည္းေတာင္ မျငင္းခ်င္။

"သြယ္နဲ့ မင္းရဲ့ညီကို မိတ္ဆက္ေပးလိုက္ေလ သြယ္က

မင္းရဲ့ ခ်စ္သူပဲဟာ.."

"ငါလုပ္မွာပါ အခုေတာ့ မဟုတ္ဘူး"

"ေအးပါ ဘြဲ့ယူျပီးရင္ မင္းတို့တစ္ခါတည္း လက္ထပ္မွာလား"

ဩဂတ္ မ်က္ခုံးေတြပင့္ရင္း ေတြခနဲြဖစ္သြား၏..။ သူ သြယ့္ကို

ရင္ခုန္ခဲ့တာ မွန္သလို သြယ္ကလည္း သူ့ရဲ့ခ်စ္သူဆိုတာ

အမွန္ြဖစ္သည္။ ဒါေပမယ့္ ေနာက္ဆုံးအခ်ိန္ထိ ရွိသြားမယ္လို့

သူအာမ မခံနိုင္ပါ။ သြယ့္မွာလည္း ကိုယ္ပိုင္ဆုံးြဖတ္ခြင့္ရွိတယ္။

သြယ္က စံထားရတဲ့ မိန္းမေကာင္းေလးပါ သြယ့္ကိုပိုင္ရတဲ့လူက

ကံေကာင္းမွာပဲ။ ဒါေပမယ့္ ကံေကာင္းမယ့္လူက သူြဖစ္ခ်င္မွ

ြဖစ္မွာေပါ့။

"ဒယ္ဒီက ငါ့အိမ္ေထာင္ေရးကို မဆုံးြဖတ္ဘူး ငါ့သေဘာပဲတဲ့ေလ

ဒါေပမယ့္ အခု ငါတို့ဘဝထဲကို ညီတို့သားအဖေရာက္လာျပီ

ငါယူမယ့္ မိန္းကေလးနဲ့ ငါ့ညီနဲ့ တည့္ပါ့မလားဆိုျပီးလည္း

ခဏခဏ စိုးရိမ္ေနတာ သိလား"

"ဟမ္!! မင္းညီနဲ့ အဆင္ေျပမယ့္ မိန္းမကို ယူမယ္ေျပာတာလား"

"ဟုတ္တယ္ေလ ငါ့ညီက ၊ ကေလးပဲရွိေသးတာ တစ္ခ်ို့အရာေတြ သိပ္မသိေသးဘူး ဒီေတာ့ ငါကပဲ နားလည္ေပးရတာမ်ားတယ္ ေနာက္လည္း ဒီလိုပဲြဖစ္ေနဦးမွာ"

"သြယ္က လိုက္ေလ်ာညီေထြ ေနတတ္ပါတယ္ မင္းညီနဲ့

တည့္မွာပါ"

"အင္း!! ေမ်ွာ္လင့္ရတာပဲ"

မင္းသြင္ေတြခနဲ တစ္ခ်က္ြဖစ္သြားျပီးမွ ဩဂတ္ကိုလြွတ္ခနဲ

ထုတ္ေမးလိုက္၏။

"သြယ္က မင္းညီနဲ့ အဆင္မေျပရင္ မယူဘူးလား"

"ငါ သြယ့္ကို စိတ္လွုပ္ရွားပါတယ္ သြယ္နဲ့ငါက ငယ္စဉ္တည္းက

ကစားေဖာ္ ကစားဖက္ေတြေလ ျပီးေတာ့မွ ခ်စ္သူြဖစ္လာြကတာ

သြယ့္ကိုလည္းခ်စ္သလို ငါ့ညီကိုလည္း ခ်စ္တာပဲ တစ္မ်ိုးဆီေပါ့ကြာ "

"............"

ညီက သူ့ရဲ့ညီေလးတစ္ေယာက္လို ရင္မွာ အျမစ္တြယ္ေနျပီပဲ

ဆိုတာ ဩဂတ္ ကိုယ့္ကိုယ္ကိုယ္ ေသခ်ာသိသည္။ ြဖစ္နိုင္ရင္

နွစ္ေယာက္လုံးကို ယွဉ္ျပီးေရြးလိုစိတ္မရွိ။ ညီေပ်ာ္တာလည္း

ျမင္ခ်င္သလို သြယ့္ကိုလည္းေပ်ာ္ေအာင္လုပ္ေပးခ်င္ပါသည္။

ဒါေပမယ့္ တစ္ေယာက္ကိုပဲ က်ိန္းေသ ေရြးရမယ္ဆိုပါက

တိက်ေရရာတဲ့ အေြဖရွိမေန။

"ေမာင္!!

ရုတ္တရက္ လက္ကို ဖမ္းဆြဲလိုက္သည့္ သြယ့္ေြကာင့္

သြယ္အနားမွာ ေရာက္ေနမွန္း သိေတာ့တယ္။ သူနဲ့သြယ္

အြကည့္ခ်င္းဆုံေတာ့ သြယ့္ဘက္က မူပိုင္အျပုံးေလးြဖင့္

နွုတ္ဆက္လာေတာ့ ရင္ထဲေအးခနဲ။

"သြယ္ ဘယ္တုန္းက ေရာက္ေနတာလဲ"

"ေမာင့္ကို အေဝးကေန လွမ္းေခါ္ေနတာ ြကားမွ မြကားတာ"

သြယ္က ရုတ္တရက္ ဩဂတ္လက္ထဲက နွင္းဆီပန္းကို

ျမင္လိုက္တာမို့ မ်က္ေမွာင္ြကုတ္ရင္း

"ပန္းက ဘာလုပ္ဖို့လဲ ေမာင္!!

အမွန္တိုင္းေျပာျပလိုက္ရင္ အရစ္ခံရေတာ့မည့္ ဩဂတ္ေြကာင့္

မင္းသြင္ ြကိတ္ခြီးေနတုန္း ဩဂတ္က အျပုံးမပ်က္ ပန္းကို

တစ္ရွိုက္နမ္းပစ္လိုက္သည္။

"သြယ့္အတြက္ ေမာင့္ရဲ့လက္ေဆာင္!!

ထိုအခါမွ စုြကုတ္ထားတဲ့ သြယ့္မ်က္ခုံးေတြက ေျပေလ်ာ့သြားခဲ့ျပီး သူ့လက္ထဲက ပန္းကို အသာယာလွမ္းယူကာ မ်က္နွာမွာလည္း ေက်နပ္ေနတဲ့ အျပုံးြကီးကို ေတြ့ရသည္။ မင္းသြင္မွာ

သေကာင့္သား အရစ္ခံရေတာ့မယ့္ အေရးကိုြကိုေတြးေပမယ့္

သေကာင့္သားက အေရွာင္ေကာင္းခဲ့တာမို့ အေထာင္းသက္သာ

သြားရသည္။

ပန္းေပးေတာ့ ပန္းယူတယ္ ဒီေလာက္နဲ့ပဲ ျပီးသြားတယ္ေပါ့ေလ။

"ပန္းေပးတာက အရွူံးေပးတာနဲ့ အတူတူပဲတဲ့ ေမာင္က

သြယ့္ကို တစ္သက္လုံးအရွူံးေပးသြားမွာ"

သြယ့္မ်က္နွာ ရဲပေတာင္းခတ္သြားရသည္။သြယ္နဲ့ ေမာင္

ခ်စ္သူြဖစ္တဲ့တစ္ေလ်ွာက္လုံး ဒါက ပထမဆုံးအြကိမ္ေမာင့္ဆီက

ပန္းေပးခံရဖူးတာပင္။ သြယ္က သိပ္လွတဲ့ မိန္းကေလးမို့

ပန္းေပးတာ ခဏခဏ ခံရဖူးေပမယ့္ ေမာင့္ဆီကမဟုတ္တဲ့အခါ

သြယ္လိုလည္းမလိုခ်င္သလို ေပ်ာ္လည္းမေပ်ာ္ပါ။

"ဘာြဖစ္လို့ ဆံပင္ဖားလ်ား ခ်ထားရတာလဲ သူမ်ားေတြ

ေမာင့္ခ်စ္သူကို ြကည့္ကုန္ြကျပီ အဲ့လိုဖားလ်ားခ်ထားတာကို

ေမာင္ မြကိုက္ဘူးလို့ ေျပာထားတယ္မလား"

ဘဝင္မက် ြဖစ္သြားတဲ့ ဩဂတ္ရဲ့မ်က္နွာတင္းတင္းကို သြယ္

မဝံ့မရဲြဖစ္စြာြဖင့္ ြကည့္လိုက္သည္..။ ခ်စ္သူြဖစ္ျပီးေနာက္ပိုင္း

သြယ့္ရဲ့ တစ္ခ်ို့ေသာ လုပ္ပိုင္ခြင့္အား ေမာင္ကဆုံးြဖတ္သည္။

ဘယ္သူနဲ့မေပါင္းရဘူး ဘာညာေတာ့မရွိေပမယ့္ အခုလို

ဆံပင္ဖားလ်ားခ်ထားတာမ်ိုးဆို ေမာင္ကမြကိုက္။

"ေဆာရီး ေမာင္!! မနက္က ဆံပင္ေလ်ွာ္ထားလို့ပါ"

"အင္း လာမယ့္ ေက်ာင္းပိတ္ရက္က် ေမာင္နဲ့ေတြ့ြကမလား

သြယ္က ေမာင့္ခ်စ္သူဆိုျပီး ညီနဲ့မိတ္ဆက္ေပးမလို့"

စကားအဆုံးမွာေတာ့ သြယ္ရဲ့ မ်က္နွာကေတာက္ပသြားသည္။

အစကေတာ့ ဩဂတ္က ညီြဖစ္သူနဲ့ ခင္မင္မွုတည္ေဆာက္

ခ်င္ေသးတယ္ ေျပာတာေြကာင့္ သူမ လက္ခံခဲ့ပါသည္..။

အခု မိတ္ဆက္ေပးမယ္ဆိုျပန္ေတာ့လည္း ေပ်ာ္ရပါ၏။

"တကယ္လား ေမာင္"

"တကယ္ေျပာတာ သြယ္နဲ့ ေမာင့္ရဲ့ဆက္ဆံေရးကို ညီ့ဆီ

ေျပာလိုက္မယ္ "

"ဟုတ္"

ထိုအခိုက္ ခပ္လွမ္းလွမ္းကေန ညီညီက သူငယ္ခ်င္းြဖစ္သူနဲ့

သူတို့နားကို ေလ်ွာက္လာေနသည္အား ေတြ့လိုက္ရသည္။

သြယ္လက္ဆီကေန ရုန္းထြက္ရင္း ညီညီ့မ်က္နွာကို ေသခ်ာ

ြကည့္လိုက္ေတာ့ ညီကလည္း သူ့အား ျပန္ျပုံးျပရွာသည္။

"ကိုကို!!

"ညီ ဘယ္လိုလုပ္ျပီး ေရာက္လာခဲ့တာလဲ"

"ကိုကို့ဆီကိုပဲ တမင္သက္သက္ လာလိုက္တာ"

"ကိုြကီးဩဂတ္က ေသာ္ဒီရဲ့ ကိုကိုဆိုတာ က်ြန္ေတာ္

အစက မသိခဲ့ဘူး"

‌ဖက္တီးက ဤသို့ြဖင့္ တစ္လုံးတခဲြကီး ေျပာလာေတာ့ ဩဂတ္

ရယ္သြမ္းေသြးလိုက္သည္။

"မင္းက ကိုယ့္ညီရဲ့ အသစ္စက္စက္ သူငယ္ခ်င္းြဖစ္ရမယ္"

"ဟုတ္ကဲ့ ကိုြကီးဩဂတ္"

"ညီ့ကို ေစာင့္ေရွာက္လိုက္ဦးေနာ္ ကိုယ့္ညီကို သိပ္ျပီးလည္း

အနိုင္မက်င့္နဲ့"

ဖက္တီးမ်က္နွာက မဲ့သြားခဲ့သည္။ တကယ္ အနိုင္က်င့္သူက

ေသာ္ဒီထူးဟန္ဆိုတာကိုေတာ့ သူဘယ္နည္းနဲ့မွ ေဖာ္ထုတ္မည္မဟုတ္။ ေသာ္ဒီနဲ့ သူနဲ့ သေဘာတူညီခ်က္ လုပ္ျပီးေနာက္မွာ

ေသာ္ဒီလုပ္ခိုင္းသမ်ွ အကုန္လုပ္ေပးရသည္။ ညည္းေတာင္

မညည္းညူရဲ။ တန္ျပန္အေနနဲ့ ေသာ္ဒီကလည္း သူနားမလည္တဲ့

စာေတြကို ရွင္းျပလာသည္။ ေသာ္ဒီနဲ့ ေတြ့ျပီးေနာက္မွာ

သူလည္း ေတာ္ေတာ္လည္း အဆင္ေျပတယ္ဆိုရမယ္။

ေသာ္ဒီထူးဟန္က ကိုကို့ဆီကေန မင္းသြင္ဆီ အြကည့္ေရြ့သည္။

မင္းသြင္က ဘယ္သူ့ကိုမွ ဂရုမစိုက္စြာ သူ့ရဲ့ငုံးဥေတြကို

ထုတ္စားေနြခင္းမို့ ေသာ္ဒီမ်က္ေတာင္ေလး ပုတ္ခတ္ ပုတ္ခတ္

လုပ္ကာ ြကည့္ေနမိသည္။ ဒါကို မင္းသြင္က အလိုက္မသိပဲ

သူ့ဘာသာ အစားပဲငုံ့စားေနတာမို့ သတိထားမိတဲ့ ဩဂတ္ကပဲ

မင္းသြင္ဆီကေန ငုံးဥနွစ္လုံးေလာက္ ဇြက္ခနဲနွိုက္ယူပစ္လိုက္သည္။

"ဟာ.. ငါ့ဥေတြ ဘာလို့ယူတာလဲ"

"နွစ္ဥထဲပါ"

"ဘာပဲြဖစ္ြဖစ္!!

"ကေလးက စားခ်င္ေနတဲ့ဟာ.."

ဆိုေတာ့ မင္းသြင္က ဘာမွထပ္မေျပာေတာ့။ သူလည္း

ေသာ္ဒီကို ငုံးဥအခြံခြာျပီး ပါးစပ္နား ေတ့ေပးလိုက္သည္.။

ေသာ္ဒီက အစကတည္းက ငုံးဥစားခ်င္ေနတာမို့ ကိုကို့လက္ထဲက

ငုံးဥကို လွမ္းစားလိုက္တယ္။

"ကိုကို အတန္းထဲမဝင္ေသးပဲ ဒီမွာဘာလုပ္ေနတာလဲ"

"အခုပဲ သြားေနတာ ညီညီကေရာ အခုထိ ဘာလို့မဝင္ေသးတာလဲ"

"ညီက ဝင္ေတာ့မလို့ဟာ ကိုကို့ကို ေတြ့တာနဲ့ ေျပးလာတာ"

"ဒါဆို ေတြ့ရုံပဲေပါ့ ဟုတ္လား"

"ဟီး!! အခုပဲ သြားေတာ့မွာပါဗ်.. မသြားခင္ ကိုကို့ကို

အာဘြားေပးဦးမယ္"

ေသာ္ဒီရဲ့အမူယာနဲ့ စကားေြကာင့္ ဖက္တီးကအန္ခ်င္သလို

လုပ္ျပကာမ်က္နွာြကီး မဲ့သြားသည္။ ထို့ေနာက္ ေြခဖ်ားေထာက္ျပီး ဩဂတ္ရဲ့ ပါးနွစ္ဖက္နဲ့ နွဖူး၊ နွာတံနဲ့တကြ ေမးေစ့ကိုပါ

မခ်န္ နမ္းလိုက္သည့္ ေသာ္ဒီေြကာင့္ သြယ္နဲ့ မင္းသြင္အပါဝင္

ဖက္တီးပါ ဆြံ့အသြားသည္။ ဩဂတ္ကေတာ့ အိမ္မွာလည္း ညီက

သူ့ကို နမ္းေနက်မို့ အထူးအဆန္းမဟုတ္ေတာ့။

"ပါးပဲနမ္းမယ္ထင္တာ.."

"ကိုကိုကလည္း ညီ မနမ္းရင္ သူမ်ားဦးသြားမွာေပါ့"

"ဟုတ္ပါျပီ အခုအတန္းျပန္ေတာ့"

ေသာ္ဒီက ထြက္မသြားခင္မွာ သြယ့္အား တစ္ခ်က္ြကည့္ျပီး

"မမသြယ္ ေမာင္ေလး သြားျပီေနာ္ ကိုြကီးမင္းသြင္ေရာပဲ

ညီေလး သြားပါျပီဗ်"

ဖက္တီးလက္ကို ဆြဲကာ လွည့္မြကည့္စတမ္း ထြက္သြားျပီြဖစ္တဲ့

ေသာ္ဒီထူးဟန္ကို ဘာမွျပန္မေျပာနိုင္ပဲ သြယ္က ဆြံ့အလ်က္

ြကည့္ေနမိသည္။ မင္းသြင္ကလည္း မ်က္ခုံးပင့္လ်က္အေနထားနဲ့

ေသာ္ဒီေနာက္ေက်ာျပင္အား တဆုံးြကည့္ေနမိေတာ့သည္။

.........................

"ညီညီ မျပီးေသးဘူးလား.."

"ျပီးျပီ ကိုကို"

ေက်ာင္းပိတ္ရက္မို့ ညီအစ္ကိုနွစ္ေယာက္ မုန့္သြားစားြကမယ့္

အေရးကို ဒယ္ဒီနဲ့ေဖေဖက အထူးမပိတ္ပင္ြက။ အိမ္မွာလည္း

ဒယ္ဒီတို့ မရွိတာမို့ အိမ္ျပင္ေရာက္တာနဲ့ အိမ္တံခါးကိုေသခ်ာ

ပိတ္ျပီး ြခံတံခါးကိုလည္း ေသခ်ာေလး ပိတ္လိုက္သည္..။

"ကိုကို ဘာနဲ့သြားမွာလဲ"

"ဆိုင္က သိပ္မေဝးပါဘူး ညီရဲ့ လမ္းထိပ္က အာပူလ်ွာပူဆိုင္တင္ေလ"

"ကိုကိုနဲ့ ညီညီ နွစ္ေယာက္ထဲလားဟင္"

ကိုကို့အမူယာကို အကဲခတ္လ်က္ သူေမးရပါသည္..။

‌အရင္ေန့ေတြတုန္းက စာလုပ္လိုက္ အားရင္ ေဘာလုံး

သြားကန္လိုက္လုပ္ေနတတ္တဲ့ ကိုကိုက ဒီပိတ္ရက္မွာေတာ့

ကိုယ့္ကို မုန့္သြားစားဖို့ အေဖာ္ညွိသည္။ သူကလည္း ကိုကိုနဲ့

ဆိုေတာ့ နွစ္ခါေတာင္မေခါ္ရ။

"မဟုတ္ဘူး မင္းသြင္ေရာ ပါတယ္"

"ကိုြကီးမင္းသြင္ တစ္ေယာက္ထဲလား "

"ဘာြဖစ္လို့လဲ ညီ"

"ဪ.. မမသြယ္ေရာ မပါဘူးလားလို့"

ဩဂတ္ ညီ့အား ဘယ္လိုျပန္ေြဖရမလည္း မသိ။ သြယ္နဲ့

ေတြ့မွ မ်က္နွာခ်င္းဆိုင္ျပီး ေျပာရမယ့္ စကားြဖစ္တာေြကာင့္

သြယ္နဲ့ကိုကိုက ခ်စ္သူေတြပါလို့လည္း ေျပာလို့မေကာင္းေသး။

သူျပန္မေြဖေတာ့ ေသာ္ဒီကလည္း တိတ္ဆိတ္ျငိမ္သက္ကာ

သူနဲ့အတူ ပါလာခဲ့သည္။

လမ္းထိပ္က အာပူလ်ွာပူဆိုင္ ေရာက္ေတာ့ ပုလဲသြယ္နဲ့

မင္းသြင္က ေရာက္နွင့္ေနြကျပီ။ သူတို့ကို ေစာင့္ေနြကသည္မို့

နွစ္ေယာက္လုံး ဘာမွ မမွာထားခဲ့ြကေပ။

"မင္းတို့ကလည္းကြာ ြကာလိုက္တာ"

မင္းသြင္ရဲ့ ဗ်စ္ေတာက္ေတာက္ အသံက ဦးဆုံးထြက္လာ၏။

သြယ္ကလည္း ထိုအခါမွ သူတို့အတြက္ အာပူလ်ွာပူေတြ

ေကာက္မွာေတာ့သည္။

"ငါ့ညီ ေရခ်ိုးေနတာကို ေစာင့္ေနလို့ ြကာသြားတာ

အဲ့ေလာက္ထိ ငတ္ေနလည္း မွာစားလိုက္ပါ့လား .."

ျမွာဦးက ညီ့ဘက္လွည့္မွာစိုး၍ ဩဂတ္ သေကာင့္သားကို

ေနာက္ရြွတ္ရြွတ္နဲ့ လွမ္းးစလိုက္တယ္။

"ေမာင္!! ဘူးသီးေြကာ္ စားမွာမလား"

သြယ့္ရဲ့'ေမာင္'ဆိုတဲ့ အေခါ္ေြကာင့္ သူ ညီ့မ်က္နွာေလးကို

တစ္ခ်က္ အကဲခတ္ရတယ္။ ညီက မ်က္နွာြကီးတည္ေနရာမွ

သူြကည့္ေနတာနဲ့ဆုံေတာ့ ျပုံးျပလာေတာ့မွ စိတ္ေအးရသည္။

ညီက သူ့ကို တစ္ြခားတစ္ေယာက္နဲ့ ခြဲမေဝခ်င္မွန္း ဩဂတ္

သိပါ၏။

"ေသာ္ဒီ အဝ စားေနာ္ အရင္ကဆို ဒီဆိုင္ကို မမနဲ့

မင္းကိုကိုက ခဏခဏ လာစားေနက် ဟင္းဟင္း..

အတြဲေတြ လာေနက်ဆိုင္ဆိုလည္း မမွားပါဘူး.."

"ဪ ဟုတ္လား"

ေသာ္ဒီက အာပူလ်ွာပူတစ္ဇြန္းကို ခပ္ေသာက္လိုက္တာမို့

ဘယ္လိုပုံနဲ့ ေျပာရမွန္း မသိတဲ့ ဩဂတ္မွာ အခက္ေတြ့ရသည္။

ညီ့စိတ္ကို သူမမွန္းရဲ။ ဘယ္ခ်ိန္ ထေပါက္ကြဲမလည္းဆိုတာ

သူလည္း မသိနိုင္တာမို့။

"ေသာ္ဒီထူးဟန္!!!

ေနာက္ဆုံး ြကည့္မေနနိုင္တဲ့ မင္းသြင္က စကားစလာသည္။

သူ့ညီကို သူ့ခ်စ္သူနဲ့ မိတ္ဆက္ေပးမယ့္အေြကာင္းေျပာမွာကို

တြန့္ဆုတ္တြန့္ဆုတ္နဲ့ အရူးေကာင္ကေတာ့..။

မာဆတ္ဆတ္ေလသံနဲ့ ေခါ္လိုက္သည့္အခါ 'ဟင္'ခနဲ

အသံျပုျပီး ပင့္ြကည့္လာတဲ့ အျပစ္ကင္းတဲ့ မ်က္ဝန္းေတြေြကာင့္

မင္းသြင္ရဲ့ ခက္ထန္ေနတဲ့ မ်က္နွာက ဆြံ့အသြားသည္။

"ဘာေျပာမလို့လဲ ကိုြကီးမင္းသြင္"

"အဟမ္း!! ဟို... မင္းကိုကိုမွာ!!

"ကိုကိုနဲ့ သြယ္က ခ်စ္သူေတြ ြဖစ္ေနတာ ြကာျပီ ညီ"

မင္းသြင္က သူေျပာမယ့္စကားကိုလုေျပာတဲ့ ဩဂတ္ကို

မ်က္ေစာင္းခဲသလို သြယ္ကလည္း တအားေက်နပ္သြားသည္။

မထူးဆန္းသလို ြဖစ္ေနတာကေတာ့ ေသာင္းက်န္းမယ္လို့

ထင္ထားတဲ့ ေသာ္ဒီထူးဟန္ပါပဲ။

ဒီေကာင္ေလးက ဩဂတ္ထင္သလို ေသာင္းက်န္းမေနပဲ

တည္ျငိမ္လြန္းအားြကီးေနတာက ျပဿနာတစ္ခုပင္။

"ကိုယ့္ကို စိတ္ဆိုးလား ‌ေတာင္းပန္ပါတယ္ ညီရာ ကိုကိုက"

"ဘာအတြက္လဲ ကိုကို.. ညီ့ကို လိမ္‌တဲ့အတြက္လား

ဒါမွမဟုတ္ ကိုကို့ရဲ့ဂရုစိုက္မွုေတြကို သူမ်ားနဲ့ခြဲေဝေပးမိတဲ့

အတြက္လား"

"ညီ!!!

ညီ့ရဲ့မ်က္နွာေြကာင့္ ဩဂတ္လည္း မေပ်ာ္ေတာ့ေပ..။

"ညီ စိတ္မဆိုးဘူး ကိုကို!!!

"တကယ္လား"

"ဟုတ္!! ညီက အစကတည္းက ကိုကိုနဲ့ မမသြယ္

တြဲေနြကမွန္း ရိပ္မိပါတယ္"

"ဟင္ ဟုတ္လား ဘယ္လိုသိတာလဲ"

"Shipခံရတယ္ဆို? ေမ့ေနတာလား က်ြန္ေတာ္က ကိုကို့ညီေလ

သူမ်ားေတြက Shipရုံပဲ Shipနိုင္ြကတာ ကိုကိုနဲ့က်ြန္ေတာ္က

အနီးစပ္ဆုံးေလ ကိုကို့ဆီမွာဘာေတြရွိလည္းဆိုတာ က်ြန္ေတာ္

သိတာေပါ့"

ညီက ဝမ္းသာအားရ ျပုံးေနေသာ္လည္း ဩဂတ္က တစ္ခုခု

မူမမွန္ဘူးဟု ထင္မိသည္။ ညီ့ကိုလိမ္မိတဲ့အတြက္ ညီကလည္း

သူ့အား တစ္ပတ္ေလာက္စိတ္ဆိုးမယ္လို့ ထင္ကာ ညီ့ကို

ေခ်ာ့ဖို့အတြက္ စကားလုံးေတြေတာင္စီထားခဲ့ျပီးျပီ။

စားျပီးတာနဲ့ ညီက ျပန္ခ်င္သည္ဟု တစ္ခ်က္လြတ္ေျပာလာေတာ့

မျငင္းဆန္နိုင္စြာပဲ သြယ့္ကိုမနည္းေခ်ာ့ကာ ေမာ့ကာြဖင့္

ထားပစ္ခဲ့ရသည္။သြယ္ကလည္း ရခဲလွတဲ့ ရွားရွားပါးပါးအခ်ိန္

ေလးမို့ မျပန္ေသးဖို့ ေျပာေပမယ့္ ထြက္သြားျပီြဖစ္တဲ့ ညီ့ရဲ့

ေနာက္ကို ေျပးလိုက္ရသည္။

ဒီကေလးကေတာ့.. ြခံေသာ့နဲ့ အိမ္ေသာ့မရွိပဲ အိမ္ထဲ

ဘယ္လိုဝင္မွာလဲ။

"ကိုကို ျပန္ပိတ္လိုက္မယ္ ညီ အထဲကိုဝင္နွင့္!!

ဘာမွမေျပာပဲ အိမ္ထဲကို ဝင္သြားသူေြကာင့္ ဩဂတ္ အျမန္ပဲ

ေျပးလိုက္ရတယ္ ။ လိမ္မိတဲ့အတြက္ ညီ သူ့ကိုစိတ္ဆိုးေနသည္လား..

"ကိုကို့ကို စိတ္ဆိုးေနတာလား"

ညီ သူ့ကို ျပန္ြကည့္လာသည္..။ ျပီးမွ ြဖည္းြဖည္းခ်င္းျပုံးလ်က္

ေပါ့ပါးစြာ ေျပာလာ၏။

"ညီ စိတ္မဆိုးဘူးလို့ ကိုကို့ကို ေျပာျပီးျပီေလ"

"တကယ္ေနာ္!!

"အင္း တကယ္ေျပာတာ ဒယ္ဒီတို့ကိုလည္း ျပန္မတိုင္ပါဘူး

ကိုကိုက ညီ့ကိုကိုပဲေလ"

ညီ့ရဲ့ပါးတစ္ဖက္အား ဆြဲဖဲ့ရင္း ဩဂတ္ ျပုံးလိုက္ေတာ့

ပါးခ်ိုင့္တို့က ထင္ရွားစြာ ရွိေနခဲ့သည္။ ေသာ္ဒီက ထိုအရာကို

ေသခ်ာစြာ စိုက္ြကည့္ေနျပီး အျပုံးတို့က ပို၍ ပီျပင္လာခဲ့သည္။

[text_hash] => 93abe455
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...