Array
(
[text] =>
ချစ်သူတစ်ယောက် ကောက်ရထားသည် {အခန်း ၆}
"နင်ကလည်းဟာ တုံးလိုက်တာ ဘာလို့ငြိမ်နေရတာလဲ"
"အေးလေဟယ် နင်နဲ့ ဩဂတ်က ချစ်သူတွေပဲဟာ အတိအလင်း
ချမပြရသေးတာပဲရှိတာ အဲ့တစ်ယောက်က အလာကြီးနော်
ညီဆိုလည်း ညီနေရာမှာပဲ နေလေ ဘာလို့နေရာတကာ ကျစ်.."
ဖြူစင်နဲ့ သိမ့်သိမ့်သူက သွယ့်အကြောင်းကို ကြားပြီးနောက်
သူ့ဘက်ကနေ ဝင်နာပေးလာသည်။ အစက ထင်တာ ဩဂတ်နဲ့
သူမရဲ့ ဆက်ဆံရေးကို သော်ဒီထူးဟန်ဆီ ပြောပြလိုက်ရင်
အားလုံးအဆင်ပြေမယ်လို့လေ ဒါပေမယ့် ထင်သမျှတက်တက်စင်အောင် လွဲတော့တာပဲ။
အဲ့နေ့ကစလို့ သူတို့နှစ်ဦးသား ဘယ်သွားသွား သော်ဒီထူးဟန်
အမြဲပါသည်။ မောင့်ကိုမေးတော့ သူ့ဒယ်ဒီက ဘယ်သွားသွား
အဲ့ကလေးကို ခေါ်သွားမှ အပြင်ထွက်ရသည်ဟု ဆို၏...။
မောင့်ညီလေးက အသက်၁၃နှစ်ရှိနေပြီ။ ၁၃နှစ်ဆိုတဲ့အရွယ်က
သွယ့်အတွက်တော့ မငယ်တော့ပေ။ ဘာမဆို စဉ်းစားတတ်တဲ့
အရွယ်ရောက်နေပြီမဟုတ်လား။
တစ်ခါတစ်ရံ၌ စိန်ခေါ်သလိုမျိုးလည်း အကြည့်ခံရသေးတာမို့
သွယ်တစ်ယောက် ကြိတ်မနိုင်ခဲမနိုင် ဖြစ်နေခဲ့ပါသည်။
"နင်နဲ့ ဩဂတ်အကြောင်းကို ငါအခုပဲ Facebook မှာ
တင်လိုက်ပြီ သွယ်!!
သိမ့်က ပြောလာသည့်အခါ သူမ မျက်လုံးပြူးရင်း သိမ့်ကို
ပြန်ကြည့်လိုက်တယ်။ မောင်နဲ့ နှစ်ဦးသား သဘောတူထား၍
Facebook မှာ အခုလိုချပြခြင်းကို မောင်သဘောမကျမှာ
သိပ်စိုးရိမ်မိ၏။
"ဘာလို့ လုပ်လိုက်တာလဲ သိမ့်ရယ် မောင်ငါ့ကိုဆူတော့မှာပဲ"
"ပြန်ဖျက်လည်း မမှီတော့ဘူး အကုန်တွေ့ကုန်ကြပြီ"
"ဘာကြောက်နေတာလဲ ပုလဲသွယ် အခုမပြောလည်း
နောက်ကျ အသိပေးရမှာပဲဟာ နောက်ပြီး ဩဂတ်ညီလေးကို
နင်ညှာနေရင် ဘေးထွက်နေ ငါတို့စီမံလိုက်မယ်"
ပုလဲသွယ်က တစ်ခုခုဆို သိပ်ကြင်နာပြီး တွန့်ဆုတ် တွန့်ဆုတ်နဲ့မို့
သိမ့်သိမ့်သူနဲ့ ဖြူစင်က ကြားကနေ ဝင်ပါဖို့ ဆုံးဖြတ်လိုက်သည်။
သွယ်ကလည်း ဩဂတ်ညီမို့ မလုပ်ရက်ဖြစ်နေကာ တွေဝေနေခြင်း
ဖြစ်သည်။ မောင့်ရင်ထဲမှာ သွယ်နဲ့ပတ်သတ်ပြီး ဘယ်လောက်ထိ
လေးနက်သလည်းမသိပေမယ့် သူ့ညီကိုတော့ တအားချစ်သည်
ဆိုတာကိုတော့ သွယ်သိပါသည်။
"နင်တို့ သူ့ကိုဘာလုပ်မလို့လဲ သူက ၁၃နှစ်ကလေးပဲ
ရှိသေးတာနော်.."
"ဟဲ့!! ကလေးက ၊ ကလေးလို မနေလို့ နင့်အစား ငါတို့က
ဝင်နာပေးရတာလေ "
"ဟင်းဟင်း!! ကလေး ကလေးနဲ့ အဲ့လို ကလေးဆိုတဲ့ဟာတွေကပဲ အိမ်ဦးခန်း ချီးတက်ပါကြတာဟ"
ထိုအခိုက် ၈တန်းဆောင်ဘက်ကနေ သော်ဒီထူးဟန်တစ်ယောက်ထဲ ထွက်လာတာကို သူမတို့တွေ့လိုက်သည် ဆိုရင်ပဲ သိမ့်နဲ့
ဖြူစင်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး မျက်စပစ်လိုက်ကြသည်။
"မောင့်ညီ သော်ဒီထူးဟန်ဆိုတာ သူလေ!!!
"ရုပ်နဲ့ စိတ်ဓာတ်က မလိုက်ဘူးဟယ် ရုပ်ကိုတောင်နှမျောသေးတယ်"
"နင်ညှာမယ်ဆိုလည်း ညှာချင်စရာ!! အဲ့ကောင်က
ကြည့်လို့တော့ ကောင်းသားနော်"
"စိတ်ဓာတ်မှ မကောင်းတာ ရုပ်ချောတာလေးနဲ့ ဘာလုပ်ရမှာလဲ"
သူငယ်ချင်းနှစ်ယောက်က တစ်ယောက်တစ်မျိုး ပြောကြတာမို့
သွယ်က ဘေးနားမှာ ရပ်ပြီး နားထောင်သူသက်သက်ဖြစ်နေသည်။
"သူ ဘယ်ကိုသွားတာလဲ"
"လိုက်ကြည့်ရအောင်"
ထို့နောက် သိမ့်တို့နှစ်ယောက်က သော်ဒီထူးဟန်သွားရာနောက်ကို တိတ်တိတ်လေး လိုက်သွားတာမို့ သွယ်လည်းမတတ်နိုင်စွာ
လိုက်သွားရတော့တယ်။
သော်ဒီထူးဟန်က အိမ်သာဘက်ကို ဦးတည်သွားနေတာမို့
၃ယောက်လုံး အနောက်ကနေ တိတ်တိတ်လေး လိုက်သွားခဲ့သည်။ သော်ဒီတစ်ယောက်ထဲရှိချိန်က အရမ်းရှားတာမို့ ဒီတစ်ခေါက် မိမိရရ ပညာပေးဖို့ရာ သွယ့်သူငယ်ချင်းတွေက တွေးထား
ခဲ့တာဖြစ်သည်။
"ဟဲ့ ဘာလုပ်မလို့လဲ အဲ့ဒါ ယောက်ျားလေး အိမ်သာနော်
တစ်ယောက်ယောက် တွေ့သွားရင် မကောင်းဘူး"
သွယ်က လှမ်းဟန့်သော်လည်း သိမ့်နဲ့ဖြူစင်က လက်မခံ။
အိမ်သာထဲ ဇွတ်အတင်းလိုက်ဝင်သွားတော့ သွယ်ကလည်း
ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ပဲ အနောက်ကနေ လိုက်ပြီး
ဝင်သွားခဲ့ရသည်။
သော်ဒီ ဝင်သွားသည့် အိမ်သာကို ကြည့်ပြီး သိမ့်က ခပ်မြန်မြန်ပဲ
အပြင်ကနေ တံခါးကိုလော့ခ် ချလိုက်တယ် ။
အပြင်ပြန်ထွက်မလို့ လုပ်နေတဲ့ သော်ဒီကတော့ ဖွင့်လို့မရတဲ့
တံခါးကြောင့် တောင့်တင်းသွားသည်။ အစကတော့ တွန်းဖွင့်သံက ငြင်ငြင်သာသာ။ နောက်ကျတော့ တံခါးကို ထုရိုက်တဲ့အသံက
ပိုလို့ ကျယ်လာခဲ့သည်။ ထိုအခိုက် အပေါ်ကနေ ဗွမ်းခနဲ
ကျလာတဲ့ ရေတွေ။ သော်ဒီထူးဟန် တစ်ကိုယ်လုံးစိုရွှဲသွားရသည်။
ဒီအချိန်မှာပဲ သူနားလည်လိုက်တာက သူအနိုင်ကျင့်ခံနေရပြီဆိုတာပဲ။
အနီးစပ်ဆုံးဖြစ်တဲ့ ဖက်တီးကို တွေးကြည့်မိသည်။ သူလည်း
မဖြစ်နိုင်ဘူး အဲ့ကောင်က ငကြောက်ကောင်လေ။ ဒါပေမယ့်
သူနဲ့ ရန်စရှိတဲ့သူလည်း မရှိတာမို့ စဉ်းစားရကြပ်သွားခဲ့ပါသည်။
တံခါးကိုထုရိုက်ပြီး ဘယ်လောက်ပဲ အကူညီတောင်းပါစေ
နောက်ဆုံး သူသာ အားပျက်ပြီး အသံမထွက်နိုင်တဲ့အထိ ဖြစ်သွားခဲ့ရသည်။ ထို့နောက်မှာတော့ တံခါးကိုမှီပြီး ထိုင်ချလိုက်တယ်။
ကိုကို လာရှာလောက်မှာပါ...။ ဟုတ်တယ်..ကိုကို ငါ့ကိုပစ်ထားမှာ မဟုတ်ဘူး။ ဘာလို့ဆို.. ကိုကိုက ငါ့ကိုသိပ်ချစ်တာလေ။
ကျောင်းတက်တဲ့အချိန်ကနေ မုန့်စားကျောင်းဆင်းတဲ့အထိ
ပြန်မလာတဲ့ သော်ဒီထူးဟန်ကြောင့် ဖက်တီးတစ်ယောက်
ခေါင်းခဲပြီး ကြံရာမရတဲ့အဆုံး ဆယ်တန်းဆောင်ဘက်ကို
လစ်ခဲ့လိုက်တယ်။ သွယ်တို့ သူငယ်ချင်း၃ယောက်က ဖက်တီးကို
မြင်တော့ လန့်သွားကြပေမယ့် ချက်ချင်းဟန်မပျက်ပြန်ဖြစ်
သွားကြတယ်။
"ကိုကြီးဩဂတ်!!
မင်းသွင်နဲ့ စကားပြောနေတဲ့ ဩဂတ်က လှည့်ကြည့်လာသည်။
အခုမှမုန့်စားကျောင်း ဆင်းတာမို့ အပြင်မထွက်ရသေးပါ။
သွယ့်ကို မုန့်စားကျောင်းဆင်းတာနဲ့ မုန့်လိုက်ကျွေးဖို့ရာ ကတိ
ပေးထားခဲ့သည်။ သူတို့နှစ်ယောက်ဆက်ဆံရေးကို ခဏလောက်
လျို့ဝှက်ထားချင်ပေမယ့် သိမ့်တို့လက်ချက်ကြောင့် လူတွေ
အများကြီး သိကုန်သည်။ သူစိတ်ဆိုးတော့ သွယ်ကတောင်းပန်
လာသည့်အခါ ယောက်ျားတန်မဲ့ မာနမထားချင်၍ သွယ့်ကို
ခွင့်လွှတ်ပေးလိုက်သည်။
"မောင်!! သွယ်တို့မုန့်သွားစားရအောင်"
အရင်က လျို့ဝှက်ခဲ့လို့ အတန်းထဲရောက်ရင် နီးနီးကပ်ကပ်
မနေရဲတဲ့ သွယ်က ဆက်ဆံရေးကို အားလုံးရှေ့ချပြပြီးနောက်
ပေါ်တင်စွာ လက်တွဲသွားဖို့ရာ ယုံကြည်ချက်ရှိလာသည်။
"သိမ့်တို့လည်း လိုက်မယ်နော် ဩဂတ်"
သွယ်က ဩဂတ်ကို အမြန်ဆွဲထုတ်သွားချင်ပေမယ့် ဩဂတ်ရဲ့
အာရုံက ဖက်တီးဆီမှာပဲရှိနေသည်။
"ဘာဖြစ်လို့လဲ!!
"ဟို... သော်ဒီထူးဟန်လေ"
ညီညီအကြောင်း ကြားရတဲ့အခါ လူက ဆတ်ခနဲတုန်သွားသည်။
"ညီညီဘာဖြစ်လို့လဲ"
"ကျောင်းမတက်ခင်တည်းက ပျောက်သွားတာ အခုထိ
ပြန်မလာသေးဘူး ကိုကြီးဩဂတ်.."
ဩဂတ် ခေါင်းကြီးသွားရသည်။ ဆိုလိုတာက ညီညီက
စာသင်ချိန် တစ်ချိန်လုံးပျောက်နေခဲ့တာပေါ့။
"ညီ ပျောက်နေတယ် ဟုတ်လား"
"ဟုတ်တယ်ဗျ ဘာလုပ်ရမှန်းမသိတော့လို့ ကိုကြီးဩဂတ်ဆီ
လာခဲ့တာ "
ဩဂတ် ဖက်တီးရဲ့ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီးဖက်တီးနဲ့
အကြည့်ချင်းဆုံလိုက်သည်။ ဒီလိုဆိုတော့ အစကတည်းက
သူ့လက်ကို မှီတွဲထားတဲ့ သွယ်က အနောက်ရောက်သွားသလိုပင်။ သူမ ဩဂတ်ကိုမယုံနိုင်သလို ဆွေးမြေ့စွာ မျက်ရည်ဝဲဝဲနဲ့
ကြည့်ပေမယ့် ဩဂတ်ကတော့ သူမကို တစ်ချက်တောင်မကြည့်။
ခုနကမှ မုန့်လိုက်ကျွေးဖို့ စိတ်ထားထက်သန်နေတဲ့ မောင်က
အခုကျ သူမဟုတ်သလိုပင်။
"ညီ ဘယ်သွားသေးလဲ မင်းသေချာစဉ်းစား!!!
ဖက်တီးက တစ်စုံတစ်ခုကို သေချာစဉ်းစားလိုက်ပြီး ခဏနေမှ
သော်ဒီအတန်းထဲက ထွက်မသွားခင် အိမ်သာကို သွားမယ့်အကြောင်း ပြောခဲ့တာကို မှတ်မိသွား၏။
"ဟုတ်သားပဲ သူထွက်မသွားခင်က အိမ်သာသွားမယ်လို့
ကျွန်တော်ကို ပြောခဲ့တာ"
"ဘာဖြစ်လို့လဲ ဩဂတ်!!
"ငါ့ညီ ပျောက်နေလို့ စာသင်ချိန် တစ်ချိန်လုံး ပြန်မလာဘူးတဲ့"
ဩဂတ်မျက်နှာက သူ့ညီကို ဘယ်လောက်ထိ စိတ်ပူနေကြောင်း
အထင်းသား ပေါ်နေခဲ့တာမို့ မင်းသွင် မနောက်ရဲ။
"အိမ်သာဘက် သွားကြည့်ရအောင်!!
ပြောလည်းပြော ဩဂတ်က ဦးစွာ အိမ်သာဘက်ကိုသွားဖို့ရာ
အတန်းထဲကနေ ထွက်လာလိုက်သည်။ စိတ်လောနေခြင်းမို့
အနောက်မှာ ဘယ်သူတွေ လိုက်လာတယ် မလိုက်လာဘူးဆိုတာ
သတိမထားမိတော့။
အိမ်သာဘက်ကို ရောက်တော့ လူသူကင်းမဲ့နေပြီး တစ်ယောက်မှ
မတွေ့ရ။ ယောက်ျားလေး အိမ်သာက ၄လုံးရှိနေတာပင်။
ထိုအထဲက ၃လုံးက တံခါးပွင့်နေပြီး ၁လုံးကတော့ ပိတ်လျက်
ရှိနေ၏။ ထို့အပြင် ၊ အပြင်ကနေပါ လော့ခ်ချထားခဲ့သည်..။
"ညီ!! အထဲမှာရှိလား"
သူခေါ်သော်လည်း ပြန်ဖြေသံမကြားရ။ တံခါးဖွင့်လိုက်သော်လည်း
တံခါးက ညှပ်နေပုံရသည်။ ညီ့သံလည်း မကြားရသလို တံခါးကို
ဘယ်လိုမှ ဖွင့်လို့မရ။ နောက်ဆုံး အားကုန်သုံးကာ ခြေထောက်နဲ့
ဆောင့်ကန် ဖွင့်လိုက်တော့မှ တံခါးပွင့်သွားခဲ့ပါသည်။
ထိုအခါ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဩဂတ်လန့်သွားရသည်။
ရောက်လာပြီဖြစ်တဲ့ မင်းသွင်နဲ့ဖက်တီးလည်း လန့်သွားကြပါ၏။
သော်ဒီထူးဟန်က တစ်ကိုယ်လုံး ရေတွေရွှဲနေပြီး အထဲမှာ
သတိလစ်နေတာလား အိပ်ပျော်နေတာလား မသည်းကွဲစွာဖြင့်
လဲကျနေခဲ့ပါသည်။
"ညီ!!!
ရေတွေရွှဲနေတဲ့ ညီ့ကို ပွေ့ဖက်လိုက်တော့ ပျော့ခွေစွာရယ်
သူ့လက်ထဲမှာ ပါလာခဲ့သည်။ ထိုအခါ သော်ဒီမျက်လုံးတို့က
ဖြည်းညှင်းစွာ ဖွင့်လာပြီး သူ့ကိုတွေ့တော့ ငိုချင်သယောင်
ဖြစ်နေတဲ့ သူ့မျက်နှာကို ခပ်ဖွဖွကိုင်သည်။
"ကိုကို!!!
"ညီ ဘာဖြစ်ခဲ့တာလည်းကွာ"
"နောက်ဆုံးတော့ ကိုကို ကျွန်တော့်ကို ရှာတွေ့သွားခဲ့ပြီပဲ"
ပြောပြီးနောက် ပြန်သတိလစ်သွားခဲ့ပါ၏။ ထို့နောက်မှာတော့
ညီ့ကို ကျောင်းဆေးခန်းကိုသာ ပွေ့ခေါ်လာလိုက်ရသည်..။
ညီ အိမ်သာထဲမှာ အပိတ်ခံထားရတယ်ဆိုတဲ့ သတင်းကလည်း
တစ်ကျောင်းလုံးပြန့်နှံ့သွားခဲ့ပြီး ဒယ်ဒီနဲ့ရင်းနှီးတဲ့ ကျောင်းအုပ်ကလည်း ဒယ်ဒီဆီကို ချက်ချင်းဖုန်းဆက်တိုင်သည်။
သူ့သားငယ်လေး အခုလိုဖြစ်တော့ ဒယ်ဒီရော ဖေဖေကပါ
ကျောင်းအုပ်ကို တာဝန်ယူဖြေရှင်းခိုင်းသည်။ ကျောင်းအုပ်ကလည်း အိမ်သာမှာ CCTV တပ်ထားတယ် ဘာညာနဲ့
ပြောလိုက်မှ ဒယ်ဒီငြိမ်သွားခဲ့ပါသည်..။
ထို့နောက်မှာတော့ ထွက်လာတဲ့ သတင်းက ဩဂတ်ကို
မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရသည်။ သိမ့်နဲ့ ဖြူစင်က ညီ့ကို
အပြင်ကနေ တံခါးလော့ခ်ချပြီး အပေါ်ကနေ ရေလောင်းချတာကလည်း သူတို့ပင်။ ဒါပေမယ့် သူ့ကို ပိုအံ့ဩစေတာက အဲ့ဒီ
ဖြစ်ရပ်တစ်ခုလုံးကို သူ့ချစ်သူဖြစ်တဲ့ သွယ်က ဒီအတိုင်းငြိမ်ငြိမ်လေး ရပ်ကြည့်နေခဲ့ပြီး တားမြစ်ခြင်းလည်း ရှိမနေခဲ့တာပင်။
ဒါကြောင့် ဆယ်တန်းဘက်ကို ရောက်လာတဲ့ ဖက်တီးကို
မြင်တော့ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တာက မထူးဆန်းပေ။
CCTV ကို ဒယ်ဒီက သူမယုံမှာစိုးလို့ သူ့ကိုပါ ခေါ်ပြတာမို့
ဩဂတ် ငိုင်ကျသွားရသည်။ သွယ်နဲ့ကိစ္စကို ဒယ်ဒီဆီဖွင့်ပြောဖို့
စီစဉ်ခဲ့သမျှ အခု ဘယ်လိုလုပ်ရတော့မလဲ။
သော်ဒီကိစ္စကြောင့် ၃ယောက်လုံး ၁၅ရက်လောက် ကျောင်းနား
လိုက်ရသည်။ ဒီရက်တွေမှာ သွယ်နဲ့ သူက အဆက်သွယ်
မပြတ်ရှိနေကြပြီး သွယ်ကလည်း သူ့လုပ်ရပ်အတွက် ခဏခဏ
တောင်းပန်ခဲ့ပါသည်။ ဒါပေမယ့် တကယ်တမ်း တောင်းပန်ခံရမယ့် လူက သူမဟုတ်ပဲ ညီညီဆိုတာကို ပြောလိုက်တော့
ခဏစဉ်းစားပြီးနောက်မှာ သွယ်က သူကျောင်းပြန်တက်ရတဲ့နေ့မှ
ညီ့ကို လူချင်းတွေ့ကာ တောင်းပန်မယ်ဟု ဆိုလာခဲ့သည်။
.....................
"မမသွယ် ကျွန်တော့်ကို ဘာလို့မုန်းနေရတာလဲ.."
သော်ဒီစကားကြောင့် ဆွံ့အ ကြောင်အမ်းသွားပြီးနောက် သူမရဲ့
မျက်နှာမှာ ဒေါသအရိပ်တို့ ထင်ဟပ်လာသည်။ ဩဂတ်ရော
မင်းသွင်သာ မက ဖက်တီးပါ ရှိနေသော်လည်း သူမ ဘာကိုမှ
ဂရုမစိုက်တော့။ ဒီနေ့တော့ သူမရင်ထဲက ပြဿနာတွေကို အပြီး
ဖြေရှင်းရမယ်လို့ ဆုံးဖြတ်ထားသည်။
ဟင်းဟင်း မင်းက ဘီလူးဆိုင်း တီးတော့လည်း ငါက ဘီလူးက
'က'ပြရသေးတာပေါ့။
"အဲ့ဒါ ငါကမင်းကိုမေးရမှာ သော်ဒီထူးဟန်"
"ဗျာ"
သော်ဒီနားမလည်သလိုလေး ကြောင်အမ်းအမ်းဖြစ်သွားတော့..
"အပြစ်ကင်းချင်ယောင် မဆောင်စမ်းပါနဲ့ မင်းကို ငါက
မောင့်ညီလေးမို့ ညှာနေခဲ့တာ သိပ်ရောင့်တက်မလာနဲ့"
"အစ်မလည်း ဇောင်းကြွမလာပါနဲ့!!!
သော်ဒီမျက်နှာဖုံးက ကွာကျလာခဲ့သည်မို့ ဩဂတ်မျက်နှာကို
သူမ လှမ်းကြည့်ရင်း ပြုံးလိုက်တော့သည်။ နှစ်ယောက်ကြားက
တင်းမာတဲ့ လေထုကြောင့် ဘယ်သူမှ ဝင်မပါရဲကြ။ ဩဂတ်
တစ်ယောက်ကသာ ထိုင်ရာက ထရပ်လိုက်ပြီး ကြားဝင်ဖို့
ကြိုးစားသူပင်။
နှစ်ယောက်လုံးကို တွေ့ပေးလိုက်ရင် နားလည်မှုရပြီး အဆင်ပြေ
နိုင်မယ်လို့ သူထင်ခဲ့မိတာကြောင့် တွေ့ပေးလိုက်ရခြင်းသာ..
"သွယ်!!!
သူပြောဖို့ ပါးစပ်ပြင်ပြီးမှ သွယ်က လက်ကာတားလာရင်း..
"မောင် ဝင်မပြောနဲ့ သွယ်ပြောမယ် ဒီနေ့ မောင့်ညီရဲ့
မျက်နှာဖုံးကို ခွာချပြမယ် စောင့်ကြည့်နေလိုက်"
ဩဂတ်က တွေခနဲဖြစ်သွားပြီး သော်ဒီက မျက်ခုံးခပ်သာသာ
ပင့်တယ်။ သူ့မှာ မျက်နှာဖုံးက တစ်ခုထဲမှ မဟုတ်တာ မမသွယ်က ဘယ်မျက်နှာဖုံးကို ခွာချမယ်လို့ ပြောတာလည်းမသိ။
"သော်ဒီထူးဟန်"
"ပြောပါ မမသွယ်"
"မောင်နဲ့ငါက မင်းနဲ့အရင်မသိခင်တည်းက တွေ့လာကြတာ
ချစ်သူတွေ ဖြစ်ကြတော့လည်း နှစ်ယောက်ကြားမှာ ဘာပြဿနာမှ မဖြစ်ဖူးဘူး မင်းနဲ့ တွေ့တော့မှ ပြဿနာတွေ တစ်ခုပြီးတစ်ခု
ပေါ်လာခဲ့တာ မင်းမနာလိုနေတာ မဟုတ်လားဟမ်"
သော်ဒီမျက်နှာက တင်းခနဲဖြစ်သွားရင်း
"ဘာကို မနာလိုရမှာလဲ အစ်မ ဘာကိုဆိုလိုချင်တာလဲ"
"ဟွန်း!! မောင့်ရဲ့ ဂရုစိုက်မှုတွေကို ငါနဲ့အတူမမျှဝေချင်တာလေ
ဟုတ်တယ်မလား"
သော်ဒီမျက်နှာကွက်ခနဲ ပျက်သွားသည်။ ကိုကို့ဂရုစိုက်မှုတွေကို
မမသွယ်နဲ့ မမျှဝေချင်တာက အမှန်ပင်။ အရင်တုန်းကဆို
သူ့မှာ ဖေဖေပဲရှိခဲ့တာမို့ အဲ့တုန်းကလည်း ဖေဖေက တစ်ခြားသူကို အရေးလုပ်တာမျိုး ဂရုစိုက်ပြတာမျိုး သူ့ရှေ့မှာ သူများကို
ချီးကျူးပြတာမျိုးကို လုံးဝ မကြိုက်ပေ။
"သွယ်!! ဘာတွေပြောနေတာလဲ ညီ့ကိုတောင်းပန်မယ်ဆိုလို့
မောင်ခေါ်လာခဲ့တာနော်"
ထိုအခါ မြှားဦးက သော်ဒီဆီကနေ ဩဂတ်ထံလှည့်လာသည်။
"မောင်လည်း သိတယ်မလား မောင့်ညီက အဲ့လိုဆိုတာ!!!
ဩဂတ် အံကြိတ်ပစ်လိုက်သည်။ ဖေဖေလေး ပြောပြလို့
ညီ့အကြောင်း သိသင့်သလောက်တော့ သူသိပါသည်။ ထိုအထဲမှာ
သော်ဒီထူးဟန်ဆိုတဲ့ ကလေးက သူကလွဲပြီး ဘယ်သူ့ကိုမှ
ချစ်ပြတာ ဂရုစိုက်ပြတာ မကြိုက်ဘူးဆိုတာလည်း ပါဝင်သည်။
"အခု မောင့်ကို ရွေးချယ်ခိုင်းမယ် သွယ်လား မောင့်ညီလား"
ဩဂတ် သွယ့်မျက်နှာအား ကြည့်လိုက်သည်။ မကြိုက်ဘူးလို့
ပြောထားတဲ့ ကိစ္စအား ကောက်လုပ်လိုက်သည့် သွယ့်မျက်နှာမှာ
သတ္တိတစ်ချို့အား တွေ့ရသည်။ သွယ်ကို ကြည့်လိုက်တော့
သွယ်က သူ့အဖြေကို စောင့်မျှော်နေတဲ့ ခိုကိုးရာမဲ့နေပါသော
မိန်းမငယ်လေးနဲ့ တူနေသေး၏။ ညီ့ကို ကြည့်လိုက်တော့လည်း
မျက်ရည်အဝိုင်းသားဖြင့် ကြည့်နေခဲ့သည်မို့ သူ့ရင်ထဲဆူးနစ်
လာခဲ့ရသည်။
"သွယ် မောင် အဲ့လိုတွေ သဘောမကျတာ သိတယ်မလား!!!
"ကိုကို!!!
ဩဂတ်ရော သွယ်ပါ သော်ဒီမျက်နှာကို ပြိုင်တူကြည့်လိုက်ကြသည်။
"ဟိုကတိကို မှတ်မိသေးလား ကိုကိုအရမ်းကြိုက်တဲ့ပစ္စည်းဆို
ညီနဲ့ မျှသုံးမယ်ဆိုတာလေ"
ဩဂတ်မျက်နှာ ကွက်ခနဲပျက်ရသလို သွယ်ကလည်းခပ်တွေတွေ
ဖြစ်သွားရသည်။
"မင်း ဘာအဓိပ္ပာယ်လဲ "
"ကိုကိုက အစ်မကို ဘာမှမပြောရသေးဘူးထင်တယ်!!!
"ညီ!!!
အံကြိတ်ရင်း ခေါ်တဲ့ ကိုကို့အသံကို သူလစ်လျူရှုထားလိုက်သည်။
အစ်မက သူနဲ့စာရင်းရှင်းချင်မှတော့ သူကလည်း ဘာဖြစ်လို့
ထိပ်တိုက်မတွေ့ရဲရမှာလဲ။
"ကိုကို့အိမ်ကို ကျွန်တော်စရောက်တဲ့ နေ့တုန်းက ကိုကိုက
သူအကြိုက်ဆုံး ပစ္စည်းကို ကျွန်တော်နဲ့မျှပြီး သုံးမယ်လို့
ပြောထားခဲ့တာ လူပဲဖြစ်ဖြစ် ပစ္စည်းပဲဖြစ်ဖြစ်"
"ဘာ!!!
"ညီညီ!! တော်တော့ ဆက်မပြောနဲ့"
"ကိုကို ကတိဖျက်ချင်တယ်လို့ မပြောနဲ့နော်"
ဒီတိုင်းပြောလိုက်တဲ့စကားက ညီ့အတွက် မမေ့နိုင်စရာ
ကတိတစ်ခုဖြစ်နေမှန်း ဩဂတ်မမျှော်လင့်မိတာအမှန်။
သွယ်နဲ့ ညီ့ကြားမှာ ဩဂတ်တစ်ယောက် စိတ်တွေအိုက်လာရသည်။
"အခု မောင်ရွေးချယ်!! မောင့်ညီလား သွယ့်ကိုလား
မောင့်ညီကိုရွေးရင်တော့ သွယ်နဲ့ လာမပတ်သတ်နဲ့တော့
အကယ်၍ သွယ့်ကိုရွေးရင်တော့ ဟင်းဟင်း!!! မောင့်မှာ
ညီတစ်ယောက်ရှိတယ်ဆိုတာ မေ့လိုက်တော့'
"အစ်မ!! ကိုကို့ကို ဒီလိုပြောတာ မကောင်း!!!
ဖြောင်း!!!
သော်ဒီပါးတစ်ဖက်က ထူပူသွားသည်။ တစ်သတ်လုံး အနမ်းပဲခံလာရပြီး အခုမှ ပထမဆုံးအကြိမ်အရိုက်ခံရဖူးတာမို့ အသားတွေ
တဆတ်ဆတ် တုန်လာသော်လည်း သော်ဒီဘယ်လိုတုန့်ပြန်ရမှန်း
မသိပေ။ ဩဂတ်ကလည်း သူ့နည်းအတူ ထိတ်လန့်ပူထူသွားခဲ့ပါသည်။ သူ သွယ့်အကြောင်းကို သိသလောက် သွယ်က ဒီလို
လုပ်မယ့်မိန်းမ ၊ မဟုတ်ဘူးလို့သာ မှတ်ထင်ခဲ့ဖူးသည်။
"ပုလဲသွယ်!!!
"မောင့်ညီက အသက်ကသာ၁၃နှစ် သွယ်တို့ကြားမှာ အရမ်းကိုမှ
လူရာဝင်ချင်ပြီး လိုက်မွှေနေတာလေ အဲ့နေ့က သိမ့်တို့ကသာ
အိမ်သာတံခါးလေးပိတ်ရုံပိတ်ခဲ့ပြီး ညှာလိုက်တာ သွယ်သာဆို
ဒီထက် ပိုလုပ်ပစ်မိမှာပဲ ဆုံးမမဲ့ အမေမရှိလို့ ရိုင်းစိုင်းနေတာပဲ
သွယ်က သူ့ကိုပစ်သွားတဲ့ အမေ့အစား ဆုံးမပေးလိုက်တာလေ"
ဖြောင်း!!!!!
မောင့်ရဲ့ရိုက်ချက်ကြောင့်လား ရှက်စိတ်ကြောင့်လားတော့မသိ။
တစ်ခါမှ အရိုက်မခံရဖူးတဲ့ ပါးက ထူပူပြီး နီရဲသွားခဲ့ပါသည်..။
သူအမြတ်တနိုးနဲ့ နမ်းဖူးတဲ့ပါးကို ရိုက်မိတဲ့အတွက် ဩဂတ်
ကိုယ်တိုင်လည်း ဘာဖြစ်လို့ဖြစ်သွားမှန်းမသိပဲ သွယ့်ကိုကြည့်လိုက် စိတ်လိုက်မာန်ပါ ရိုက်မိတဲ့ သူ့လက်သူ ပြန်ကြည့်လိုက်နဲ့
ဩဂတ် ငိုင်ကျသွား၏။
အနားမှာရှိတဲ့ မင်းသွင်ကလည်း ဩဂတ်ရဲ့ အပြုမူကြောင့်
အလန့်တကြားထရပ်ကာ ကြက်သေ၊ သေနေမိတော့သည်။
တကယ်ဆို ချစ်သူတွေမဟုတ်ကြဘူးဆိုရင်တောင် သူငယ်ချင်း
သံယောဇဉ်က ရှိနေသေးတာကို ဩဂတ် ရိုက်ရက်တာ
မြင်နေရလို့သာမဟုတ်ရင် ယုံချင်စရာ တစ်စက်မှမရှိ။
"တစ်သက်လုံး သိလာတဲ့ သွယ်က မနေ့တစ်နေ့ကမှ
သိခဲ့ဖူးတဲ့ကောင်နဲ့ ယှဉ်လို့မရဘူးပေါ့ ဟုတ်လား မောင်!!!
အရိုက်ခံရတဲ့ ပါးကိုလက်နဲ့အုပ်ကိုင်ပြီး သွယ် မျက်ရည်တွေ
ပိုးပိုးပေါက်ပေါက်ကျရသည်။ သူမရဲ့အချစ်ဦးက မောင်ဖြစ်ခဲ့ပေမယ့် မောင့်အချစ်ဦးကတော့ သူမ ဖြစ်ဟန်မတူ။ တကယ်ဆို
မောင်နဲ့တွဲနေတဲ့အကြောင်းအား သူမရဲ့ မိဘတွေကို အသိပေးထားပြီးပြီ ဖြစ်သည်။
"သွယ်!!! မောင်က!!
"လမ်းခွဲခြင်း သက်သေအနေနဲ့ ပါးရိုက်ခံရတယ်လို့ပဲ
သွယ် သတ်မှတ်လိုက်မယ်"
သူ့မျက်လုံးထောင့်စွန်းလေး နှစ်ဖက်မှာ စိုစွတ်သွားရပါ၏။
တစ်ချိန်တုန်းက သူအမြတ်တနိုး နမ်းဖူးတဲ့ ပါးပြင်နုနုအား
အခုကဲ့သို့ ရက်ရက်စက်စက် ရိုက်ရလိမ့်မယ်လို့ မထင်မိတာ
အမှန်ပဲဖြစ်သည်။
သူဟာ ထိုမိန်းမငယ်လေးရဲ့ နောက်ကျောပြင်လေးကိုသာ
နာကျင်စွာ ငေးရင်း ကျန်ရစ်ခဲ့ပါတော့သည်။
Zawgyi
ခ်စ္သူတစ္ေယာက္ ေကာက္ရထားသည္ {အခန္း ၆}
"နင္ကလည္းဟာ တုံးလိုက္တာ ဘာလို့ျငိမ္ေနရတာလဲ"
"ေအးေလဟယ္ နင္နဲ့ ဩဂတ္က ခ်စ္သူေတြပဲဟာ အတိအလင္း
ခ်မျပရေသးတာပဲရွိတာ အဲ့တစ္ေယာက္က အလာြကီးေနာ္
ညီဆိုလည္း ညီေနရာမွာပဲ ေနေလ ဘာလို့ေနရာတကာ က်စ္.."
ြဖူစင္နဲ့ သိမ့္သိမ့္သူက သြယ့္အေြကာင္းကို ြကားျပီးေနာက္
သူ့ဘက္ကေန ဝင္နာေပးလာသည္။ အစက ထင္တာ ဩဂတ္နဲ့
သူမရဲ့ ဆက္ဆံေရးကို ေသာ္ဒီထူးဟန္ဆီ ေျပာျပလိုက္ရင္
အားလုံးအဆင္ေျပမယ္လို့ေလ ဒါေပမယ့္ ထင္သမ်ွတက္တက္စင္ေအာင္ လြဲေတာ့တာပဲ။
အဲ့ေန့ကစလို့ သူတို့နွစ္ဦးသား ဘယ္သြားသြား ေသာ္ဒီထူးဟန္
အျမဲပါသည္။ ေမာင့္ကိုေမးေတာ့ သူ့ဒယ္ဒီက ဘယ္သြားသြား
အဲ့ကေလးကို ေခါ္သြားမွ အျပင္ထြက္ရသည္ဟု ဆို၏...။
ေမာင့္ညီေလးက အသက္၁၃နွစ္ရွိေနျပီ။ ၁၃နွစ္ဆိုတဲ့အရြယ္က
သြယ့္အတြက္ေတာ့ မငယ္ေတာ့ေပ။ ဘာမဆို စဉ္းစားတတ္တဲ့
အရြယ္ေရာက္ေနျပီမဟုတ္လား။
တစ္ခါတစ္ရံ၌ စိန္ေခါ္သလိုမ်ိုးလည္း အြကည့္ခံရေသးတာမို့
သြယ္တစ္ေယာက္ ြကိတ္မနိုင္ခဲမနိုင္ ြဖစ္ေနခဲ့ပါသည္။
"နင္နဲ့ ဩဂတ္အေြကာင္းကို ငါအခုပဲ Facebook မွာ
တင္လိုက္ျပီ သြယ္!!
သိမ့္က ေျပာလာသည့္အခါ သူမ မ်က္လုံးျပူးရင္း သိမ့္ကို
ျပန္ြကည့္လိုက္တယ္။ ေမာင္နဲ့ နွစ္ဦးသား သေဘာတူထား၍
Facebook မွာ အခုလိုခ်ျပြခင္းကို ေမာင္သေဘာမက်မွာ
သိပ္စိုးရိမ္မိ၏။
"ဘာလို့ လုပ္လိုက္တာလဲ သိမ့္ရယ္ ေမာင္ငါ့ကိုဆူေတာ့မွာပဲ"
"ျပန္ဖ်က္လည္း မမွီေတာ့ဘူး အကုန္ေတြ့ကုန္ြကျပီ"
"ဘာေြကာက္ေနတာလဲ ပုလဲသြယ္ အခုမေျပာလည္း
ေနာက္က် အသိေပးရမွာပဲဟာ ေနာက္ျပီး ဩဂတ္ညီေလးကို
နင္ညွာေနရင္ ေဘးထြက္ေန ငါတို့စီမံလိုက္မယ္"
ပုလဲသြယ္က တစ္ခုခုဆို သိပ္ြကင္နာျပီး တြန့္ဆုတ္ တြန့္ဆုတ္နဲ့မို့
သိမ့္သိမ့္သူနဲ့ ြဖူစင္က ြကားကေန ဝင္ပါဖို့ ဆုံးြဖတ္လိုက္သည္။
သြယ္ကလည္း ဩဂတ္ညီမို့ မလုပ္ရက္ြဖစ္ေနကာ ေတြေဝေနြခင္း
ြဖစ္သည္။ ေမာင့္ရင္ထဲမွာ သြယ္နဲ့ပတ္သတ္ျပီး ဘယ္ေလာက္ထိ
ေလးနက္သလည္းမသိေပမယ့္ သူ့ညီကိုေတာ့ တအားခ်စ္သည္
ဆိုတာကိုေတာ့ သြယ္သိပါသည္။
"နင္တို့ သူ့ကိုဘာလုပ္မလို့လဲ သူက ၁၃နွစ္ကေလးပဲ
ရွိေသးတာေနာ္.."
"ဟဲ့!! ကေလးက ၊ ကေလးလို မေနလို့ နင့္အစား ငါတို့က
ဝင္နာေပးရတာေလ "
"ဟင္းဟင္း!! ကေလး ကေလးနဲ့ အဲ့လို ကေလးဆိုတဲ့ဟာေတြကပဲ အိမ္ဦးခန္း ခ်ီးတက္ပါြကတာဟ"
ထိုအခိုက္ ၈တန္းေဆာင္ဘက္ကေန ေသာ္ဒီထူးဟန္တစ္ေယာက္ထဲ ထြက္လာတာကို သူမတို့ေတြ့လိုက္သည္ ဆိုရင္ပဲ သိမ့္နဲ့
ြဖူစင္က တစ္ေယာက္ကိုတစ္ေယာက္ြကည့္ျပီး မ်က္စပစ္လိုက္ြကသည္။
"ေမာင့္ညီ ေသာ္ဒီထူးဟန္ဆိုတာ သူေလ!!!
"ရုပ္နဲ့ စိတ္ဓာတ္က မလိုက္ဘူးဟယ္ ရုပ္ကိုေတာင္နွေမ်ာေသးတယ္"
"နင္ညွာမယ္ဆိုလည္း ညွာခ်င္စရာ!! အဲ့ေကာင္က
ြကည့္လို့ေတာ့ ေကာင္းသားေနာ္"
"စိတ္ဓာတ္မွ မေကာင္းတာ ရုပ္ေခ်ာတာေလးနဲ့ ဘာလုပ္ရမွာလဲ"
သူငယ္ခ်င္းနွစ္ေယာက္က တစ္ေယာက္တစ္မ်ိုး ေျပာြကတာမို့
သြယ္က ေဘးနားမွာ ရပ္ျပီး နားေထာင္သူသက္သက္ြဖစ္ေနသည္။
"သူ ဘယ္ကိုသြားတာလဲ"
"လိုက္ြကည့္ရေအာင္"
ထို့ေနာက္ သိမ့္တို့နွစ္ေယာက္က ေသာ္ဒီထူးဟန္သြားရာေနာက္ကို တိတ္တိတ္ေလး လိုက္သြားတာမို့ သြယ္လည္းမတတ္နိုင္စြာ
လိုက္သြားရေတာ့တယ္။
ေသာ္ဒီထူးဟန္က အိမ္သာဘက္ကို ဦးတည္သြားေနတာမို့
၃ေယာက္လုံး အေနာက္ကေန တိတ္တိတ္ေလး လိုက္သြားခဲ့သည္။ ေသာ္ဒီတစ္ေယာက္ထဲရွိခ်ိန္က အရမ္းရွားတာမို့ ဒီတစ္ေခါက္ မိမိရရ ပညာေပးဖို့ရာ သြယ့္သူငယ္ခ်င္းေတြက ေတြးထား
ခဲ့တာြဖစ္သည္။
"ဟဲ့ ဘာလုပ္မလို့လဲ အဲ့ဒါ ေယာက္်ားေလး အိမ္သာေနာ္
တစ္ေယာက္ေယာက္ ေတြ့သြားရင္ မေကာင္းဘူး"
သြယ္က လွမ္းဟန့္ေသာ္လည္း သိမ့္နဲ့ြဖူစင္က လက္မခံ။
အိမ္သာထဲ ဇြတ္အတင္းလိုက္ဝင္သြားေတာ့ သြယ္ကလည္း
ဘာလုပ္လို့ လုပ္ရမွန္းမသိေတာ့ပဲ အေနာက္ကေန လိုက္ျပီး
ဝင္သြားခဲ့ရသည္။
ေသာ္ဒီ ဝင္သြားသည့္ အိမ္သာကို ြကည့္ျပီး သိမ့္က ခပ္ျမန္ျမန္ပဲ
အျပင္ကေန တံခါးကိုေလာ့ခ္ ခ်လိုက္တယ္ ။
အျပင္ျပန္ထြက္မလို့ လုပ္ေနတဲ့ ေသာ္ဒီကေတာ့ ဖြင့္လို့မရတဲ့
တံခါးေြကာင့္ ေတာင့္တင္းသြားသည္။ အစကေတာ့ တြန္းဖြင့္သံက ျငင္ျငင္သာသာ။ ေနာက္က်ေတာ့ တံခါးကို ထုရိုက္တဲ့အသံက
ပိုလို့ က်ယ္လာခဲ့သည္။ ထိုအခိုက္ အေပါ္ကေန ဗြမ္းခနဲ
က်လာတဲ့ ေရေတြ။ ေသာ္ဒီထူးဟန္ တစ္ကိုယ္လုံးစိုရြွဲသြားရသည္။
ဒီအခ်ိန္မွာပဲ သူနားလည္လိုက္တာက သူအနိုင္က်င့္ခံေနရျပီဆိုတာပဲ။
အနီးစပ္ဆုံးြဖစ္တဲ့ ဖက္တီးကို ေတြးြကည့္မိသည္။ သူလည္း
မြဖစ္နိုင္ဘူး အဲ့ေကာင္က ငေြကာက္ေကာင္ေလ။ ဒါေပမယ့္
သူနဲ့ ရန္စရွိတဲ့သူလည္း မရွိတာမို့ စဉ္းစားရြကပ္သြားခဲ့ပါသည္။
တံခါးကိုထုရိုက္ျပီး ဘယ္ေလာက္ပဲ အကူညီေတာင္းပါေစ
ေနာက္ဆုံး သူသာ အားပ်က္ျပီး အသံမထြက္နိုင္တဲ့အထိ ြဖစ္သြားခဲ့ရသည္။ ထို့ေနာက္မွာေတာ့ တံခါးကိုမွီျပီး ထိုင္ခ်လိုက္တယ္။
ကိုကို လာရွာေလာက္မွာပါ...။ ဟုတ္တယ္..ကိုကို ငါ့ကိုပစ္ထားမွာ မဟုတ္ဘူး။ ဘာလို့ဆို.. ကိုကိုက ငါ့ကိုသိပ္ခ်စ္တာေလ။
ေက်ာင္းတက္တဲ့အခ်ိန္ကေန မုန့္စားေက်ာင္းဆင္းတဲ့အထိ
ျပန္မလာတဲ့ ေသာ္ဒီထူးဟန္ေြကာင့္ ဖက္တီးတစ္ေယာက္
ေခါင္းခဲျပီး ြကံရာမရတဲ့အဆုံး ဆယ္တန္းေဆာင္ဘက္ကို
လစ္ခဲ့လိုက္တယ္။ သြယ္တို့ သူငယ္ခ်င္း၃ေယာက္က ဖက္တီးကို
ျမင္ေတာ့ လန့္သြားြကေပမယ့္ ခ်က္ခ်င္းဟန္မပ်က္ျပန္ြဖစ္
သြားြကတယ္။
"ကိုြကီးဩဂတ္!!
မင္းသြင္နဲ့ စကားေျပာေနတဲ့ ဩဂတ္က လွည့္ြကည့္လာသည္။
အခုမွမုန့္စားေက်ာင္း ဆင္းတာမို့ အျပင္မထြက္ရေသးပါ။
သြယ့္ကို မုန့္စားေက်ာင္းဆင္းတာနဲ့ မုန့္လိုက္ေက်ြးဖို့ရာ ကတိ
ေပးထားခဲ့သည္။ သူတို့နွစ္ေယာက္ဆက္ဆံေရးကို ခဏေလာက္
လ်ို့ဝွက္ထားခ်င္ေပမယ့္ သိမ့္တို့လက္ခ်က္ေြကာင့္ လူေတြ
အမ်ားြကီး သိကုန္သည္။ သူစိတ္ဆိုးေတာ့ သြယ္ကေတာင္းပန္
လာသည့္အခါ ေယာက္်ားတန္မဲ့ မာနမထားခ်င္၍ သြယ့္ကို
ခြင့္လြွတ္ေပးလိုက္သည္။
"ေမာင္!! သြယ္တို့မုန့္သြားစားရေအာင္"
အရင္က လ်ို့ဝွက္ခဲ့လို့ အတန္းထဲေရာက္ရင္ နီးနီးကပ္ကပ္
မေနရဲတဲ့ သြယ္က ဆက္ဆံေရးကို အားလုံးေရွ့ခ်ျပျပီးေနာက္
ေပါ္တင္စြာ လက္တြဲသြားဖို့ရာ ယုံြကည္ခ်က္ရွိလာသည္။
"သိမ့္တို့လည္း လိုက္မယ္ေနာ္ ဩဂတ္"
သြယ္က ဩဂတ္ကို အျမန္ဆြဲထုတ္သြားခ်င္ေပမယ့္ ဩဂတ္ရဲ့
အာရုံက ဖက္တီးဆီမွာပဲရွိေနသည္။
"ဘာြဖစ္လို့လဲ!!
"ဟို... ေသာ္ဒီထူးဟန္ေလ"
ညီညီအေြကာင္း ြကားရတဲ့အခါ လူက ဆတ္ခနဲတုန္သြားသည္။
"ညီညီဘာြဖစ္လို့လဲ"
"ေက်ာင္းမတက္ခင္တည္းက ေပ်ာက္သြားတာ အခုထိ
ျပန္မလာေသးဘူး ကိုြကီးဩဂတ္.."
ဩဂတ္ ေခါင္းြကီးသြားရသည္။ ဆိုလိုတာက ညီညီက
စာသင္ခ်ိန္ တစ္ခ်ိန္လုံးေပ်ာက္ေနခဲ့တာေပါ့။
"ညီ ေပ်ာက္ေနတယ္ ဟုတ္လား"
"ဟုတ္တယ္ဗ် ဘာလုပ္ရမွန္းမသိေတာ့လို့ ကိုြကီးဩဂတ္ဆီ
လာခဲ့တာ "
ဩဂတ္ ဖက္တီးရဲ့ ပုခုံးနွစ္ဖက္ကို ဆုပ္ကိုင္လိုက္ျပီးဖက္တီးနဲ့
အြကည့္ခ်င္းဆုံလိုက္သည္။ ဒီလိုဆိုေတာ့ အစကတည္းက
သူ့လက္ကို မွီတြဲထားတဲ့ သြယ္က အေနာက္ေရာက္သြားသလိုပင္။ သူမ ဩဂတ္ကိုမယုံနိုင္သလို ေဆြးေျမ့စြာ မ်က္ရည္ဝဲဝဲနဲ့
ြကည့္ေပမယ့္ ဩဂတ္ကေတာ့ သူမကို တစ္ခ်က္ေတာင္မြကည့္။
ခုနကမွ မုန့္လိုက္ေက်ြးဖို့ စိတ္ထားထက္သန္ေနတဲ့ ေမာင္က
အခုက် သူမဟုတ္သလိုပင္။
"ညီ ဘယ္သြားေသးလဲ မင္းေသခ်ာစဉ္းစား!!!
ဖက္တီးက တစ္စုံတစ္ခုကို ေသခ်ာစဉ္းစားလိုက္ျပီး ခဏေနမွ
ေသာ္ဒီအတန္းထဲက ထြက္မသြားခင္ အိမ္သာကို သြားမယ့္အေြကာင္း ေျပာခဲ့တာကို မွတ္မိသြား၏။
"ဟုတ္သားပဲ သူထြက္မသြားခင္က အိမ္သာသြားမယ္လို့
က်ြန္ေတာ္ကို ေျပာခဲ့တာ"
"ဘာြဖစ္လို့လဲ ဩဂတ္!!
"ငါ့ညီ ေပ်ာက္ေနလို့ စာသင္ခ်ိန္ တစ္ခ်ိန္လုံး ျပန္မလာဘူးတဲ့"
ဩဂတ္မ်က္နွာက သူ့ညီကို ဘယ္ေလာက္ထိ စိတ္ပူေနေြကာင္း
အထင္းသား ေပါ္ေနခဲ့တာမို့ မင္းသြင္ မေနာက္ရဲ။
"အိမ္သာဘက္ သြားြကည့္ရေအာင္!!
ေျပာလည္းေျပာ ဩဂတ္က ဦးစြာ အိမ္သာဘက္ကိုသြားဖို့ရာ
အတန္းထဲကေန ထြက္လာလိုက္သည္။ စိတ္ေလာေနြခင္းမို့
အေနာက္မွာ ဘယ္သူေတြ လိုက္လာတယ္ မလိုက္လာဘူးဆိုတာ
သတိမထားမိေတာ့။
အိမ္သာဘက္ကို ေရာက္ေတာ့ လူသူကင္းမဲ့ေနျပီး တစ္ေယာက္မွ
မေတြ့ရ။ ေယာက္်ားေလး အိမ္သာက ၄လုံးရွိေနတာပင္။
ထိုအထဲက ၃လုံးက တံခါးပြင့္ေနျပီး ၁လုံးကေတာ့ ပိတ္လ်က္
ရွိေန၏။ ထို့အျပင္ ၊ အျပင္ကေနပါ ေလာ့ခ္ခ်ထားခဲ့သည္..။
"ညီ!! အထဲမွာရွိလား"
သူေခါ္ေသာ္လည္း ျပန္ေြဖသံမြကားရ။ တံခါးဖြင့္လိုက္ေသာ္လည္း
တံခါးက ညွပ္ေနပုံရသည္။ ညီ့သံလည္း မြကားရသလို တံခါးကို
ဘယ္လိုမွ ဖြင့္လို့မရ။ ေနာက္ဆုံး အားကုန္သုံးကာ ေြခေထာက္နဲ့
ေဆာင့္ကန္ ဖြင့္လိုက္ေတာ့မွ တံခါးပြင့္သြားခဲ့ပါသည္။
ထိုအခါ ျမင္လိုက္ရတဲ့ ျမင္ကြင္းေြကာင့္ ဩဂတ္လန့္သြားရသည္။
ေရာက္လာျပီြဖစ္တဲ့ မင္းသြင္နဲ့ဖက္တီးလည္း လန့္သြားြကပါ၏။
ေသာ္ဒီထူးဟန္က တစ္ကိုယ္လုံး ေရေတြရြွဲေနျပီး အထဲမွာ
သတိလစ္ေနတာလား အိပ္ေပ်ာ္ေနတာလား မသည္းကြဲစြာြဖင့္
လဲက်ေနခဲ့ပါသည္။
"ညီ!!!
ေရေတြရြွဲေနတဲ့ ညီ့ကို ေပြ့ဖက္လိုက္ေတာ့ ေပ်ာ့ေခြစြာရယ္
သူ့လက္ထဲမွာ ပါလာခဲ့သည္။ ထိုအခါ ေသာ္ဒီမ်က္လုံးတို့က
ြဖည္းညွင္းစြာ ဖြင့္လာျပီး သူ့ကိုေတြ့ေတာ့ ငိုခ်င္သေယာင္
ြဖစ္ေနတဲ့ သူ့မ်က္နွာကို ခပ္ဖြဖြကိုင္သည္။
"ကိုကို!!!
"ညီ ဘာြဖစ္ခဲ့တာလည္းကြာ"
"ေနာက္ဆုံးေတာ့ ကိုကို က်ြန္ေတာ့္ကို ရွာေတြ့သြားခဲ့ျပီပဲ"
ေျပာျပီးေနာက္ ျပန္သတိလစ္သြားခဲ့ပါ၏။ ထို့ေနာက္မွာေတာ့
ညီ့ကို ေက်ာင္းေဆးခန္းကိုသာ ေပြ့ေခါ္လာလိုက္ရသည္..။
ညီ အိမ္သာထဲမွာ အပိတ္ခံထားရတယ္ဆိုတဲ့ သတင္းကလည္း
တစ္ေက်ာင္းလုံးျပန့္နွံ့သြားခဲ့ျပီး ဒယ္ဒီနဲ့ရင္းနွီးတဲ့ ေက်ာင္းအုပ္ကလည္း ဒယ္ဒီဆီကို ခ်က္ခ်င္းဖုန္းဆက္တိုင္သည္။
သူ့သားငယ္ေလး အခုလိုြဖစ္ေတာ့ ဒယ္ဒီေရာ ေဖေဖကပါ
ေက်ာင္းအုပ္ကို တာဝန္ယူေြဖရွင္းခိုင္းသည္။ ေက်ာင္းအုပ္ကလည္း အိမ္သာမွာ CCTV တပ္ထားတယ္ ဘာညာနဲ့
ေျပာလိုက္မွ ဒယ္ဒီျငိမ္သြားခဲ့ပါသည္..။
ထို့ေနာက္မွာေတာ့ ထြက္လာတဲ့ သတင္းက ဩဂတ္ကို
မယုံြကည္နိုင္ေအာင္ ြဖစ္ခဲ့ရသည္။ သိမ့္နဲ့ ြဖူစင္က ညီ့ကို
အျပင္ကေန တံခါးေလာ့ခ္ခ်ျပီး အေပါ္ကေန ေရေလာင္းခ်တာကလည္း သူတို့ပင္။ ဒါေပမယ့္ သူ့ကို ပိုအံ့ဩေစတာက အဲ့ဒီ
ြဖစ္ရပ္တစ္ခုလုံးကို သူ့ခ်စ္သူြဖစ္တဲ့ သြယ္က ဒီအတိုင္းျငိမ္ျငိမ္ေလး ရပ္ြကည့္ေနခဲ့ျပီး တားျမစ္ြခင္းလည္း ရွိမေနခဲ့တာပင္။
ဒါေြကာင့္ ဆယ္တန္းဘက္ကို ေရာက္လာတဲ့ ဖက္တီးကို
ျမင္ေတာ့ လွုပ္လွုပ္ရွားရွား ြဖစ္သြားခဲ့တာက မထူးဆန္းေပ။
CCTV ကို ဒယ္ဒီက သူမယုံမွာစိုးလို့ သူ့ကိုပါ ေခါ္ျပတာမို့
ဩဂတ္ ငိုင္က်သြားရသည္။ သြယ္နဲ့ကိစ္စကို ဒယ္ဒီဆီဖြင့္ေျပာဖို့
စီစဉ္ခဲ့သမ်ွ အခု ဘယ္လိုလုပ္ရေတာ့မလဲ။
ေသာ္ဒီကိစ္စေြကာင့္ ၃ေယာက္လုံး ၁၅ရက္ေလာက္ ေက်ာင္းနား
လိုက္ရသည္။ ဒီရက္ေတြမွာ သြယ္နဲ့ သူက အဆက္သြယ္
မျပတ္ရွိေနြကျပီး သြယ္ကလည္း သူ့လုပ္ရပ္အတြက္ ခဏခဏ
ေတာင္းပန္ခဲ့ပါသည္။ ဒါေပမယ့္ တကယ္တမ္း ေတာင္းပန္ခံရမယ့္ လူက သူမဟုတ္ပဲ ညီညီဆိုတာကို ေျပာလိုက္ေတာ့
ခဏစဉ္းစားျပီးေနာက္မွာ သြယ္က သူေက်ာင္းျပန္တက္ရတဲ့ေန့မွ
ညီ့ကို လူခ်င္းေတြ့ကာ ေတာင္းပန္မယ္ဟု ဆိုလာခဲ့သည္။
.....................
"မမသြယ္ က်ြန္ေတာ့္ကို ဘာလို့မုန္းေနရတာလဲ.."
ေသာ္ဒီစကားေြကာင့္ ဆြံ့အ ေြကာင္အမ္းသြားျပီးေနာက္ သူမရဲ့
မ်က္နွာမွာ ေဒါသအရိပ္တို့ ထင္ဟပ္လာသည္။ ဩဂတ္ေရာ
မင္းသြင္သာ မက ဖက္တီးပါ ရွိေနေသာ္လည္း သူမ ဘာကိုမွ
ဂရုမစိုက္ေတာ့။ ဒီေန့ေတာ့ သူမရင္ထဲက ျပဿနာေတြကို အျပီး
ေြဖရွင္းရမယ္လို့ ဆုံးြဖတ္ထားသည္။
ဟင္းဟင္း မင္းက ဘီလူးဆိုင္း တီးေတာ့လည္း ငါက ဘီလူးက
'က'ျပရေသးတာေပါ့။
"အဲ့ဒါ ငါကမင္းကိုေမးရမွာ ေသာ္ဒီထူးဟန္"
"ဗ်ာ"
ေသာ္ဒီနားမလည္သလိုေလး ေြကာင္အမ္းအမ္းြဖစ္သြားေတာ့..
"အျပစ္ကင္းခ်င္ေယာင္ မေဆာင္စမ္းပါနဲ့ မင္းကို ငါက
ေမာင့္ညီေလးမို့ ညွာေနခဲ့တာ သိပ္ေရာင့္တက္မလာနဲ့"
"အစ္မလည္း ေဇာင္းြကြမလာပါနဲ့!!!
ေသာ္ဒီမ်က္နွာဖုံးက ကြာက်လာခဲ့သည္မို့ ဩဂတ္မ်က္နွာကို
သူမ လွမ္းြကည့္ရင္း ျပုံးလိုက္ေတာ့သည္။ နွစ္ေယာက္ြကားက
တင္းမာတဲ့ ေလထုေြကာင့္ ဘယ္သူမွ ဝင္မပါရဲြက။ ဩဂတ္
တစ္ေယာက္ကသာ ထိုင္ရာက ထရပ္လိုက္ျပီး ြကားဝင္ဖို့
ြကိုးစားသူပင္။
နွစ္ေယာက္လုံးကို ေတြ့ေပးလိုက္ရင္ နားလည္မွုရျပီး အဆင္ေျပ
နိုင္မယ္လို့ သူထင္ခဲ့မိတာေြကာင့္ ေတြ့ေပးလိုက္ရြခင္းသာ..
"သြယ္!!!
သူေျပာဖို့ ပါးစပ္ျပင္ျပီးမွ သြယ္က လက္ကာတားလာရင္း..
"ေမာင္ ဝင္မေျပာနဲ့ သြယ္ေျပာမယ္ ဒီေန့ ေမာင့္ညီရဲ့
မ်က္နွာဖုံးကို ခြာခ်ျပမယ္ ေစာင့္ြကည့္ေနလိုက္"
ဩဂတ္က ေတြခနဲြဖစ္သြားျပီး ေသာ္ဒီက မ်က္ခုံးခပ္သာသာ
ပင့္တယ္။ သူ့မွာ မ်က္နွာဖုံးက တစ္ခုထဲမွ မဟုတ္တာ မမသြယ္က ဘယ္မ်က္နွာဖုံးကို ခြာခ်မယ္လို့ ေျပာတာလည္းမသိ။
"ေသာ္ဒီထူးဟန္"
"ေျပာပါ မမသြယ္"
"ေမာင္နဲ့ငါက မင္းနဲ့အရင္မသိခင္တည္းက ေတြ့လာြကတာ
ခ်စ္သူေတြ ြဖစ္ြကေတာ့လည္း နွစ္ေယာက္ြကားမွာ ဘာျပဿနာမွ မြဖစ္ဖူးဘူး မင္းနဲ့ ေတြ့ေတာ့မွ ျပဿနာေတြ တစ္ခုျပီးတစ္ခု
ေပါ္လာခဲ့တာ မင္းမနာလိုေနတာ မဟုတ္လားဟမ္"
ေသာ္ဒီမ်က္နွာက တင္းခနဲြဖစ္သြားရင္း
"ဘာကို မနာလိုရမွာလဲ အစ္မ ဘာကိုဆိုလိုခ်င္တာလဲ"
"ဟြန္း!! ေမာင့္ရဲ့ ဂရုစိုက္မွုေတြကို ငါနဲ့အတူမမ်ွေဝခ်င္တာေလ
ဟုတ္တယ္မလား"
ေသာ္ဒီမ်က္နွာကြက္ခနဲ ပ်က္သြားသည္။ ကိုကို့ဂရုစိုက္မွုေတြကို
မမသြယ္နဲ့ မမ်ွေဝခ်င္တာက အမွန္ပင္။ အရင္တုန္းကဆို
သူ့မွာ ေဖေဖပဲရွိခဲ့တာမို့ အဲ့တုန္းကလည္း ေဖေဖက တစ္ြခားသူကို အေရးလုပ္တာမ်ိုး ဂရုစိုက္ျပတာမ်ိုး သူ့ေရွ့မွာ သူမ်ားကို
ခ်ီးက်ူးျပတာမ်ိုးကို လုံးဝ မြကိုက္ေပ။
"သြယ္!! ဘာေတြေျပာေနတာလဲ ညီ့ကိုေတာင္းပန္မယ္ဆိုလို့
ေမာင္ေခါ္လာခဲ့တာေနာ္"
ထိုအခါ ျမွားဦးက ေသာ္ဒီဆီကေန ဩဂတ္ထံလွည့္လာသည္။
"ေမာင္လည္း သိတယ္မလား ေမာင့္ညီက အဲ့လိုဆိုတာ!!!
ဩဂတ္ အံြကိတ္ပစ္လိုက္သည္။ ေဖေဖေလး ေျပာျပလို့
ညီ့အေြကာင္း သိသင့္သေလာက္ေတာ့ သူသိပါသည္။ ထိုအထဲမွာ
ေသာ္ဒီထူးဟန္ဆိုတဲ့ ကေလးက သူကလြဲျပီး ဘယ္သူ့ကိုမွ
ခ်စ္ျပတာ ဂရုစိုက္ျပတာ မြကိုက္ဘူးဆိုတာလည္း ပါဝင္သည္။
"အခု ေမာင့္ကို ေရြးခ်ယ္ခိုင္းမယ္ သြယ္လား ေမာင့္ညီလား"
ဩဂတ္ သြယ့္မ်က္နွာအား ြကည့္လိုက္သည္။ မြကိုက္ဘူးလို့
ေျပာထားတဲ့ ကိစ္စအား ေကာက္လုပ္လိုက္သည့္ သြယ့္မ်က္နွာမွာ
သတ္တိတစ္ခ်ို့အား ေတြ့ရသည္။ သြယ္ကို ြကည့္လိုက္ေတာ့
သြယ္က သူ့အေြဖကို ေစာင့္ေမ်ွာ္ေနတဲ့ ခိုကိုးရာမဲ့ေနပါေသာ
မိန္းမငယ္ေလးနဲ့ တူေနေသး၏။ ညီ့ကို ြကည့္လိုက္ေတာ့လည္း
မ်က္ရည္အဝိုင္းသားြဖင့္ ြကည့္ေနခဲ့သည္မို့ သူ့ရင္ထဲဆူးနစ္
လာခဲ့ရသည္။
"သြယ္ ေမာင္ အဲ့လိုေတြ သေဘာမက်တာ သိတယ္မလား!!!
"ကိုကို!!!
ဩဂတ္ေရာ သြယ္ပါ ေသာ္ဒီမ်က္နွာကို ျပိုင္တူြကည့္လိုက္ြကသည္။
"ဟိုကတိကို မွတ္မိေသးလား ကိုကိုအရမ္းြကိုက္တဲ့ပစ္စည္းဆို
ညီနဲ့ မ်ွသုံးမယ္ဆိုတာေလ"
ဩဂတ္မ်က္နွာ ကြက္ခနဲပ်က္ရသလို သြယ္ကလည္းခပ္ေတြေတြ
ြဖစ္သြားရသည္။
"မင္း ဘာအဓိပ္ပာယ္လဲ "
"ကိုကိုက အစ္မကို ဘာမွမေျပာရေသးဘူးထင္တယ္!!!
"ညီ!!!
အံြကိတ္ရင္း ေခါ္တဲ့ ကိုကို့အသံကို သူလစ္လ်ူရွုထားလိုက္သည္။
အစ္မက သူနဲ့စာရင္းရွင္းခ်င္မွေတာ့ သူကလည္း ဘာြဖစ္လို့
ထိပ္တိုက္မေတြ့ရဲရမွာလဲ။
"ကိုကို့အိမ္ကို က်ြန္ေတာ္စေရာက္တဲ့ ေန့တုန္းက ကိုကိုက
သူအြကိုက္ဆုံး ပစ္စည္းကို က်ြန္ေတာ္နဲ့မ်ွျပီး သုံးမယ္လို့
ေျပာထားခဲ့တာ လူပဲြဖစ္ြဖစ္ ပစ္စည္းပဲြဖစ္ြဖစ္"
"ဘာ!!!
"ညီညီ!! ေတာ္ေတာ့ ဆက္မေျပာနဲ့"
"ကိုကို ကတိဖ်က္ခ်င္တယ္လို့ မေျပာနဲ့ေနာ္"
ဒီတိုင္းေျပာလိုက္တဲ့စကားက ညီ့အတြက္ မေမ့နိုင္စရာ
ကတိတစ္ခုြဖစ္ေနမွန္း ဩဂတ္မေမ်ွာ္လင့္မိတာအမွန္။
သြယ္နဲ့ ညီ့ြကားမွာ ဩဂတ္တစ္ေယာက္ စိတ္ေတြအိုက္လာရသည္။
"အခု ေမာင္ေရြးခ်ယ္!! ေမာင့္ညီလား သြယ့္ကိုလား
ေမာင့္ညီကိုေရြးရင္ေတာ့ သြယ္နဲ့ လာမပတ္သတ္နဲ့ေတာ့
အကယ္၍ သြယ့္ကိုေရြးရင္ေတာ့ ဟင္းဟင္း!!! ေမာင့္မွာ
ညီတစ္ေယာက္ရွိတယ္ဆိုတာ ေမ့လိုက္ေတာ့'
"အစ္မ!! ကိုကို့ကို ဒီလိုေျပာတာ မေကာင္း!!!
ေြဖာင္း!!!
ေသာ္ဒီပါးတစ္ဖက္က ထူပူသြားသည္။ တစ္သတ္လုံး အနမ္းပဲခံလာရျပီး အခုမွ ပထမဆုံးအြကိမ္အရိုက္ခံရဖူးတာမို့ အသားေတြ
တဆတ္ဆတ္ တုန္လာေသာ္လည္း ေသာ္ဒီဘယ္လိုတုန့္ျပန္ရမွန္း
မသိေပ။ ဩဂတ္ကလည္း သူ့နည္းအတူ ထိတ္လန့္ပူထူသြားခဲ့ပါသည္။ သူ သြယ့္အေြကာင္းကို သိသေလာက္ သြယ္က ဒီလို
လုပ္မယ့္မိန္းမ ၊ မဟုတ္ဘူးလို့သာ မွတ္ထင္ခဲ့ဖူးသည္။
"ပုလဲသြယ္!!!
"ေမာင့္ညီက အသက္ကသာ၁၃နွစ္ သြယ္တို့ြကားမွာ အရမ္းကိုမွ
လူရာဝင္ခ်င္ျပီး လိုက္ေမြွေနတာေလ အဲ့ေန့က သိမ့္တို့ကသာ
အိမ္သာတံခါးေလးပိတ္ရုံပိတ္ခဲ့ျပီး ညွာလိုက္တာ သြယ္သာဆို
ဒီထက္ ပိုလုပ္ပစ္မိမွာပဲ ဆုံးမမဲ့ အေမမရွိလို့ ရိုင္းစိုင္းေနတာပဲ
သြယ္က သူ့ကိုပစ္သြားတဲ့ အေမ့အစား ဆုံးမေပးလိုက္တာေလ"
ေြဖာင္း!!!!!
ေမာင့္ရဲ့ရိုက္ခ်က္ေြကာင့္လား ရွက္စိတ္ေြကာင့္လားေတာ့မသိ။
တစ္ခါမွ အရိုက္မခံရဖူးတဲ့ ပါးက ထူပူျပီး နီရဲသြားခဲ့ပါသည္..။
သူအျမတ္တနိုးနဲ့ နမ္းဖူးတဲ့ပါးကို ရိုက္မိတဲ့အတြက္ ဩဂတ္
ကိုယ္တိုင္လည္း ဘာြဖစ္လို့ြဖစ္သြားမွန္းမသိပဲ သြယ့္ကိုြကည့္လိုက္ စိတ္လိုက္မာန္ပါ ရိုက္မိတဲ့ သူ့လက္သူ ျပန္ြကည့္လိုက္နဲ့
ဩဂတ္ ငိုင္က်သြား၏။
အနားမွာရွိတဲ့ မင္းသြင္ကလည္း ဩဂတ္ရဲ့ အျပုမူေြကာင့္
အလန့္တြကားထရပ္ကာ ြကက္ေသ၊ ေသေနမိေတာ့သည္။
တကယ္ဆို ခ်စ္သူေတြမဟုတ္ြကဘူးဆိုရင္ေတာင္ သူငယ္ခ်င္း
သံေယာဇဉ္က ရွိေနေသးတာကို ဩဂတ္ ရိုက္ရက္တာ
ျမင္ေနရလို့သာမဟုတ္ရင္ ယုံခ်င္စရာ တစ္စက္မွမရွိ။
"တစ္သက္လုံး သိလာတဲ့ သြယ္က မေန့တစ္ေန့ကမွ
သိခဲ့ဖူးတဲ့ေကာင္နဲ့ ယွဉ္လို့မရဘူးေပါ့ ဟုတ္လား ေမာင္!!!
အရိုက္ခံရတဲ့ ပါးကိုလက္နဲ့အုပ္ကိုင္ျပီး သြယ္ မ်က္ရည္ေတြ
ပိုးပိုးေပါက္ေပါက္က်ရသည္။ သူမရဲ့အခ်စ္ဦးက ေမာင္ြဖစ္ခဲ့ေပမယ့္ ေမာင့္အခ်စ္ဦးကေတာ့ သူမ ြဖစ္ဟန္မတူ။ တကယ္ဆို
ေမာင္နဲ့တြဲေနတဲ့အေြကာင္းအား သူမရဲ့ မိဘေတြကို အသိေပးထားျပီးျပီ ြဖစ္သည္။
"သြယ္!!! ေမာင္က!!
"လမ္းခြဲြခင္း သက္ေသအေနနဲ့ ပါးရိုက္ခံရတယ္လို့ပဲ
သြယ္ သတ္မွတ္လိုက္မယ္"
သူ့မ်က္လုံးေထာင့္စြန္းေလး နွစ္ဖက္မွာ စိုစြတ္သြားရပါ၏။
တစ္ခ်ိန္တုန္းက သူအျမတ္တနိုး နမ္းဖူးတဲ့ ပါးျပင္နုနုအား
အခုကဲ့သို့ ရက္ရက္စက္စက္ ရိုက္ရလိမ့္မယ္လို့ မထင္မိတာ
အမွန္ပဲြဖစ္သည္။
သူဟာ ထိုမိန္းမငယ္ေလးရဲ့ ေနာက္ေက်ာျပင္ေလးကိုသာ
နာက်င္စြာ ေငးရင္း က်န္ရစ္ခဲ့ပါေတာ့သည္။
[text_hash] => 7d90ddce
)
What do you think?