Chapter 7: ၇

Array
(
[text] =>

ချစ်သူတစ်ယောက် ကောက်ရထားသည် {အခန်း ၇}

"မင်းလုပ်တာ အရမ်းလွန်တယ် ဩဂတ်"

မင်းသွင်မှာ အတန်းထဲ ခပ်စောစော တစ်ယောက်ထဲထိုင်နေတဲ့

ဩဂတ်အနားကို လျှောက်သွားကာ ထိုသို့ဆိုလိုက်မိသည်။

သွယ်ဆိုတာက သူ့ချစ်သူ မိန်းကလေးမဟုတ်လား အခုလိုမျိုး

ရိုက်လိုက်တော့ တစ်ဖက် မိန်းကလေးက ဘယ်လောက်ထိ

ရှက်သွားလိမ့်မလဲ။

"ဒါဆို ငါ ဘာလုပ်ရမှာလဲ မင်းအမြင်မှာ ငါ့လုပ်ရပ်ကလွန်တယ်ပေါ့ ဟုတ်လား ဒါဆို သူငါ့ညီကို ရိုက်တာကျ မှန်တယ်ပေါ့

မင်းအဲ့လိုပြောချင်တာလား မင်းသွင်"

မင်းသွင် သကောင့်သားရဲ့ ပုံစံကိုကြည့်ပြီး သက်ပြင်းအသာချမိသည်။ သွယ့်ကို ‌ပါးရိုက်လိုက်တဲ့နေ့တည်းက ဒီကောင့်ပုံစံက

ငူငူငိုင်ငိုင်ကြီးဖြစ်နေပြီး သွယ်ကလည်း၃ရက်လောက် ကျောင်းကို

မလာခဲ့ပေ။ ရောက်လာပြန်တော့လည်း အရင်ကဆို ဩဂတ်အနားက မခွာတတ်တဲ့သွယ်က အခုဆို ဩဂတ်နဲ့အမှတ်မထင်

တွေ့ရင်တောင် အကြည့်ချင်းမဆုံတော့။

မင်းသွင်ကလည်း သွယ့်အကြောင်းသိသူမို့ သွယ်ကတကယ်ကြီး

ပြတ်နိုင်တာမဟုတ်ပဲ ဩဂတ်လာချော့မှာကို စောင့်နေတာမှန်း

ခန့်မှန်းမိသည်။ ခက်တာက ဩဂတ်..။ ဒီကောင့်အတွေးတွေကို

သူအစအဆုံး မသိသလို ခန့်လည်းမခန့်မှန်းတတ်။ အရင်တည်းက

ချော့လေ့မရှိတဲ့ကောင်ကို တရားချပြီး သွားချော့ခိုင်းရင်တောင်

‌မချော့ဘူး အောက်တယ်လို့ ပြန်ပြောခံရဦးမည်။

"ငါက သွယ်မှန်တယ်လည်း မပြောပါဘူး ဩဂတ်ရာ

အခုဟာက တစ်ဖက်သားက မိန်းကလေးဖြစ်တဲ့အပြင် မင်းရဲ့

ချစ်သူနော် !!

ဩဂတ် နားထင်ကိုလက်နဲ့အသာနှိပ်လိုက်သည်။ အဲ့နေ့တည်းက

သွယ်နဲ့သူ ဘာစကားမှမပြောဖြစ်ကြသလို အိမ်မှာဆိုလည်း

သူ့နားကော်လိုကပ်တတ်တဲ့ ညီညီ့အား ခပ်ခွာခွာ နေခဲ့ပါ၏။

ဒီတစ်ကြိမ်မှာ သွယ်လည်းမှားသလို ညီညီလည်း မှန်နေသူတော့

မဟုတ်ပေ။

"မင်း ညီတစ်ယောက် လိုချင်နေမှန်း ငါသိပါတယ် ဒါပေမယ့်

အဲ့လိုဆိုတိုင်း တစ်သက်လုံးသိလာခဲ့တဲ့ သွယ့်ကို ခွာလိုက်လို့

မရဘူးလေ နောက်ပြီး မင်းညီပြောတဲ့ စကားက ဘာသဘောလဲ

မင်းသူ့ကို ဘာကတိတွေ ပေးထားတာလဲ"

"ဘာကတိမှ မပေးထားဘူး ဒီတိုင်းပြောလိုက်တဲ့ စကားလေးပါ

ဒါကို ညီက တွေးချင်ရာ တွေးပြီး ကတိတစ်ခုလို့ ထင်သွားပုံပါပဲ"

ညီညီဒီလောက်ထိ တွေးထားမှန်း ဩဂတ်မသိခဲ့ပါ။ သူ့ရဲ့

ပုံစံကို မြင်တော့ မင်းသွင် တည်နေရာမှ ပြုံးသွားခဲ့ပြီး ပုခုံးပေါ်

လက်တင်လိုက်ကာ

"မင်း အခုတော့ ညီတစ်ယောက်ရှိရတဲ့ ဒုက္ခကို သိပြီမလားဟမ်

ငါ့ကို စာနာတတ်ပြီမလား"

စူးရှတဲ့ မျက်ဝန်းတစ်စုံက မင်းသွင်ဆီဒိုင်းခနဲကျရောက်သွားတာမို့

မင်းသွင်ခင်ဗျာ ဩဂတ်ပုခုံးပေါ်က သူ့ရဲ့လက်ကိုပါ ရုတ်သိမ်းလိုက်ရသည်။

"ငါ့ရဲ့ဒေါသတွေ မင်းအပေါ်စုပြုံကျသွားမယ်နော် မင်းသွင်"

တကယ်တော့ ဩဂတ်မှာ သူနဲ့သွယ် အခုလိုဖြစ်ရခြင်းရဲ့

တရားခံ ညီ့ညီ့အပေါ်၌ ဒေါသထွက်နေခဲ့ခြင်းဖြစ်သည်။ဒါပေမယ့်

ညီ့အပေါ်မှာ ဒေါသမထွက်ရက်တာမို့ ကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းရင်း အဲ့ဒီအစား ညီ့ကိုသာဥပေက္ခာပြုထားလိုက်ရသည်။ အဲ့လို

လုပ်ပါက ဒေါသတွေပြေမယ်ထင်ခဲ့သော်လည်း အခုထိ စိတ်မပြေသေးတာက ထူးဆန်းလှပါ၏။

"အေးကွာ.. ဘာမှ စိတ်မညစ်နေနဲ့ မင်းညီက မင်းကိုသူများနဲ့

မခွဲဝေချင်တာလေ ဒီလိုစိတ်က ငယ်စဉ်မှာတော့ ဘာမှပြဿနာ

မရှိပေမယ့် နောက်ကျရင် ပြဿနာအကြီးအကျယ်ရှိနိုင်တယ်နော်

မင်းလုပ်စရာရှိတာ လုပ်မှဖြစ်မယ်"

ဩဂတ် တွေခနဲဖြစ်သွားပြီး သက်ပြင်းချလိုက်သည်။ မင်းသွင်

ပြောတာလည်း မမှားပါ။ ဒါမျိုးတွေက ငယ်စဉ်မှာ သိပ်ပြဿနာ

မရှိပေမယ့် အရွယ်တစ်ခုကို ရောက်လာရင် သူ့ကိုယ်ရေးကိုယ်တာ ကိစ္စကို ဝင်စွက်ဖက်တာမျိူးတွေရှိလာနိုင်သည်။

နောက်ဆုံးမှာတော့ စိတ်ကိုတင်းရင်းနဲ့ပဲ သူဆုံးဖြတ်ချက်တစ်ခုကို

ချလိုက်ရသည်။

"ငါဘာလုပ်သင့်လဲ မင်းသွင်"

ထိုအခါ မင်းသွင်က ဆရာကြီးစတိုင်နဲ့ မျက်မှန်လေးကိုတစ်ချက်ပင့်သည်။ ပြီးမှ

"ဘာမှလုပ်စရာ မလိုဘူး ပစ်ထားလိုက်ရင် ရပြီ သူ့အမှားသူ

သိတဲ့အချိန်ထိ ပစ်ထားလိုက်"

"အဲ့ဒါပဲလား!!!

"အေး!! ဒါပေမယ့် မင်းစိတ်ခိုင်မှ လုပ်နော် မပိုင်ပဲဘာမှ

သွားမလုပ်နဲ့"

"အင်း!!

ဩဂတ်ပုံစံက ချိတုံချတုံနဲ့ တကယ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပုံပင်။

ထိုအခိုက် အတန်းထဲကို ဝင်လာတဲ့ သော်ဒီထူးဟန်ကို မင်းသွင်

တွေ့ရတော့ အနည်းငယ်တော့ လန့်သွားရသည်။ သူတို့ပြောသမျှ

ဒီကောင်လေး ကြားသွားပြီလားလို့ ထင်နေတုန်းမှာပဲ သော်ဒီက

သူ့ကို အပြုံးနဲ့နှုတ်ဆက်တာမို့ ရှက်ကိုးရှက်ကန်းပြန်ပြုံးပြလိုက်ရသည်။

"ကိုကို!! ညီ ကိုကို့အတွက် မိုင်လိုဝယ်လာတယ်"

ကိုကို သူ့ကိုတစ်ချက်သာ ကြည့်ပြီး မျက်နှာပြန်လွှဲသွားတော့

အောက်နှုတ်ခမ်းကို ခပ်သာသာဖိကိုက်လိုက်မိသည်..။

"အစ်ကို့ကိုသာ ပေးခဲ့လိုက် မင်းကိုကို သောက်ချင်တဲ့ချိန်သောက်လိမ့်မယ်"

"ဟုတ်!!!

ရွေးချယ်စရာ မရှိတော့တာမို့ မိုင်လိုဗူးကို မင်းသွင်လက်ထဲ

ထည့်ခဲ့ပြီး ကိုကို့အား လှည့်ကြည့် လှည့်ကြည့်ဖြင့် ထွက်သွားလိုက်ရသည်။

"မင်းညီ ဝယ်လာတဲ့ မိုင်လိုကို သောက်လိုက်!!

"လွှင့်ပစ်လိုက်!!

မင်းသွင် မျက်မှောင်ကြုတ်ပြီး သကောင့်သားကို အလန့်တကြား

ကြည့်လိုက်သည်။ မျက်နှာထက်မှာ ခံစားချက်တွေကင်းမဲ့နေတာက လွဲလို့ ဘာမှမတွေ့ရ။

"ဘာလို့လဲ ကလေးက ဝယ်ပြီး တကူးတက လာပို့တာလေကွာ"

"အချိန်တစ်ခုထိ ဥပေက္ခာပြုရမယ်လို့ မင်းပဲပြောထားတာ

မဟုတ်ဘူးလား"

မင်းသွင် ပါးစပ်အဟောင်းသားဖြစ်ပြီး ဩဂတ်ကိုထူးဆန်းထွေလာ

သတ္တဝါတစ်ကောင်လို ငေးကြည့်နေမိသည်။

"မဟုတ်!!! မင်းဟာက မြန်လွန်းအားကြီးတယ် အခုချက်ချင်း

လုပ်ဖို့ လိုလို့လားကွာ"

"လိုတယ်!!!

အဲ့ဒီနောက် မင်းသွင်လက်ထဲက မိုင်လိုဗူးကို ဆွဲယူလိုက်ပြီး

သူ့ဘေးက ပြတင်းပေါက်အပြင်ဘက်ကို လှမ်းပစ်လိုက်သည်။

ထိုအချိန်မှာပဲ သွယ်နဲ့ သူ့သူငယ်ချင်းနှစ်ယောက် ဝင်လာကြသည်။ သူနဲ့သွယ် အကြည့်ချင်းဆုံသွား၏။ ထို့နောက် နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် မကြည့်ချင်စွာမျက်နှာ

လွှဲလိုက်ကြသည်။

စာသင်ချိန် ရောက်တော့ ဩဂတ် ပြင်ပက ပြဿနာတွေအကုန်လုံးကို မေ့သည်အထိ စာလုပ်ရင်းနဲ့ အလုပ်တွေရှုပ်ပစ်လိုက်သည်။ မုန့်စားကျောင်းဆင်းတော့လည်း အတန်းထဲက

မထွက်။ ညီညီ သူ့ကို လာခေါ်တာကိုပင် အရေးတယူမရှိတော့ပဲ

ရအောင်ရှောင်ပစ်သည်။

ပုံမှန် အိမ်ပြန်ချိန်တိုင်းမှာ အိမ်က ဒရိုင်ဘာ လာကြိုတတ်သည်မို့

အဲ့ဒီအချိန်တော့ သူညီညီကို ရှောင်လို့မရ။

"ကိုကိုသိလား ဒီနေ့ ဖက်တီးလေ အတန်းထဲက သဇင်ဦးဆိုတဲ့

ကောင်မလေးကို ဖွင့်ပြောတာ အငြင်းခံလိုက်ရတယ်လေ.."

ပြောလည်းပြော သူ့ဟာသူ တစ်ယောက်ထဲ ထရယ်သည်..။

သူ့ဟာသက ကိုကို့အတွက် ရယ်စရာမကောင်းဘူးဆိုတာ

သိသွားတဲ့ သော်ဒီက ရယ်နေတာကိုအရှိန်သတ်လိုက်သည်။

"ကိုကို!! ဒီည.. ညီ ကိုကိုနဲ့ လာအိပ်လို့ရမလား"

ကိုကို သူ့ကို ဘာစကားမှမပြောလာပဲ လစ်လျူရှုထားတဲ့အတွက်

သော်ဒီ မျက်ရည်ဝဲလာကာ ပြန်ငြိမ်သွားသည်..။ တကယ်ဆို

ကိုကို ဘာကြောင့်သူ့ကို လစ်လျူရှုထားသလဲဆိုတာ သူလည်း

သိပေမယ့်လို့ အဲ့ပြဿနာကို အစမဖော်ရဲ။

အရင်က ကိုကို့ရဲ့ အလိုလိုက်မှုတွေနဲ့ နေသားတကျရှိနေခဲ့သူမို့

ကိုကို့ရဲ့အခုလို ပုံစံက သူ့အတွက် စိမ်းသက်နေခဲ့ပါသည်။

.....................

"ကိုကို့အတွက် ညီညီကိုယ်တိုင် ပုစွန်ပြန်ခွာပေးထားတာ"

မသေမသပ်ခွာထားတဲ့ ပုစွန်တွေကိုကြည့်ပြီး ဩဂတ်နှာကစ်လိုက်သည်။

"ဟုတ်တယ် သား!! မင်းရဲ့ညီလေးက ထမင်းစားပွဲမှာထိုင်ကတည်းက သူ့ကိုကိုအတွက်ဆိုပြီး ပုစွန်ခွာပေးထားတာ"

ဘာမှမသိရှာတဲ့ ဒယ်ဒီက သူ့သားငယ်လေး လုပ်ပေးထားသမျှကို

ပြန်ပြောပြီး သဘောကျလို့မဆုံးပေ။

"ငယ်လည်း အံ့ဩနေတာ သိလား မန္တလေးမှာဆို ဒီကောင်က

သူများကို ပုစွန်ခွာပေးဖို့မပြောနဲ့ သူစားပြီးသား ပန်းကန်တောင်

ဆေးချင်တာ မဟုတ်ဘူး"

"ဖေဖေကလည်း ကိုကိုက သူများမှ မဟုတ်တာ"

"ဟုတ်ပါတယ် အဲ့ဒါက သားငယ်ရဲ့ ကိုကိုပါ!!!

ဩဂတ် ပုစွန်နှစ်ကောင်လောက်သာ စားပြီး ဒယ်ဒီစကားကြောင့်

တွန့်သွားသည်။ 'သားငယ်ရဲ့ ကိုကို'တဲ့လားး..

"မစားတော့ဘူးလား"

ရုတ်တရက်ထရပ်လိုက်တဲ့သူ့ကို ဒယ်ဒီကအံ့ဩသလိုလေး

မေးလာသလို ညီကလည်း မျက်တောင်လေးတဖျတ်ဖျတ်ခတ်ရင်း

ငေးကြည့်နေတာမို့...

"ရင်ခံနေလို့ပါ ဒယ်ဒီ.. ကျွန်တော် စာသွားလုပ်တော့မလို့"

ပြောပြီး တစ်ခါတည်းထွက်သွားတာမို့ ဦးအဂ္ဂမျက်မှောင်ကြုတ်ရသည်။

"သားက ဘာဖြစ်သွားတာလဲ ကိုကို!!

"ဟမ်!! ဘာမှမဖြစ်ပါဘူး ကျောင်းစာတွေလုပ်ရလို့

ပင်ပန်းနေတာပဲဖြစ်မှာ သူ့ကိုအချိန်ပေးလိုက်တာပေါ့.."

"အင်း"

လေးကန်ကန် ခြေလှမ်းတွေဖြင့် ဩဂတ် အခန်းဆီကိုပြန်လာလိုက်တယ်။

'သားငယ်ရဲ့ ကိုကို'တဲ့လား။

ဩဂတ် ဟက်ခနဲ အသံထွက်ရယ်လိုက်သည်။ သူက ဘယ်သူ့အတွက် သီးသန့်မျိုးမှ မဖြစ်ချင်မိရုံ။ အဲ့ဒီလို သီးသန့်ဆန်ရအောင်

ကျွန်တော်က အကန့်သတ်နဲ့ထုတ်ထားတဲ့ ထုတ်ကုန်တစ်ခုလားလို့ ဒယ်ဒီကိုရော ညီညီ့ကိုပါ မေးပစ်လိုက်ချင်သည်။

ဒေါက် ဒေါက်..

ခဏကြာပြီးနောက် အခန်းတံခါးခေါက်သံ နှစ်ချက်ကြားလိုက်ရတာမို့ တံခါးသွားဖွင့်ပေးတော့ အပြင်မှာရှိနေတာက ညီညီပင်..။

ညီညီက အခန်းရှေ့မှာ ခပ်ရို့ရို့လေး ရပ်နေပြီး တံခါးလာဖွင့်ပေးတော့ မျက်လုံးဝိုင်းလေးတွေနဲ့ ဘာအပြစ်မှ မလုပ်ထားသလိုမျိုး

မော့ကြည့်သည်။

ဇွတ်အပြစ်ကင်းနေတဲ့ ပန်းနုသွေးကောင်...

"ကိုကို ဒီည ညီညီ ဒီမှာအိပ်လို့ရလားဟင်!!

ထိုမျက်ဝန်းဝိုင်းတွေက အရည်တွေလဲ့တာ၍ သာမန်လူဆို

အရည်ပျော်ကျသွားနိုင်သည်။ သူတောင် ကျော့ကွင်းထဲ

ဝင်မိတော့မလိုပဲ။ စိတ်ကိုမနည်းတင်းခံနေလို့သာပေါ့....

"ငါတစ်ယောက်ထဲ နေချင်တယ်!!

"လုပ်ပါ ကိုကိုရယ် ညီတစ်ယောက်ထဲ မအိပ်ရဲလို့ပါ

အရင်ကလည်း ကိုကို့အခန်းမှာ အမြဲအိပ်နေကျလေ.."

"သွားတော့"

တံခါးကို ဂျိန်းခနဲ ပိတ်ချလိုက်ပြီးမှ ဩဂတ်ပါးပေါ် မျက်ရည်တွေ

စီးကျလာ၏။ ပုံမှန်ဆို စိတ်ခိုင်ပေမယ့် အခုမှ ဘာအတွက်

ငိုချင်နေမှန်းသူမသိ။ သွယ့်ကြောင့်မဟုတ်တာတော့ သေချာသည့်တိုင် သွယ်နဲ့ပြဿနာတတ်တိုင်း ငိုဖို့မပြောနဲ့ ဝမ်းနည်းစိတ်ပင်

မဖြစ်မိခဲ့ပါချေ။

"Good Night ကိုကို!!!

တိုးညှင်းသည့်အသံနဲ့ အခန်းရှေ့ကနေ ဝေးကွာသွားသည့် ညီရဲ့

ခြေသံတွေအား သူကြားရသော်လည်း....

Ring...Ring

ဖုန်းကိုထုတ်ကြည့်တော့ ခေါ်ဆိုသူက ဖွားဖွားမို့ မျက်ရည်တို့အား

ဖိသုတ်ရသည်။ ဖွားဖွားအိမ်ကို ညီညီနဲ့ သွားပြီးနောက် အကြောင်း အမျိုးမျိုးပြပြီး သူရှောင်ခဲ့တာဖြစ်သည်။

"ဟယ်လို ဖွားဖွား!!

'သွယ်နဲ့ ဘာဖြစ်ထားတာလဲ ဩဂတ်'

သွယ့်အကြောင်း မေးလာတော့ သူမျက်မှောင်ကြုတ်လိုက်မိတာအမှန်။

"ဘာဖြစ်လို့လဲ ဖွားဖွား သွယ်က ဘာပြောလို့လဲ"

'မင်း သူ့ကိုဖြတ်လိုက်တယ်ဆို'

"သွယ်က အဲ့လိုမျိုး ပြောခဲ့တာလား"

'ကျန်သေးတယ် ဟိုကောင့်အတွက်နဲ့ ဘာလို့ မြေးမလေးကို

ရိုက်ရတာလဲဟမ်'

ဖွားရဲ့ ဒေါသအသံကြောင့် ဩဂတ် ပိုလို့တောင် စိတ်တိုသွားသေး။

"အဲ့ဒါပဲလား ဖွားဖွား သူကရော ညီ့ကို ရိုက်ခဲ့တဲ့အကြောင်း

ဖွားကို မပြောပြဘူးလား"

ဖွားဘက်က နှုတ်ဆိတ်သွား၏။ သွယ် ဒီအကြောင်းကို မပြောခဲ့ပဲ

သူခံရတာတွေပဲ ပြန်ပြောခဲ့မယ်လို့ ထင်သားပဲ..။

အစက သွယ့်ကို ရိုက်မိတဲ့အတွက် သူကိုယ်တိုင်ကလည်း

စိတ်မကောင်းဖြစ်နေတာ အခု ဖွားပြောတဲ့အချိန်မှ သူသွယ့်ကို

ပိုလို့တောင် စိတ်ပျက်သွားရသည်။

'အို.. ဘာဖြစ်ဖြစ်ပေါ့ သွယ် အဲ့ကောင်ကို ရိုက်တာ

အဲ့ကောင်က လွန်လွန်ကျူးကျူး တစ်ခုခုလုပ်ထားလို့ပဲဖြစ်မှာ

ဖွားကတော့ ဖွားရဲ့မြေးမကို ယုံပြီးသား မင်းတို့ကို ဖွားက

ဟိုးငယ်ငယ်ကတည်းက သဘောတူထားတာနော် ဖြတ်လိုက်လို့

မရဘူး မနက်ဖြန် သွယ့်လိုချော့လိုက် ဩဂတ် မဟုတ်ရင် ငါ့ကို

အဖွားလို့လည်း မခေါ်နဲ့ ငါရှိတဲ့နေရာကိုလည်း မလာခဲ့နဲ့'

ဩဂတ် သက်ပြင်းချရသည်။ ပြီးမှ

"ဖွားသိလား ဖွားက ဒယ်ဒီပြောသလို သိပ်အတ္တကြီးတာပဲ"

ပြောပြီး ဩဂတ် ဖုန်းကိုချကာ စက်ပါပိတ်ထားလိုက်တော့သည်..။

ဖွားပြောမှပဲ သွယ်ဘယ်လောက်ထိ သဘောထားသေးသိမ်ကြောင်း သူသိရတော့တယ်။ ညီညီကတော့ သူအရိုက်ခံရတဲ့

အကြောင်းကို ဒယ်ဒီတို့ဆီပြန်မတိုင်ပဲ ‌အပြင်က ကိစ္စ အပြင်မှာသာ ထားခဲ့သည်။

ဒါပေမယ့် သူညီ့ကို မကျေနပ်။ သူက လူတစ်ဦးတစ်ယောက်

အတွက် သီးသန့်ထုတ်ထားတဲ့ ထုတ်ကုန်မဟုတ်ဘူးဆိုတာ

ညီ သိစေရမည်။

.....................

တစ်နေ့သော ကျောင်းဆင်းချိန်ဖြစ်သည်။ သော်ဒီ မျက်နှာထား

တင်းတင်းနဲ့ ကားပေါ်တက်မယ့် ကိုကို့လက်ကို အရဲစွန့်ကာ

ဆွဲထားမိပါသည်။ ဒရိုင်ဘာ ဦးသိန်းကလည်း သူတို့ရဲ့မဟန်တဲ့

အခြေနေကို ရိပ်စားမိပုံနဲ့ အပြင်ကိုထွက်ကာ အကဲခတ်နေသလို။

"ကိုကို့ရဲ့ ပြဿနာက ဘာလဲ"

"ဘာ!!

"ကိုကို ညီ့ကို မသိချင်ယောင်ဆောင်တာတွေ ရပ်ပေးလို့မရဘူးလား ညီတကယ်ဝမ်းနည်းတယ်နော် သိလားဟင် ကိုကို"

ရက်တော်တော်ကြာတဲ့အထိ မသိချင်ယောင်ဆောင်နေတာမို့

သော်ဒီ တကယ်ဝမ်းနည်းရသည်။ ကိုကို့ရဲ့ အခုလိုပုံစံက

သူ့ကို အသည်းခိုက်မတတ် နာကျင်စေတာ ကိုကိုမသိ။

"မင်းကြည့်ရတာ မလုံလောက်သေးဘူး ထင်တယ် သော်ဒီထူးဟန်"

"ဟင်!! ကိုကိုဘာကို!!!"

ဩဂတ် သူ့ကို ဆွဲထားတဲ့ လက်တစ်ဖက်ကို ခါထုတ်ပစ်လိုက်သည်။ ရက်အတော်ကြာတဲ့အထိ ဥပေက္ခာပြုထားတာတောင်

ညီက သူ့အပြစ်သူ သိပုံမရသလို တောင်းပန်တာတွေ ဘာတွေ

ဘာတစ်ခုမှ လုပ်ချင်ပုံမရ။

"ငါပြောတာ မကြားဘူးလား ငါဘာဖြစ်လို့ မင်းကိုအခုလိုတွေ

လုပ်နေမှန်း မင်းသိတယ် ဒါနဲ့များ ဘာလို့ မသိသလိုမျိုး

ဟန်ဆောင်နေရတာလဲ"

"မမသွယ်နဲ့ ကိုကို ပြတ်သွားလို့ ညီ့ကို စိတ်တိုနေတာလား "

မေးတော့ ဟုတ်၏ မဟုတ်၏ကို၊ ကိုကိုက ပြန်မဖြေ၍

ဒါ အမှန်ပဲလို့ သော်ဒီမှတ်ယူလိုက်သည်။

"ကိုကို့အထင် မမသွယ်က ကိုကိုနဲ့လိုက်တယ် ထင်နေတာလား

ကိုကိုလိုချင်ရင် တစ်ခြားလှတဲ့ မိန်းမတွေများ ပေါလို့ ကိုကိုရယ်

ညီ ပြန်ရှာပေးလို့ရတယ် ညီ့အကူညီမလိုဘူးဆိုလည်း ကိုကို့ဘာသာ ပြန်ရှာလို့ရသားပဲ.."

"..........."

"ကိုကို ပြန်ရှာလို့မရမှာ ဘယ်သူလည်း သိလား

ကျွန်တော် ကိုကိုရဲ့.. ကိုကို ကျွန်တော်ကိုပြန်ရှာချင်တိုင်း

ပြန်ရှာလို့ရမှာ မဟုတ်ဘူး"

ဩဂတ်မှာ ညီပြောသမျှတွေ နားထောင်ပြီး ဆွံ့အနေမိသည်။

ပစ်ထားခဲ့တဲ့ ဒီရက်တွေမှာ ညီတစ်ယောက် ဘာတွေ တွေးပြီး

ဘာတွေကြံနေလည်း မသိပေ။ အခုထိ အသိတရားမရသေးတဲ့

ညီ့မျက်နှာအား ကြည့်လျက် သူပိုပြီးစိတ်တိုရပါသည်။

ကြည့်ရတာ ညီက သူ့ကို သီးသန့်ထုတ်ကုန်လို့ထင်နေသေးတဲ့ပုံ။

"မင်း ကိုယ့်အပြစ်ကို မသိသေးတဲ့ပုံပဲ သော်ဒီထူးဟန်

မန္တလေးက အကျင့်တွေ အဲ့မှာပဲထားခဲ့ ငါ့ဆီမှာလာမသုံးနဲ့

နားလည်လား "

"ကိုကိုပဲ ကတိပေးထားတာ မဟုတ်ဘူးလား ကိုကိုအရမ်း

ကြိုက်တာဆို ညီနဲ့အတူ မျှသုံးမယ်ဆို ကိုကိုပြောခဲ့တာလေ"

"ငါ့စကားတိုင်းကို လိုက်ခံစားရင်တော့ ရူးသွားမှာပေါ့ သော်ဒီရဲ့"

"ကိုကို့!!!

ကိုကို့အား သော်ဒီအော်ပစ်ကာ မျက်ရည်တွေလည်း ပိုးပိုးပေါက်ပေါက် ကျလာသည်။

"ငါ့ရှေ့မှာ အဲ့အကွက်တွေ လာမသုံးစမ်းနဲ့ မင်းအပြစ်မင်း

မသိမချင်း ငါ့ကိုလာပြီး စကားမပြောနဲ့"

"ညီ မမှားဘူး ညီဘာမှ မမှားခဲ့ဘူး ကိုကိုကသာ မှားတာ

အဟင့်... ညီတစ်ယောက်ထဲ နေ့တိုင်း ညတိုင်းသိမ်ငယ်နေခဲ့တာ

ဒီအချိန်မှာ ကိုကိုက ညီ့ကိုအပြစ်ပြောမယ့်အစား ဖက်‌ထားပေးရင်း  ဝမ်းမနည်းရဘူးနော် ညီညီမမှားဘူးလို့ ပြောပေးရမှာလေ"

ပြောရင်း သော်ဒီ အော်ငိုတော့ ဩဂတ် လက်သီးကို တင်းကြပ်စွာ

ဆုပ်ထွေးလျက် အံကိုလည်း ကြိတ်လိုက်မိပါသည်။

"ကိုယ့်အကန့်နဲ့ကိုယ်နေ သော်ဒီထူးဟန် ငါ့ညီဖြစ်တာနဲ့ပဲ

ငါ့ကို အပိုင်ရပြီလို့ထင်နေတဲ့စိတ်ကိုလျှော့စမ်း!!မင်းက သိပ်တော် သိပ်တတ်နေတဲ့ကောင်

ဆိုတော့ ဒီနေ့ အိမ်ကို ခြေလျင်ပြန်ခဲ့ "

"ကိုကို!!!

"ချွတ်စမ်း အဲ့ဖိနပ်ကို!!

ပြောရင်းနဲ့ ခြေထောက်မှာရှိနေတဲ့ ခြေညှပ်ဖိနပ်လေးကို

ကိုကိုက ဆွဲချွတ်သည်။

"မလုပ်နဲ့!! မလုပ်ပါနဲ့ အဲ့ဒါ ကိုကိုပေးထားတာလေ.. အဟင့်

ညီ့အတွက် ကိုကို့ရဲ့ လက်ဆောင်ဆို!!

ဖိနပ်ဆွဲချွတ်ပြီးတာနဲ့ ထိုဖိနပ်တွေကို အဝေးလွှင့်ပစ်လိုက်သည်။

ဘယ်နား ကျလို့ကျသွားမှန်းတောင်မသိ။ ပြီးတာနဲ့ ကိုကိုက

ကားပေါ်တက်ဖို့ ပြင်နေတာမို့ ကိုကို့လက်ကိုအမိအရ ဖမ်းဆွဲပေမယ့် လေကိုသာ ဖမ်းမိသွားသည်။

"ပြန်မယ် ဦးသိန်း!!

"ဒါပေမယ့် သူဌေးလေးရယ် ကလေးကို!!!

စောဒက တက်ချင်နေတဲ့ ဒရိုင်ဘာကို သူ မျက်စောင်းတစ်ချက်

ဝင့်ရင်း

"ရက်နည်းနည်းကြာတာနဲ့ ခင်ဗျားရဲ့သခင်အစစ်က

ဘယ်သူလည်းဆိုတာ မေ့သွားတဲ့ပုံပဲ.."

ဒရိုင်ဘာမှာ ခေါင်းငုံ့သွားသည်။

"တောင်းပန်ပါတယ် သူဌေးလေး"

"ကိုကို!! မထားခဲ့ပါနဲ့ ညီနည်းနည်းဆိုးသွားတာပါ

အမေ!! ဆုံးမမယ့် အမေ မရှိလို့!!

ကြံရာမရတဲ့အဆုံး နောက်ဆုံးဝှက်ဖဲကို ထုတ်သုံးလာတာ

မြင်တော့ ဩဂတ်ဂုဏ်ပိုင် လှောင်သလိုပြုံးလိုက်သည်။

"မင်းအမေက မင်းကိုပစ်သွားရုံလေးပါ ပြန်ရှာရင်တွေ့တယ်

ငါ့အမေကမှ ငါ့ကိုမွေးပြီး သေသွားခဲ့တာ ဘယ်လောက်ပဲ

လိုက်ရှာပါစေ တွေ့မှာမဟုတ်တော့ဘူး သူများကိုယုတ်ညံ့တဲ့

စိတ်ထားတာက တစ်စက်မှ ချစ်စရာမကောင်းဘူးနော်..ညီညီ"

ကိုကိုပါသွားတဲ့ကားက အဝေးကို ထွက်သွားတာနဲ့ သော်ဒီ

နေရာမှာတင် ဖင်ထိုင်လျက် ကျသွားခဲ့ပါသည်။ အဲ့ဒါ အသာထား

အရင်ဆုံး ကိုကိုလွှင့်ပစ်လိုက်တဲ့ ဖိနပ်ကိုပြန်ရှာရဦးမှာမို့ ထရပ်

လိုက်တော့ လမ်းဘေးခွေးတစ်ကောင်က သူ့ဖိနပ်ကိုချီပြေးသွားတာ တွေ့လိုက်ရတဲ့အခါ ထိုအနောက်ကို ပြေးလိုက်သွားခဲ့သည်။

Zawgyi

ခ်စ္သူတစ္ေယာက္ ေကာက္ရထားသည္ {အခန္း ၇}

"မင္းလုပ္တာ အရမ္းလြန္တယ္ ဩဂတ္"

မင္းသြင္မွာ အတန္းထဲ ခပ္ေစာေစာ တစ္ေယာက္ထဲထိုင္ေနတဲ့

ဩဂတ္အနားကို ေလ်ွာက္သြားကာ ထိုသို့ဆိုလိုက္မိသည္။

သြယ္ဆိုတာက သူ့ခ်စ္သူ မိန္းကေလးမဟုတ္လား အခုလိုမ်ိုး

ရိုက္လိုက္ေတာ့ တစ္ဖက္ မိန္းကေလးက ဘယ္ေလာက္ထိ

ရွက္သြားလိမ့္မလဲ။

"ဒါဆို ငါ ဘာလုပ္ရမွာလဲ မင္းအျမင္မွာ ငါ့လုပ္ရပ္ကလြန္တယ္ေပါ့ ဟုတ္လား ဒါဆို သူငါ့ညီကို ရိုက္တာက် မွန္တယ္ေပါ့

မင္းအဲ့လိုေျပာခ်င္တာလား မင္းသြင္"

မင္းသြင္ သေကာင့္သားရဲ့ ပုံစံကိုြကည့္ျပီး သက္ျပင္းအသာခ်မိသည္။ သြယ့္ကို ‌ပါးရိုက္လိုက္တဲ့ေန့တည္းက ဒီေကာင့္ပုံစံက

ငူငူငိုင္ငိုင္ြကီးြဖစ္ေနျပီး သြယ္ကလည္း၃ရက္ေလာက္ ေက်ာင္းကို

မလာခဲ့ေပ။ ေရာက္လာျပန္ေတာ့လည္း အရင္ကဆို ဩဂတ္အနားက မခြာတတ္တဲ့သြယ္က အခုဆို ဩဂတ္နဲ့အမွတ္မထင္

ေတြ့ရင္ေတာင္ အြကည့္ခ်င္းမဆုံေတာ့။

မင္းသြင္ကလည္း သြယ့္အေြကာင္းသိသူမို့ သြယ္ကတကယ္ြကီး

ျပတ္နိုင္တာမဟုတ္ပဲ ဩဂတ္လာေခ်ာ့မွာကို ေစာင့္ေနတာမွန္း

ခန့္မွန္းမိသည္။ ခက္တာက ဩဂတ္..။ ဒီေကာင့္အေတြးေတြကို

သူအစအဆုံး မသိသလို ခန့္လည္းမခန့္မွန္းတတ္။ အရင္တည္းက

ေခ်ာ့ေလ့မရွိတဲ့ေကာင္ကို တရားခ်ျပီး သြားေခ်ာ့ခိုင္းရင္ေတာင္

‌မေခ်ာ့ဘူး ေအာက္တယ္လို့ ျပန္ေျပာခံရဦးမည္။

"ငါက သြယ္မွန္တယ္လည္း မေျပာပါဘူး ဩဂတ္ရာ

အခုဟာက တစ္ဖက္သားက မိန္းကေလးြဖစ္တဲ့အျပင္ မင္းရဲ့

ခ်စ္သူေနာ္ !!

ဩဂတ္ နားထင္ကိုလက္နဲ့အသာနွိပ္လိုက္သည္။ အဲ့ေန့တည္းက

သြယ္နဲ့သူ ဘာစကားမွမေျပာြဖစ္ြကသလို အိမ္မွာဆိုလည္း

သူ့နားေကာ္လိုကပ္တတ္တဲ့ ညီညီ့အား ခပ္ခြာခြာ ေနခဲ့ပါ၏။

ဒီတစ္ြကိမ္မွာ သြယ္လည္းမွားသလို ညီညီလည္း မွန္ေနသူေတာ့

မဟုတ္ေပ။

"မင္း ညီတစ္ေယာက္ လိုခ်င္ေနမွန္း ငါသိပါတယ္ ဒါေပမယ့္

အဲ့လိုဆိုတိုင္း တစ္သက္လုံးသိလာခဲ့တဲ့ သြယ့္ကို ခြာလိုက္လို့

မရဘူးေလ ေနာက္ျပီး မင္းညီေျပာတဲ့ စကားက ဘာသေဘာလဲ

မင္းသူ့ကို ဘာကတိေတြ ေပးထားတာလဲ"

"ဘာကတိမွ မေပးထားဘူး ဒီတိုင္းေျပာလိုက္တဲ့ စကားေလးပါ

ဒါကို ညီက ေတြးခ်င္ရာ ေတြးျပီး ကတိတစ္ခုလို့ ထင္သြားပုံပါပဲ"

ညီညီဒီေလာက္ထိ ေတြးထားမွန္း ဩဂတ္မသိခဲ့ပါ။ သူ့ရဲ့

ပုံစံကို ျမင္ေတာ့ မင္းသြင္ တည္ေနရာမွ ျပုံးသြားခဲ့ျပီး ပုခုံးေပါ္

လက္တင္လိုက္ကာ

"မင္း အခုေတာ့ ညီတစ္ေယာက္ရွိရတဲ့ ဒုက္ခကို သိျပီမလားဟမ္

ငါ့ကို စာနာတတ္ျပီမလား"

စူးရွတဲ့ မ်က္ဝန္းတစ္စုံက မင္းသြင္ဆီဒိုင္းခနဲက်ေရာက္သြားတာမို့

မင္းသြင္ခင္ဗ်ာ ဩဂတ္ပုခုံးေပါ္က သူ့ရဲ့လက္ကိုပါ ရုတ္သိမ္းလိုက္ရသည္။

"ငါ့ရဲ့ေဒါသေတြ မင္းအေပါ္စုျပုံက်သြားမယ္ေနာ္ မင္းသြင္"

တကယ္ေတာ့ ဩဂတ္မွာ သူနဲ့သြယ္ အခုလိုြဖစ္ရြခင္းရဲ့

တရားခံ ညီ့ညီ့အေပါ္၌ ေဒါသထြက္ေနခဲ့ြခင္းြဖစ္သည္။ဒါေပမယ့္

ညီ့အေပါ္မွာ ေဒါသမထြက္ရက္တာမို့ ကိုယ့္ကိုယ္ကိုယ္ျပန္ထိန္းရင္း အဲ့ဒီအစား ညီ့ကိုသာဥေပက္ခာျပုထားလိုက္ရသည္။ အဲ့လို

လုပ္ပါက ေဒါသေတြေျပမယ္ထင္ခဲ့ေသာ္လည္း အခုထိ စိတ္မေျပေသးတာက ထူးဆန္းလွပါ၏။

"ေအးကြာ.. ဘာမွ စိတ္မညစ္ေနနဲ့ မင္းညီက မင္းကိုသူမ်ားနဲ့

မခြဲေဝခ်င္တာေလ ဒီလိုစိတ္က ငယ္စဉ္မွာေတာ့ ဘာမွျပဿနာ

မရွိေပမယ့္ ေနာက္က်ရင္ ျပဿနာအြကီးအက်ယ္ရွိနိုင္တယ္ေနာ္

မင္းလုပ္စရာရွိတာ လုပ္မွြဖစ္မယ္"

ဩဂတ္ ေတြခနဲြဖစ္သြားျပီး သက္ျပင္းခ်လိုက္သည္။ မင္းသြင္

ေျပာတာလည္း မမွားပါ။ ဒါမ်ိုးေတြက ငယ္စဉ္မွာ သိပ္ျပဿနာ

မရွိေပမယ့္ အရြယ္တစ္ခုကို ေရာက္လာရင္ သူ့ကိုယ္ေရးကိုယ္တာ ကိစ္စကို ဝင္စြက္ဖက္တာမ်ိူးေတြရွိလာနိုင္သည္။

ေနာက္ဆုံးမွာေတာ့ စိတ္ကိုတင္းရင္းနဲ့ပဲ သူဆုံးြဖတ္ခ်က္တစ္ခုကို

ခ်လိုက္ရသည္။

"ငါဘာလုပ္သင့္လဲ မင္းသြင္"

ထိုအခါ မင္းသြင္က ဆရာြကီးစတိုင္နဲ့ မ်က္မွန္ေလးကိုတစ္ခ်က္ပင့္သည္။ ျပီးမွ

"ဘာမွလုပ္စရာ မလိုဘူး ပစ္ထားလိုက္ရင္ ရျပီ သူ့အမွားသူ

သိတဲ့အခ်ိန္ထိ ပစ္ထားလိုက္"

"အဲ့ဒါပဲလား!!!

"ေအး!! ဒါေပမယ့္ မင္းစိတ္ခိုင္မွ လုပ္ေနာ္ မပိုင္ပဲဘာမွ

သြားမလုပ္နဲ့"

"အင္း!!

ဩဂတ္ပုံစံက ခ်ိတုံခ်တုံနဲ့ တကယ္လုပ္ဖို့ ဆုံးြဖတ္လိုက္ပုံပင္။

ထိုအခိုက္ အတန္းထဲကို ဝင္လာတဲ့ ေသာ္ဒီထူးဟန္ကို မင္းသြင္

ေတြ့ရေတာ့ အနည္းငယ္ေတာ့ လန့္သြားရသည္။ သူတို့ေျပာသမ်ွ

ဒီေကာင္ေလး ြကားသြားျပီလားလို့ ထင္ေနတုန္းမွာပဲ ေသာ္ဒီက

သူ့ကို အျပုံးနဲ့နွုတ္ဆက္တာမို့ ရွက္ကိုးရွက္ကန္းျပန္ျပုံးျပလိုက္ရသည္။

"ကိုကို!! ညီ ကိုကို့အတြက္ မိုင္လိုဝယ္လာတယ္"

ကိုကို သူ့ကိုတစ္ခ်က္သာ ြကည့္ျပီး မ်က္နွာျပန္လြွဲသြားေတာ့

ေအာက္နွုတ္ခမ္းကို ခပ္သာသာဖိကိုက္လိုက္မိသည္..။

"အစ္ကို့ကိုသာ ေပးခဲ့လိုက္ မင္းကိုကို ေသာက္ခ်င္တဲ့ခ်ိန္ေသာက္လိမ့္မယ္"

"ဟုတ္!!!

ေရြးခ်ယ္စရာ မရွိေတာ့တာမို့ မိုင္လိုဗူးကို မင္းသြင္လက္ထဲ

ထည့္ခဲ့ျပီး ကိုကို့အား လွည့္ြကည့္ လွည့္ြကည့္ြဖင့္ ထြက္သြားလိုက္ရသည္။

"မင္းညီ ဝယ္လာတဲ့ မိုင္လိုကို ေသာက္လိုက္!!

"လြွင့္ပစ္လိုက္!!

မင္းသြင္ မ်က္ေမွာင္ြကုတ္ျပီး သေကာင့္သားကို အလန့္တြကား

ြကည့္လိုက္သည္။ မ်က္နွာထက္မွာ ခံစားခ်က္ေတြကင္းမဲ့ေနတာက လြဲလို့ ဘာမွမေတြ့ရ။

"ဘာလို့လဲ ကေလးက ဝယ္ျပီး တကူးတက လာပို့တာေလကြာ"

"အခ်ိန္တစ္ခုထိ ဥေပက္ခာျပုရမယ္လို့ မင္းပဲေျပာထားတာ

မဟုတ္ဘူးလား"

မင္းသြင္ ပါးစပ္အေဟာင္းသားြဖစ္ျပီး ဩဂတ္ကိုထူးဆန္းေထြလာ

သတ္တဝါတစ္ေကာင္လို ေငးြကည့္ေနမိသည္။

"မဟုတ္!!! မင္းဟာက ျမန္လြန္းအားြကီးတယ္ အခုခ်က္ခ်င္း

လုပ္ဖို့ လိုလို့လားကြာ"

"လိုတယ္!!!

အဲ့ဒီေနာက္ မင္းသြင္လက္ထဲက မိုင္လိုဗူးကို ဆြဲယူလိုက္ျပီး

သူ့ေဘးက ျပတင္းေပါက္အျပင္ဘက္ကို လွမ္းပစ္လိုက္သည္။

ထိုအခ်ိန္မွာပဲ သြယ္နဲ့ သူ့သူငယ္ခ်င္းနွစ္ေယာက္ ဝင္လာြကသည္။ သူနဲ့သြယ္ အြကည့္ခ်င္းဆုံသြား၏။ ထို့ေနာက္ နွစ္ေယာက္လုံး တစ္ေယာက္ကိုတစ္ေယာက္ မြကည့္ခ်င္စြာမ်က္နွာ

လြွဲလိုက္ြကသည္။

စာသင္ခ်ိန္ ေရာက္ေတာ့ ဩဂတ္ ျပင္ပက ျပဿနာေတြအကုန္လုံးကို ေမ့သည္အထိ စာလုပ္ရင္းနဲ့ အလုပ္ေတြရွုပ္ပစ္လိုက္သည္။ မုန့္စားေက်ာင္းဆင္းေတာ့လည္း အတန္းထဲက

မထြက္။ ညီညီ သူ့ကို လာေခါ္တာကိုပင္ အေရးတယူမရွိေတာ့ပဲ

ရေအာင္ေရွာင္ပစ္သည္။

ပုံမွန္ အိမ္ျပန္ခ်ိန္တိုင္းမွာ အိမ္က ဒရိုင္ဘာ လာြကိုတတ္သည္မို့

အဲ့ဒီအခ်ိန္ေတာ့ သူညီညီကို ေရွာင္လို့မရ။

"ကိုကိုသိလား ဒီေန့ ဖက္တီးေလ အတန္းထဲက သဇင္ဦးဆိုတဲ့

ေကာင္မေလးကို ဖြင့္ေျပာတာ အျငင္းခံလိုက္ရတယ္ေလ.."

ေျပာလည္းေျပာ သူ့ဟာသူ တစ္ေယာက္ထဲ ထရယ္သည္..။

သူ့ဟာသက ကိုကို့အတြက္ ရယ္စရာမေကာင္းဘူးဆိုတာ

သိသြားတဲ့ ေသာ္ဒီက ရယ္ေနတာကိုအရွိန္သတ္လိုက္သည္။

"ကိုကို!! ဒီည.. ညီ ကိုကိုနဲ့ လာအိပ္လို့ရမလား"

ကိုကို သူ့ကို ဘာစကားမွမေျပာလာပဲ လစ္လ်ူရွုထားတဲ့အတြက္

ေသာ္ဒီ မ်က္ရည္ဝဲလာကာ ျပန္ျငိမ္သြားသည္..။ တကယ္ဆို

ကိုကို ဘာေြကာင့္သူ့ကို လစ္လ်ူရွုထားသလဲဆိုတာ သူလည္း

သိေပမယ့္လို့ အဲ့ျပဿနာကို အစမေဖာ္ရဲ။

အရင္က ကိုကို့ရဲ့ အလိုလိုက္မွုေတြနဲ့ ေနသားတက်ရွိေနခဲ့သူမို့

ကိုကို့ရဲ့အခုလို ပုံစံက သူ့အတြက္ စိမ္းသက္ေနခဲ့ပါသည္။

.....................

"ကိုကို့အတြက္ ညီညီကိုယ္တိုင္ ပုစြန္ျပန္ခြာေပးထားတာ"

မေသမသပ္ခြာထားတဲ့ ပုစြန္ေတြကိုြကည့္ျပီး ဩဂတ္နွာကစ္လိုက္သည္။

"ဟုတ္တယ္ သား!! မင္းရဲ့ညီေလးက ထမင္းစားပြဲမွာထိုင္ကတည္းက သူ့ကိုကိုအတြက္ဆိုျပီး ပုစြန္ခြာေပးထားတာ"

ဘာမွမသိရွာတဲ့ ဒယ္ဒီက သူ့သားငယ္ေလး လုပ္ေပးထားသမ်ွကို

ျပန္ေျပာျပီး သေဘာက်လို့မဆုံးေပ။

"ငယ္လည္း အံ့ဩေနတာ သိလား မန္တေလးမွာဆို ဒီေကာင္က

သူမ်ားကို ပုစြန္ခြာေပးဖို့မေျပာနဲ့ သူစားျပီးသား ပန္းကန္ေတာင္

ေဆးခ်င္တာ မဟုတ္ဘူး"

"ေဖေဖကလည္း ကိုကိုက သူမ်ားမွ မဟုတ္တာ"

"ဟုတ္ပါတယ္ အဲ့ဒါက သားငယ္ရဲ့ ကိုကိုပါ!!!

ဩဂတ္ ပုစြန္နွစ္ေကာင္ေလာက္သာ စားျပီး ဒယ္ဒီစကားေြကာင့္

တြန့္သြားသည္။ 'သားငယ္ရဲ့ ကိုကို'တဲ့လားး..

"မစားေတာ့ဘူးလား"

ရုတ္တရက္ထရပ္လိုက္တဲ့သူ့ကို ဒယ္ဒီကအံ့ဩသလိုေလး

ေမးလာသလို ညီကလည္း မ်က္ေတာင္ေလးတဖ်တ္ဖ်တ္ခတ္ရင္း

ေငးြကည့္ေနတာမို့...

"ရင္ခံေနလို့ပါ ဒယ္ဒီ.. က်ြန္ေတာ္ စာသြားလုပ္ေတာ့မလို့"

ေျပာျပီး တစ္ခါတည္းထြက္သြားတာမို့ ဦးအဂ္ဂမ်က္ေမွာင္ြကုတ္ရသည္။

"သားက ဘာြဖစ္သြားတာလဲ ကိုကို!!

"ဟမ္!! ဘာမွမြဖစ္ပါဘူး ေက်ာင္းစာေတြလုပ္ရလို့

ပင္ပန္းေနတာပဲြဖစ္မွာ သူ့ကိုအခ်ိန္ေပးလိုက္တာေပါ့.."

"အင္း"

ေလးကန္ကန္ ေြခလွမ္းေတြြဖင့္ ဩဂတ္ အခန္းဆီကိုျပန္လာလိုက္တယ္။

'သားငယ္ရဲ့ ကိုကို'တဲ့လား။

ဩဂတ္ ဟက္ခနဲ အသံထြက္ရယ္လိုက္သည္။ သူက ဘယ္သူ့အတြက္ သီးသန့္မ်ိုးမွ မြဖစ္ခ်င္မိရုံ။ အဲ့ဒီလို သီးသန့္ဆန္ရေအာင္

က်ြန္ေတာ္က အကန့္သတ္နဲ့ထုတ္ထားတဲ့ ထုတ္ကုန္တစ္ခုလားလို့ ဒယ္ဒီကိုေရာ ညီညီ့ကိုပါ ေမးပစ္လိုက္ခ်င္သည္။

ေဒါက္ ေဒါက္..

ခဏြကာျပီးေနာက္ အခန္းတံခါးေခါက္သံ နွစ္ခ်က္ြကားလိုက္ရတာမို့ တံခါးသြားဖြင့္ေပးေတာ့ အျပင္မွာရွိေနတာက ညီညီပင္..။

ညီညီက အခန္းေရွ့မွာ ခပ္ရို့ရို့ေလး ရပ္ေနျပီး တံခါးလာဖြင့္ေပးေတာ့ မ်က္လုံးဝိုင္းေလးေတြနဲ့ ဘာအျပစ္မွ မလုပ္ထားသလိုမ်ိုး

ေမာ့ြကည့္သည္။

ဇြတ္အျပစ္ကင္းေနတဲ့ ပန္းနုေသြးေကာင္...

"ကိုကို ဒီည ညီညီ ဒီမွာအိပ္လို့ရလားဟင္!!

ထိုမ်က္ဝန္းဝိုင္းေတြက အရည္ေတြလဲ့တာ၍ သာမန္လူဆို

အရည္ေပ်ာ္က်သြားနိုင္သည္။ သူေတာင္ ေက်ာ့ကြင္းထဲ

ဝင္မိေတာ့မလိုပဲ။ စိတ္ကိုမနည္းတင္းခံေနလို့သာေပါ့....

"ငါတစ္ေယာက္ထဲ ေနခ်င္တယ္!!

"လုပ္ပါ ကိုကိုရယ္ ညီတစ္ေယာက္ထဲ မအိပ္ရဲလို့ပါ

အရင္ကလည္း ကိုကို့အခန္းမွာ အျမဲအိပ္ေနက်ေလ.."

"သြားေတာ့"

တံခါးကို ဂ်ိန္းခနဲ ပိတ္ခ်လိုက္ျပီးမွ ဩဂတ္ပါးေပါ္ မ်က္ရည္ေတြ

စီးက်လာ၏။ ပုံမွန္ဆို စိတ္ခိုင္ေပမယ့္ အခုမွ ဘာအတြက္

ငိုခ်င္ေနမွန္းသူမသိ။ သြယ့္ေြကာင့္မဟုတ္တာေတာ့ ေသခ်ာသည့္တိုင္ သြယ္နဲ့ျပဿနာတတ္တိုင္း ငိုဖို့မေျပာနဲ့ ဝမ္းနည္းစိတ္ပင္

မြဖစ္မိခဲ့ပါေခ်။

"Good Night ကိုကို!!!

တိုးညွင္းသည့္အသံနဲ့ အခန္းေရွ့ကေန ေဝးကြာသြားသည့္ ညီရဲ့

ေြခသံေတြအား သူြကားရေသာ္လည္း....

Ring...Ring

ဖုန္းကိုထုတ္ြကည့္ေတာ့ ေခါ္ဆိုသူက ဖြားဖြားမို့ မ်က္ရည္တို့အား

ဖိသုတ္ရသည္။ ဖြားဖြားအိမ္ကို ညီညီနဲ့ သြားျပီးေနာက္ အေြကာင္း အမ်ိုးမ်ိုးျပျပီး သူေရွာင္ခဲ့တာြဖစ္သည္။

"ဟယ္လို ဖြားဖြား!!

'သြယ္နဲ့ ဘာြဖစ္ထားတာလဲ ဩဂတ္'

သြယ့္အေြကာင္း ေမးလာေတာ့ သူမ်က္ေမွာင္ြကုတ္လိုက္မိတာအမွန္။

"ဘာြဖစ္လို့လဲ ဖြားဖြား သြယ္က ဘာေျပာလို့လဲ"

'မင္း သူ့ကိုြဖတ္လိုက္တယ္ဆို'

"သြယ္က အဲ့လိုမ်ိုး ေျပာခဲ့တာလား"

'က်န္ေသးတယ္ ဟိုေကာင့္အတြက္နဲ့ ဘာလို့ ေျမးမေလးကို

ရိုက္ရတာလဲဟမ္'

ဖြားရဲ့ ေဒါသအသံေြကာင့္ ဩဂတ္ ပိုလို့ေတာင္ စိတ္တိုသြားေသး။

"အဲ့ဒါပဲလား ဖြားဖြား သူကေရာ ညီ့ကို ရိုက္ခဲ့တဲ့အေြကာင္း

ဖြားကို မေျပာျပဘူးလား"

ဖြားဘက္က နွုတ္ဆိတ္သြား၏။ သြယ္ ဒီအေြကာင္းကို မေျပာခဲ့ပဲ

သူခံရတာေတြပဲ ျပန္ေျပာခဲ့မယ္လို့ ထင္သားပဲ..။

အစက သြယ့္ကို ရိုက္မိတဲ့အတြက္ သူကိုယ္တိုင္ကလည္း

စိတ္မေကာင္းြဖစ္ေနတာ အခု ဖြားေျပာတဲ့အခ်ိန္မွ သူသြယ့္ကို

ပိုလို့ေတာင္ စိတ္ပ်က္သြားရသည္။

'အို.. ဘာြဖစ္ြဖစ္ေပါ့ သြယ္ အဲ့ေကာင္ကို ရိုက္တာ

အဲ့ေကာင္က လြန္လြန္က်ူးက်ူး တစ္ခုခုလုပ္ထားလို့ပဲြဖစ္မွာ

ဖြားကေတာ့ ဖြားရဲ့ေျမးမကို ယုံျပီးသား မင္းတို့ကို ဖြားက

ဟိုးငယ္ငယ္ကတည္းက သေဘာတူထားတာေနာ္ ြဖတ္လိုက္လို့

မရဘူး မနက္ြဖန္ သြယ့္လိုေခ်ာ့လိုက္ ဩဂတ္ မဟုတ္ရင္ ငါ့ကို

အဖြားလို့လည္း မေခါ္နဲ့ ငါရွိတဲ့ေနရာကိုလည္း မလာခဲ့နဲ့'

ဩဂတ္ သက္ျပင္းခ်ရသည္။ ျပီးမွ

"ဖြားသိလား ဖြားက ဒယ္ဒီေျပာသလို သိပ္အတ္တြကီးတာပဲ"

ေျပာျပီး ဩဂတ္ ဖုန္းကိုခ်ကာ စက္ပါပိတ္ထားလိုက္ေတာ့သည္..။

ဖြားေျပာမွပဲ သြယ္ဘယ္ေလာက္ထိ သေဘာထားေသးသိမ္ေြကာင္း သူသိရေတာ့တယ္။ ညီညီကေတာ့ သူအရိုက္ခံရတဲ့

အေြကာင္းကို ဒယ္ဒီတို့ဆီျပန္မတိုင္ပဲ ‌အျပင္က ကိစ္စ အျပင္မွာသာ ထားခဲ့သည္။

ဒါေပမယ့္ သူညီ့ကို မေက်နပ္။ သူက လူတစ္ဦးတစ္ေယာက္

အတြက္ သီးသန့္ထုတ္ထားတဲ့ ထုတ္ကုန္မဟုတ္ဘူးဆိုတာ

ညီ သိေစရမည္။

.....................

တစ္ေန့ေသာ ေက်ာင္းဆင္းခ်ိန္ြဖစ္သည္။ ေသာ္ဒီ မ်က္နွာထား

တင္းတင္းနဲ့ ကားေပါ္တက္မယ့္ ကိုကို့လက္ကို အရဲစြန့္ကာ

ဆြဲထားမိပါသည္။ ဒရိုင္ဘာ ဦးသိန္းကလည္း သူတို့ရဲ့မဟန္တဲ့

အေြခေနကို ရိပ္စားမိပုံနဲ့ အျပင္ကိုထြက္ကာ အကဲခတ္ေနသလို။

"ကိုကို့ရဲ့ ျပဿနာက ဘာလဲ"

"ဘာ!!

"ကိုကို ညီ့ကို မသိခ်င္ေယာင္ေဆာင္တာေတြ ရပ္ေပးလို့မရဘူးလား ညီတကယ္ဝမ္းနည္းတယ္ေနာ္ သိလားဟင္ ကိုကို"

ရက္ေတာ္ေတာ္ြကာတဲ့အထိ မသိခ်င္ေယာင္ေဆာင္ေနတာမို့

ေသာ္ဒီ တကယ္ဝမ္းနည္းရသည္။ ကိုကို့ရဲ့ အခုလိုပုံစံက

သူ့ကို အသည္းခိုက္မတတ္ နာက်င္ေစတာ ကိုကိုမသိ။

"မင္းြကည့္ရတာ မလုံေလာက္ေသးဘူး ထင္တယ္ ေသာ္ဒီထူးဟန္"

"ဟင္!! ကိုကိုဘာကို!!!"

ဩဂတ္ သူ့ကို ဆြဲထားတဲ့ လက္တစ္ဖက္ကို ခါထုတ္ပစ္လိုက္သည္။ ရက္အေတာ္ြကာတဲ့အထိ ဥေပက္ခာျပုထားတာေတာင္

ညီက သူ့အျပစ္သူ သိပုံမရသလို ေတာင္းပန္တာေတြ ဘာေတြ

ဘာတစ္ခုမွ လုပ္ခ်င္ပုံမရ။

"ငါေျပာတာ မြကားဘူးလား ငါဘာြဖစ္လို့ မင္းကိုအခုလိုေတြ

လုပ္ေနမွန္း မင္းသိတယ္ ဒါနဲ့မ်ား ဘာလို့ မသိသလိုမ်ိုး

ဟန္ေဆာင္ေနရတာလဲ"

"မမသြယ္နဲ့ ကိုကို ျပတ္သြားလို့ ညီ့ကို စိတ္တိုေနတာလား "

ေမးေတာ့ ဟုတ္၏ မဟုတ္၏ကို၊ ကိုကိုက ျပန္မေြဖ၍

ဒါ အမွန္ပဲလို့ ေသာ္ဒီမွတ္ယူလိုက္သည္။

"ကိုကို့အထင္ မမသြယ္က ကိုကိုနဲ့လိုက္တယ္ ထင္ေနတာလား

ကိုကိုလိုခ်င္ရင္ တစ္ြခားလွတဲ့ မိန္းမေတြမ်ား ေပါလို့ ကိုကိုရယ္

ညီ ျပန္ရွာေပးလို့ရတယ္ ညီ့အကူညီမလိုဘူးဆိုလည္း ကိုကို့ဘာသာ ျပန္ရွာလို့ရသားပဲ.."

"..........."

"ကိုကို ျပန္ရွာလို့မရမွာ ဘယ္သူလည္း သိလား

က်ြန္ေတာ္ ကိုကိုရဲ့.. ကိုကို က်ြန္ေတာ္ကိုျပန္ရွာခ်င္တိုင္း

ျပန္ရွာလို့ရမွာ မဟုတ္ဘူး"

ဩဂတ္မွာ ညီေျပာသမ်ွေတြ နားေထာင္ျပီး ဆြံ့အေနမိသည္။

ပစ္ထားခဲ့တဲ့ ဒီရက္ေတြမွာ ညီတစ္ေယာက္ ဘာေတြ ေတြးျပီး

ဘာေတြြကံေနလည္း မသိေပ။ အခုထိ အသိတရားမရေသးတဲ့

ညီ့မ်က္နွာအား ြကည့္လ်က္ သူပိုျပီးစိတ္တိုရပါသည္။

ြကည့္ရတာ ညီက သူ့ကို သီးသန့္ထုတ္ကုန္လို့ထင္ေနေသးတဲ့ပုံ။

"မင္း ကိုယ့္အျပစ္ကို မသိေသးတဲ့ပုံပဲ ေသာ္ဒီထူးဟန္

မန္တေလးက အက်င့္ေတြ အဲ့မွာပဲထားခဲ့ ငါ့ဆီမွာလာမသုံးနဲ့

နားလည္လား "

"ကိုကိုပဲ ကတိေပးထားတာ မဟုတ္ဘူးလား ကိုကိုအရမ္း

ြကိုက္တာဆို ညီနဲ့အတူ မ်ွသုံးမယ္ဆို ကိုကိုေျပာခဲ့တာေလ"

"ငါ့စကားတိုင္းကို လိုက္ခံစားရင္ေတာ့ ရူးသြားမွာေပါ့ ေသာ္ဒီရဲ့"

"ကိုကို့!!!

ကိုကို့အား ေသာ္ဒီေအာ္ပစ္ကာ မ်က္ရည္ေတြလည္း ပိုးပိုးေပါက္ေပါက္ က်လာသည္။

"ငါ့ေရွ့မွာ အဲ့အကြက္ေတြ လာမသုံးစမ္းနဲ့ မင္းအျပစ္မင္း

မသိမခ်င္း ငါ့ကိုလာျပီး စကားမေျပာနဲ့"

"ညီ မမွားဘူး ညီဘာမွ မမွားခဲ့ဘူး ကိုကိုကသာ မွားတာ

အဟင့္... ညီတစ္ေယာက္ထဲ ေန့တိုင္း ညတိုင္းသိမ္ငယ္ေနခဲ့တာ

ဒီအခ်ိန္မွာ ကိုကိုက ညီ့ကိုအျပစ္ေျပာမယ့္အစား ဖက္‌ထားေပးရင္း  ဝမ္းမနည္းရဘူးေနာ္ ညီညီမမွားဘူးလို့ ေျပာေပးရမွာေလ"

ေျပာရင္း ေသာ္ဒီ ေအာ္ငိုေတာ့ ဩဂတ္ လက္သီးကို တင္းြကပ္စြာ

ဆုပ္ေထြးလ်က္ အံကိုလည္း ြကိတ္လိုက္မိပါသည္။

"ကိုယ့္အကန့္နဲ့ကိုယ္ေန ေသာ္ဒီထူးဟန္ ငါ့ညီြဖစ္တာနဲ့ပဲ

ငါ့ကို အပိုင္ရျပီလို့ထင္ေနတဲ့စိတ္ကိုေလ်ွာ့စမ္း!!မင္းက သိပ္ေတာ္ သိပ္တတ္ေနတဲ့ေကာင္

ဆိုေတာ့ ဒီေန့ အိမ္ကို ေြခလ်င္ျပန္ခဲ့ "

"ကိုကို!!!

"ခ်ြတ္စမ္း အဲ့ဖိနပ္ကို!!

ေျပာရင္းနဲ့ ေြခေထာက္မွာရွိေနတဲ့ ေြခညွပ္ဖိနပ္ေလးကို

ကိုကိုက ဆြဲခ်ြတ္သည္။

"မလုပ္နဲ့!! မလုပ္ပါနဲ့ အဲ့ဒါ ကိုကိုေပးထားတာေလ.. အဟင့္

ညီ့အတြက္ ကိုကို့ရဲ့ လက္ေဆာင္ဆို!!

ဖိနပ္ဆြဲခ်ြတ္ျပီးတာနဲ့ ထိုဖိနပ္ေတြကို အေဝးလြွင့္ပစ္လိုက္သည္။

ဘယ္နား က်လို့က်သြားမွန္းေတာင္မသိ။ ျပီးတာနဲ့ ကိုကိုက

ကားေပါ္တက္ဖို့ ျပင္ေနတာမို့ ကိုကို့လက္ကိုအမိအရ ဖမ္းဆြဲေပမယ့္ ေလကိုသာ ဖမ္းမိသြားသည္။

"ျပန္မယ္ ဦးသိန္း!!

"ဒါေပမယ့္ သူေဌးေလးရယ္ ကေလးကို!!!

ေစာဒက တက္ခ်င္ေနတဲ့ ဒရိုင္ဘာကို သူ မ်က္ေစာင္းတစ္ခ်က္

ဝင့္ရင္း

"ရက္နည္းနည္းြကာတာနဲ့ ခင္ဗ်ားရဲ့သခင္အစစ္က

ဘယ္သူလည္းဆိုတာ ေမ့သြားတဲ့ပုံပဲ.."

ဒရိုင္ဘာမွာ ေခါင္းငုံ့သြားသည္။

"ေတာင္းပန္ပါတယ္ သူေဌးေလး"

"ကိုကို!! မထားခဲ့ပါနဲ့ ညီနည္းနည္းဆိုးသြားတာပါ

အေမ!! ဆုံးမမယ့္ အေမ မရွိလို့!!

ြကံရာမရတဲ့အဆုံး ေနာက္ဆုံးဝွက္ဖဲကို ထုတ္သုံးလာတာ

ျမင္ေတာ့ ဩဂတ္ဂုဏ္ပိုင္ ေလွာင္သလိုျပုံးလိုက္သည္။

"မင္းအေမက မင္းကိုပစ္သြားရုံေလးပါ ျပန္ရွာရင္ေတြ့တယ္

ငါ့အေမကမွ ငါ့ကိုေမြးျပီး ေသသြားခဲ့တာ ဘယ္ေလာက္ပဲ

လိုက္ရွာပါေစ ေတြ့မွာမဟုတ္ေတာ့ဘူး သူမ်ားကိုယုတ္ညံ့တဲ့

စိတ္ထားတာက တစ္စက္မွ ခ်စ္စရာမေကာင္းဘူးေနာ္..ညီညီ"

ကိုကိုပါသြားတဲ့ကားက အေဝးကို ထြက္သြားတာနဲ့ ေသာ္ဒီ

ေနရာမွာတင္ ဖင္ထိုင္လ်က္ က်သြားခဲ့ပါသည္။ အဲ့ဒါ အသာထား

အရင္ဆုံး ကိုကိုလြွင့္ပစ္လိုက္တဲ့ ဖိနပ္ကိုျပန္ရွာရဦးမွာမို့ ထရပ္

လိုက္ေတာ့ လမ္းေဘးေခြးတစ္ေကာင္က သူ့ဖိနပ္ကိုခ်ီေျပးသြားတာ ေတြ့လိုက္ရတဲ့အခါ ထိုအေနာက္ကို ေျပးလိုက္သြားခဲ့သည္။

[text_hash] => e4a5acd8
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...