Chapter 8: ၈

Array
(
[text] =>

ချစ်သူတစ်ယောက် ကောက်ရထားသည် {အခန်း ၈}

"သားကြီး ဩဂတ်ဂုဏ်ပိုင်!!

ဒယ်ဒီအသံကြောင့် သူလက်ထဲက ဖုန်းကို ပစ်ချခဲ့ပြီး အခန်းတံခါးကို အမြန်ဖွင့်လိုက်တယ်။ အခန်းရှေ့မှာတော့ စိတ်ပူနေပုံရတဲ့

ဒယ်ဒီနဲ့ ဖေဖေက ရပ်နေတာမို့ တွေခနဲဖြစ်ရင်း

"ဘာဖြစ်လို့လဲ ဒယ်ဒီ!!

"သားငယ်က မင်းဆီမှာလား"

"ဟင့်အင်း သူအခန်းထဲမှာ မရှိဘူးလား"

"မရှိဘူး တစ်အိမ်လုံးနှံ့နေပြီ"

ပုံမှန်ဆို သူတို့အပြင်က ပြန်လာချိန်က သားငယ်ရဲ့အသံသာသာကို ကြားရတတ်သော်လည်း ဒီနေ့မှာတော့ တိတ်ဆိတ်နေသည်။

ဒါပေမယ့်လည်း သားငယ်က အခန်းထဲမှာပဲရှိလောက်မှာပါဆိုတဲ့

စိတ်နဲ့ ပြီးစလွယ် နေခဲ့ကြရာမှ ည၇နာရီဝန်းကျင်မှာတော့ သားငယ် သူ့အခန်းထဲမှာရှိမနေဘူးဆိုတာ ငယ်က စိုးရိမ်တကြီးပြောလာခဲ့သည်။

"မရှိဘူးလား!!

ကျောင်းကနေ ပြန်ပြန်လာချင်း အခန်းထဲကနေ မထွက်တော့ပြီမို့

ညီညီ အပြင်မှာကျန်ခဲ့တယ်ဆိုတာ ခဏအကြာမှာမေ့ခဲ့လေခြင်း။

ဩဂတ် တွေးရင်း ခေါင်းကြီးသွားသည်။ ညီ့ရဲ့ ယူကျုံးမရ

အော်‌ငိုနေတဲ့ မြင်ကွင်းကို ပြန်မြင်ယောင်လာတော့ မျက်ဝန်းထဲက မျက်ဆံအနက်လေးက ဆတ်ခနဲ လှုပ်ခတ်သွားလေသည်။

"ဒီနေ့ ညီ့ကို အပြင်မှာ ထားခဲ့မိတယ် ဒယ်ဒီ!!

"ဘာ!!!

"ညီနဲ့ ကျွန်တော် ပြ‌ဿနာနည်းနည်းရှိလို့ စိတ်ဆိုးပြီး

အပြင်မှာ ထားခဲ့မိတာပါ"

ဦးအဂ္ဂက သားဖြစ်သူကိုဆူချင်သော်လည်း ရုတ်တရက်

တိုက်တိုက်ဆိုင်ဆိုင် ဖုန်းက ထမြည်လာခဲ့သည်။

ဒယ်ဒီ ဖုန်းပြောနေတာကို ကြည့်ပြီး ဩဂတ် လက်သီးဆုပ်ထားလိုက်မိ၏။ အခုချိန်မှာ အပြင်ကိုပြေးထွက်ပြီး ညီ့ကိုရှာချင်တဲ့

စိတ်တစ်ခုတည်း သူ့မှာ ရှိတော့သည်။

"ငယ်!! သားငယ်ကို သူတို့ရပ်ကွက်မှာ တွေ့လိုက်တယ်လို့ ကျော်စွာက လှမ်းပြောတာ"

"ဟုတ်လား ကိုကို ဒါဆို သွားရှာကြမယ်လေ.."

ငယ်က လှစ်ခနဲ အပြင်ကို ပြေးထွက်သွားတာမို့ ဦးအဂ္ဂရဲ့

မီးဝင့်ဝင့်တောက်နေတဲ့ အကြည့်တွေက သားဖြစ်သူဆီစုပြုံကျ

လာသည်။

"ဒယ်ဒီတို့ ပြီးမှ ရှင်းကြတာပေါ့!!

ဒယ်ဒီထွက်သွားတော့ အိမ်မှာ မနေနိုင်တဲ့ ဩဂတ်က အနောက်ကနေ ကပ်လိုက်လာခဲ့သည်။ ၃ယောက်အတူ ကျော်စွာတို့ရပ်ကွက်ကို ရောက်တော့ ဦးကျော်စွာအိမ်မှာပဲ ကားရပ်လိုက်သည်။

ကားပေါ်က ဆင်းဆင်းချင်း ဦးကျော်စွာက စကားစလာ၏။

"ငါတို့ရပ်ကွက်မှာ မင်းရဲ့သားငယ်ကို တွေ့လိုက်တယ်

ငါလှမ်းခေါ်မလို့ပဲ ဒါပေမယ့် သူက ခွေးတစ်ကောင်နောက်ကို

ပြေးလိုက်သွားတာ.."

"ဘယ်ဘက်ကို ပြေးသွားတာလဲ ကျော်စွာ!!

"ဒီလမ်းကြားကနေ ဝင်ပြေးသွားတာ သူဘာလို့ ခွေးနောက်ကို

ပြေးလိုက်လည်းဆိုတာ မသိပေမယ့် သတိထားတာကောင်းမယ်

ဒီရပ်ကွက်မှာ လမ်းဘေးခွေးတွေပေါတယ် ဟိုတလောကတောင်

ကလေးတစ်ယောက်ကို သားပေါက်နေတဲ့ ခွေးအမေကြီးက

ကိုက်လိုက်တာကွာ သိသိချင်းဆေးသွားထိုးရတာ"

စကားဆုံးတော့ ဩဂတ်ရင်ထဲ ဒုန်းခနဲ ဆောင့်ခုန်သွားရသည်။

စိတ်ထဲကနေလည်း ညီညီ ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း..

"ကျေးဇူး ကျော်စွာ ငါတို့သွားရှာဦးမယ်"

"ငါပါ ကူရှာပေးမယ်"

"ထပ်ပြီး ကျေးဇူးပါကွာ"

ထို့နောက်မှာတော့ ကလေးပျောက်ရှာပုံတော်ထဲမှာ ဦးကျော်စွာပါ

အစစ်ပါလာခဲ့သည်။ ကလေးကို လူခွဲရှာတာက တွေ့နိုင်ခြေ

ပိုများတယ်ဆိုလို့ ဩဂတ်လည်း  ညီညီကိုလိုက်ရှာဖို့

တစ်ယောက်ထဲ ထွက်ခဲ့လိုက်သည်။ လမ်းတစ်လျှောက် လျှပ်စစ်

မီးရောင်ကြောင့် မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

လမ်းဘေးခွေး တစ်ချို့ တစ်လေကို တွေ့ရပေမယ့် ညီညီ့ကိုတော့

မတွေ့ရပေ။ လူကလည်း ချွေးတွေရွှဲလာတဲ့အပြင် ညီညီကို

မတွေ့ရတော့ ဩဂတ် ထိုင်တောင်ငိုချင်သွားသည်။ တကယ်သာဆို သူမှားတာ လမ်းမကျွမ်းသေးတဲ့ ညီညီ့အား လမ်းမှာမထားခဲ့သင့်။

ထို့နောက် မလှမ်းမကမ်းက လှုပ်ရှားလာတဲ့ အရိပ်လေးတစ်ခုကို

သူတွေ့ရသည်။ သူ့ဆီကို ဦးတည်လာနေတဲ့ အရိပ်လေးပင်။

အရပ်အမြင့်ကလည်း ညီညီလောက်ပဲမို့ ဩဂတ် မျက်ရည်တွေ

သုတ်ရင်း ထိုအနီးကို ပြေးသွားလိုက်သည်။ ဒါပေမယ့် ညီညီ့နား

မရောက်ခင်မှာ လမ်းလျှောက်ပုံမူမမှန်ပဲ ထော့နဲ့ထော့နဲ့ဖြစ်နေတဲ့ ညီ့ကို တွေ့လိုက်တော့ ခြေလှမ်းတွေတန့်သွားရသည်။

"ညီ!!!

"ကိုကို!!

ဖိနပ် နှစ်ဖက်ကို လက်တစ်ဖက်ဆီမှာ ကိုင်လာပြီး ဖြူဖက်ဖြူလျော် ဖြစ်နေတဲ့ ညီ့ကြောင့် အကြည့်တွေကို အောက်ကိုရွေ့လိုက်တော့ လမ်းတစ်လျှောက်စီးကျနေတဲ့ အရာတွေ။ ထိုအရာတွေက

သွေးတွေပင်။

"နောက်ဆုံးတော့ ကိုကို ရောက်လာပြီ!! ညီ့ကို အရင်တွေ့တဲ့သူက ကိုကိုဖြစ်မယ်ဆိုတာ ထင်သားပဲ"

လဲကျတော့တော့မယ့် ကိုယ်လေးကို သူအမြန်ဖမ်းလိုက်ရသည်။

"ဘာတွေဖြစ်ခဲ့တာလဲ ညီ... ကိုကို့ကို ပြောစမ်း"

"ကိုကိုပေးတဲ့ဖိနပ်ကို သွားယူရုံကို ခွေးမကြီးက!!!

စကားဆုံးအောင် မပြောရသေးခင် ညီညီက ရင်ခွင်ထဲ

ပြိုကျလာပြီး သတိလစ်သွား၏။ ထိုအထိ လက်ထဲမှာကိုင်ထားဆဲ

ဖြစ်တဲ့ဖိနပ်က ဒီအတိုင်း ရှိနေဆဲပင်။ ညီ့ရဲ့ ပါးပေါ်သို့ သူ့မျက်ရည်

ကြည်တစ်စက်က ပေါက်ခနဲ ကျသွားရင်း ညီ့ကိုသာတင်းနေအောင် ဖက်ထားလိုက်မိသည်။

"သား... သားငယ်လေး ဘာဖြစ်တာလဲ"

ဒယ်ဒီတို့ ရောက်လာပြီး သူ့လက်ထဲက ညီ့ကိုလက်လွှဲယူကာ

ပွေ့ခေါ်သွားသည်။

"သွေးတွေနဲ့!!!

ထိုအခါ ဦးကျော်စွာက..

"မင်းသား ခွေးကိုက်လိုက်တာ အဂ္ဂ... အခုချက်ချင်း

ဆေးရုံခေါ်သွားဖို့ လိုတယ်"

ဒယ်ဒီတို့ ပြေးထွက်သွားသည့်အခါမှာတော့ စိတ်တင်းပြီး

အနောက်ကနေ လိုက်ရ၏။ အဲ့ဖိနပ်အတွက်နဲ့ ညီညီခွေးကိုက်

ခံလိုက်ရလေပြီ။ ပြန်ဝယ်လို့ရတဲ့ဟာကို ဘာကြောင့် ခွေးဆီက

ပြန်သွားယူသလည်းဆိုတာ သူမတွေးတတ်။

........................

ဖြူလွလွ မျက်နှာကြက်အား စိုက်ကြည့်ရင်း မျက်ဝန်းထဲက

မျက်ရည်တို့က လျှံကျလာသည်။ ကိုကိုပေးတဲ့ ဖိနပ်ကို

သွားပြန်ယူရင်း ခွေးမကြီးကိုက်တာ ခံလိုက်ရတာ ဖြစ်သည်..။

သော်ဒီ ဘာအမှားလုပ်လို့ ကိုကို စိတ်ဆိုးသွားသလည်းမတွေးတတ်။

"သား.. နိုးပြီလား ဖေဖေစိတ်ပူလိုက်ရတာ သားရယ်

ဘယ်နား နာနေသေးလဲ"

သော်ဒီဖေဖေ့ကို ခေါင်းရမ်းပြလိုက်သည်။ ခွေးကိုက်ဒဏ်ရာက

ပေါင်မှာတစ်ချက် ခြေသလုံးမှာ တစ်ချက်မို့ တစ်ကိုယ်လုံး

မလှုပ်နိုင်တော့သည်အထိ အသည်းခိုက်မတတ် နာလှသည်...။

ဒါပေမယ့် ကိုကို ဥပေက္ခာပြုထားတာလောက်တော့ မနာပေ။

ကိုကို သူ့အားမခေါ်မပြောခြင်းက အရိုက်ခံရတာထက်တောင်

ပိုနာရသေး၏။

သူ့လက်တစ်ဖက်ကို ဖေဖေက ဆုပ်ကိုင်လာပြီး နှဖူးလေးကို

ဖွဖွလေးနမ်းလာတာတောင် စိတ်သက်သာရာ ရတယ်လို့

သော်ဒီမခံစားရ။

"ဖေဖေ!!!

တုန်နေတဲ့အသံကြောင့် မိုးနှောင်း သားဖြစ်သူကို ခေါင်းထောင်ကြည့်လာ၏။

"ပြောလေ...သား"

"ကိုကို .. သားကို ငြိုငြင်နေပြီထင်တယ်"

"မဟုတ်တာ သားရယ် ကိုကိုက သားမနိုးခင်မှာ တစ်ချိန်လုံး

ဒီမှာပဲ ရှိနေတာ"

သော်ဒီ ဖေဖေ့ကိုမယုံတာမို့ ခေါင်းတွေရမ်းရင်း

"မဟုတ်ဘူး ဖေဖေ !! ကိုကိုက သားကို တကယ်မုန်းနေတာ

အကြာကြီးနေမှ သားမှာ ကိုကိုရှိလာတာကို ဖျက်စီးမိသွားတယ်"

အိခနဲ ငိုချလာတဲ့ သားကြောင့် မိုးနှောင်း လက်နဲ့ခပ်ဖွဖွ

မျက်ရည်တွေ သုတ်ပေးရင်း စိတ်လည်းမကောင်းပေ..။

"သား မှားခဲ့တာလားဟင်!!!

ဖေဖေ သူ့ကိုပြန်မဖြေပဲ သူနဲ့အတူ လိုက်ငိုကာ စကားလမ်းကြောင်း လွှဲလာခဲ့သည်။

"ဖေဖေတို့ စိတ်ပြေလက်ပျောက် မန္တလေးက အိမ်ကို

ပြန်ကြမလားဟင်"

"အိမ်ပြန်ပြီး ဘာလုပ်ရမှာလဲ သားတို့ကိုစောင့်နေတဲ့သူလည်း

မရှိပဲနဲ့.."

မိုးနှောင်းရင်ထဲ ဆစ်ခနဲ တစ်ချက်ဖြစ်သွား၏။ ဟုတ်တော့လည်း

ဟုတ်သည်ပဲ သူနဲ့သားက အဖေတစ်ခု သားတစ်ခုပင်။ တစ်ခုခုဆို

ပြေးခိုစရာ အမျိုးမရှိ။ သူကလည်း မိဘမဲ့ဖြစ်တဲ့အပြင် ဇနီးဖြစ်သူ

ဘက်က မိဘတွေနဲ့လည်း သားကို အဆက်သွယ်မရစေချင်ပါ။

သူ့ရဲ့ ဒီလိုစိတ်ကပဲ သားက ဘာပဲလုပ်လုပ် ဘယ်ပဲသွားသွား

တစ်ယောက်ထဲဖြစ်ခဲ့ရပြီး သားမှာ အဖေဆိုတဲ့ သူသာရှိခဲ့ပါသည်။

သားကိုကျော်ပြီး သူကလည်း ဘယ်ကလေးကိုမှ ဂရုစိုက်လို့မရ။

ဒါပေမယ့် ကိုကိုနဲ့တွေ့ပြီး လက်ထပ်ဖြစ်မယ်ဆိုတော့ သားက

သိပ်လက်မခံချင်ပေ။ ကိုကိုတစ်ယောက် အဖော်ရဦးမယ်ဆိုတော့မှ ကြည်ဖြူစွာ လက်ခံခဲ့လို့ သူသိပ်ကို ဝမ်းသာခဲ့သည်..။

သော်ဒီက သူ့မေတ္တာတွေကို ဘယ်သူနဲ့မှ ခွဲဝေပေးရတာကို

သဘောမကျပေမယ့် ကိုကိုနဲ့ သားကြီးနဲ့တော့ ခွဲဝေပေးဖို့

ဆန္ဒရှိပုံအရ ကိုကိုတို့သားဖနှစ်ယောက်ကို မိသားစုလို့တကယ်ပဲ

သတ်မှတ်နိုင်ကြောင်းကို မိုးနှောင်းခံစားလို့ရသည်။

"ဘာလို့ အဲ့လိုပြောရတာလဲ သားမှာ ဖေဖေရှိတဲ့ဟာ...

လျှောက်မတွေးရဘူးနော် သားကိုကိုက သားကိုချစ်ပါတယ်

ခုနလည်း သူအရမ်းစိုးရိမ်နေတာ"

"ကိုကိုက သူ့ကောင်မလေးနဲ့ ပြတ်သွားတာ သားကြောင့်

ထင်နေတာ သား ကိုကို့ကို အများကြီး နှောက်ယှက်မိသွားပြီ"

"ဒါဆို ဖေဖေတို့ မန္တလေး ပြန်ကြမလားဟင်!!!

"သားတို့ပြန်ရင် ဒယ်ဒီကိုရော? ဒယ်ဒီကို ဖေဖေထားခဲ့မှာလားဟင်"

ဖေဖေနှုတ်ဆိတ်သွားသည်က သော်ဒီကို ပို၍ဝမ်းနည်းစေပါသည်။

ဒယ်ဒီနဲ့ဖေဖေက သိပ်ချစ်ကြမှန်း သော်ဒီသိတာမို့ အကယ်၍

သူသာ မန္တလေးကို ပြန်မယ်လို့ ပြောလိုက်ပါက ဖေဖေကဒယ်ဒီကို

သေချာပေါက် ထားခဲ့မယ်ဆိုတာ သူသိနေ၏။

အဲ့ဒီအခါ ဒယ်ဒီတင်မဟုတ် ဖေဖေပါ ဝမ်းနည်းသွားရမှာ..။

ကိုကိုကတော့ သူမရှိလည်း အေးအေးဆေးဆေး နေနိုင်မယ်လို့

သူထင်ပါ၏။

"ခွဲဝေရတာ မကြိုက်ဘူးဆို!! ဖေဖေ့ကို သား ဘယ်သူနဲ့မှ

ခွဲဝေပေးဖို့ မလိုအပ်တော့ဘူးလေ"

"သား.. ဒီမှာပဲ ဆက်နေချင်တယ် ဖေဖေ!! ဒယ်ဒီတို့ဘက်က

သားတို့ကို မနှင်မချင်း ဆက်နေကြမယ်"

"ဖေဖေ သားကိုချစ်တယ်နော်!!

နှဖူးလေး တစ်ချက်အနမ်းပေးလိုက်ပြီး မိုးနှောင်း သားကို

တင်းနေအောင် ဖက်ထားလိုက်သည်။ ထိုအခိုက် တံခါးချပ်လေးက လှုပ်ရှားသွား၏။

"ဘာလို့ အထဲကို မဝင်တာလဲ.."

ဒယ်ဒီအသံကြောင့် တုန်လှုပ်စွာ လှည့်ကြည့်လိုက်တော့

စီးကရက်သောက်နေတဲ့ ဒယ်ဒီအား တွေ့ရသည်။ သူမှတ်မိသလောက် ဒယ်ဒီက ဖေဖေနဲ့ လက်ထပ်ပြီးနောက် စီးကရက်

မသောက်တော့ပေ။ ဒါက ပထမဆုံးမို့ သူကြောင်သွားရ၏။

"ဒယ်ဒီ.. ကျွန်တော် တောင်းပန်ပါတယ်"

"တကယ်တမ်း မင်းတောင်းပန်သင့်တဲ့လူက

ဒယ်ဒီမဟုတ်ဘူးလို့ထင်တယ်"

စီးကရက်ဖွာနေတဲ့ ဒယ်ဒီအား သူခပ်ငေးငေး ကြည့်မိသွားသည်။

ဒယ်ဒီပုံစံက တစ်စုံတစ်ရာအား ကြေကွဲနေသည့်ပုံပေါက်နေ၏။

အရင်က ဒယ်ဒီရဲ့ တည်ငြိမ်နေတဲ့ အသွင်ကိုမြင်ဖူးခဲ့သော်လည်း

အခုလို ဆွေးမြေ့နေတဲ့ ပုံကိုတော့ အခုမှမြင်ဖူးခြင်းဖြစ်သည်။

"ကျွန်တော် ညီ့ကို တောင်းပန်ပါ့မယ် ဒယ်ဒီ!!

"မင်းက အကြီးလေ မင်းနဲ့ယှဉ်ရင် ညီလေးက ငယ်သေးတယ်

၂နှစ်ဆိုတဲ့ အရွယ်က အသိဉာဏ်ကအစ အရမ်းကွာတယ်

ညီလေးက ဘာမှမစဉ်းစားတတ်သေးဘူး သူဖြစ်ချင်တာကိုပဲ

သိသေးတဲ့ အရွယ်ပဲရှိသေးတာ"

"ဟုတ်ကဲ့!!

"ပြီးတော့ ပုလဲသွယ်နဲ့ မင်းရဲ့ ကိစ္စကို ငါအားလုံးသိပြီးပြီ"

ဩဂတ် မျက်လုံးပြူးသွားရင်း

"ဒယ်ဒီကို ဘယ်သူပြောတာလဲ "

"မှန်းကြည့်လေ"

"သွယ်လား ဖွားဖွားလား"

"မင်းအဖွားအပြင် ဘယ်သူလာပြောမှာလဲ နောက်ပြီး

မင်းနဲ့ အဲ့ကလေးမကို နေရာချထားပေးချင်တဲ့အကြောင်း

ငါ့ကိုပြောတယ် ဒယ်ဒီအမြင်ကတော့ အဲ့ကလေးမအပေါ်

လုံးဝ သဘောမကျဘူး"

ဩဂတ် ခေါင်းငုံ့သွားသည်။ ဒယ်ဒီရဲ့လက်တစ်ဖက်က သူ့ပုခုံးပေါ်

ကျရောက်လာသည့်အခါမှ ဖြည်းဖြည်းချင်းခေါင်းကိုပြန်မော့လိုက်သည်။

"ဒယ်ဒီ စိတ်ချပါ!! ဘာဆက်လုပ်ရမလည်းဆိုတာ ကျွန်တော်သိပါတယ်"

"ကောင်းတယ်!! ဒီအသက်ရွယ်ရောက်မှ ဒယ်ဒီအသည်းကွဲရင်

ကြားလို့မကောင်းဘူးနော်..သား"

အမှန်တော့ ဖေဖေသူ့ကိုထားပြီးထွက်သွားမှာကို ဒယ်ဒီက

ကြောက်နေခြင်းဖြစ်သည်။ ညီ့ကြောင့်သာ မဟုတ်ပါက ဖေဖေလည်း မန္တလေးပြန်သွားပြီး ဒယ်ဒီကိုအပြီးတိုင်ထားသွားနိုင်ခြေ

ရှိသည်။

"သားက ငယ်သေးတယ်.. ဒီတစ်ယောက်နဲ့ ပြတ်လို့အသည်းကွဲလည်း နောက်တစ်ယောက်ထပ်တွေ့ဦးမှာ"

ပြောချင်တာက 'ဒယ်ဒီအစား သားပဲအသည်းကွဲခံလိုက်'ဟူ၍ပင်။

ဒယ်ဒီမပြောလည်း ဒါကို သူသဘောပေါက်သည်။

"မင်းဖေဖေကို ဒယ်ဒီ မပြတ်နိုင်ဘူး!!!

သူဒယ်ဒီမျက်နှာကို သေချာကြည့်မိသွားသည်။ အဖြူရောင်မီးခိုးငွေ့တွေ ကြားက ဒယ်ဒီမျက်နှာအား ဝိုးတဝါးလှမ်းတွေ့ရပါ၏။

ပြောရကြေးဆို ဒယ်ဒီပုံစံက အသက်၄၀သာဆိုပေမယ့် အခုထိ

ဆံပင်ဖြူတစ်မျှင်တောင် မရှိသေးသည့် လူချောတစ်ယောက်ပင်။

..................

ဆံပင်ဖားလျား ချထားတဲ့ ၁၅နှစ်အရွယ် ကောင်မလေးရဲ့ မျက်နှာကို သူတစ်ချက်ကြည့်လိုက်သည်။ ပြောစရာရှိတယ်ဆိုတဲ့အကြောင်း ဖုန်းဆက်ပြီး ပြောလိုက်တာနဲ့ သွယ်က တစ်ချက်

မစဉ်းစားပဲ တန်းလက်ခံသည်။ တကယ်တမ်း ဒီကောင်မလေးသူ့ကို မပြတ်နိုင်မှန်း သူသိသလို သူလာချော့မှာကို မျှော်လင့်နေမှန်းလည်း သူသိပါသည်။

သွယ်ရဲ့မျက်နှာနုနုက ရွှင်ပျပျလေးဖြစ်နေကာ ပါးနှစ်ဖက်မှာ

သူကြိုက်တယ်ဆိုတဲ့ သနပ်ခါးလေးက မလှမ်းမကမ်းမှာရပ်နေတဲ့

သူ့ဆီကိုတောင် ခပ်သင်းသင်းလေး ရောက်လာသည်။ ‌သွယ့်ဆီ

ရောက်ဖို့ ရှေ့ကိုတိုးချင်ပေမယ့် အနောက်ကိုသာခြေတစ်လှမ်း

ပြန်ဆုတ်လိုက်ရပါသည်။

"ဘာတွေ စဉ်းစားနေတာလဲ မောင်!!!

"မောင် စဉ်းစားနေတာက သွယ့်ကိုပိုင်မယ့် ယောက်ျားက

ဘယ်လောက်ထိ ကံကောင်းနိုင်မလည်း ဆိုတာလေ..."

သွယ့်မျက်နှာက အပြုံးတွေ ပီသလာပြီး ရင်တွေတလှပ်လှပ်

ဖြစ်လာရသည်။

"ဒါပေမယ့် မောင်ကတော့ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး

ယောက်ျားတစ်ယောက် မဖြစ်နိုင်တော့ဘူး ထင်တယ်"

သူမ မျက်နှာပေါ်က အပြုံးတွေ ပျောက်ကွယ်သွားသည်..။

ထိုအစား ရင်တွေတုန်လာကာ ခြေဖျားလက်ဖျားတွေပင်အေးစက်

လာသည်။

"မောင့်သဘောက!!!

"မောင်တို့ တွဲခဲ့ဖူးတဲ့ ဒီ၂လကျော်ဆိုတဲ့ ကာလက သွယ့်အတွက်

ပျော်စရာကောင်းခဲ့ရဲ့လားဟင်!!

မောင်ပြောသလိုပဲ ၂လကျော်ဆိုတဲ့ ကာလမှာ သူမတကယ်ပဲ

ပျော်ခဲ့သလို အချိန်တွေကလည်း အကုန်မြန်တယ်လို့ ထင်ရ၏။

‌တကယ်ဆို သူမက မောင့်ကိုအရင်ချစ်ခဲ့တဲ့သူဖြစ်ပြီး မောင်နဲ့

လက်တွဲမြဲချင်ခဲ့သူပင်။

"ပျော်စရာကောင်းခဲ့တယ် မဟုတ်လားဟင်.. ဒါဆို မောင်တို့

ပျော်ပျော်ရွှင်ရွှင် လမ်းခွဲကြရအောင်"

"မောင့်ညီကြောင့်လား!!

ပြန်မဖြေတဲ့ မောင်က မျက်နှာကို ပေါ့ပျက်ပျက်လွှဲသွားခဲ့သည်။

မောင်မပြောလည်း ဒီအချက်ကြောင့်ဆိုတာ သူမ သိပါသည်။

"သွယ်တောင်းပန်ပါတယ် မောင်!!! သွယ်တို့ ညှိနှိုင်းလို့

မရဘူးလားဟင် မောင့်ညီနဲ့ သွယ်တည့်အောင်နေမယ်လေ

နော်...မောင်"

ရင်ဘက်မှာ မျက်နှာအပ်ကာ သွယ်ရှိုက်ငိုတော့ ဩဂတ်

အံကိုတင်းတင်းကြိတ်ကာ ရင်ထဲစို့နစ်သွားသည်..။

"မောင်တို့ အသက်က ငယ်သေးပါတယ် နောက်ကျရင်

သွယ့်အပေါ် တကယ်ကောင်းပြီး ချစ်ပေးတဲ့သူကိုတွေ့လိမ့်မယ်"

သွယ်က လက်မခံ...

"ဟင့်အင်း... သွယ်မလိုချင်ဘူး သွယ်က မောင့်ကိုပဲလိုချင်တာ

မောင် ဖွင့်မပြောခင်တည်းက သွယ်က တိမ်းညွတ်ခဲ့တာပါ မောင်ရယ်"

"သွယ်!!! မောင် တောင်းပန်!!

အဖျားခတ် တုန်ယင်သွားတဲ့ စကားကို တစ်ဝက်မှာသာ

ရပ်ထားပစ်လိုက်သည်။ ချစ်သူဆိုတာကြီးကို ဖယ်လိုက်ရင်

သူငယ်ချင်းသံယောဇဉ် ရှိနေတာမို့ ဝမ်းနည်းရပါသည်...။

"မတောင်းပန်နဲ့ မောင်... မောင့်ညီကြောင့်ဆိုတာ

သွယ်သိနေတာပဲ.. ဟင်းဟင်း.. ရယ်ရတယ်နော် တစ်သက်လုံး

သိလာခဲ့တဲ့ မိန်းမက မနေ့တစ်နေ့ကမှ ပေါ်လာတဲ့ ကောင်ကို

မယှဉ်နိုင်ဘူးတဲ့လား.."

"ညီ့အမှားမဟုတ်ပါဘူး သွယ်မကျေနပ်ရင် ငါ့ပါးကိုရိုက်လို့ရတယ်"

ဒီလောက်ထိ ဖြစ်ပျက်နေတာတောင် သူ့ညီကို ကာကွယ်ပေးနေတဲ့ မောင့်အား သွယ် နာကျည်းစွာ ကြည့်လိုက်မိသည်..။

မောင်နဲ့ တွေ့ဖို့ရာ အိမ်ကနေ ထွက်လာသည့်တိုင် သူမရဲ့

ခြေလှမ်းတွေက တက်တက်ကြွကြွရှိနေခဲ့သည်။ အခုလိုလမ်းခွဲ

ခံရမယ်လို့ တကယ်မထင်ထား။

"အခုထိ သူ့ကိုကာကွယ်ပေးနေတုန်းလား"

"သူက ငါ့ညီလေ ကာကွယ်တာ ဖြစ်သင့်တာပဲ မဟုတ်လား"

"မောင် ဖွားဖွားကို ဘယ်လိုရင်ဆိုင်ဖို့ စဉ်းစားထားလဲ"

နောက်ဆုံးအနေနဲ့ သွယ့်စကားထဲမှာ ခြောက်လုံးတွေပါလာတဲ့

အတွက် အံကြိတ်လိုက်တယ်။

"ဖွားဖွား နားလည်လောက်မှာပါ လူငယ်တွေကိစ္စကို

ဖွားဖွားလို အသက်ကြီးပြီဖြစ်တဲ့ လူကြီးတစ်ယောက်က

ဘယ်လိုလုပ် နားလည်ပေးနိုင်မှာလဲ"

"မောင် ပြန်မစဉ်းစားချင်တာ သေချာပြီလား"

သူ့မှာ ဘာစကားမှ ပြောစရာမရှိတာကြောင့် ခေါင်းပဲညိတ်ပြလိုက်တော့ သွယ်က အားတင်းပြီး မျက်ရည်တွေကို ခပ်ကြမ်းကြမ်း

သုတ်ပစ်လိုက်သည်။

"ကောင်းပြီလေ !! မောင့်သဘောပါပဲ"

ဩဂတ်မှာ အနည်းငယ်တွေခနဲ ဖြစ်သွားရ၏။ သွယ့်ကို

အခုလို စကားပြောလိုက်ရင် ပါးရိုက်ခံရမယ်လို့တောင် ထင်ထား

ခဲ့တာမို့ စိတ်ကိုအတတ်နိုင်ဆုံးပြင်ဆင်ခဲ့တာပင်။ အခုတော့

ပါးမရိုက်ခံရတဲ့အပြင် ကြည်ဖြူစွာ လမ်းခွဲပေးမယ်လို့မထင်ထား။

"ငါ့ကို ပါးမရိုက်ဘူးလား"

သွယ်က မျက်နှာမဲ့ပစ်၏။ ပြီးမှ

"တကယ်ချစ်ရင် လက်နဲ့တောင် မထိရက်ဘူး...မောင်

ကိုယ်ချစ်ရတဲ့သူ နာကျင်မယ့် ကိစ္စကိုလည်း ဘယ်နည်းနဲ့မှ

လုပ်နိုင်မှာ မဟုတ်ဘူး.."

ဩဂတ် သွယ့်မျက်နှာကိုသာ နာနာကျင်ကျင်စိုက်ကြည့်နေ၏။

"အဲ့နေ့က မောင် သွယ့်ပါးကို ရိုက်ပြီး နာကျင်အောင်

လုပ်နိုင်တယ်ဆိုတော့ မောင်က သွယ့်ကို မချစ်လို့ပဲပေါ့.."

"အဲ့လို တစ်ဖက်ပိတ်ကြီး မပြောပါနဲ့ တကယ်ဆို...."

ရှေ့တိုးလာတဲ့ဩဂတ်ကြောင့် သူမ အနောက်ကို ဖြည်းဖြည်းချင်း

ဆုတ်လိုက်သည်။

"သွယ့်ကို လမ်းခွဲစကားပြောပြီးတဲ့ အချိန်ကတည်းက

မောင်ဘာပဲပြောပြော အကုန်လုံးက သွယ့်ကိုနာကျင်စေတယ်

တောင်းပန်စကားလည်း မပြောနဲ့ သွယ့်ကို ဘယ်လောက်ထိ

ချစ်တယ် ဆိုတာလည်း ပြန်မပြောနဲ့တော့ သွယ့်ဘဝထဲကနေ

ဒီအတိုင်း တိတ်တိတ်လေး ထွက်သွားပေးပါနော်... "

"အင်း!!

ဩဂတ် လှည့်ထွက်လာလိုက်သည်။ အနောက်မှာကျန်ရစ်ခဲ့တဲ့

ပုလဲသွယ်ဆိုသည့် ကောင်မလေးရဲ့ ရှိုက်သံတို့ကိုလည်း

သူ ကြားနေရပေမယ့် တစ်ချက်လှည့်မကြည့်သလို ခြေလှမ်းတွေ

တွန့်သွားတာမျိုးလည်းမရှိ။ ပြီးခါမှ သွယ့်ကွယ်ရာမှာ မျက်ရည်တွေ ခိုးသုတ်ပစ်လိုက်သည်။

သူသည်လည်း သွယ့်ကို ငယ်သေးတဲ့အရွယ်မို့ လက်ထပ်ဖို့အထိ

မတွေးသေးပေမယ့် အမှန်တကယ် ချစ်ခဲ့ပါသည်။ ဒီကိစ္စကြောင့်သာ မဟုတ်ရင် သူ သွယ့်လို မိန်းမကောင်းလေးတစ်ယောက်နဲ့

လက်တွဲမဖြုတ်ချင်ပါ။ ဒါပေမယ့် သူ့မှာ ရွေးစရာမရှိပေ။

တစ်နေ့ကျ မောင့်ထက် ပိုကောင်းတဲ့ ယောက်ျားတစ်ယောက်နဲ့

တွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

Zawgyi

ခ်စ္သူတစ္ေယာက္ ေကာက္ရထားသည္ {အခန္း ၈}

"သားြကီး ဩဂတ္ဂုဏ္ပိုင္!!

ဒယ္ဒီအသံေြကာင့္ သူလက္ထဲက ဖုန္းကို ပစ္ခ်ခဲ့ျပီး အခန္းတံခါးကို အျမန္ဖြင့္လိုက္တယ္။ အခန္းေရွ့မွာေတာ့ စိတ္ပူေနပုံရတဲ့

ဒယ္ဒီနဲ့ ေဖေဖက ရပ္ေနတာမို့ ေတြခနဲြဖစ္ရင္း

"ဘာြဖစ္လို့လဲ ဒယ္ဒီ!!

"သားငယ္က မင္းဆီမွာလား"

"ဟင့္အင္း သူအခန္းထဲမွာ မရွိဘူးလား"

"မရွိဘူး တစ္အိမ္လုံးနွံ့ေနျပီ"

ပုံမွန္ဆို သူတို့အျပင္က ျပန္လာခ်ိန္က သားငယ္ရဲ့အသံသာသာကို ြကားရတတ္ေသာ္လည္း ဒီေန့မွာေတာ့ တိတ္ဆိတ္ေနသည္။

ဒါေပမယ့္လည္း သားငယ္က အခန္းထဲမွာပဲရွိေလာက္မွာပါဆိုတဲ့

စိတ္နဲ့ ျပီးစလြယ္ ေနခဲ့ြကရာမွ ည၇နာရီဝန္းက်င္မွာေတာ့ သားငယ္ သူ့အခန္းထဲမွာရွိမေနဘူးဆိုတာ ငယ္က စိုးရိမ္တြကီးေျပာလာခဲ့သည္။

"မရွိဘူးလား!!

ေက်ာင္းကေန ျပန္ျပန္လာခ်င္း အခန္းထဲကေန မထြက္ေတာ့ျပီမို့

ညီညီ အျပင္မွာက်န္ခဲ့တယ္ဆိုတာ ခဏအြကာမွာေမ့ခဲ့ေလြခင္း။

ဩဂတ္ ေတြးရင္း ေခါင္းြကီးသြားသည္။ ညီ့ရဲ့ ယူက်ုံးမရ

ေအာ္‌ငိုေနတဲ့ ျမင္ကြင္းကို ျပန္ျမင္ေယာင္လာေတာ့ မ်က္ဝန္းထဲက မ်က္ဆံအနက္ေလးက ဆတ္ခနဲ လွုပ္ခတ္သြားေလသည္။

"ဒီေန့ ညီ့ကို အျပင္မွာ ထားခဲ့မိတယ္ ဒယ္ဒီ!!

"ဘာ!!!

"ညီနဲ့ က်ြန္ေတာ္ ျပ‌ဿနာနည္းနည္းရွိလို့ စိတ္ဆိုးျပီး

အျပင္မွာ ထားခဲ့မိတာပါ"

ဦးအဂ္ဂက သားြဖစ္သူကိုဆူခ်င္ေသာ္လည္း ရုတ္တရက္

တိုက္တိုက္ဆိုင္ဆိုင္ ဖုန္းက ထျမည္လာခဲ့သည္။

ဒယ္ဒီ ဖုန္းေျပာေနတာကို ြကည့္ျပီး ဩဂတ္ လက္သီးဆုပ္ထားလိုက္မိ၏။ အခုခ်ိန္မွာ အျပင္ကိုေျပးထြက္ျပီး ညီ့ကိုရွာခ်င္တဲ့

စိတ္တစ္ခုတည္း သူ့မွာ ရွိေတာ့သည္။

"ငယ္!! သားငယ္ကို သူတို့ရပ္ကြက္မွာ ေတြ့လိုက္တယ္လို့ ေက်ာ္စြာက လွမ္းေျပာတာ"

"ဟုတ္လား ကိုကို ဒါဆို သြားရွာြကမယ္ေလ.."

ငယ္က လွစ္ခနဲ အျပင္ကို ေျပးထြက္သြားတာမို့ ဦးအဂ္ဂရဲ့

မီးဝင့္ဝင့္ေတာက္ေနတဲ့ အြကည့္ေတြက သားြဖစ္သူဆီစုျပုံက်

လာသည္။

"ဒယ္ဒီတို့ ျပီးမွ ရွင္းြကတာေပါ့!!

ဒယ္ဒီထြက္သြားေတာ့ အိမ္မွာ မေနနိုင္တဲ့ ဩဂတ္က အေနာက္ကေန ကပ္လိုက္လာခဲ့သည္။ ၃ေယာက္အတူ ေက်ာ္စြာတို့ရပ္ကြက္ကို ေရာက္ေတာ့ ဦးေက်ာ္စြာအိမ္မွာပဲ ကားရပ္လိုက္သည္။

ကားေပါ္က ဆင္းဆင္းခ်င္း ဦးေက်ာ္စြာက စကားစလာ၏။

"ငါတို့ရပ္ကြက္မွာ မင္းရဲ့သားငယ္ကို ေတြ့လိုက္တယ္

ငါလွမ္းေခါ္မလို့ပဲ ဒါေပမယ့္ သူက ေခြးတစ္ေကာင္ေနာက္ကို

ေျပးလိုက္သြားတာ.."

"ဘယ္ဘက္ကို ေျပးသြားတာလဲ ေက်ာ္စြာ!!

"ဒီလမ္းြကားကေန ဝင္ေျပးသြားတာ သူဘာလို့ ေခြးေနာက္ကို

ေျပးလိုက္လည္းဆိုတာ မသိေပမယ့္ သတိထားတာေကာင္းမယ္

ဒီရပ္ကြက္မွာ လမ္းေဘးေခြးေတြေပါတယ္ ဟိုတေလာကေတာင္

ကေလးတစ္ေယာက္ကို သားေပါက္ေနတဲ့ ေခြးအေမြကီးက

ကိုက္လိုက္တာကြာ သိသိခ်င္းေဆးသြားထိုးရတာ"

စကားဆုံးေတာ့ ဩဂတ္ရင္ထဲ ဒုန္းခနဲ ေဆာင့္ခုန္သြားရသည္။

စိတ္ထဲကေနလည္း ညီညီ ဘာမွမြဖစ္ပါေစနဲ့လို့ ဆုေတာင္းရင္း..

"ေက်းဇူး ေက်ာ္စြာ ငါတို့သြားရွာဦးမယ္"

"ငါပါ ကူရွာေပးမယ္"

"ထပ္ျပီး ေက်းဇူးပါကြာ"

ထို့ေနာက္မွာေတာ့ ကေလးေပ်ာက္ရွာပုံေတာ္ထဲမွာ ဦးေက်ာ္စြာပါ

အစစ္ပါလာခဲ့သည္။ ကေလးကို လူခြဲရွာတာက ေတြ့နိုင္ေြခ

ပိုမ်ားတယ္ဆိုလို့ ဩဂတ္လည္း  ညီညီကိုလိုက္ရွာဖို့

တစ္ေယာက္ထဲ ထြက္ခဲ့လိုက္သည္။ လမ္းတစ္ေလ်ွာက္ လ်ွပ္စစ္

မီးေရာင္ေြကာင့္ ျမင္ကြင္းကို ရွင္းရွင္းလင္းလင္း ျမင္ေနရသည္။

လမ္းေဘးေခြး တစ္ခ်ို့ တစ္ေလကို ေတြ့ရေပမယ့္ ညီညီ့ကိုေတာ့

မေတြ့ရေပ။ လူကလည္း ေခ်ြးေတြရြွဲလာတဲ့အျပင္ ညီညီကို

မေတြ့ရေတာ့ ဩဂတ္ ထိုင္ေတာင္ငိုခ်င္သြားသည္။ တကယ္သာဆို သူမွားတာ လမ္းမက်ြမ္းေသးတဲ့ ညီညီ့အား လမ္းမွာမထားခဲ့သင့္။

ထို့ေနာက္ မလွမ္းမကမ္းက လွုပ္ရွားလာတဲ့ အရိပ္ေလးတစ္ခုကို

သူေတြ့ရသည္။ သူ့ဆီကို ဦးတည္လာေနတဲ့ အရိပ္ေလးပင္။

အရပ္အျမင့္ကလည္း ညီညီေလာက္ပဲမို့ ဩဂတ္ မ်က္ရည္ေတြ

သုတ္ရင္း ထိုအနီးကို ေျပးသြားလိုက္သည္။ ဒါေပမယ့္ ညီညီ့နား

မေရာက္ခင္မွာ လမ္းေလ်ွာက္ပုံမူမမွန္ပဲ ေထာ့နဲ့ေထာ့နဲ့ြဖစ္ေနတဲ့ ညီ့ကို ေတြ့လိုက္ေတာ့ ေြခလွမ္းေတြတန့္သြားရသည္။

"ညီ!!!

"ကိုကို!!

ဖိနပ္ နွစ္ဖက္ကို လက္တစ္ဖက္ဆီမွာ ကိုင္လာျပီး ြဖူဖက္ြဖူေလ်ာ္ ြဖစ္ေနတဲ့ ညီ့ေြကာင့္ အြကည့္ေတြကို ေအာက္ကိုေရြ့လိုက္ေတာ့ လမ္းတစ္ေလ်ွာက္စီးက်ေနတဲ့ အရာေတြ။ ထိုအရာေတြက

ေသြးေတြပင္။

"ေနာက္ဆုံးေတာ့ ကိုကို ေရာက္လာျပီ!! ညီ့ကို အရင္ေတြ့တဲ့သူက ကိုကိုြဖစ္မယ္ဆိုတာ ထင္သားပဲ"

လဲက်ေတာ့ေတာ့မယ့္ ကိုယ္ေလးကို သူအျမန္ဖမ္းလိုက္ရသည္။

"ဘာေတြြဖစ္ခဲ့တာလဲ ညီ... ကိုကို့ကို ေျပာစမ္း"

"ကိုကိုေပးတဲ့ဖိနပ္ကို သြားယူရုံကို ေခြးမြကီးက!!!

စကားဆုံးေအာင္ မေျပာရေသးခင္ ညီညီက ရင္ခြင္ထဲ

ျပိုက်လာျပီး သတိလစ္သြား၏။ ထိုအထိ လက္ထဲမွာကိုင္ထားဆဲ

ြဖစ္တဲ့ဖိနပ္က ဒီအတိုင္း ရွိေနဆဲပင္။ ညီ့ရဲ့ ပါးေပါ္သို့ သူ့မ်က္ရည္

ြကည္တစ္စက္က ေပါက္ခနဲ က်သြားရင္း ညီ့ကိုသာတင္းေနေအာင္ ဖက္ထားလိုက္မိသည္။

"သား... သားငယ္ေလး ဘာြဖစ္တာလဲ"

ဒယ္ဒီတို့ ေရာက္လာျပီး သူ့လက္ထဲက ညီ့ကိုလက္လြွဲယူကာ

ေပြ့ေခါ္သြားသည္။

"ေသြးေတြနဲ့!!!

ထိုအခါ ဦးေက်ာ္စြာက..

"မင္းသား ေခြးကိုက္လိုက္တာ အဂ္ဂ... အခုခ်က္ခ်င္း

ေဆးရုံေခါ္သြားဖို့ လိုတယ္"

ဒယ္ဒီတို့ ေျပးထြက္သြားသည့္အခါမွာေတာ့ စိတ္တင္းျပီး

အေနာက္ကေန လိုက္ရ၏။ အဲ့ဖိနပ္အတြက္နဲ့ ညီညီေခြးကိုက္

ခံလိုက္ရေလျပီ။ ျပန္ဝယ္လို့ရတဲ့ဟာကို ဘာေြကာင့္ ေခြးဆီက

ျပန္သြားယူသလည္းဆိုတာ သူမေတြးတတ္။

........................

ြဖူလြလြ မ်က္နွာြကက္အား စိုက္ြကည့္ရင္း မ်က္ဝန္းထဲက

မ်က္ရည္တို့က လ်ွံက်လာသည္။ ကိုကိုေပးတဲ့ ဖိနပ္ကို

သြားျပန္ယူရင္း ေခြးမြကီးကိုက္တာ ခံလိုက္ရတာ ြဖစ္သည္..။

ေသာ္ဒီ ဘာအမွားလုပ္လို့ ကိုကို စိတ္ဆိုးသြားသလည္းမေတြးတတ္။

"သား.. နိုးျပီလား ေဖေဖစိတ္ပူလိုက္ရတာ သားရယ္

ဘယ္နား နာေနေသးလဲ"

ေသာ္ဒီေဖေဖ့ကို ေခါင္းရမ္းျပလိုက္သည္။ ေခြးကိုက္ဒဏ္ရာက

ေပါင္မွာတစ္ခ်က္ ေြခသလုံးမွာ တစ္ခ်က္မို့ တစ္ကိုယ္လုံး

မလွုပ္နိုင္ေတာ့သည္အထိ အသည္းခိုက္မတတ္ နာလွသည္...။

ဒါေပမယ့္ ကိုကို ဥေပက္ခာျပုထားတာေလာက္ေတာ့ မနာေပ။

ကိုကို သူ့အားမေခါ္မေျပာြခင္းက အရိုက္ခံရတာထက္ေတာင္

ပိုနာရေသး၏။

သူ့လက္တစ္ဖက္ကို ေဖေဖက ဆုပ္ကိုင္လာျပီး နွဖူးေလးကို

ဖြဖြေလးနမ္းလာတာေတာင္ စိတ္သက္သာရာ ရတယ္လို့

ေသာ္ဒီမခံစားရ။

"ေဖေဖ!!!

တုန္ေနတဲ့အသံေြကာင့္ မိုးေနွာင္း သားြဖစ္သူကို ေခါင္းေထာင္ြကည့္လာ၏။

"ေျပာေလ...သား"

"ကိုကို .. သားကို ျငိုျငင္ေနျပီထင္တယ္"

"မဟုတ္တာ သားရယ္ ကိုကိုက သားမနိုးခင္မွာ တစ္ခ်ိန္လုံး

ဒီမွာပဲ ရွိေနတာ"

ေသာ္ဒီ ေဖေဖ့ကိုမယုံတာမို့ ေခါင္းေတြရမ္းရင္း

"မဟုတ္ဘူး ေဖေဖ !! ကိုကိုက သားကို တကယ္မုန္းေနတာ

အြကာြကီးေနမွ သားမွာ ကိုကိုရွိလာတာကို ဖ်က္စီးမိသြားတယ္"

အိခနဲ ငိုခ်လာတဲ့ သားေြကာင့္ မိုးေနွာင္း လက္နဲ့ခပ္ဖြဖြ

မ်က္ရည္ေတြ သုတ္ေပးရင္း စိတ္လည္းမေကာင္းေပ..။

"သား မွားခဲ့တာလားဟင္!!!

ေဖေဖ သူ့ကိုျပန္မေြဖပဲ သူနဲ့အတူ လိုက္ငိုကာ စကားလမ္းေြကာင္း လြွဲလာခဲ့သည္။

"ေဖေဖတို့ စိတ္ေျပလက္ေပ်ာက္ မန္တေလးက အိမ္ကို

ျပန္ြကမလားဟင္"

"အိမ္ျပန္ျပီး ဘာလုပ္ရမွာလဲ သားတို့ကိုေစာင့္ေနတဲ့သူလည္း

မရွိပဲနဲ့.."

မိုးေနွာင္းရင္ထဲ ဆစ္ခနဲ တစ္ခ်က္ြဖစ္သြား၏။ ဟုတ္ေတာ့လည္း

ဟုတ္သည္ပဲ သူနဲ့သားက အေဖတစ္ခု သားတစ္ခုပင္။ တစ္ခုခုဆို

ေျပးခိုစရာ အမ်ိုးမရွိ။ သူကလည္း မိဘမဲ့ြဖစ္တဲ့အျပင္ ဇနီးြဖစ္သူ

ဘက္က မိဘေတြနဲ့လည္း သားကို အဆက္သြယ္မရေစခ်င္ပါ။

သူ့ရဲ့ ဒီလိုစိတ္ကပဲ သားက ဘာပဲလုပ္လုပ္ ဘယ္ပဲသြားသြား

တစ္ေယာက္ထဲြဖစ္ခဲ့ရျပီး သားမွာ အေဖဆိုတဲ့ သူသာရွိခဲ့ပါသည္။

သားကိုေက်ာ္ျပီး သူကလည္း ဘယ္ကေလးကိုမွ ဂရုစိုက္လို့မရ။

ဒါေပမယ့္ ကိုကိုနဲ့ေတြ့ျပီး လက္ထပ္ြဖစ္မယ္ဆိုေတာ့ သားက

သိပ္လက္မခံခ်င္ေပ။ ကိုကိုတစ္ေယာက္ အေဖာ္ရဦးမယ္ဆိုေတာ့မွ ြကည္ြဖူစြာ လက္ခံခဲ့လို့ သူသိပ္ကို ဝမ္းသာခဲ့သည္..။

ေသာ္ဒီက သူ့ေမတ္တာေတြကို ဘယ္သူနဲ့မွ ခြဲေဝေပးရတာကို

သေဘာမက်ေပမယ့္ ကိုကိုနဲ့ သားြကီးနဲ့ေတာ့ ခြဲေဝေပးဖို့

ဆန္ဒရွိပုံအရ ကိုကိုတို့သားဖနွစ္ေယာက္ကို မိသားစုလို့တကယ္ပဲ

သတ္မွတ္နိုင္ေြကာင္းကို မိုးေနွာင္းခံစားလို့ရသည္။

"ဘာလို့ အဲ့လိုေျပာရတာလဲ သားမွာ ေဖေဖရွိတဲ့ဟာ...

ေလ်ွာက္မေတြးရဘူးေနာ္ သားကိုကိုက သားကိုခ်စ္ပါတယ္

ခုနလည္း သူအရမ္းစိုးရိမ္ေနတာ"

"ကိုကိုက သူ့ေကာင္မေလးနဲ့ ျပတ္သြားတာ သားေြကာင့္

ထင္ေနတာ သား ကိုကို့ကို အမ်ားြကီး ေနွာက္ယွက္မိသြားျပီ"

"ဒါဆို ေဖေဖတို့ မန္တေလး ျပန္ြကမလားဟင္!!!

"သားတို့ျပန္ရင္ ဒယ္ဒီကိုေရာ? ဒယ္ဒီကို ေဖေဖထားခဲ့မွာလားဟင္"

ေဖေဖနွုတ္ဆိတ္သြားသည္က ေသာ္ဒီကို ပို၍ဝမ္းနည္းေစပါသည္။

ဒယ္ဒီနဲ့ေဖေဖက သိပ္ခ်စ္ြကမွန္း ေသာ္ဒီသိတာမို့ အကယ္၍

သူသာ မန္တေလးကို ျပန္မယ္လို့ ေျပာလိုက္ပါက ေဖေဖကဒယ္ဒီကို

ေသခ်ာေပါက္ ထားခဲ့မယ္ဆိုတာ သူသိေန၏။

အဲ့ဒီအခါ ဒယ္ဒီတင္မဟုတ္ ေဖေဖပါ ဝမ္းနည္းသြားရမွာ..။

ကိုကိုကေတာ့ သူမရွိလည္း ေအးေအးေဆးေဆး ေနနိုင္မယ္လို့

သူထင္ပါ၏။

"ခြဲေဝရတာ မြကိုက္ဘူးဆို!! ေဖေဖ့ကို သား ဘယ္သူနဲ့မွ

ခြဲေဝေပးဖို့ မလိုအပ္ေတာ့ဘူးေလ"

"သား.. ဒီမွာပဲ ဆက္ေနခ်င္တယ္ ေဖေဖ!! ဒယ္ဒီတို့ဘက္က

သားတို့ကို မနွင္မခ်င္း ဆက္ေနြကမယ္"

"ေဖေဖ သားကိုခ်စ္တယ္ေနာ္!!

နွဖူးေလး တစ္ခ်က္အနမ္းေပးလိုက္ျပီး မိုးေနွာင္း သားကို

တင္းေနေအာင္ ဖက္ထားလိုက္သည္။ ထိုအခိုက္ တံခါးခ်ပ္ေလးက လွုပ္ရွားသြား၏။

"ဘာလို့ အထဲကို မဝင္တာလဲ.."

ဒယ္ဒီအသံေြကာင့္ တုန္လွုပ္စြာ လွည့္ြကည့္လိုက္ေတာ့

စီးကရက္ေသာက္ေနတဲ့ ဒယ္ဒီအား ေတြ့ရသည္။ သူမွတ္မိသေလာက္ ဒယ္ဒီက ေဖေဖနဲ့ လက္ထပ္ျပီးေနာက္ စီးကရက္

မေသာက္ေတာ့ေပ။ ဒါက ပထမဆုံးမို့ သူေြကာင္သြားရ၏။

"ဒယ္ဒီ.. က်ြန္ေတာ္ ေတာင္းပန္ပါတယ္"

"တကယ္တမ္း မင္းေတာင္းပန္သင့္တဲ့လူက

ဒယ္ဒီမဟုတ္ဘူးလို့ထင္တယ္"

စီးကရက္ဖြာေနတဲ့ ဒယ္ဒီအား သူခပ္ေငးေငး ြကည့္မိသြားသည္။

ဒယ္ဒီပုံစံက တစ္စုံတစ္ရာအား ေြကကြဲေနသည့္ပုံေပါက္ေန၏။

အရင္က ဒယ္ဒီရဲ့ တည္ျငိမ္ေနတဲ့ အသြင္ကိုျမင္ဖူးခဲ့ေသာ္လည္း

အခုလို ေဆြးေျမ့ေနတဲ့ ပုံကိုေတာ့ အခုမွျမင္ဖူးြခင္းြဖစ္သည္။

"က်ြန္ေတာ္ ညီ့ကို ေတာင္းပန္ပါ့မယ္ ဒယ္ဒီ!!

"မင္းက အြကီးေလ မင္းနဲ့ယွဉ္ရင္ ညီေလးက ငယ္ေသးတယ္

၂နွစ္ဆိုတဲ့ အရြယ္က အသိဉာဏ္ကအစ အရမ္းကြာတယ္

ညီေလးက ဘာမွမစဉ္းစားတတ္ေသးဘူး သူြဖစ္ခ်င္တာကိုပဲ

သိေသးတဲ့ အရြယ္ပဲရွိေသးတာ"

"ဟုတ္ကဲ့!!

"ျပီးေတာ့ ပုလဲသြယ္နဲ့ မင္းရဲ့ ကိစ္စကို ငါအားလုံးသိျပီးျပီ"

ဩဂတ္ မ်က္လုံးျပူးသြားရင္း

"ဒယ္ဒီကို ဘယ္သူေျပာတာလဲ "

"မွန္းြကည့္ေလ"

"သြယ္လား ဖြားဖြားလား"

"မင္းအဖြားအျပင္ ဘယ္သူလာေျပာမွာလဲ ေနာက္ျပီး

မင္းနဲ့ အဲ့ကေလးမကို ေနရာခ်ထားေပးခ်င္တဲ့အေြကာင္း

ငါ့ကိုေျပာတယ္ ဒယ္ဒီအျမင္ကေတာ့ အဲ့ကေလးမအေပါ္

လုံးဝ သေဘာမက်ဘူး"

ဩဂတ္ ေခါင္းငုံ့သြားသည္။ ဒယ္ဒီရဲ့လက္တစ္ဖက္က သူ့ပုခုံးေပါ္

က်ေရာက္လာသည့္အခါမွ ြဖည္းြဖည္းခ်င္းေခါင္းကိုျပန္ေမာ့လိုက္သည္။

"ဒယ္ဒီ စိတ္ခ်ပါ!! ဘာဆက္လုပ္ရမလည္းဆိုတာ က်ြန္ေတာ္သိပါတယ္"

"ေကာင္းတယ္!! ဒီအသက္ရြယ္ေရာက္မွ ဒယ္ဒီအသည္းကြဲရင္

ြကားလို့မေကာင္းဘူးေနာ္..သား"

အမွန္ေတာ့ ေဖေဖသူ့ကိုထားျပီးထြက္သြားမွာကို ဒယ္ဒီက

ေြကာက္ေနြခင္းြဖစ္သည္။ ညီ့ေြကာင့္သာ မဟုတ္ပါက ေဖေဖလည္း မန္တေလးျပန္သြားျပီး ဒယ္ဒီကိုအျပီးတိုင္ထားသြားနိုင္ေြခ

ရွိသည္။

"သားက ငယ္ေသးတယ္.. ဒီတစ္ေယာက္နဲ့ ျပတ္လို့အသည္းကြဲလည္း ေနာက္တစ္ေယာက္ထပ္ေတြ့ဦးမွာ"

ေျပာခ်င္တာက 'ဒယ္ဒီအစား သားပဲအသည္းကြဲခံလိုက္'ဟူ၍ပင္။

ဒယ္ဒီမေျပာလည္း ဒါကို သူသေဘာေပါက္သည္။

"မင္းေဖေဖကို ဒယ္ဒီ မျပတ္နိုင္ဘူး!!!

သူဒယ္ဒီမ်က္နွာကို ေသခ်ာြကည့္မိသြားသည္။ အြဖူေရာင္မီးခိုးေငြ့ေတြ ြကားက ဒယ္ဒီမ်က္နွာအား ဝိုးတဝါးလွမ္းေတြ့ရပါ၏။

ေျပာရေြကးဆို ဒယ္ဒီပုံစံက အသက္၄၀သာဆိုေပမယ့္ အခုထိ

ဆံပင္ြဖူတစ္မ်ွင္ေတာင္ မရွိေသးသည့္ လူေခ်ာတစ္ေယာက္ပင္။

..................

ဆံပင္ဖားလ်ား ခ်ထားတဲ့ ၁၅နွစ္အရြယ္ ေကာင္မေလးရဲ့ မ်က္နွာကို သူတစ္ခ်က္ြကည့္လိုက္သည္။ ေျပာစရာရွိတယ္ဆိုတဲ့အေြကာင္း ဖုန္းဆက္ျပီး ေျပာလိုက္တာနဲ့ သြယ္က တစ္ခ်က္

မစဉ္းစားပဲ တန္းလက္ခံသည္။ တကယ္တမ္း ဒီေကာင္မေလးသူ့ကို မျပတ္နိုင္မွန္း သူသိသလို သူလာေခ်ာ့မွာကို ေမ်ွာ္လင့္ေနမွန္းလည္း သူသိပါသည္။

သြယ္ရဲ့မ်က္နွာနုနုက ရြွင္ပ်ပ်ေလးြဖစ္ေနကာ ပါးနွစ္ဖက္မွာ

သူြကိုက္တယ္ဆိုတဲ့ သနပ္ခါးေလးက မလွမ္းမကမ္းမွာရပ္ေနတဲ့

သူ့ဆီကိုေတာင္ ခပ္သင္းသင္းေလး ေရာက္လာသည္။ ‌သြယ့္ဆီ

ေရာက္ဖို့ ေရွ့ကိုတိုးခ်င္ေပမယ့္ အေနာက္ကိုသာေြခတစ္လွမ္း

ျပန္ဆုတ္လိုက္ရပါသည္။

"ဘာေတြ စဉ္းစားေနတာလဲ ေမာင္!!!

"ေမာင္ စဉ္းစားေနတာက သြယ့္ကိုပိုင္မယ့္ ေယာက္်ားက

ဘယ္ေလာက္ထိ ကံေကာင္းနိုင္မလည္း ဆိုတာေလ..."

သြယ့္မ်က္နွာက အျပုံးေတြ ပီသလာျပီး ရင္ေတြတလွပ္လွပ္

ြဖစ္လာရသည္။

"ဒါေပမယ့္ ေမာင္ကေတာ့ ကမ္ဘာေပါ္မွာ ကံအေကာင္းဆုံး

ေယာက္်ားတစ္ေယာက္ မြဖစ္နိုင္ေတာ့ဘူး ထင္တယ္"

သူမ မ်က္နွာေပါ္က အျပုံးေတြ ေပ်ာက္ကြယ္သြားသည္..။

ထိုအစား ရင္ေတြတုန္လာကာ ေြခဖ်ားလက္ဖ်ားေတြပင္ေအးစက္

လာသည္။

"ေမာင့္သေဘာက!!!

"ေမာင္တို့ တြဲခဲ့ဖူးတဲ့ ဒီ၂လေက်ာ္ဆိုတဲ့ ကာလက သြယ့္အတြက္

ေပ်ာ္စရာေကာင္းခဲ့ရဲ့လားဟင္!!

ေမာင္ေျပာသလိုပဲ ၂လေက်ာ္ဆိုတဲ့ ကာလမွာ သူမတကယ္ပဲ

ေပ်ာ္ခဲ့သလို အခ်ိန္ေတြကလည္း အကုန္ျမန္တယ္လို့ ထင္ရ၏။

‌တကယ္ဆို သူမက ေမာင့္ကိုအရင္ခ်စ္ခဲ့တဲ့သူြဖစ္ျပီး ေမာင္နဲ့

လက္တြဲျမဲခ်င္ခဲ့သူပင္။

"ေပ်ာ္စရာေကာင္းခဲ့တယ္ မဟုတ္လားဟင္.. ဒါဆို ေမာင္တို့

ေပ်ာ္ေပ်ာ္ရြွင္ရြွင္ လမ္းခြဲြကရေအာင္"

"ေမာင့္ညီေြကာင့္လား!!

ျပန္မေြဖတဲ့ ေမာင္က မ်က္နွာကို ေပါ့ပ်က္ပ်က္လြွဲသြားခဲ့သည္။

ေမာင္မေျပာလည္း ဒီအခ်က္ေြကာင့္ဆိုတာ သူမ သိပါသည္။

"သြယ္ေတာင္းပန္ပါတယ္ ေမာင္!!! သြယ္တို့ ညွိနွိုင္းလို့

မရဘူးလားဟင္ ေမာင့္ညီနဲ့ သြယ္တည့္ေအာင္ေနမယ္ေလ

ေနာ္...ေမာင္"

ရင္ဘက္မွာ မ်က္နွာအပ္ကာ သြယ္ရွိုက္ငိုေတာ့ ဩဂတ္

အံကိုတင္းတင္းြကိတ္ကာ ရင္ထဲစို့နစ္သြားသည္..။

"ေမာင္တို့ အသက္က ငယ္ေသးပါတယ္ ေနာက္က်ရင္

သြယ့္အေပါ္ တကယ္ေကာင္းျပီး ခ်စ္ေပးတဲ့သူကိုေတြ့လိမ့္မယ္"

သြယ္က လက္မခံ...

"ဟင့္အင္း... သြယ္မလိုခ်င္ဘူး သြယ္က ေမာင့္ကိုပဲလိုခ်င္တာ

ေမာင္ ဖြင့္မေျပာခင္တည္းက သြယ္က တိမ္းညြတ္ခဲ့တာပါ ေမာင္ရယ္"

"သြယ္!!! ေမာင္ ေတာင္းပန္!!

အဖ်ားခတ္ တုန္ယင္သြားတဲ့ စကားကို တစ္ဝက္မွာသာ

ရပ္ထားပစ္လိုက္သည္။ ခ်စ္သူဆိုတာြကီးကို ဖယ္လိုက္ရင္

သူငယ္ခ်င္းသံေယာဇဉ္ ရွိေနတာမို့ ဝမ္းနည္းရပါသည္...။

"မေတာင္းပန္နဲ့ ေမာင္... ေမာင့္ညီေြကာင့္ဆိုတာ

သြယ္သိေနတာပဲ.. ဟင္းဟင္း.. ရယ္ရတယ္ေနာ္ တစ္သက္လုံး

သိလာခဲ့တဲ့ မိန္းမက မေန့တစ္ေန့ကမွ ေပါ္လာတဲ့ ေကာင္ကို

မယွဉ္နိုင္ဘူးတဲ့လား.."

"ညီ့အမွားမဟုတ္ပါဘူး သြယ္မေက်နပ္ရင္ ငါ့ပါးကိုရိုက္လို့ရတယ္"

ဒီေလာက္ထိ ြဖစ္ပ်က္ေနတာေတာင္ သူ့ညီကို ကာကြယ္ေပးေနတဲ့ ေမာင့္အား သြယ္ နာက်ည္းစြာ ြကည့္လိုက္မိသည္..။

ေမာင္နဲ့ ေတြ့ဖို့ရာ အိမ္ကေန ထြက္လာသည့္တိုင္ သူမရဲ့

ေြခလွမ္းေတြက တက္တက္ြကြြကြရွိေနခဲ့သည္။ အခုလိုလမ္းခြဲ

ခံရမယ္လို့ တကယ္မထင္ထား။

"အခုထိ သူ့ကိုကာကြယ္ေပးေနတုန္းလား"

"သူက ငါ့ညီေလ ကာကြယ္တာ ြဖစ္သင့္တာပဲ မဟုတ္လား"

"ေမာင္ ဖြားဖြားကို ဘယ္လိုရင္ဆိုင္ဖို့ စဉ္းစားထားလဲ"

ေနာက္ဆုံးအေနနဲ့ သြယ့္စကားထဲမွာ ေြခာက္လုံးေတြပါလာတဲ့

အတြက္ အံြကိတ္လိုက္တယ္။

"ဖြားဖြား နားလည္ေလာက္မွာပါ လူငယ္ေတြကိစ္စကို

ဖြားဖြားလို အသက္ြကီးျပီြဖစ္တဲ့ လူြကီးတစ္ေယာက္က

ဘယ္လိုလုပ္ နားလည္ေပးနိုင္မွာလဲ"

"ေမာင္ ျပန္မစဉ္းစားခ်င္တာ ေသခ်ာျပီလား"

သူ့မွာ ဘာစကားမွ ေျပာစရာမရွိတာေြကာင့္ ေခါင္းပဲညိတ္ျပလိုက္ေတာ့ သြယ္က အားတင္းျပီး မ်က္ရည္ေတြကို ခပ္ြကမ္းြကမ္း

သုတ္ပစ္လိုက္သည္။

"ေကာင္းျပီေလ !! ေမာင့္သေဘာပါပဲ"

ဩဂတ္မွာ အနည္းငယ္ေတြခနဲ ြဖစ္သြားရ၏။ သြယ့္ကို

အခုလို စကားေျပာလိုက္ရင္ ပါးရိုက္ခံရမယ္လို့ေတာင္ ထင္ထား

ခဲ့တာမို့ စိတ္ကိုအတတ္နိုင္ဆုံးျပင္ဆင္ခဲ့တာပင္။ အခုေတာ့

ပါးမရိုက္ခံရတဲ့အျပင္ ြကည္ြဖူစြာ လမ္းခြဲေပးမယ္လို့မထင္ထား။

"ငါ့ကို ပါးမရိုက္ဘူးလား"

သြယ္က မ်က္နွာမဲ့ပစ္၏။ ျပီးမွ

"တကယ္ခ်စ္ရင္ လက္နဲ့ေတာင္ မထိရက္ဘူး...ေမာင္

ကိုယ္ခ်စ္ရတဲ့သူ နာက်င္မယ့္ ကိစ္စကိုလည္း ဘယ္နည္းနဲ့မွ

လုပ္နိုင္မွာ မဟုတ္ဘူး.."

ဩဂတ္ သြယ့္မ်က္နွာကိုသာ နာနာက်င္က်င္စိုက္ြကည့္ေန၏။

"အဲ့ေန့က ေမာင္ သြယ့္ပါးကို ရိုက္ျပီး နာက်င္ေအာင္

လုပ္နိုင္တယ္ဆိုေတာ့ ေမာင္က သြယ့္ကို မခ်စ္လို့ပဲေပါ့.."

"အဲ့လို တစ္ဖက္ပိတ္ြကီး မေျပာပါနဲ့ တကယ္ဆို...."

ေရွ့တိုးလာတဲ့ဩဂတ္ေြကာင့္ သူမ အေနာက္ကို ြဖည္းြဖည္းခ်င္း

ဆုတ္လိုက္သည္။

"သြယ့္ကို လမ္းခြဲစကားေျပာျပီးတဲ့ အခ်ိန္ကတည္းက

ေမာင္ဘာပဲေျပာေျပာ အကုန္လုံးက သြယ့္ကိုနာက်င္ေစတယ္

ေတာင္းပန္စကားလည္း မေျပာနဲ့ သြယ့္ကို ဘယ္ေလာက္ထိ

ခ်စ္တယ္ ဆိုတာလည္း ျပန္မေျပာနဲ့ေတာ့ သြယ့္ဘဝထဲကေန

ဒီအတိုင္း တိတ္တိတ္ေလး ထြက္သြားေပးပါေနာ္... "

"အင္း!!

ဩဂတ္ လွည့္ထြက္လာလိုက္သည္။ အေနာက္မွာက်န္ရစ္ခဲ့တဲ့

ပုလဲသြယ္ဆိုသည့္ ေကာင္မေလးရဲ့ ရွိုက္သံတို့ကိုလည္း

သူ ြကားေနရေပမယ့္ တစ္ခ်က္လွည့္မြကည့္သလို ေြခလွမ္းေတြ

တြန့္သြားတာမ်ိုးလည္းမရွိ။ ျပီးခါမွ သြယ့္ကြယ္ရာမွာ မ်က္ရည္ေတြ ခိုးသုတ္ပစ္လိုက္သည္။

သူသည္လည္း သြယ့္ကို ငယ္ေသးတဲ့အရြယ္မို့ လက္ထပ္ဖို့အထိ

မေတြးေသးေပမယ့္ အမွန္တကယ္ ခ်စ္ခဲ့ပါသည္။ ဒီကိစ္စေြကာင့္သာ မဟုတ္ရင္ သူ သြယ့္လို မိန္းမေကာင္းေလးတစ္ေယာက္နဲ့

လက္တြဲမြဖုတ္ခ်င္ပါ။ ဒါေပမယ့္ သူ့မွာ ေရြးစရာမရွိေပ။

တစ္ေန့က် ေမာင့္ထက္ ပိုေကာင္းတဲ့ ေယာက္်ားတစ္ေယာက္နဲ့

ေတြ့ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ ။

[text_hash] => 19a2c513
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...