Array
(
[text] =>
ချစ်သူတစ်ယောက် ကောက်ရထားသည် {အခန်း ၉}
"ညီ!! ကိုကိုတို့ အတူပြန်ရအောင်"
ကားကိုမှီပြီး ရပ်နေတဲ့ ကိုကို့ကိုမြင်တော့ သော်ဒီစိတ်ရှုပ်သွားသည်။ သူဆေးရုံကဆင်းပြီး ဒဏ်ရာတွေ သက်သာပြီးနောက်မှာ
ကိုကိုက သူ့နားကို ပိုကပ်လာပြီး သူနဲ့ရင်းနှီးဖို့ ကြိုးစားနေတယ်လို့
သော်ဒီထင်မိပေမယ့် ချိုပြတိုင်း သော်ဒီမယုံရဲ။
"ရတယ် ကိုကြီးဩဂတ် ဟို.. ဖက်တီးက သူ့စက်ဘီးနဲ့
လိုက်ပို့ပေးမယ်တဲ့"
ဖက်တီးစက်ဘီးက အနောက်ထိုင်ခုံကိုပုတ်ပြရင်း သော်ဒီပြောရ၏။ ဩဂတ်ကလည်း ကိုကိုလို့ခေါ်ရာကနေ လေသံကအစ
ပြောင်းသွားတဲ့ ညီ့ကြောင့် စိတ်ထဲ တင်းခနဲ ဖြစ်သွားရပါသည်။
အခုဆို ညီညီက သူ့ကိုလည်း ရအောင်ရှောင်ပြီး သူ့နားမှာလည်း
အရင်ကလိုမကပ်တော့ပေ။ ပိုဆိုးတာက အခေါ်ဝေါ်တွေက အစ
ပြောင်းကုန်တာပင်။
"အဲ.. ဟုတ်တယ်ဗျ ကိုကြီးဩဂတ် သော်ဒီကို ကျွန်တော်
လိုက်ပို့ပေးမယ်ပြောထားတာ"
သော်ဒီက တံတောင်နဲ့တွက်ပြီး အကူညီတောင်းတော့
ဖက်တီးမှာ ကြောက်ကြောက်နဲ့ ကူပြောပေးရသေးသည်။
"သွားကြစို့ ဖက်တီး!!!
"သော်ဒီထူးဟန်!!
ခြေလှမ်းလေးမှ နှစ်လှမ်းလောက် လှမ်းရသေးချိန် ကိုကို့ရဲ့
ဒေါသ သံကြောင့် နေရာမှာတင် ရပ်သွားကာ သူရော ဖက်တီးပါ
မလှုပ်ရဲ။
"အခု ကားပေါ်တက်စမ်း!!!
"ဟုတ်!!
ဖက်တီးနဲ့သူ အကြည့်နဲ့သာ နှုတ်ဆက်ပြီး ကိုကိုအသင့်ဖွင့်ပေး
ထားတဲ့ ကားပေါ် ခပ်မြန်မြန်တက်လိုက်သည်။ ကိုကို လိုက်တက်
လာတော့ သော်ဒီ အသက်တစ်ချက်အောင့်ထားပြီး ထောင့်မှာပဲ
ကပ်နိုင်သလောက် ပြေးကပ်ထားလိုက်သည်။
အရင်က ကိုကို့ကို ရှောင်လို့ရပေမယ့် ဒီတစ်ခါတော့ရှောင်လို့ရဟန် မတူပါ။ အသက်ရှူကြပ်သလို ခံစားရပေမယ့် ကားမှန်
ချပေးထားလို့ တော်သေးသည်။
"ခြေထောက် သက်သာသွားပြီလား!!
"ဟုတ်ကဲ့ ကိုကြီးဩဂတ်..."
ကိုကိုလို့တောင် မခေါ်တော့တဲ့ ကောင်လေးကြောင့် ဩဂတ်
ပြုံးမိသွားသည်။ ကိုကိုလို့ အခေါ်မခံရတော့လည်း သူက
ဒီအသံလေးကို လွမ်းမိပါသည်။
"ကိုကိုလို့ ပြန်မခေါ်ရင် ဖေဖေတို့မသိတုန်း မင်းကို
ရိုက်မှာနော်"
ဒီလိုကျပြန်တော့ ကောင်ကလေးက ကြောက်ပုံရကာ သူ့ကို
အလန့်တကြား မော့ကြည့်လာသည်။ ပြီးမှ မျက်နှာပြန်လွှဲသွား၏။
"ဟုတ်ကဲ့ ကို..ကို"
ကိုကို ခေါ်သံပြန်ကြားလိုက်မှ ဩဂတ်မျက်နှာမော်ချီလျက်
အူမြူးသွားတဲ့ အသွင်ပေါက်လာသည်။
"ဒီည ကိုကို့အခန်း လာအိပ်လေ.."
"ရ..ရပါတယ် ဒယ်ဒီက ကျွန်တော့်အတွက် အခန်းလုပ်ပေးထားတာပဲ ကိုယ့်အခန်းမှာကိုပဲ အိပ်မှာပေါ့"
"ဟုတ်ပြီလေ ဒါဆို ကိုကို့အခန်းလာအိပ်မယ်လို့ပဲ
သတ်မှတ်လိုက်ပြီနော်"
ကိုကိုက သူပြောတာကို နားမလည်သည်လား ဒါမှမဟုတ်
နားမထောင်သည်လားတော့မသိ။ သူပြောချင်ရာ ပြောပြီး
သူ့ဟာသူ ထင်ချင်ရာ ထင်သည်။ သော်ဒီလည်း ဘာမှမဖြေရှင်းချင်၍ သက်ပြင်းဖွဖွချပြီး ငြိမ်ကျသွားသည်။
အိမ်ကို ပြန်ရောက်တော့ ဒယ်ဒီနဲ့ဖေဖေက ဧည့်ခန်းက ဆိုဖာမှာ
နှစ်ယောက်သား ပူးကပ်ထိုင်နေသည်အား တွေ့လိုက်ရ၏။ သော်ဒီ မမြင်ချင်ယောင်ဆောင်ကာ အပေါ်ထပ်ကိုတက်ရင်း ဖေဖေ
ကြားအောင် ပြောလိုက်သည်က....
"ညစာ မစားတော့ဘူးနော် ဖေဖေ!!!
အနောက်က လိုက်လာတဲ့ ဩဂတ်ကလည်း သော်ဒီစကားကြောင့်
ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ ညီ့ကို နောက်ထပ်မေးခွန်းတွေ မေးချင်ပေမယ့် အခန်းထဲ ဝင်တာနဲ့ တံခါးလော့ခ်ချသွားတဲ့
ညီ့ကြောင့် သက်ပြင်းဖွဖွချကာ သူ့အခန်းသူ ပြန်လာလိုက်ရတယ်။
ညစာ၊ စားချိန်ရောက်တော့ ထိုင်မနေနိုင်တဲ့ သူကပဲ ညီ့အခန်းရှေ့မှာ သွားရပ်ရပြန်သည်။ ချိတုံချတုံဖြစ်ရင်း နောက်ဆုံးမှာတော့
သူတံခါးခေါက်လိုက်၏။
"ကိုကိုပါ.. တံခါးဖွင့်ပေးပါဦး ညီညီ"
ခဏကြာပြီးနောက်မှာတော့ တံခါးက ပွင့်သွားခဲ့ပြီး အခုမှ
ရေချိုးပြီးခါစ ရှိသေးတဲ့ ညီ့အား သူတွေ့လိုက်ရသည်။
"ဘာကိစ္စရှိလို့လဲဟင်!!!
"ဟို... ညစာ၊ စားရအောင်"
"ညီ မစားတော့ဘူး ကိုကိုပဲ သွားစားလိုက်ပါ"
"ညီကလည်းကွာ... ထမင်းစားချိန် စားရမှာပေါ့
အခန်းထဲမှာ ပေကပ်မနေရဘူး အဲ့ဒါကြောင့်နေမယ်
ခန္ဓာကိုယ်က ပိန်ကပ်ကပ်လေး ဖြစ်နေတာ ကိုကိုကတော့လေ
ညီ့ကို ဖက်တီးလေးဖြစ်လာအောင် ကျွေးထားချင်တာ.."
"ကိုကိုပဲ သွားစားလိုက်ပါ!!
"ညီညီ ၊ မစားရင် ကိုကိုလည်း မစားဘူး"
သော်ဒီသက်ပြင်းတစ်ချက်ချကာ သွားစားဖို့ သဘောတူလိုက်ရင်း
ကိုကို့အနောက်ကို လိုက်လာခဲ့သည်။ ညစာ၊ စားပွဲဝိုင်းမှာတော့
ဒယ်ဒီနဲ့ဖေဖေက ပြုံးရွှင်နေကြကာ သူတို့အလာကိုစောင့်နေပုံ
ရသည်။ ဖေဖေ အခုလိုပျော်နေတာ မြင်ရတော့လည်းသော်ဒီက
ကျေနပ်ရပါသည်။ တော်သေးတာပေါ့ ဖေဖေ့ရဲ့ ပျော်ရွှင်မှုကို
မဖျက်စီးလိုက်မိလို့။
"သားကိုကိုက သားကို စိတ်ပူနေတာလေ သူ့ညီလေး
ပိန်သွားမှာကြောက်နေရှာတာ.."
ဖေဖေ့ရဲ့ စကားကြောင့် သော်ဒီပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။
ဒယ်ဒီကလည်း ပြုံးနေပြီး ဖေဖေ့ထမင်းပန်းကန်ထဲကို
တောင်လိုပုံတဲ့ ဟင်းတွေထည့်ပေးနေတာကြောင့် ဖေဖေကတောင် ငြင်းယူရသည်အထိပင်။
သော်ဒီထူးဟန် ငေးကြောင်နေစဉ်မှာပဲ သူ့ထမင်းပန်းကန်ထဲ
ရောက်လာတဲ့ ဟင်းတွေ။ ထည့်ပေးသူက ဘေးနားမှာရှိနေတဲ့
ကိုကိုပင်။
"ကျေးဇူးတင်ပါတယ် ကိုကို"
"ပြဿနာမရှိဘူး ကိုကိုတို့က သူစိမ်းတွေမှ မဟုတ်တာ"
"ဟုတ်"
သော်ဒီ ရင်ခံနေတာမို့ တကယ်စားမဝင်သော်လည်း ထမင်း
တစ်ဝက်တိတိ ကုန်အောင် စားပစ်ခဲ့ကာ အခန်းထဲကို အမြန်
ဝင်လာလိုက်သည်။ ကိုကိုကလည်း အနောက်ကနေ ထပ်ကြပ်မခွာ လိုက်လာလိမ့်မယ်လို့ ထင်မထား။
ကိုကို့ကို လစ်လျူရှုပစ်လိုက်ပြီးနောက် ဆရာမ ပေးလိုက်တဲ့
အိမ်စာတွေကို လုပ်ဖို့ စာအုပ်ထုတ်လိုက်သည်။ အဲ့ဒီအချိန်ထိ
ကိုကိုက ထွက်မသွားပဲ ကုတင်ပေါ်မှာ အသာလှဲရင်း စာလုပ်နေတဲ့
မိမိကို စိုက်ကြည့်နေတယ်ဆိုတာ လှည့်မကြည့်လည်းသေချာနေခဲ့ပါသည်။
အချိန်အားဖြင့် ညဆယ်နာရီဝန်းကျင်မှာတော့ သော်ဒီရဲ့အိမ်စာက
လုပ်လို့ပြီးသွားခဲ့ပြီဖြစ်သည်။ ကိုကိုထွက်သွားပြီအထင်နဲ့ စာအုပ်ကို သိမ်းကာ ပျင်းကြောဆန့်လိုက်တော့ အနောက်ကနေရယ်သံ
တိုးတိုးလေး ထွက်ပေါ်လာမှ ဆတ်ခနဲ တုန်သွားကာ အနောက်ကို
အလန့်တကြားလှည့်ကြည့်မိသည်။
စာလုပ်တဲ့အချိန်ကနေစပြီး အခုထိ စကားတစ်ခွန်းမှမပြောပဲ
ငြိမ်ငြိမ်လေးနေနိုင်တဲ့ ကိုကို့အား သူအံ့ဩလို့မဆုံးပေ။
"ကိုကို စာလုပ်စရာမရှိဘူးလား"
"ကိုကိုက ကျောင်းမှာကတည်းက တစ်ခါထဲလုပ်ခဲ့လိုက်တာ"
"ဪ.. ဟုတ်လား ဒါဆိုလည်း အခန်းပြန်အိပ်တော့လေ
ညီလည်း အိပ်တော့မှာ"
ထိုအခါ ကိုကိုက အံ့ဩသွားသလို မျက်လုံးတွေဝိုင်းစက်သွားရင်း
"ကိုကိုတို့ အတူအိပ်မယ်လို့ သဘောတူခဲ့တယ်လေ"
"ဟင့်အင်း!! ညီသဘောမတူခဲ့ပါဘူး"
"ညီ့မှာ ရွေးချယ်စရာနှစ်ခုပဲ ရှိတယ် ညီ့အခန်းမှာ ကိုကို့ကို
ပေးအိပ်မလား ဒါမှမဟုတ် ကိုကို့အခန်းမှာ ညီလိုက်အိပ်မလား"
သော်ဒီထူးဟန် အကြပ်ရိုက်သွားသည်။ ဒါက ရွေးချယ်စရာမှ
မဟုတ်တာပဲ ကိုကိုက ညစ်ပတ်လိုက်တာ...
"အပိုစကားတွေ မပြောချင်ဘူးကွာ ဒီကိုလာခဲ့!!!
အိပ်ယာကို လက်နဲ့အသာပုတ်ပြပြီး ခေါ်တဲ့အခါမှာတော့
သက်ပြင်းချပြီး အနားတိုးသွားလိုက်ရသည်။ ကုတင်ပေါ်
တင်းပါးလွှဲထိုင်တော့မှ အနောက်ကနေ လှမ်းဖက်ကာ ပါးကို
မွှေးကြူလာသည်။
"မွှေးလိုက်တာ!!
"ရေချိုးထားလို့ပါ"
"အင်း သိတယ်လေ"
"ဟုတ်ကဲ့"
ကိုကိုနဲ့သူ့ကြားမှာ ဘာမှပြောစရာမရှိတော့လောက်အောင်
တိတ်ဆိတ်သွားရသည်။ ခဏကြာသည်အထိ ကိုကိုက နမ်းနေရင်းမှ
"ညီ!!
"ဟုတ်ကဲ့ ကိုကို"
"ညီက ဘယ်လမှာ မွေးတာတုန်းဟမ် "
"February 2ရက်နေ့"
"ဟင် ဟုတ်လား ကိုကိုနဲ့ မွေးလတူတယ်"
ထိုအခါ သူ့စိတ်ထဲ အတော်စိတ်ဝင်စားသွားပြီး အနောက်ကို
ချာခနဲ လှည့်ကြည့်မိသွားသည်။ သူလှည့်ကြည့်တော့ ကိုကိုက
ပါးချိုင့်တွေထင်းနေသည်အထိ ပြုံးနေတာမို့ ကိုကို့ပါးချိုင့်တွေကို
ငေးကြည့်မိသွားသည်။
"ကိုကိုက... တကယ်ပဲ ကျွန်တော်နဲ့ မွေးလ တူတာလား"
ဩဂတ် ညီ့ကိုကြည့်ရင်း အသည်းယားစွာ နှဖူးကိုလက်နဲ့
အသာ တောက်ချပစ်လိုက်သည်။
"ကိုကို့မွေးလ မွေးရက်က January 21!!
"ဘယ်မှာ တူလို့လဲ ကိုကိုလူလိမ်"
"ဒါပေမယ့် မင်းကလည်း ယုံတာပဲကို!!!
သော်ဒီ ငြိမ်ကျသွားတော့ ကိုကိုက သူ့ကိုရင်ခွင်ထဲရောက်သည်အထိ ဆွဲဖက်လာသည်။
"ညီ!!
"ဟုတ်"
"ကိုကို ကတိမဖျက်ဘူးနော်!!!
သူ ကိုကို့မျက်နှာအား နောက်တစ်ကြိမ်ပြန်ကြည့်သည်။
ကိုကို ဘာပြောချင်နေသလည်းဆိုတာ စဉ်းစားမရ။
"ဘာကတိလဲ ကိုကို"
"ကိုကိုကြိုက်တဲ့ ဘယ်အရာမဆို ညီနဲ့ မျှသုံးမယ်ဆိုတာလေ
အဲ့ကတိကို ၊ ကိုကိုတည်ပါ့မယ်"
"ဒီတိုင်း စကားလေးတစ်ခွန်းပဲဟာ ကိုကိုစိတ်ထဲကနေ
ထုတ်လိုက်ပါ"
"တကယ်ပါဆို ကိုယ့်ညီလေးက မယုံဘူးလား ကိုကိုနောက်တစ်ခါ
ရည်းစားထားရင် ညီ့ကိုအသိပေးမယ်လေ "
သော်ဒီထူးဟန် နှုတ်ခမ်းစွန်းလေးနှစ်ဖက်က ကွေးသွားရင်း
ကြည်တောက်နေသောမျက်ဝန်းတို့ကလည်း တစ်လက်လက်
တောက်ပသွားခဲ့ပါ၏။
"ကိုကို့ရည်းစားကို ကျွန်တော်ကြိုက်တယ်ဆိုရင်တောင်
မတွန့်မဆုတ် ပေးရမှာနော် အဲ့ကတိကို တည်နိုင်လို့လား"
သေသေချာချာ စဉ်းစားပြီးမှ သူ ညီ့အား ကတိပေးရခြင်းပင်။
ဘာလို့လည်းဆိုတော့ သူရည်းစား ထပ်ထားမှာ မဟုတ်လို့။
"ပေးနိုင်တယ်.. နောက်ဆို ကိုကို့သူငယ်ချင်းကလည်း
ညီ့သူငယ်ချင်း ကိုကို့ရည်းစားကလည်း ညီ့ရည်းစားပဲ
စိတ်မဆိုးပါနဲ့ နောက်ပြီး တောင်းပန်ပါတယ်.."
"ကိုကို့ရည်းစားကို ကျွန်တော်ယူရင်တောင် ကျေနပ်တယ်ပေါ့"
"ကိုကို့အတွက်ကတော့ ညီကသာ အရေးကြီးဆုံးပဲ
ကိုကို့ညီလေး လိုချင်တာမှန်သမျှကိုလည်း ယူပေးနိုင်တယ်"
ကိုကို့ရဲ့စကားတွေကြောင့် သော်ဒီမျက်နှာက နွမ်းလျနေရာက
တစ်ဖန် ပြန်လန်းဆန်းလာခဲ့သည်။ သူ ကိုကို့ရင်ခွင်ထဲကို
ဝင်ကာ အူမြူးစွာ ပြုံးလိုက်မိပါတော့သည်။
ဩဂတ်ဂုဏ်ပိုင် လုံးဝမသိတာက ထိုကတိကပဲ
သော်ဒီထူးဟန်ကို ကျားတစ်ကောင်အား အတောင်ပံ
တပ်ပေးလိုက်သလို ဖြစ်သွားခဲ့ပြီဆိုတာပင်။
..................
၂နှစ်ကြာပြီးနောက်......
သော်ဒီ ဆယ်တန်းတက်ရတဲ့ အချိန်မှာတော့ ခဏခဏ
ရန်ပွဲတွေများလာပြီး ကျောင်းလစ်သည့်အချိန်ကလည်း ရက်တွေ
စိပ်လာခဲ့သည်။ အဲ့ဒီအထိ ဩဂတ်တို့က ဘာမှမပြော အငယ်ဆုံးလေး ပျော်ရင်ပြီးရောဆိုပြီး လွှတ်ထားခဲ့လေသည်။
တစ်ခါတစ်လေ ကျောင်းမှာ မိဘခေါ်ခံရတဲ့အချိန်တွေလည်း
ရှိတာမို့ ဩဂတ်မှာ မိဘနေရာကနေ ခဏခဏ ကျောင်းအုပ်ကြီး
ရုံးခန်းထိ ရောက်ရသည်။
ကျောင်းအုပ် ဦးကျော်အေးဆိုတာ ဒယ်ဒီ့အသိဖြစ်နေကာ
ဩဂတ်ကိုလည်း အတော်ချစ်၏။ တစ်ခါတစ်လေကျပြန်တော့
ဦးကျော်အေးက 'ဩဂတ်ရယ် မင်းညီက မင်းနဲ့ကွာလိုက်တာ
မင်းက စံပြကျောင်းသားဖြစ်သလောက် မင်းညီကတော့
အရမ်းဆိုးသွမ်းတဲ့ကလေးပဲ'ဟု ဆိုတတ်သည့်အခါ သူကလည်း
ရှက်ပြုံးနဲ့သာ တုန့်ပြန်ရ၏။
သူလည်း ဒုတိယနှစ်ရောက်ပြီဖြစ်သလို ဆယ်တန်းတက်နေရတဲ့
ညီညီဟာဆိုရင်လည်း အရင်ကထက် အရပ်ပိုရှည်လာကာ
သူ့ခန္ဓာကိုယ်ကို အားကျ၍ ခဏခဏ Gym မှာ သွားကစားတာမို့ Bodyက သူ့ကိုမမှီသော်လည်း သူ့ဟာနဲ့သူ ကြည့်လို့ကောင်းတဲ့ အထဲမှာပါဝင်သည်။
စာသင်နှစ်ဝက်ကျော် ကြာပြီးနောက်မှာတော့ သူတို့တွေ
သီးခံနေတဲ့ကြားက လက်သင့်မခံနိုင်စရာ လုပ်ရပ်တစ်ခုကို
လုပ်ဖို့ သူတို့ကို အသိပေးလာခဲ့သည်။ ၎င်းအကြောင်းအရာကြောင့် ဒယ်ဒီနဲ့ဖေဖေသာမက သူပါ ခေါင်းကိုက်ခဲ့ရသည်..။
၎င်းကတော့ ညီညီက ဆယ်တန်းကို ဆက်မတက်ချင်တော့ဘူးဟု
ဆိုလာခဲ့၏။
"မရဘူးနော် သော်ဒီထူးဟန် ဆယ်တန်းကို ထွက်ကြည့်လိုက်စမ်း
ခိုင်းစားပစ်မယ်..",
ဖေဖေ့ရဲ့ ခြောက်လုံးက ညီ့ညီ့ကို နည်းနည်းမှ မဖြုံစေခဲ့ပါ..။
ညီညီက အမြင်ကပ်စရာကောင်းအောင် ပုခုံးပင့်တက်ပြသည့်အခါ
ဩဂတ်ပါ ဝင်ပါရတော့သည်။
"ဟုတ်သားပဲ ညီရာ ဘာပဲဖြစ်ဖြစ် ဆယ်တန်းလေးတော့
ပြီးအောင် တက်လိုက်ပါ.."
"ဆက်မပြောနဲ့တော့ ကိုကို.. သော်ဒီထူးဟန်က ဘူးဆို
ဖရုံမသီးဘူး ..အဲ.. စောဒက တက်ပြီး သခွားသီးလေးတော့
သီးလိုက်ပါ ညီရယ်လို့တော့ လာမချော့နဲ့ နိုးဆို နိုးပဲ"
"ဒါဆို ဘာလုပ်မှာလဲ မင်းက.."
"ဘာမှ မလုပ်ဘူး ဖေဖေ့သားက မိဘလုပ်စာကို
ထိုင်စားလိုက် ထစားလိုက် လုပ်တော့မှာ.."
"ခွေးသားကတော့!!!!
မိုးနှောင်း ထကာ သကောင့်သားကို ဆော်ထည့်လိုက်ချင်ပေမယ့်
ကိုကိုက သူ့ကိုဆွဲထား၍သာ ရှေ့မတိုးနိုင်ခြင်းဖြစ်သည်။
"အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့.. ညီညီ
မင်းသူငယ်ချင်း ကောင်းကင်ဟိန်းဆိုရင် ကျောင်းလည်းမှန်တယ်
မင်းလို ရန်ဖြစ်ပြီး ရမ်းကားမနေဘူး ဘယ်လောက်အတုယူစရာ
ကောင်းလဲ"
သော်ဒီ စိတ်ရှုပ်လာကာ သူ့ဆံပင်တွေကို ဆွဲဖွပစ်လိုက်သည်။
"ဓာတ်ပြားဟောင်းကြီး မဖွင့်စမ်းပါနဲ့ ကိုကိုရာ
ညီ စိတ်ရှုပ်လာပြီ"
တစ်အိမ်လုံးမှာ သော်ဒီ့ကို နာခံအောင်လုပ်နိုင်တာဆိုလို့
ကိုကိုတစ်ယောက်သာရှိသည်။ ဒါကြောင့် နားထောင်မိမှာစိုးလို့
ထိပ်ကနေ ကြိုပိတ်ပစ်လိုက်ရသည်။ ကိုကို ဆက်မပြောနိုင်အောင် ထရပ်ပြီး အပြင်ထွက်ဖို့ ပြင်ပေမယ့် ကိုကို့ဆီက ကြားလိုက် ရတဲ့စကားက သူ့ခြေလှမ်းတို့အား တုန့်ဆိုင်းသွားစေ
ခဲ့ပါသည်။
"ညီ ကိုကို့စကား နားမထောင်ရင် ကိုကို မိန်းမ ယူရလိမ့်မယ်"
ခြိမ်းခြောက်မှုက အရာဝင်သည်။ ညီ့အကြည့်တွေက မယုံနိုင်မှုတွေ ပြည့်နှက်လာသည့်အခါ ဩဂတ် ပြုံးရပါသည်...။
မိန်းမယူဖို့ မပြောနဲ့ ရည်းစားထားမှာတောင် သေမလောက်
ကြောက်တဲ့ ညီ့အား သူဒါနဲ့ပဲ ခြိမ်းခြောက်ဖို့တတ်နိုင်သည်မို့...
"ကိုကို ဘာပြောလိုက်တယ် မိန်းမယူမယ် ဟုတ်လား"
အပြင်ထွက်ရန် ပြင်နေတဲ့ခြေလှမ်းတွေက ကိုကို့ရဲ့ စကားကြောင့်
ပြန်လှည့်လာပြီး ကိုကို့ဘေးမှာ ထိုင်ကာ ကိုကို့မျက်နှာကို
စေ့စေ့ကြည့်လိုက်သည်..။
"ကိုကို့အသက်က ဘယ်လောက်ရှိသေးလို့ မိန်းမယူချင်ရတာလဲ"
"ကိုကိုယူမယ်ဆို အသာလေးယူလို့ရပြီ "
"ဟာ ကိုကိုကဗျာ မနောက်ရဘူးလေ "
"မနောက်ဘူး အတည်ပြောနေတာ"
"အသက် ၃၀လောက်မှ ယူ"
"အဲ့အရွယ်ကျရင် ကိုကိုက အဖိုးကြီး ဖြစ်သွားမှာကွ"
"ကိုကိုရာ !! ယောက်ျားတစ်ယောက်ရဲ့ ဘဝက အသက်၃၀
လောက်မှ စတာပါ"
"ဘာပဲဖြစ်ဖြစ် ညီလုပ်ချင်ရာလုပ်မယ်ဆို ကိုကိုလည်း
ကြိုက်တာ လုပ်မှာပဲ"
သော်ဒီ စိတ်ရှုပ်စွာ ခေါင်းကိုဆွဲကုတ်လိုက်သည်။ ပြီးမှ
"ဟိုစကားစုကို မကြားဖူးဘူးလား"
"အိုး!! ဘယ်တစ်ခုကို ပြောတာလဲ ပြောစမ်းပါဦး"
ထိုအခါ သော်ဒီက ဆရာကြီးလေသံဖြင့် ချောင်းကိုတစ်ချက်ဟမ့်ကာ
"တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ ကားအသစ်
ဝယ်စီးရသလိုမျိုးတဲ့ ကိုကိုရ!! နောက်ကျမှပြုလေ မော်ဒယ်
မြင့်လေပဲ"
ညီ့စကားကြောင့် သူအသံထွက်ရယ်မိကာ ဆံပင်အုပ်အုပ်ကို
ဖွလိုက်သည်။
"ငါ့ညီကတော့ တော်တော်ဗဟုသုတ စုံပါလား"
"ဟဲဟဲ... ဒီလိုပါပဲ သင်ယူလေ့လာရတာပေါ့ဗျ"
"ဟုတ်ပါပြီ ဘာပဲဖြစ်ဖြစ် ဆယ်တန်းလေးတော့ အောင်အောင်
ဖြေလိုက်ပါနော် ဂုဏ်ထူး ဘာညာ အသာထားလိုက် နှစ်ချင်းပေါက် အောင်ရင်ကို ကျေနပ်ပါပြီ အောင်ရင်တော့
ညီ လိုချင်တာမှန်သမျှ ကိုကိုဝယ်ပေးမယ်ကွာ ဘယ်လိုလဲ"
"ကိုကို တကယ်ပြောတာနော် ဒီစကားက ကျိန်းသေလား"
"တကယ်ပြောတာပေါ့ကွာ ကိုကိုမညာပါဘူး"
ကိုကို့ရဲ့ ပါးချိုင့်အား သူငေးရင်း နှစ်ခြိုက်စွာ ပြုံးနေသလို
ဩဂတ်ကလည်း သူ့မျက်ရည်ခံမှဲ့လေးအား ငေးနေသည်..။
"ကောင်းပြီလေ ဆယ်တန်းကို ဖြေလိုက်မယ် ဒါပေမယ့်
ကျောင်းအရမ်းတက်ချင်လို့ မဟုတ်ဘူးနော် ကိုကို့စကားကို
မဖယ်ရှားချင်လို့"
ဒီညီတစ်ယောက်နဲ့တော့ သူလည်းကြာရင် ရူးတော့မည်..။
ဒါပေမယ့် ညီဘယ်လောက်ပဲဆိုးပါစေ သူလည်း ချစ်လို့မဝ
ဖြစ်နေခဲ့တာ မဟုတ်ဘူးလား။
မိုးနှောင်းနဲ့ ဦးအဂ္ဂကတော့ တစ်နေကုန် တစ်ညလုံး
နားချခဲ့တာတောင် လုံးဝ နားမဝင်တဲ့ သားငယ်က အခုတော့
ဩဂတ်ဂုဏ်ပိုင် တစ်နာရီလောက်သာ ချော့ပြောရသေးတယ်
ချက်ချင်း လက်ခံလိုက်သည့်အတွက် နှစ်ယောက်လုံး တွေဝေစွာ
တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်မိလိုက်သည်။
"အံမယ် ကျောင်းဖွင့်ရက် ၇ရက်လောက်ရှိရင် ၆ရက်လောက်
ကျောင်းပျက်နေတဲ့ ကောင်က ကျောင်းတွေ ဘာတွေမှန်လို့ပါလား"
ဖက်တီးက သူ့မူအတိုင်း လူကိုလှမ်းစတော့ မျက်စောင်းကိုသာ
အသာဝင့်လိုက်သည်။
"ငါလည်း ကျောင်းမမှန်ချင်ပါဘူးကွာ ထုံးစံအတိုင်း ငါ့ကိုကိုပေါ့
ညီရယ် ဆယ်တန်းလေးတော့ ပြီးအောင်တက်လိုက်ပါဆိုလို့"
"အေးပါ ငါလည်း ထင်ပါတယ်"
"ဟဲ့.. သော်ဒီထူးဟန်"
သော်ဒီနဲ့ဖက်တီး စကားစပြတ်ကာ အသံလာရာကို ကြည့်လိုက်တော့ သူတို့အတန်းခေါင်းဆောင်ဖြစ်တဲ့ ဟေသာ ဆိုတဲ့
ကောင်မလေးဖြစ်နေသည်။ အစက အတန်းခေါင်းဆောင်နေရာကို ဟေသာနဲ့ သူ နှစ်ယောက်လုံး လျာထားခြင်း ခံခဲ့ရပေမယ့်
ဟေသာက မဲပိုများခဲ့တာမို့ အတန်းခေါင်းဆောင်ဖြစ်ခဲ့ခြင်းပင်။
မဲများဆို အစက သရေဖြစ်နေတာ အတန်းခေါင်းဆောင်ဖြစ်ဖို့
ဆန္ဒမရှိတဲ့ သူက ဟေသာကိုသာ မဲထည့်ပစ်ခဲ့ပါသည်။
"ဒါလေး.."
စာကြည့်ခုံပေါ် တွန်းတင်ပေးလာတဲ့ ပန်းနုရောင်စာအိတ်လေးနဲ့
ဖန်ပုလင်းတစ်ခုထဲမှာ ထည့်ထားသည့် စက္ကူကြယ်လေးတွေက
မနည်းမနော။ ဒါက ဘာအဓိပ္ပာယ်လည်းဆိုတာ သူသိတာမို့
မျက်နှာကို မော်ချီရင်း...
"ပြန်ယူသွား စိတ်မဝင်စားဘူး!!
"ဘယ်သူက နင့်ကိုပေးတယ်ပြောလို့လဲ"
"ဒါဖြင့် နင်က ဘယ်သူ့ကိုပေးတာလဲ"
"နင့်အကိုကို ပေးတာ.."
သော်ဒီမျက်နှာ အဆင့်ဆင့်ပြောင်းလဲလာပုံကို ဖက်တီးကြည့်နေလိုက်သည်။ ဒီကောင်မလေးကလည်း ရဲပါတယ် သော်ဒီက
သူ့ကိုကိုနဲ့ပတ်သတ်ရင် သေးသေးတင်မခံဘူးဆိုတာသိပါလျက်နဲ့။
"ငါ.. ကိုကြီးဩဂတ်ကို သဘောကျလို့ ငါတို့ကို
အောင်သွယ်ပေးပါ့လား ငါနင့်ကို အလကား မခိုင်းပါဘူးဟာ
အောင်သွယ်ခ ပေးမှာပါ"
"နင့်အိမ်မှာ ကိုယ်လုံးပေါ်မှန် ရှိလား!!
ဟေသာက တစ်ချက်စဉ်းစားပြီးမှ
"အေး!! ရှိတယ်လေ ဘာဖြစ်လို့လဲ"
"ရှိရင် မှန်ရှေ့မှာ ၃ရက်၃ည တိတိ ရပ်ကြည့်ပြီး
နင့်ရဲ့ ဘယ်နေရာ ဘယ်အစိတ်ပိုင်းက ငါ့ကိုကိုနဲ့ တန်သလည်း
ဆိုတာ ပြန်လာပြောလှည့်"
ဟေသာ မျက်နှာက ရဲတွတ်သွားသည်။ ဟေသာက အရမ်းကြီး
လှတဲ့ထဲမှာမပါပေမယ့် ရုပ်လည်း ဆိုးမနေပါ။ တွဲချင်တဲ့
သူတွေလည်း ပေါလို့။
"နင်မိုက်ရိုင်းလှချည်လား ရုပ်က စိတ်ဓာတ်နဲ့ကိုမလိုက်ဘူး
နင့်အမေက မိန်းမတွေနဲ့ စကားပြောရင် လေးစားတတ်ဖို့
သင်မပေးဘူးလားဟမ်!!!
ခွမ်း!!!!
သူမရဲ့ စက္ကူကြယ်အပြည့်ထည့်ထားတဲ့ ဖန်ပုလင်းလေးက
သော်ဒီလက်ချက်ကြောင့် ကွဲသွားရသည်။
"သင်မပေးခဲ့ဘူးဟာ ဘာဖြစ်လဲ နင်က မိန်းကလေးမို့
ငါ ပါးစပ်နဲ့ပြောရုံပြောတာ ယောက်ျားလေးသာဆို တစ်ခါတည်း
ဆွဲထိုးပစ်လိုက်တယ်"
"တောက်!! စောက်ကြီးစောက်ကျယ်နဲ့ မသိရင်
သူ့အကိုက ဘယ်မိန်းမနဲ့မှ မတန်တော့သလိုပဲ "
ဟေသာက တောက်ခေါက်ပြီး လှည့်ထွက်သွားသည့်အခါ
စိတ်မပြေသေးတဲ့ သော်ဒီက ဟေသာရဲ့ ပန်းနုရောင်စာအိတ်လေးကို တစစီ စုတ်ဖြဲပစ်လိုက်သည်..။
သူ့စိတ်ထဲမှာတော့ ကိုကိုက ဘယ်သူမှ လက်လှမ်းမမှီနိုင်တဲ့
နေရာမှာ ရပ်နေပြီး ဘယ်မိန်းကလေးကမှ ကိုကိုနဲ့တန်တယ်ဟု
မထင်ဖူးသည့်တိုင် သူ့စိတ်ထဲမှာ ကိုကိုက သိပ်ကိုအထင်ကြီးပြီး
လေးစားဖို့ကောင်းသည့်သူ ဖြစ်နေခဲ့ပါ၏။
Zawgyi
ခ်စ္သူတစ္ေယာက္ ေကာက္ရထားသည္ {အခန္း ၉}
"ညီ!! ကိုကိုတို့ အတူျပန္ရေအာင္"
ကားကိုမွီျပီး ရပ္ေနတဲ့ ကိုကို့ကိုျမင္ေတာ့ ေသာ္ဒီစိတ္ရွုပ္သြားသည္။ သူေဆးရုံကဆင္းျပီး ဒဏ္ရာေတြ သက္သာျပီးေနာက္မွာ
ကိုကိုက သူ့နားကို ပိုကပ္လာျပီး သူနဲ့ရင္းနွီးဖို့ ြကိုးစားေနတယ္လို့
ေသာ္ဒီထင္မိေပမယ့္ ခ်ိုျပတိုင္း ေသာ္ဒီမယုံရဲ။
"ရတယ္ ကိုြကီးဩဂတ္ ဟို.. ဖက္တီးက သူ့စက္ဘီးနဲ့
လိုက္ပို့ေပးမယ္တဲ့"
ဖက္တီးစက္ဘီးက အေနာက္ထိုင္ခုံကိုပုတ္ျပရင္း ေသာ္ဒီေျပာရ၏။ ဩဂတ္ကလည္း ကိုကိုလို့ေခါ္ရာကေန ေလသံကအစ
ေျပာင္းသြားတဲ့ ညီ့ေြကာင့္ စိတ္ထဲ တင္းခနဲ ြဖစ္သြားရပါသည္။
အခုဆို ညီညီက သူ့ကိုလည္း ရေအာင္ေရွာင္ျပီး သူ့နားမွာလည္း
အရင္ကလိုမကပ္ေတာ့ေပ။ ပိုဆိုးတာက အေခါ္ေဝါ္ေတြက အစ
ေျပာင္းကုန္တာပင္။
"အဲ.. ဟုတ္တယ္ဗ် ကိုြကီးဩဂတ္ ေသာ္ဒီကို က်ြန္ေတာ္
လိုက္ပို့ေပးမယ္ေျပာထားတာ"
ေသာ္ဒီက တံေတာင္နဲ့တြက္ျပီး အကူညီေတာင္းေတာ့
ဖက္တီးမွာ ေြကာက္ေြကာက္နဲ့ ကူေျပာေပးရေသးသည္။
"သြားြကစို့ ဖက္တီး!!!
"ေသာ္ဒီထူးဟန္!!
ေြခလွမ္းေလးမွ နွစ္လွမ္းေလာက္ လွမ္းရေသးခ်ိန္ ကိုကို့ရဲ့
ေဒါသ သံေြကာင့္ ေနရာမွာတင္ ရပ္သြားကာ သူေရာ ဖက္တီးပါ
မလွုပ္ရဲ။
"အခု ကားေပါ္တက္စမ္း!!!
"ဟုတ္!!
ဖက္တီးနဲ့သူ အြကည့္နဲ့သာ နွုတ္ဆက္ျပီး ကိုကိုအသင့္ဖြင့္ေပး
ထားတဲ့ ကားေပါ္ ခပ္ျမန္ျမန္တက္လိုက္သည္။ ကိုကို လိုက္တက္
လာေတာ့ ေသာ္ဒီ အသက္တစ္ခ်က္ေအာင့္ထားျပီး ေထာင့္မွာပဲ
ကပ္နိုင္သေလာက္ ေျပးကပ္ထားလိုက္သည္။
အရင္က ကိုကို့ကို ေရွာင္လို့ရေပမယ့္ ဒီတစ္ခါေတာ့ေရွာင္လို့ရဟန္ မတူပါ။ အသက္ရွူြကပ္သလို ခံစားရေပမယ့္ ကားမွန္
ခ်ေပးထားလို့ ေတာ္ေသးသည္။
"ေြခေထာက္ သက္သာသြားျပီလား!!
"ဟုတ္ကဲ့ ကိုြကီးဩဂတ္..."
ကိုကိုလို့ေတာင္ မေခါ္ေတာ့တဲ့ ေကာင္ေလးေြကာင့္ ဩဂတ္
ျပုံးမိသြားသည္။ ကိုကိုလို့ အေခါ္မခံရေတာ့လည္း သူက
ဒီအသံေလးကို လြမ္းမိပါသည္။
"ကိုကိုလို့ ျပန္မေခါ္ရင္ ေဖေဖတို့မသိတုန္း မင္းကို
ရိုက္မွာေနာ္"
ဒီလိုက်ျပန္ေတာ့ ေကာင္ကေလးက ေြကာက္ပုံရကာ သူ့ကို
အလန့္တြကား ေမာ့ြကည့္လာသည္။ ျပီးမွ မ်က္နွာျပန္လြွဲသြား၏။
"ဟုတ္ကဲ့ ကို..ကို"
ကိုကို ေခါ္သံျပန္ြကားလိုက္မွ ဩဂတ္မ်က္နွာေမာ္ခ်ီလ်က္
အူျမူးသြားတဲ့ အသြင္ေပါက္လာသည္။
"ဒီည ကိုကို့အခန္း လာအိပ္ေလ.."
"ရ..ရပါတယ္ ဒယ္ဒီက က်ြန္ေတာ့္အတြက္ အခန္းလုပ္ေပးထားတာပဲ ကိုယ့္အခန္းမွာကိုပဲ အိပ္မွာေပါ့"
"ဟုတ္ျပီေလ ဒါဆို ကိုကို့အခန္းလာအိပ္မယ္လို့ပဲ
သတ္မွတ္လိုက္ျပီေနာ္"
ကိုကိုက သူေျပာတာကို နားမလည္သည္လား ဒါမွမဟုတ္
နားမေထာင္သည္လားေတာ့မသိ။ သူေျပာခ်င္ရာ ေျပာျပီး
သူ့ဟာသူ ထင္ခ်င္ရာ ထင္သည္။ ေသာ္ဒီလည္း ဘာမွမေြဖရွင္းခ်င္၍ သက္ျပင္းဖြဖြခ်ျပီး ျငိမ္က်သြားသည္။
အိမ္ကို ျပန္ေရာက္ေတာ့ ဒယ္ဒီနဲ့ေဖေဖက ဧည့္ခန္းက ဆိုဖာမွာ
နွစ္ေယာက္သား ပူးကပ္ထိုင္ေနသည္အား ေတြ့လိုက္ရ၏။ ေသာ္ဒီ မျမင္ခ်င္ေယာင္ေဆာင္ကာ အေပါ္ထပ္ကိုတက္ရင္း ေဖေဖ
ြကားေအာင္ ေျပာလိုက္သည္က....
"ညစာ မစားေတာ့ဘူးေနာ္ ေဖေဖ!!!
အေနာက္က လိုက္လာတဲ့ ဩဂတ္ကလည္း ေသာ္ဒီစကားေြကာင့္
ေြကာင္အမ္းအမ္း ြဖစ္သြားရသည္။ ညီ့ကို ေနာက္ထပ္ေမးခြန္းေတြ ေမးခ်င္ေပမယ့္ အခန္းထဲ ဝင္တာနဲ့ တံခါးေလာ့ခ္ခ်သြားတဲ့
ညီ့ေြကာင့္ သက္ျပင္းဖြဖြခ်ကာ သူ့အခန္းသူ ျပန္လာလိုက္ရတယ္။
ညစာ၊ စားခ်ိန္ေရာက္ေတာ့ ထိုင္မေနနိုင္တဲ့ သူကပဲ ညီ့အခန္းေရွ့မွာ သြားရပ္ရျပန္သည္။ ခ်ိတုံခ်တုံြဖစ္ရင္း ေနာက္ဆုံးမွာေတာ့
သူတံခါးေခါက္လိုက္၏။
"ကိုကိုပါ.. တံခါးဖြင့္ေပးပါဦး ညီညီ"
ခဏြကာျပီးေနာက္မွာေတာ့ တံခါးက ပြင့္သြားခဲ့ျပီး အခုမွ
ေရခ်ိုးျပီးခါစ ရွိေသးတဲ့ ညီ့အား သူေတြ့လိုက္ရသည္။
"ဘာကိစ္စရွိလို့လဲဟင္!!!
"ဟို... ညစာ၊ စားရေအာင္"
"ညီ မစားေတာ့ဘူး ကိုကိုပဲ သြားစားလိုက္ပါ"
"ညီကလည္းကြာ... ထမင္းစားခ်ိန္ စားရမွာေပါ့
အခန္းထဲမွာ ေပကပ္မေနရဘူး အဲ့ဒါေြကာင့္ေနမယ္
ခန္ဓာကိုယ္က ပိန္ကပ္ကပ္ေလး ြဖစ္ေနတာ ကိုကိုကေတာ့ေလ
ညီ့ကို ဖက္တီးေလးြဖစ္လာေအာင္ ေက်ြးထားခ်င္တာ.."
"ကိုကိုပဲ သြားစားလိုက္ပါ!!
"ညီညီ ၊ မစားရင္ ကိုကိုလည္း မစားဘူး"
ေသာ္ဒီသက္ျပင္းတစ္ခ်က္ခ်ကာ သြားစားဖို့ သေဘာတူလိုက္ရင္း
ကိုကို့အေနာက္ကို လိုက္လာခဲ့သည္။ ညစာ၊ စားပြဲဝိုင္းမွာေတာ့
ဒယ္ဒီနဲ့ေဖေဖက ျပုံးရြွင္ေနြကကာ သူတို့အလာကိုေစာင့္ေနပုံ
ရသည္။ ေဖေဖ အခုလိုေပ်ာ္ေနတာ ျမင္ရေတာ့လည္းေသာ္ဒီက
ေက်နပ္ရပါသည္။ ေတာ္ေသးတာေပါ့ ေဖေဖ့ရဲ့ ေပ်ာ္ရြွင္မွုကို
မဖ်က္စီးလိုက္မိလို့။
"သားကိုကိုက သားကို စိတ္ပူေနတာေလ သူ့ညီေလး
ပိန္သြားမွာေြကာက္ေနရွာတာ.."
ေဖေဖ့ရဲ့ စကားေြကာင့္ ေသာ္ဒီျပုံးရင္း ေခါင္းညိတ္ျပလိုက္သည္။
ဒယ္ဒီကလည္း ျပုံးေနျပီး ေဖေဖ့ထမင္းပန္းကန္ထဲကို
ေတာင္လိုပုံတဲ့ ဟင္းေတြထည့္ေပးေနတာေြကာင့္ ေဖေဖကေတာင္ ျငင္းယူရသည္အထိပင္။
ေသာ္ဒီထူးဟန္ ေငးေြကာင္ေနစဉ္မွာပဲ သူ့ထမင္းပန္းကန္ထဲ
ေရာက္လာတဲ့ ဟင္းေတြ။ ထည့္ေပးသူက ေဘးနားမွာရွိေနတဲ့
ကိုကိုပင္။
"ေက်းဇူးတင္ပါတယ္ ကိုကို"
"ျပဿနာမရွိဘူး ကိုကိုတို့က သူစိမ္းေတြမွ မဟုတ္တာ"
"ဟုတ္"
ေသာ္ဒီ ရင္ခံေနတာမို့ တကယ္စားမဝင္ေသာ္လည္း ထမင္း
တစ္ဝက္တိတိ ကုန္ေအာင္ စားပစ္ခဲ့ကာ အခန္းထဲကို အျမန္
ဝင္လာလိုက္သည္။ ကိုကိုကလည္း အေနာက္ကေန ထပ္ြကပ္မခြာ လိုက္လာလိမ့္မယ္လို့ ထင္မထား။
ကိုကို့ကို လစ္လ်ူရွုပစ္လိုက္ျပီးေနာက္ ဆရာမ ေပးလိုက္တဲ့
အိမ္စာေတြကို လုပ္ဖို့ စာအုပ္ထုတ္လိုက္သည္။ အဲ့ဒီအခ်ိန္ထိ
ကိုကိုက ထြက္မသြားပဲ ကုတင္ေပါ္မွာ အသာလွဲရင္း စာလုပ္ေနတဲ့
မိမိကို စိုက္ြကည့္ေနတယ္ဆိုတာ လွည့္မြကည့္လည္းေသခ်ာေနခဲ့ပါသည္။
အခ်ိန္အားြဖင့္ ညဆယ္နာရီဝန္းက်င္မွာေတာ့ ေသာ္ဒီရဲ့အိမ္စာက
လုပ္လို့ျပီးသြားခဲ့ျပီြဖစ္သည္။ ကိုကိုထြက္သြားျပီအထင္နဲ့ စာအုပ္ကို သိမ္းကာ ပ်င္းေြကာဆန့္လိုက္ေတာ့ အေနာက္ကေနရယ္သံ
တိုးတိုးေလး ထြက္ေပါ္လာမွ ဆတ္ခနဲ တုန္သြားကာ အေနာက္ကို
အလန့္တြကားလွည့္ြကည့္မိသည္။
စာလုပ္တဲ့အခ်ိန္ကေနစျပီး အခုထိ စကားတစ္ခြန္းမွမေျပာပဲ
ျငိမ္ျငိမ္ေလးေနနိုင္တဲ့ ကိုကို့အား သူအံ့ဩလို့မဆုံးေပ။
"ကိုကို စာလုပ္စရာမရွိဘူးလား"
"ကိုကိုက ေက်ာင္းမွာကတည္းက တစ္ခါထဲလုပ္ခဲ့လိုက္တာ"
"ဪ.. ဟုတ္လား ဒါဆိုလည္း အခန္းျပန္အိပ္ေတာ့ေလ
ညီလည္း အိပ္ေတာ့မွာ"
ထိုအခါ ကိုကိုက အံ့ဩသြားသလို မ်က္လုံးေတြဝိုင္းစက္သြားရင္း
"ကိုကိုတို့ အတူအိပ္မယ္လို့ သေဘာတူခဲ့တယ္ေလ"
"ဟင့္အင္း!! ညီသေဘာမတူခဲ့ပါဘူး"
"ညီ့မွာ ေရြးခ်ယ္စရာနွစ္ခုပဲ ရွိတယ္ ညီ့အခန္းမွာ ကိုကို့ကို
ေပးအိပ္မလား ဒါမွမဟုတ္ ကိုကို့အခန္းမွာ ညီလိုက္အိပ္မလား"
ေသာ္ဒီထူးဟန္ အြကပ္ရိုက္သြားသည္။ ဒါက ေရြးခ်ယ္စရာမွ
မဟုတ္တာပဲ ကိုကိုက ညစ္ပတ္လိုက္တာ...
"အပိုစကားေတြ မေျပာခ်င္ဘူးကြာ ဒီကိုလာခဲ့!!!
အိပ္ယာကို လက္နဲ့အသာပုတ္ျပျပီး ေခါ္တဲ့အခါမွာေတာ့
သက္ျပင္းခ်ျပီး အနားတိုးသြားလိုက္ရသည္။ ကုတင္ေပါ္
တင္းပါးလြွဲထိုင္ေတာ့မွ အေနာက္ကေန လွမ္းဖက္ကာ ပါးကို
ေမြွးြကူလာသည္။
"ေမြွးလိုက္တာ!!
"ေရခ်ိုးထားလို့ပါ"
"အင္း သိတယ္ေလ"
"ဟုတ္ကဲ့"
ကိုကိုနဲ့သူ့ြကားမွာ ဘာမွေျပာစရာမရွိေတာ့ေလာက္ေအာင္
တိတ္ဆိတ္သြားရသည္။ ခဏြကာသည္အထိ ကိုကိုက နမ္းေနရင္းမွ
"ညီ!!
"ဟုတ္ကဲ့ ကိုကို"
"ညီက ဘယ္လမွာ ေမြးတာတုန္းဟမ္ "
"February 2ရက္ေန့"
"ဟင္ ဟုတ္လား ကိုကိုနဲ့ ေမြးလတူတယ္"
ထိုအခါ သူ့စိတ္ထဲ အေတာ္စိတ္ဝင္စားသြားျပီး အေနာက္ကို
ခ်ာခနဲ လွည့္ြကည့္မိသြားသည္။ သူလွည့္ြကည့္ေတာ့ ကိုကိုက
ပါးခ်ိုင့္ေတြထင္းေနသည္အထိ ျပုံးေနတာမို့ ကိုကို့ပါးခ်ိုင့္ေတြကို
ေငးြကည့္မိသြားသည္။
"ကိုကိုက... တကယ္ပဲ က်ြန္ေတာ္နဲ့ ေမြးလ တူတာလား"
ဩဂတ္ ညီ့ကိုြကည့္ရင္း အသည္းယားစြာ နွဖူးကိုလက္နဲ့
အသာ ေတာက္ခ်ပစ္လိုက္သည္။
"ကိုကို့ေမြးလ ေမြးရက္က January 21!!
"ဘယ္မွာ တူလို့လဲ ကိုကိုလူလိမ္"
"ဒါေပမယ့္ မင္းကလည္း ယုံတာပဲကို!!!
ေသာ္ဒီ ျငိမ္က်သြားေတာ့ ကိုကိုက သူ့ကိုရင္ခြင္ထဲေရာက္သည္အထိ ဆြဲဖက္လာသည္။
"ညီ!!
"ဟုတ္"
"ကိုကို ကတိမဖ်က္ဘူးေနာ္!!!
သူ ကိုကို့မ်က္နွာအား ေနာက္တစ္ြကိမ္ျပန္ြကည့္သည္။
ကိုကို ဘာေျပာခ်င္ေနသလည္းဆိုတာ စဉ္းစားမရ။
"ဘာကတိလဲ ကိုကို"
"ကိုကိုြကိုက္တဲ့ ဘယ္အရာမဆို ညီနဲ့ မ်ွသုံးမယ္ဆိုတာေလ
အဲ့ကတိကို ၊ ကိုကိုတည္ပါ့မယ္"
"ဒီတိုင္း စကားေလးတစ္ခြန္းပဲဟာ ကိုကိုစိတ္ထဲကေန
ထုတ္လိုက္ပါ"
"တကယ္ပါဆို ကိုယ့္ညီေလးက မယုံဘူးလား ကိုကိုေနာက္တစ္ခါ
ရည္းစားထားရင္ ညီ့ကိုအသိေပးမယ္ေလ "
ေသာ္ဒီထူးဟန္ နွုတ္ခမ္းစြန္းေလးနွစ္ဖက္က ေကြးသြားရင္း
ြကည္ေတာက္ေနေသာမ်က္ဝန္းတို့ကလည္း တစ္လက္လက္
ေတာက္ပသြားခဲ့ပါ၏။
"ကိုကို့ရည္းစားကို က်ြန္ေတာ္ြကိုက္တယ္ဆိုရင္ေတာင္
မတြန့္မဆုတ္ ေပးရမွာေနာ္ အဲ့ကတိကို တည္နိုင္လို့လား"
ေသေသခ်ာခ်ာ စဉ္းစားျပီးမွ သူ ညီ့အား ကတိေပးရြခင္းပင္။
ဘာလို့လည္းဆိုေတာ့ သူရည္းစား ထပ္ထားမွာ မဟုတ္လို့။
"ေပးနိုင္တယ္.. ေနာက္ဆို ကိုကို့သူငယ္ခ်င္းကလည္း
ညီ့သူငယ္ခ်င္း ကိုကို့ရည္းစားကလည္း ညီ့ရည္းစားပဲ
စိတ္မဆိုးပါနဲ့ ေနာက္ျပီး ေတာင္းပန္ပါတယ္.."
"ကိုကို့ရည္းစားကို က်ြန္ေတာ္ယူရင္ေတာင္ ေက်နပ္တယ္ေပါ့"
"ကိုကို့အတြက္ကေတာ့ ညီကသာ အေရးြကီးဆုံးပဲ
ကိုကို့ညီေလး လိုခ်င္တာမွန္သမ်ွကိုလည္း ယူေပးနိုင္တယ္"
ကိုကို့ရဲ့စကားေတြေြကာင့္ ေသာ္ဒီမ်က္နွာက နြမ္းလ်ေနရာက
တစ္ဖန္ ျပန္လန္းဆန္းလာခဲ့သည္။ သူ ကိုကို့ရင္ခြင္ထဲကို
ဝင္ကာ အူျမူးစြာ ျပုံးလိုက္မိပါေတာ့သည္။
ဩဂတ္ဂုဏ္ပိုင္ လုံးဝမသိတာက ထိုကတိကပဲ
ေသာ္ဒီထူးဟန္ကို က်ားတစ္ေကာင္အား အေတာင္ပံ
တပ္ေပးလိုက္သလို ြဖစ္သြားခဲ့ျပီဆိုတာပင္။
..................
၂နွစ္ြကာျပီးေနာက္......
ေသာ္ဒီ ဆယ္တန္းတက္ရတဲ့ အခ်ိန္မွာေတာ့ ခဏခဏ
ရန္ပြဲေတြမ်ားလာျပီး ေက်ာင္းလစ္သည့္အခ်ိန္ကလည္း ရက္ေတြ
စိပ္လာခဲ့သည္။ အဲ့ဒီအထိ ဩဂတ္တို့က ဘာမွမေျပာ အငယ္ဆုံးေလး ေပ်ာ္ရင္ျပီးေရာဆိုျပီး လြွတ္ထားခဲ့ေလသည္။
တစ္ခါတစ္ေလ ေက်ာင္းမွာ မိဘေခါ္ခံရတဲ့အခ်ိန္ေတြလည္း
ရွိတာမို့ ဩဂတ္မွာ မိဘေနရာကေန ခဏခဏ ေက်ာင္းအုပ္ြကီး
ရုံးခန္းထိ ေရာက္ရသည္။
ေက်ာင္းအုပ္ ဦးေက်ာ္ေအးဆိုတာ ဒယ္ဒီ့အသိြဖစ္ေနကာ
ဩဂတ္ကိုလည္း အေတာ္ခ်စ္၏။ တစ္ခါတစ္ေလက်ျပန္ေတာ့
ဦးေက်ာ္ေအးက 'ဩဂတ္ရယ္ မင္းညီက မင္းနဲ့ကြာလိုက္တာ
မင္းက စံျပေက်ာင္းသားြဖစ္သေလာက္ မင္းညီကေတာ့
အရမ္းဆိုးသြမ္းတဲ့ကေလးပဲ'ဟု ဆိုတတ္သည့္အခါ သူကလည္း
ရွက္ျပုံးနဲ့သာ တုန့္ျပန္ရ၏။
သူလည္း ဒုတိယနွစ္ေရာက္ျပီြဖစ္သလို ဆယ္တန္းတက္ေနရတဲ့
ညီညီဟာဆိုရင္လည္း အရင္ကထက္ အရပ္ပိုရွည္လာကာ
သူ့ခန္ဓာကိုယ္ကို အားက်၍ ခဏခဏ Gym မွာ သြားကစားတာမို့ Bodyက သူ့ကိုမမွီေသာ္လည္း သူ့ဟာနဲ့သူ ြကည့္လို့ေကာင္းတဲ့ အထဲမွာပါဝင္သည္။
စာသင္နွစ္ဝက္ေက်ာ္ ြကာျပီးေနာက္မွာေတာ့ သူတို့ေတြ
သီးခံေနတဲ့ြကားက လက္သင့္မခံနိုင္စရာ လုပ္ရပ္တစ္ခုကို
လုပ္ဖို့ သူတို့ကို အသိေပးလာခဲ့သည္။ ၎င္းအေြကာင္းအရာေြကာင့္ ဒယ္ဒီနဲ့ေဖေဖသာမက သူပါ ေခါင္းကိုက္ခဲ့ရသည္..။
၎င္းကေတာ့ ညီညီက ဆယ္တန္းကို ဆက္မတက္ခ်င္ေတာ့ဘူးဟု
ဆိုလာခဲ့၏။
"မရဘူးေနာ္ ေသာ္ဒီထူးဟန္ ဆယ္တန္းကို ထြက္ြကည့္လိုက္စမ္း
ခိုင္းစားပစ္မယ္..",
ေဖေဖ့ရဲ့ ေြခာက္လုံးက ညီ့ညီ့ကို နည္းနည္းမွ မြဖုံေစခဲ့ပါ..။
ညီညီက အျမင္ကပ္စရာေကာင္းေအာင္ ပုခုံးပင့္တက္ျပသည့္အခါ
ဩဂတ္ပါ ဝင္ပါရေတာ့သည္။
"ဟုတ္သားပဲ ညီရာ ဘာပဲြဖစ္ြဖစ္ ဆယ္တန္းေလးေတာ့
ျပီးေအာင္ တက္လိုက္ပါ.."
"ဆက္မေျပာနဲ့ေတာ့ ကိုကို.. ေသာ္ဒီထူးဟန္က ဘူးဆို
ဖရုံမသီးဘူး ..အဲ.. ေစာဒက တက္ျပီး သခြားသီးေလးေတာ့
သီးလိုက္ပါ ညီရယ္လို့ေတာ့ လာမေခ်ာ့နဲ့ နိုးဆို နိုးပဲ"
"ဒါဆို ဘာလုပ္မွာလဲ မင္းက.."
"ဘာမွ မလုပ္ဘူး ေဖေဖ့သားက မိဘလုပ္စာကို
ထိုင္စားလိုက္ ထစားလိုက္ လုပ္ေတာ့မွာ.."
"ေခြးသားကေတာ့!!!!
မိုးေနွာင္း ထကာ သေကာင့္သားကို ေဆာ္ထည့္လိုက္ခ်င္ေပမယ့္
ကိုကိုက သူ့ကိုဆြဲထား၍သာ ေရွ့မတိုးနိုင္ြခင္းြဖစ္သည္။
"အဓိပ္ပာယ္မရွိတာေတြ မေျပာစမ္းနဲ့.. ညီညီ
မင္းသူငယ္ခ်င္း ေကာင္းကင္ဟိန္းဆိုရင္ ေက်ာင္းလည္းမွန္တယ္
မင္းလို ရန္ြဖစ္ျပီး ရမ္းကားမေနဘူး ဘယ္ေလာက္အတုယူစရာ
ေကာင္းလဲ"
ေသာ္ဒီ စိတ္ရွုပ္လာကာ သူ့ဆံပင္ေတြကို ဆြဲဖြပစ္လိုက္သည္။
"ဓာတ္ျပားေဟာင္းြကီး မဖြင့္စမ္းပါနဲ့ ကိုကိုရာ
ညီ စိတ္ရွုပ္လာျပီ"
တစ္အိမ္လုံးမွာ ေသာ္ဒီ့ကို နာခံေအာင္လုပ္နိုင္တာဆိုလို့
ကိုကိုတစ္ေယာက္သာရွိသည္။ ဒါေြကာင့္ နားေထာင္မိမွာစိုးလို့
ထိပ္ကေန ြကိုပိတ္ပစ္လိုက္ရသည္။ ကိုကို ဆက္မေျပာနိုင္ေအာင္ ထရပ္ျပီး အျပင္ထြက္ဖို့ ျပင္ေပမယ့္ ကိုကို့ဆီက ြကားလိုက္ ရတဲ့စကားက သူ့ေြခလွမ္းတို့အား တုန့္ဆိုင္းသြားေစ
ခဲ့ပါသည္။
"ညီ ကိုကို့စကား နားမေထာင္ရင္ ကိုကို မိန္းမ ယူရလိမ့္မယ္"
ြခိမ္းေြခာက္မွုက အရာဝင္သည္။ ညီ့အြကည့္ေတြက မယုံနိုင္မွုေတြ ျပည့္နွက္လာသည့္အခါ ဩဂတ္ ျပုံးရပါသည္...။
မိန္းမယူဖို့ မေျပာနဲ့ ရည္းစားထားမွာေတာင္ ေသမေလာက္
ေြကာက္တဲ့ ညီ့အား သူဒါနဲ့ပဲ ြခိမ္းေြခာက္ဖို့တတ္နိုင္သည္မို့...
"ကိုကို ဘာေျပာလိုက္တယ္ မိန္းမယူမယ္ ဟုတ္လား"
အျပင္ထြက္ရန္ ျပင္ေနတဲ့ေြခလွမ္းေတြက ကိုကို့ရဲ့ စကားေြကာင့္
ျပန္လွည့္လာျပီး ကိုကို့ေဘးမွာ ထိုင္ကာ ကိုကို့မ်က္နွာကို
ေစ့ေစ့ြကည့္လိုက္သည္..။
"ကိုကို့အသက္က ဘယ္ေလာက္ရွိေသးလို့ မိန္းမယူခ်င္ရတာလဲ"
"ကိုကိုယူမယ္ဆို အသာေလးယူလို့ရျပီ "
"ဟာ ကိုကိုကဗ်ာ မေနာက္ရဘူးေလ "
"မေနာက္ဘူး အတည္ေျပာေနတာ"
"အသက္ ၃၀ေလာက္မွ ယူ"
"အဲ့အရြယ္က်ရင္ ကိုကိုက အဖိုးြကီး ြဖစ္သြားမွာကြ"
"ကိုကိုရာ !! ေယာက္်ားတစ္ေယာက္ရဲ့ ဘဝက အသက္၃၀
ေလာက္မွ စတာပါ"
"ဘာပဲြဖစ္ြဖစ္ ညီလုပ္ခ်င္ရာလုပ္မယ္ဆို ကိုကိုလည္း
ြကိုက္တာ လုပ္မွာပဲ"
ေသာ္ဒီ စိတ္ရွုပ္စြာ ေခါင္းကိုဆြဲကုတ္လိုက္သည္။ ျပီးမွ
"ဟိုစကားစုကို မြကားဖူးဘူးလား"
"အိုး!! ဘယ္တစ္ခုကို ေျပာတာလဲ ေျပာစမ္းပါဦး"
ထိုအခါ ေသာ္ဒီက ဆရာြကီးေလသံြဖင့္ ေခ်ာင္းကိုတစ္ခ်က္ဟမ့္ကာ
"တကယ္ေတာ့ အိမ္ေထာင္ျပုတယ္ဆိုတာ ကားအသစ္
ဝယ္စီးရသလိုမ်ိုးတဲ့ ကိုကိုရ!! ေနာက္က်မွျပုေလ ေမာ္ဒယ္
ျမင့္ေလပဲ"
ညီ့စကားေြကာင့္ သူအသံထြက္ရယ္မိကာ ဆံပင္အုပ္အုပ္ကို
ဖြလိုက္သည္။
"ငါ့ညီကေတာ့ ေတာ္ေတာ္ဗဟုသုတ စုံပါလား"
"ဟဲဟဲ... ဒီလိုပါပဲ သင္ယူေလ့လာရတာေပါ့ဗ်"
"ဟုတ္ပါျပီ ဘာပဲြဖစ္ြဖစ္ ဆယ္တန္းေလးေတာ့ ေအာင္ေအာင္
ေြဖလိုက္ပါေနာ္ ဂုဏ္ထူး ဘာညာ အသာထားလိုက္ နွစ္ခ်င္းေပါက္ ေအာင္ရင္ကို ေက်နပ္ပါျပီ ေအာင္ရင္ေတာ့
ညီ လိုခ်င္တာမွန္သမ်ွ ကိုကိုဝယ္ေပးမယ္ကြာ ဘယ္လိုလဲ"
"ကိုကို တကယ္ေျပာတာေနာ္ ဒီစကားက က်ိန္းေသလား"
"တကယ္ေျပာတာေပါ့ကြာ ကိုကိုမညာပါဘူး"
ကိုကို့ရဲ့ ပါးခ်ိုင့္အား သူေငးရင္း နွစ္ြခိုက္စြာ ျပုံးေနသလို
ဩဂတ္ကလည္း သူ့မ်က္ရည္ခံမွဲ့ေလးအား ေငးေနသည္..။
"ေကာင္းျပီေလ ဆယ္တန္းကို ေြဖလိုက္မယ္ ဒါေပမယ့္
ေက်ာင္းအရမ္းတက္ခ်င္လို့ မဟုတ္ဘူးေနာ္ ကိုကို့စကားကို
မဖယ္ရွားခ်င္လို့"
ဒီညီတစ္ေယာက္နဲ့ေတာ့ သူလည္းြကာရင္ ရူးေတာ့မည္..။
ဒါေပမယ့္ ညီဘယ္ေလာက္ပဲဆိုးပါေစ သူလည္း ခ်စ္လို့မဝ
ြဖစ္ေနခဲ့တာ မဟုတ္ဘူးလား။
မိုးေနွာင္းနဲ့ ဦးအဂ္ဂကေတာ့ တစ္ေနကုန္ တစ္ညလုံး
နားခ်ခဲ့တာေတာင္ လုံးဝ နားမဝင္တဲ့ သားငယ္က အခုေတာ့
ဩဂတ္ဂုဏ္ပိုင္ တစ္နာရီေလာက္သာ ေခ်ာ့ေျပာရေသးတယ္
ခ်က္ခ်င္း လက္ခံလိုက္သည့္အတြက္ နွစ္ေယာက္လုံး ေတြေဝစြာ
တစ္ေယာက္ကိုတစ္ေယာက္ စိုက္ြကည့္မိလိုက္သည္။
"အံမယ္ ေက်ာင္းဖြင့္ရက္ ၇ရက္ေလာက္ရွိရင္ ၆ရက္ေလာက္
ေက်ာင္းပ်က္ေနတဲ့ ေကာင္က ေက်ာင္းေတြ ဘာေတြမွန္လို့ပါလား"
ဖက္တီးက သူ့မူအတိုင္း လူကိုလွမ္းစေတာ့ မ်က္ေစာင္းကိုသာ
အသာဝင့္လိုက္သည္။
"ငါလည္း ေက်ာင္းမမွန္ခ်င္ပါဘူးကြာ ထုံးစံအတိုင္း ငါ့ကိုကိုေပါ့
ညီရယ္ ဆယ္တန္းေလးေတာ့ ျပီးေအာင္တက္လိုက္ပါဆိုလို့"
"ေအးပါ ငါလည္း ထင္ပါတယ္"
"ဟဲ့.. ေသာ္ဒီထူးဟန္"
ေသာ္ဒီနဲ့ဖက္တီး စကားစျပတ္ကာ အသံလာရာကို ြကည့္လိုက္ေတာ့ သူတို့အတန္းေခါင္းေဆာင္ြဖစ္တဲ့ ေဟသာ ဆိုတဲ့
ေကာင္မေလးြဖစ္ေနသည္။ အစက အတန္းေခါင္းေဆာင္ေနရာကို ေဟသာနဲ့ သူ နွစ္ေယာက္လုံး လ်ာထားြခင္း ခံခဲ့ရေပမယ့္
ေဟသာက မဲပိုမ်ားခဲ့တာမို့ အတန္းေခါင္းေဆာင္ြဖစ္ခဲ့ြခင္းပင္။
မဲမ်ားဆို အစက သေရြဖစ္ေနတာ အတန္းေခါင္းေဆာင္ြဖစ္ဖို့
ဆန္ဒမရွိတဲ့ သူက ေဟသာကိုသာ မဲထည့္ပစ္ခဲ့ပါသည္။
"ဒါေလး.."
စာြကည့္ခုံေပါ္ တြန္းတင္ေပးလာတဲ့ ပန္းနုေရာင္စာအိတ္ေလးနဲ့
ဖန္ပုလင္းတစ္ခုထဲမွာ ထည့္ထားသည့္ စက္ကူြကယ္ေလးေတြက
မနည္းမေနာ။ ဒါက ဘာအဓိပ္ပာယ္လည္းဆိုတာ သူသိတာမို့
မ်က္နွာကို ေမာ္ခ်ီရင္း...
"ျပန္ယူသြား စိတ္မဝင္စားဘူး!!
"ဘယ္သူက နင့္ကိုေပးတယ္ေျပာလို့လဲ"
"ဒါြဖင့္ နင္က ဘယ္သူ့ကိုေပးတာလဲ"
"နင့္အကိုကို ေပးတာ.."
ေသာ္ဒီမ်က္နွာ အဆင့္ဆင့္ေျပာင္းလဲလာပုံကို ဖက္တီးြကည့္ေနလိုက္သည္။ ဒီေကာင္မေလးကလည္း ရဲပါတယ္ ေသာ္ဒီက
သူ့ကိုကိုနဲ့ပတ္သတ္ရင္ ေသးေသးတင္မခံဘူးဆိုတာသိပါလ်က္နဲ့။
"ငါ.. ကိုြကီးဩဂတ္ကို သေဘာက်လို့ ငါတို့ကို
ေအာင္သြယ္ေပးပါ့လား ငါနင့္ကို အလကား မခိုင္းပါဘူးဟာ
ေအာင္သြယ္ခ ေပးမွာပါ"
"နင့္အိမ္မွာ ကိုယ္လုံးေပါ္မွန္ ရွိလား!!
ေဟသာက တစ္ခ်က္စဉ္းစားျပီးမွ
"ေအး!! ရွိတယ္ေလ ဘာြဖစ္လို့လဲ"
"ရွိရင္ မွန္ေရွ့မွာ ၃ရက္၃ည တိတိ ရပ္ြကည့္ျပီး
နင့္ရဲ့ ဘယ္ေနရာ ဘယ္အစိတ္ပိုင္းက ငါ့ကိုကိုနဲ့ တန္သလည္း
ဆိုတာ ျပန္လာေျပာလွည့္"
ေဟသာ မ်က္နွာက ရဲတြတ္သြားသည္။ ေဟသာက အရမ္းြကီး
လွတဲ့ထဲမွာမပါေပမယ့္ ရုပ္လည္း ဆိုးမေနပါ။ တြဲခ်င္တဲ့
သူေတြလည္း ေပါလို့။
"နင္မိုက္ရိုင္းလွခ်ည္လား ရုပ္က စိတ္ဓာတ္နဲ့ကိုမလိုက္ဘူး
နင့္အေမက မိန္းမေတြနဲ့ စကားေျပာရင္ ေလးစားတတ္ဖို့
သင္မေပးဘူးလားဟမ္!!!
ခြမ္း!!!!
သူမရဲ့ စက္ကူြကယ္အျပည့္ထည့္ထားတဲ့ ဖန္ပုလင္းေလးက
ေသာ္ဒီလက္ခ်က္ေြကာင့္ ကြဲသြားရသည္။
"သင္မေပးခဲ့ဘူးဟာ ဘာြဖစ္လဲ နင္က မိန္းကေလးမို့
ငါ ပါးစပ္နဲ့ေျပာရုံေျပာတာ ေယာက္်ားေလးသာဆို တစ္ခါတည္း
ဆြဲထိုးပစ္လိုက္တယ္"
"ေတာက္!! ေစာက္ြကီးေစာက္က်ယ္နဲ့ မသိရင္
သူ့အကိုက ဘယ္မိန္းမနဲ့မွ မတန္ေတာ့သလိုပဲ "
ေဟသာက ေတာက္ေခါက္ျပီး လွည့္ထြက္သြားသည့္အခါ
စိတ္မေျပေသးတဲ့ ေသာ္ဒီက ေဟသာရဲ့ ပန္းနုေရာင္စာအိတ္ေလးကို တစစီ စုတ္ြဖဲပစ္လိုက္သည္..။
သူ့စိတ္ထဲမွာေတာ့ ကိုကိုက ဘယ္သူမွ လက္လွမ္းမမွီနိုင္တဲ့
ေနရာမွာ ရပ္ေနျပီး ဘယ္မိန္းကေလးကမွ ကိုကိုနဲ့တန္တယ္ဟု
မထင္ဖူးသည့္တိုင္ သူ့စိတ္ထဲမွာ ကိုကိုက သိပ္ကိုအထင္ြကီးျပီး
ေလးစားဖို့ေကာင္းသည့္သူ ြဖစ္ေနခဲ့ပါ၏။
[text_hash] => 85c472d1
)
What do you think?