Chapter 11: Episode [ 10 ]

Array
(
[text] =>

Episode - 10

-

-

-

-

-

-

-

-

ဒီနေ့ဆို ကြည်နူး London ကနေ မြန်မာပြည်ကိုပြန်ရောက်နေတာ တစ်လ‌ပြည့်ပြီ။ cambridge university ကို ဝင်ခွင့်ရဖို့အတွက်လည်း ကြည်နူး အရင်ကထက် စာကိုနှစ်ဆပိုကြိုးစားနေရသည်။ အခုလည်း thesis အတွက် သူ့ဆရာတွေနဲ့အတူတူ ဗီဿနိုးမြို့ဟောင်းကိုလိုက်သွားသည်။ ကြည်နူးက အတော်ဆုံးကျောင်းသားတွေထဲက တစ်ယောက်မို့ ကြည်နူးကိုဆို ဆရာတိုင်းက သဘောကျကြ၏။ ဒါကြောင့်လည်း ဘွဲ့ပြီးတာတောင် ဆရာတွေနဲ့အဆက်အသွယ်မပြတ်သေးတာ။

နေလုံးက ခေါင်းတည့်တည့်မှာ ‌ရောက်နေပေမယ့် ကြည်နူးကတော့ သူသဘောကျတဲ့အရာတွေကို စူးစမ်းလေ့လာနေရတာမို့ ပျော်၏။ ကြည်နူးက နို့နှစ်ရောင် bucket hats ကိုဆောင်းထား၏။ သူဝတ်ထားတဲ့ အဖြူရောင် T-Shirt  အပေါ်မှာမှ သူတို့ Team vest ကိုထပ်ဝတ်ကာ ပူတာကြောင့် ကြည်နူး အင်္ကျီလက်ကို ပခုံပေါ်လိပ်တင်ထားသေးတယ်။

" ကြည်နူး နားတော့လေ နေတအားမြင့်လာပြီ။ ထမင်းလည်းမစားရသေးဘူးမလား...တော်တော့၊တော်တော့  "

Team ထဲ အစ်မတစ်ယောက်ပြောတာကြောင့် ကြည်နူးခေါင်းညိတ် လက်ခံလိုက်ရတယ်။ Brushes ကိုင်ထားတဲ့ ကြည်နူးလက်ကလေးတွေက ရပ်တန့်သွားကာ မတ်တပ်ထရပ်လိုက်ပြီး ယာယီအမိုးထိုးထားတဲ့ နေရာကိုထွက်လာခဲ့သည်။ သူတစ်ယောက်တည်း နေ့လယ်စာမစားရသေးတာမို့ ကြည်နူးအတွက်ချန်ထားပေးတဲ့ ထမင်းဘူး‌ကလေးက စားပွဲပေါ်ဒီအတိုင်းပဲ။ ကြည်နူး ခုံမှာ ထိုင်လိုက်ပြီး ထမင်းဘူးကိုဖွင့်လိုက်တယ်။ အဲ့ဒီအချိန်မှာပဲ ကြည်နားအနား Team ထဲက သီဟကျော် ဆိုတဲ့တဲ့ကောင်လေးရောက်လာကာ...

" ခဏနေ အလုပ်သမားတွေအတွက် အချိုရည်နဲ့မုန့်တွေသွားဝယ်ပေးမလို့ ကြည်နူး လိုက်ကူပေးလို့ရလား "

" ရတယ်လေ။ အခုသွားမလို့လား "

" အခုမဟုတ်ဘူး။ ကြည်နူး ထမင်းအေးဆေးစား။ ရတယ် "

ကြည်နူးခေါင်းညိတ်လိုက်တယ်။ သီဟကျော်ကလည်း ကြည်နူး အရှေ့ကနေပြန်ထွက်သွား၏။

ကြည်နူး ထမင်းစားနေတုန်း အကို့ဆီက နေ စာဝင်လာကြောင့် ကြည်နူးဝင်ကြည့်လိုက်၏။

[ ဖုန်းခေါ်လို့ရလား ]

ကြည်နူးစာပြန်ပို့မနေတော့ပဲ သူ့ဘက်ကနေပဲ အကို့ဆီကိုဖုန်းခေါ်လိုက်သည်။

" ဘာပြောစရာရှိလို့လဲ အကို "

" ဒီအတိုင်း လွမ်းလို့..."

" နူးကိုတွေ့ချင်တယ်။ နူးကိုဖက်ထားချင်တယ်။ နူးကိုနမ်းချင်တယ်...နူးကိုကိုယ်အရမ်းလွမ်းတယ် " 

london နဲ့ cambridge ဆိုရင်တောင် ချက်ချင်းပြေးသွားတွေ့လို့ရသေးတယ်။ အခုက မိုင်ပေါင်းများစွာဝေးတဲ့ London နဲ့ Myanmar လေ။

မွေးကတည်းက London မှာပဲမွေးတာမို့ လင်းနေက British citizen ခံယူထားသည်။ Myanmar ကိုတောင် တစ်ခေါက်ပဲရောက်ဖူးတဲ့ လင်းနေရဲ့ Visa ကလည်း သူငယ်ငယ်ကတည်းက သက်တမ်းကုန်နေတာ ဘယ်နှစ်နှစ်ကြာပြီး မှန်းတောင်မသိတော့ဘူး။ Myanmar ကိုသွားဖို့ တစ်ခါမှတောင်မစဉ်းစားဖူးတဲ့ သူက အရင်လကမှ Visa အသစ်ပြန်လျှောက်ထားရသည်။

" ကြည်နူး စားလို့ပြီးပြီလား "

မလှမ်းမကမ်းကနေ လှမ်းအော်ပြောနေတဲ့ သီဟကျော်ရဲ့အသံကြားတော့ ကြည်နူး မတ်တပ်ထရပ်ရင်း အနောက်ကိုလှည့်ကာ..

" ပြီးပြီ၊ပြီးပြီ။ သွားတော့မလို့လား "

ပြောရင်းနဲ့ ကြည်နူးရဲ့လက်တစ်ဖက်ကလည်း စားပြီးသားထမင်းဘူးကိုပြန်ပိတ်နေ၏။

" အကို ဒါပဲနော် ကျွန်တော်နောက်မှထပ်ဆက်လိုက်မယ် "

" ဘယ်သူ့အသံလဲ နူး။ အနားမှာ ဘယ်သူရှိနေတာလဲ "

တစ်ဖက်က ကြည်နူးကတော့ အလောတကြီးနဲ့ ဖုန်းချသွားတာမို့ လင်းနေပြောတာကိုမကြားလိုက်။ ကြည်နူးကလင်းနေကို သူ ဗီဿနိုးကိုရောက်နေတဲ့အကြောင်း ဘာမှမပြောထားပေ။

မျက်မှောင်ကြီးကြုတ်ကာ တင်းမာနေတဲ့ မျက်နှာထားနဲ့ လင်းနေ ကုမ္ပဏီထဲကိုပြန်ဝင်လာသည်။ ထွက်သွားတုန်းကတော့ အကောင်း၊ပြန်ဝင်လာတော့ လင်းနေဆီ ဒေါသအငွေ့အသက်တွေရနေတာ‌ကို ဘေးကကောင်လေးတွေလည်း သတိထားမိကြ၏။ ဘာဖြစ်မှန်းမသိတော့ သူတို့လည်း တိတ်တိတ်ကလေးသာ နေနေရ၏။ တစ်ချက်၊တစ်ချက် တောက်စ်ထထခေါက်တာမို့ သူတို့မှာလန့်လန့်နဲ့ ဇက်ကလေးပါပုနေရတယ်။

ရုတ်တရပ် လင်းနေကသူ့အိတ်ကိုဆွဲကာ ထထွက်သွားမို့ ရိန်းယံလည်းမနေနိုင်တော့ပဲ

" ဘယ်သွားမလို့လဲ " လို့ မေးလိုက်တော့ လင်းနေက...

" မြန်မာပြည် " ဟု ပြန်ဖြေကာ ထွက်သွား၏။

လင်းနေ ပုံစံနောက်နေတဲ့ပုံမပေါ်ဘူး။ သူသိတဲ့ လင်းနေရောင်ဦး စကားကိုအဲ့လို စနောက်ပြောတက်တဲ့ စတိုင်မဟုတ်။ လင်းနေကြောင့် ရိန်းယံ တစ်ယောက် ကြောင်းအမ်းအမ်းဖြစ်နေတယ်။

ဒီကောင် ရူးများရူးသွားတာလားမသိဘူး။

-

ကြည်နူး ဗီဿနိုးမြို့ဟောင်းမှာ 10 ရက်လောက်ကြာသွားတယ်။ အခုထိ တူးဖော်မှုတွေရှိနေသေးပေမယ့်  ကြည်နူးကတရားဝင်အဖွဲ့ဝင်မဟုတ်ပဲ ဆရာ့အကူအညီနဲ့ လာလေ့လာတဲ့သူမို့ သူလိုပဲ လေ့လာတဲ့ကျောင်းသားတွေနဲ့အတူတူ ရန်ကုန်ကိုပြန်လာခဲ့တယ်။ သီဟကျော်ရဲ့ကားနဲ့ပြန်လာကြတာမို့ ရန်ကုန်ရောက်တော့ သီဟကျော်က တစ်ယောက်ချင်းစီရဲ့အိမ်ကိုလိုက်ပို့တယ်။ အခု ကားထဲနောက်ဆုံးကျန်တာကတော့ ကြည်နူးပဲ။

ကြည်နူးကအရှေ့ခန်းမှာထိုင်နေကာ ကားထဲနှစ်ယောက်ထဲဆိုပေမယ့်  နေရခက်တာမျိုးမရှိပဲ  ကြည်နူး သီဟကျော်နဲ့ စကားပြောလိုက်၊ဖုန်းလေးကြည့်နဲ့ပဲ။ ကြည်းနူးက social butterfly ကလေးပင်။ဘယ်သူနဲ့မဆို အဆင်ပြေအောင်နေတက်၏။ သူက လူစိမ်းတွေနဲ့ဆိုရင်တောင် အမြန်ဆန်ပဲ ရင်နှီး‌သွားအောင်လုပ်နိုင်တယ်။

ရုတ်တရပ် ကြည်နူးလက်ထဲကဖုန်းကလေးအသံမြည်လာသည်။ အကိုဆက်တာမို့ သူများအရှေ့မှာ စကားပြောရမှာ နည်းနည်းကတိကအောက်ဖြစ်ပေမယ့်လည်း ကြည်နူး ဖုန်းကိုင်လိုက်တယ်။ ဘာလို့ဆို အကိုကသူ့ကိုအဆက်အသွယ်မလုပ်တာ 1 ပတ်လောက်ရှိပြီလေ။

" Hello " 

" ကိုယ်ရန်ကုန်လေဆိပ်မှာ "

" ဗျာ!!! "

ကြည်နူးအသံကျယ်သွားတာမို့ ဘေးကကားမောင်းနေတဲ့ သီဟကျော်ကိုအားနာနာနဲ့ အသံတိတ်တောင်းပန်လိုက်ရတယ်။

" ကိုယ့်ကိုလာကြို။ ကိုယ်ဘယ်ကိုသွားရမလဲမသိဘူး "

လင်းနေ မြန်မာပြည်ကိုရောက်နေတာ သူ့မိဘတွေမသိသလို။ လင်းနေကလည်း သူ့မိဘတွေ ဘယ်မှာနေမှန်းကိုလည်းမသိဘူး။

" အရှေ့ကိုကွေ့ရမှာလား ကြည်နူး "

" ဟုတ်တယ်။ အရှေ့မှာကွေးလိုက်နော် ညာဘက်ခြမ်းက တတိယမြောက်အိမ် "

အကို့ကြောင့် သူ့မှာလန့်လို့မှမဆုံးသေး လမ်းမေးနေတဲ့ သီဟကျော်ကို ပြန်ဖြေရသေးတယ်။

" ဘေးမှာ ဘယ်သူလဲ! "

အသံနဲ့တင် အကိုသဝန်တိုနေမှန်း သူသိလိုက်ပေမယ့် သူ့ရဲ့ အခုအခြေအနေက ပြန်ဖြေလို့ရတဲ့အခြေအနေမဟုတ်ဘူးလေ။ တစ်ဖက်ကအကို့အသံကို သီဟကျော်က မကြားရဘူးဆိုပေမယ့် သူပါးစပ်ကနေ " သူငယ်ချင်းပါ " လို့ပြောလိုက်ရင် ဦးနှောက်ပါတဲ့လူတိုင်း အခြေအနေကိုဆက်ဆက်တွေးမိပြီး အကုန် မျက်နှာပျက်စရာတွေဖြစ်ကုန်မယ်။

" ဘယ်လိုလုပ်ရောက်လာတာလဲ ကြိုလဲမပြောဘူး " 

" ဘယ်သူလဲလို့ ကိုယ်မေးနေတယ်လေ "

ကံကောင်းစွာနဲ့ပဲ အိမ်ရှေ့မှာကားရပ်သွားပြီမို့ ကြည်နူးကားထဲကနေ မြန်မြန်ဆင်းလိုက်တယ်။

" သူငယ်ချင်း...သူငယ်ချင်း "

ကြည်နူးအသံကခပ်တိုးတိုးရယ်သာ။

သီဟကျော်ကလည်း ကားထဲကနေဆင်းလာကာ ကားအနောက်မှာထည့်ထားတဲ့ ကြည်နူး

Luggage ကို ထုတ်ပေး၏။

" ကိုယ်သွားပြီနော် နောက်မှတွေ့မယ် "

ကြည်နူးမှာ သီဟကျော်ကိုပြန်နှုတ်ဆက်ဖို့မအား ညာဖက်လက်တစ်ဖက်ကဖုန်းကိုင်ကာ ဘယ်ဖက်လက်က Luggage ကိုကိုင်ထားရင်း ခြံထဲကိုဝင်လာတယ်။

" လေဆိပ်မှာပဲစောင့်နေနော် အကို ကျွန်တော်အခုထွက်လာနေပြီ "

Luggage ကိုအိမ်အဝမှာတင်ထားကာ ကားသော့ကိုဆွဲယူပြီး ကြည်နူး အိမ်ထဲကနေ ပြန်ထွက်လာခဲ့တယ်။ အမေ မေးတာကိုလည်း သူ့မှာ ပြန်ဖြေဖို့အချိန်မရှိ။

လေဆိပ်ထဲကိုရောက်‌တာနဲ့ ကြည်နူး လင်းနေဆီကိုဖုန်းပြန်ဆက်လိုက်တယ်။ လေဆိပ်ထဲမှာ လင်းနေ  ရှိနေတဲ့နေရာကို ကြည်နူး အပြေး၊အလွှာရှာပြီးနောက် ခပ်လှမ်းလှမ်းမှာရပ်နေတဲ့ လင်းနေကိုတွေ့လိုက်သည်။

" အကို "

ကြည်နူးရဲ့လှမ်းခေါ်သံကြောင့် အကိုကကြည်နူး‌ကိုတွေ့သွားကာ ကြည်နူးဆီကိုပြေးလာတယ်။ ကြည်နူးကလည်းရပ်မနေပဲ အကို့ဆီကို‌ပြေးသွားခဲ့တယ်။

အကို့ရဲ့လက်တစ်ဖက်က ကြည်နူးခါးကိုဆွဲပွေ့လိုက်ကာ ကျန်လက်တစ်ဖက်က ကြည်နူးရဲ့ခေါင်းအနောက်ကိုထိန်းထားရင်း အကိုကကြည်နူးရဲ့ နှုတ်ခမ်းတွေကိုနမ်းတယ်။ အကို့ရဲ့အနမ်းကြောင့် ကြည်နူး မျက်လုံးကလေးတွေ ကျယ်သွားကာ အရမ်းလန့်သွားမိတယ်။

သူတို့က public ကြီးမှာလေ!! ပိုဆိုးတာက ဒါကမြန်မာနိုင်ငံ!!! 

" အကို!!! "

ကြည်နူးအားကုန်သုံးကာ အကို့ကိုတွန်းထုတ်လိုက်ပြီး အော်လိုက်မိတယ်။ ဘေးကလူတွေကလည်း သူတို့ကိုဝိုင်းကြည့်နေကြပြီး တစ်ချို့ဆို ဖုန်းတထောင်ထောင်နဲ့ ဓာတ်ပုံတွေပါရိုက်နေကြတာ။ ကြည်နူး ရှက်လွန်းလို့ ဘယ်မှာပုန်းလို့ပုန်းရမလဲတောင်မသိတော့ဘူး။

" သွားမယ်! အနောက်ကနေလိုက်ခဲ့ "

အကို့ကိုမျက်‌မှောင်ကြုတ်ကာကြည့်ပြီးကြည်နူးအသံမာမာနဲ့ပြောလိုက်တယ်။ ရှက်ကိုးရှက်ကန်းနဲ့ ကြည်နူးကမျက်နှာကိုလက်နဲ့မလုံမလဲအုပ်ကာ အရှေ့ကနေသွားပြီး လင်းနေကတော့ အနောက်ကနေ Luggage ကိုဆွဲကာ အေးအေးလူးလူးပဲ လျှောက်၏။

Luggage ကိုအနောက်မှာထည့်လိုက်ပြီး

ကြည်နူးက ကားမောင်းသူနေရာမှာထိုင်ကာ လင်းနေကဘေးမှာထိုင်၏။

" ဘယ်သွားမှာလဲ အိမ်ပဲလိုက်ပို့ပေးရမှာလား "

"  ဘယ်သူ့အိမ်လဲ နူးအိမ်လား "

" ဘာကို နူးအိမ်လဲ! ကိုယ့်မိဘအိမ်ကိုယ်နေလေ "

" နူး ကိုယ့်ကိုစိတ်ဆိုးနေတာလား။ ဘာလို့လဲ "

လင်းနေကတကယ်ကိုဘာမှမသိတဲ့ပုံနဲ့ပြောနေတာမို့ ကြည်နူး သက်ပြင်းရှည်ရှည်သာချမိတော့တယ်။

" ဒါမြန်မာနိုင်ငံ London မဟုတ်ဘူး! "

" အင်း။ ကိုယ်သိတယ်လေ။ ဒီလောက်ပူနေတာ London လို့လဲ ကိုယ်မထင်ပါဘူး " 

ကြည်နူးဘာမှပြောချင်စိတ်မရှိတော့ဘူး။

" အကို့မိဘအိမ်ကိုလိုက်ပို့ပေးမယ် "

" ခဏလေး! ဘာကိုစိတ်ဆိုးနေတာလဲ ပြောလေ။ နူးပြောမှ ကိုယ်ချော့လို့ရမှာပေါ့ "

ကားစက်နှိုးနေတဲ့ ကြည်နူးရဲ့လက်ကိုလင်းနေတားလိုက်တယ်။

" လူတွေအများကြီးရှိနေတဲ့ဟာ ဘာလို့လာနမ်းတာလဲ။ ခဏကမမြင်ဘူးလား ဘေးကလူတွေက ကျွန်တော်တို့ကို ရွံ့သလိုမျက်လုံးတွေနဲ့ကြည့်နေကြတာ "

" London မှာတုန်းကလည်း နမ်းတာပဲလေ "

" ဒါ London မဟုတ်ပါဘူးဆို!! "

" Ok,ok ဒီနိုင်ငံမှာ ကိုယ်မလုပ်သင့်တဲ့အပြုမှုကိုလုပ်မိသွားတယ် ထင်တယ် "

‌လင်းနေကအခုမှ‌သေချာသဘောပေါက်သွားတယ်။ နိုင်ငံတိုင်း၊လူတိုင်းက LGBT ထောက်ခံကြတာမဟုတ်ဘူး။ ဒီထဲမှာမှ အပြင်းအထန် ရှုံ့ချကြတဲ့ နိုင်ငံတွေလည်းအများကြီးရှိတယ်လေ။

" I'm sorry  " 

လင်းနေက ကြည်နူးရဲ့ပါးလေးကို သူ့လက်ဖဝါးနဲ့အုပ်ကိုင်လိုက်တယ်။

" humm...I'm sorry baby... "

" Please look at me "

ကြည်နူးလည်းစိတ်လျော့လိုက်ပြီး ဘေးကလင်းနေကိုကြည့်လိုက်တယ်။

" အကိုနမ်းလိုက်တဲ့အချိန် ကျွန်တော်တအားလန့်သွားတာ "

" ကိုယ်တောင်းပန်ပါတယ်။ ကိုယ် မဆင်မခြင်လုပ်လိုက်မိတယ် "

လင်းနေကကြည်နူးရဲ့နဖူးလေးကိုဖွဖွကလေးဖိနမ်းလိုက်တယ်။

" မပြောမဆိုနဲ့ ဘယ်လိုလုပ်ရောက်လာတာလဲ။ ကျွန်တော်ကအကိုစနေတယ်တောင် ထင်တာ "

" နူးဘေးမှာ အကောင်တစ်ကောင်ရဲ့အသံကြားလိုက်လို့ သဝန်တိုပြီး ရောက်လာတာလေ။ နူးကကိုယ်စိတ်ဆိုးနေတာကိုလည်း မသိဘူး ကိုယ့်ကိုချော့လည်းမချော့ဘူး "

" အကောင်တစ်ကောင် ? "

" ခဏ‌ဖုန်းဆက်တုန်းကတောင် ကြားလိုက်သေးတယ်! ဘယ်သူနဲ့အတူတူရှိနေတာလဲ "

" အာ...သူက ကျွန်တော်တို့ archeology Team ထဲကလူလေ။ အရင်ရက်တွေက ကျွန်တော် ဗီဿနိုးမြို့ဟောင်းကိုရောက်နေတာ ကျွန်တော့် ဘေးမှာသူတင်မဟုတ်ဘူး တစ်ခြားလူတွေလည်းအများကြီးရှိတယ်။ ဗီဿနိုးဆိုတာက ဒီမှာဆို အီဂျစ်လိုပဲလေ  ကျွန်တော်တို့ archeology ကျောင်းသား တွေအတွက် လေ့လာဖို့အကောင်းဆုံးနေရာ။

အဲ့ဒီမှာရှိတဲ့ရက်အတွင်း ကျွန်တော်အရမ်းအလုပ်များနေလို့ ကျွန်တော့်ဘက်ကအရင် အကို့ကိုမဆက်သွယ်မိတာပါ...အကိုစိတ်ဆိုးနေမှန်းလည်း ကျွန်တော်မသိလိုက်လို့... "

" ခုနကအသံကလည်း သူက ပြန်လိုက်ပို့ပေးတာမို့ပါ။ ကျွန်တော်တစ်ယောက်တည်းကိုမဟုတ်ဘူး တစ်ခြားလူတွေကိုလည်း လိုက်ပို့ပေးတာ။ နောက်ပြီး သူ့မှာ မိန်းမလည်းရှိတယ်။ သူ့မိန်းမကလည်း ကျွန်တော်နဲ့တအားရင်းနှီးတယ်။ ကျွန်တော့်မှာ အခုလေးတင်ပဲ ပြန်ရောက်တာကို အကိုဖုန်းဆက်လို့ ကျွန်တော့်မှာ အိမ်ထဲတောင်မဝင်နိုင်ပဲ အမြန်လေဆိပ်ကိုလာခဲ့ရတာ "

ကြည်နူးရဲ့စကားအရှည်ကြီးကို လင်းနေနားထောင်ပြီးနောက် ကြည်နူးရဲ့လက်ကလေးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်တယ်။

" ကိုယ်ကလေ နူးပေါ်ဖြတ်တိုက်သွားတဲ့ လေကိုတောင် သဝန်တိုတယ် "

" နူးနဲ့မှပဲ ကိုယ့်မှာဒီလိုအကျင့်ဆိုးတွေရှိမှန်းသိတာ။ ကိုယ်ပြင်နိုင်အောင် ကြိုးစားပါ့မယ် "

" ကိုယ်ကနူးအတွက်အကောင်းဆုံးလူပဲဖြစ်ချင်တယ် "

လင်းနေကသူကိုင်ထားတဲ့ ကြည်နူးလက်ကလေးကို မ ယူလိုက်ကာ လက်ခုံကလေးကို ခပ်ဖွဖွနမ်းလိုက်တယ်။

ကြည်နူး လင်းနေကို အိမ်လိုက်ပို့ပေးခဲ့တယ်။ လင်းနေက ကြည်နူးကိုအိမ်ထဲဝင်ခိုင်းပေမယ့် ကြည်နူးကတော့ အတင်းငြင်းကာ လင်းနေကိုအိမ်ရှေ့မှာတင်ချပေးခဲ့ပြီး သူကကားပေါ်ကနေတောင်မဆင်းပဲ ပြန်ထွက်သွား၏။

[text_hash] => cbbd4fe3
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...