Chapter 16: Episode [ 15 ]

Array
(
[text] =>

Episode - 15

-

-

-

-

-

-

-

ညီမလေးက မနက်က ‌အမေရယ်အန်တီနှင်းဆီရယ်နဲ့လိုက်သွားတာမို့ Hotel မှာမရှိ။ အခု Hotel မှာ ကြည်နူးရယ်၊ကြည်နူးအဖေရယ်နဲ့ လင်းနေရယ်၊လင်းနေအဖေရယ်သာ ကျန်ခဲ့တယ်။

အဖေနှစ်ယောက်က လုပ်ငန်းကိစ္စတွေဆွေးနွေးနေကြတာမို့ ကြည်နူးလည်း အကို့ကိုခေါ်ပြီး ပုဂံမြို့ကိုပတ်ဖို့ကြံလိုက်တယ်။ ကြည်နူး Ebike ထုတ်ပြီး Hotel အရှေ့မှာစောင့်နေတုန်း အကိုက ကြည်နူးဝယ်ပေးထားတဲ့ ပုဆိုးကိုဝတ်ကာထွက်လာတယ်။

" ဒါနဲ့သွားမှာလား နူး "

Ebike ကိုကြည့်ကာ လင်းနေကမေးသည်။

" ပုဂံရောက်ရင် ကျွန်တော်ကားမမောင်းဘူး။

Ebike နဲ့မှ သွားလို့လာလို့ကောင်းတာ။ ကျွန်တော်ကျွမ်းကျွမ်းကျင်ကျင်မောင်းတက်မို့ စိတ်မပူနဲ့ အကိုဘာမှမဖြစ်စေရဘူး "

လင်းနေ ကြည်နူးကိုယုံကြည်လိုက်တယ်။ သို့သော် ပုဆိုးနဲ့လန်ဒန်သားတစ်ယောက် Ebike ပေါ်တက်ဖို့ကို တော်တော်ရုန်းကန်လိုက်ရ၏။

ပုဂံသားက Ebike မောင်းကာ လန်ဒန်သားဘုရားတရင်း အနောက်မှာထိုင်၏။

လက်ညိုးထိုးမလွဲနေရာတိုင်းမှာ ဘုရား၊စေတီပုထိုးတွေကို မြင်နေရတော့ လင်းနေက အံ့ဩနေ၏။ ဒါက သူကပထမဆုံး ပုဂံမြို့ကို‌ရောက်ဖူးချင်ပင်။ ပုဂံရဲ့နေရာတိုင်းက စိတ်ဝင်စားစရာကောင်းနေတော့ လင်းနေက ကြည်နူးကို မေးခွန်းတွေခဏခဏမေးတယ်။ ပုဂံနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ကြည်နူးကလည်းသေသေချာချာလေး ပြန်ဖြေပေးသည်။

ယခု လင်းနေနဲ့ကြည်နူး၏ အခြေအနေသည်  နိုင်ငံခြားသားဧည့်သည်နဲ့ tour guide တို့နဲ့သွားတူ၏။ ကြည်နူးကအရှေ့ကနေ သေသေချာချာရှင်းပြနေပြီး လင်း‌နေကအနောက်ကနေ ခေါင်းတညိတ်ညိတ်နဲ့‌နားထောင်၏။

London နဲ့ကွဲပြားခြားနားလွန်းလှတဲ့ ပုဂံမြို့ရဲ့နေရာတိုင်းက လင်းနေအတွက် အံ့ဩမှင်တက်စရာကောင်းနေ၏။ ချစ်ရတဲ့သူရဲ့ မွေးရပ်မြေလည်းဖြစ်တော့ လင်းနေ ပုဂံမြို့ကို သဘောကျသည်။ ကြည်နူးကလည်း ရောက်တဲ့နေရာတိုင်းမှာ သမိုင်းကြောင်းတွေကို ရှင်းပြ‌ရလည်းအမောပင်။ ရှေးဟောင်းသုတေသနကျောင်းသားပီပီပဲ ဒီလို ရှင်းပြနေရတာကိုက ပျော်‌စရာကောင်းနေတာ။

ဆိုင်ကယ်ကိုသေချာသော့ခတ်လိုက်ပြီး ကြည်နူးတို့ အာနန္ဒာဘုရား‌ထဲကိုလျှောက်လာခဲ့ကြတယ်။ လမ်းလျှောက်နေရင်း ကြည်နူးက ခလုတ်တိုက်လဲမိမလိုဖြစ်သွားတော့ လင်းနေ ကြည်နူးရဲ့လက်ကိုအမြန်လှမ်းဆွဲလိုက်တယ်။

" သတိထားပြီးလျှောက်လေ နူး။ လဲကျပြီးထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ "

စိတ်ပူသွားတဲ့ လင်းနေကမျက်နှာကိုတည်ကာပြောတော့ ကြည်နူးကသွားကလေးဖြီးပြီးရယ်ပြ၏။

" မလဲကျပါဘူး။ အကိုရှိနေတာပဲဟာ "

လင်းနေ ကြည်နူးရဲ့လက်ကိုသေချာကိုင်လိုက်ပြီး အရှေ့ကနေဦးဆောင်လျှောက်သွား၏။ သူ့လက်ကိုကိုင်ထားတဲ့ လင်းနေရဲ့လက်ကိုကြည့်ပြီး ကြည်နူးမသိမသာလေးပြုံးလိုက်တယ်။

လင်းနေနဲ့ကြည်နူး ဘုရားရှိခိုပြီးနောက် ဘုရားပေါ်ပတ်ကြည့်နေတုန်း သူတို့အနားကို ဓာတ်ပုံဆရာတစ်ဦးရောက်လာတယ်။

" သူငယ်ချင်းနှစ်ယောက်အမှတ်တရဓာတ်ပုံရိုက်သွားကြဦးမလား "

လင်းနေ အရှေ့ဓာတ်ပုံဆရာကို စူးစူးရဲရဲစိုက်ကြည့်လိုက်ကာ...

" ကျွန်တော်တို့ကသူငယ်ချင်းမဟုတ်ဘူး "

" သိပြီ၊သိပြီ။ မင်းတို့ကအတွဲတွေမဟုတ်လား။  ကျွန်တော်လည်းထင်တော့ထင်သားပဲ မဟုတ်ရင် အားနာစရာဖြစ်ကုန်မှာစိုးလို့မပြောတာ။ ပုဂံကိုလာလည်တဲ့ မင်းတို့လို စုံတွဲတွေကို အများကြီးကို ဓာတ်ပုံရိုက်ပေးဖူးတော့ မြင်လိုက်တာနဲ့ တန်းကိုသတိထားမိနေတော့တာပဲ "

" ဓာတ်ပုံရိုက်မယ် "

အကို့စကားကြောင့် ကြည်နူးအံ့ကြိတ်ကာရယ်လိုက်မိတယ်။ခဏကတော့ မျက်နှာကြီးမည်းမှောင်နေပြီးတော့ အခုကျတစ်မျိုး။ အမျိုးမျိုးကို တက်နိုင်ပါပေတယ်။

ဓာတ်ပုံရိုက်ပြီးနောက် 15 မိနစ်တည်းနဲ့ ပုံတွေထွက်လာတယ်။ လင်းနေကသူတို့ပုံတွေကို တစ်ပုံချင်းစီကြည့်ပြီး တအားကိုသဘောကျနေ၏။

-

ကြည်နူး လင်းနေကို လက်ဆေးရေးပန်းချီဆွဲတဲ့ ဆိုင်ကိုခေါ်လာခဲ့တယ်။ ကြည်နူးတို့အလှည့်ရောက်ဖို့ စောင့်နေတုန်း လင်းနေက သစ်ပင်ပေါ်မှာချိတ်ဆွဲထားတဲ့ ရုပ်သေးရုပ်တွေကို စိတ်ဝင်စားနေ၏။

" နူး ဒီအရုပ်တွေက... "

" ရုပ်သေးရုပ်လို့ခေါ်တယ်။ အပေါ်မှာပါတဲ့ ကြိုးလေးတွေကိုဆွဲရင် သူတို့က,ကတက်တယ်။ ခဏလေး ကျွန်တော်ပြမယ် "

ဒီအတိုင်းရှင်းပြတာထက် လက်တွေ့ပြတာ ပိုကောင်းမယ်ထင်လို့ ကြည်နူးဆိုင်ကနေ မင်းသမီးရုပ်သေးရုပ်တစ်ရုပ်ဝယ်လိုက်တယ်။

ကြည်နူးကရုပ်သေးအကလည်းသင်ဖူးတော့ မင်းသမီးအရုပ်ရဲ့ကြိုးတွေက ကြည်နူးလက်ထဲ ခဏလေးကအသားကျသွားတယ်။ လင်းနေက ကြည်နူးရဲ့လက်လှုပ်ရှားပုံတွေကို ကြည့်လိုက် အောက်က ကနေတဲ့ မင်းသမီးအရုပ်ကိုကြည့်လိုက်နဲ့ အံ့ဩပြီးရင်အံ့ဩနေ၏။

" ဆိုင်းသံနဲ့ဆို ပိုစိတ်ဝင်စားဖို့ကောင်းမှာ။ မပြန်ခင် ကျွန်တော် Hotel ဘက်ကို ရုပ်သေးပွဲစီစဉ်ပေးဖို့ပြောလိုက်မယ် "

" ရတယ်။ နူး ကိုယ့်အတွက် တကူးတကကြီးလုပ်ပေးစရာမလိုဘူး "

" တကူးတကမဖြစ်ပါဘူး။ Hotel မှာ နိုင်ငံခြားသားတွေလည်းရှိနေတော့ ဒါမျိုးပွဲတွေက ခဏခဏလုပ်နေကြပဲ "

ကြည်နူး သူ့လက်ထဲက မင်းသမီးရုပ်သေးရုပ်ရဲ့ကြိုးတွေကို သေချာပတ်သိမ်းလိုက်ပြီး အရုပ်ကို လင်းနေကိုပေးလိုက်တယ်။

" အကို့အတွက် ကျွန်တော့်ရဲ့ပုဂံလက်ဆောင် "

လင်းနေ ပြုံးလိုက်ပြီး သူ့လက်ထဲက ကြည်‌နူးပေးထားတဲ့ မင်းသမီးရုပ်သေးရုပ်လေးကို အမြတ်တနိုးကြည့်လိုက်သည်။

" ကျေးဇူးပါ နူး "

လက်ရေးပန်းချီဆွဲဖို့ သူတို့အလှည့်ရောက်ပြီးမို့ နှစ်ယောက်ဆင်တူ လက်ဖမိုးမှာဆွဲပြီး ဓာတ်ပုံလည်း ရိုက်ခဲ့ကြ၏။

ကြည်နူးဦးဆောင်ကာ နှစ်ယောက်သား တစ်နေကုန်လျှောက်လည်ပြီး Hotel ကို 5 နာရီကျော်မှပြန်ရောက်ကြ၏။ ဖွေးဖွေးတို့က သူတို့နှစ်ယောက်ထက်တောင် Hotel ကိုစောရောက်နေကြတယ်။  လင်းနေနဲ့ကြည်နူး ကိုတွေ့တော့ ဖွေးဖွေးမျက်နှာက တစ်ခုခုကိုစဉ်းစားနေသလိုဖြစ်သွားတယ်။ အကြောင်းကတော့ လင်းနေဝတ်ထားတဲ့ ပုဆိုးကြောင့်ပင်။

ဖွေးဖွေး အဲ့ဒီ ပုဆိုးအဆင်ကိုတစ်နေရာရာမှာ ရင်းရင်းနှီးနှီးကို မြင်ဖူးနေတာ။ ဒါပေမယ့် ဘယ်မှာ မြင်ဖူးမှန်းကိုလည်း စဉ်းစားမရပြန်ဘူး။

-

" ကိုကိုနဲ့ကိုကြီးလင်းက ရည်းစားတွေလား "

ရေမိုးချိုးပြီး အိပ်‌မလို့ ပြင်နေတုန်းက ညီမလေးရဲ့စကားကြောင့် ကြက်သေသေသွားတယ်။ ကြည်နူး ဘယ်လိုပြန်ဖြေလို့ဖြေမှန်းမသိတာကြောင့် ဒီအတိုင်းသာ နှုတ်ဆိတ်နေမိတယ်။

" အသံတိတ်နေတာဆိုတော့ ဖွေးထင်တာ‌မှန်နေတာပဲ။ အဲ့တာကြောင့် ဒီနေ့ကိုကြီးလင်းဝတ်ထားတဲ့ ပုဆိုးက ဖွေးနဲ့အတူတူဝယ်ခဲ့တဲ့ပုဆိုးဖြစ်နေတာကိုး။ ဖွေးမှာတော့ ဖေဖေ့အတွက်ထင်ပြီး ကူရွေးပေးလိုက်ရတာ "

" ညီမလေး ကိုကို့ကိုစိတ်ဆိုးနေလား "

" ဖွေးကဘာလို့စိတ်ဆိုးရမှာလဲ "

" ကိုကိုကယောကျာ်းလေးတစ်ယောက်နဲ့တွဲနေတာလေ။ ‌ဖွေးစိတ်ထဲရှိတာကို ကိုကို့ကိုအမှန်အတိုင်းပြောပါ "

ကြည်နူးကသူ့ကြောင့် သူ့ညီမထိခိုက်မှာကိုစိုးရိမ်၏။ သူငယ်ချင်းတွေကြားထဲ သူ့ကြောင့် ညီမလေးအစခံရရင်ဘယ်လိုလုပ်မလဲ။

" ကိုကိုကကိုကို ဖွေးကဖွေးလေ။ ဖေဖေနဲ့မေမေတောင် လက်ခံသေးတာပဲဟာ ဖွေးကဘာလို့ စိတ်ဆိုးရမှာလဲ... "

" ကိုကိုဖွေးကိုပြောဖူးတယ်လေ လူတိုင်းမှာ ကိုယ့်ဘဝနဲ့ကိုယ်ရှိတယ်။ ကိုကိုဘဝကိုဖွေးပိုင်တာမှမဟုတ်ပဲ။ ကိုကိုသဘောကျတဲ့အတိုင်းနေပါ...ဘယ်သူ့အိမ်က ထမင်းမှစားထားတာမဟုတ်လို့ ကိုကိုဘယ်သူ့ကိုမှဂရုစိုက်နေစရာမလိုဘူး။ ကိုကိုကဖွေးအတွက်တော့ အမြဲတမ်း ဂုဏ်ယူစရာကောင်းတဲ့အစ်ကို။ လေးစားစရာကောင်းတဲ့အစ်ကိုတစ်ယောက်ပဲ..."

လူကြီးလေးလို သူ့ကိုပြောနေတဲ့ ညီမလေးကိုကြည့်ပြီး ကြည်နူး ဝမ်နည်းသလိုလို၊ဝမ်းသာသလိုလို ဖြစ်လာတယ်။

" ဘယ်တုန်းကများ ဒီလောက်အထိ အရွယ်ရောက်လာတာလဲ ဖွေးဖွေး။ မရင့်ကျက်ပါနဲ့ဦး ကိုကိုညီမလေးကို ချစ်လို့တောင်မဝသေးဘူး "

" မရင့်ကျက်ပါဘူးနော်! ညီမလေးကအမြဲတမ်း ကလေးပဲ။ အသက် ၈၀ လောက်အထိ ကိုကို့ကိုချွဲဦးမှာ ကိုကိုသာညီမလေးကို အလိုလိုက် "

အခုတော့ လူကြီးပေါက်စလေး ကြည်ဖြူဖွေးမဟုတ်တော့ပဲ ကလေးပေါက်စလေး ကြည်ဖြူဖွေးပြန်ဖြစ်သွားပြီ။

ညစာအတူတူစားတုန်းက ဖွေးဖွေးက balloons စီးချင်တယ်လို့ပူဆာ‌ထားတော့ မနက်ကျ ဦးကြည်ခန့်က ချက်ချင်းကို သူ့သမီးဖြစ်တာကို စီစဉ်ပေးတယ်။ အခု ကြည်နူးတို့အားလုံး နေတောင်မထွက်သေးခင် balloons စီးဖို့ရောက်နေကြ၏။

အပေါ်မတက်ခင် ကြည်နူးက သူ့ညီမကို  ကြိုးစားပမ်းစားဓာတ်ပုံရိုက်ပေးနေ၏။

လင်းနေကတော့ အနောက်ကနေ ဓာတ်ပုံရိုက်နေတဲ့ ကြည်နူးကိုပုံကို တိတ်ဆိတ်ရိုက်လိုက်တယ်။ သူ ကြည်နူးကိုဓာတ်ပုံရိုက်နေတာကို သူ့အမေမြင်သွားတော့ လင်းနေက မသိသလိုပဲ ဖုန်းကိုအိတ်ထဲပြန်ထိုးထည့်လိုက်တယ်။

ဒေါ်နှင်းဆီကတော့ သူ့သားကိုပြုံးပြုံးကြီးကြည့်နေ၏။

balloons ပေါ်တက်တဲ့အချိန် ကြည်နူးကဖွေးဖွေးဘေးမှာရပ်နေပြီး လင်းနေကတော့ ‌ဖွေးဖွေးဘေးမှာရပ်နေ၏။ balloons တဖြည်းဖြည်းနဲ့ လေပေါ်တက်သွားတဲ့အချိန်ဖွေးဖွေးက သူ့ရဲ့ပထမဆုံးအကြိမ် balloons စီးတာမို့ အရမ်းစိတ်လှုပ်ရှားနေပြီး ကြည်နူးအနားမှာ ငြိမ်ငြိမ်မနေပဲ သူ့အမေရှိတဲ့ဘက်ကိုသွား၏။ အခွင့်အရေးကိုစောင့်နေတဲ့ လင်းနေကလည်း ကြည်နူးအနားကို ချက်ချင်းပဲ ရောက်လာတယ်။

အနားကိုရောက်လာတဲ့ လင်းနေကို ကြည်နူးတစ်ချက်ကြည့်လိုက်ပြီး အရှေ့မှာထွက်လာတော့မယ့် နေလုံးကိုပြန်အာရုံစိုက်လိုက်တယ်။

" ကိုယ်တို့ London Eye သွားခဲ့တဲ့အချိန်ကိုတောင် သတိရမိတယ် "

လင်းနေကခပ်တိုးတိုးအသံဖြစ်ပြော၏။

" နေထွက်လာပြီ "

ကြည်နူး သူ့အနွေးထည်အိတ်ထဲက ဖုန်းကိုထုတ်လိုက်ပြီး အရှေ့က လိ‌‌မ္မော်ရောင်သန်းနေတဲ့ နေမင်းကြီးကို ဓာတ်ပုံရိုက်နေ၏။ ပုဂံရဲ့နေဝင်ချိန်၊နေထွက်ချိန်တိုင်းက ကြည်နူအတွက် ဘယ်တော့မှ ရိုးမသွားမဲ့ မြင်ကွင်းပဲ။

လင်းနေအတွက်ကတော့ ဘယ်တော့မှရိုးမသွားမယ့်အရာက ကြည်နူးရဲ့မျက်နှာဖြစ်လိမ့်မည်။ အရှေ့မှာအရမ်းလှတဲ့ ရှုခင်းရှိနေတာတောင် သူ့မျက်လုံးတွေက ကြည်နူးဆီမှာပဲရှိ၏။

" ကျွန်တော်တို့ပုဂံရဲ့နေထွက်ချိန်ကလှတယ်မဟုတ်လား အကို "

" အင်း။ အရမ်း လှတယ်... "

လင်းနေရဲ့မျက်လုံးတွေက ကြည်နူးဆီမှာသာ။

" ကိုလင်း၊ကြည်နူး "

သူတို့ကိုခေါ်သံ‌ကြောင့် နှစ်ယောက်လုံး အနောက်ကိုလှည့်ကြည့်လိုက်ကြတယ်။ အဲ့ဒီအချိန်မှာပဲ အန်တီနှင်းဆီက နေထွက်ချိန်နောက်ခံနဲ့ သူတို့နှစ်ယောက်ပုံကိုရိုက်လိုက်၏။ လျှပ်တစ်ပြက်မို့ ပုံထဲမှာ နှစ်ယောက်လုံးရဲ့ မျက်နှာက အူတူတူကလေးတွေဖြစ်နေတယ်။

" ကိုလင်း ကြည်နူးအနားကိုကပ်စမ်း ဓာတ်ပုံရိုက်ပေးမယ် "

ဒါမျိုးကျ လင်းနေကနှစ်ခါပြောစရာတောင်မလိုပဲ ကြည်နူးအနားကိုပိုကပ်သွားကာ ကြည်နူးပခုံးကိုတောင်ဖက်လိုက်သေးတယ်။

ကြည်နူး ခန္ဓာကိုယ်တောင့်ခဲသွားပြီး ဘေးကလင်းနေကိုမော့ကြည့်လိုက်ပေမယ့် လင်းနေကတော့ အေးအေးဆေးဆေးပဲ ကြည်နူးပခုံးကိုဆက်ဖက်ထား၏။

" ကြည်နူးလေးပြုံးထားလေ ပုံလှလှလေးထွက်ရအောင် "

အန်တီနှင်းဆီကလည်း ပုံမှန်ပဲ။ ယောကျာ်းတစ်ယောက်က တစ်ခြားယောကျာ်းတစ်ယောက်ရဲ့ပခုံးကိုဖက်တာက ပုံမှန်ပဲလား။

ကြည်နူး အင်တင်တင်နဲ့ပြုံးလိုက်တယ်။

အဲ့ဒီနေ့က သူ့အမေကျေးဇူးနဲ့ လင်းနေ အဖိုးတန်ဓာတ်ပုံကလေးတွေရခဲ့တယ်။ ဒီတစ်ခေါက် လင်းနေရဲ့ IG Post Caption ကတော့ Love and Bagan.  တင်ထားတဲ့ ပုံတွေကတော့ သူရိုက်ထားတဲ့ ပုဂံရှုခင်းပုံ 9 ပုံနဲ့ နောက်ဆုံး 10 ပုံမြောက်ပုံကတော့ မြေကြီးပေါ်က သူနဲ့ကြည်နူးရဲ့အရိပ်ကလေးပင်။

Love and London ကနေ Love and Bagan သို့...။

[text_hash] => d93f8504
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...