Array
(
[text] =>
Episode - 17
-
-
-
-
-
-
-
-
ကြည်နူးတို့ သူငယ်ချင်း သုံးယောက်လုံး cambridge university ကိုဝင်ခွင့်ရတယ်။ ကျောင်းဖွင့်ချိန်ကနှစ်ပတ်လောက်လိုသေးပေမယ့် ကြည်နူးတစ်ယောက်ကတော့ သူ့သူငယ်ချင်းတွေတောင်မပါပဲ London ကိုတစ်ယောက်တည်းထွက်သွားပြီ။
သူ့ကိုလာကြိုတဲ့ လင်းနေကိုတွေ့တာနဲ့ တွန်းလာတဲ့ luggage cart ကို ပစ်ထားခဲ့ကာ ကြည်နူး လင်းနေကို ပြေးကာခုန်ဖက်တော့တယ်။ လင်းနေရဲ့လည်ပင်းကို ကြည်နူးလက်နှစ်ဖက်က ကိုအားလာလေးလို ဖက်တွယ်ထား၏။
" ကျွန်တော်အကို့ကိုလွမ်းနေတာ "
" အင်း။ ကိုယ်ကောပဲ...နူးကို အရမ်းလွမ်းနေခဲ့တာ "
လင်းနေ ကြည်နူးရဲ့ခေါင်းလေးကိုနမ်းလိုက်သည်။
ကြည်နူးရဲ့ luggage cart ကို လင်းနေ တွန်းပြီး လေဆိပ်ထဲကနေထွက်လာခဲ့တယ်။ luggage တွေကို ကားပေါ်တင်ပြီးနောက် လေဆိပ်ကနေ လင်းနေ အိမ်ဆီသို့ ဦးတည်သွား၏။
အိမ်ထဲကိုရောက်တော့ အရှေ့ကနေသွားနေတဲ့ ကြည်နူးရဲ့လက်ကို လင်းနေလှမ်းဆွဲလိုက်ပြီး ခေါင်းကိုထိန်းကာ သူလွမ်းနေခဲ့ရတဲ့ ကြည်နူးရဲ့နှုတ်ခမ်းတွေ နမ်း၏။
ကြည်နူးရဲ့လက်တွေက လင်းနေရဲ့ပခုံးကိုကိုင်လိုက်တယ်။ ကြည်နူးရဲ့ထိတွေ့မှုက လင်းနေရဲ့ လိုအင်ဆန္ဒကိုပိုပြင်းပြစေ၏။ အနမ်းတွေက ပိုပိုနက်ရှိုင်းလာသည်။ လင်းနေ ကြည်နူးကိုမချီလိုက်တယ်။ ရုတ်တရပ်မို့ ကြည်နူးလန့်သွားပြီး ခြေထောက်ကလေးနှစ်ဖက်က လင်းနေခါးမှာချိတ်သွယ်ထားပြီး လက်ကလည်ပင်းကိုရစ်ပတ်ထား၏။
" ကိုယ်လွမ်းနေတာ။ ကိုယ့်စတော်ဘယ်ရီလေးကို "
ရီဝေဝေအကြည့်တို့ဖြင့် လင်းနေက ကြည်နူးရဲ့နှုတ်ခမ်းတွေကိုကြည့်ကာပြောပြီး အနမ်းတွေကိုပြန်ဆက်ကာ အခန်းဆီကို လျှောက်သွား၏။
ကြည်နူးအိပ်ရာကနေနိုးလာတဲ့အချိန် သူ့ခါးကိုဖက်ထားတဲ့ လက်တစ်စုံရှိနေတယ်။ ထိုလက်ပိုင်ရှင်ကတော့ လင်းနေကလွဲပြီး ဘယ်သူမှမဖြစ်နိုင်။ ကြည်နူး အနောက်ကိုလှည့်လိုက်တော့ အိပ်နေတဲ့ လင်းနေရဲ့မျက်နှာကို အနီးကပ်မြင်ရ၏။
ကြည်နူးရဲ့လက်ကလေးက လင်းနေရဲ့ပါးကို ခပ်ဖွဖွအုပ်ကိုင်လိုက်တယ်။ အေးစက်စက်အထိအတွေ့ကြောင့် လင်းနေ မျက်လုံးဖြည်းဖြည်းချင်း ပွင့်လိုက်သည်။ သူပထမဆုံး မြင်လိုက်ရတာက ကြည်နူးရဲ့မျက်နှာကလေးမို့ လင်းနေ နှုတ်ခမ်းတွေကအလိုလိုပြုံးသွား၏။
" နိုးနေတာကြာပြီလား "
လင်းနေကမေးသည်။
" ဟင့်အင်း။ အခုမှနိုးတာ...ဗိုက်ဆာတယ် "
လင်းနေ ကြည်နူးအနားကိုပိုကပ်လိုက်ကာ ကြည်နူး နှုတ်ခမ်းကိုနမ်း၏။ ကြည်နူးက အဝတ်မကပ်တဲ့ လင်းနေရဲ့ရင်ဘတ်ကို လက်ဖြင့် တွန်းလိုက်တယ်။
" အွန်း...ကျွန်တော်ပြောတာ ဗိုက်ဆာတယ်လို့ "
" အင်း။ ကိုယ်လည်းဗိုက်ဆာတယ် "
လင်းနေကခပ်ညစ်ညစ်ပြုံးကာ ကြည်နူးနှုတ်ခမ်းကိုထပ်နမ်း၏။ ကြည်နူးလည်း ဒုတိယအကြိမ်း အားသုံးကာ လင်းနေတွန်းထုတ်ရပြန်တယ်။
" အကိုနော်!! ကျွန်တော်စိတ်ဆိုးလာပြီ "
လင်းနေ ခပ်ဟဟရယ်ကာ ကြည်နူးရဲ့ပါးကလေးကိုနမ်းပြီး အိပ်ယာပေါ်ထထိုင်လိုက်တယ်။
" ဘာစားချင်လဲ "
" ဘာပဲဖြစ်ဖြစ် "
လင်းနေကအရင်အခန်းထဲကနေထွက်သွား၏။ လင်းနေထွက်သွားမှ ကြည်နူး ခြုံထားတဲ့စောင်ကိုဖယ်လိုက်ပြီး ရေချိုးခန်းထဲသွားသည်။
မှန်ထဲမှာမြင်လိုက်ရတဲ့ ကိုယ့်ပုံကိုယ်ကြည့်ပြီး ကြည်နူး သက်ပြင်းချလိုက်တယ်။ လည်တိုင်နဲ့ ညှပ်ရိုးပေါ်မှာ အနီကွက်တွေအပြင် ကိုက်ရာတွေပါရှိနေတယ်။
" ရည်းစားတော်ထားတာ လူလား ခွေးလားတောင် မသိတော့ဘူး "
ကြည်နူး ရေမိုးချိုးသန့်စင်ပြီးမှ လင်းနေ ရှိနေတဲ့ မီးဖိုချောင်ဘက်ကိုသွား၏။ လင်းနေက အပေါ်ပိုင်း ဗလာနဲ့ အမည်းရောင်
ချည်သား Pant ကိုပဲဝတ်ထားတာကြောင့် အနောက်ကနေ မြင်နေရတဲ့ လင်းနေနောက်ကျောမှာ ကုတ်ခြစ်ရာ၊အစင်းကြောင်းတွေရှိနေတယ်။ တစ်ချို့ဆို သွေးတွေတောင်စို့နေ၏။
ကြည်နူး လင်းနေရဲ့ခါးကိုအနောက်ကနေဖက်လိုက်တယ်။
" နာနေလား "
" humm... What? "
ကြည်နူးရဲ့စကားကြောင့်လင်းနေကြောင်အမ်းအမ်းဖြစ်သွား၏။
" ဒါလေ... "
ကြည်နူးကလင်းနေရဲ့ကျောကိုခပ်ဖွဖွဖိနမ်းလိုက်တယ်။ ဒီတော့မှ ကြည်နူးစကားရဲ့ဆိုလိုရင်းကို လင်းနေသဘောပေါက်သွား၏။
" အေးဆေးပါ။ ဒီစကားက ကိုယ်ကသာ နူးကိုမေးရမှာ "
ကြည်နူး မျက်မှောင်လေးကုတ်ကာ လင်းနေရဲ့ကျောကိုရိုက်လိုက်၏။
" နာတယ်လေ နူးရဲ့ "
" နာပါစေပေါ့။ နာအောင်ရိုက်တာ "
သူ့ဘေးက စူပုတ်နေတဲ့ ကြည်နူးရဲ့မျက်နှာလေးကို လင်းနေသဘောကျကာ ပြုံးလိုက်တယ်။ ကြည်နူးရောက်လာမှ သူလည်း ခဏခဏပြုံးနေမိတော့တာ။
နှစ်ယောက်အတူတူထမင်းမစားရတာကြာပြီးမို့ လင်းနေက ကြည်နူးပန်းကန်ထဲကို သူချက်ထားတဲ့ဟင်းတွေကို တစ်ခုပြီးတစ်ခုထည့်ပေးနေတော့တာ။ ကြည်နူးမှာ တော်တော့ဖို့ တားယူရတဲ့အထိပဲ။
" cambridge ကိုဘယ်နေ့သွားမှာလဲ "
ထမင်းစားနေရင်း လင်းနေကကြည်နူးကိုမေးသည်။
" ကျွန်တော်ပြောဖို့မေ့နေတာ။ ကျွန်တော် cambridge မှာမနေဘူး "
" cambridge မှာကျောင်းလာတက်တာ cambridge မှာမနေရင် နူးကဘယ်မှာသွားနေမှာတုန်း "
" London မှာ။ London ကကျွန်တော့်ရည်းစားအိမ်မှာနေမှာ "
လင်းနေ လက်ထဲကဇွန်းခရင်း ပန်းကန်ထဲပြန်ချလိုက်တယ်။
" London နဲ့ cambridge ကိုအသွားအပြန်လုပ်မလို့လား "
" အွန်း "
ကြည်နူးကအေးအေးဆေးဆေးပဲ ပါးစပ်ထဲထမင်းတစ်ဇွန်းထည့်ရင်း ခေါင်းညိတ်ကာပြန်ဖြေတယ်။
" နူး ပင်ပန်းလိမ့်မယ်။ အတန်းအစောကြီးရှိတဲ့နေ့ဆို နူးမနက်အစောကြီးထပြီး ရထားစီးရမှာ။ ပိုက်ဆံလည်းပိုကုန်လိမ့်မယ်။ မဖြစ်ပါဘူး...cambridge မှာပဲနေ "
" ဘာလဲ အကိုက ကျွန်တော့်ကို အကို့အိမ်မှာမနေစေချင်လို့လား။ ပိုက်ဆံကကျွန်တော့်မှာ ပေါတယ်...အဘွားကကျွန်တော်တစ်ယောက်တည်းကိုပဲ အမွေတွေအကုန်ပေးခဲ့တာ။ ရထားလက်မှတ်ဖိုးလောက်ကတော့ အေးဆေး "
" အဲ့လိုမဟုတ်ဘူးလေကွာ။ ကိုယ်က နူးပင်ပန်းမှာစိုးလို့...နေ့တိုင်း London နဲ့ cambridge အသွားအပြန်လုပ်ရမှာလေ နူး သေချာစဉ်းစားပါဦး "
" ကျွန်တော်သေချာစဉ်းစားပြီးပြီ။ ကျွန်တော် London မှာပဲ နေမှာ "
နူးမျက်လုံးတွေက သူဘယ်လိုပဲပြောပြော ဆုံးဖြတ်ချက်ကို ပြင်မှာမဟုတ်တော့ သူလည်းထပ်မပြောနေတော့ဘူး။ နူးကအခုလို London မှာနေဖို့ ရွေးချယ်ရတဲ့အကြောင်းအရင်းကလည်း သူကြောင့်ပဲ မဟုတ်လား...။
-
ဒီနေ့က ကြည်နူး cambridge university မှာ ကျောင်းစတက်ရမယ့်နေ့ပင်။ မနက် 5 နာရီမှာ လင်းနေ အရင်နိုးလာပြီး သူ့ဘေးမှာအိပ်နေတဲ့ ကြည်နူးကိုနှိုး၏။ ကြည်နူး ပြင်ဆင်ပြီး ဘူတာကိုရောက်တဲ့အချိန် 6 နာရီကျော်နေပြီး။
London နဲ့ cambridge က ရိုးရိုးရထားနဲ့ဆို 1 နာရီကျော်စီးရ၏။ ကြည်နူးကတော့ fastest နဲ့သွားမှာမို့ cambridge ကိုရောက်ဖို့ 48 မိနစ်သာစီးရမည်။
ရထားစောင့်နေတုန်း အိပ်ရေးမဝသေးတဲ့ ကြည်နူးက လင်းနေရဲ့ပခုံးပေါ်ခေါင်းမှီထားတယ်။ ပထမဆုံးနေမို့ စိတ်မချတဲ့ လင်းနေက ကြည်နူးကို ဘူတာအထိလိုက်ပို့ပေး၏။
" နူး ရထားပေါ်တက်လို့ရပြီတဲ့ "
ကြည်နူးလွယ်အိတ်ကိုလွယ်ကာ ထရပ်လိုက်တယ်။ လင်းနေကိုနှုတ်ဆက်ကာ ရထားထဲဝင်သွားတဲ့ ကြည်နူးက ပြန်ပြေးထွက်လာပြီး အပြင်မှာရပ်နေတဲ့ လင်းနေကိုနမ်းလိုက်သည်။
" ကျွန်တော်သွားတော့တယ် "
ဒီတစ်ခေါက်တော့ ကြည်နူးရထားပေါ်အတည်တက်သွား၏။ သူနဲ့အနေနီးလာလို့ပဲလားမသိ နူးကအခုတစ်လော တအားကို ရဲတင်းလာတယ်။
လင်းနေက final exam ပြီးသွားပြီမလို့ ကျောင်းတက်စရာမလိုတော့ပဲ အလုပ်ကိုပဲ အဓိကအာရုံစိုက်လို့ရပြီ။ ရထားထွက်သွားပြီးမှ လင်းနေ ကုမ္ပဏီကိုလာခဲ့တယ်။
ညနေကျတော့လည်း လင်းနေတစ်ယောက် ကြည်နူးပြန်လာတာကိုကြိုဖို့ ဘူတာမှာသွားစောင့်နေ၏။ ကြည်နူးကတော့ နောက်ရက်တွေ သူ့ဘာသာသူသွားပြီး သူ့ဘာသာသူပြန်လာမယ့်အကြောင်းပြောပေမယ့် လင်းနေကတော့ စိတ်မချဘူးဆိုတဲ့ခေါင်းစဉ်နဲ့ ကြည်နူးကို တစ်ပတ်လောက် ဘူတာအကြို၊အပို့လုပ်ပေး၏။
ဒီနေ့က လင်းနေဘွဲ့ယူမယ့်နေ့မလို့ ကြည်နူးမနက်ကတည်းက လင်းနေနဲ့အတူတူ လင်းနေတို့ University ထဲကိုရောက်နေသည်။
" Congratulations! အကို "
ကြည်နူးကသူဝယ်လာတဲ့ ဂုဏ်ပြုပန်းစည်းကို လင်းနေလက်ထဲထည့်ပေးလိုက်ပြီး ခြေဖျားကလေးထောက်ကာ ဘွဲ့ဝတ်စုံဝတ်ထားတဲ့ လင်းနေရဲ့ပါးကိုနမ်းလိုက်၏။ ကြည်နူးရဲ့အရပ်က ယောကျာ်းလေးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရပ်ပဲပေမယ့် လင်းနေနဲ့ယှဉ်လိုက်ရင်တော့ အလိုလိုနေရင်း ပုတဲ့ထဲပါသွား၏။
" ကိုလင်းတို့ကို ကျွန်တော် ဓာတ်ပုံရိုက်ပေးမယ်။ ကပ်လိုက်၊ကပ်လိုက် "
အရှေ့က ကင်မရာကိုင်ထားတဲ့ နေးလ်ရဲ့စကားသံကြောင့် လင်းနေနဲ့ကြည်နူး ဓာတ်ပုံရိုက်ဖို့ ဘေးချင်းယှဉ်ကပ်လိုက်တယ်။ ဓာတ်ပုံမရိုက်ခင် ကြည်နူးကလင်းနေရဲ့ဘွဲ့ဦးထုပ်ကို လှမ်းယူလိုက်ပြီး သူ့ခေါင်းမှာစောင်းလိုက်သည်။ လင်းနေကတော့ ကြည်နူးဘာလုပ်လုပ် ပြုံးပဲပြုံးကြည့်နေ၏။
ကြည်နူးက London ကိုရောက်ပြီးနောက်ပိုင်း သူ့ရဲ့ life style ကို YouTube မှာ Vlog လေးတွေရိုက်ပြီး တင်လေ့ရှိတယ်။ တစ်ခါတစ်ရံ လင်းနေလည်းပါတက်တော့ မြန်မာနိုင်ငံက LGBT ထောက်ခံသူတွေကြားထဲ သူတို့နှစ်ယောက်က နာမည်ကြီးသွားသေးတယ်။ နှစ်ယောက်လုံးက ချောချောကလေးတွေဆိုတော့ လူစိတ်ဝင်စားမှုအတော်ရလိုက်တာ။
@Jayden_Linnn ဆိုတဲ့ Instagram account မှာ ဒီနေ့ Post အသစ်တက်လာတယ်။ တင်ထားတဲ့ပုံတွေကတော့ ကြည်နူးနဲ့တွဲရိုက်ထားတဲ့ပုံတွေနဲ့ ကြည်နူးတစ်ယောက်တည်းရဲ့ပုံတွေပဲ။ ဘွဲ့ယူတာ သူလား၊ကြည်နူးလာတောင် မသဲကွဲ။
ကြည်နူးကလည်း သူ့ Instagram account မှာပဲ လင်းနေနဲ့တွဲရိုက်ထားတဲ့ပုံကိုတင်ကာ Congratulations ထပ်လုပ်ပေးခဲ့သေးတယ်။
သူတို့နှစ်ယောက်ကအခုဆို ဘာမှဖုံးကွယ်နေစရာမလိုတော့ဘူး။
-
ဘာလိုလိုနဲ့ ကြည်နူး London မှာနေတာ 1 နှစ်တောင်ပြည့်တော့မယ်။ အားလုံးလည်း နေသားကျနေပြီ။ London နဲ့ Cambridge ကိုအသွားအပြန်လုပ်နေတဲ့ ကြည်နူးကပင်ပန်းရကောင်းမှန်းလည်းမသိဘူး။
ဒီနေ့ အတန်းချိန်သိပ်မရှိတာကြောင့် ကြည်နူး London ကို နေ့လယ် 2 နာရီလောက်မှာပြန်ရောက်တယ်။ ကြည်နူး အိမ်ကိုမပြန်ပဲ လင်းနေရဲ့အလုပ်နေရာကိုသွား၏။
ကြည်နူးရောက်သွားတဲ့အချိန် အားလုံးက အလုပ်လုပ်မနေကြပဲ စုစုရုန်းရုန်းနဲ့ပျော်ရွှင်အောင်ပွဲခံနေကြသလိုပင်။ အဲ့ဒီအချိန်မှာပဲ နေးလ်ကအရင် ကြည်နူးရောက်နေတာကိုအရင်တွေ့သွားသည်။
" ကြည်နူး!! ကျွန်တော်တို့နောက်ဆုံးတော့ ဒီအစုတ်အပြတ် မြေအောက်ခန်းထဲကနေ ထွက်နိုင်တော့မယ်!! "
နေးလ်ကအားရဝမ်းသာနဲ့ပြောနေပေမယ့် ကြည်နူးကတော့ နားမလည်။ ဒါကိုသိတဲ့ လင်းနေကရှင်းပြဖို့အတွက် ကြည်နူးအနားကိုရောက်လာတယ်။
" ကိုယ်တို့ထုတ်လိုက်တဲ့ Game app ကအောင်မြင်သွားတယ်။ ကိုယ့်အိမ်မက်တွေ တကယ်ဖြစ်လာပြီး နူး "
အကို့မျက်နှာပေါ်မှာ ပျော်ရွှင်မှုတွေကို ကြည်နူးမြင်နေရတယ်။ ဒီအခြေအနေထိရောက်လာဖို့ အကို အရမ်းကြိုးစားခဲ့ရတာမလို့ ကြည်နူး အကို့အတွက် ဂုဏ်ယူမိသည်။ အကိုနဲ့အတူတူ ကြိုးစားပေးခဲ့တဲ့ လူတိုင်းကိုလည်း ကြည်နူးကျေးဇူးတင်၏။
-
[text_hash] => c6ee4e64
)
What do you think?