Chapter 19: Episode [ 18 ]

Array
(
[text] =>

Episode - 18

-

-

-

-

-

-

-

-

ဒီနေ့ကြည်နူးရဲ့ကျောင်းပိတ်ရက်မလို့ အိပ်ရေးဝဝအိပ်ချင်ပေမယ့်လည်း မျက်လုံးတွေက အကျင့်ဖြစ်နေတော့ မနက် 6 နာရီထိုးတာနဲ့နိုးလာတယ်။ ခါတိုင်းဆို မနက်ပိုင်းအတန်းရှိရင် ဘူတာသွားဖို့ အသည်းအသန် လုံးပန်းရပေမယ့် ဒီနေ့တော့ အေးဆေးပဲ။

သူ့ခါးကိုဖက်ထားတဲ့ လင်းနေရဲ့လက်ကိုဖယ်လိုက်ပြီး ကြည်နူးအိပ်ရာထဲကနေထလိုက်ကာ အခန်းလိုက်ကာကိုဆွဲဖွင့်လိုက်တယ်။ ကြည်နူးအပြင်ကိုကြည့်နေတုန်း လင်းနေက အနောက်ကနေ သိုင်းဖက်လိုက်ပြီး ကြည်နူးပခုံးပေါ် မေးတင်ထားသေးသည်။

" အေးတယ်... "

လင်းနေကခေါင်းစောင်းကာကြည်နူးရဲ့လည်တိုင်ကိုနမ်းရှုံ့ရင်းပြော၏။

" အေးမှာပေါ့ အင်္ကျီမှမဝတ်ထားတာ "

ကြည်နူးက သူ့ခါးပေါ်က လင်းနေရဲ့ လက်ကို

ခပ်ဖွဖွရိုက်လိုက်တယ်။ ခဏလောက်နေတော့ ကြည်နူးသူ့ခါးပေါ်က လက်ကိုဖြုတ်လိုက်ပြီး ရေချိုးခန်းထဲကိုဝင်သွားတော့ လင်းနေကလည်းအနောက်ကနေ လိုက်ဝင်လာ၏။

ကြည်နူးကလင်းနေရဲ့သွားတိုက်တံမှာသွားတိုက်ဆေးထည့်ပေး၏။နှစ်ယောက်အတူတူ ဘေးချင်းကပ်သွားတိုက်နေရင်း လင်းနေက သွားတိုက်ဆေးပေနေတဲ့ နှုတ်ခမ်းနဲ့ ကြည်နူးရဲ့ပါးကို စွတ်ခနဲ နမ်းလိုက်တယ်။

" အကို! "

ကြည်နူးက‌မျက်မှောင်ကလေးကုတ်ကာ မာန်လိုက်ပေမယ့် လင်းနေကတော့ ခပ်ဟဟရယ်ကာ နောက်တစ်ချက်တောင် ထပ်နမ်းလိုက်တယ်။

" မကျေနပ်ရင် ကိုယ့်ကိုပြန်နမ်းလေ "

" တော်ပါ။ အကို နစ်နာနေဦးမယ် "

" နစ်နာချင်လွန်းလို့ပါကွာ "

ရယ်နေတဲ့ လင်းနေတဲ့လက်မောင်းကို ကြည်နူးကတော့ တဖြောင်းဖြောင်းနဲ့ရိုက်တော့သည်။ ရယ်နေတဲ့ လင်းနေကို ကြည်နူးမျက်စောင်းကလေး တစ်ချက်ထိုးကာ လျစ်လျူပြုလိုက်တယ်။ ကြည်နူး သွားဆက်တိုက်ကာ ပလုတ်ကျင်းလိုက်ပြီးနောက် သွားကလေးစိလိုက်ကာ မှန်ကြည့်နေ၏။

" နူး " 

" ဟင် "

မှန်ကြည့်နေတဲ့ ကြည်နူးက သူ့ဘေးကလင်းနေကိုမော့ကာကြည့်လိုက်တယ်။ လင်းနေရဲ့အကြည့်တွေက ကြည်နူးရဲ့မျက်ဝန်းလှလှကလေးတွေဆီကနေ တဖြည်းဖြည်းနဲ့ အောက်ကိုဆင်းသွားတယ်။

" can i kiss you ? "

" lips ? "

" Yeah... your lips "

" ဒါတွေ အရင်ရိတ်။ ပြီးမှ‌ ပေးနမ်းမယ်။ အဲ့တာတွေက ယားတယ် "

ကြည်နူး လင်းနေနှုတ်ခမ်းပေါ်က ခပ်ရေးရေးနှုတ်ခမ်းမွှေးတွေကို လက်ညိုးထိုးပြကာပြော၏။ ပုံမှန်ဆို နည်းနည်းလေးထွက်လာတာနဲ့ ရိတ်တက်ပေမယ့် အခုတလော သူအလုပ်ရှုပ်နေတာနဲ့ ရိတ်ဖို့အချိန်မရသေးတာ။

" ကိုယ့်ကိုရိတ်ပေးမလား "

" လက်မပါဘူးလား "

" အင်း။ ကိုယ့်မှာလက်မပါလို့ နူးရိတ်ပေးလေ "

ကြည်နူးဆီက မျက်စောင်းလှလှကလေးနောက်တစ်ချက် လင်းနေရလိုက်ပြန်တယ်။

ကြည်နူးကပြောသာပြောနေတာ လက်တွေက လင်းနေရဲ့ foam ဘူးကိုလှမ်းယူနေ၏။ လင်းနေက ညစ်ကျယ်ကျယ်ပြုံးကာ ကြည်နူးကိုခါးကနေဆွဲပွေ့ချီလိုက်ပြီး ဘေစင်ပေါ်တင်ပေးလိုက်တယ်။ ရုတ်တရပ်မို့ ကြည်နူးလန့်ပြီး လင်းနေရဲ့ပခုံးကို လက်ကလေးနှစ်ဖက်နဲ့လှမ်းကိုင်ထား၏။

" အကို! "

" ဒီလိုဆို ပိုအဆင်ပြေတယ်လေ "

ကြည်နူးကဘေစင်ပေါ်မှာ ခြေထောက်ကလေးချကာထိုင်နေပြီး လင်းနေကကြည်နူးအရှေ့မှာရပ်နေတာမို့ နှစ်ယောက်ကမျက်နှာချင်းဆိုင်အနေအထားပင်။ လင်းနေ ကြည်နူးလက်ထဲက foam ဘူးကိုယူလိုက်ပြီး ကိုယ့်ဘာသာကိုယ်ပဲ နှုတ်ခမ်းနားတစ်ဝိုက်မှာပွတ်လိုက်တယ်။ အားလုံးပြီးမှ ကြည်နူးလက်ထဲကို ဂျုတ်ထည့်ပေးလိုက်၏။

" ဖြည်းဖြည်းချင်းရိတ် "

" သိပါတယ်! "

ကြည်နူးကလည်းယောကျာ်းလေးပဲမို့ နှုတ်ခမ်းမွှေးရိတ်တာလောက်ကတော့ ‌အေးအေးဆေးဆေးလုပ်နိုင်တယ်။ ခက်တာက သူ့ကို ရီဝေဝေအကြည့်တွေနဲ့ကြည့်နေတဲ့ အကို့မျက်လုံးတွေကြောင့် သူမှာမနည်းအာရုံစိုက်နေရတယ်။ ရည်းစားသက်တမ်း 2 နှစ်ကျော်သွားတာတောင် ကြည်နူးအခုထိ အဲ့လိုအကြည့်တွေနဲ့အကြည့်ခံရတိုင်း ရှက်နေမိတုန်းပဲ။

" ပြီးပြီ "

ကြည်နူးကလင်းနေကိုဂျုတ်ပြန်ပေးလိုက်တယ်။ ကျန်နေသေးတဲ့ foam တွေကို လင်းနေရေနဲ့ဆေးချနေတုန်း ကြည်နူးကထွက်ပြေးဖို့ကြိုးစား၏။

" ဘယ်သွားမလို့လဲ "

ဘေစင်ပေါ်ကဆင်းမလို့ ခြေချရုံရှိသေး လင်းနေက အရှေ့ကနေပိတ်ရပ်လိုက်ပြီး ခါးကနေပွေ့ချီလိုက်ကာ ကြည်နူးကိုဘေးစင်ပေါ်ပြန်တင်လိုက်တယ်။

အကိုကရီဝေဝေအကြည့်တွေနဲ့သူ့ကိုခပ်ရေးရေးပြုံးကာကြည့်နေတာကြောင့် ကြည်နူး ခြေချောင်းကလေးတွေကိုကုတ်ထားမိတယ်။

" နမ်း။ ကိုယ့်ကိုနမ်း "

ကြည်နူး မျက်တောင်ကလေးပုတ်ခတ်ပုတ်ခတ်ဖြစ်သွားတယ်။

" နမ်းရုံပဲနော်...အပြင်သွားရဦးမှာ "

" အင်း။ နမ်းရုံပဲ "

ကြည်နူး ခေါင်းကိုအရှေ့တိုးကာ လင်းနေရဲ့နှုတ်ခမ်းကိုဖိကပ်နမ်းလိုက်တယ်။ ထုံးစံအတိုင်း အနမ်းတွေကိုဆက်ဦးဆောင်သွားတဲ့သူကတော့ လင်းနေပါပဲ။

အသက်ရှူမဝဖြစ်လာတဲ့ ကြည်နူးကသူ့ပခုံးကိုထုရိုက်တော့မှ လင်းနေ အနမ်းကိုအဆုံးသတ်လိုက်တယ်။

မနက် 11 နာရီခွဲလောက်မှာ လင်းနေနဲ့ကြည်နူးအိမ်ကနေထွက်လာကြတယ်။ အခုဆို လင်းနေမှာ ကားလေးတစ်စီးရှိနေပြီး ကုမ္ပဏီကလည်း အရင်ကလို မြေအောက်ခန်းထဲမှာမဟုတ်တော့ဘူး။ လင်းနေကဒီလောက်နဲ့ မတင်းတိမ်နိုင်သေးဘူး သူ့ကုမ္ပဏီကိုဒီထက်ပို အောင်မြင်လာတဲ့အထိကြိုးစားရဦးမှာ။ ဒါမှ သူ နူးနဲ့လက်ထပ်နိုင်မှာ။

ဒီနေ့တော့ ဆိုင်မှာအေးအေးဆေးဆေးထိုင်မစားပဲ  borough market ထဲစားချင်တာတွေ အကုန်လိုက်ပတ်စားမည်။ အခုဆို borough market ထဲမှာ လက်တွဲကာလျှောက်နေကြတဲ့ ကောင်လေးနှစ်ယောက်ကို သင်တို့တွေ့ရလိမ့်မည်။

သူတို့ပထမဆုံးဝင်တဲ့ဆိုင်ကတော့ စတော်ဘယ်ရီ‌သီးတွေပေါ်မှာ ချောကလက်အရည်စမ်းကာ ရောင်းတဲ့ဆိုင်ပင်။ စတော်ဘယ်ရီကြိုက်တဲ့ ကြည်နူးကတော့ အဲ့ဒီဆိုင်ကိုတွေ့တာနဲ့ တန်းကိုဝင်သွားတော့တာပဲ။ စတော်ဘယ်ရီသီးတွေကို ပလတ်စတစ်ဘူးထဲထည့်ထားပြီး ဝယ်မှအပေါ်ကနေ ချောကလက်အရည်စမ်းပေး၏။  လင်းနေကစတော်ဘယ်ရီ မကြိုက်တော့ ကြည်နူးကသူ့အတွက်သူပဲ တစ်ဘူးဝယ်လိုက်တယ်။ ပိုက်ဆံကတော့ လင်းနေ ရှင်း၏။

ကြည်နူးက YouTube မှာ Vlog တင်မှာမလို့ ဒီနေ့သူတို့‌သွားသမျှနေရာတိုင်းကို Video ရိုက်ထားသည်။

ဒုတိယတစ်ဆိုင်ကတော့ Donut ဆိုင်ပင်။ ကြည်နူးက တစ်ခြားစားချင်တာတွေလည်းရှိသေးတော့ လင်းနေဆီက Donut ကိုတစ်ကိုက်ပဲမြည်းစမ်းကြည့်၏။ သူ့အစားအိမ်က အပြည့်လွယ်တာကြောင့် များများစားလို့မဖြစ်။ မဟုတ်ရင် တစ်ခြားဟာတွေ မစားနိုင်တော့ပဲနေမှာ။ နှစ်ယောက်သား ကမာအစိမ်းလည်းစားခဲ့ကြသေးတယ်။

borough market ထဲမှာ စားစရာတွေကများလွန်းလို့ ဘယ်ဟာစားလို့စားရမှန်းမသိပါဖြစ်စေတယ်။ ဗိုက်ပြည့်သွားတာတောင် ထူးဆန်းတာလေးတွေ့ရင် ဝယ်စားကြည့်လိုက်သေးတယ်။

borough market ထဲကနေ ပြန်ထွက်လာပြီး ကားထားခဲ့တဲ့နေရာကို‌ လမ်းလျှောက်သွားရ၏။ ကြည်နူးလက်ထဲမှာတော့ သောက်လို့မကုန်သေးတဲ့ အအေးတစ်ခွက်ရှိနေသေးသည်။

borough market ကနေမှ aquarium ( ငါးပြတိုက် ) ကိုသွားကြ၏။ ကြည်နူးက နှစ်ယောက်အတူတူ aquarium date ချင်တယ်ပြောနေတာကြာပြီး လင်းနေ အခုမှပဲ တကယ်လိုက်ပို့ပေးဖြစ်တော့တယ်။

" အကို...!! အကို! ဒီမှာ ဒီငါးကိုကြည့်ကြည့် အကြီးကြီးပဲ "

ကြည်နူးက ကလေးတစ်ယောက်လိုပဲ တအားကိုစိတ်လှုပ်ရှားကာ အရှေ့ကနေအရင်ပြေးသွားတယ်။ လင်းနေကတော့ အင်္ကျီအိတ်ကပ်ထဲလက်ထည့်ထားပြီး ဖြည်းဖြည်းချင်းပဲလျှောက်ကာ ကြည်နူးအနောက်ကိုလိုက်၏။

မှန်အနားကိုကပ်ကာ jellyfish တွေကိုအနီးကပ်ကြည့်နေတဲ့ ကြည်နူးရဲ့ဘေးမှာ လင်းနေ ရပ်လိုက်တယ်။

" သဘောကျလား "

" အွန်း...အရမ်းသဘောကျတယ် "

ကြည်နူးက jellyfish လေးတွေကို စိတ်ဝင်တစားကြည့်ရင်းပဲပြန်ဖြေတယ်။

" ကိုယ့်ကိုကော "

ငါးတွေနဲ့ပါ သဝန်တိုနေတဲ့ သူ့ဘေးက လင်းနေကိုကြည်နူးကြည့်လိုက်တယ်။

" အကို့ကိုကချစ်တာလေ "

ဒီတော့မှ လင်းနေမျက်နှာကကျေနပ်သွားဟန်နဲ့ ကြည်နူးရဲ့ပါးကို စွတ်ခနဲတစ်ချက်နမ်းလိုက်တယ်။

တစ်နေကုန်လျှောက်လည်ပြီးနောက် သူတို့ အိမ်ပြန်တဲ့အချိန်မှာ မှောင်ရီပျိုးစပြုနေပြီ။ ကြည်နူး ကားထဲကနေ အပြင်ဘက်ကိုကြည့်နေတုန်းမှာပဲ နှင်းကျလာတာကို သတိထားမိလိုက်တယ်။ ဒါက ဒီနှစ် London ဆောင်းရာသီမှာ ပထမဆုံးကျတဲ့နှင်းပင်။

ကြည်နူး London ကိုပထမဆုံးစရောက်

တဲ့အချိန်ကလည်း ဒီလိုအချိန်ပဲ။ ကြည်နူးဆောင်းရာသီကိုသဘောကျတယ်။ အကိုနဲ့ကြည်နူး ဆောင်းရာသီမှာပဲတွေ့ခဲ့ကြတာမဟုတ်လား...။

ပြန်ရောက်တော့ ကြည်နူး တိုက်ပေါ်ကိုမတက်သေးပဲအောက်မှာနေကာ နှင်းတွေကြားထဲပျော်နေသည်။ ပထမဆုံးနှင်းမို့ လမ်းပေါ်မှာ Video ရိုက်နေတဲ့သူတွေ၊ကစားနေတဲ့ကလေးတွေလည်းရှိ၏။

အိမ်ထဲကနေ မာဖလာယူပြီးပြန်ဆင်းလာတဲ့ လင်းနေကကြည်နူးအရှေ့မှာရပ်လိုက်ကာ သူကိုယ်တိုင်ပဲ ကြည်နူးကိုမာဖလာပတ်ပေးသည်။ ကြည်နူးရဲ့ နားရွက်ကလေးတွေ၊နှာခေါင်းထိပ်ဖျားလေးတွေက နီရဲလို့နေတဲ့အပြင် ဆံပင်ပေါ်မှာလည်း နှင်းတွေကပ်လို့နေ၏။

" ထပ်နေဦးမလို့လား။ မအေးဘူးလား နူး "

" ခဏလောက်နေချင်သေးလို့... အေးတော့အေးတယ်။ အကိုဖက်ထားပေးရင်တော့ နွေးသွားမယ်ထင်တယ် "

ကြည်နူးကအရှေ့ကနေပြီး လင်းနေရင်ဘတ်ပေါ်ကျောမှီကာ လင်းနေရဲ့လက်နှစ်ဖက်ကို ဆွဲယူလိုက်ပြီး သူ့ခါးပေါ်တင်လိုက်တယ်။ ဒါမျိုးဆိုသိပ်သဘောကျတဲ့ ‌လင်းနေကလည်း အနောက်ကနေ ကြည်နူးကိုသိမ်းကြုံကာပြန်ဖက်ထားလိုက်၏။

" နွေးလား "

ကြည်နူးကိုအနွေးဓာတ်ပေးတဲ့ လူသားမီးလင်းဖိုလေး ‌လင်းနေကမေးသည်။

" နွေးတယ်...အရမ်းနွေးတယ် "

လင်းနေသဘောကျကာပြုံးလိုက်ပြီး သူ့ရင်ခွင်ထဲက ကြည်နူးရဲ့ခေါင်းလေးကိုငုံ့ကာနမ်းလိုက်တယ်။

တဖြည်းဖြည်းနဲ့နှင်းတွေတအားကျလာတာမို့ 5 မိနစ်လောက်နေတော့ နှစ်ယောက်လုံးတိုက်ပေါ်ကိုတက်ကာ အိမ်ကိုပြန်လာခဲ့ကြသည်။ နှင်းတွေထဲမှာ နေခဲ့တာမို့ လင်းနေကကြည်နူးအတွက် Green Tea ပူပူနွေးနွေးကလေး ဖျော်‌ပေး၏။

ဒီနေ့ည London ရဲ့ရာသီကအအေးဓာတ်ပိုနေပေမယ့် ကြည်နူးကတော့ သူ့ကိုအနွေးဓာတ်ပေးမယ့်ရင်ခွင်ထဲကို တိုးဝှေ့ကာအိပ်ခဲ့လို့ နွေးနွေးထွေးထွေးရှိလှသည်။

[text_hash] => 5546ed81
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...