Chapter 20: Episode [ 19 ]

Array
(
[text] =>

Episode - 19

-

-

-

-

-

-

-

-

အချိန်ကာ ညနေ 5 နာရီ။ ကြည်နူး လင်းနေနဲ့အတူတူ Coding ပြိုင်ပွဲ တစ်ခုကိုရောက်နေ၏။ စင်အရှေ့က ထိပ်ဆုံးအတန်းမှာ လင်းနေနဲ့ကြည်နူး‌ ဘေးချင်းကပ်ထိုင်နေကြသည်။

" ဒီပြိုင်ပွဲက 4 နှစ်တစ်ကြိမ်ပဲလုပ်တာလေ။ လွန်ခဲ့တဲ့ 4 နှစ်က Winner ကဘယ်သူလဲသိလား "

ခြေချိတ်ကာထိုင်နေတဲ့ လင်းနေကကြည်နူးဘက်ကို ကိုယ်နည်းနည်းစောင်းကာပြော၏။

ဒီနယ်ပယ်ထဲကမဟုတ်တဲ့ ကြည်နူးက Winner ဘယ်သူလဲဆိုတာကို ဘယ်လိုလုပ်သိနိုင်မှာလဲ။ ဒါပေမယ့် သူ့ကိုမေးတဲ့လူက အကိုမဟုတ်တာ။ ကြည်နူးသည် ခပ်တုံးတုံးကောင်လေးမှမဟုတ်ပဲ။

" အကိုလား "

လင်းနေရဲ့မျက်နှာကပြုံးယောင်သန်သွားတယ်။

" အင်း။ လွန်ခဲ့တဲ့ 4 နှစ်က Winner ကကိုယ်ပဲ "

လွန်ခဲ့တဲ့ 4 နှစ်တုန်းက လင်းနေ ဤပြိုင်ပွဲမှာအနိုင်ရခဲ့ပြီး သူရဲ့ Team နဲ့ ကုမ္ပဏီကိုစတည်ထောင်ခဲ့တာ။ ဘာမှအာမခံချက်မရှိတာတောင် သူ့ကိုယုံကြည်ပေးခဲ့ကြတဲ့ လူ 8 ယောက်နဲ့အတူတူကြိုးစားရင် အခုလိုအခြေအနေထိရောက်လာခဲ့တာ။ မြေအောက်ခန်းလေးထဲမှာစခဲ့တဲ့ အိမ်မက်ကလေးတွေက အခုတော့ အမြင့်ဆုံးအထိ တက်လှမ်းနိုင်ဖို့ အချိန်အနည်းငယ်သာလိုတော့တယ်။ 

ပြိုင်ပွဲပြီးတော့ အကိုကသူ့မိတ်ဆွေတွေနဲ့ စကားပြောနေတာ‌မို့ ကြည်နူးလည်းပျင်းပျင်းရှိတာနဲ့ လက်ထဲရှန်ပိန်ခွက်ကိုကိုင်ကာ အစား‌အသောက်တွေရှိတဲ့ ဘက်ခြမ်းကိုထွက်လာခဲ့တယ်။

" ကြည်နူး "

သူ့နာမည်ကိုခေါ်လိုက်တဲ့ ကောင်မလေးတစ်ယောက်ရဲ့အသံကိုကြားလိုက်တာကြောင့် အသံလာရာဘက်ကို ကြည်နူး လှည့်ကြည့်လိုက်တယ်။

" နေခြည် "

ကောင်မလေးကပြုံးပြုံးရွှင်ရွှင်နဲ့ကြည်နူးအနားကိုရောက်လာသည်။

" နင်ငါ့ကိုမှတ်မိသားလေပဲ။ ငါတို့မတွေ့တာတောင် တော်တော်ကြာပြီနော် "

နေခြည်နဲ့က အထက်တန်းတုန်းကတစ်ကျောင်းတည်း၊တစ်တန်းတည်း အတူတူတက်ခဲ့တာမို့ သူငယ်ချင်းလို့ပဲပြောရမှာပဲ။ နောက်ပိုင်း University လည်းမတူတာကြောင့် မတွေ့ဖြစ်တော့ဘူး။ တွေ့မယ့်တွေ့တော့လည်း အခုလိုနေရာမှာမှ တိုက်တိုက်ဆိုင်ဆိုင်ပါလား။

" နင်ကော computer science ပဲလား။ ဘယ်ကျောင်းမှာတက်နေတာလဲ "

ကြည်နူး ဘယ်လို ပြန်ဖြေရမှန်း မသိဖြစ်သွားတယ်။ တကယ်ဆို သူ့မေဂျာနဲ့ ဒီနေရာကဘာမှ မသက်ဆိုင်နေဘူးလေ။

" အမ်... မဟုတ်ဘူး။ ငါ computer science ယူထားတာမဟုတ်ဘူး "

" ဒါဆို software engineer လား "

" အဲ့တာမဟုတ်ဘူး...  "

" ဒါဆို ဘာလဲ "

" ငါက cambridge မှာ archaeology တက်နေတာ "

နေခြည်မျက်နှာက ရှုပ်ထွေးသွားသလိုဖြစ်သွားပေမယ့်...

" archaeology ?? ဪ...နင်လည်း Code ရေးတာကိုစိတ်ဝင်စားလို့လား။ ဘာမှမဖြစ်ဘူး အပြင်ကနေလည်း လေ့လာလို့ရတာပဲ "

နေခြည်ကသူ Coding အပိုင်းကိုစိတ်ဝင်စားရဲ့သားနဲ့ archaeology ကိုမတက်ချင်ပဲတက်နေရတယ် ထင်သွားပုံပင်။ ကြည်နူးလည်း ဘာမှရှင်းပြမနေတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူနဲ့လည်း အရမ်းရင်းနှီးတဲ့ သူငယ်ချင်းမှမဟုတ်တာ။

" ငါတို့ဖုန်းနံပါတ်လဲထားရအောင်လေ။ နောက် နင်သိချင်တာရှိလည်း ငါ့ကိုမေးလို့ရတာပေါ့။ငါက UCL မှာ computer science တက်နေတာ "

သူ့မှာသိချင်တာ ဘာမှမရှိပေမယ့်လည်း အရင်တစ်တန်းတည်းအတူတူတက်ခဲ့တဲ့ သူငယ်ချင်းပဲမို့ ဖုန်းနံပါတ်လဲဖို့အတွက် ကြည်နူး ဖုန်းကိုထုတ်လိုက်တယ်။

" နူးမှာကိုယ်တစ်ယောက်လုံးရှိနေတဲ့ဟာ။ ဘာလို့သူများကိုမေးမှာလဲ "

နေခြည်ဖုန်းနံပါတ်ကို သူ့ဖုန်းထဲရိုက်ထည့်နေတုန်းမှာပဲ ဘယ်တုန်းကတည်းအနောက်မှာရောက်နေမှန်းမသိတဲ့ အကိုက သူ့ဘေးကိုရောက်လာတယ်။

" ဘယ်သူ..? "

နေခြည်က လင်းနေကြောင့် ကြောင်အမ်းအမ်းကလေးဖြစ်သွားကာ ကြည်နူးကိုကြည့်ပြီးမေး၏။

" boyfriend "

ပြန်ဖြေတဲ့သူကကြည်နူးမဟုတ်ပဲ လင်းနေပါပဲ။

" really??? "

ကြည်နူးကခေါင်းညိတ်ပြတော့ နေခြည်အောက်မေးရိုးပြုတ်ကျမတက်ပဲ တော်တော်လေးကို အံ့ဩသွားတယ်။

ကြည်နူးအိမ်ဆိုတာက အထက်တန်းကျောင်းသားအရွယ်ကလေးက ဥစ္စာပေါ၊ရုပ်ချောကလေးမို့ ကောင်မလေးအများကြီးသူ့ကိုဝိုင်းကြိုက်ခဲ့ကြတာလေ။ အဲ့ဒီထဲမှာ နေခြည်တောင်ပါ‌သေးတယ်။ သူ(မ) က homophobic မဟုတ်ပေမယ့် တစ်ချိန်ကသူသဘောကျခဲ့ဖူးတဲ့ ကောင်လေးက အခုလိုကြီး Gay သွားတော့ နည်းနည်းတော့ ရင်နာမိသည်။ သူ့ဘဲကြီးကလည်း တော်တော်အူတိုတက်ပုံမို့ နေခြည် ကြည်နူးဖုန်နံပါတ်ကိုတောင်မယူတော့ပဲ နှုတ်ဆက်ကာထွက်လာခဲ့လိုက်တော့တယ်။

ကြည်နူးတို့ နေ့လယ် 5 နာရီလောက်မှာ အိမ်ကနေထွက်လာခဲ့ကြပေမယ့် ည 9 နာရီလောက်ကျမှ အိမ်ကိုပြန်ခဲ့ကြတယ်။

" အကြာကြီးနေမှ အတန်းဖော်သူငယ်ချင်းဟောင်းနဲ့ မထင်မှတ်ပဲပြန်တွေ့ရတာ စဉ်းစားကြည့်ရင် အံ့ဩစရာကြီးနော်။ အထက်တန်းပြီးကတည်းကဆို ကျွန်တော်တို့မတွေ့တာ ရှစ်နှစ်၊ ကိုးနှစ်လောက်တောင်ရှိတော့မယ် "

လင်းနေကတော့မျက်နှာကြီးတည်ကာ ကားမောင်းနေပေမယ့် ဘေးကကြည်နူးကတော့ သူငယ်ချင်းနဲ့ပြန်တွေ့တဲ့အကြောင်းကို ရယ်ရယ်မောမောပြောနေ၏။

" အဲ့ဒီလောက်ပျော်နေတာလား "

ကြည်နူးကိုကြည့်တောင်မကြည့်ပဲ အရှေ့ကိုပဲကြည့်ကာ ကားမောင်းနေရင်းလင်းနေကမေး၏။ ကြည်နူး လင်းနေကိုကြည့်ကာ အံ့ကြိတ်ပြုံးလိုက်တယ်။

သဝန်တိုနေပြန်ပြီ...။

" အွန်း...အရမ်း၊အရမ်းပျော်တယ် "

" အရမ်း၊အရမ်း...?? " 

လင်းနေရဲ့အသံကကြောက်စရာကောင်းလောက်အောင်အေးစက်နေ၏။

အစကတော့ ကြည်နူးက ကလိ၊ကလိဖြစ်အောင် စလိုက်တာပဲဆိုပေမယ့် အခုတော့ သူ့အတွက် အန္တရာယ်အရိပ်အယောင်တွေမြင်နေရတာကြောင့်...

" ကျွန်တော်ကစနေတာပါ သဝန်တိုမနေနဲ့တော့။ တွေ့တွေ့ချင်း သူ့ကိုမှတ်တောင်မှတ်မိဘူး။ အရမ်းကြီးရင်းနှီးတဲ့သူငယ်ချင်းလည်းမဟုတ်တော့ "

လင်းနေကဘာမှမပြောပဲ ကားကိုအရှိန်တင်ကာ မောင်းလိုက်သည်။ ကားပါကင်ထိုးပြီးတာနဲ့ လင်းနေ ကားပေါ်ကနေဆင်းလာပြီး ကြည်နူးဘက်ကကားတံခါးကိုဆွဲဖွင့်ကာ ကြည်နူးရဲ့လက်ကိုဆွဲပြီး ကားတံခါးကိုဆောင့်ပိတ်လိုက်ကာ ကြည်နူးကိုခေါ်သွား၏။

အိမ်တံခါးကိုပိတ်လိုက်ပြီး ကြည်နူးကိုနံရံမှာကပ်လိုက်ကာ လင်းနေ အရှေ့ကနေပိတ်ရပ်ထားတယ်။ လင်းနေ Necktie ကို အောက်ထိဆွဲဖြေချလိုက်ပြီး...

" သူ့ Phone number ကို Block လိုက် "

" ဟင်... "

" ခဏကဖုန်းနံပါတ်လဲလာတယ် မဟုတ်လား။ Block လိုက် "

ကြည်နူး လင်းနေကိုတစ်ချက်ကြည့်လိုက်ပြီး သူ့အိတ်ကပ်ထဲကဖုန်းကိုထုတ်လိုက်တယ်။ ခေါင်းကိုငုံ့ကာ ခဏကမှထည့်ထားတဲ့ နေခြည့်ရဲ့ဖုန်းနံပါတ်ကို ကြည်နူး Block လိုက်တယ်။ ဒါကိုကြည့်ပြီး လင်းနေရဲ့နှုတ်ခမ်းတစ်ဖက်ကအနည်းငယ်ကွေးတက်သွားကာ ကျေနပ်သွားဟန်။

ကြည်နူးလက်ထဲကဖုန်းကို လင်းနေဆွဲယူလိုက်ပြီး သူ့အိတ်ကပ်ထဲထည့်ရင်းနဲ့ပဲ ကြည်နူးရဲ့မေးဖျားကိုဆွဲယူမော့လိုက်ကာ နှုတ်ခမ်းကလေး လင်းနေ နမ်းလိုက်သည်။ အနမ်းတွေက တဖြည်းဖြည်းနဲ့ပိုပြင်းထန်လာတယ်။

ဒီနေ့တော့ London ရဲ့ညတာကရှည်လိမ့်မည်။

-

" ကိုယ် အလုပ်ကိစ္စနဲ့ new york ကိုသွားရမယ်  နူး "

အလုပ်သွားဖို့အတွက် ပြင်ဆင်နေရင်း လင်းနေက အိပ်ရာထဲကနေမထသေးတဲ့ ကြည်နူးကိုလှမ်းပြော၏။ ကြည်နူး ဒီနေ့သူ့ကျောင်းပိတ်ရက်မလို့ နိုးနေလည်း တမင်မထသေးပဲ ‌ငပျင်းကလေးလုပ်နေသည်။

" ဘယ်နှစ်ရက်ကြာမှာလဲ "

" တစ်ပတ်လောက်တော့ကြာမယ် "

ကြည်နူးအိပ်ရာထဲကနေခေါင်းညိတ်လိုက်တယ်။ လင်းနေကသူမသွားခင် အိပ်ရာထဲကကြည်နူးရဲ့နဖူးလေးကိုနမ်းပြီးမှ အခန်းထဲကနေထွက်သွား၏။

လင်းနေထွက်သွားပြီး နာရီဝက်လောက်နေမှ ကြည်နူးအိပ်ရာထဲကနေထလိုက်တယ်။ ကျောင်းကပိတ်ပေမယ့် သူ့မှာ စာလုပ်စရာရှိသေးတော့ ရေမိုးချိုး၊မနက်စာစားပြီးတာနဲ့ laptop နဲ့စာအုပ်တွေဖွင့်ရတော့တယ်။ စာလုပ်တာနဲ့တင် ဒီနေ့တစ်နေ့လုံး သူ့အချိန်တွေက ကုန်လို့ကုန်မှန်းမသိဖြစ်သွားသည်။

လင်းနေက New york ကိုသွားပြီးမို့ London မှာတစ်ယောက်တည်းမနေချင်တဲ့ ကြည်နူးက သူ့သူငယ်ချင်းတွေနဲ့အတူတူ Cambridge မှာသွားနေ၏။ Cambridge မှာဆိုတော့ အရင်လို  ရထားစီးဖို့အတွက် ပြေးလွှာနေစရာမလိုတော့ဘူး။

မနက်ဆိုလည်း နည်းနည်းပိုအိပ်လို့ရကာ အေးအေးဆေးဆေးလေး ကျောင်းသွားရုံပဲ။တစ်ခုပဲ သူ့ကိုဂရုစိုက်မယ့် အကိုမရှိတာကတော့ အဆင်မပြေဘူး။ ‌

ကျောင်းကနေအပြန် market မှာမုန့်တွေဝင်ဝယ်နေတာကြောင့် ကြည်နူး ပြန်လာတဲ့အချိန်ကျ မှောင်ရိပ်တောင်ပျိုးနေပြီ။

" နူး "

တိုက်အောက်မှာရပ်နေတဲ့ လင်းနေကိုတွေ့တော့ ကြည်နူးမျက်နှာကလေးက အံ့ဩမှုနဲ့အတူတူ အပြုံးတွေဖြစ်တည်လာသည်။

" ဘယ်တုန်းကပြန်ရောက်နေတာလဲ ကျွန်တော့်ကိုကြိုလည်းမပြောဘူး "

လင်းနေကကြည်နူးအနားကိုရောက်လာပြီး ကြည်နူးလက်ထဲက မုန့်ထုပ်တွေကိုကိုင်ပေး၏။

" ဒီမနက်ပဲရောက်တော့ ကုမ္ပဏီမှာ အလုပ်ပြီးတာနဲ့ ကိုယ်နူးဆီကိုထွက်လာခဲ့တာ "

" မပင်ပန်းဘူးလား "

" နူးကိုတွေ့လိုက်ရလို့ မပင်ပန်းတော့ဘူး "

လင်းနေကအဲ့လိုပြောတော့ ကြည်နူးကအပိုတွေဆိုတဲ့ မျက်နှာပေးနဲ့ကြည့်၏။

" ညစာစားပြီးပြီလား "

" ဟင့်အင်း။ အကိုကော စားပြီးပြီ "

" ကိုယ်နေ့လယ်စာတောင်မစားရသေးဘူး "

" ဘာလို့မစားပဲနေတာလဲ! ကျန်းမာရေးထိခိုက်မယ်လေ။ ကျွန်တော့်ကိုကျအစားပုံမှန်စားဖို့အမြဲပြောပြီး အကိုကျ ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ဘူး "

" နူးကပဲ ကိုယ့်ကိုဂရုစိုက်ပေးပါဦး "

လင်းနေကမချိုမချဉ်မျက်နှာထားနဲ့ ခါးကိုအနည်ငယ်ကိုင်းကာ ကြည်နူးမျက်နှာအရှေ့ကိုကပ်ပြော၏။

" တရုတ်စာသွားစားရအောင်။ ကျွန်တော်ဝယ်ကျွေးမယ် "

ကြည်နူးဝယ်လာတဲ့မုန့်တွေကို အိမ်ထဲသွားထားပြီးမှ နှစ်ယောက်အတူတူ Cambridge မြို့က တရုတ်စားသောက်ဆိုင်ဆီကိုထွက်လာကြတယ်။ လင်းနေက London ကနေ Cambridge ကိုကားမောင်းပြီးလာတာမလို့ သူတို့ Taxi စီးစရာမလို။

ညစာစားပြီးနောက် လင်းနေက Cambridge မှာပဲညအိပ်လိုက်ပြီး မနက်ကျ အလုပ်ရှိသေးတာမလို့ London ကိုပြန်သွားသည်။ ကြည်နူးကတော့ ကျောင်းတက်ရဦးမှာမလို့ ထုံးစံအတိုင်း ညနေကျမှ ရထားစီးကာ London ကိုပြန်မည်။

[text_hash] => 20019974
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...