Chapter 22: Episode [ 21 ]

Array
(
[text] =>

Episode - 21

-

-

-

-

-

-

-

-

ကြည်နူး Cambridge မှာနေနေတာ 3 လပြည့်နေတာ့မယ်။ ဒီနေ့ အတန်းပြီးပြီးမလို့ အိမ်ပြန်ဖို့ ကျောင်းထဲကနေ ထွက်အလာ အပြင်မှာရပ်နေတဲ့ လင်းနေကိုလည်းတွေ့ကော ကြည်နူး မျက်နှာခပ်တည်တည်ဖြစ်သွားတယ်။

ကြည်နူးက လင်းနေကိုမမြင်တဲ့အတိုင်းပဲ သူ့လမ်းသူဆက်သွား၏။ လင်းနေကလည်း ကြည်နူးအနောက်ကို အမှီလိုက်လာတယ်။

" နူး...နူး "

လင်းနေကအနောက်ကနေလိုက်ခေါ်နေပေမယ့် ကြည်နူးကလှည့်မကြည့်။ သူ့လမ်းသူသာဆက်သွားနေ၏။ လင်းနေ ကြည်နူးလက်ကိုလှမ်းဆွဲလိုက်တယ်။

" လွှတ်!! "

" ကိုယ်လိုက်ပို့ပေးမယ် "

" မလိုဘူး "

" ကိုယ်လိုက်ပို့ပေးမယ် "

ကြည်နူးခေါင်းမာတာထက်ကို လင်းနေကပိုတောင် ခေါင်းမာသေးတယ်။ သူ့ဖြစ်ချင်တာ၊သူလုပ်ချင်တာကို မရရအောင်လုပ်တက်တဲ့ လူစားမျိုးပင်။

" ဒီမှာ ကိုလင်းနေရောင်ဦး ကျွန်တော်တို့ကလမ်းခွဲထားတာနော်။ ကျွန်တော်ခင်ဗျားကို စိတ်ဆိုး၊စိတ်ကောက်နေတာမဟုတ်ဘူး။ ကျွန်တော်နှစ်ယောက်ကြားမှ ဘာသက်ဆိုင်မှုမှမရှိတော့ဘူး "

လွန်ခဲ့တဲ့ 2 လတုန်းကတော့ သူ့အရှေ့တစ်ချက်ကလေးမှပေါ်မလာပဲ အခုမှအနောက်ကနေ တကောက်ကောက်လိုက်နေလို့ လင်းနေအတွက် ကြည်နူးရဲ့စိတ်ကပိုပြတ်သားနေ၏။

" လမ်းခွဲတာကို ကိုယ်ဘက်ကဘယ်တုန်းကမှသဘောမတူခဲ့ဖူးဘူး "

ကြည်နူး ဒေါသကိုတော်တော်ထိန်းထားရတယ်။ အဲ့ဒီတုန်းက သူ့ကိုဆွဲတောင်မဆွဲထားပဲနဲ့။  သူ့လက်ကို အခုလိုသာ ဆွဲထားခဲ့မယ်ဆို ဒီလိုတွေတောင်ဖြစ်မှာမဟုတ်ဘူး။

" ခင်ဗျားမှာမာနမရှိဘူးလား "

" အင်း။မရှိဘူး...ကိုယ့်မှာ နူးနဲ့ပတ်သက်လာရင် မာနဆိုတာမရှိဘူး "

" ကျွန်တော့်မှာတော့ရှိတယ်! အနောက်ကနေဆက်လိုက်မလာနဲ့နော်!! "

ကြည်နူး သူ့လက်ကိုကိုင်ထားတဲ့ လင်းနေရဲ့လက်ကိုအားသုံးကာ ဆွဲဖြုတ်လိုက်ပြီး ထွက်သွားတယ်။ ကြည်နူးက ဆက်မလိုက်မလာနဲ့  လို့ ပြောပေမယ့်  လင်းနေကတော့ အနောက်ကနေ ကောက်ကောက်ပါအောင်လိုက်သွား၏။

" နူး...!! "

ကြည်နူး ခြေလှမ်းတွေကိုရပ်လိုက်ကာ လက်သီးကိုခပ်တင်းတင်းဆုပ်လိုက်ပြီး အနောက်ကိုချာခနဲလှည့်လိုက်တယ်။

" Shittt!! ခင်ဗျားကခွေးလား "

" နူး ကိုယ်တောင်းပန်တယ်လေနော်...စိတ်ဆိုးပြေတော့ "

" ဘာကို စိတ်‌ဆိုးပြေရမှာလဲ ကျွန်တော်စိတ်ဆိုးနေတာမဟုတ်ဘူးလို့ ခင်ဗျားကိုဘယ်နှစ်ခါပြောရမလဲ!! ကျွန်တော်တို့ကလမ်းခွဲထားတာဗျ!လမ်းခွဲထားတာ။ ဒီတစ်ခေါက် ဆက်လိုက်လာလို့ကတော့ ကျွန်တော်ခင်ဗျားကိုထိုးမှာနော်!! "

ကြည်နူးတကယ်ထိုးမယ့်ပုံနဲ့ပြောခဲ့တာမို့ လင်းနေဆက်မလိုက်တော့ပဲ အနောက်မှာ မျက်နှာငယ်လေးနဲ့ကျန်နေခဲ့၏။

Cambridge ကနေ London ကိုလင်းနေပြန်လာခဲ့တယ်။ ဒီလတည်းမှာတင် ကိုယ်တိုင်ကားမောင်းပြီး Cambridge နဲ့ London ကိုသွားလိုက်၊လာလိုက်လုပ်နေတာ ဘယ်နှစ်ကြိမ်ရှိပြီးမှန်းတောင်မသိတော့ဘူး။

မြေအောက်ခန်းလေးထဲက ကုမ္ပဏီသေးသေးလေးက အခုတော့ အအောက်အအုံအလယ်ထပ်တစ်ထပ်လုံးက သူတို့ကုမ္ပဏီပိုင်နေရာဖြစ်နေပြီ။  ဒီလိုအခြေအနေထိရောက်လာဖို့အတွက် လင်းနေအများကြီး ပင်ပန်းခံ ကြိုးစားခဲ့ရတာ။ 

လင်းနေ ကုမ္ပဏီကိုသွားဖို့ အဆောက်အအုံထဲ ကိုဝင်ဝင်လာချင်း ကြားလိုက်ရတဲ့ သီချင်းသံကြောင့် ခြေလှမ်းတွေက အလိုလိုတုန်ဆိုင်းကာ ရပ်တန့်သွားတယ်။

" ဘာဖြစ်လို့လဲ "

‌ကြောင်တောင်တောင်နဲ့အနောက်မှာရပ်နေတဲ့ လင်းနေကြောင့် ရိန်းယံကပြန်လှည့်ပြီး မေး၏။

" အဲ့ဒီသီချင်းသံကဘယ်ကနေလာတာလဲ "

" ဟမ်... "

ရိန်းယံပါကြောင်အမ်းအမ်းဖြစ်သွားပြီး နားစွင့်ကာ သီချင်းသံကိုအာရုံစိုက်နားထောင်ကြည့်ရသည့်အထိပဲ။

" Coffee ဆိုင်ကဖွင့်ထားတာဖြစ်မယ် "

" သီချင်းပြောင်းဖို့သွားပြောလိုက်! နောက်အဲ့ဒီသီချင်းဘယ်တော့မှမဖွင့်နဲ့လို့ "

" ဘာဖြစ်လို့လဲ "

" သွားပြောဆိုသွားပြောကွာ!! "

ရုတ်တရပ်ကြီး ‌ ဘာထဖြစ်နေမှန်းမသိတဲ့ လင်းနေကြောင့် ရိန်းယံလည်းခေါင်းတကုတ်ကုတ်နဲ့ Coffee Shop ထဲကိုဝင်သွားတော့တယ်။

သူ့ဟာသူ ကြည်နူးကိုပဲသတိရနေလို့ စိတ်မကြည်ဖြစ်နေရတဲ့အထဲ ကြားလိုက်ရတဲ့ သီချင်းက သူတို့နှစ်ယောက်ကြားအမှတ်တရတွေရှိတဲ့ love is an open door လေ။ ကုမ္ပဏီမှာလည်း သူ့ဝန်ထမ်းတွေ စတော်ဘယ်ရီစားတာမြင်ရင် ဘာမဆိုင်ညာမဆိုင်နဲ့ ဆူသေးတာ။ အကြောင်းကတော့ သူ့ကို ကြည်နူးကိုသတိရအောင် လုပ်တဲ့ အပြစ်နဲ့ပေါ့။

လင်းနေတစ်ယောက် ကြည်နူးကိုမနိုင်တာနဲ့ပဲ ဘေးကလူတွေအကုန်လုံးကို ပတ်မဲနေတော့တာပါပဲ။

-

" ကြည်နူး!! ကြည်နူး!! "

အခန်းတံခါးကိုတဒုန်းဒုန်းထုကာ ခေါ်‌နေတဲ့ ငြိမ်းဇာကြောင့် ကြည်နူး စာလုပ်နေတာကိုရပ်လိုက်ပြီး တံခါးဖွင့်လိုက်တယ်။ ငြိမ်းဇာရဲ့အနောက်မှာ ရန်ချင်းကလည်းရပ်နေ၏။ မိုးချုပ်နေပြီးဟာကို နှစ်ယောက်လုံးရဲ့ အဝတ်အစားက ညအိပ်ဝတ်စုံတွေမဟုတ်ပဲ ဖက်ရှင်ရှိုးလျှောက်မယ့် မော်ဒယ်တွေအတိုင်းပဲ။

" အဝတ်အစားမြန်မြန်သွားလဲ ကြည်နူး "

ငြိမ်းဇာကပြောသည်။

" ဘယ်သွားမလို့လဲ "

" Party "

" မလိုက်ချင်ဘူး။ ကိုယ့်ဘာသာကိုယ်သွားကြ ငါစာလုပ်ရဦးမယ် "

" စာကနောက်နေ့လည်းလုပ်လို့ရတယ်။ Party ဒီနေ့တစ်နေ့ပဲရှိတာ နင်လိုက်ကိုလိုက်ရမယ်။ အခန်းထဲမှာပဲ တမှိုင်းမှိုင်းလုပ်မနေနဲ့ အပြင်ထွက်ပြီး ပျော်စရာရှာစမ်းပါ "

" မလိုက်ချင်ပါဘူးဆိုဟာ "

" ရွေးစရာနှစ်ခုရှိတယ် ကြည်နူး။ မင်းလိုက်ခဲ့မလား ဒါမှမဟုတ် Party ကိုဒီကိုရွေ့လိုက်ရမလား "

ရန်ချင်းရဲ့စကားကြောင့် ကြည်နူးဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားတယ်။ ရန်ချင်းကပြောရင်ပြောတဲ့အတိုင်း တကယ်လုပ်တဲ့လူစားပင်။

" အင်း၊အင်း။ ငါလိုက်ခဲ့မယ် "

ကြည်နူးအဝတ်အစားလဲဖို့အတွက် အခန်းတံခါးကိုဆောင့်ပိတ်လိုက်တယ်။

Party က ဒီရောက်မှ ရန်ချင်းနဲ့ခင်တဲ့မေဂျာတူ သူငယ်ချင်း မြန်မာကောင်လေးတွေလုပ်တဲ့ ပါတီပင်။ ဘာအထိန်းအမှတ်အနေနဲ့မှမဟုတ်ပဲ လူငယ်တွေဒီအတိုင်းပျော်ပါးဖို့အတွက်လုပ်တဲ့ Party တစ်ခုပဲ။ ဆူညံ့နေပေမယ့် Party ထဲမှာ ရှိတဲ့လူတော်တော်များများကိုလည်း ကြည်နူးသိနေတော့ နေရခက်တာမျိုးတော့မဖြစ်။

ငြိမ်းဇာနဲ့ခွက်ချင်းတခွမ်းခွမ်းတိုက်ကာ ကြည်နူးတစ်ယောက် Whiskey တွေတစ်ခွက်ပြီးတစ်ခွက်သောက်နေ၏။ ရန်ချင်းလည်း Whiskey ခွက်လေးတယမ်းယမ်းနဲ့ နားမှာ Headphones ကိုတပ်ကာ DJ လုပ်နေလေရဲ့။

ငြိမ်းဇာကထိုင်ပဲသောက်နေတဲ့ ကြည်နူးကိုအတင်းဆွဲခေါ်သွားကာ DJ ပွတ်နေတဲ့ ရန်ချင်းအနားမှာ သီချင်းတွေအော်ရင်းကနေ၏။ ငြိမ်းဇာကြောင့် ကြည်နူးကိုလည်းတော်တော်ကြားမှ အားရပါးရယ်မိသည်။

အခု Party လုပ်နေတဲ့နေရာနဲ့သူတို့နေတဲ့နေရာက သိပ်မဝေးတော့ သုံးယောက်သာ ည 1 နာရီလောက်မှာ ယိုင်တိယိုင်တိုင်နဲ့ တစ်ယောက်ကိုတစ်‌ယောက်တွဲပြီး ပြန်လာနေကြတယ်။ သွားတုန်းက ဒေါက်မြင့်ဖိနပ်နဲ့ရှိုင်းအပြည့် ငြိမ်းဇာက ဖိနပ်တောင်မစီးနိုင်တော့လို့ ရန်ချင်းလက်မှာတစ်ဖက် ကြည်နူးလက်မှာတစ်ဖက်ကိုင်ထားပေးရတယ်။ 

" You're the only friend i need

Sharing beds like little kids

and laughing till our ribs get tough.... ဝေါ့ "

ဝိုင်းရိုက်ခံရလောက်တဲ့ အသံနဲ့ သီချင်းအော်ဆိုနေတဲ့ ငြိမ်းဇာတစ်ယောက် ရုတ်တရပ် ပျို့အန်တော့မလို့ဖြစ်နေတာကြောင့် လမ်းဘေးကို ချက်ချင်းထိုးကပ်သွားတယ်။

" ဝေါ့...! "

အန်နေတဲ့ ငြိမ်းဇာရဲ့ ဆံပင်ကို ကြည်နူးက ညာဘက်ဘေးကနေစုကိုင်ထားပေးပြီး ရန်ချင်းကတော့ ဘယ်ဘက်မှာရပ်ကာ ငြိမ်းဇာရဲ့ကျောကိုရိုက်ပေးနေ၏။

" ဟဲ့ ဘာအရည်တွေလဲ "

တဝေါ့ဝေါ့နဲ့အန်နေတဲ့ ငြိမ်းဇာကမေးသည်။

" ဘာအရည်ကမှာလဲ နင်အန်နေတာလေ "

ရန်ချင်းကစိတ်မရှည်တဲ့လေသံနဲ့ပြန်ဖြေ၏။

" မဟုတ်ဘူးဟဲ့! မိုးစက်တွေ!! မိုးရွာတော့မယ်ထင်တယ် "

ငြိမ်းဇာက မတ်မတ်ရပ်လိုက်ပြီး ‌‌မှောင်မည်းနေတဲ့ ကောင်းကင်ကိုမော့ကြည့်လိုက်တယ်။ အဲ့ဒီတော့မှပဲ ကြည်နူးနဲ့ရန်ချင်းလည်း မိုးစက်ကျနေတာကိုသတိထားသွားတယ်။ 

အဲ့ဒီအချိန်မှာပဲ လျှပ်စီးတွေလက်ပြီး မိုးကြိုးကဝုန်းခနဲထပစ်တော့ ငြိမ်းဇာကလန့်သွားကာ

" အမယ်လေး! ဘုရား ကုလားကြီးနဲ့ငါနဲ့ညား "

ဆိုပြီး ထအော်၏။

" ‌နင်ကုလားကြီးနဲ့ညားမှာကနောက် ငါတို့မိုးမိမှာကအရင်! ပြေးဟ ပြေး "

ရန်ချင်းကအရှေ့ကနေဦးဆောင်ကာအရင်ပြေးသွားတယ်။ ကြည်နူးကလည်း တွေးဝေမနေပဲ ပြေးကာ ရန်ချင်းအနောက်ကိုလိုက်သွား၏။ နောက်ဆုံးမှာကျန်ခဲ့တဲ့ ငြိမ်းဇာကတော့ ခြေဗလာနဲ့သူ့သူငယ်ချင်းနှစ်ယောက်အနောက် အမှီလိုက်နေသည်။

မိုးကလည်းသူတို့အိမ်ရောက်တဲ့အထိစောင့်မနေပဲ သဲကြီးမဲကြီးကိုရွာချတော့တယ်။

" ဟဲ့!! ငါ့ကိုစောင့်ဦးလေ "

ငြိမ်းဇာကအနောက်ကနေအော်ပြောနေပေမယ့် အရှေ့ကနှစ်ယောက်ကတော့ကြားပုံမပေါ်။

မိုးရေထဲအသည်းအသန်ပြေးနေရလို့ သုံးယောက်လုံး အမူးတောင်ပြေကုန်တယ်။ အိမ်ပြန်ရောက်တော့ သုံးယောက်လုံး တစ်ကိုယ်လုံး စိုရွဲပြီး ကြွက်စုတ်ကလေးတွေဖြစ်နေကြ၏။

-

မနေ့ညကမိုးမိခဲ့တဲ့အကျိုးဆက်ကြောင့် ကြည်နူးခန္ဓာကိုယ် ပူနွေးနွေးဖြစ်နေကော အဖျားဝင်နေ၏။ ခေါင်းလည်းကိုက်နေပေမယ့် အတန်းတက်ရဦးမှာမလို့ ကြည်နူးပြင်ဆင်ပြီး အိမ်ကနေထွက်လာခဲ့တယ်။

ကြည်နူး တိုက်အောက်ကိုရောက်တော့ ကားကိုမှီကာ ရပ်နေတဲ့ လင်းနေကိုတွေ့၏။ ကြည်နူး မမြင်ချင်ယောင်ဆောင်ကာ ကိုယ့်လမ်းကိုယ်သွားပေမယ့် လင်းနေက ကြည်နူးအရှေ့ပိတ်ရပ်လိုက်တယ်။

" ခင်ဗျားမှာအချိန်တွေတော်တော်ပေါနေလား "

" အင်း။ ကိုယ့်မှာအချိန်တွေအရမ်းပေါနေတယ်။ နူးအတွက်... "

အခုကြားလိုက်ရတဲ့စကားနဲ့ သူတို့လမ်းခွဲရတဲ့အကြောင်းအရင်းကိုတွေးမိပြီး ကြည်နူး ဟက်ခနဲရယ်လိုက်တယ်။

" နေမကောင်းဘူးလား နူး "

လင်းနေရဲ့လက်က လျှပ်တစ်ပြက်အတွင်းမှာပဲ ကြည်နူး‌နဖူးပေါ်ရောက်သွားတယ်။

" ဘာလုပ်တာလဲ "

ကြည်နူးကသူ့နဖူးပေါ်က လင်းနေရဲ့လက်ကိုတွန်းဖယ်လိုက်တယ်။

" နူး ကိုယ်တွေပူနေတယ်။ ဆေးရုံသွားရအောင် "

" မလိုဘူး! "

ကြည်နူးထွက်သွားဖို့လုပ်တော့ လင်းနေကကြည်နူးရဲ့လက်ကိုလှမ်းဆွဲလိုက်တယ်။

" ခေါင်းမမာနဲ့ နူး။ မင်း နေမကောင်းဘူး။ ကိုယ်စိတ်ပူတယ် "

လင်းနေ ကြည်နူးကိုမင်းသမီးလေးလိုပွေ့ချီလိုက်တယ်။

" ဘာလုပ်တာလဲ လွှတ်!! ခင်ဗျား ရူးနေလား "

ကြည်နူးကခြေထောက်ကနေ အတင်းရုန်းနေ

ပေမယ့် လင်းနေကတော့မလွှတ်ပေးပဲ ကားထဲအထိရောက်အောင်ခေါ်သွားတယ်။

ကားထဲကိုရောက်တော့ ကြည်နူးကဆင်းပြေးမလို့လုပ်‌သေးပေမယ့် ကားတံခါးကဖွင့်မရ။ လင်းနေက ‌တံခါးလော့ချထား၏။

" တံခါးဖွင့်ပေး!! "

" မဖွင့်ပေးဘူး။ ဆေးရုံသွားရမယ်။ ကိုယ်တွေဒီလောက်ပူနေတဲ့ဟာ "

" ဆေးရုံသွားရမယ်ဆိုရင်တောင် ကိုယ့်ဘာသာကိုယ်သွားတက်တယ်။ ခင်ဗျားကိုမလိုဘူး "

" ကိုယ်ကတော့လိုတယ်!! မင်းကိုတစ်ယောက်တည်း စိတ်မချဘူး "

ပြောပြီးတာနဲ့ လင်းနေ ကားစက်နှိုးကာ တဟုန်းထိုးမောင်းထွက်သွားတော့တယ်။ ကြည်နူး ကားပေါ်ကဆင်းချင်ရင်တောင် ဆင်းလို့မရတော့တဲ့ အခြေအနေမို့ ဘေးမှာ ဘာစကားမှမပြောပဲ ငြိမ်နေလိုက်တယ်။

တကယ်တော့ ကြည်နူးလည်ပင်းလည်းနာနေတာကြောင့် စကားပြောလိုက်တိုင်း တော်တော်လေး အဆင်မပြေဖြစ်ရတယ်။

ကားမောင်းနေတဲ့ လင်းနေကို ကြည်နူးမသိမသာလေး ကြည့်နေတုန်း လင်းနေကလည်း သူ့ဘက်ကိုခေါင်းလှည့်လာတာကြောင့် ကြည်နူး ‌ မျက်လုံးမှိတ်ချလိုက်ပြီး ခေါင်းကို တစ်ဖက်ခြမ်းသို့‌လှည့်လိုက်တယ်။ လင်းနေကတော့ ကြည်နူးကြည့်ကာ နှုတ်ခမ်းတွေကွေးတက်သွားတော့သည်။

[text_hash] => b20330ed
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...