Chapter 5: Episode [ 4 ]

Array
(
[text] =>

Episode - 4

-

-

-

-

-

-

-

-

ဒီနေ့ လင်းနေအားတာကြောင့် ကြည်နူးနဲ့အတူတူ camden market သွားဖို့ပြောထားတယ်။ ကြည်နူးပြင်ဆင်နေတာကို ‌စောင့်ပေးနေတုန်း တံခါးခေါက်သံကြားတာကြောင့် လင်းနေ သွားကြည့်လိုက်တော့ ရိန်းယံ ဖြစ်နေ၏။ လင်းနေ မျက်မှောင်ကြုတ်သွားတုန်းမှာပဲ ရိန်းယံက နေလင်းပခုံးကိုတိုက်ကာ အိမ်ထဲကိုဝင်သွားတယ်။

" အကို ကျွန်တော်ပြီးပြီ။ သွားလို့ရပြီ "

ကြည်နူးက မာဖလာပတ်ရင်းပြောနေတာမို့ ရိန်းယံကိုမမြင်သေး။ ပြီးသွား‌တော့မှ မာဖလာကိုလက်နဲ့သပ်လိုက်ကာ အရှေ့ကိုကြည့်လိုက်တော့မှ ရိန်းယံကိုတွေ့ပြီး ကြောင်အမ်းအမ်းကလေးဖြစ်သွားတယ်။

" Hello "

ရိန်းယံကကြည်နူးကို လက်ယမ်းပြပြီး နှုတ်ဆက်နေပေမယ့် ကြည်နူးကတော့ ဘယ်သူမှန်းမသိတာကြောင့် အူလည်လည်နဲ့ လင်းနေကိုလှမ်းကြည့်သည်။

" ကိုယ့်သူငယ်ချင်း ရိန်းယံ။ မြန်မာပဲ "

အဲ့ဒီတော့မှ ကြည်နူးက ရိန်းယံကိုပြုံးပြလိုက်တယ်။

" ကျွန်တော်က ကြည်နူးအိမ်ပါ "

" ကျွန်တော်သိတယ်။ ဒီကောင်ပြောတယ်...အ့!! "

လင်းနေက ရိန်းယံရဲ့ကျောကို အားကြီးနဲ့ ရိုက်ချလိုက်တယ်။ ဘုန်းခနဲအသံကြောင့် ကြည်နူးတောင်လန့်သွားတယ်။

" စောစောစီးစီး မင်းဘာလာလုပ်တာလဲ "

လင်းနေ ကြည်နူးကိုပြောတဲ့ လေသံနဲ့ ရိန်းယံကိုပြောတဲ့ လေသံကို သိသိသားသားကိုကွဲပြားခြားနား၏။

လင်းနေက ကြည်နူးနဲ့စကားပြောရင် ယောကျာ်းတစ်ယောက်မှာရှိတဲ့ ‌စွဲဆောင်မှုအရှိဆုံး လေသံကိုထုတ်သုံးတက်၏။ တစ်ခြားလူတွေနဲ့ဆို လေသံကကျောက်သားလိုမာကျောနေတက်တာ။ ဒီကြားထဲ စကားပြောကလည်းမတက်။

" နာတယ်ကွ! မင်းအသားမဟုတ်တိုင်း...မင်းကိုရိုက်ရင်ကော ကြိုက်လား "

" ရိုက်ရဲရင်ရိုက်ကြည့်လိုက်လေ "

လင်းနေရဲ့ဓားသွားလိုအကြည့်တွေကြောင့် ရိန်းယံတံတွေးမျိုးချလိုက်ပြီး အရှေ့ကကြည်နူးကိုပဲ မျက်နှာချိုသွေးကာကြည့်လိုက်တယ်။

" ကျွန်တော်နာမည် ရိန်းယံ။ ဒီကောင်ပြောလို့ ကြည်နူးကိုတော့ ကျွန်တော်သိပြီးသားပါ။ မြန်မာအချင်းချင်းမို့ မိတ်ဆက်ပေးပါဆိုတာကို  တွန့်တိုနေလို့ ကျွန်တော်ကိုယ်တိုင်ပဲရောက်လာရတာ။ ကျွန်တော်လည်း ဒီတိုက်မှာပဲနေတာလေ။ အပေါ်ထပ်မှာ ကျွန်တော့်အိမ်က "

" အပိုတွေလျှောက်ပြောမနေနဲ့ ဟေ့ကောင်! သွားတော့ ငါတို့အပြင်သွားမလို့ "

ရိန်းယံက လင်းနေကိုဒီမှာမရှိတဲ့လူတစ်ယောက်လိုပဲ လျစ်လျူရှူထားလိုက်တယ်။

" ဘယ်သွားမလို့ ကျွန်တော်ကောလိုက်ခဲ့လို့ရမလား ကြည်နူး။ London မြို့တစ်မြို့လုံးက ကျွန်တော့်ခြေရာတွေချည်းပဲ ကျွန်တော်ပါရင် ပျော်ဖို့ကောင်းမှာ သေချာတယ် "

" မရဘူး! "

" ငါမင်းကိုမမေးဘူး။ ကြည်နူးကိုမေးနေတာ "

‌လင်းနေနဲ့ရိန်းယံကြား ကြည်နူး မျက်လုံးကလေးကလယ်လယ်ဖြစ်နေ၏။

" ဟင် ကြည်နူး ကျွန်တော်လိုက်လို့ရလား "

ကြည်နူးကဘယ်လိုလုပ် မရဘူးလို့ ပြောနိုင်မှာလဲ။ မျက်နှာတင်းမာနေတဲ့ အကို့ကိုတစ်ချက်ကြည့်ပြီး ရိန်းယံကို ကြည်နူး ခေါင်းညိတ်ပြလိုက်တယ်။

တိုက်အောက်ကိုရောက်တော့ ရိန်းယံတစ်ယောက်တည်းအရှေ့ကနေလမ်းလျှောက်သွားတုန်း သူ့အနောက်ကဘယ်သူမှလိုက်မလာတာကို သတိထားမိသွားပြီး ပြန်လှည့်လာရတယ်။

" မသွားဘူးလား "

" Taxi ခေါ်ထားတယ် "

လင်းနေက ဖုန်းကိုထောင်ပြကာ Taxi ခေါ်ထားကြောင်း ရိန်းယံကိုပြော၏။

နေအနောက်အရပ်ကထွက်တော့မယ်ထင်တယ်။ Taxi ခဈေးကြီးလို့ ရထားနဲ့Busပဲ စီးတဲ့ လင်းနေရောင်ဦးကောဟုတ်ရဲ့လား။ ကြည့်ရတာ နောက်လလည်း လစာရမယ့်ပုံမပေါ်ဘူး။

Taxi ရောက်လာတော့ လင်းနေ ကြည်နူးအတွက် ကားတံခါးဖွင့်ပေးတယ်။ ကြည်နူးကားထဲဝင်သွားပြီးနောက် ရိန်းယံကပါ လိုက်ဝင်ဖို့လုပ်နေတာကြောင့် လင်းနေကစူးရှရှအကြည့်တွေဖြင့်...

" အရှေ့မှာထိုင် "  လို့ ပြောလိုက်ပြီး အရှေ့မှာပိတ်နေတဲ့ ရိန်းယံကိုတွန်းဖယ်ကာ လင်းနေကားထဲဝင်သွားသည်။

camden ကိုရောက်တော့ အရင်လျှောက်ပတ်မကြည့်သေးပဲ တစ်ခုခုစားဖို့အတွက် ဆိုင်တစ်ဆိုင်မှာထိုင်လိုက်တယ်။ လင်းနေနဲ့ရိန်းယံကဘေးချင်းကပ်ထိုင်ပြီး ကြည်နူးကတော့ လင်းနေ အရှေ့ကခုံမှာထိုင်၏။

ကြည်နူးက shrimp tacos မှာထားကာ လင်းနေကတော့ English breakfast၊ ရိန်းယံကတော့ Beef tacos မှာထား၏။ လင်းနေမှာထားတဲ့ English breakfastက ကြက်ဥနှစ်လုံးပါတာကြောင့် တစ်လုံးကို လင်းနေက ကြည်နူး ပန်းကန်ထဲကိုထည့်လိုက်တယ်။ ဒါကိုမြင်တော့ ရိန်းယံက လင်းနေကို ပြုံးစစနဲ့ကြည့်နေတာမို့ လင်းနေက သူ့ကို မျက်နှာတည်နဲ့တစ်ချက်ကြည့်ပြီး သူစားစရာရှိတာကို ဆက်စား၏။

camden market ထဲကို‌ပတ်တဲ့အချိန်ကျ ဗိုက်ပြည့်နေတော့ အစားအသောက်တွေထက်ပစ္စည်းတွေကိုပဲ ကြည်နူးပိုစိတ်ဝင်စားတယ်။ သူသဘောကျတာတွေကိုလည်း ဝယ်ထားသေးသည်။

တစ်နေကုန်လျှောက်သွားပြီး ညနေစောင်းမှ အိမ်ပြန်လာခဲ့ကြသည်။ ရိန်းယံကတော့ သူသွားစရာရှိလို့ဆိုပြီး လမ်းမှာပဲဆင်းသွား၏။ သူတို့အိမ်ပြန်ရောက်တော့ ညနေ ၆ နာရီထိုးခံနီးနေပြီ။

" ညစာဟော့ပေါ့စားကြမလား "

ကြည်နူးအခန်းထဲမဝင်သေးခင် လင်းနေကမေးလိုက်တယ်။

" အပြင်ပြန်ထွက်မလို့လား "

" ကိုယ်လုပ်ပေးမလို့ ရေခဲသေတ္တာထဲမှာ အသားနဲ့အသီးအရွက်တွေကျန်သေးတယ် "

" ဒါဆို ကျွန်တော်လည်း ဝိုင်းကူပေးမယ်လေ။  အဝတ်စားလဲပြီးပြန်ထွက်လာခဲ့မယ် "

လင်းနေ ခေါင်းညိတ်လိုက်တယ်။ ကြည်နူးလည်း အခန်းထဲကိုဝင်သွား၏။ ကြည်နူး jacket နဲ့ မာဖလာကိုချွတ်လိုက်ပြီး အဝတ်စားလဲကာ အပြင်ပြန်ထွက်လာတယ်။

ကြည်နူးက သူကူလုပ်ပေးမယ်ပြောပေမယ့် အားလုံးနီးပါးကို လင်းနေကချည်းပဲလုပ်သွားတာ။ 

" အမ်...ကျွန်တော်တို့သောက်ကြမလား "

ကြည်နူးရဲ့စကားကြောင့် ဟင်းရည်အိုးထဲ အသားနဲ့အသီးအရွက်ထည့်နေတဲ့ လင်းနေရဲ့လက်တွေက ရပ်တန့်သွားကာ မတ်တပ်ထရပ်လိုက်ပြီး ရေခဲသေတ္တာထဲက ဘီယာနှစ်ပုလင်းကိုယူထုတ်ကာ အဖုံးဖွင့်လိုက်တယ်။ ကြည်နူးရဲ့အရှေ့မှာ တစ်ပုလင်း သူ့အရှေ့မှာတစ်ပုလင်းချလိုက်ပြီးမှ ‌လင်းနေပြန်ထိုင်လိုက်တယ်။

ဟော့ပေါ့မစားခင် ကြည်နူးကဘီယာပုလင်းကိုကိုင်လိုက်ကာ လင်းနေနဲ့ပုလင်းချင်းတိုက်ပြီးမှ နှစ်ယောက်လုံး ဘီယာကို တစ်ငုံ

အရင်သောက်လိုက်ကြတယ်။ ပြီးမှ ဟော့ပေါ့ကိုစစားကြ၏။

လင်းနေကပုံမှန်ပဲဆိုပေမယ့် ကြည်နူးကတော့အေးတာကြောင့်ကော ဘီယာအရှိန်ကြောင့်ပါ မျက်နှာ‌ကလေးက သာမာန်ထက်ပိုနီရဲလို့နေတယ်။

" ကျောင်းပြီးရင် အန်တီတို့ရှိတဲ့ မြန်မာပြည်ကိုပြန်မှာလား "

" မပြန်ဘူး။ ဒီမှာပဲအလုပ်ဆက်လုပ်မှာ "

လင်းနေကစဉ်းစားမနေပဲ ပြန်ဖြေတယ်။ သူ့မိဘတွေက မြန်မာပြည်မှာ ပြန်အခြေချနေကြပေမယ့် သူကတော့မပြန်ချင်ဘူး။

" ဘာလို့လဲ "

" ကိုယ့်မွေးရပ်မြေက London လေ... "

" တစ်ခြားနိုင်ငံတွေ၊မြို့တွေထက် ကိုယ် London ကိုပိုသဘောကျတယ် "

" လူတိုင်းကမွေးရပ်မြေကိုချစ်ကြတာပဲ... ကျွန်တော်လည်း တစ်ခြားနေရာတွေထက် ကျွန်တော့်ရဲ့မွေးရပ်မြေ ပုဂံမြို့ကိုပိုသဘောကျတာ "

" မြို့နာမည်က ပန်းကန် ? "

လင်းနေကအရှေ့က ပန်းကန်ကို လက်ညိုးထိုးပြကာ မေး၏။

" မဟုတ်ဘူး ပန်းကန်မဟုတ်ဘူး။ ပု..ဂံ  ပုဂံ။ ပုဂံက မြန်မာနိုင်ငံရဲ့ အထင်ကရမြို့တစ်မြို့ပဲ။ England မှာဆို London တို့ Paris တို့က နာမည်ကြီးမြို့တွေဖြစ်သလိုပေါ့။ မြန်မာမှာဆိုလည်း မြန်မာမှန်ရင် ပုဂံကိုရောက်ဖူးရမယ်ဆိုတဲ့ ဆိုရိုးစကားရှိတဲ့အထိ နာမည်ကြီးတဲ့မြို့ပဲ "

ကြည်နူးပြောတဲ့ ပုဂံမြို့ကိုသူမသိပေမယ့် အလည်တစ်ခေါက်လောက်တော့ ရောက်ဖူးချင်မိသည်။ သူ့ရဲ့မွေးရပ်မြေ London ကို ကြည်နူးလာလည်သလို...သူလည်း ကြည်နူးရဲ့မွေးရပ်မြေက ဘယ်လိုပုံစံရှိလဲဆိုတာသိချင်၏။

" ကျွန်တော်နဲ့အကိုဘယ်တော့မှ ထပ်တွေ့နိုင်တော့မလဲ မသိဘူးနော်။ ကျွန်တော်က ပြန်ရ‌တော့မှာ... "

လင်းနေ ငြိမ်ကျသွားတယ်။ ဟုတ်တယ်...နူးကအချိန်တန်ရင် ပြန်ရမှာပဲ။

-

ခါတိုင်းဆို အစောကြီးနိုးနေ‌တက်တဲ့ လင်းနေကို ဒီနေ့တော့ အိမ်ထဲမှာမတွေ့။ ကြည်နူးနိုးတဲ့အချိန်က မနက် 9 နာရီထိုးခံနီးနေပြီ။ သူမျက်နှာသစ်ပြီးတော့မှ လင်းနေအိမ်မှာမရှိမှန်းသိလိုက်တာကြောင့် လင်းနေဆီကိုစာပို့အတွက် ဖုန်းထုတ်လိုက်တယ်။

[ ကျောင်းမှာလား ]

ပြန်စာကိုစောင့်ရင်း ကြည်နူး ရေသောက်ဖို့ မီးဖိုချောင်ကိုဝင်သွားသည်။ ခွက်ထဲကို ရေထည့်နေတုန်း စာဝင်လာတာကြောင့် ရေဘူးအဖုံးကိုပြန်ပိတ်လိုက်တယ်။

[ အလုပ်မှာ ]

[ ကိုယ်ဖြေရှင်းမှရမယ့် ပြဿနာလေးနည်းနည်းပေါ်လာလို့  ]

အကိုကအလုပ်ရှုပ်နေပုံမို့ ကြည်နူးစာကိုဖတ်ပဲဖတ်ကြည့်ပြီး ဘာမှထက်မပို့ဖြစ်တော့ဘူး။

ကြည်နူးအဝတ်စားလဲပြီး မနက်စာသွားစားဖို့အတွက် အိမ်ထဲကနေထွက်လာခဲ့တယ်။ သူသွားချင်တဲ့ ဆိုင်ကို Google maps အကူအညီနဲ့ လွယ်လွယ်ကူကူပဲရှာတွေ့ခဲ့တယ်။

ကြည်နူးမနက်စာစားနေတုန်း အကိုဘာမှမစားရသေးမှာကို‌ စိုးရိမ်တဲ့စိတ်ကလေးဝင်လာတယ်။

စားပြီးတော့ ကြည်နူးအိမ်မပြန်သေးပဲ Snacks နည်းနည်းပါးပါးဝယ်ချင်တာကြောင့် အနီးအနားက mini market ကိုသွားခဲ့တယ်။ အစကတော့ နည်းနည်းပဲဝယ်မလို့ဆိုပေမယ့် ဟိုဟာ၊ဒီဟာနဲ့ သူစားချင်တာတွေကများနေတော့ ခြင်းတစ်ခုလုံး မုန့်တွေ၊အချိုရည်ဘူးတွေနဲ့ပြည့်သွားတယ်။ ကြည်နူး အိမ်ပြန်တဲ့လမ်းမှာ အတွဲတစ်တွဲက သူတို့ကို ဓာတ်ပုံရိုက်ပေးဖို့အကူအညီတောင်းတာကြောင့် ကြည်နူးကူညီပေးလိုက်သေးတယ်။ Gay စုံတွဲကလေးမို့ ကြည်နူးက တစ်သက်လုံးပေါင်းဖက်နိုင်ဖို့လည်း ဆုတောင်းပေးလိုက်တယ်။

သူကအမြင်ကျဉ်းမြောင်းတဲ့နိုင်ငံကလာဆိုပေမယ့် သူကတော့ Gay ဆိုတာကို ရွံ့ရှာမုန်းတီးစရာလို့မမြင်ဘူး။ တစ်ယောက်‌နဲ့တစ်ယောက်ချစ်တာက ဘယ်သူ့ကိုထိခိုက်စေလို့လဲ။ သူကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် Bisexual လို့ခံယူထားတယ်။ ‌ဒါပေမယ့် အခုထိ ယောကျာ်းတစ်ယောက်နဲ့တစ်ခါမှ မတွဲဖူးသေးဘူး...။

-

ကြည်နူး ဘာမှလုပ်စရာမရှိတာနဲ့ မြန်မာပြည်က သူငယ်ချင်းတွေစကားပြောဖို့ Video Call ခေါ်လိုက်တယ်။ သူငယ်ချင်းတွေနဲ့နာရီဝက်လောက် စကားပြောပြီးနောက်  ကြည်နူး အခန်းထဲမှာပဲမုန့်စားရင်း Laptop နဲ့ ရုပ်ရှင်ကြည့်နေ၏။

ရုပ်ရှင်ပြီးသွားတဲ့အချိန်မှာ နေ့လယ် 1 နာရီကျော်နေပြီးမို့ ကြည်နူး ဖုန်းကိုဖွင့်လိုက်တယ်။‌ လင်းနေကအခုထိပြန်မရောက်‌သေးဘူး။

[ အလုပ်မှာပဲလား ]

ကြည်နူး လင်းနေဆီကိုစာပို့လိုက်တယ်။

[ မဟုတ်ဘူး။ ရထားပေါ်မှာ အလုပ်ကိစ္စဆွေးနွေးဖို့သွားနေတာ ]

ကြည်နူးစာပို့ပြီးသိပ်မကြာခင်မှာပဲ လင်းနေဘက်ကစာပြန်၏။ 

ဒါဆို နေ့လယ်စာကိုလည်း ကြည်နူးတစ်ယောက်တည်းစားရတော့မှာပေါ့။ အဲ့ဒီနေ့က လင်းနေကတော်တော်အရှုပ်နေခဲ့တာ ပြန်လာတာလဲ ညမိုးချုပ်၏။

ည 11 နာရီလောက်မှာ အပြင်ဘက်လှုပ်လှုပ်ရှားရှားအသံတွေကြားရတာကြောင့် မအိပ်သေးတဲ့ ကြည်နူး အခန်းအပြင်ကိုထွက်လာခဲ့တယ်။ သူထင်တဲ့အတိုင်း လင်းနေပြန်ရောက်နေတာပင်။

" ကိုယ့်ကြောင့်နိုးသွားတာလား "

" မဟုတ်ဘူး။ ကျွန်တော်မအိပ်သေးဘူး "

" နောက်ကျနေပြီ အိပ်တော့လေ။ ညနက်တဲ့အထိမနေနဲ့ "

" ဟို...မနက်ဖြန် အကိုအားလား "

" သွားချင်တဲ့နေရာရှိလို့လား "

" ဟင့်အင်း မဟုတ်ပါဘူး။ ကျွန်တော်အကို့ကို ထမင်းလိုက်ကျွေးချင်လို့... အမြဲတမ်း အကိုပဲပိုက်ဆံရှင်းပေးနေတော့...ဒီတစ်ခေါက်ကျွန်တော်အလှည့်။ ကျွန်တော် review ကောင်းတဲ့ဆိုင်ရှာတွေ့ထားတယ် "

အားတက်တရော်ပြောနေတဲ့ ကြည်နူးရဲ့ပုံစံကြောင့် ‌လင်းနေခပ်ရေးရေးပြုံးလိုက်တယ်။

" မနက်ဖြန် ကိုယ်အားတယ် "

" ဒါဆို ကျွန်တော် Booking ယူထားလိုက်တော့မယ်နော် "

လင်းနေ ခေါင်းညိတ်လိုက်တော့ ကြည်နူးကပြုံးပြကာ...

" ဒါဆို... Good Night "

" Good Night " 

ကြည်နူးအခန်းထဲဝင်သွားပြီး အခန်းတံခါးပြန်ပိတ်သွားတဲ့အထိ လင်းနေရပ်ကြည့်နေ

ရင်း ပြုံးလိုက်သည်။

-

[text_hash] => 2c1a7153
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...