Array
(
[text] =>
Episode - 5
-
-
-
-
-
-
-
-
ကြည်နူး Booking လုပ်ထားတဲ့ဆိုင်မှာ နေ့လယ်စာအတူတူစားပြီး လင်းနေက ကြည်နူးကို သူ့အလုပ်ကိုခေါ်သွား၏။ လင်းနေက ကြည်နူးကို သူတို့ဘယ်သွားနေလဲဆိုတာကိုတော့ မပြောထားပေ။
" ကျွန်တော်တို့ဘယ်သွားနေကြတာလဲ "
ဓာတ်လှေကားက အပေါ်ကိုတက်တာမဟုတ်ပဲ အောက်ကိုဆင်းသွားတာမို့ ကြည်နူး ထူးဆန်းသလိုခံစားရ၏။
" ကိုယ်အလုပ်လုပ်တဲ့နေရာ "
လင်းနေက သူ့ကကဒ်ကိုသုံးပြီး တံခါးဖွင့်လိုက်တယ်။ သူရောက်နေတဲ့ နေရာကြောင့် ကြည်နူး ဟိုကြည့်၊ဒီကြည့်နဲ့ ကြောင်အမ်းအမ်းကလေးဖြစ်နေတုန်းပဲ။ အဲ့ဒီမှာ ရိန်းယံကိုပါတွေ့တော့ ကြည်နူးမျက်လုံးကလေးက ဝိုင်းစက်သွားတယ်။ ဒီမှာ ရှိတဲ့လူအားလုံးက အသက်ငယ်ငယ်ယောကျာ်းလေးတွေချည်းပဲ။
" ကိုလင်းမိတ်ဆက်ပေးဦးလေ "
ရှိသမျှကောင်လေးတွေအကုန်လုံးက လင်းနေနဲ့ကြည်နူးအနားမှာ ဝိုင်းလာကြတယ်။ မသက်သာတဲ့အဆုံး လင်းနေက ကြည်နူးကို ကောင်လေးတွေနဲ့မိတ်ဆက်ပေးရ၏။ မြန်မာတွေလည်းရှိသလို၊နိုင်ငံခြားသားတွေလည်းပါ၏။
" ကိုယ်အလုပ်လုပ်စရာရှိသေးလို့။ ဒီမှာခဏစောင့်နေမလား...ဒါမှမဟုတ် ပြန်ချင်လား "
" အတူတူပြန်ရအောင်။ ကျွန်တော်စောင့်နေမယ်လေ "
" အင်း။ ပျင်းရင် ဂိမ်းဆော့လို့နေလို့လဲရတယ် "
လင်းနေ ကြည်နူးကို လူမရှိတဲ့ အလုပ်စားပွဲမှာထိုင်ခိုင်းထားပြီး သူကတော့ အလုပ်လုပ်ဖို့အတွက် သူ့ကိုယ်ပိုင်စားပွဲဆီကိုသွား၏။
လင်းနေ ကြည်နူးအနားမှာမရှိတော့မှ ရိန်းယံက သူ့နေရာကနေ ထိုင်ခုံကိုခြေထောက်နဲ့တွန်းရွေ့ရင်း ကြည်နူးဘေးကိုရောက်လာတယ်။
" ဘယ်ကနေလာကြတာလဲ "
" နေ့လယ်စာအတူတူစားပြီးလာတာ...ဒါနဲ့ ဒီနေရာက ဘာအလုပ်လုပ်တဲ့နေရာလဲ "
" ဒီနေရာကလား app တွေဖန်တီးတဲ့ နေရာသေးသေးလေးတစ်ခုလို့ပဲပြောရမှာပေါ့ "
" app ဖန်တီးတဲ့နေရာ... "
" အင်း။ လင်းနေအပါအဝင် ဒီမှာရှိတဲ့လူတွေအားလုံးက IT ကျောင်းသားတွေချည်းလေ။ ဒီ Team ကို လင်းနေပဲဖွဲ့ထားတာ သူကဒီနေရာရဲ့ပိုင်ရှင် Boss "
ရိန်းယံပြောတာကိုနားထောင်ပြီး ကြည်နူးရဲ့အကြည့်တွေက computer ပေါ်အာရုံစိုက်နေတဲ့ လင်းနေဆီကိုရောက်သွားတယ်။ ကြည်နူးရဲ့ သတိထားမိလိုက်တယ်။
အကိုကမျက်မှန်တပ်ထားတာပဲ...။ မျက်မှန်အောက်ကလည်း မျက်လုံးတွေက သိပ်ကိုလေးနက်တောက်ပလွန်းနေတယ်။
ကြည်နူး လင်းနေကိုကြည့်နေတာကို သတိထားမိတဲ့ ရိန်းယံကပြုံးစစဖြင့်...
" လင်းနေရောင်ဦးက ချောလည်းချောတယ်။ တော်လည်းတော်တယ်။ စိတ်ထားလည်းမဆိုးဘူး။ ဒါတောင် သူ့မှာရည်းစားမရှိဘူး သိလား "
ကြည်နူး ရှက်ကိုးရှက်ကန်းနဲ့ ရိန်းယံကိုတစ်ချက်ကြည့်လိုက်ပြီး သူ့အရှေ့က computer ကိုဖွင့်လိုက်ကာ...
" ဂိမ်းဆော့ဖို့က ဘယ်လိုလုပ်ရတာလဲ "
ကြည်နူးကသူဘာမှမသိသလိုနဲ့ အရှေ့က computer ကိုပဲ သဲကြီးမည်းကြီးကြည့်နေ၏။
" အဲ့ဒီဂိမ်းက Jayden ဖန်တီးထားတာ "
ကြည်နူးဆော့နေတဲ့ဂိမ်းကိုကြည့်ကာ ရိန်းယံပြောလိုက်ပြီး လာတုန်းကလိုပဲ ခုံကိုခြေထောက်နဲ့တွန်းကာ သူ့နေရာသူပြန်ရွေ့သွား၏။ ရိန်းယံပြောသွားတဲ့စကားကြောင့် ကြည်နူးဂိမ်းဆော့တာကိုရပ်လိုက်ပြီး အလုပ်လုပ်နေတဲ့ လင်းနေကိုလှမ်းကြည့်လိုက်တယ်။
အလုပ်လုပ်နေတဲ့ အကို့ရဲ့မျက်မှန်အောက်ကမျက်ဝန်းတွေက သိပ်ကိုစူးရှပြတ်သားလွန်းလှသည်။ အမှန်အတိုင်းဝန်ခံရရင် ယောကျာ်းတစ်ယောက်ရဲ့ကြည့်လို့အကောင်းဆုံးအချိန်က တစ်ခုခုကိုအာရုံစိုက်ပြီးလုပ်နေတဲ့အချိန် ဆိုတဲ့စကားကို ကြည်နူးလက်ခံချင်မိလာတယ်။
ဆောင်းတွင်းဆိုတော့ London ရဲ့တစ်ချို့နေရာတွေမှာ ice Skating rink တွေလုပ်နေကြပြီ။ သူတို့အလုပ်ပြီးတော့ ကောင်လေးတွေက ဒီအနားက ice Skating rink ကိုသွားကြမယ်ဆိုတာကြောင့် လင်းနေက ကြည်နူးကိုလည်း " သွားချင်လား " ဟုမေး၏။
ကြည်နူး ခေါင်းညိတ်လိုက်တာကြောင့် လင်းနေလည်း ice Skating rink ကိုအတူတူလိုက်လာ၏။
" အကို ကျွန်တော့်လက်ကိုမလွှတ်လိုက်နဲ့နော် "
ပြုတ်ကျမှာကို စိုးရိမ်နေတဲ့ ကြည်နူးက လင်းနေကို သူ့လက်ကိုမလွှတ်ဖို့ကိုပဲ တဖွဖွပြောနေတယ်။ ကြောက်နေပေမယ့်လည်း ကြည်နူးကအရမ်းပျော်နေတယ်။ ဒါက သူ့ဘဝမှာ ပထမဆုံးအကြိမ် ရေခဲပြင်ပေါ် စကိတ်စီးဖူးတာပဲ။
" နူး ကိုယ်ရှိတယ်။ ဘာမှမကြောက်နဲ့နော် "
ဘေးမှာတော့ သူတို့နဲ့အတူတူပါလာတဲ့ နေးလ်က တစ်ဘုတ်ဘုတ်နဲ့လဲကျပြီး သူ့ဟာသူပြန်ထကာ တစ်ယောက်တည်းပျော်နေ၏။
လင်းနေက ကြည်နူးလက်ကလေးကိုကိုင်ထားပြီး သူကဦးဆောင်သွားတယ်။ လက်လွှတ်ဖို့အဆင်ပြေသွားတဲ့အချိန်ကျမှ လင်းနေ ကြည်နူး လက်ကိုလွှတ်ပေးလိုက်တယ်။
ကြည်နူးကလည်း လဲကျမှာကြောက်နေသလို လင်းနေကလည်း ကြည်နူးထိခိုက်မှာကို စိုးရိမ်တာကြောင့် အနောက်ကနေ ထက်ကြပ်မကွာလိုက်နေတယ်။
အစပိုင်းတော့ ယိုင်နဲ့နဲ့ဖြစ်နေပေမယ့် ကြည်နူး တဖြည်းဖြည်းနဲ့ ပိုရဲလာတယ်။ မျက်နှာပေါ်က အပြုံးတွေကလည်း ပိုပိုတောက်ပလာတယ်။ လင်းနေ ဖုန်းထုတ်လိုက်ပြီး စကိတ်စီးနေတဲ့ ကြည်နူးရဲ့ ပုံရိပ်တွေကို တိတ်တဆိတ်ရိုက်ယူထားလိုက်တယ်။
" အကို!!! "
ကလေးတစ်ယောက်နဲ့ဝင်တိုက်မိပြီး လဲကျတော့မလိုဖြစ်နေတဲ့ ကြည်နူးရဲ့အလန့်တကြားခေါ်သံကြောင့် လင်းနေစီးထားတဲ့ စကိတ်ဖိနပ်ဘီးတွေက အမြန်လည်ပတ်သွားတယ်။ လင်းနေ နောက်ပြန်လဲကျတော့မယ့် ကြည်နူးရဲ့ခါးကို ဆွဲပွေ့လိုက်ပြီး ထိန်းလိုက်ပေမယ့် အရှိန်ကြောင့် နှစ်ယောက်လုံး ထပ်လျက်လဲကျသွားသည်။ ကြည်နူးကမျက်လုံးကို မှိတ်ထား၏။ ဒါပေမယ့် သူ့ခန္ဓာကိုယ် နာကျင်မှုကိုမခံစားရဘူး။ အကြောင်းကတော့ အောက်မှာ လင်းနေရဲ့ခန္ဓာကိုယ်ခံနေတာကြောင့်ပင်။
" အဆင်ပြေရဲ့လား နူး။ ဘယ်နားနာသွားသေးလဲ "
သူကိုယ်တိုင် ကျောတစ်ခုလုံး အီစိမ့်သွားပေမယ့် လင်းနေရဲ့မျက်ဝန်းတွေက ကြည်နူးထိခိုက်မှုကိုပဲစိုးရိမ်နေတယ်။
အခုထိ လင်းနေအပေါ်မှာ ဖိထားသေးတဲ့ ကြည်နူးက မျက်လုံးကလေးဖြည်းဖြည်းချင်းဖွင့်ကာ လင်းနေကိုကြည့်ရင်း ခေါင်းလေးကိုအသာခါပြတယ်။
" ဒီအတိုင်းပဲ နေတော့မလို့လား နူး "
ဒီတော့ ကြည်နူးကသူလင်းနေ ကိုယ်ပေါ်မှာရှိနေတာကို သတိထားမိသွားကာ ရှက်ကိုးရှက်ကန်းကလေးဖြင့် ထလိုက်တယ်။
" အကိုကော အဆင်ပြေရဲ့လား "
နူးကရှက်နေပေမယ့် သူ့ကိုစိုးရိမ်နေသေးတာပဲ။ ဒီအတွေးနဲ့တင် လင်းနေ နှုတ်ခမ်းတွေအလိုလို ပြုံးယောင်သန်သွားတယ်။
" ကိုယ်ဘာမှမဖြစ်ဘူး... နူး ဆက်စီးဦးမလို့လား "
ကြည်နူးကခေါင်းလေးခါရင်း...
" ဟင့်အင်း။ ပြန်ချင်တယ် "
လင်းနေက ရုတ်တရပ် ကြည်နူး လက်ကိုဆွဲကိုင်လိုက်တယ်။
" ဖိနပ်ချွတ်ဖို့ခေါ်သွားပေးမယ် "
လင်းနေကအရှေ့ကနေဦးဆောင်ကာ ကြည်နူးလက်ကိုဆွဲပြီး ဖိနပ်ချွတ်ဖို့အတွက်ခေါ်သွားပေးတယ်။ သူ့ကိုကိုင်ထားတဲ့ လင်းနေကို ကြည်နူးအနောက်ကနေ တိတ်တိတ်ကလေးငေးကြည့်ရင်းနဲ့ပဲ လိုက်လာခဲ့တယ်။
ice Skating rink ကနေ အိမ်ပြန်တဲ့လမ်းမှာ နှစ်ယောက်က ဘေးချင်းကပ်လျှောက်နေတာမို့ တစ်ချက်ချက် လက်ကလေးတွေထိမိသွားတိုင်း တစ်ယောက်နဲ့တစ်ယောက် မသိချင်းယောင်ဆောင်ကြ၏။
အဲ့ဒီမတိုင်ခင် ကြည်နူးက လမ်းမဘက်ကနေလျှောက်နေတာမို့ လင်းနေက ကြည်နူးရဲ့ပခုံးကို လက်နှစ်ဖက်နဲ့ကိုင်ကာ ကြည်နူးကိုအတွင်းဘက်ကိုပို့ပြီး သူကတော့ လမ်းမဘက်ကနေလျှောက်၏။
" ဗိုက်ဆာနေပြီလား "
လင်းနေကို ကြည်နူးပြန်မဖြေသေးခင် သူ့မျက်လုံးတွေက ခပ်လှမ်းလှမ်းက hotdog ကားတွေ့သွားတယ်။
" hotdog hotdog စားရအောင် "
လင်းနေရဲ့အကြည့်တွေကလည်း ကြည်နူးကြည့်နေတဲ့ နေရာဆီကိုရောက်သွားတယ်။
သူတို့ hotdog စောင့်နေတုန်း ဘေးမှာ ဂီတာတီးရင်း သီချင်းဆိုနေတဲ့ အဖွဲ့ရှိတာကြောင့် ကြည်နူး မပြောမဆိုနဲ့ အဲ့ဒီအရှေ့အနားကို ရောက်သွား၏။ hotdog ရတော့ လင်းနေကပဲ ပိုက်ဆံရှင်းပြီး နှစ်ခုလုံးကိုယူကာ ကြည်နူးအနားကိုသွား၏။ လင်းနေက သူ့လက်ထဲက hotdog တစ်ခုကို ကြည်နူးကိုပေးလိုက်သည်။
ကြည်နူးကလက်မှာ hotdog ကိုကိုင်ထားကာ ဘေးကလူတွေနဲ့အတူတူ သီချင်းလိုက်ဆိုရင်း တအားကိုပျော်နေတာ။ ကြည်နူး အားရပါးရလိုက်ဆိုနေတဲ့ သီချင်းကတော့ Frozen movie ထဲက နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Lov Is an Open Door ပင်။
" And it's nothing like
I've ever known before.... "
ခန္ဓာကိုယ်ကိုတစ်လှုပ်လှုပ်နဲ့ ကြည်နူးကဘေးက လင်းနေကိုကြည့်လိုက်ကာ ဘေးကလူတွေနဲ့အတူတူ သီချင်းလိုက်ဆိုနေ၏။ ကြည်နူးကိုကြည့်ရင်း လင်းနေလည်း ရယ်လိုက်ကာ...
" Love is an open...door...!!!!!!
Love is an open door...!!!!!
Love is an open door "
" With you "
" With you "
" With you "
" With you "
" Love is an open door "
သီချင်းဆုံးသွားတော့ တစ်ယောက်ကိုတစ်ယောက်ကို ကြည့်ကာ ရယ်လိုက်ကြတယ်။
အဲ့ဒီအချိန်မှာပဲ မှောင်မိုက်မိုက်ကောင်းကင်ပေါ်မှာ အရောင်စုံမီးရှူး၊မီးပန်းတွေ ဖြာတက်လာတယ်။
အရှေ့က မီးရှူး၊မီးပန်းတွေကို စိတ်ဝင်တစားနဲ့ ကြည့်နေတဲ့ သူ့ဘေးက ကြည်နူးကို လင်းနေ ကြည့်လိုက်တယ်။ သူ့မျက်ဝန်းထဲမှာ ကြည်နူးရဲ့ပုံရိပ်က တအားကိုလှပနေတယ်။ နောက်ပြီး အဲ့ဒီအချိန်မှာပဲ သူပိုသေချာသွားခဲ့တယ်...။
I think I’ve fallen in love with you. The way he laughs makes me smile, the way he talks gives me butterflies, and everything about him just makes me happy.
မင်းက ကိုယ့်နှလုံးသားတံခါးကို ပွင့်စေခဲ့တဲ့သူပဲ နူး...။
" nue...can i pursue you ? "
မီးရှူး၊မီးပန်းအသံတွေကြား လင်းနေရဲ့အသံက ခပ်တိုးတိုးရယ်သာ။
ကြည်နူး ကတော့ ဘာတုံ့ပြန်ချက်မှမရှိ။ ကြည့်ရတာ မီးရှူး၊မီးပန်းအသံကြောင့်ကော ဘေးကလူတွေရဲ့အသံကြောင့်ပါ ကြည်နူးက သူပြောတာကို မကြားလိုက်ဘူးထင်တယ်။
" ဘာဖြစ်လို့လဲ အကို။ တစ်ခုခုပြောလိုက်တာလား "
သူ့ကိုကြည့်နေတဲ့ လင်းနေရဲ့အကြည့်ကြောင့် ကြည်နူးက ဘာမှမသိသလိုမျက်နှာလေးနဲ့ မေး၏။
" ဟင့်အင်း။ ဘာမှမပြောလိုက်ဘူး... "
လင်းနေ ကြည်နူးကိုအကြည့်လွှဲလိုက်တယ်။ အခုလိုဖြစ်သွားမှတော့ သူနောက်ထပ်တစ်ကြိမ်ဘယ်လိုပြန်ပြောရမလဲမသိတော့ဘူး။ သူ့မှာ နောက်တစ်ကြိမ် အခွင့်အရေးထပ်ရှိလာဖို့ကိုပဲ မျှော်လင့်မိတယ်။ မဟုတ်လည်း အခွင့်အရေးကို သူကိုယ်တိုင် ဖန်တီးရုံပေါ့။
-
-
ကျောင်းကိစ္စနဲ့ လင်းနေ oxford ကိုသွားရမှာမို့ ကြည်နူးရဲ့အခန်းတံခါးကို ခေါက်လိုက်တယ်။ လင်းနေက ခေါင်းစွပ်ပါတဲ့ခဲရောင် hoodie ပေါ်မှာ အနက်ရောင် Jacket ကိုထပ်ဝတ်ထားတယ်။ Screen ကြည့်မှ တပ်တက်တဲ့ မျက်မှန်ကိုလည်း ဒီနေ့တော့ မနက်အစောကြီးကတည်းက တပ်ထား၏။ သူသုံးနေကျ လွယ်အိတ်အနက်ရောင်ကိုလည်း ပခုံးတစ်ဖက်မှာလွယ်ထားတယ်။
oxford နဲ့ London က ရထားနဲ့ဆို 1 နာရီလောက်ပဲကြာတာမို့ လင်းနေ နေ့ချင်းပြန်သွားမှာပင်။
လင်းနေ အခန်းတံခါးခေါက်လိုက်ပြီး သိပ်မကြာခင်မှာပဲ ညအိပ်ဝတ်စုံနဲ့ကြည်နူးက အခန်းထဲကနေထွက်လာတယ်။
" ကိုယ် oxford ကိုသွားရမယ် နူး "
" အာ...ကျွန်တော်က ညနေ paris သွားမလို့ "
" paris ? "
" သူငယ်ချင်းက paris မှာရှိတယ်လေ။ ကျွန်တော် ဒီကိုရောက်ကတည်းက သူကသူ့ဆီလာဖို့ခေါ်နေတာ။ ညကမှ လာခဲ့မယ်ပြောထားလို့ ကျွန်တော်သွားမယ့်အကြောင်း ဒီမနက်မှ အကို့ကိုပြောမယ်လုပ်ထားတာ... "
" ဒီကိုပြန်မလာတော့ဘူးလား "
" မသိသေးဘူး။ ကျွန်တော့်စိတ်သဘောအရပဲ။ paris ကနေပဲ မြန်မာပြည်ကိုပြန်ဖြစ်ချင်ပြန်လောက်တယ် "
" Eurostar နဲ့သွားမှာလား "
" ဟုတ်တယ်။ Eurostar နဲ့သွားမှာ ညနေ 3 နာရီလက်မှတ်ဖြတ်ထားပြီးပြီ "
" ကိုယ်သွားတော့မယ်။ ရထားမမှီမှာစိုးလို့ "
လင်းနေကသူ့လက်ကနာရီကိုတစ်ချက်ကြည့်ပြီး ကြည်နူးကိုနှုတ်ဆက်ကာ အိမ်ကနေထွက်သွားတယ်။
တစ်ယောက်က oxford ကိုသွားတယ်။ နောက်တစ်ယောက်က paris သွားမယ်။ ဒါက သူတို့နှစ်ယောက်ရဲ့ နောက်ဆုံးတွေ့ဆုံခြင်းများလား...။
[text_hash] => 090b76ba
)
What do you think?