Chapter 7: Episode [ 6 ]

Array
(
[text] =>

Episode - 6

-

-

-

-

-

-

-

-

ကြည်နူး ပစ္စည်းတွေသိမ်းပြီး အခန်းထဲကနေ မထွက်ခင် သူ 10 ရက်လောက်နေခဲ့တဲ့ အခန်းကလေးကို တသသကြည့်လိုက်တယ်။ ဒီလိုကျတော့လည်း ထွက်မသွားချင်သလို ခံစားချက်ကြီး။  ကြည်နူးအိမ်ထဲကနေ ထွက်မသွားခင် လင်းနေဆီကို သူသွားတော့မယ့်အကြောင်းစာပို့လိုက်တယ်။

သူအောက်ကိုရောက်တော့ ခေါ်ထားတဲ့ Taxi ကရောက်နေပြီးမို့ Taxi နဲ့ Eurostar train ဘူတာကိုသွား၏။

ရထားပေါ်တက်ဖို့အတွက် စောင့်နေတုန်း

ကြည်နူးဆီကို လင်းနေရဲ့စာဝင်လာတယ်။

[ Have a nice trip ]

ကြည်နူးစာကိုဖတ်ရင်း စိတ်ထဲ ပြောပြလို့မတက်တဲ့ ခံစားချက်ကလေးဝင်လာတယ်။ သူက အကို့ဆီက ဒီလိုစကားမျိုးကြားချင်တာ မဟုတ်သလိုပဲ...။

မှုန်ကုပ်ကုပ်မျက်နှာနဲ့ ကြည်နူး Luggage ကိုဆွဲကာ ရထားပေါ်တက်သွားသည်။ Luggage ကိုအပေါ်မှာတင်တဲ့အချိန် လေးတာကြောင့် ကြည်နူးမနိုင်မနင်းဖြစ်နေတုန်း လူတစ်ယောက်ကဘေးကနေ Luggage ကိုဝိုင်းမပေးတာကြောင့် လွယ်လွယ်အပေါ်တင်လိုက်နိုင်တယ်။ ကြည်နူး ကျေးဇူးတင်စကားပြောဖို့ လှည့်လိုက်တဲ့ အချိန်...

" အကို... "

ကြည်နူးကိုကူညီတဲ့လူက လင်းနေဖြစ်နေတယ်။ ကြည်နူးရဲ့မျက်နှာက အံ့ဩမှုနဲ့အတူတူ ပျော်ရွှင်နေ၏။

" အကို ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ... oxford သွားတာမဟုတ်ဘူး "

" သွားပြီးပြီလေ။ နေ့ချင်းပြန်ပဲ "

" ဒါပေမယ့် ဒါက paris ကိုသွားမယ့် ရထားလေ "

" အင်း။ကိုယ်သိတယ်လေ "

" ဒါဆို... "

" ကိုယ်အခု Paris ကိုသွားမလို့ "

အနောက်မှာ ခရီးသည်တွေလည်း တက်လာနေပြီးမို့ အကိုကကြည်နူးကို ကိုယ့်ခုံမှာကိုယ်ထိုင်ခိုင်းတယ်။ ကြည်နူးဘေးကခုံပိုင်ရှင်ရောက်လာတော့ အကိုကအဲ့ဒီလူအနားကိုကပ်ကာ တိုးတိုးနဲ့ဘာတွေပြောနေမှန်းမသိ။ အဲ့လူက အကိုနဲ့လက်ဝါးချင်းရိုက်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ထွက်သွားတယ်။

နောက်တော့ အကိုကတော့ ကြည်နူးဘေးကခုံမှာလာထိုင်သည်။

" အကို အဲ့ဒီလူကိုဘာပြောလိုက်တာလဲ "

" ကိုယ့်ကောင်လေးနဲ့ပထမဆုံးခရီးမလို့ ခုံလဲပေးနိုင်မလားမေးလိုက်တာ "

ကြည်နူးမျက်မှောင်ကလေးကုတ်သွားတယ်။

" ဘယ်မှာလဲ အကို့ကောင်လေးက "

" ကိုယ့်ဘေးမှာလေ "

အကိုကရီဝေဝေအကြည့်တွေနဲ့ ပြုံးကာ ပြောတယ်။ ဒါပေမယ့် ဒီစကားကြောင့် ကြည်နူး  စိတ်ဆိုးရမယ့်အစား ဘာလို့ ရှက်နေမိတာလဲ။

အကို့အကြည့်တွေကို ကြည်နူးခံနိုင်ရည်မရှိတာကြောင့် မျက်လွှာကိုချကာ လည်ပင်းပေါ်က headphones ကိုနားပေါ်အုပ်လိုက်တယ်။ သီချင်းသံမကြားရခင် ဘေးက အကို့ရဲ့ရယ်သံခပ်တိုးတိုးကို ကြည်နူးသေချာကြားလိုက်သည်။

Eurostar နဲ့မို့ London နဲ့ Paris ကို 2 နာရီကျော်လောက်ပဲစီးရတယ်။ လေယာဉ်နဲ့သွားရင်တော့ ပိုမြန်လိမ့်မည်။

Paris ကိုရောက်တဲ့အချိန် ကြည်နူးက လင်းနေပခုံးကိုမှီလျက် အိပ်ပျော်နေတယ်။ လင်းနေ ကြည်နူးကိုကြည့်ကာ ပြုံးလိုက်သည်။  သူ့သဘောအတိုင်းသာဆို ကြည်နူးကို မနှိုးပဲ ပေးအိပ်ထားချင်ပေမယ့် အခုက သူအဲ့လိုလုပ်လို့ရတဲ့ အခြေအနေမဟုတ်ဘူး။

" နူး...နူး ထတော့။ ကိုယ်တို့ Paris ကိုရောက်ပြီ  "

လင်းနေကလေသံအေးအေးကလေးဖြင့် ကြည်နူးကိုနှိုးနေ၏။

အိပ်မှုန်စုံမွှားနဲ့ ‌လင်းနေပခုံးပေါ်က ကြည်နူး ခေါင်းကလေးထောင်လာတယ်။ ကြည်နူးလည်း နိုးပြီးမို့ လင်းနေကအရင်ထလိုက်ကာ ကြည်နူးရဲ့ Luggage ကိုထုတ်လိုက်တယ်။ ‌လင်းနေကတော့ လွယ်အိတ်တစ်လုံးသာပါ၏။

" သွားရအောင် နူး "

လင်းနေရဲ့လက်တစ်ဖက်က ကြည်နူးရဲ့ Luggage ကိုဆွဲထားပြီး ကျန်တစ်ဖက်က

ထိုင်နေသေးတဲ့ ကြည်နူးရဲ့လက်ကိုဆွဲကာ ရထားပေါ်ကနေ ဆင်း၏။ အိပ်ချင်မပြေသေးတဲ့ ကြည်နူးက လင်းနေခေါ်တဲ့အနောက်ကိုပါသွား၏။

လင်းနေက Taxi တံခါးကိုဖွင့်လိုက်ပြီး ကြည်နူးကိုအရင်ဝင်ခိုင်းတယ်။ ပြီးမှ သူဝင်၏။

" ဘယ်သွားနေတာလဲ "

" Hotel... ကိုယ် Booking လုပ်ထားတယ် "

" ကျွန်တော်ကသူငယ်ချင်းဆီမှာနေမလို့ဟာ "

" သူငယ်ချင်းက တစ်ခြားသူတွေနဲ့အတူတူနေတာဆို။ နူးကို သူတို့ကသဘောမကျရင် ဘယ်လိုလုပ်မလဲ "

ကြည်နူးဇက်ကလေးပုကာ အသံတိတ်သွားတယ်။ ဒါက လင်းနေပြောတာကို လက်ခံလိုက်တဲ့သဘောပင်။

လင်းနေက အခန်းတစ်ခန်းတည်းယူထားပေမယ့် ကုတင်ကတော့ ဟိုဘက်ဒီဘက် နှစ်လုံးပါ၏။ အခန်းထဲကိုရောက်တာနဲ့ ကြည်နူးကတန်း ကုတင်ပေါ်ပစ်လှဲချလိုက်တယ်။ လင်းနေကတော့ အခန်းတံခါးပြန်ပိတ်ပြီး ကြည်နူးရဲ့Luggage ဆွဲကာ အနောက်ကနေဝင်လာတယ်။

" ဖိနပ်ချွတ်ဦးလေ နူး "

" ပျင်းတယ်... "

ပိုရင်းနှီးလာလေလေ နူးရဲ့ဂျစ်တစ်တစ်အပြုအမှုတွေကို မြင်လာရလေပဲ။ သူကလည်း အဲ့တာလေးကိုပဲ သဘောကျနေမိတော့လည်း ခက်သာ။

‌လင်းနေ ကြည်နူးအိပ်နေတဲ့ကုတင်အနားကို သွားလိုက်ပြီး သူကိုယ်တိုင်ပဲ ကြည်နူးရဲ့ဖိနပ်ကိုချွတ်ပေးလိုက်။ ဖိနပ်ချွတ်လိုက်တော့ ပေါ်လာတဲ့ ဝတ်ဝံရုပ်ခြေစွပ်ကလေးနဲ့ ခြေထောက်‌သေးသေးကလေးက လင်းနေကို အလိုလိုပြုံးစေတယ်။

" ကိုယ်ရေချိုးလိုက်ဦးမယ် "

ဒီနေ့က လင်းနေ ပင်ပန်းရတဲ့နေ့တွေထဲက တစ်နေ့ပဲ။ မနက်အစောကြီး London ကနေ oxford ကိုသွားတယ်။ ညနေကျ ရထားမှီရအောင်လို့ အသည်းအသန်နဲ့ oxford ကနေ London ကိုပြန်လာတယ်။ Londonကိုပြန်ရောက်တော့လည်း ဘူတာရုံမတူတော့  သူ့မှာ အပြေးအလွှာပဲ ကြည်နူးရှိနေတဲ့ ဘူတာကိုသွားရတယ်။ ရထားထွက်ခံနီးမှ ရောက်သွားတာမို့ တော်တော်ပြေးလိုက်ရသေးတယ်။

နှစ်ယောက်လုံး ရေချိုးပြီးနောက် ညစာထွက်စားကြတယ်။ ကြည်နူးက ညစာကိုအများကြီးစားထား‌တာကြောင့် လင်းနေက ချက်ချင်း အခန်းထဲပေးမပြန်သေးပဲ နှစ်ယောက်အတူတူအပြင်မှာ လမ်းလျှောက်ကြ၏။

" နူး "

လင်းနေက လမ်းဆက်မလျှောက်ပဲ ရပ်လိုက်တာကြောင့် ကြည်နူးအနောက်ကိုလှည့်ကြည့်လိုက်တယ်။

" ဘာဖြစ်လို့လဲ "

" I'm... "

သူ့ နှုတ်ခမ်းတွေက ဒီစကားကိုပြောဖို့အတွက် တွန့်ဆုတ်နေတယ်။ ဒါပေမယ့် သူကြိုးစားခဲ့တယ်။ မဟုတ်ရင် သူ့မှာ အခွင့်အရေးထပ်မရှိတော့ဘူး။

" I'm... in love with you "

" မင်းကိုကိုယ့်အပိုင်ဖြစ်စေချင်တယ် "

" ကိုယ်တစ်ယောက်တည်းရဲ့အပိုင်... "

ကြည်နူးရဲ့နှလုံးသားလေးက တဒိတ်ဒိတ်။

အကို့မျက်နှာကို ဆက်မကြည့်ရဲတော့တာ ကြောင့် ကြည်နူးအရှေ့ကိုပြန်လှည့်လိုက်ပြီး Hotel ကို ခပ်သွက်သွက်လျှောက်လာခဲ့တယ်။

အခုပဲ သူ့ကိုဖွင့်ပြောထားတဲ့သူနဲ့ တစ်ခန်းတည်းအတူတူနေရတာမို့ ကြည်နူးတစ်ညလုံး အိပ်လို့မပျော်ခဲ့ဘူး။ မနက်ကျတော့လည်း သူငယ်ချင်းနဲ့သွားတွေ့မလို့ ဆိုတဲ့အကြောင်းပြချက်ဖြင့် ကြည်နူး တစ်ယောက်တည်း Hotel ကနေ အစောကြီးထွက်လာခဲ့တယ်။

ကြည်နူး အကိုနဲ့မျက်နှာချင်းဆိုင်ဖို့ သတ္တိမရှိ။

တစ်နေကုန် သူငယ်ချင်းနဲ့ပဲ အချိန်ဖြုန်းခဲ့ပြီး ည 7 နာရီလောက်မှ ကြည်နူး Hotel ကိုပြန်လာခဲ့တယ်။ ဒီနေ့တစ်နေ့လုံး အကိုပို့ထားတဲ့ စာတွေကိုလည်း ကြည်နူးဝင်မကြည့်ခဲ့ဘူး။

အခန်းထဲကို ကြည်နူးဝင်ဝင်ချင်းပဲ သန်မာတဲ့လက်တစ်စုံက ကြည်နူးခါးကိုဆွဲပွေ့ဖက်လိုက်တယ်။ ဒီအခန်းထဲမှာ အကိုကလွဲပြီး ဘယ်သူရှိမှာလဲ။ အကိုက ရုတ်တရပ် ကြည်နူးရဲ့နှုတ်ခမ်းတွေကို အတင်းနမ်းတယ်။ ကြည်နူးအရမ်းလန့်သွားပြီး ရုန်းပေမယ့် အကို့အားကို ကြည်နူးမယှဉ်နိုင်။

သူ့နှုတ်ခမ်းတွေကို အကိုလွှတ်ပေးလိုက်တဲ့အချိန်ကျ  ကြည်နူးမတ်တပ်ရပ်ဖို့တောင် အားမရှိတော့တာကြောင့် အကို့လက်မောင်းနှစ်ဖက်ကို ကြည်နူးကိုင်ထားမိတယ်။ ကြည်နူး ပါးစပ်ကလေးဟကာ အသက်ရှူနေတုန်း အကိုကကြည်နူးကိုခပ်တင်းတင်းဖက်ကာ ကြည်နူးပခုံးပေါ် မေးတင်ကာ မျက်နှာအပ်ထားတယ်။

" ဘာလို့ ကိုယ့်ကိုအကြာကြီးထားသွားတာလဲ။ ဘာလို့ ကိုယ့်စာတွေကို မပြန်တာလဲ "

" မင်းတစ်ခုခုဖြစ်နေပြီထင်တာ...ကိုယ်မင်းကိုဘယ်မှာ လိုက်ရှာရမလဲလည်း မသိဘူး။ မင်းကြောင့် ကိုယ်ရူးတော့မလို့...ကိုယ်ရူးတော့မလို့ "

တဖြည်းဖြည်းနဲ့ ကြည်နူးရဲ့လက်ကလေးတွေက လင်းနေရဲ့ကျောကိုပြန်ဖက်လိုက်တယ်။

" ကျွန်တော် တောင်းပန်ပါတယ် အကို "

ဝန်မခံချင်ပေမယ့် ကြည်နူးလည်း အကို့ကိုသဘောကျနေမိပြီ...။

အကိုက ကြည်နူးကိုဖက်ထားရာမှ ခွာလိုက်ပြီး ရီဝေဝေအကြည့်တွေနဲ့ ကြည်နူးကိုကြည့်နေတယ်။ အကို့အကြည့်တွေက တဖြည်းဖြည်းနဲ့ ကြည်နူးမျက်ဝန်းတွေဆီကနေ နှုတ်ခမ်းဆီကိုရောက်လာတယ်။ ကြည်နူး ရုတ်တရပ် ရေငတ်သလိုခံစားလာရ၏။

" Do you want me ? "

အကို့ရဲ့ ဩရှရှအသံ‌ကြောင့် ကြည်နူး မျက်နှာသည် ရှိန်ခနဲပူတက်သွားကာ အနီရောင်တောင်ဖြစ်နေပြီ။ ကြည်နူးရဲ့နှလုံးခုန်နှုန်းကမြန်လွန်းနေလို့ အကိုကြားမှာကိုတောင် စိုးရိမ်မိတယ်။ ကြည်နူးဒီလို တစ်ခါမှမဖြစ်ဖူးဘူး။

အကို့ကကြည်နူးအရှေ့ကို တဖြည်းဖြည်းတိုးကပ်လာတယ်။ အကို့ရဲ့အကြည့်တွေက ကြည်နူးကိုမူးယစ်စေတယ်။ အကို့ရဲ့ပူနွေးနွေး အသက်ရှူနှုန်းကိုပါ ကြည်နူးခံစားမိ၏။

အကို့ကဒုတိယအကြိမ် ကြည်နူးနှုတ်ခမ်းတွေကိုနမ်းတယ်။ ကြည်နူး အကို့ကိုမတွန်းထုတ်မိဘူး။ ကြည်နူး အလိုက်သင့်ပဲ အကို့အနမ်းတွေကို တွန့်ပြန်မိနေတယ်။ 

" now you're mine "

ပြင်းရှရှအနမ်းတွေကို ရပ်တန့်လိုက်ပြီး လင်းနေက မောဟိုက်နေတဲ့ ကြည်နူးရဲ့ပါးကလေးကို သူ့လက်ဖြင့် ခပ်ဖွဖွပွတ်သပ်ရင်း

ပြော၏။

ဒီနေ့ Paris ရဲ့ညတာကရှည်၏။ အင်း...သူတို့နှစ်ယောက်တည်းအတွက်ဖြစ်လိမ့်မည်။

-

ကြည်နူးတစ်ယောက် Hotelအခန်းထဲက ဆိုဖာပေါ်မှာ အနောက်က လင်းနေရဲ့ရင်ဘတ်ကိုမှီပြီး ရုပ်ရှင်ကြည့်နေ၏။ လင်းနေကလည်း ကြည်နူးရဲ့ပခုံးကိုဖက်ထားပြီး တစ်ချက်၊တစ်ချက် သူ့ခေါင်းကိုငုံ့ကာ ကြည်နူးရဲ့ခေါင်းကိုခပ်ဖွဖွဖိနမ်း၏။

ရုပ်ရှင်ပြီးနောက် ကြည်နူးက တည့်တည့်ထိုင်လိုက်ပြီး ဘေးကလင်းနေကိုကြည့်၏။ ကြည်နူးက သူ့ကိုတစ်ခုခုပြောချင်နေပုံမို့ ‌လင်းနေ ကြည်နူးကိုပြုံးပြလိုက်တယ်။

" ဘာဖြစ်လို့လဲ "

" ကျွန်တော်ကြောက်တယ်...ဒါကအမှားတစ်ခုမဟုတ်ဘူးဆိုတာသိပေမယ့် ကျွန်တော်တစ်ခြားလူတွေရဲ့ တုံ့ပြန်မှုကိုစိုးရိမ်နေမိတယ်။ အထူးသဖြင့်...ကျွန်တော်တို့ပတ်ဝန်းကျင်ကလူတွေ။ ကျွန်တော်တို့မိဘတွေကကော...ဘယ်တုံ့ပြန်လောက်မလဲ။ သူတို့စိတ်ဆိုးကြမလားမသိဘူး...ရုပ်ရှင်တွေထဲကလို ကျွန်တော့်ကိုသားအဖြစ်က စွန့်လွှတ်လိုက်ကြမှာလား... "

" အဲ့အခါကျ အကိုကကော ကျွန်တော့်ကိုထားခဲ့မှာလား "

လင်းနေ သဘောပေါက်လိုက်တယ်။ ကြည်နူးက overthinking သမားလေးပဲ။ ရည်းစားဖြစ်တာမှ 24 နာရီမပြည့်သေးဘူး။ ထားခဲ့ခံရဖို့အထိပါတွေးနေတာ...။

ကြည်နူးရဲ့လက်ကလေးနှစ်ဖက်ကို လင်းနေဆုပ်ကိုင်လိုက်တယ်။ စိုးရိမ်စိတ်များနေတဲ့ ကြည်နူးရဲ့မျက်ဝန်းကလေးတွေကို ကြည့်ကာ ပြုံးလိုက်တယ်။

" ကိုယ်တစ်ခြားလူတွေကို ဂရုမစိုက်ဘူး။ ကိုယ်ဂရုစိုက်တာ နူး တစ်ယောက်တည်းပဲ "

" ပတ်ဝန်းကျင်ဆိုတာကြီးကိုလည်း စိတ်မပူနဲ့။ တစ်ကမ္ဘာလုံးနဲ့တစ်ယောက်ဆိုရင်တောင် ကိုယ်က မင်းကိုပဲရွေးမှာ။ ကိုယ်မင်းကိုကာကွယ်မယ်။ မင်းသာကိုယ့်လက်ကိုတွဲထားမယ်ဆို ကိုယ်အားလုံးကို စွန့်လွှတ်နိုင်တယ်။ ကိုယ်ရွေးချယ်မှာ မင်းတစ်ယောက်တည်းပဲ... "

" အားလုံးကို စွန့်လွှတ်နိုင်တယ်...? "

" အင်း။ မိဘပဲဖြစ်ဖြစ်၊သူငယ်ချင်းပဲဖြစ်ဖြစ် ကိုယ်အားလုံးကိုစွန့်လွှတ်နိုင်တယ် "

" နူးသာ ဘာကိစ္စကြောင့်ပဲဖြစ်ဖြစ် ကိုယ့်အနားကနေထွက်မသွားနဲ့ "

လင်းနေရဲ့စကားတွေဟာ ကြည်နူးရဲ့ နားစည်မှတစ်ဆင့် နှလုံးအိမ်ထဲအထိ ပဲ့တင်မြည်ဟီးသွား၏။

[text_hash] => acf57541
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...