Chapter 8: Episode [ 7 ]

Array
(
[text] =>

Episode - 7

-

-

-

-

-

-

-

-

လင်း‌နေနဲ့ကြည်နူး basketball ပွဲထဲကိုရောက်နေကြတယ်။ Paris က ကြည်နူးရဲ့သူငယ်ချင်းက basketball ကစားသမားတစ်ယောက်ပင်။ ကြည်နူးက basketball ပွဲကို မျက်နှာအမူအရာမျိုးစုံနဲ့ စိတ်ပါဝင်စားစွာကြည့်နေပေမယ့် ဘေးက လင်းနေအတွက်ကတော့ ကြည်နူးမျက်နှာလေးကပဲ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နေပုံပဲ။ သူ့အကြည့်တွေက တစ်ချိန်လုံး ကြည်နူးဆီမှာပဲရှိနေတာ။ ဒါ့အပြင် သူမှာ ကြည်နူး‌ပုံလေးတွေကို ခိုးရိုက်ရတာအမောပဲ။

ပွဲပြီးတော့ ကြည်နူးကသူ့ငယ်ချင်းကိုနှုတ်ဆက်ဖို့ လင်းနေနဲ့အတူတူသွား၏။

" ကြည်နူး မင်းလာတယ် "

Joe က ကြည်နူးကိုတွေ့တာနဲ့ အနားကိုပြေးလာကာ ဖက်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဘေးက လင်းနေရဲ့မျက်နှာက ချက်ချင်းကိုမည်းမှောင်သွားတော့တယ်။

" ဒါနဲ့ သူက... "

ဘေးမှာရပ်နေတဲ့ လင်းနေ အခုမှသတိထားမိသွားတဲ့  Joe က ကြည်နူးကိုမေး၏။

" I'm his boyfriend " 

Joe ၏မေးခွန်းကို ကြည်နူးမဟုတ်ပဲ လင်းနေပြန်ဖြေပေးတယ်။ လင်းနေရဲ့နှုတ်ခမ်းတွေကပြုံးနေပေမယ့် သူ့အပြုံးတွေရဲ့ အနောက်မှာ အဓိပ္ပာယ်များစွာပါဝင်နေ၏။

Joe က မယုံသလိုမျက်နှာပေးနဲ့ ကြည်နူးကသူ့ကို အင်တင်တင်ကလေးပြုံးပြတယ်။

" အကို ဒါကျွန်တော်သူငယ်ချင်း Joe... Joe ဒါ ငါပြောတဲ့ Londonကအမေ့သူငယ်ချင်းသားလေ "

ကြည်နူးရဲ့မိတ်ဆက်ပေးမှုကို လင်းနေအလိုမကျဖြစ်သွားပေမယ့် ကြည်နူးက စောစောက သူပြောလိုက်တဲ့ " I'm his boyfriend "   ဆိုတဲ့စကားကိုတော့ မငြင်းဘူးပဲ။

" Jayden Lin "

လင်းနေ သူ့လက်ကို Joe ဆီကမ်းလိုက်ကာ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်လိုက်တယ်။ Joe က သိသိသားသားပဲ ပျက်ယွင်းနေတဲ့ မျက်နှာနဲ့ လင်းနေနဲ့လက်ဆွဲနှုတ်ဆက်၏။   လင်းနေကတော့ အောင်နိုင်သူလိုမျက်နှာထားနဲ့ပေါ့။

" သွားရအောင် နူး။ ကိုယ်တို့သွားစရာနေရာတွေအများကြီးကျန်သေးတယ် "

ကြည်နူး ခေါင်းညိတ်လိုက်တယ်။ Joe ကိုနှုတ်ဆက်ကာ အကိုနဲ့အတူတူ Paris မြို့မှာ ‌ကိုလျှောက်လည်းဖို့အတွက် Basketball ကွင်းထဲကနေ ထွက်လာခဲ့တယ်။ 

Basketball ကွင်းထဲကနေထွက်လာကတည်း လင်းနေရဲ့မျက်နှာက ခင်တင်းတင်းဖြစ်နေတာကြောင့် ကြည်နူး အံ့ကြိတ်ကာရယ်လိုက်သေးတယ်။

" Joe နဲ့က ဒီအတိုင်း သူငယ်ချင်းပါ "

" ဒါကတော့ နူးဘက်ကပဲ သူငယ်ချင်းလေ။ ဒီကောင့်မျက်လုံးကိုကြည့်တာနဲ့ ကိုယ်သိတယ် "

" ဘာသိတာလဲ "

" အဲ့တာကို ကိုယ့်ပါးစပ်ကနေမပြောချင်ဘူးကွာ "

" ကျွန်တော်သိသားပဲ။ သူကျွန်တော့်ကိုကြိုက်နေတာလေ "

" နူး!! "

လင်းနေရဲ့ဖြစ်ပျက်နေပုံကြောင့် ကြည်နူးပြုံးလိုက်တယ်။

" သဝန်တိုနေတာလား "

" အင်း။ ကိုယ်သဝန်တိုတယ်။ နောက် သူနဲ့အဆက်သွယ်မလုပ်နဲ့ "

" ဟုတ်ကဲ့ပါခင်ဗျ "

" နူး ကိုယ်အတည်ပြောနေတာ "

" ကျွန်တော်လည်း အတည်ပြောနေတာလေ။ အဆက်သွယ်ဖျက်လိုက်မယ်လို့ "

ဒီတော့မှ လင်းနေကကျေနပ်သွားဟန်။

Basketball ပွဲကနေ Musee d'Orsay art museum ကို လင်းနေနဲ့ကြည်နူး ဆက်သွားကြ၏။ Musee d'Orsay art museum ကနေအပြန်မှာတော့ eiffel tower သွားကာ အတူတူဓာတ်ပုံတွေလည်း အများကြီး ရိုက်ခဲ့ကြတယ်။  ဒါက ရည်းစားဖြစ်ပြီးနောက် သူတို့ရဲ့ ပထမဆုံး date ပဲ။

အဲ့ဒီနေ့က လင်းနေတဲ့ Gallery ထဲ ကြည်နူးရဲ့ပုံတွေက အပြည့်နေရာယူထားတယ်။ သူ့တိတ်တိတ်ကလေးရိုက်ထားတဲ့ ပုံတွေကော၊ ကြည်နူးရိုက်ခိုင်းလို့ ရိုက်ပေးတဲ့ပုံတွေကော အများကြီးမှအများကြီးပဲ။ ပုံတွေအားလုံးကလည်း လှလှကလေးတွေချည်းပဲမို့ ကြည်နူး Instagram မှာပုံတင်ဖို့ ရွေးရင် တော်တော် ရွေးယူရမှာ။ ဒါကြောင့်လည်း ကြည်နူးက လင်းနေကို...

" programmer မလုပ်ပဲ Photographer လုပ်ရမှာ "

လို့ ပြောတော့ လင်းနေ ပြန်ပြောခဲ့တာက...

" ချောတဲ့လူက ဘယ်လိုပဲရိုက်ရိုက် ပုံကောင်းကောင်းထွက်တယ် " တဲ့။

သူရိုက်တာတော်လို့မဟုတ်ပဲ ကြည်နူးကချောတာမို့ ပုံတွေကလှလှကလေးတွေထွက်လာတာပါပေါ့...။

-

သူတို့ Hotel ကိုပြန်ရောက်တဲ့အချိန်က ည 8 နာရီထိုးဖို့ 2 မိနစ်လောက်သာလိုတော့တယ်။ တစ်နေကုန် လျှောက်လည်ထားတော့ ကြည်နူးကပင်ပန်းနေကြောင့် ရေချိုးပြီးတာနဲ့ အိပ်တော့မလို့ပြင်နေ‌ပေမယ့် လင်းနေကတော့ ကုတင်အောက်မှာထိုင်ကာ Laptop နဲ့ Code ရေးနေ၏။

လင်းနေက ကြည်နူးရဲ့ကုတင်ခြေရင်းမှာထိုင်နေတာမို့ ကြည်နူးက လင်းနေဘက်ကိုခေါင်းထားကာ ခြေဆင်းပြီး မှောက်လျက်အနေအထားဖြင့် လင်းနေ Code ရေးနေတာကိုကြည့်‌နေ၏။ laptop keyboard ပေါ်က လင်းနေရဲ့ လက်လှုပ်ရှားမှာက တအားမြန်တဲ့အပြင် Screen ပေါ်က Code တွေလည်း နားမလည်တော့ ကြည့်နေရင်းနဲ့ပဲ ပျင်းလာကာ

ကြည်နူးရဲ့မျက်လုံးတွေကို မှေးစင်းလာတယ်။

" ဒီညအပြီးရေးမှာတော့မဟုတ်ဘူးမလား "

" ဒီညအပြီးရေးမှရမှာ...အရေးကြီးလို့ "

" ဘာလို့ ကျွန်တော်နဲ့လျှောက်လည်တာလဲ။ မနက်ကတည်းက Hotel မှာပဲနေခဲ့တာမဟုတ်ဘူး။ အခုတော့ အကိုပဲ ပိုပင်ပန်းရတယ်မဟုတ်ဘူးလား "

" ဒါတွေထက် နူးကပိုအရေးကြီးလို့လေ "

ကြည်နူးရဲ့မျက်နှာ‌ကလေးက မဖုံးနိုင်မဖိနိုင်ပဲ ပြုံးယောင်သန်းလာတယ်။

" ကျွန်တော်အရင်အိပ်နှင့်တော့မယ်နော်... Good Night "

စကားအဆုံးတွင် ကြည်နူးကလင်းနေရဲ့ပါးကိုနမ်းလိုက်တယ်။ 

" nue kiss my lips "

Keyboard ရိုက်နေတဲ့ လင်းနေတဲ့ လက်တွေက ခဏရပ်သွားပြီး ကုတင်ပေါ်က ကြည်နူးကို လည်ပြန်လှည့်ကာကြည့်၏။

" nue...kiss me "

ဒုတိယအကြိမ်ထပ်ပြောမှပဲ ကြည်နူးကသူ့

နှုတ်ခမ်းကို ထိရုံလေးတင် တစ်ချက်ဖိနမ်းလိုက်တယ်။

" Good night...ကိုယ်ပါတဲ့ အိမ်မက်ပဲမက်ရမယ်နော် "

ဇောက်ထိုးနေနေတဲ့ ကြည်နူးက စောင်းခြုံကာ အတည့်ပြန်အိပ်လိုက်တယ်။ တစ်နေကုန်လျှောက်သွားထားတော့ မျက်လုံးမှိတ်ပြီး သိပ်မကြာခင်မှာပဲ ကြည်နူးအိပ်ပျော်သွား၏။

မနက် 2 နာရီလောက်မှာ ကြည်နူး အိမ်မက်တွေမက်ပြီးလို့ တစ်ရေးပြန်နိုးလာတဲ့အချိန်ထိ လင်းနေက Code ရေးနေတုန်းပဲ။ ကြည်နူး ‌ဇောက်ထိုးပြန်နေလိုက်ပြီးကုတင်ပေါ်ကနေပဲ လင်းနေကိုလည်ပင်းကနေဖက်ကာ ပခုံးပေါ်မေးဖျားလေးတင်ထားတယ်။

" မပြီးသေးဘူးလား...ကျွန်တော်တောင် တစ်ရေးနိုးလာပြီ "

" ပြီးတော့မယ် နည်းနည်းပဲကျန်တော့တယ်။ နူး ပြန်အိပ်ချင် အိပ်လေ "

" ဟင့်အင်း...စောင့်‌ပေးမှာ "

ကြည်နူးက လင်းနေလည်ပင်းကိုဖက်ထားတုန်းပဲ။ ခဏနေတော့ လင်းနေ လည်ပင်းကနေ ကြည်နူးရဲ့အသက်ရှူနှုန်းကို ခံစားရ၏။ ကြည့်ရတာ ပြန်အိပ်ပျော်သွားတဲ့ပုံပင်။

လင်းနေ 5 မိနစ်တည်းနဲ့ အပြီးသတ်လိုက်ပြီး Laptop ပိတ်လိုက်တယ်။ သူ့လည်ပင်းပေါ်က ကြည်နူးရဲ့လက်ကိုဖြည်းဖြည်းချင်း ဆွဲဖြုတ်ကာ ကြည်နူးကိုကုတင်ပေါ် နေရာတကျထားလိုက်တယ်။ ပြီးနောက် လင်းနေ ကြည်နူးဘေးမှာဝင်လှဲလိုက်ကာ စောင်ခြုံလိုက်ပြီး ကြည်နူးကို သူ့ရင်ခွင်ထဲထည့်လိုက်တယ်။

လင်းနေမှန်းသိတော့ ကြည်နူးကလည်း ကြောင်ပေါက်ကလေးလိုပဲ ရင်ခွင်ထဲပိုပိုတိုးဝင်ကာ ခါးကိုလည်းပြန်ဖက်ထားသေးတယ်။

မနက် London ကိုပြန်မှာမလို့ လင်းနေ နောက်ကျမှ အိပ်တာတောင် အစောကြီးနိုး၏။ ရထားအချိန်လည်းလိုသေးတော့ လင်းနေ ကြည်နူးကိုမနှိုးသေးပဲ သူပဲပစ္စည်းတွေကို အရင်လိုက်သိမ်းနေ၏။ Luggage ထဲမှာ ဒီအတိုင်း ဖွထားတဲ့ ကြည်နူးရဲ့အဝတ်အစားတွေကို လင်းနေကပဲ အကုန်ပြန်ခေါက်ထားပေး၏။ လင်းနေ မျက်နှသစ်၊ အဝတ်အစားလဲပြီးတဲ့အချိန်အထိ ကြည်နူးကမနိုးသေးဘူး။

အခုတော့ ကြည်နူးကိုနှိုးချိန်ရောက်ပြီ။လင်းနေ ကုတင်နေရာလွတ်မှာ ထိုင်လိုက်တယ်။

" နူး...နူး ထတော့။ ကိုယ်တို့ London ပြန်ရမယ်လေ "

ကြည်နူး လင်းနေအသံကိုမကြားသလိုနဲ့ စောင်ကိုလည်ပင်းအနားထိခြုံကာ အိပ်နေသေးတယ်။

" နူးကလိမ္မာပါတယ်။ ထတော့နော် မဟုတ်ရင် ကိုယ်တို့ ရထားမမှီပဲနေလိမ့်မယ် "

ကြည်နူး မျက်လုံးကလေးပွင့်လာပေမယ့် ဘေးမှာထိုင်နေတဲ့ လင်းနေရဲ့ပေါင်ပေါ် ခေါင်းတင်ပြီး မျက်လုံးကိုပြန်မှိတ်လိုက်တယ်။

" 5 မိနစ်ပဲရမယ်နော် နူး။ ပြီးရင် ထရမယ် သဘောတူလား "

ကြည်နူးက မျက်လုံးမှိတ်ထားရင်းပဲ သူ့လက်ကလေးထောင်ကာ အိုကေပုံစံလုပ်ပြ၏။

အိမ်မှာဆို အမေကဘီလူးဆိုင်းတီးပြီး နှိုးနေကျမို့ မထချင်လည်းထရတယ်။ အကိုရဲ့ ညင်ညင်သာသာအသံကတော့ သူ့ကိုချော့သိပ်နေသလိုပဲ။

" 5 မိနစ်ပြည့်ပြီး နူး  "

ကြည်နူး မထချင်သေးပေမယ့်လည်း ရထားမမှီမှာစိုးတာကြောင့် အကြောတစ်ချက်ဆန့်ကာ ကုတင်ပေါ်ထထိုင်လိုက်တယ်။

" ရေချိုးခန်းသုံးပြီးရင် အထဲကနူးပစ္စည်းတွေပြန်ယူခဲ့ဦးနော် "

အိပ်ချင်မူးတူးနဲ့ကြည်နူးက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး စောင်ကိုဖယ်ကာ ကုတင်ပေါ်ကနေ ဆင်းသွားတယ်။ ကြည်နူး ရေချိုးခန်းထဲ ဝင်သွားမှ လင်းနေ ဖုန်းဖွင့်လိုက်ပြီး app ကနေ Taxi ခေါ်ထားလိုက်သည်။

‌ကြည်နူးရေချိုးခန်းထဲကနေ ပြန်ထွက်လာတော့ လင်းနေက ကြည်နူးကိုအနောက်က‌နေ သိုင်းဖက်လိုက်တယ်။ ‌ကြည်နူးရဲ့အရပ်ကပုံမှန်ပဲဆိုပေမယ့် လင်းနေကတော့ သူ့ထက်ကိုမြင့်လွန်းနေတာကြောင့် ကြည်နူးကိုယ်ကလေးက လင်းနေရင်ခွင်ထဲမြုပ်သွားတယ်။

လင်းနေ‌ခေါင်းငုံ့ကာ ကြည်နူးရဲ့လည်တိုင်ကိုခပ်ဖွဖွဖိနမ်းလိုက်တယ်။ ကြည်နူးက T Shirt အပေါ်မှာမှ လည်ဝိုက်ဆွယ်တာလက်ရှည်ကိုထပ်ဝတ်ထားတာကြောင့် လည်တိုင်ကို လင်းနေလွယ်လွယ်ကူကူပဲ နမ်းလို့ရတယ်။

" စတော်ဘယ်ရီအနံ့ရတယ် "

" Body Lotion ကြောင့်ဖြစ်မယ် "

" ကိုယ်သဘောကျတယ်။ နောက်လည်း ဒါပဲသုံး "

ကြည်နူးခေါင်းညိတ်လိုက်သည်။

သိမ်းဖို့ကျန်နေသေးတယ် ကြည်နူးရဲ့ရေချိုးခန်းသုံးပစ္စည်းတွေသိမ်းပြီးနောက် Hotel ကနေ Taxi စီးကာ ရထားဘူတာကိုထွက်လာခဲ့ကြတယ်။

ဘူတာမှာရထားစောင့်နေတုန်း လင်းနေက ကြည်နူးဗိုက်ဆာနေမှာစိုးတာကြောင့် ဘာဂါသွားဝယ်ပေး၏။ ဘူတာထဲကဆိုင်မို့ တစ်ခြားဆိုင်တွေထက် ဈေးပိုကြီးပေမယ့် လင်းနေ တွန့်တိုခြင်းမရှိ။ ဒါကလည်း ကြည်နူးအတွက်မို့ပင်။

London ကိုရောက်တော့ လင်းနေကကျောင်းကိုသွားရဦးမှာမလို့ ဆိုင်တစ်ဆိုင်မှာအတူတူ နေ့လယ်စာစားပြီးနောက် ကြည်နူးကိုတစ်ယောက်တည်းပဲ Taxi နဲ့ အိမ်ပြန်လွှတ်လိုက်ရတယ်။

" အိမ်ရောက်ရင် ကိုယ့်ကိုစာပို့လိုက်နော် "

လင်းနေကကြည်နူးအတွက် ကားတံခါးဖွင့်ပေးရင်း ‌ပြော၏။

Taxi ထွက်သွားတော့မှ လင်းနေ သူစီးရမယ့် ရထားဘူတာဘက်ကို လမ်းလျှောက်လာခဲ့တယ်။ ရထားပေါ်တက်မယ့် လူအုပ်ကြားထဲတိုးဝှေ့သွားရင်း လင်းနေ ‌ရထားပေါ်ရောက်လာ၏။

ရထားထွက်ပြီး 3 မိနစ်လောက်အကြာမှာ လင်းနေဆီကို ကြည်နူးဆီကစာဝင်လာတယ်။

[ ကျွန်တော် အိမ်ရောက်ပြီ ]

[ အင်း။ အနားယူတော့ ]

[ အခုမှအပြင်ကပြန်ရောက်တာကို ရေခဲရေတွေသောက်မနေနဲ့နော် နွေးတာလေ တစ်ခုခုသောက် ] 

[ ဟုတ်ကဲ့ပါခင်ဗျ ]

ကြည်နူးစာကိုဖတ်ပြီးနောက် လင်းနေ တစ်ချက်ပြုံးကာ ဖုန်းကိုအနွေးထည်အိတ်ကပ်ထဲ ပြန်ထည့်လိုက်တယ်။

အိမ်တံခါးကိုပြန်ပိတ်ပြီးတာနဲ့ ကြည်နူး အထဲကိုပြေးဝင်သွားကာ ဆိုဖာပေါ်ပစ်လှဲချလိုက်တယ်။ အခုဆို London ကကြည်နူးအတွက် စိမ်းသက်မနေတော့သလို၊ လင်းနေရဲ့အိမ်ကလည်း ကြည်နူးအတွက် သက်တောင့်သက်သာရှိ၏။

အိပ်ချိန်သိပ်မရှိတာကော ပင်ပန်းတာကောကြောင့် နာနေတဲ့ မျက်ရိုးကို လင်းနေ လက်နဲ့ဖိကာနှိပ်လိုက်တယ်။ ဘေးမှာ ရိန်းယံရှိရင် သူမျက်လုံးကိုမှိတ်ထားမိမှာဆိုပေမယ့် အခုတော့ သူတစ်ယောက်တည်းမို့လုပ်လို့မဖြစ်။

[text_hash] => b00c88d8
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...