Chapter 9: Episode [ 8 ]

Array
(
[text] =>

Episode - 8

-

-

-

-

-

-

-

-

ကြည်နူး တစ်ယောက်တည်း the british museum ကိုရောက်နေ၏။ အစကတော့ ‌လင်းနေနဲ့အတူတူလာမလို့ဆိုပေမယ့် လင်းနေကအလုပ်ကိစ္စပေါ်လာတာကြောင့် ကြည်နူးတစ်ယောက်တည်းပဲ ထွက်လာခဲ့လိုက်တယ်။ အခုဆို ကြည်နူးက London ရဲ့လမ်းတွေကိုတောင် ကောင်းကောင်းသိနေပြီ။ Google maps တောင် သိပ်သုံးစရာမလိုတော့ဘူး။

museum ထဲမှာ မံမီရုပ်အလောင်းတွေလည်းရှိတာကြောင့် ကြည်နူးလိုရှေးဟောင်းသုတေသနမေဂျာ ကျောင်းသားတစ်ယောက်အတွက်တော့ ဒီ museum ကပို

စိတ်ဝင်စားစရာကောင်းနေ၏။ museum ထဲမှာပဲ ကြည်နူး ဟိုဟိုဒီဒီ စူးစမ်းရင်း တစ်နာရီကျော်လောက်ကြာသွားတယ်။

ကြည်နူးက master degree ဆက်တက်မှာမလို့ museum ကနေအပြန် UCL ( university college london )

ကိုဝင်ကာ လေ့လာခဲ့သေးတယ်။ တကယ်တော့ ကြည်နူးက London  မြို့က UCL  ထက် cambridge မြို့က cambridge university ကိုပိုသဘောကျသည်။ အရင်ကတည်းက university ကို cambridge မှာတက်ဖို့ရွေးခဲ့ပေမယ့် အဲ့ဒီတုန်းက ကြည်နူးရဲ့အဖွားက ‌အသည်းအသန်နေမကောင်းဖြစ်နေတော့ အဖွားချစ်မြေးလေးကြည်နူးက အဖွားအနားမှာပဲနေဖို့ဆုံးဖြတ်ကာ cambridge အိမ်မက်ကိုလက်လွှတ်ခဲ့တယ်။ အခုတော့ ကြည်နူးရဲ့အဖွားလည်း လောကကြီးထဲမှာ မရှိတော့ပေ။

အကယ်၍ သူ့အိမ်မက်အတိုင်း cambridge ကိုပဲ ရွေးမယ်ဆို အကိုက ဘယ်လို တုံ့ပြန်ချက်ပေးလောက်မလဲမသိဘူး။ ဒါကိုပဲ ကြည်နူးစိုးရိမ်မိနေတယ်။ ဒါမှမဟုတ် သူ UCL ကိုပဲရွေးလိုက်ရင်ကောင်းမလား...။ ကြည်နူးစဉ်းစားရခက်နေ၏။

အဲ့တာတွေထက်အခုအချိန်မှာ ပိုအရေးကြီးတာ သူဝင်ခွင့်ရဖို့ စာလုပ်ရမှာ။  ဒီ University တွေကို ဝင်ခွင့်အောင်ဖို့ဆို သူအသည်းအသန်ကို ကြိုးစားရမှာ။

ကြည်နူး museum ကနေအပြန် mcdonald ကိုဝင်ကာ Burger, Chicken nuggets နဲ့ Coffee တွေဝယ်ပြီး လင်းနေရဲ့အလုပ်နေရာကိုလာခဲ့တယ်။ သူ့ကိုတွေ့တာနဲ့ အားလုံးက ပြုံးပြ နှုတ်ဆက်ကြ၏။ လင်းနေရဲ့ Team နဲ့လည်း ကြည်နူးတော်တော်ရင်းနှီးနေပြီ။

ကြည်နူး သူဝယ်လာတဲ့ စားစရာတွေကို နေးလ်ကိုပေးတော့ နေးလ်မယူပဲ...

" ကိုလင်းက ဒီထဲကိုအစားသောက်ယူလာခွင့်မပြုထားဘူး "

နေးလ်စကားကြောင့်ကြည်နူး ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားတယ်။ ဝယ်လာတာတွေနဲ့အတူတူ အပြင်ပဲပြန်ထွက်ရတော့မလား။ ကြည်နူးဘာဆက်လုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲ သူ့အနားကို လင်းနေရောက်လာတယ်။ လင်းနေက ကြည်နူးလက်ထဲက အထုတ်တွေကိုယူလိုက်ပြီး နေးလ်ဆီကိုပေးလိုက်တယ်။

" စောစောက မင်းပဲ ဗိုက်ဆာတယ် အော်နေတာ မဟုတ်လား။ သွားစား "

" ဒါဆို နောက်လည်း ဒီထဲကိုစားစရာတွေယူလာလို့ရတယ်ပေါ့ "

ဝမ်းသာအားရနဲ့ပြောနေတဲ့ နေးလ်ကို လင်းနေတစ်ချက်စိုက်ကြည့်လိုက်တာနဲ့ နေးလ်ကသူ့ပါးစပ်ကိုပိတ်ပြီး ကြည်နူးဝယ်လာတာတွေကိုသယ်ကာ ထွက်သွား၏။

လင်းနေ ကြည်နူးဘက်ကိုလှည့်ကာကြည့်ကာ ပြုံးလိုက်ပြီး ကြည်နူးရဲ့လက်ကိုဆွဲကာ သူ့နေရာကိုခေါ်သွားတယ်။ ကြည်နူးကို သူ့ခုံမှာထိုင်ခိုင်းလိုက်ပြီး သူကတော့ ဘေးကခုံကိုဆွဲယူကာ ထိုင်၏။

" ဒီနေ့ဘယ်လိုလဲ "

" အရမ်း စိတ်ဝင်စားစရာကောင်းခဲ့တယ်။ the british museum က မံမီရုပ်အလောင်းတွေကြောင့် အဲ့ဒီမှာတင်အချိန်တော်တော်ကြာသွားတာ။ စာထဲမှာပဲ သင်ခဲ့ရတဲ့ မံမီတွေကိုအပြင်မှာ တကယ်တွေ့လိုက်ရတော့ ခံစားချက်ကဘယ်လို‌ပြောရမလဲ အရမ်း၊အရမ်းမိုက်တာပဲ "

" ဓာတ်ပုံတွေလည်း အများကြီး ရိုက်ခဲ့သေးတယ်။ နောက်မှ မေဂျာဂရုထဲကိုပုံတွေပို့ပြီး ကြွားရမယ်။ သူတို့ကလည်း မံမီတွေအကြောင်းအရမ်းစိတ်ဝင်စားကြတာ။ သူတို့ဆီက ကျွန်တော့်ကိုမနာလိုဖြစ်နေတဲ့ လေသံတွေ ကြားရတော့မှာပဲ...ဟား...ဟား "

ကြည်နူးပြောတာ‌တွေကို လင်းနေကပြုံးလျက်ပင် နားထောင်ပေးနေသည်။ ကြည်နူးက မျက်နှာအမူအရာမျိုးစုံအပြင် လက်ဟန်တွေနဲ့ပါ ပြောနေပေမယ့် ကြည်နူးကိုကြည့်နေတဲ့ လင်းနေရဲ့မျက်ဝန်းတွေကတော့ အချစ်တွေအပြည့်ပင်။

" အိမ်ကနေ သွားတုန်းကတော့ Taxi နဲ့သွားတာပဲ။ ပြန်တော့ မြေအောက်ရထား စီးပြန်မယ် ဆိုပြီ ဆုံးဖြတ်လိုက်တာ။ တကယ်လည်းစီးကော ‌ဒီလောက်သေချာသတိထားနေတာတောင်  နေရာမှားဆင်းမိလို့ တိုင်တွေပတ်သေးတာ "

" ဘာလို့ကိုယ့်ကိုဖုန်းမဆက်တာလဲ "

" ကျွန်တော့်ဘာသာရအောင် ကြိုးစားကြည့်ချင်လို့...အခု အကို့ဆီ ကျွန်တော်ကောင်းကောင်းမွန်မွန်ရောက်လာတာပဲမဟုတ်လား "

လင်းနေက ကြည်နူးရဲ့ခေါင်းလေးကို ပုတ်လိုက်တယ်။

" တော်တယ်...ဒါပေမယ့် နောက်တစ်ခါတော့ ဒီလိုမလုပ်နဲ့ ကိုယ့်ကိုဖုန်းဆက်။ နူးမှာအားကိုးလို့ရမယ့်လူရှိတယ်လေ " 

ကြည်နူးကပြုံးကာ ခေါင်းညိတ်လိုက်တယ်။

" ကျောင်းကော ဘယ်လိုလဲ သဘောကျလား "

ကြည်နူးချက်ချင်းပြန်မဖြေသေးပဲ လင်းနေရဲ့မျက်နှာ အရိပ်အကဲကိုအရင်ကြည့်၏။

" ကျွန်တော်...Cambridge ကိုပိုသဘောကျတယ် အကို။ Cambridge ကိုပဲကြိုးစားကြည့်ချင်တယ်...အကိုသဘောကကော  "

" ‌ကိုယ့်သဘောကို ဘာလို့ မေးနေတာလဲ နူးရဲ့။ တက်ရမယ့်လူက နူးလေ ကိုယ်မှမဟုတ်တာ။ နူးသဘောကျတဲ့ကျောင်းကိုပဲရွေး။ London နဲ့ cambridge ကဘယ်လောက်မှ၊မှမဝေးတာ...ကိုယ်နေ့တိုင်း ရထားစီးပြီး နူးကိုလာတွေ့နိုင်ပါတယ် "

London နဲ့ Cambridge က ရိုးရိုးရထားနဲ့ဆို 1 နာရီကျော်လောက်စီးရပြီး အမြန်ရထားနဲ့ဆိုရင် 48 minutes ပဲကြာတာ။

" နေ့တိုင်း... "

" ဘာလဲ နူးကကိုယ့်ကိုနေ့တိုင်းမတွေ့ချင်လို့လား "

" အဲ့လိုမဟုတ်ဘူးလေ အကိုကလည်း...နေ့တိုင်း cambridge နဲ့ London ကိုအသွားအပြန်လုပ်နေရင် အကိုပင်ပန်းမှာပေါ့ "

" နူး မျက်နှာလေးကို နေ့တိုင်းမြင်ချင်တော့လည်း ပင်ပန်းခံရမှာပေါ့ "

" ကျွန်တော်တို့ကအဝေးကြီးတွေ လျှောက်တွေးနေတယ်။ ဝင်ခွင့်ရပါ့မလားတောင် မသေချာသေးတာကိုး "

" ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှပေါ့ နူးရဲ့။ သေချာပေါက် ဝင်ခွင့်ရ ရမယ်လို့တွေးပြီး ကြိုးစား "

" အင်း...ကျွန်တော် သေချာပေါက် Cambridge ကိုသွားမှာ " 

-

အိမ်အတွက်ဝယ်စရာတွေရှိတာကြောင့် အိမ်ကိုတန်းမပြန်ကြပဲ လင်းနေနဲ့ကြည်နူး supermarket ကိုသွားကြ၏။ အဓိကကတော့ ဟင်းချက်စရာတွေဝယ်ဖို့ပင်။ လင်းနေက‌ ဘယ်ဟာဖြစ်ဖြစ် ဈေးနဲ့ date ကို သေချာစစ်ပြီး အဆင်ပြေမှ ဈေးဝယ်တွန်းလှည်းထဲကို ထည့်တယ်။ 

အသီးအနှံအတန်းဘက်ရောက်တော့ လင်းနေက စတော်ဘယ်ရီသီးနှစ်ဘူးကို ဈေးတောင်မကြည့်ပဲ ယူလိုက်တယ်။

" ဈေးကြီးတယ်လေ အကို "

" နူး ကြိုက်ရင် ကိုယ့်အတွက်ဈေးကအရေးမကြီးဘူး "

" ကြိုက်တာတော့ကြိုက်ပေမယ့်...တစ်ဘူးပဲယူရအောင် "

ကြည်နူးက တွန်းလှည်းထဲက စတော်ဘယ်ရီတစ်ဘူးကိုပြန်ထားလိုက်တယ်။ အကိုကတော့ ဘာမှမပြောပေမယ့် ကြည်နူး အကို့အလုပ်ကိုသိပြီးနောက်ပိုင်း ဘေးကလူတွေပြောစကားကြောင့် အကို့ရဲ့အခြေအနေကို သူဖြည်းဖြည်းသိလာတယ်။ အကိုက သူ့အလုပ်ပေါ်မှာ အများကြီး ပုံအပ်ထားတာ။ သူတို့နှစ်ယောက်အတူတူသွားရင် အကိုက ကြည်နူးပိုက်ဆံထုတ်တာကိုလည်းမကြိုက်ဘူး။ အမြဲတမ်း အသေးအမွှာကအစက အကိုကပဲ ရှင်းပေးတာ။ ဒါကြောင့်လည်း သူ့အတွက် အကိုမလိုအပ်ပဲပိုက်ဆံသုံးတာကို ကြည်နူးသဘောမကျ။

" ဒီလောက်လေးနဲ့ ကိုယ်မမွဲသွားပါဘူးကွာ "

လင်းနေက ကြည်နူးပြန်ထားလိုက်တဲ့ စတော်ဘယ်ရီဘူးကို ပြန်ထည့်လိုက်ပြီး တွန်းလှည်းကိုတွန်းကာ အရှေ့ကနေ အရင်ထွက်သွားသည်။

အိမ်ပြန်ရောက်တော့ လင်းနေကဝယ်လာတဲ့ ပစ္စည်းတွေကိုနေရာချနေကာ ကြည်နူးကတော့ အခန်းထဲဝင်သွားပြီး အဝတ်အစားလဲနေ၏။ ကြည်နူးပြန်ထွက်လာတဲ့အချိန် လင်းနေက ညစာစချက်နေပြီ။ ကြည်နူး မီးဖိုချောင်ထဲကို ဝင်သွားကာ ဟင်းချက်နေတဲ့ လင်းနေကိုအနောက်ကနေ ဖက်လိုက်ပြီး ကျောပေါ်‌ခေါင်းမှီလိုက်၏။

" ကျွန်တော် ဘာကူညီပေးရမလဲ "

" ဒီအတိုင်းပဲ ကိုယ့်ကိုဆက်ဖက်ထားပေးရင် ရပြီ "

" ဟွန့် မဖက်ချင်ပါဘူးနော် "

လင်းနေ‌ ခါးပေါ်က ကြည်နူးရဲ့လက်ကလေးတွေက ပြေလျော့သွားကာ ကြည်နူး လင်းနေဘေးမှာရပ်လိုက်တယ်။

" မွှေးလိုက်တာ ဗိုက်တောင်ဆာလာပြီ " 

လင်းနေက သူ့လက်ထဲက ဇွန်းကိုချလိုက်ပြီး စောစာကမှ ရေဆေးပြီး စားပွဲပေါ်တင်ထားတဲ့ စတော်ဘယ်ရီသီးပန်းကန်ကို လှည့်ယူကာ ကြည်နူးလက်ထဲထည့်ပေးလိုက်တယ်။

လင်းနေက စတော်ဘယ်ရီ မကြိုက်ပေမယ့် ကြည့်နူး ခွံ့ကျွေးတဲ့ စတော်ဘယ်ရီကိုတော့ မငြင်း။

အားလုံးချက်လို့ပြီးသွားတော့ ကြည်နူးက လင်းနေကိုကူကာ ဟင်းပွဲတွေကို စားပွဲပေါ်ချပေးတယ်။ ပန်းကန်တွေချပြီး ကြည်နူး ခုံမှာထိုင်မလို့ရှိသေး သူ့ Hoodie အိတ်ကပ်ထဲထည့်ထားတဲ့ ဖုန်းကထမြည်လာတာကြောင့် ထုတ်ကြည့်လိုက်တော့ သူ့အဖေဆက်တာဖြစ်နေတယ်။ ကြည်နူးလည်း ဖုန်းကိုင်လိုက်တော့ အသံက သူ့အဖေဟုတ်ပဲ သူ့ညီမလေးရဲ့အသံဖြစ်နေသည်။

တစ်ဖက်က သူ့ညီမဖြစ်သူရဲ့ငိုသံသံပြာပြာနဲ့ပြောနေတဲ့ စကားသံတွေကြောင့် သူ့နှလုံးသား တုန်ခါသွားစေတယ်။

" နူး ဘာဖြစ်လို့လဲ "

" ကျွန်တော့်အဖေ...ကျွန်တော့်အဖေ...ရေချိုးခန်းထဲချော်လဲလို့လဲ...အခုအရေးပေါ် ခွဲစိတ်နေရတယ်။ ကျွန်တော် ပြန်မှရမယ်...ကျွန်တော်အခုပြန်ရမယ် " 

အဖေကိုစိတ်ပူတဲ့စိတ်ကြောင့် ကြည်နူး မျက်လုံးတွေက ဂနာမငြိမ်။

" နူး ကိုယ့်ကိုကြည့်။ စိတ်ကိုအေးအေးထားနော်။ ကိုယ်လေယာဉ်စုံစမ်းပေးမယ်။ စိတ်ကိုလျော့နော် "

လင်းနေက ကြည်နူးကိုခုံမှာထိုင်ခိုင်းလိုက်ပြီး စိတ်ငြိမ်သွားရအောင်လို့ ရေတိုက်ပြီးမှ လင်းနေ ‌ဖုန်းကိုဖွင့်ကာ ဒီည London ကနေ Bangkok ကို လေယာဉ်ရှိ၊မရှိကို စုံစမ်း၏။ ကံကောင်းစွာနဲ့ပဲ ဒီမနက် 1 နာရီမှာ ထွက်မယ့်လေယာဉ်ရှိ၏။ လေယာဉ် လက်မှတ်ရမရကတော့မသေချာသေး။ app ထဲကိုကကြည့်ကြည့်တော့ လက်မှတ်ဝယ်လို့ရနေသေးတာကြောင့် လင်းနေ ချက်ချင်းပဲ ဝယ်လိုက်တယ်။

ကြည်နူးရဲ့ပစ္စည်းတွေကို လင်းနေ ဝိုင်းသိမ်းပေးပြီး Taxi နဲ့ နှစ်ယောက်လုံး လေဆိပ်ကိုထွက်လာကြတယ်။ ကြည်နူး လေယာဉ် ပေါ်တက်ဖို့ 2 နှစ်နာရီလောက်လိုသေးပေမယ့် လင်းနေ မပြန်ပဲ ကြည်နူးနဲ့အတူတူစောင့်ပေးနေ၏။

သူ့ဘေးမှာထိုင်နေတဲ့ ကြည်နူးရဲ့မျက်နှာလေးက စိုးရိမ်စိတ်တွေနဲ့ပြည့်တယ်။ ‌လင်းနေ ကြည်နူးရဲ့လက်ကလေး ကိုင်လိုက်တယ်။ ကြည်နူးကလည်း လင်းနေရဲ့ပခုံးပေါ် သူ့ခေါင်းလေးကိုစောင်းကာမှီချလိုက်တယ်။

ကြည်နူး‌ လေယာဉ်ပေါ်မတက်ခင် လင်းနေကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်တယ်။

" အားလုံး အဆင်ပြေသွားမှာပါ "

" ကျွန်တော်သွားတော့မယ်နော်... အလုပ်ကြီးပဲ ဖိလုပ်မနေနဲ့ဦး။ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက် "

" အင်း...ကိုယ်နူးစကားကိုနားထောင်မယ် "

ကြည်နူး သူ့မျက်စိအရှေ့ကနေပျောက်သွားတဲ့အထိ လင်းနေ ရပ်ကြည့်နေ၏။ လင်းနေ ‌လေယာဉ်ထွက်သွားတာကို ကြည့်ပြီးမှ အိမ်ပြန်လာခဲ့တယ်။

လင်းနေ အိမ်ပြန်ရောက်တော့ မသောက်တာကြာပြီးဖြစ်တဲ့ Marlboro ဘူးကိုယူလိုက်ပြီး ဆိုဖာပေါ်ထိုင်လိုက်တယ်။ cigarette တစ်လိပ်ကိုထုတ်ကာ ‌မီးညှိလိုက်ပြီး ‌နှုတ်ခမ်းမှာတေ့လိုက်တယ်။

ကြည်နူးမရှိတဲ့ London ညက လင်းနေအတွက် အထီးကျန်ဆန်လွန်း၏။

[text_hash] => 3ecf8686
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...